ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်...

By ThetTantYoung

151K 13.4K 945

UNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြ... More

Part-1
💌
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-7
Part-8
Part-9
Part-10
Part-11
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-5 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-12 (Zaw Gyi)
Part-13 (Zaw Gyi)
Part-14 (Unicode)
Part-14 (Zaw Gyi)
Part-15 (Unicode)
Part-15 (Zaw Gyi)
Part-16 (Unicode)
Part-16 (Zaw Gyi)
Part-17 (Unicode)
Part-17 (Zaw Gyi)
Part-18 the ending (Zaw Gyi)
Part-18 the ending (Unicode)
ေက်းဇူးတင္လႊာ (Zaw Gyi)
ကျေးဇူးတင်လွှာ (Unicode)

Part-13 (Unicode)

2.3K 243 11
By ThetTantYoung

"ဒီအရောင်လေးက မကောင်းဘူးလား။မိုးပြာရောင်လေး။ချစ်စရာလေး။"


နန်းနှင့် ကျွန်တော် ပရိဘောဂတန်းမှာ လှည့်ပတ်နေတာ တော်တော်ကြာလှပြီ။ နန်းက ဟိုဟာကိုင်ကြည့်လိုက်၊ ဒီဟာ ကိုင်ကြည့်လိုက်နှင့်မပြီးနိုင်တော့။ အခုလည်း ဆိုဖာတို့ ကုတင်တို့လို တခြားအရေးကြီး ပရိဘောဂတွေအစား အိ်ပ်ရာခင်းတွေကို ကြည့်နေသည်။


"အပြာရင့်ရောင်ရွေး။ နန်းရဲ့။ အပေခံတယ်။"


"ပြန်လျှော်လို့ရတာဘဲကို။"


"ဒါဖြင့်လည်း နန်းသဘော။"


နန်းက ကျွန်တော့်ကို မျက်စောင်းလှည့်ထိုးလေကာမှ ကျွန်တော် အနည်းငယ် ကြောင်သွားလေမိသည်။ ကျွန်တော့်လေသံက အရမ်းကို စိတ်မရှည်တဲ့လေသံများပေါက်သွားလို့လား။ ကျွန်တော် နန်းကို စိတ်မရှည်တာ မဟုတ်တာတော့ သေချာပါတယ်။ နန်းပုခုံးကို ဖွဖွလေး ကိုင်ပြီးမှ နန်းအနားကို တိုးကပ်သွားလိုက်ပြီး


"နန်းက အိမ်ထောင်ကိုထိန်းသိမ်းရမယ့် အိမ်ရှင်မဘဲ။ နန်းစိတ်ကြိုက်လုပ်။"


နန်းမျက်နှာမှာ ရှက်သွေးက ဖြာထွက်သွားသည်။ ကျေနပ်နေသည့် အပြုံးတစ်ခုကလည်း ထွက်ပေါ်လာသည်။ တတ်နိုင်ရင် တတ်နိုင်သလောက် နန်းကို အလျှော့ပေးသည်။ အိပ်ရာခင်းကိစ္စလောက်က ကျွန်တော်တို့ အငြင်းပွားရမယ့် ကိစ္စမျိုးမဟုတ်ဘူးလေ။ နန်းစိတ်ကြိုက် အိပ်ရာခင်းတွေ ဝယ်ပြီးတော့ နန်းက တခြားအိပ်ရာ ပရိဘောဂတွေဘက်ကို ထပ်ကြည့်ဖို့ ပြင်နေလေသည်။ ကျွန်တော်ကတော့ ဖုန်းဝင်လာလို့ စကားပြောနေရသည်။ ကျွန်တော်ထိုင်တဲ့ဆေးခန်းတစ်ခုက Receptionist။


"ကိုဘုန်း။"


ဆေးခန်းထိုင်မယ့် Schedule ကိစ္စပြောနေရင်း အတန်ငယ်ကြာသွားတော့ နန်းကလှမ်းအော်ခေါ်သည်မို့ ကျွန်တော့်မှာ ကမန်းကတန်း ပြန်ဖြေရသည်။ ကံကောင်းချင်တော့ ဆွေးနွေးလက်စ အကြောင်းအရာက ပြီးဆုံးသွားလေပြီမို့ တဖက်ကလည်း ဖုန်းချသွားပြီ ဖြစ်သည်။


"ဟမ်။ နန်း။"


"ဘယ်သူ့့ဆီက ဖုန်းလာတာလဲ။ ဆရာ့ဆီကလား။"


"အမ်။ မဟုတ်ပါဘူး။"


"မဟုတ်ဘူးဆို ဒီမှာ လာကြည့်ပေးပါဆို။ ဒီနှစ်ခုထဲကဘယ်ဟာပိုကောင်းလဲ မသိဘူး။"


နန်းကတော့ ကျွန်တော့်ကို လှမ်းပြောပြီး အရောင်မတူအသွင်ကွဲတဲ့ဆိုဖာနှစ်လုံးဆီကို အာရုံပြန်ရောက်သွားလေသည်။


"အင်း။နန်း။ကိုယ်လာပြီ။"


တနေကုန် ပတ်ပြီး ဝယ်ပြီးနောက် နန်းစိတ်တိုင်းကျ ပစ္စည်းတွေ ရလာလေပြီ။ စိတ်မြန်သူပီပီ ခန်းဝင်ပစ္စည်းတွေကို ကျွန်တော့် အိမ်မှာ တခါတည်း နေရာချလိုက်လေသည်။ အမှတ်တမဲ့နဲ့ နာရီကို ကြည့်လိုက်မိတော့ ညခုနှစ်နာရီထိုးတော့မည် ဖြစ်သည်။ အဲ့တော့မှ ပြီးခဲ့တဲ့ အပတ်က ရှင်းကို ချိန်းထားတာ သတိရတော့သည်။ ဒီနေ့ ညရှစ်နာရီ တွေ့မယ်လို့ ပြောထားတာဘဲ။ မဖြစ်ဘူး။ မြန်မြန်ပြီးမှ ဖြစ်တော့မယ်။ နန်းကတော့ ပရိဘောဂတွေ မကျိုးမပဲ့အောင် ပစ္စည်းသယ်လာတဲ့သူတွေကို သေချာကြပ်ကြပ်မတ်မတ်ညွှန်ကြားနေလေသည်။ ကျွန်တော်ကတော့ စိတ်မရှည်နိုင်တော့ဘဲ အလုပ်သမားတွေနှင့်အတူ လိုက်ပြီး သယ်ပေးနေမိသည်။ ပစ္စည်းတွေ ခပ်မြန်မြန်နေရာချထားဖို့သာ စိတ်ထဲလော်ဆော်နေမိသည်။ အိမ်ကနဂိုကတည်းက ပစ္စည်းများများစားစား မရှိလို့သာ တော်သေးသည်။ ညခုနှစ်နာရီခွဲလောက်ရောက်တော့ ပရိဘောဂတွေကိုနေရာချထားပြီး ဖြစ်သည်။ နန်းက အလုပ်သမားတွေကို ပိုက်ဆံရှင်းနေလေသည်။ မီးဖိုချောင်ထဲကိုဝင်သွားပြီး ရေခဲသေတ္တာထဲမှာ ရေတစ်ဘူးကိုထုတ်လိုက်သည်။ ထို့နောက်စားပွဲပေါ်တွင် အသင့်ရှိနှင့်သောဖန်ခွက်ထဲသို့ လက်တစ်ဖက် ကရေလောင်းချလိုက်ရင်း ရေသောက်ဖို့ အပြင်


"ကိုဘုန်း။"


ခါးတဝိုက်ကို ရစ်ပတ်လာတဲ့ နူးညံတဲ့ အထိအတွေ့အောက်မှာ လက်ထဲက ရေခွက်လွတ်ကျမတတ် ဖြစ်သွားသည်


"နန်း..။"


အနောက်ကိုလှည့်ကြည့်လိုက်တော့ နန်းက ပုခုံးပေါ်မှာမေးတင်လျက်။


"ပင်ပန်းနေပြီလား။နန်း။"


ခါးကိုဖက်ထားတဲ့ နန်းရဲ့လက်ကိုအုပ်ကိုင်လိုက်ပြီး မေးလိုက်မိသည်။ နန်းက ခပ်လေးလေး ခေါင်းညိမ့်ပြလေပြီး ကျွန်တော့်ကိုငေးကြည့်လာလေသည်။ နန်းရဲ့ အကြည့်တွေထဲမှာ တစ်စုံတရာသော လိုလားတောင့်တမူတွေကို အလိုအလျောက် ခံစားနေမိသည်။ခါးကို သိုင်းဖက်ထားတဲ့ နန်းရဲ့လက်အစုံကလည်း ပိုလို့တင်းကျပ်လာခဲ့သည်။ အိပ်မွေ့ချခံနေရသလိုဘဲ ။ ဒီအခိုက်အတန့်လေးက။ ထိန်းချုပ်ထားတဲ့ ကြားထဲမှ လွတ်ထွက်ချင်နေသလိုမျိုး။ နန်းရဲ့လက်တွေကို ပိုပြီး တင်းကျပ်စွာဆုပ်လိုက်မိသည့် ခဏ အသိအာရုံထဲမှာ ဖျတ်ခနဲ ပေါ်လာတာက ကွန်ပျူတာ မျက်နှာပြင်ပေါ်က စကားလုံးတွေ..။


See you at 8pm on....


နန်းရဲ့လက်တွေကို အသာဖယ်ချပစ်လိုက်တော့ နန်းက တအံ့တသြနှင့် မော့ကြည့်လာသည်။ နန်းကို အသာအယာပြုံးပြလိုက်မိရင်း


"ပင်ပန်းနေရင် ကိုယ်အိမ်ပြန်ပို့ပေးမယ်လေ။"


နန်းသည် ၀ိုင်းစက်နေတဲ့ မျက်လုံးအစုံနှင့် ငေးကြည့်နေဆဲ။ နန်းရဲ့မျက်လုံးတွေဆီမှ အကြည့်လွှဲလိုက်ပြီး ထည့်ထားတဲ့ ရေကိုမော့သောက်လိုက်မိသည်။ အတန်ငယ်တည်ငြိမ်သွားပြီ ထင်ရာမှ နန်းဘက်ကို လှည့်ကြည့်လိုက်ပြီး


"ပြန်ရအောင်..။"


ကားမောင်းနေစဉ်တလျှောက်လုံး နန်းသည် ပုံမှန်ထက်ပိုပြီး ငြိမ်သက်လွန်းနေသည်။ နေ့လည်ကမှ ကျွန်တော့်ဘေးမှာ ရေပက်မဝင်အောင် စကားပြောနေခဲ့တဲ့ နန်းမဟုတ်တော့သလိုပင်။ ကျွန်တော် ကားမောင်းနေရင်းမှ တစ်ချက်တစ်ချက်လှမ်းအကဲခတ်နေမိသည်။


"နန်း။ နန်းမိဘတွေအတွက်တစ်ခုခု ဝယ်ပေးသွားချင်လား။ မြို့ထဲဘက်မှာ ပျာရည်ထုတ်ကောင်းတယ်။လမ်းလည်း ကြုံတယ်လေ။"


နန်းက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေလေပြီး ချက်ချင်းပြန်မဖြေ။ သက်ပြင်းတစ်ခုသာ ရှိုက်ချလိုက်မိတော့သည်။ ခဏကြာလောက်မှ နန်းကပြန်ပြောလာသည်။


"ကိုဘုန်းအချိန်ရလို့လား။ ကိုဘုန်းကြည့်ရတာ ညဘက်အလုပ်ရှိနေသေးပုံရတယ်။ လောနေတဲ့ပုံဘဲ။"


နန်းဘယ်လိုလုပ်ပြီးတော့..။ ကျွန်တော့်ပုံစံ ကအဲ့လောက်တောင် သိသာနေတာလား။ ဖုန်းကိုများ ခဏခဏ ကြည့်နေမိလို့လား။


"ကားမောင်းတာအရင်ကထက် အရမ်းမြန်နေတယ်လေ။"


နန်းပြောမှ ကျွန်တော်သတိထားမိတော့သည်။ အရင်က နန်းနဲ့အတူရှိနေချိန် ကားကိုအဲ့လောက်ခပ်မြန်မြန်မမောင်းခဲ့ဖူးဘူးဘဲ။ နန်းဘက်ကို လှည့်ကြည့်လိုက်တော့ နန်းက နဂိုအတိုင်း ပြန်ငြိမ်သက်သွားလျက်။ ဒီအခြေအနေကို စိတ်ကုန်မိသည်။ နန်းစိတ်ဆိုးပြေမယ့် တစ်ခုခုလို့တွေးလိုက်ပေမယ့် ခေါင်းထဲက ဘာမျှထွက်မလာ။ နာရီကို ကြည့်လိုက်တော့ ညရှစ်နာရီထိုးနေပြီ။ အင်တာနက်ဆိုင်က ညကိုးနာရီဆို ပိတ်ပြီ။


"နန်း။ကိုယ် နန်းမိဘတွေကို ဝင်မတွေ့တော့ဘူးနော်။"


နန်းကားပေါ်က ဆင်းတော့ လှမ်းပြောလိုက်မိသည်။ ပုံမှန်ဆို နန်းကို လိုက်ပို့ရင် နန်းမိဘတွေနဲ့ ဝင်တွေ့ပြီး နူတ်ဆက်နေကြပါ။ ပြီးတော့ ညစာစားပြီးပြန်နေကြ။ နန်းကလည်း အိမ်ရောက်ပြီးမှ ညစာဝင်မစားရင် စိတ်ကောက်လေ့ရှိသည်။ သို့သော် ဒီတစ်ခါတော့ နန်းသည်ဘာမှ ပြန်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ကားပေါ်ကဆင်းသွားလေသည်။


"နန်း။ဂရုစိုက်သွားနော်။"


နန်းကြားသွားလို့ထင်သည်။ နန်းကိုယ်လေး တုံ့ခနဲ ရပ်သွားလေသည်။ ကျွန်တော်လည်း ကားစက်ကို ပြန်နိူးလိုက်သည်။ ကားကလမ်းသွယ်လေးထဲကနေ ဝူးခနဲထွက်သွားသည်အထိ နန်းသည်ထိုနေရာတွင် ရပ်လျက်နေသည်ကို ကားမှန်ကနေ လှမ််းမြင်လိုက်ရသည်။ ကျွန်တော် သက်ပြင်းကို ခပ်လေးလေး ရှိုက်ချလိုက်မိသည်။ ခဏနေရင်တော့ နန်းအပေါ်တက်သွားမှာပါလေ။ အိမ်ပြန်ရောက်မှဘဲ ဖုန်းပြန်ဆက်လိုက်တော့မယ်။အနီးအနားက အင်တာနက်ဆိုင်တစ်ခုကိုရှာဖွေလိုက်ကြပီးတော့ ဆိုင်ထဲကိုဝင်ကာ ကွန်ပျူတာတစ်လုံးရှေ့မှုာ ဝင်ထိုင်လိုက်သည်။ အင်တာနက်ဆိုင်ရောက်တော့ ၈နာရီခွဲနေပြီဖြစ်သည်။ ကြည့်လိုက်တော့ Shin Accountက မီးစိမ်းလေးပြနေပြီဖြစ်သည်။ ရှင်းနဲ့ စကားပြောနေကျ အချိန်က 8pm ဖြစ်တာမို့ ဒီကလေးက ရှစ်နာရီလောက်ကတည်းက စောင့်နေတာ ဖြစ်ရမည်။ VZO ကိုဖွင့်လိုက်တော့ ရှင်းမျက်နှာက ကွန်ပျူတာမျက်နှာပြင်ပေါ်မှာပေါ်လာပြီဖြစ်သည်။ ကျွန်တော့်ကို မြင်လိုက်တော့ လှမ်းပြီး ပြုံးပြလေသည်။ ရှင်းရဲ့အပြုံးကိုမြင်လိုက်တော့မှ လူကစိတ်သက်သာရာရသွားတော့သည်။


"ပိန်သွားလိုက်တာ။"


ကျွန်တော်ပြောလိုက်တော့ ရှင်းကထပ်ရယ်ပြီး သူ့ကိုယ်သူ ပြန်ငုံ့ကြည့်သည်။ရှင်းစင်ကာပူရောက်တာ သုံးလလောက်ရှိပေမယ့် တပတ်တခါ ပုံမှန်ဆိုသလို အမြဲတမ်း Gtalk ကနေ စကားပြောဖြစ်သည်။ သုံးလအတွင်း တပတ်ထက်တပတ် ပိန်ပိန်လာတာ။ ရှင်းကဘယ်လောက်စားစား မဝတဲ့ ကလေးမျိုးဆိုပေမယ့် မျက်တွင်းတွေပါ ချောင်ကျနေတာတော့ ကြည့်ရဆိုးလှသည်။


"ပင်ပန်းလို့ဖြစ်မယ်။ အလုပ်ကလည်းလုပ်ရသေးတာကိုး။"


ရှင်းအသံက ပင်ပန်းနေတဲ့ ပုံပေါက်ပေမယ့် ညည်းညူနေတာမျိုးမဟုတ်လို့ တဝက်တော့ စိတ်ချရသည်။


"ဆေးရောသေချာသောက်ဖြစ်ရဲ့လား။"


"အား။ ဆရာပြောမှသတိရတယ်။ ကျွန်တော်ဆေးသောက်ဖို့မေ့နေတာ နှစ်ရက်တောင်ရှိပြီ။""ရှင်းကတော့..။"


ကျွန်တော်ဆူလိုက်တော့ ရှင်းခေါင်းလေးငုံ့ဝင်လို့သွားသည်။ နေ့လည်ကပို့တဲ့စာတွေအကြောင်းပြန်မေးမိတော့ ပျင်းလို့ဒီတိုင်းလျှောက်ပို့ထားတာဟူဖြေသည်။ ကြည့်ရတာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နှင့် စိတ်ဖိစီးနေပုံရသည်။ ပြီးတော့ ရှင်းက လူတွေနဲ့ သိပ်အကြောမတည့်လှတော့ သိပ်အဆင်ပြေပုံမရ။ဟိုမှာတစ်ယောက်တည်း ရုန်းကန်ရတာပင်ပန်းမှန်းသိပေမယ့် ရှင်းက ရင်ဆိုင်ရဲလောက်အောင် သန်မာနေပြီ မဟုတ်လား။ ကျွန်တော်လည်း စိတ်ဒုံးဒုံးချပြီး လွှတ်ပေးလိုက်သင့်ပြီ ထင်တယ်။


"ရှင်း။ဆရာ ပြောစရာရှ်ိလို့။"


"အင်း။ပြောလေ။"


ဘာလို့ဒါကိုပြောဖို့ ဒီလောက်ခက်ခဲအားယူနေရလဲ ကျွန်တော်မသိတော့။ ကွန်ပျူတာ မျက်နှာပြင်ပေါ်ကရှင်းကိုကြည့်ရင်း တွေဝေနေမိသည်။ရှင်းကတော့ ကျွန်တော့်ဆီက ပြောမယ့်စကားကိုစောင့်ဆိုင်းနေပုံရသည်။


"ဆရာ နောက်လထဲမှာလက်ထပ်တော့မယ်။"


ရှင်းမျက်နှာမှာ ခန့်မှန်းရခက်တဲ့ အရိပ်တစ်ခုဖြတ်ပြေးသွားသည်။ဒါပေမယ့် ဒါဟာအံ့သြတဲ့ခံစားချက်မဟုတ်ဘူးဆိုတာ ရှင်းမျက်နှာအမူအရာကိူ ကြည့်တာနဲ့ တန်းပြီးခန့်မှန်းမိသည်။


"အင်း..။"


"ရှင်းတက်ခဲ့ဖူးတဲ့ဆေးရုံကဘဲ။"


"အင်း။သိတယ်။"


ဒါဆိုရှင်းကသိပြီးသားပေါ့။ ကျွန်တော်ဘက်က ဖုံးကွယ်ထားခဲ့တာလည်း မဟုတ်သလို ပေါ်တင်ပြောထားရလောက်အောင်လည်း အကြောင်းရင်းကမတိုက်ဆိုင်ခဲ့။ဒါကိုတောင် ရှင်းနဲ့အတူရှိနေတဲ့ တလျှောက်လုံးဘာလို့မသိဖို့ မျှော်လင့်ခဲ့မိပါလိမ့်။ ဒါပေမယ့် ရှင်းသိနေတော့လည်း ကောင်းပါတယ်။ 


"ရှင်းကတော့ နေကောင်းအောင်နေရမယ်နော်။ ဆေးမှန်မှန်သောက်။ ဟိုမှာ ရှင်းဒီထက်ပိုပြီး ဂရုစိုက်ဖို့လိုတယ်နော်။ တစ်ခုခုဆို ဆရာပြေးလာလို့မရဘူး။သိ..။"


လည်ချောင်းထဲမှာ တစ်စုံတခုစို့နင့်သွားသလို ခံစားလိုက်ရသည်။ ရှင်းက ကွန်ပျူတာမျက်နှာပြင်တစ်ဖက်ခြမ်းကနေ ကျွန်တော့်ကို စူးစူးရဲရဲစိုက်ကြည့်နေလေသည်။ ကြည့်နေရင်းမှာပင်ရှင်းနူတ်ခမ်းတွေက ခပ်ဖွဖွရွရွလေးလူပ်ရှားလာပြီး


"ဆရာရော ကျွန်တော့်ကိုထားသွားမှာလား။"


"ဆရာပြောတာ အဲ့လိုမဟုတ်ပါဘူး။ရှင်းအကူအညီလိုရင် ဆရာ့ဆီကို အချိန်မရွေးလှမ်းဆက်သွယ်လို့ရတယ်။ ဆရာဒီကနေ တတ်နိုင်သလောက်လှမ်းကူညီပေးမယ်။"


"ဆရာ့ကိုဘဲလိုတာဆိုရင်ရော။"


နားကျပ်ကနေတဆင့် ဖြတ်ဝင်စီးဆင်းလာတဲ့ အသံဟာ တကိုယ်လုံးကသွေးလည်ပတ်မူနူန်းတွေကို ပိုပြီး အရှိန်တိုးမြှင့်ပေးလိုက်သလိုပင်။


"ရှင်းကရှင်းဘဝကို ကိုယ်တိုင်ရပ်တည်ရမယ့်သူလေ။ ကြိုးစားကြည့်စမ်းပါ။ ရှင်းလုပ်နိုင်ပါတယ်။ ဆရာ့ကိုမှမဟူတ်ပါဘူး။ရှင်းဘယ်သူ့ကိုမလိုဘူး။နားလည်လား။"


စိတ်ကိုခပ်မြန်မြန် ပြန်ချုပ်တည်းလိုက်ပြီး ရှင်းကိုနှစ်သိမ့်ဖို့ကြိုးစားနေမိသည်။ သို့သော် အချည်းနှီးသား။ရှင်းက မျက်နှာလွှဲထားလေသည်။ ခဏနေတော့ ရှင်းကတပ်ထားတဲ့ Head Phoneကို ချွတ်နေရင်းမှ


"ကျွန်တော့်ဦးလေးပြန်လာပြီ။ တံခါးသွားဖွင့်ပေးလိုက်ဦးမယ်။"


ကွန်ပျူတာရှေ့ကနေ လှစ်ခနဲထပြေးသွားတဲ့ ရှင်းကိုလှမ်းခေါ်ချိန်တောင်မရလိုက်။ ရှင်းက ကွန်ပျူတာကိုဖွင့်သွားသေးလို့တော်သေးသည်။ရှင်းပြန်လာမယ်ဆိုတဲ့ သဘောပင်။ ကျွန်တော် ကွန်ပျူတာဖန်သားပြင်မှတဆင့် လှမ်းကြည့်နေမိသည်။ရှင်းက ဧည့်ခန်းထဲမှာ စကားပြောနေခဲ့ပုံရသည်။ ကွန်ပျူတာကနေ အိမ်ရှေ့တံခါးမကြီးကို လှမ်းမြင်နေရသည်။ ရှင်းတံခါးထဖွင့်ပြီးနောက် လူတစ်ယောက် ဝင်လာလေသည်။ ရှင်းရဲ့ဦးလေးဆိုတာ ဖြစ်ရမည်။ ရှင်းပြောပြပုံအရဆို ရှင်းရဲ့ဦးလေးကို သိပ်သဘောမကျလှပါ။ ညဘက်တွေ အလုပ်ကပြန်လာရင် မူးပြီးပြန်လာတတ်သတဲ့။ အခုလည်း ကြည့်ရတာ မူးနေပုံရသည်။ လူကယိုင်ထိုးလို့နေသည်။ ကျွန်တော်ကြည့်နေတုန်းမှာပင် ဟမ်..။ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတာလား။ အသံတော့ မကြားရတာမို့ ဘာတွေပြောနေမှန်း သဲသဲကွဲကွဲမသိ။ ရှင်းကိုထိုလူက ဆောင့်တွန်းလိုက်တာတော့သိသည်။ ထိုဖန်သားပြင်ပေါ်မှ အကြည့်တို့ကို မလွဲနိိုင်တော့။ ရှင်းက လဲကျလို့သွားသည်။ ရင်ထဲမှာ ပူလောင်လို့လာလေသည်။ ထို့နောက် ကျွန်တော့်မျက်လုံးထဲဝင်လာတာက ရှင်းကောက်ကိုင်လိုက်တဲ့ တစ်စုံတခု...။


"ရှင်း....!!!!!!"


ခြောက်လမျှကြာမြင့်ပြီးနောက်..။


"ကျွီ..။"


ကျွန်တော်အခန်းထဲ ဝင်လာတော့ ဆရာဦးမြင့်မော်က ကျွန်တော့်ကိူမော့ကြည့်သည်။ ကျွန်တော့်မျက်နှာမကောင်းတာကို ဆရာသတိထားမိဟန်တူသည်။ ဆရာ့ဘေးက ခုံမှာ ဝင်ထိုင်တဲ့အထိကို ဆရာက ကျွန်တော့်ကိုတောက်လျှောက်ကြည့်နေလေသည်။


"ဆရာ။ကျွန်တော်မေးစရာရှိလို့။"


ဆရာကမေးဆိုတဲ့ သဘောနှင့် ကျွန်တော့်ကို ခေါင်းညိမ့်ပြသည်။


"လူနာတစ်ယောက်က အပြည့်အဝပြန်ကောင်းဖို့ အချိန်ဘယ်လောက်ယူရလဲ။"


ဆရာ့ ဇဝေဇဝါဖြစ်သွားသည်။ သို့သော် တခဏအတွင်းမှာပင် သူ့တပည့်ဘာကိုဆိုလိုချင်လဲဆိုတာကို သဘောပေါက်သွားဟန်ရှိသည်။ ကျွန်တော်သက်ပြင်းတစ်ခုကို ရှိုက်ချလိုက်သည်။


"ကျွန်တော်ရှင်းသန့်ပိုင်ကိုကုတဲ့နေရာမှာ လိုအပ်ချက်တွေရှိနေခဲ့တယ်ထင်တယ်။"


"သား..။ဘုန်းရှိန်ဟန်..။"


ဆရာ့ခေါ်လိုက်တဲ့ နာမ်စားတစ်ခုမှာ ကရုဏာသံတွေ လွှမ်းခြုံနေသည်။


"ကျွန်တော် မပြီးသေးတဲ့ ကိစ္စတစ်ခုကို လတ်စသတ်ချင်တယ်။"


"သားဘာကိုဆိုလိုချင်တာလဲ...။"


"ဆရာပြောခဲ့ဖူးတယ်လေ။ သမားတော်တွေဟာ လူနာကို နောက်ဆုံးမျှော်လင့်ချက်အထိ ဆက်ပြီး ကုသပေးနေရမယ်လို့။"


"သား..မင်းလုပ်ပေးနိုင်သလောက် အကုန်လုပ်ပေးပြီးပြီ။ သူလိုအပ်နေသေးတယ်ဆို စင်ကာပူက ဆရာ့အသိဆရာဝန်တွေနဲ့ ဆရာချိတ်ပေးမယ်။ ဆရာ မင်းကိုပြောပြီးပြီ။ မင်းပင်ပန်းနေပြီ။ရပ်လိုက်ပါတော့။"


"တချိန်ချိန်မှာ ကျွန်တော် ရပ်လိုက်မှာပါ။ ဒါပေမယ့်.."


"အခုတော့မဟုတ်သေးဘူး။"


"သား..။"


"ဒီအတောအတွင်း ကျွန်တော့်ကိုစောင့်ရှောက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာ့ဆီကလည်း အများကြီးသင်ယူခဲ့ရပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး။"


ထိုကောင်လေးသည် ဝင်လာရာအတိုင်း ပြန်ထွက်သွားလေပြီ။စားပွဲပေါ်မှာသူထားရစ်ခဲ့တဲ့ စာတစ်စောင်။ မျက်မှန်ကို ပင့်တင်လျက် ထိုစာကိုကောက်ယူကာ ဖွင့်ဖောက်လိုက်မိသည်။ ထိပ်ဆုံးမှာရေးထားသည် တာဝန်မှနူတ်ထွက်စာတင်ခြင်း..။ သက်ပြင်းချသံခပ်တိုးတိုးထွက်ပေါ်လာပြီးနောက် အခန်းသည် မျက်နှာကြတ်မှ ပန်ကာသံ တဝီဝီနှင့်သာ လွှမ်းခြုံနေလေသည်။


"ကိုဘုန်း!!"


နန်းက စားလက်စဇွန်းကို ပစ်ချလိုက်ရင်းမှ ကျွန်တော့်နာမည်ကို ခပ်ဆတ်ဆတ်ထအော်သည်။ နန်းရဲ့ကျယ်လောင်တဲ့အသံကြောင့် စားလက်စ ထမင်းကနင်မလို ဖြစ်သွားသည်။ တကယ်တော့ အစကတည်းက စားချင်စိတ်မရှိတာလည်းပါသည်။


"အဲ့တာက ဘယ်လိုဖြစ်ရတာလဲ။ အခုမှ ရုတ်တရက်ကြီး..။"


နန်းပုံစံက ပူလောင်မူတွေနှင့် လောင်မြိုက်နေသည်။ နန်းခုချိန်မှာ အရမ်းစိတ်လူပ်ရှားနေမယ်ဆိုတာ သိသည်။ ဒါကိုအကောင်းဆုံးကိုင်တွယ်နိုင်ဖို့ လိုသည်။ စင်ကာပူဆေးရုံတစ်ခုက အလုပ်ခန့်တဲ့စာလွှာက ရောက်လာပြီးဖြစ်သည်။ ဗီဇာကလည်း ကျလာပြီ ဖြစ်သည်။ ဒါကို နန်းလက်ခံမှ ဖြစ်မည်။


"လက်ထပ်ပွဲကိုလည်း ကို့သဘောနဲ့ အကြိမ်ကြိမ်ရွှေ့ပြီးပြီ။ အခုလည်း ဘယ်ကနေ ဒီကနေ ကိစ္စက ပေါ်လာရတာလဲ။ နန်းကိုလည်း ဘာမှ မပြောဘူး။ ဒီအတောအတွင်း ကိုဘုန်း ဘာတွေ ဖြစ်နေတာလဲနန်းဘာမှနားမလည်တော့ဘူး။"


"ကိုယ်ပြောတာဟိုကို မသွားခင် နန်းနဲ့ကိုယ်လက်ထပ်သွားမယ်။ ပြီးရင် ကိုယ်ဟိုကို အရင်သွားမယ်။ တတ်နိုင်သလောက်အမြန်ဆုံးသွားမှရမယ်။ နန်းဗီဇာလျှောက်ပြီး အားလုံးစီစဉ်ပြီးရင်ကိုယ့်နောက်ကိုလိုက်ခဲ့။"


ကျွန်တော့်နူတ်ကစကားလုံးများသည် ခုအချိန်တွင် အာဏာရှင်ဆန်နေမည်ဆိုတာ နားလည်သည်။ ဒါပေမယ့် ကျွန်တော့်မှာ ဒီတလမ်းသာရှိတော့သည်။ဒီတော့ နန်း ကျွန်တော့်ကို လက်ခံမှရမည်။နန်း ရုတ်တရက်ကြီးငြိမ်ကျသွားသည်။ နန်း၏ မျက်ဝန်းအစုံသည် ပြူးကျယ်ဝိုင်းစက်နေလျက်။ နန်းမျက်ဝန်းတွေကို ကြည့်လိုက်မိတော့ ကျွန်တော်စုတ်သပ်မိသွားသည်။


"နန်းကိုဘာမှ မပြောဘဲ ကိုဘုန်းသဘောနဲ့ ကိုဘုန်း လုပ်ချင်ရာလုပ်ထားတဲ့ ကိစ္စကို နန်းကလက်ခံမယ်ထင်လို့လား။"


"ပြီးတော့ ဘာလို့စင်ကာပူလဲ။ ဘာလို့လဲ။"


နန်းဆီက မေးခွန်းတွေက တရစပ်ထွက်ပေါ်လာသည်။ ကျွန်တော်ထိုမေးခွန်းတိုင်းကို ချက်ချင်းပြန်မဖြေနိုင်။ ဖြေဖို့ အားယူနေတုန်းမှာပင် နန်း၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။


"ဟိုကောင်လေး ရှင်းသန့်ပိုင် ကိစ္စလား။"


"ဘာလို့ သူကပါလာပြန်ရတာလဲ။ သူ့ကိစ္စက တကန့်။ကိုဘုန်းတို့ ကိစ္စက တကန့်လေ။"


"ဒါပေမယ့် ဘယ်လိူနေနေ သူကအဓိက မဟုတ်လား။"


"နန်းရာ။ ကိုယ်ပြောတာလည်း သေချာနားထောင်ပါဦး။"


ကျွန်တော် နန်းကို နှစ်သိမ့်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေမိသည်။


"ဘာကိုနားထောင်ရမှာလဲ။သူ့ကြောင့် မဟုတ်လား။"


ပြောရင်းဆိုရင်း နန်းမျက်လုံးတွေက နီရဲတက်လာသည်။ နန်းငိုဖို့ကြိုးစားနေတဲ့ပုံက ကျွန်တော့်ကို ထိတ်လန့်စေသည်။နန်းမငိုရဘူး!! ကျွန်တော်အလန့်တကြားနဲ့ နန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ဖို့ကြိုးစားလည်း အချည်းနှီးပင်။ ကျွန်တော့်ရဲ့လက်ဖဝ့ါးလည်း တွန်းဖယ်ခံလိုက်ရလေသည်။ကိုယ့်ချစ်သူ မိန်းကလေး ကိုယ့်မျက်စိရှေ့မှာ နာကျင်ခံစားနေရတာတောင် တစ်စုံတရာ လုပ်ပေးနိုင်ခြင်း မရှိသည့်အပေါ် အံကိုသာခပ်တင်းတင်းသာ ကြိတ်ထားလိုက်မိသည်။


"ကိုဘုန်းနဲ့ သူနဲ့ကရိုးရောရိုးရဲ့လား။"


ထိုစကားသည် ကျွန်တော့်နှလုံးသားကို တံစို့နှင့်တည့်တည့်ထိုးစိုက်လိုက်သလိုပင်။


"မင်းဘာစကားပြောလိုက်တာလဲ။နန်း။"


နန်းအပေါ်သုံးနူန်းလိုက်တဲ့ နာမ်စားအပေါ် နန်းသည် ထိတ်လန့်အံ့သြသွားဟန်ရှိသည်။ သို့သော် နီရဲစ ပြုနေပြီ ဖြစ်နေသော နန်းရဲ့မျက်လုံးတို့သည် ပြန်လည် စူးရဲလာလေသည်။ သွေးကြောတလျှောက်စီးဆင်းလာတဲ့ ဒေါသကို မနည်းထိန်းချုပ်နေရသည်။ ထင်ရက်လေခြင်း..။ ရှင်းသန့်ပိုင် အကြောင်းတွေ ပြောပြဖြစ်ခဲ့တုန်းက မတုန်မလူပ်နဲ့ ဘာမှထွေထွေထူးထူး ပြန်မပြောခဲ့တဲ့ နန်းရဲ့ သဘောထားကို အစကတည်းက သတိထားခဲ့သင့်သည်။


"မင်းပြောလိုက်တာ ဘယ်အတိုင်းအတာထိရောက်သွားလဲ မင်းသိလား။"


"ဘာတွေအဲ့လောက်စိတ်တွေကြီးသွားတာလဲ။အနာပေါ်တုတ်တည့်တည့်ကျသွားလို့လား။"


ကျွန်တော် အံကိုကြိတ်ထားလိုက်မိသည်။ ရင်ထဲက နာလိုက်သည့်ဖြစ်ခြင်း။


"အံ့သြဖို့ကောင်းလိုက်တာ။ တခြားသူရဲ့စိတ်ကိုကုသပေးတဲ့ဆရာဝန်က ကိုယ့်စိတ်ကိုတောင် နားမလည်ဘူးတဲ့လား။"


"မင်း...။"


"ကဲပါ။ထားပါတော့.။အဲ့တော့ နန်းက လက်မခံဘူးဆိုရင်ရော...။"


နန်းက မျက်နှာကို လက်ဖမိုးနဲ့သုတ်လိုက်ရင်း ကျွန်တော့်ကို လှမ်းမေးသည်။ ထိုမေးခွန်းအတွက် အဖြေသည် ကျွန်တော် ပြင်ဆင်ထားခဲ့ခြင်းမရှိ။ နန်းလက်ခံမှာဘဲလို့ တထစ်ချတွေးထားခဲ့မိတာ။ မတူပ်မလူပ်တဲ့ ငြိမ်သက်နေတဲ့ ကျွန်တော့်ကို နန်းက တစ်ချက်ကြည့်သည်။ အမြဲတမ်း နန်းသဘော လို့ နန်းစိတ်တိုင်းကျဖြစ်စေခဲ့တဲ့ ကျွန်တော်ဟာ ဒီတစ်ခါမှာလည်း နန်းဆုံးဖြတ်ရာအတိုင်းဘဲလား။


"ဒါဆိုလည်း ဒီနေ့ထိ နေ့ရွေ့ညရွေ့လုပ်နေတဲ့ လက်ထပ်ပွဲကြီးကို ဖျတ်သိမ်းလိုက်ကြတာပေါ့။"


နန်းက ပြောပြီး လက်ကိုင်အိတ်ကို ကောက်ကိုင်ကာထထွက်ဖို့ ပြင်သည်။


"မင်းဆုံးဖြတ်တာနော်။ နန်း။"


နန်းခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်။ ကျွန်တော်ထိုင်ရာကနေ ထလိုက်သည်။ နန်းသည် စက္ကန့်အတန်ကြာအထိ နေရာတင် ငြိမ်သက်နေခဲ့သည်။ နန်းသည် တခါမှ မတွေဝေစဖူး တွေဝေနေခဲ့သည်။ အတန်ကြာမှ နန်းဆီမှ အသံက ထွက်ပေါ်လာသည်။


"အင်း..။နန်းဆုံးဖြတ်တာ။ နာကျင်ရပေမယ့်ကျေနပ်တယ်..။နန်းဘာကြောင့် ဒီလိုဆုံးဖြတ်ရတယ်ဆိုတာ ကိုဘုန်းလည်းနားလည်လာလိမ့်မယ်..။"


နန်းရဲ့အသံဟာ တိုးတိတ်ပြီးစူးရှနေသည်။ တစ်စုံတရာကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားတဲ့ အသံမျိုး။


"ကိုယ့်ချစ်တဲ့သူကို တခြားတစ်ယောက်ဆီ ကိုယ်တိုင်တွန်းပို့ပေးလိုက်တဲ့တနေ့ကျရင်..။"ထိုနေ့က ကျွန်တော့်ကို လှည့်ကြည့်လာသော နန်းမျက်ဝန်းတို့တွင် မျက်ရည်တွေဝေ့သီနေခဲ့လေသည်။

Continue Reading

You'll Also Like

344K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
7.1K 499 25
အတိတ်က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးဟာ အခုဘဝအထိ သစ္စာကတိတွေ ခိုင်မြဲနေကြသတဲ့လား ... # ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည် သမိုင်းနောက်ခံများနှင့်...
202K 4K 28
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
92.1K 7.4K 53
၂၁ရာစုမှ​နန်းသွဲ့​နှောင်းဆို​သော​ကောင်​မ​လေးတစ်​​ယောက်​အမွန်​မြို့​ဟောင်းကြီးကိုသွား​လေ့လာရာမှ အမှန်​တကယ်​ကိုပင်​ အမွန်​မြို့ကြီးသို့​ရောက်​ရှိသွာ...