Douleurs Rouges [ Completed ]

By Relia6104

264K 24.3K 689

Red is the ultimate cure for sadness ❤ More

Chapter 01 ( Zawgyi )
Chapter 01 ( Unicode )
Chapter 02 ( Zawgyi )
Chapter 02 ( Unicode )
Chapter 03 ( Zawgyi)
Chapter 03 ( Unicode )
Chapter 04 ( Zawgyi )
Chapter 04 ( Unicode )
Chapter 05 ( Zawgyi )
Chapter 05 ( Unicode )
Chapter 06 ( Zawgyi )
Chapter 06 ( Unicode )
Chapter 07 ( Zawgyi )
Chapter 07 ( Unicode )
Chapter 08 ( Zawgyi )
Chapter 08 ( Unicode)
Chapter 09 ( Unicode )
Chapter 10 ( Zawgyi)
Chapter 10 ( Unicode )
Chapter 11 (Zawgyi)
Chapter 11 ( Unicode )
Chapter 12 ( Zawgyi)
Chapter 12 ( Unicode )
Chapter 13 ( Zawgyi )
Chapter 13 ( Unicode )
Chapter 14 ( Zawgyi)
Chapter 14 ( Unicode )
Chapter 15 ( Zawgyi )
Chapter 15 ( Unicode )
Chapter 16 ( Zawgyi )
Chapter 16 ( Unicode )
Chapter 17 ( Zawgyi )
Chapter 17 ( Unicode )
Chapter 18 ( Zawgyi )
Chapter 18 ( Unicode )
Chapter 19 ( Zawgyi )
Chapter 19 ( Unicode )
Chapter 20 ( Zawgyi )
Chapter 20 ( Unicode )
Chapter 21 ( Zawgyi )
Chapter 21 ( Unicode )
Chapter 22 ( Zawgyi )
Chapter 22 ( Unicode )
Chapter 23 ( Zawgyi )
Chapter 23 ( Unicode )
Chapter 24 ( Zawgyi )
Chapter 24 ( Unicode )
Chapter 25 ( Zawgyi )
Chapter 25 ( Unicode )
Chapter 26 ( Zawgyi )
Chapter 26 ( Unicode )
Final Chapter 27 (Zawgyi)
Final Chapter 27 (Unicode)
Book
Hello Again

Chapter 09 (Zawgyi)

3.4K 284 5
By Relia6104

ဖွယ်​ဖွယ်​ရာရာပြင်​ထားတဲ့ ထမင်းစားပွဲမှာ ထိုင်​​နေတဲ့
လူ​တွေက တိတ်​ဆိတ်​​နေတယ်​။ လှုပ်​ရှားမှု​တွေ​နောက်​မှာ
ဇွန်းသံ ပန်းကန်​သံ​တွေကလွဲရင်​ ဘာမှမရှိတဲ့ ထမင်းစားခန်းထဲမှာ ဖုန်းသံက ကျယ်​ကျယ်​​လောင်​​လောင်​ထွက်​လာတယ်​။ ဆံပင်​ဂုတ်​၀ဲနဲ့ အမျိုးသမီးက ကိုင်​ထားတဲ့ တူကို
ချရင်း ဖုန်းကို ​ကောက်​ကိုင်​တယ်​။

" ဟယ်​လို....ဒါလင်​ ​"

" အင်း ဟုတ်​တယ်​ ..."

စားပွဲရဲ့ ထိပ်​ဆုံးမှာထိုင်​​နေတဲ့ အမျိုးသားက မျက်​လွှာတစ်​ချက်​​တောင်​ ကြည့်​မလာဘဲ ​အေး​ဆေးစွာ ထမင်းကိုသာ
ဆက်​စား​နေတယ်​။ အမျိုးသမီးရဲ့ အ​ရှေ့က ၁၀ နှစ်​အရွယ်​​ကောင်​​လေးကလည်း ​အေးတိ​အေးစက်​ အ​နေအထားနဲ့။

သိပ်​မထူးဆန်း​တော့တဲ့ အ​ခြေအ​နေပါ။
သူ့အ​ဖေနဲ့ အ​မေဟာ ဒီလိုဆက်​ဆံ​ရေးမျိုး။ ချစ်​ကြိုက်​ပြီး
ညားခဲ့​ပေမယ့်​ အချစ်​က ရက်​အကန့်​အသတ်​ကပ်​ထားတဲ့
ပစ္စည်းတစ်​ခု ဖြစ်​ခဲ့တယ်​။ အ​မေဖြစ်​သူ​က​တော့ ​နောက်​ထပ်​ အချစ်​တစ်​ခုကို ရှာ​တွေ့တယ်​။ ပတ်​၀န်းကျင်​က​တော့
ခေါင်းစဉ်​တပ်​တယ်​။ အိမ်​​ထောင်​​ရေး ​ဖောက်​ပြန်​တယ်​တဲ့။

" ဘိုင့်​ဘိုင်​ ဒါလင်​ ညမှ ​တွေ့ ကြမယ်​ "

အဲ့ဒီ အမျိုးသမီးရဲ့ မျက်​နှာ​ပြောင်​တိုင်​မှုက​တော့ ​​သြချရ​လောက်​ပါရဲ့။ လက်​ရှိ အမျိုးသား​ရှေ့မှာ လွတ်​လပ်စွာပဲ ​နောက်​​ယောက်ျား တစ်​​ယောက်​နဲ့ ဖုန်း​ပြောနိုင်​တယ်​။
ဒါကို ​ယောက်ျားဖြစ်​သူ အမျိုးသားကလဲ ဘာမှမဖြစ်​သလို
လက်​ခံနိုင်​တာပဲ။
မျက်​ကွယ်​ပြုတာနဲ့ လွတ်​လပ်​ပွင့်​လင်းတာ က အားချင်းပြိုင်​​တော့ တိတ်​ဆိတ်သွားရတာပါဘဲ။

" ကျွန်​မ ဒီ​နေ့ အိမ်​ပြန်​မအိပ်​ဘူး သွားပြီ "

ထမင်းစားပွဲက ထသွားတဲ့ အမျိုးသမီးက မျက်​စိ​ရှေ့က
သူ့ကို လှည့်​​တောင်​မကြည့်​သွားဘူး။
ဘုရားစူး အဲ့အမျိုးသမီးက သူ့ရဲ့ အ​မေအရင်းပါတဲ့။

သူရဲ့ နှုတ်​ခမ်းထူထူ​လေး​တွေက ပြုံးလို့။
မျက်​လုံး​ပေါက်​ကျင်းကျင်း​လေး​တွေမှာ အရည်​ကြည်​တစ်​ချို့ 
ခိုလို့။

နာရီအနည်းငယ်​ကြာတဲ့အထိ ထမင်းဝိုင်းကမထ​သေး။
ကုမ္ပဏီက ​အ​ရေးကြီးအစည်းအ​ဝေးဆိုပြီး ခပ်​သွက်​သွက်
ထထွက်​သွားတဲ့ အ​ဖေဖြစ်​သူရဲ့ ​နေရာကလည်း လစ်​ဟင်း​နေတယ်​။

ကျစ်​ကျစ်​ဆုပ်​ထားတဲ့ လက်​​တွေနဲ့ စားပွဲ​ပေါ်က ပန်းကန်​​တွေကို တွန်းချပစ်​​တော့ ကြမ်းပြင်​က တစ်​ဆင့်​ခံ ပြန်​စင်​လာတဲ့ ပန်းကန်​စက ပါးနုနု​လေး​ပေါ် ကျတယ်​။

သွေးစို့သွားတဲ့ ဒဏ်​ရာနဲ့ သူက အသံကုန်​ ​အော်​တယ်​။
အသက်​နဲ့မလိုက်​တဲ့ နာကျင်​မှု​တွေက ​ပေါက်​ကွဲထွက်​လာ​လေရဲ့။ ဆင်​တူဝတ်​စုံဝတ်​ထားတဲ့ အိမ်​အကူအလုပ်​သမား​တွေဆွဲ​တော့မှ သူရပ်​သွားတယ်​။ နိမ့်​လိုက်​ မြင့်​လိုက်​ဖြစ်​​နေတဲ့ ရင်​​အစုံနဲ့ သူငြိမ်​သက်​သွားတယ်​။

ဒါက နာကျင်​မှုကို သူ​နောက်​ဆုံးချပြခဲ့ခြင်းပဲ။

...

" ရိ​ပေါ်...စား​လေ ​ကော လက်​ရာက မ​ကောင်းလို့လား..."

ရိ​ပေါ်က ​ခေါင်းသာခါပြတယ်​။ တူကိုင်​ထားတဲ့ လက်​​တစ်​စုံက အနည်းငယ်​ တုန်​ယင်​​နေလျက်​။

ပြိုလဲဟန်​ပျက်နဲ့ နာကျင်​​နေတဲ့ ၁၀ နှစ်​အရွယ်​​ကောင်​​လေးက သူ့မြင်​လွှာထဲမြင်​လာ​တော့ လွန်​ခဲ့တဲ့ မိနစ်​​ပေါင်း​လောက်​က မြိုချထားသမျှ ပြန်​ပျို့တတ်​လာတယ်​။

" ​ကော...သန့်​စင်​ခန်း ဘယ်နားမှာလဲ "

မျက်​ခမ်းသား​တွေနီရဲတတ်​ပြီးတုန်​ရင်​​နေတဲ့ရိ​ပေါ်​က
ရှောင်​ကျန့် စိတ်​ပူသွာံး​စေတယ်​။

" ဒီကထွက်​ရင်​ ညာဘက်​​ထောင့်​မှာ "

ဘာမှပြန်​မ​ပြောဘဲ စားပွဲက ထ​ပြေးထွက်​သွား​တော့ ​ရှောင်​ကျန့်​​ပြေးလိုက်​ရတယ်​။ ​သန့်​စင်​ခန်းတံခါးကို ဆွဲဖွင့်​​ပေမယ့်​ ပွင့်​မလာတာ​ကြောင့်​ ​လော့ခ်​ချလိုက်​မှန်း သိလိုက်​ရတယ်​။

တံခါးကိုသာ ထုရင်း စိတ်​ပူစွာနဲ့ ​ပြောရ​တော့တယ်​။

" ရိ​ပေါ်...ရိ​ပေါ် ဘာဖြစ်​လို့လဲ ရိ​ပေါ် တံခါးဖွင့်​ "

ချောင်းဆိုးသံနဲ့အတူ အန်​​နေတဲ့အသံပါကြား​နေရတဲ့အတွက်
ရှောင်​ကျန့် ပိုစိတ်​ပူလာမိတယ်​။

" ရိ​ပေါ်.."

သော့အပိုကိုသွားယူမို့လုပ်​​နေတုန်းမှာပဲ ​လော့ခ်​ချထားတဲ့
တံခါးက ပွင့်​လာတယ်​။ မျက်​ခမ်းအနားသတ်​​တွေက
နီ​စွေး​စွေးဖြစ်​​နေပြီး မျက်​နှာတစ်​ခုလုံး ဖြူစွတ်​​နေတဲ့ ရိ​ပေါ်​က မျက်​၀န်း​သေ​တွေနဲ့ ကြည့်​​တယ်​။

" ရိ​ပေါ် ဘာဖြစ်​တာလဲ သက်​သာရဲ့လား "

" ​ကော စိတ်​ပူ​အောင်​လုပ်​မိပြီ ဘာမှမဖြစ်​ပါဘူး ​ကော"

" ဟုတ်​လို့လား ရိ​ပေါ် တကယ်​ ဘာမှမဖြစ်​ဘူးလား"

" အင်း "

ရှောင်ကျန့်​က​တော့ စိတ်​ပူ​နေတဲ့ မျက်​၀န်း​တွေနဲ့ ကြည့်​​နေခဲ့ပြန်​တယ်​။

အ​ဝေးမှာ​နေဖို့ကြိုးစားတယ်​။
ခင်​ဗျားက ​နွေး​ထွေးမှု​တွေနဲ့ ဆွဲထားတယ်​။
အဲ့​တော့လည်း ​​ချည်​​နှောင်​ပစ်​လိုက်​ရုံ​ပေါ့
ခင်​ဗျားက ကျွန်​​တော့ရဲ့ တစ်​ခုတည်း​သော အဖြူ​ရောင်​​လေးဆိုပြီး။

.....

အနီ​ရောင်​ဟူဒီကို​ခေါင်းစွတ်​​စောင်းပြီးဝတ်​ထားတဲ့ သူက
ကွန်ဒို​တိုက်​ခန်းတစ်​ခုရဲ့ ​လှေကားထစ်​​တွေကို ​လေချွန်​ရင်း
တတ်​လာတယ်​။ ရပ်​တန့်​လိုက်​တဲ့ ​ခြေလှမ်း​တွေက ကွန်​ဒိုအခန်းတစ်​ခန်း​ရှေ့မှာ။ ဟူဒီအိတ်​ထဲ ထည့်​ထားတဲ့လက်
တစ်​ဖက်​ကို ထုတ်​ရင်း အခန်းလျှိုဝှက်​နံပါတ်​ကို နှိပ်​ဖို့ပြင်​တယ်​။

လက်​သည်းတုံးတိညှပ်​ထားတဲ့ လက်​​ချောင်းဖြူဖူ​လေးနဲ့
နံပါတ်​​တွေရှိတဲ့ ခလုတ်​​လေး​တွေကို ဖိနှိပ်​လိုက်​တဲ့​နောက်​မှာ တံခါး​လော့ခ်​ပွင့်​သွားတဲ့ အသံထွက်​လာ​တော့ သူက
ပြုံးတယ်​။

" လွယ်​လွန်းလိုက်​တာ "

ဧည့်​ခန်းကိုဖြတ်​ပြီး အခန်းတစ်​ခုထဲကို ၀င်​လာလိုက်တယ်​။
အိပ်​ခန်းတစ်​ခုဖြစ်​ပြီး ​​ရေချိုးခန်းထဲက ​ရေကျသံ​တွေက
ရှင်းရှင်းလင်းလင်းကြား​နေရတယ်​။ ခုတင်​ရဲ့ ​ခြေရင်းက
စားပွဲ​နား ​လျှောက်​သွား​တော့ ​ခေတ်​​နောက်​ကျ​နေတဲ့ ​ရေဒီယိုတစ်​လုံးကို​တွေ့တယ်​။ ခလုတ်​တစ်​ခုကို ဖိနှိပ်​ဖွင့်​လိုက်​​တော့ သီချင်းသံတစ်​ခုထွက်​လာတယ်​။

သူက နှုတ်​ခမ်းဖျား​တွေလှုပ်​ရုံနဲ့ ထိုသီချင်းကို လိုက်​ညီးတယ်​။

" You Are My Sunshine....
My Only Sunshine "

သူက စားပွဲရဲ့ ကုလားထိုင်​မှာ ၀င်​ထိုင်​လိုက်​တယ်​။
သီချင်းကို​တော့ ဆက်​ညီး​နေဆဲ။ တိတ်​ဆိတ်​​နေတဲ့အခန်းထဲ ​ရေကျသံ​တွေရယ်​ နံရံ​ပေါ်က နာရီဆီက နာရီလက်​တံသံရယ်​ ​နောက်​ပြီး သူရဲ့ ​အေးစက်​စက်​ သီချင်းညီးသံရယ်​.....။ အချိန်​က ည၁၁ နာရီကို ​ကျော်​လွန်​​နေပြီ။

" You Make Me Happy ...."

" When Skies Are Grey "

စားပွဲခုံ​ပေါ်က စိတ်​၀င်​စားစရာ​ကောင်းတဲ့ ​စာရွက်​တစ်​ချို့ကို
တွေ့​တော့ သီချင်းကို ရပ်​လိုက်​တယ်​။ အတိအကျ​ပြောရရင်​ ​ဆေးစစ်​ချက်​စာရွက်​​တွေ။အဲ့ဒီစာရွက်​​တွေကို ကြည့်​ပြီး သူက ရယ်​တယ်​။

" ဟက်​ခ်​....ခင်​ဗျားက အရူးပဲ "

ရေကျသံတိတ်​သွားတဲ့ ​ရေချိုးခန်းဆီကို သူ လှည့်​ကြည့်​တယ်​။ ရယ်​​နေတဲ့ နှုတ်​ခမ်း​တွေက တည်​သွားတယ်​။

ရေချိုးခန်းထဲကထွက်​လာတဲ့ အဲ့လူက ​စို​နေတဲ့ ဆံပင်​​တွေကို တဘတ်​တစ်​ခုနဲ့ သုတ်​​နေရင်း ပွင့်​​နေတဲ့ ​ရေဒီယိုကို
ကြည့်​တယ်​။ ​နောက်​ပြီး အခန်းအတွင်းကို ​ဝေ့၀ဲကြည့်​တယ်​။

ချောက်​ခနဲဆိုတဲ့ အသံနဲ့​ရေဒီယိုကိုပိတ်​လိုက်​ပြီး အ၀တ်​​တွေဝတ်​​နေတယ်​။ မျက်​၀န်း​တွေက တစ်​စုံတစ်​ခုကို
ခြောက်​ခြား​နေတဲ့ပုံစံ။

ရုတ်​တရက်​အ​နောက်​က​နေ ကြိုးနဲ့ စွဲညှစ်​ခံလိုက်​ရတဲ့ လည်​ပင်း​ကြောင့်​ အသက်​ရှူကြပ်​ပြီး မျက်​နှာ​တွေရဲလာတယ်​။

" ဘယ်​..သူလဲ "

" မ​ကြောက်​ပါနဲ့ ခဏ​လောက်​​နေရင်​ ​ပျောက်​သွားမှာ...."

" အသက်​​လေ....ဟား..ဟား "

" မင်း...မင်း....အဟွတ်​..ဟွတ်​ "

အဲ့လူရဲ့ မျက်​နှာက နီရဲသထက်​ နီလာတယ်​။ ကြိုးနဲ့
အညှစ်​ခံထားရတဲ့ လည်​ပင်းသား​တွေကလည်း နီရဲ​နေတယ်​။ ရုန်း​နေတဲ့ ခန္ဓာကိုယ်​က ခဏကြာ​တော့ ငြိမ်​သက်​သွားတယ်​။

You Are My Sunshine....

My Only Sunshine ...

အခန်းရဲ့ မျက်​နှာကျက်​ပေါ်မှာ အ​လောင်း​ကောင်​က ​ရှေ့​နောက်​ရမ်း​နေတယ်​။သူက သီချင်းညီး​နေတုန်း။

" ငြိမ်​ငြိမ်​​နေ​လေ...ခင်​ဗျားကို အဲ့အ​ပေါ်ထိ တင်​ထားရတာ ဘယ်​​လောက်​ပင်​ပန်းတယ်​မှတ်​လဲ "

" ကျစ်​....အကြည့်​​တွေက​လေ ​သေသွားတာ​တောင်
အချိုးမ​ပြေ​သေးဘူး "

လွန်​ခဲ့တဲ့မိနစ်​ပိုင်း​လောက်​က​သေဆုံးသွားတဲ့ အဲ့လူက ​နောက်​ဆံတင်းစရာ​တွေ ရှိတယ်​ထင်​တယ်​။ မျက်​လုံးအစုံက ပွင့်​ဟ​​နေတယ်​။ အဲ့ဒီလူရဲ့ လည်​ပင်း​နေရာက ကြိုးက​တော့
အနည်းငယ်​ အကျည်းတန်​ဆန်​တယ်​။ ခန္ဓာအ​လောင်းက
အနည်းငယ်​ ယိမ်း​နေတုန်း။

သူက ​ရေဒီယိုကို ပြန်​ဖွင့်​တယ်​။ ​ဆွေး​ဆွေး​မြေ့​မြေ့ပဲထွက်​လာတဲ့ သီချင်းက Glomy Sunday တဲ့။

အော်​....တိုက်​ဆိုင်​လိုက်​တာ...
ဒီ​နေ့က တနင်္ဂ​နွေပဲ။

လေချွန်​ရင်းနဲ့ပဲ သူ​လှေကားထစ်​​တွေက ဆင်းလာတယ်​။
ဟူဒီ​ခေါင်း​စောင်းကို ​စွတ်​ထားရင်း ခပ်​​​နှေး​နှေး​လျှောက်​လာတယ်​။ အမှိုက်​ပုံး​တွေ​သေ​သေသပ်​သပ်​စီထားတဲ့ ​နေရာနား​ရောက်​​တော့ သူရဲ့ ညာဘက်​ လက်​ထဲက တစ်​ခုခုကို အမှိုက်​ပုံးဆီပစ်​ထည့်​လိုက်​တယ်​။

လေချွန်​ရင်းသာ သူဆက်​​လျှောက်​သွားတယ်​။
အနီ​ရောင်​​တွေမပါတဲ့ ​သေဆုံးခြင်းက ပျင်းစရာ​ကောင်းတယ်​​လေ။ သူရဲ့ ညာဘက်​လက်​ဖ၀ါးမှာ​တော့ ​သွေး​တွေက
စွန်းကျန်​လို့်....။

.............................

အနီ​ရောင်​​ခေါက်​ရမ်းပန်း​တွေ​ဝေတဲ့ ​ဒီ​ပျောက်​ဆုံးခြင်းမှာ
ခင်​ဗျား​ဆိုတဲ့ အ​ကြောင်းပြချက်​​လေးက မပါမဖြစ်​​ပေါ့။
စိတ်​ချ ခင်​ဗျားအတွက်​ တ​လောကလုံးကို အနီ​ရောင်
ခြယ်​ရ ခြယ်​ရ။ ခင်​ဗျားကို​တော့ အ​ရောင်​မစွန်း​စေရဘူး။

.............................

Continue Reading

You'll Also Like

305K 30.9K 42
BL / Fanfiction ခင်ဗျားက အဖြူနဲ့အမည်းလို တစ်ချိန်တည်းမှာပဲ သိပ်ကို ကွာခြားနေတတ်တယ်။ မင်းငါ့ကို ခွဲခြားနိုင်ချိန်တိုင်းမှာတော့ အဖြူရောင်လေးပဲ ဖြစ်ချင်...
93.9K 12.5K 45
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
17.6K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
16.1K 1.7K 5
A Love Story Starts from HANGZHOU. [ Unicode + Zawgyi ] •YIZHAN• Starting Date : October 9 2020 Ending Date : October 12 2020 Birthday Present for @G...