Part 3(Zawgyi & Unicode)

562 18 0
                                    

<Zawgyi/>
"သက်​​ဝေ သက်​​ဝေ" အိမ်​​ရှေ့မှ ဖိုး​ကျော်​အသံ​ကြောင့်​ သက်​​ဝေ အခန်းထဲမှ ထွက်​လာသည်​။

"​ဖိုး​ကျော်​ ငါအိမ်​ထဲမှာရှိတယ်​ မင်းမလဲ မလာဖူးတဲ့အိမ်
မ​ရောက်​ဖူးတဲ့အိမ်​ကျလို့ အိမ်​​ပေါ်တန်း​တက်​လာပါ​ရော့လား တကယ်​ပဲ"

"အဟီး မင်းပြန်​​ရောက်​​နေပြီကြားလို့ ငါတို့ တက္ကသိုလ်​​လျှောက်​လွှာ တင်​ကြရ​အောင်​လို့​လေ အဲ့ဒါ လာတိုင်​ပင်​တာ "သက်​​ဝေ​ရော ဖိုး​ကျော်​​ရော ​၁၀​တန်း​အောင်​သွားကြပြီ။ ခုဆို သူတို့ဝါသနာပါရာ တက္ကသိုလ်​​နေ​မြေကို ခိုဝင်​ကြ​တော့မည်​။

"​အေး ငါက​တော့ စီးပွား​ရေးတက္ကသိုလ်​ကို ဦးစား​ပေးပဲ
မ​ပြောင်းဘူး မင်း​ရော"

"ငါလဲ မ​ပြောင်းဘူး မင်းနဲ့တူတူပဲ အမှတ်​လဲ မှီတယ်​ဆို​တော့ ​သေချာသ​လောက်​နီးနီးပဲ​ပေါ့ ရားး ​ပျော်​လိုက်​တာကွာ တက္ကသိုလ်​​ကျောင်းသားကြီးလုပ်​ရ​တော့မယ်​ ပြီးရင်​ အ​မေ့ကို ငါပြန်​အလုပ်​​ကျွေးပြုနိုင်​​တော့မယ်​"

သက်​​ဝေနဲ့ ဖိုး​ကျော်​က ၉တန်းတည်းက စီးပွား​ရေးတက္ကသိုလ်​တက်​နိုင်​ဖို့ အားခဲကြိုးစားခဲ့ကြတာ။ထိုရည်ရွယ်ချက်နဲ့ ​​​ဘာဂတွဲကိုပဲ ယူခဲ့ကြတာ။ခု​တော့ သူတို့​မျှော်​လင့်​ထားသလို ဖြစ်​ခဲ့ပြီ။
"Dayပဲ တက်​မှာမလား ဖိုး​ကျော်​"

"ဒါ​ပေါ့ကွ ငါနဲ့အ​မေ စု​ဆောင်းထားတာ​တွေ ရှိပါတယ်​ သက်​​ဝေရဲ့ ၁၀တန်း​ဖြေပြီးကတည်းက ငါ​နေ့တိုင်း အလုပ်​​တွေလုပ်​​နေတာ မင်းနဲ့ မ​တွေ့ဖြစ်​တာပဲကြည့်​ Dayပဲတက်​မယ်​ ​ကျောင်းပိတ်​ရင်​လဲ ငါအလုပ်​လုပ်​မယ်​ အဆင်​​ပြေမှာပါ"

"တို့​တွေ တူတူ ​ရှေ့ဆက်​ကြတာ​ပေါ့" နှစ်​​ယောက်​လုံး
ရှေ့ဆက်​ရမယ့်​​တက္ကသိုလ်ေ​န့ရက်​​တွေတွက်​ ရင်​ခုန်​​ပျော်​ရွှင်​​နေကြသည်​။
...........................
"ယမင်း သားကြီးရတု​ရော"

"ခုနက​တော့ ခြံထဲမှာ သူ့ညီ​တွေနဲ့ ကြက်​​တောင်​ရိုက်​​နေတယ်​ထင်​ ယမင်းသွား​ခေါ်​ပေးမယ်​​လေ ကို ခန​နော်​"

Love is loveWhere stories live. Discover now