Beyond the galaxy(ZG+Uni)

By Zeon_Limit

22.8K 2.8K 522

တစ္ေန႕ငါတို႕စျကာဝ႒ာရဲ႕အစြန္းတစ္ေနရာကိုေရာက္ေအာင္သြားျကမယ္ မင္းရယ္ငါရယ္ဆိုတာပဲရွိတဲ႔ေနရာကိုေပါ့......! (Unicod... More

Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part25
Part-26
Part-27
Part-28
Part-29
Part-30
Part-32
Part-33
Part-34

Part-31

169 21 2
By Zeon_Limit

(Zawgyi)

ဘာမ်ားလဲ။ဒီခံစားခ်က္က........
သီဟတစ္ကိုယ္လုံး မီးေအးေအးေလး ေတာက္ေလာင္ေနသလို ပူေလာင္ေနတယ္။ရင္ဘတ္ထဲက ႏွလုံးသားအစုံက အျပင္ခုန္ထြက္မတတ္ လႈပ္ရွား႐ုန္းကန္ေနတယ္။တစ္ခ်ိန္ထဲမွာပဲ သူ႔ရဲ႕ႏႈတ္ခမ္းေပၚက ႏူးညံ့တဲ့ အထိအေတြ႕။အေပၚႏႈတ္ခမ္းကို လွ်ာနဲ႔ဖြဖြေလး သပ္တင္လိုက္တဲ့ခံစားခ်က္။ၿပီးေတာ့ ဖြဖြကေလး သြားနဲ႔ဖိကိုက္လိုက္တယ္။လႈပ္ရွားမႈ႕အားလုံးက ႏူးညံ့လို႔ေနတယ္။

အက်ႌၾကယ္သီး ေတြကျပဳတ္သြားေနၿပီး သူ႔ရင္ဘတ္ေပၚကို လက္တစ္ဖက္က ပြတ္သပ္လို႔ေနတယ္။ရင္ဘတ္ေပၚက အရာေလးကို ဆြဲၿပီးဖိလိုက္တဲ့ အခ်ိန္မွာေတာ့ တစ္ကိုယ္လုံး စူးကနဲ။ ၿပီးေတာ့ တျဖည္းျဖည္းစိုစြတ္မႈ႕ကို ခံစားရလာတယ္။တစ္ေယာက္ေယာက္က စုပ္ယူေနသလို ကိုက္ကကိုက္ေသးတယ္။

သီဟတစ္ေယာက္ မူးေဝေနသည့္ အတြက္ဘာမွမသိ။ထိုအရာမ်ားက မသိစိတ္က ျဖစ္လာတာလား အမွန္လား အမွားလား မေဝခြဲေနႏိုင္။မ်က္လုံးေတာင္ မဖြင့္ႏိုင္ေသာ အေျခအေနျဖစ္၏။

သို႔ေသာ္လည္း ခတၳခဏသာ ၾကာခဲ့ၿပီး ထိုအရာမ်ားက စူးရွျပင္းထန္တဲ့ အသက္ရႈသံမ်ားေနာက္ အေမွာင္ထုထဲ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားခဲ့သည္။

"အား... ကြၽတ္ကြၽတ္ကြၽတ္။"

မနက္ခင္းမ်က္ႏွာကို ေနဖင္ထိုးေတာ့မွ သီဟတစ္ေယာက္ အိပ္ယာကထျဖစ္သည္။တစ္ကိုယ္လုံးလဲ ေခြၽးမ်ားကစို႐ႊဲေနၿပီး အေပၚပိုင္း ဗလာက်င္းႏွင့္ျဖစ္သည္။မ်က္လုံးဖြင့္ဖြင့္ခ်င္း အိမ္ေရွ႕ခန္းမွာ က်ဳံ႕က်ဳံ႕ေလး ထိုင္ေနတာက မင္းရာဇာ။အၿမဲဆိုဖာခုံ အႏူးအညံ့ေတြေပၚမွာပဲ ထိုင္တတ္တဲ့လူက ယခု ၾကမ္းျပင္ေပၚ၌ ေဆာင့္ေၾကာင့္ကေလးျဖစ္ေနတာေၾကာင့္ သီဟရယ္ခိုးမိလိုက္ေလတယ္။

"မင္းႏိုးၿပီလား။"

"ေအး။မင္းဘယ္လိုေရာက္ေနတာလဲ။"

အေပၚပိုင္းဗလာက်င္းနဲ႔ ထြက္လာတဲ့ သီဟကို မင္းရာဇာ မ်က္ေမွာင္က်ဳံ႕ၿပီး ၾကည့္လိုက္တယ္။ေတြ႕လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ မ်က္ႏွာတစ္ခုလုံးက ေမွာင္မိုက္ေနၿပီး နားထင္ေၾကာေတြကပါ ေထာင္လာေလတယ္။သီဟရင္ဘတ္ေပၚက အနီကြက္ေၾကာင့္ေပ။

"မင္း ႏို႔ကဘာျဖစ္တာလဲ။"

မင္းရာဇာ ေျပာမွ သီဟရင္ဘတ္ကို ငုံ႔ၾကည့္မိသည္ အနီေရာင္အကြက္ေလးက ဝိုင္းၿပီးကြပ္ထားသလို။မင္းရာဇာရဲ႕ အျပစ္မကင္းဘူးအထင္နဲ႔ပဲ မ်က္ေမွာင္ျပန္က်ဳံ႕ျပလိုက္တယ္။ညက ခံစားခ်က္အရိပ္အေယာင္ေလးကိုလည္း သတိရၿပီး ေယာက်ၤားေလးတစ္ေယာက္အေနနဲ႔ ခံျပင္းမိသြားပုံရ၏။

"ဒါမင္း ငါ့ကိုဘာလုပ္တာလဲ။အထိုးခံခ်င္လို႔လား ဟမ္။"

"ငါလုပ္တာဆို မင္းကိုေမးမေနဘူး။ငါေမးတာသာေျဖ မင္းငါ့ကိုျပန္လာေမးေမစရာမလိုဘူး။"

"ငါလည္းမသိဘူး။မင္းဘယ္အခ်ိန္ထဲက ေရာက္ေနတာလဲ။"

"ေအး တက္လုပ္သြားတာေတာင္ မသိတာေကာင္းတယ္။"

"မင္းရာဇာ မင္းငါ့ကိုလိမ္ဖို႔ႀကိဳးစားေနတာလား။"

"ငါဒီမနက္မွေရာက္တာ မင္းကိုလုပ္တာငါမဟုတ္ဘူး။ဟိုမ်ိဳးမစစ္ပဲျဖစ္လိမ့္မယ္။"

"မင္းပါးစပ္ပိတ္ေတာ့ ငါေရခ်ိဳးေတာ့မယ္။"

သီဟလည္း သူခံခဲ့ရတဲ့ကိစၥအတြက္ ေပါက္ကြဲဟန္တူ၏။အသံက ရင့္က်က္ မာေၾကာေနတယ္။။သူ႔ေအာက္ပိုင္းက ဘာမွမခံစားရတာေၾကာင့္သာ ဒီေလာက္ေဒါသထိန္းေနႏိုင္တာ ျဖစ္ၿပီး။မဟုတ္ရင္ ေနာက္ဆက္တြဲျပသနာက ဆိုး႐ြားလာႏိုင္ေခ်မ်ား၏။

"ေအး။ၿပီးရင္ ငါနဲ႔လိုက္ခဲ့။"

ေရကန္ထဲမွ ေအးျမေနတဲ့ေရကို ပထအဆုံးတစ္ခြက္ ကုန္ေအာင္ ျဖည္းျဖည္းခ်င္း ေလာင္းလိုက္ရင္း မင္းရာဇာကို လွည့္ၾကည့္လိုက္တယ္။

"ဘယ္ကိုတဲ့လဲ။"

"မင္းငါ့အိမ္လိုက္ေနရမယ္။"

"ငါမလိုက္ႏိုင္ဘူး။"

မ်က္ႏွာခ်င္းေတာင္မဆိုင္ပဲ တစ္ဘက္လွည့္ေနတဲ့ မင္းရာဇာကို သီဟ နားမလည္စြာနဲ႔ စိုက္ၾကည့္ေနတယ္။

"မင္း ျငင္းတာနဲ႔ ဟိုမ်ိဳးမစစ္ ဒီေန႔ေသၿပီပဲ။"

"မင္းငါ့သူငယ္ခ်င္းကို ေနာက္တစ္ခါ အဲ့ဒီလို ထပ္ေခၚရဲေခၚၾကည့္။"

"ဒီေန႔ငါမင္းဆီက ငါ့ကိုစိတ္ေျပေစေလာက္မယ့္အရာ ငါရမွျဖစ္မယ္။မဟုတ္ရင္ ငါ့ေဒါသက ဘရိတ္မပါဘူး။"

"ဘုန္းဝဏၰ ကိုမင္းသတ္ရင္ ငါကိုယ္တိုင္ မင္းအသက္နဲ႔ ျပန္လဲမယ္။"

စကားကေအးေအးေလးဆိုေပမယ့္ မင္းရာဇာရဲ႕ ရင္ဘတ္ကို သံနဲ႔႐ိုက္သြင္းလိုက္သလို နာက်င္မႈ႕ေျမာက္၏။လက္ေပၚကေရာ နားထင္ေပၚက အေၾကာမ်ားပါ ေပါက္ထြက္လုမတတ္ျဖစ္သည္။သီဟအေမ ေသရသည္မွာ သူ႔အျပစ္မကင္းလို႔ ခံစားရတာေၾကာင့္ ဘာမွမက်န္ေတာ့တဲ့ သီဟကိုကာကြယ္ေပးခ်င္သည္။စိတ္ခ်မ္းသာေအာင္ ထားခ်င္သည္။သနားသည္။သို႔ေသာ္ ယခုအျပဳအမူက သူ႔ကိုပိုၿပီး ေဒါသထြက္မိေစ၏။

"မင္းငါ့ကို ဒုကၡေပးလို႔ မဝေသးဘူးလား။ငါခံစားရတာျမင္ရတာ မင္းအဲ့ေလာက္ေတာင္ ေပ်ာ္လား။"

မင္းရာဇာ လက္မခံခ်င္ေပမယ့္ သူသီဟကို ႏွိပ္စက္ေနတာက မွန္ေနသလိုလိုရွိ၏။

"ပုံမွန္ဆို ငါမင္းကို စကားေတာင္ျပန္မေျပာဘူး။မင္းသိလား အခုထိမင္းငါ့အေပၚ လုပ္ေပးခဲ့တာေတြအတြက္ ေက်းဇူးရွိေနလို႔ဆိုတာ။"

"ေက်းဇူးတရားဆိုတာမရွိခဲ့ဘူး အကုန္ငါအေပးအယူ လုပ္ခဲ့တာပဲ။ငါမင္းေရွ႕ထပ္မေပၚလာေတာ့ရင္ မင္းေက်နပ္မလား။"

မင္းရာဇာ ရဲ႕ထုံးစံအတိုင္း ေဒါသသာထြက္တယ္ အသံကေတာ့ တစ္ခ်က္ကေလးမွ အက္ကြဲမေန။

"ေပ်ာ္ေပ်ာ္ႀကီး ေက်နပ္တယ္။"

"ေအး။ေကာင္းၿပီ။"

မင္းရာဇာ ထိုင္ေနရာက ဆတ္ခနဲထၿပီး ထြက္သြားလိုက္တယ္။ၾကမ္းျပင္ေပၚမွာ ေခြၽးကြက္ႀကီးက ဝိုင္းလို႔ကြက္လို႔ေနတယ္။ေက်ာျပင္မွာလည္း ေခြၽးေတြက႐ႊဲၿပီး အက်ႌအသားနဲ႔ ကပ္လွ်က္ တစ္ကိုယ္လုံး ေရခ်ိဳးထားသလို။ျမန္ဆန္သြက္လက္တဲ့ ေျခလွမ္းက်ဲေတြက သူေဒါသထြက္ေနမွန္း သိသာေနတယ္။ အေနာက္မွာ က်န္ခဲ့တဲ့ သီဟကေတာ့ သက္ပ်င္းတစ္ခ်က္ခ်ၿပီး မ်က္လုံးစုံမွိတ္လိုက္လ်က္။

"မင္းရာဇာ မင္းနဲ႔ငါဆိုတာ အတူရွိေနဖို႔ မသင့္ေတာ္ဘူး။"

"သီဟဆက္"

႐ုတ္တရက္ဆိုသလို ေယာက်ၤားရင့္မာႀကီးတစ္ေယာက္အသံက သူ႔ရဲ႕အေတြးေတြကို ဖမ္းယူသြားေလတယ္။ထိုအသံက သူေတာ္ေတာ္ရင္းႏွီးေနတဲ့ အသံ။သူ႔ရဲ႕ အေဖ ဦးနႏၵရဲ႕အသံ။အဲ့ဒီအသံကိုၾကားလိုက္ရတာက သူ႔ကိုေသြးပ်က္သြားေစတယ္။

"ဦးနႏၵ ခင္ဗ်ားဘာလာလုပ္တာလဲ။"

"သားနဲ႔ေဆြးေႏြးစရာရွိတယ္။"

"ခင္ဗ်ား ကြၽန္ေတာ့္ကို သားလို႔ မေခၚနဲ။့"

"မင္းအေမမေသခင္က ငါနဲ႔စကားေျပာျဖစ္တယ္။သူ႔ဆီက မင္းရာဇာဆိုတဲ့ ေကာင္ေလးအေၾကာင္း ၾကားတယ္။"

"ခင္ဗ်ားနဲ႔ဘာဆိုင္လဲ။ခင္ဗ်ားမ်က္ႏွာကို မျမင္ခ်င္ဘူး အခုပဲထြက္သြား။"

"မင္း သူ႔အိမ္မွာေနေပးရမယ္။မင္း သူ႔ကို ငါတို႔ spy အေနနဲ႔ သြားေနေပးဖို႔ လာကမ္းလွမ္းတာ။"

"မလုပ္ခ်င္ဘူး။လုပ္လည္း မလုပ္ႏိုင္ဘူး။ခင္ဗ်ားသာျပန္လိုက္ေတာ့။"

"အခု မင္းဘဝက မင္းရာဇာေၾကာင့္ အခုလိုျဖစ္ရတာ။ႏွင္းဆီကိုသတ္ခဲ့တာ သူ႔ရန္သူေတြပဲ။သူ႔မွာရန္သူဆိုတာ လက္ခ်ိဳးမေရႏိုင္ေလာက္ေအာင္ မ်ားတယ္။အဲ့ထဲမွာ ငါအပါအဝင္ပဲ။အခုလဲ သူ႔ေၾကာင့္ ႏွင္းဆီေသရတာၾကားေတာ့ ငါစိတ္မေကာင္းအရမ္းျဖစ္တယ္။အဲ့ဒါေၾကာင့္ မင္းအေမကို ခ်စ္တယ္ ကလဲ့စားေခ်ခ်င္တယ္ဆိုရင္ ငါတို႔နဲ႔ပူးေပါင္းပါ။သူ႔အေၾကာင္းေတြစုံစမ္းၿပီး ႏွင္းဆီကိုသတ္ခဲ့တဲ့ သူ႔ရန္သူကို ျပန္ကလဲ့စားေခ်ေပးမယ္။"

"တျခားေတာ္တဲ့ လူေတြကို ခိုင္း။ဒါကြၽန္ေတာ္ ေတာ္တဲ့အရာ မဟုတ္ဘူး။"

"မင္းရာဇာဆိုတာ ေမွာင္ခို တရားမဝင္တာေတြ လုပ္တဲ့ မေကာင္းတဲ့ေကာင္ပဲ။သူ႔ေဘးနားက ရန္သူဆိုတာလဲ တရားမဝင္လုပ္တဲ့ ေကာင္ေတြပဲ။မဲမဲျမင္ သတ္ခ်င္ေနတဲ့ အေကာင္ေတြအတြက္ ႏွင္းဆီအျပင္ ေနာက္ပစ္မွတ္က သဒၵါနဲ႔ ဘုန္းဝဏၰ ျဖစ္လာႏိုင္တယ္။"

"သဒၵါ...။"

မ်က္ႏွာခ်က္ခ်င္းမႈိင္က်သြားတဲ့ သီဟကို ဦးနႏၵ နားလည္သြားတယ္ လူတစ္ေယာက္ကို ဘယ္လိုကိုင္တြယ္ ရမလဲနားလည္တဲ့ ဦးနႏၵ အတြက္ အားနည္းခ်က္မိသြားတာက ေတာႀကီးႁမႊေအညႇိဳ႕ခံရတာထက္ ေၾကာက္ဖို႔ေကာင္း၏။

"ကဲဘယ္လိုလဲ အဲ့လိုေကာင္ ေနာက္ေၾကာင္းေဖာ္ဖို႔ ငါတို႔နဲ႔ ပူးေပါင္းမယ္မလား သီဟ။သူကမင္းကို အိမ္ေခၚထားဖို႔ ဝန္မေလးေတာ့ ငါတို႔အတြက္အခြင့္အေရးရတယ္။အျပန္အလွန္အေနနဲ႔ ငါ့လူေတြသုံးၿပီး သဒၵါနဲ႔ ဘုန္းဝဏၰကို အခ်ိန္ျပည့္ကာကြယ္ေပးမယ္။"

သီဟ ေတြေဝေနမိသည္။အေမၿပီးရင္ အခ်စ္ရဆုံးလူ သဒၵါကိုပါ ဆုံးရႈံးရမည္ဆိုပါက သူ႔ဘဝ ဆုံးတာနဲ႔ ဘာမွမကြာ။အရာအားလုံးထက္ လွပတဲ့ သဒၵါ မ်က္ႏွာကို ေတြးၾကည့္႐ုံနဲ႔တင္ ဦးနႏၵ ရဲ႕ကမ္းလွမ္းမႈ႕ကို ရဲရဲတင္းတင္းလက္ခံဝင့္မိသည္။အခ်စ္က ဘယ္ကမွန္းမသိတဲ့ သတၱိနဲ႔ရဲရင့္ျခင္းကို ေပး၍ ဆုံးျဖတ္ခ်က္ ခိုင္မာေလာက္ေစရန္ စြမ္းသည္။

"ေကာင္းၿပီေလ။"

"မင္းရင့္က်က္လာၿပီပဲ သီဟ။ငါဝမ္းသာတယ္။"

ေက်နပ္မႈ႕ျပည့္ေနတဲ့ ဦးနႏၵ ရဲ႕ရယ္သံက ေက်းငွက္မရွိ တိမ္တိုက္ကင္းမဲ့ ဗလာနတၱိျဖစ္တဲ့ ေကာင္းယံတစ္ခုလုံးကို ျပန႔္က်ဲလႊမ္းမိုးၿပီး ဟိန္းလို႔သြားေလတယ္။

* * * * * Beyond the galaxy * * * * *

(Unicode)
ဘာများလဲ။ဒီခံစားချက်က........
သီဟတစ်ကိုယ်လုံး မီးအေးအေးလေး တောက်လောင်နေသလို ပူလောင်နေတယ်။ရင်ဘတ်ထဲက နှလုံးသားအစုံက အပြင်ခုန်ထွက်မတတ် လှုပ်ရှားရုန်းကန်နေတယ်။တစ်ချိန်ထဲမှာပဲ သူ့ရဲ့နှုတ်ခမ်းပေါ်က နူးညံ့တဲ့ အထိအတွေ့။အပေါ်နှုတ်ခမ်းကို လျှာနဲ့ဖွဖွလေး သပ်တင်လိုက်တဲ့ခံစားချက်။ပြီးတော့ ဖွဖွကလေး သွားနဲ့ဖိကိုက်လိုက်တယ်။လှုပ်ရှားမှု့အားလုံးက နူးညံ့လို့နေတယ်။

အင်္ကျီကြယ်သီး တွေကပြုတ်သွားနေပြီး သူ့ရင်ဘတ်ပေါ်ကို လက်တစ်ဖက်က ပွတ်သပ်လို့နေတယ်။ရင်ဘတ်ပေါ်က အရာလေးကို ဆွဲပြီးဖိလိုက်တဲ့ အချိန်မှာတော့ တစ်ကိုယ်လုံး စူးကနဲ။ ပြီးတော့ တဖြည်းဖြည်းစိုစွတ်မှု့ကို ခံစားရလာတယ်။တစ်ယောက်ယောက်က စုပ်ယူနေသလို ကိုက်ကကိုက်သေးတယ်။

သီဟတစ်ယောက် မူးဝေနေသည့် အတွက်ဘာမှမသိ။ထိုအရာများက မသိစိတ်က ဖြစ်လာတာလား အမှန်လား အမှားလား မဝေခွဲနေနိုင်။မျက်လုံးတောင် မဖွင့်နိုင်သော အခြေအနေဖြစ်၏။

သို့သော်လည်း ခတ္ထခဏသာ ကြာခဲ့ပြီး ထိုအရာများက စူးရှပြင်းထန်တဲ့ အသက်ရှုသံများနောက် အမှောင်ထုထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

"အား... ကျွတ်ကျွတ်ကျွတ်။"

မနက်ခင်းမျက်နှာကို နေဖင်ထိုးတော့မှ သီဟတစ်ယောက် အိပ်ယာကထဖြစ်သည်။တစ်ကိုယ်လုံးလဲ ချွေးများကစိုရွှဲနေပြီး အပေါ်ပိုင်း ဗလာကျင်းနှင့်ဖြစ်သည်။မျက်လုံးဖွင့်ဖွင့်ချင်း အိမ်ရှေ့ခန်းမှာ ကျုံ့ကျုံ့လေး ထိုင်နေတာက မင်းရာဇာ။အမြဲဆိုဖာခုံ အနူးအညံ့တွေပေါ်မှာပဲ ထိုင်တတ်တဲ့လူက ယခု ကြမ်းပြင်ပေါ်၌ ဆောင့်ကြောင့်ကလေးဖြစ်နေတာကြောင့် သီဟရယ်ခိုးမိလိုက်လေတယ်။

"မင်းနိုးပြီလား။"

"အေး။မင်းဘယ်လိုရောက်နေတာလဲ။"

အပေါ်ပိုင်းဗလာကျင်းနဲ့ ထွက်လာတဲ့ သီဟကို မင်းရာဇာ မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်တယ်။တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံးက မှောင်မိုက်နေပြီး နားထင်ကြောတွေကပါ ထောင်လာလေတယ်။သီဟရင်ဘတ်ပေါ်က အနီကွက်ကြောင့်ပေ။

"မင်း နို့ကဘာဖြစ်တာလဲ။"

မင်းရာဇာ ပြောမှ သီဟရင်ဘတ်ကို ငုံ့ကြည့်မိသည် အနီရောင်အကွက်လေးက ဝိုင်းပြီးကွပ်ထားသလို။မင်းရာဇာရဲ့ အပြစ်မကင်းဘူးအထင်နဲ့ပဲ မျက်မှောင်ပြန်ကျုံ့ပြလိုက်တယ်။ညက ခံစားချက်အရိပ်အယောင်လေးကိုလည်း သတိရပြီး ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ခံပြင်းမိသွားပုံရ၏။

"ဒါမင်း ငါ့ကိုဘာလုပ်တာလဲ။အထိုးခံချင်လို့လား ဟမ်။"

"ငါလုပ်တာဆို မင်းကိုမေးမနေဘူး။ငါမေးတာသာဖြေ မင်းငါ့ကိုပြန်လာမေးမေစရာမလိုဘူး။"

"ငါလည်းမသိဘူး။မင်းဘယ်အချိန်ထဲက ရောက်နေတာလဲ။"

"အေး တက်လုပ်သွားတာတောင် မသိတာကောင်းတယ်။"

"မင်းရာဇာ မင်းငါ့ကိုလိမ်ဖို့ကြိုးစားနေတာလား။"

"ငါဒီမနက်မှရောက်တာ မင်းကိုလုပ်တာငါမဟုတ်ဘူး။ဟိုမျိုးမစစ်ပဲဖြစ်လိမ့်မယ်။"

"မင်းပါးစပ်ပိတ်တော့ ငါရေချိုးတော့မယ်။"

သီဟလည်း သူခံခဲ့ရတဲ့ကိစ္စအတွက် ပေါက်ကွဲဟန်တူ၏။အသံက ရင့်ကျက် မာကြောနေတယ်။။သူ့အောက်ပိုင်းက ဘာမှမခံစားရတာကြောင့်သာ ဒီလောက်ဒေါသထိန်းနေနိုင်တာ ဖြစ်ပြီး။မဟုတ်ရင် နောက်ဆက်တွဲပြသနာက ဆိုးရွားလာနိုင်ချေများ၏။

"အေး။ပြီးရင် ငါနဲ့လိုက်ခဲ့။"

ရေကန်ထဲမှ အေးမြနေတဲ့ရေကို ပထအဆုံးတစ်ခွက် ကုန်အောင် ဖြည်းဖြည်းချင်း လောင်းလိုက်ရင်း မင်းရာဇာကို လှည့်ကြည့်လိုက်တယ်။

"ဘယ်ကိုတဲ့လဲ။"

"မင်းငါ့အိမ်လိုက်နေရမယ်။"

"ငါမလိုက်နိုင်ဘူး။"

မျက်နှာချင်းတောင်မဆိုင်ပဲ တစ်ဘက်လှည့်နေတဲ့ မင်းရာဇာကို သီဟ နားမလည်စွာနဲ့ စိုက်ကြည့်နေတယ်။

"မင်း ငြင်းတာနဲ့ ဟိုမျိုးမစစ် ဒီနေ့သေပြီပဲ။"

"မင်းငါ့သူငယ်ချင်းကို နောက်တစ်ခါ အဲ့ဒီလို ထပ်ခေါ်ရဲခေါ်ကြည့်။"

"ဒီနေ့ငါမင်းဆီက ငါ့ကိုစိတ်ပြေစေလောက်မယ့်အရာ ငါရမှဖြစ်မယ်။မဟုတ်ရင် ငါ့ဒေါသက ဘရိတ်မပါဘူး။"

"ဘုန်းဝဏ္ဏ ကိုမင်းသတ်ရင် ငါကိုယ်တိုင် မင်းအသက်နဲ့ ပြန်လဲမယ်။"

စကားကအေးအေးလေးဆိုပေမယ့် မင်းရာဇာရဲ့ ရင်ဘတ်ကို သံနဲ့ရိုက်သွင်းလိုက်သလို နာကျင်မှု့မြောက်၏။လက်ပေါ်ကရော နားထင်ပေါ်က အကြောများပါ ပေါက်ထွက်လုမတတ်ဖြစ်သည်။သီဟအမေ သေရသည်မှာ သူ့အပြစ်မကင်းလို့ ခံစားရတာကြောင့် ဘာမှမကျန်တော့တဲ့ သီဟကိုကာကွယ်ပေးချင်သည်။စိတ်ချမ်းသာအောင် ထားချင်သည်။သနားသည်။သို့သော် ယခုအပြုအမူက သူ့ကိုပိုပြီး ဒေါသထွက်မိစေ၏။

"မင်းငါ့ကို ဒုက္ခပေးလို့ မဝသေးဘူးလား။ငါခံစားရတာမြင်ရတာ မင်းအဲ့လောက်တောင် ပျော်လား။"

မင်းရာဇာ လက်မခံချင်ပေမယ့် သူသီဟကို နှိပ်စက်နေတာက မှန်နေသလိုလိုရှိ၏။

"ပုံမှန်ဆို ငါမင်းကို စကားတောင်ပြန်မပြောဘူး။မင်းသိလား အခုထိမင်းငါ့အပေါ် လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးရှိနေလို့ဆိုတာ။"

"ကျေးဇူးတရားဆိုတာမရှိခဲ့ဘူး အကုန်ငါအပေးအယူ လုပ်ခဲ့တာပဲ။ငါမင်းရှေ့ထပ်မပေါ်လာတော့ရင် မင်းကျေနပ်မလား။"

မင်းရာဇာ ရဲ့ထုံးစံအတိုင်း ဒေါသသာထွက်တယ် အသံကတော့ တစ်ချက်ကလေးမှ အက်ကွဲမနေ။

"ပျော်ပျော်ကြီး ကျေနပ်တယ်။"

"အေး။ကောင်းပြီ။"

မင်းရာဇာ ထိုင်နေရာက ဆတ်ခနဲထပြီး ထွက်သွားလိုက်တယ်။ကြမ်းပြင်ပေါ်မှာ ချွေးကွက်ကြီးက ဝိုင်းလို့ကွက်လို့နေတယ်။ကျောပြင်မှာလည်း ချွေးတွေကရွှဲပြီး အင်္ကျီအသားနဲ့ ကပ်လျှက် တစ်ကိုယ်လုံး ရေချိုးထားသလို။မြန်ဆန်သွက်လက်တဲ့ ခြေလှမ်းကျဲတွေက သူဒေါသထွက်နေမှန်း သိသာနေတယ်။ အနောက်မှာ ကျန်ခဲ့တဲ့ သီဟကတော့ သက်ပျင်းတစ်ချက်ချပြီး မျက်လုံးစုံမှိတ်လိုက်လျက်။

"မင်းရာဇာ မင်းနဲ့ငါဆိုတာ အတူရှိနေဖို့ မသင့်တော်ဘူး။"

"သီဟဆက်"

ရုတ်တရက်ဆိုသလို ယောင်္ကျားရင့်မာကြီးတစ်ယောက်အသံက သူ့ရဲ့အတွေးတွေကို ဖမ်းယူသွားလေတယ်။ထိုအသံက သူတော်တော်ရင်းနှီးနေတဲ့ အသံ။သူ့ရဲ့ အဖေ ဦးနန္ဒရဲ့အသံ။အဲ့ဒီအသံကိုကြားလိုက်ရတာက သူ့ကိုသွေးပျက်သွားစေတယ်။

"ဦးနန္ဒ ခင်ဗျားဘာလာလုပ်တာလဲ။"

"သားနဲ့ဆွေးနွေးစရာရှိတယ်။"

"ခင်ဗျား ကျွန်တော့်ကို သားလို့ မခေါ်နဲ။့"

"မင်းအမေမသေခင်က ငါနဲ့စကားပြောဖြစ်တယ်။သူ့ဆီက မင်းရာဇာဆိုတဲ့ ကောင်လေးအကြောင်း ကြားတယ်။"

"ခင်ဗျားနဲ့ဘာဆိုင်လဲ။ခင်ဗျားမျက်နှာကို မမြင်ချင်ဘူး အခုပဲထွက်သွား။"

"မင်း သူ့အိမ်မှာနေပေးရမယ်။မင်း သူ့ကို ငါတို့ spy အနေနဲ့ သွားနေပေးဖို့ လာကမ်းလှမ်းတာ။"

"မလုပ်ချင်ဘူး။လုပ်လည်း မလုပ်နိုင်ဘူး။ခင်ဗျားသာပြန်လိုက်တော့။"

"အခု မင်းဘဝက မင်းရာဇာကြောင့် အခုလိုဖြစ်ရတာ။နှင်းဆီကိုသတ်ခဲ့တာ သူ့ရန်သူတွေပဲ။သူ့မှာရန်သူဆိုတာ လက်ချိုးမရေနိုင်လောက်အောင် များတယ်။အဲ့ထဲမှာ ငါအပါအဝင်ပဲ။အခုလဲ သူ့ကြောင့် နှင်းဆီသေရတာကြားတော့ ငါစိတ်မကောင်းအရမ်းဖြစ်တယ်။အဲ့ဒါကြောင့် မင်းအမေကို ချစ်တယ် ကလဲ့စားချေချင်တယ်ဆိုရင် ငါတို့နဲ့ပူးပေါင်းပါ။သူ့အကြောင်းတွေစုံစမ်းပြီး နှင်းဆီကိုသတ်ခဲ့တဲ့ သူ့ရန်သူကို ပြန်ကလဲ့စားချေပေးမယ်။"

"တခြားတော်တဲ့ လူတွေကို ခိုင်း။ဒါကျွန်တော် တော်တဲ့အရာ မဟုတ်ဘူး။"

"မင်းရာဇာဆိုတာ မှောင်ခို တရားမဝင်တာတွေ လုပ်တဲ့ မကောင်းတဲ့ကောင်ပဲ။သူ့ဘေးနားက ရန်သူဆိုတာလဲ တရားမဝင်လုပ်တဲ့ ကောင်တွေပဲ။မဲမဲမြင် သတ်ချင်နေတဲ့ အကောင်တွေအတွက် နှင်းဆီအပြင် နောက်ပစ်မှတ်က သဒ္ဒါနဲ့ ဘုန်းဝဏ္ဏ ဖြစ်လာနိုင်တယ်။"

"သဒ္ဒါ...။"

မျက်နှာချက်ချင်းမှိုင်ကျသွားတဲ့ သီဟကို ဦးနန္ဒ နားလည်သွားတယ် လူတစ်ယောက်ကို ဘယ်လိုကိုင်တွယ် ရမလဲနားလည်တဲ့ ဦးနန္ဒ အတွက် အားနည်းချက်မိသွားတာက တောကြီးမြွှအေညှို့ခံရတာထက် ကြောက်ဖို့ကောင်း၏။

"ကဲဘယ်လိုလဲ အဲ့လိုကောင် နောက်ကြောင်းဖော်ဖို့ ငါတို့နဲ့ ပူးပေါင်းမယ်မလား သီဟ။သူကမင်းကို အိမ်ခေါ်ထားဖို့ ဝန်မလေးတော့ ငါတို့အတွက်အခွင့်အရေးရတယ်။အပြန်အလှန်အနေနဲ့ ငါ့လူတွေသုံးပြီး သဒ္ဒါနဲ့ ဘုန်းဝဏ္ဏကို အချိန်ပြည့်ကာကွယ်ပေးမယ်။"

သီဟ တွေဝေနေမိသည်။အမေပြီးရင် အချစ်ရဆုံးလူ သဒ္ဒါကိုပါ ဆုံးရှုံးရမည်ဆိုပါက သူ့ဘဝ ဆုံးတာနဲ့ ဘာမှမကွာ။အရာအားလုံးထက် လှပတဲ့ သဒ္ဒါ မျက်နှာကို တွေးကြည့်ရုံနဲ့တင် ဦးနန္ဒ ရဲ့ကမ်းလှမ်းမှု့ကို ရဲရဲတင်းတင်းလက်ခံဝင့်မိသည်။အချစ်က ဘယ်ကမှန်းမသိတဲ့ သတ္တိနဲ့ရဲရင့်ခြင်းကို ပေး၍ ဆုံးဖြတ်ချက် ခိုင်မာလောက်စေရန် စွမ်းသည်။

"ကောင်းပြီလေ။"

"မင်းရင့်ကျက်လာပြီပဲ သီဟ။ငါဝမ်းသာတယ်။"

ကျေနပ်မှု့ပြည့်နေတဲ့ ဦးနန္ဒ ရဲ့ရယ်သံက ကျေးငှက်မရှိ တိမ်တိုက်ကင်းမဲ့ ဗလာနတ္တိဖြစ်တဲ့ ကောင်းယံတစ်ခုလုံးကို ပြန့်ကျဲလွှမ်းမိုးပြီး ဟိန်းလို့သွားလေတယ်။

* * * * * Beyond the galaxy * * * * *

Continue Reading

You'll Also Like

1.2M 66.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
266K 20.1K 59
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
740K 39.2K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
271K 31.2K 79
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...