Love is love
Od AyeMyint7
12.4K 242 11
အချစ်​က သနားဖို့ သိပ်​​ကောင်းတယ်​ တခါတရံ ဝမ်းနည်း​နေတတ်​တယ်​ အချစ်​က နားလည်​မှုလဲ ရှိတယ်​ သည်းခံနိုင်​စွမ်... Viac
🌿 Introduction 🌿Zawgyi & Unicode
Part 1(Zawgyi & Unicode)
Part 2(Zawgyi & Unicode)
Mocha (မိုခါး အ​ကြောင်း) Mocha (မိုခါး အကြောင်း)(Zawgyi & Unicode)
Part 4(Zawgyi & Unicode)
Letter of apology
Part 3(Zawgyi & Unicode)
565 18 0
Od AyeMyint7
<Zawgyi/>
မ​ပြောင်းဘူး မင်း​ရော"
ရှေ့ဆက်​ရမယ့်​​တက္ကသိုလ်ေ​န့ရက်​​တွေတွက်​ ရင်​ခုန်​​ပျော်​ရွှင်​​နေကြသည်​။
...........................
"ယမင်း သားကြီးရတု​ရော"
"​ဖေ​ဖေ"
..................................
"သား​ရေ ရတု "
..........................
ည​နေ​ခင်းေ​ရာက်​သည်​ထိ အခန်း​ဖော်​မှာ ​ရောက်​မလာ​သေး​ပေ။
...........................
"ဟင်​ မင်း..."
..................................
အပိုင်း ၄ Coming soon...
24.4.20 Fri
樱花rara🌸
<Unicode/>
"သက်ဝေ သက်ဝေ" အိမ်ရှေ့မှ ဖိုးကျော်အသံကြောင့် သက်ဝေ အခန်းထဲမှ ထွက်လာသည်။
"ဖိုးကျော် ငါအိမ်ထဲမှာရှိတယ် မင်းမလဲ မလာဖူးတဲ့အိမ်
မရောက်ဖူးတဲ့အိမ်ကျလို့ အိမ်ပေါ်တန်းတက်လာပါရော့လား တကယ်ပဲ"
"အဟီး မင်းပြန်ရောက်နေပြီကြားလို့ ငါတို့ တက္ကသိုလ်လျှောက်လွှာ တင်ကြရအောင်လို့လေ အဲ့ဒါ လာတိုင်ပင်တာ "သက်ဝေရော ဖိုးကျော်ရော ၁၀တန်းအောင်သွားကြပြီ။ ခုဆို သူတို့ဝါသနာပါရာ တက္ကသိုလ်နေမြေကို ခိုဝင်ကြတော့မည်။
"အေး ငါကတော့ စီးပွားရေးတက္ကသိုလ်ကို ဦးစားပေးပဲ
မပြောင်းဘူး မင်းရော"
"ငါလဲ မပြောင်းဘူး မင်းနဲ့တူတူပဲ အမှတ်လဲ မှီတယ်ဆိုတော့ သေချာသလောက်နီးနီးပဲပေါ့ ရား း ပျော်လိုက်တာကွာ တက္ကသိုလ်ကျောင်းသားကြီးလုပ်ရတော့မယ် ပြီးရင် အမေ့ကို ငါပြန်အလုပ်ကျွေးပြုနိုင်တော့မယ်"
သက်ဝေနဲ့ ဖိုးကျော်က ၉တန်းတည်းက စီးပွားရေးတက္ကသိုလ်တက်နိုင်ဖို့ အားခဲကြိုးစားခဲ့ကြတာ။ထိုရည်ရွယ်ချက်နဲ့ ဘာဂတွဲကိုပဲ ယူခဲ့ကြတာ။ခုတော့ သူတို့မျှော်လင့်ထားသလို ဖြစ်ခဲ့ပြီ။
"Dayပဲ တက်မှာမလား ဖိုးကျော်"
"ဒါပေါ့ကွ ငါနဲ့အမေ စုဆောင်းထားတာတွေ ရှိပါတယ် သက်ဝေရဲ့ ၁၀တန်းဖြေပြီးကတည်းက ငါနေ့တိုင်း အလုပ်တွေလုပ်နေတာ မင်းနဲ့ မတွေ့ဖြစ်တာပဲကြည့် Dayပဲတက်မယ် ကျောင်းပိတ်ရင်လဲ ငါအလုပ်လုပ်မယ် အဆင်ပြေမှာပါ"
"တို့တွေ တူတူ ရှေ့ဆက်ကြတာပေါ့" နှစ်ယောက်လုံး
ရှေ့ဆက်ရမယ့်တက္ကသိုလ်နေ့ရက်တွေတွက် ရင်ခုန်ပျော်ရွှင်နေကြသည်။
...........................
"ယမင်း သားကြီးရတုရော"
"ခုနကတော့ ခြံထဲမှာ သူ့ညီတွေနဲ့ ကြက်တောင်ရိုက်နေတယ်ထင် ယမင်းသွားခေါ်ပေးမယ်လေ ကို ခနနော်"
"ရတယ် ယမင်း ကိုပဲသွားလိုက်မယ်"
"ဒါဖြင့်လဲ ယမင်း ညနေစာထမင်းဝိုင်း ပြင်ထားလိုက်မယ်နော်"ဦးထက်အောင် ခြံထဲဆင်းလာလိုက်သည်။
သြော်...ဘာလိုလိုနဲ့ အချိန်တွေက မြန်လိုက်တာ ခုဆို သားကြီးတောင် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်တော့မယ်။
ခြံထဲတွင်တော့ နှိုင်းနဲ့ သုတက ကြက်တောင် ရိုက်နေပြီး ရတုကတော့ ဒန်းစီးရင်း သူတို့၂ယောက်ရိုက်တာကို ထိုင်ကြည့်နေသည်။ သူ ဘယ်နမှတ်ရတယ် ငါ ဘယ်နမှတ်ရတယ်နဲ့ ၂ယောက်သား ကြက်တောင်ရိုက်တာ နည်းနည်း ငြင်းနေကြတာက ခပ်များများပင်။ နှိုင်းဆိုသည်မှာလဲ ရိုက်လဲမရိုက်တတ်ဘဲ သုတကို ဗိုလ်ကျနေသည်။
"ဖေဖေ"
"အွန်း သားကြီး" ဦးထက်အောင် ရတုဘေးကနေရာမှာ
ထိုင်လိုက်တော့ ရတု ဒန်းလွှဲနေတာကို ရပ်လိုက်သည်။
"သား ဘယ်တက္ကသိုလ်ကို လျောက်ဖို့စဉ်းစားထားလဲ"
"သား စီးပွားရေးပဲ လျောက်မယ် ဖေဖေ အရင်က သားပြောသလိုပဲ သားဖေဖေတို့ကို ပြန်ကူညီချင်တယ် သားကိုယ်တိုင်လဲ စီးပွားရေးလုပ်ဖို့ကို စိတ်ဝင်စားတယ် ဖေဖေ"
"တော်ပါသေးရဲ့ကွာ ဖေဖေက သားကို မချုပ်ချယ်ချင်ဘူး
တကယ်လို့ သားက တခြားဝါသနာပါတဲ့ တက္ကသိုလ်ကို တတ်ချင်တယ်ဆိုရင် ဖေဖေခွင့်ပြုတယ်လို့ ပြောမလို့ ခုတော့ သားကိုယ်တိုင်လဲ စီးပွားရေးကို စိတ်ဝင်စားတယ်ဆိုတော့ ဖေဖေ ဝမ်းသာတယ်ကွာ"ဦးထက်အောင် သားတွေကို အတင်းကြီး ထိန်းချုပ်မထား။ စည်းကမ်းတကျ နေတတ်အောင် လိမ္မာယဉ်ကျေးပြီး ပညာထက်မြက်တဲ့သူတွေ ဖြစ်စေရုံသာ။ သူ့လို မိဘစကား တသွေမတိမ်းလိုက်နာရတာမျိုး မဖြစ်စေရ။သူတို့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ အတွေးတွေကို အမြဲအလေးပေးခဲ့တယ်
..................................
"သားရေ ရတု "
"လာပြီ မေမေ" ဒီနေ့ မေမေနဲ့ market သွားမည်။ တက္ကသိုလ်ဝင်ခွင့်လဲ ကျလာပြီ။တစ်နိုင်ငံလုံးမှာ စီးပွားရေးတက္ကသိုလ်က ၃ကျောင်း(မုံစီး(မုံရွာ)၊ ရန်စီး(ရန်ကုန်)၊ နဲ့ မိတ်စီး(မိတ္ထီလာ))ပဲရှိသည့်အနက် ရတု ရန်ကုန်စီးပွားရေး တက္ကသိုလ် ကိုကျသည်။ထို့ကြောင့် လိုအပ်သည်များကို ဝယ်ယူ ပြင်ဆင်ဖို့ပင်။ မေမေတို့နဲ့ ထပ်ခွဲရဦးမည်။ မုံရွာကိုလဲ သွားချင်သေးသည်။
"မေမေ သားဖို့ စတော်ဘယ်ရီသီး ဝယ်ခဲ့ဦးနော်" နှိုင်း အိမ်ထဲကနေ လှမ်းအော်မှာနေသေးသည်။ မသွားမချင်း မှာလို့မပြီးနိုင်ပေ။
..........................
ရတု ကျောင်းဖွင့်တဲ့ရက်မှာပင် အဆောင်ဝင်ခဲ့သည်။ ရန်ကုန်မှာက ဆွေမျိုးရင်းချာမရှိ။ ဖေဖေ့လုပ်ငန်းတွေ ရှိသည်ဆိုပေမယ့်လဲ မိသားစုမရှိပေ။ ဖေဖေက ကျောင်းနားမှာ တိုက်ခန်းငှါးပြီးနေဖို့ စီစဉ်ပေးမယ် ပြောသော်လည်း ရတု ကျောင်းတွင်းဆောင်မှာပဲ နေလိုကြောင်ပြော၍ ခွင့်ပြုပေးခဲ့သည်။ကျောင်းအပ် စာအုပ်ထုတ် ပစ္စည်းတွေ အခန်းထဲထည့်ပြီးတော့ နေ့လည်ထမင်းစားချိန်တောင်ရောက်သွားသည်။ ဖေဖေ၊မေမေတို့နဲ့ အပြင်မှာပဲ သွားစားလိုက်သည်။ အားလုံးပြီးတော့ ဖေဖေနဲ့မေမေက ပြန်သွားကြသည်။
အဆောင်ခန်းထဲရောက်တော့ ခုထိ သူနဲ့အတူနေရမယ့် အခန်းဖော်မှာ မရောက်သေးပေ။ အခန်းက ၂ယောက်ခန်းပင်။ ကုတင်က ၂လုံး စာကြည့်စားပွဲလဲ ၂လုံးပင်။ မျက်နှာကျက်အလယ်မှာ ပန်ကာလဲ ပါသေး၏။ အတော်လေးလဲ အခန်းကကျယ်သည်။ ပစ္စည်းတွေ နေရာမချရသေး၍လားတော့မသိ။ ရတု ဘယ်ဘက်ကုတင်နေရာ ယူရမည်မသိ။ သူက အရင်ရောက်၍ ကြိုက်တဲ့နေရာယူရင် နောက်လူအတွက် မတားရားရာရောက်သည်လို့ သူထင်သည်။ 'သူ လာမှပဲ သူကြိုက်တဲ့ ကုတင်ယူခိုင်းလိုက်တော့မယ် ခုတော့ ငါဒီဘက်ခုတင် ခနယူထားလိုက်မယ်'ရတုတွေးရင်း ဘယ်ဘက်ကကုတင်ကို အနည်းငယ် ထပ်ပြီး ဖုန်သုတ်သန့်ရှင်းရေးလုပ်ပြီး အိပ်ရာခင်း ခင်းကာ သေချာနေရာချလိုက်ပြီး ခန နားလိုက်သည်။ ကျောင်းဖွင့်ခါစဖြစ်၍ အတန်းတွေက မစသေးပေ။ထို့ကြောင့် အတန်းတတ်မသွားတော့။
ညနေခင်းရောက်သည်ထိ အခန်းဖော်မှာ ရောက်မလာသေးပေ။
...........................
သက်ဝေ နဲ့ ဖိုးကျော် ရန်ကုန်ကို ကားနှင့်ပင် ဆင်းလာခဲ့ကြသည်။ ကံဆိုးချင်တော့ ကားက လမ်းမှာ ဘီးပေါက်သည်။ထို့ကြောင့် ခရီးနှောင့်နှေးခဲ့ရသည်။ ရန်ကုန်ရောက်တော့ ညနေ၅နာရီပင် ထိုးနေပြီ။ ၂ယောက် ၃ဘီးကားငှါးကာ အမြန်ပင်လာခဲ့ရသည်။ အဆောင်က ညနေ၆နာရီဆို ပိတ်တော့မည်။ ရန်ကုန်မှာ ဆွေမျိုးညာတိမ
ရှိ။ နောက်ကျလို့ကတော့လား လမ်းပေါ်မှာသာ နေရကိန်းရှိသည်။
အဆောင်ရှေ့ရောက်တော့ ၆နာရီထိုးဖို့ ၁၀မိနစ်သာလိုတော့သည်။ သုံးဘီးပေါ်က ပါလာသော အိပ်ယာလိပ်ကိုထမ်း၊ သံသတ္တာလေးကို လက်ကဆွဲ၍ ၂ယောက်သား အဆောင်မှူးကို အတင်း တောင်းပန်အကျိးကြောင်း
ပြောပြီး ဝင်ခဲ့ရသည်။ သက်ဝေတို့ အဆောင်နံမည်က သံလွင် ဖြစ်သည်။
"ဟူး း းတော်ပါသေးရဲ့ အချိန်မှီလေးတင်"
"အေးကွာ အဆောင်မှူ းက ဝင်ခွင့်ပေးလို့ တော်သေးတယ် မဟုတ်ရင် တို့်တော့ မတွေးချင်စရာပဲ သက်ဝေရာ"
"အေးကွာ သွားမယ် ဖိုးကျော် ငါနေရာချပြီးမှ မင်းဆီ ဆင်းလာခဲ့မယ် မလာရင်လဲ မလာဖြစ်တော့ဘူး"
"လာမနေတော့နဲ့ သက်ဝေ နားပဲ နားကြစို့လေ ခရီးပန်းလာပြီ မနက်မှတွေ့မယ်"
"အေး ဒါဖြင့်လဲ မလာတော့ဘူး" ဖိုးကျော်ကို နှုတ်ဆက်ပြီး အပေါ်ထပ် တတ်လာလိုက်သည်။ ဖိုးကျော်က အောက်ထပ် ကျွန်တော်က အပေါ်ထပ်က အခန်းမှာ ကျသည်။
"ဒေါက် ဒေါက်.." အခန်းရှေ့ရောက်တော့ အခန်းက တံခါးပိတ်ထားသည်။ထပ်ခေါက်တော့လဲ အသံမကြားရ။
ထို့ကြောင့် သက်ဝေ ဖွင့်ဝင်ရန်သာ ဆုံးဖြတ်လိုက်သည်။
"ဟို ငါဝင်လာပြီနော်" တံခါးက လော့ချမထားပေ။
"ဂျောက်.."အခန်းတံခါး ပွင့်သွားသည်။
အခန်းထဲရောက်တော့ သက်ဝေ ဟိုကြည့် ဒီကြည့်လုပ်လိုက်တော့ ဘယ်ဘက်ကုတင်ပေါ်မှာ ကောင်လေး၁ယောက် ကျောပေး အိပ်နေသည်။ သူ့အခန်းဖော်ထင်။ သူလဲ အိပ်ယာလိပ်လေးကုတင်ပေါ်တင် သေတ္တာလေးချကာ ကုတင်ပေါ်ထိုင်လိုက်သည်။ ဘာလုပ်ရမည်မသိ။ ဒီတိုင်းပဲ ထိုင်နေလိုက်ရသည်။ သူ့ကို နှိုးလိုက်ရမလား။ အမ် နှိုးပြီး ငါက ဘာလုပ်ရမှာ။
ထိုချိန် တဖက်ကုတင်မှ ကောင်လေး လှုပ်လာသည်။ ပြီးတော့ သူရှိရာဘက် လှည့်လာသည်။ နိုးလာပြီထင်။
ရတု ညနေ ထမင်းစားပြီးနောက် ခနနားလိုက်သည်။ ခုမှ ပြန်နိုးခြင်းဖြစ်သည်။
ရတု နိုးလို့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူနဲ့ မျက်နှာချင်းဆိုင်က တဖက်ကုတင်ပေါ်မှသူက သူ့ကို အံ့သြပြီး ကြောင်ကြည့်နေသည်။ မြင်ဖူးသလိုလို...
"ဟင် မင်း..."
"မင်း...ဟို၁ယောက်" အသားဖြူ ဖြူ . အရပ်သွယ်သွယ်နှင့် ကိုယ်တော်ချောက အပြုံးနှင့် ဆီးကြို နှုတ်ဆက်နေသည်။
..................................
အပိုင်း ၄ Coming soon...
ဇာတ်လမ်းပါ အကြောင်းအရာတွေက Raraရဲ့ ဖန်တီးမှု
သက်သက်သာ ဖြစ်ပါသည်။
ပထမဆုံးရေးတဲ့ BL Ficမလို့ အမှားတွေများသွားရင်
Raraရဲ့ လိုအပ်ချက်တွေပါ။ Readers လေးတွေက နားလည်ပေးကြပါနော်။🙆 လိုအပ်ချက်တွေ အမှားတွေကို ဝေဖန်ထောက်ပြပေးကြပါလို့ တောင်းဆိုပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၂ပိုင်းတင်ပေးပါမယ်နော်။
24.4.20 Fri
樱花rara🌸
(4431 words)
Pokračovať v čítaní
You'll Also Like
83K 10.7K 71
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
844K 9K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
360K 36.1K 112
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.3M 55.4K 66
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...