Douleurs Rouges [ Completed ]
By Relia6104
268K 24.5K 689
Red is the ultimate cure for sadness ❤ More
Chapter 01 ( Zawgyi )
Chapter 01 ( Unicode )
Chapter 02 ( Zawgyi )
Chapter 02 ( Unicode )
Chapter 03 ( Zawgyi)
Chapter 04 ( Zawgyi )
Chapter 04 ( Unicode )
Chapter 05 ( Zawgyi )
Chapter 05 ( Unicode )
Chapter 06 ( Zawgyi )
Chapter 06 ( Unicode )
Chapter 07 ( Zawgyi )
Chapter 07 ( Unicode )
Chapter 08 ( Zawgyi )
Chapter 08 ( Unicode)
Chapter 09 (Zawgyi)
Chapter 09 ( Unicode )
Chapter 10 ( Zawgyi)
Chapter 10 ( Unicode )
Chapter 11 (Zawgyi)
Chapter 11 ( Unicode )
Chapter 12 ( Zawgyi)
Chapter 12 ( Unicode )
Chapter 13 ( Zawgyi )
Chapter 13 ( Unicode )
Chapter 14 ( Zawgyi)
Chapter 14 ( Unicode )
Chapter 15 ( Zawgyi )
Chapter 15 ( Unicode )
Chapter 16 ( Zawgyi )
Chapter 16 ( Unicode )
Chapter 17 ( Zawgyi )
Chapter 17 ( Unicode )
Chapter 18 ( Zawgyi )
Chapter 18 ( Unicode )
Chapter 19 ( Zawgyi )
Chapter 19 ( Unicode )
Chapter 20 ( Zawgyi )
Chapter 20 ( Unicode )
Chapter 21 ( Zawgyi )
Chapter 21 ( Unicode )
Chapter 22 ( Zawgyi )
Chapter 22 ( Unicode )
Chapter 23 ( Zawgyi )
Chapter 23 ( Unicode )
Chapter 24 ( Zawgyi )
Chapter 24 ( Unicode )
Chapter 25 ( Zawgyi )
Chapter 25 ( Unicode )
Chapter 26 ( Zawgyi )
Chapter 26 ( Unicode )
Final Chapter 27 (Zawgyi)
Final Chapter 27 (Unicode)
Book
Hello Again
Chapter 03 ( Unicode )
7.2K 810 3
By Relia6104
ဂျီသြမေတြီပုစ္ဆာတစ်ပုဒ်ကို အစိမ်းရောင် ကျောက်သင်ပုန်း
ပေါ်မှာ မြေဖြူနဲ့ တထောက်ထောက်မြည်အောင်
ချထွက်ပြနေတဲ့ ဆရာတစ်ယောက်က အဲ့လောက်ကြည့်
ကောင်းဖို့လိုလား.....။
ရိပေါ်က ဗလာဖြစ်နေတဲ့ စာမျက်နှာနဲ့အတူ ဆရာ့ကို
ငေးတယ်။
ရိပေါ်ဘဝမှာ ဘယ်သူကိုမှ ငေးကြည့်မနေခဲ့ဖူးဘူးလို့
ပြောရမယ်.....။
ငေးကြည့်နေရတာက သိပ်တော့မကောင်းဘူး။
ငေးနေရရုံနဲ့ ကျေနပ်ပါတယ်ဆိုတဲ့ ခပ်ကြောင်ကြောင်လူတွေထဲမှါ ရိပေါ် မပါဘူး။
စူးစူးရှရှထွက်သွားတဲ့ အတန်းပြီးဘဲလ်သံနဲ့အတူ ဆရာ့ကို
မတ်တပ်ထရပ်ရင်း နှုတ်ဆက်ကြတယ်။ ရိပေါ်အကြည့်တွေကတော့ အတန်းထဲက ထွက်သွားတဲ့ ဆရာ့ကို မြင်ကွင်း
ထဲက ပျောက်သွားတဲ့ အထိ ကြည့်တယ်။
" ဆရာ ရှောင်ကျန့်က ချောလိုက်တာ..."
" အင်းလေ....အရပ်အရှည်ကြီး "
" ငါစာတောင် လိုက်မကြည့်နိုင်ဘဲ ဆရာ့ပဲကြည့်နေမိတယ်...."
စားပွဲပေါ်က စာအုပ်ကို လွယ်အိတ်ထဲထည့်ရင်း အရှေ့က
ကျောင်းသူတွေပြောနေတာကို ရိပေါ်ကြားနေရတယ်...။
ပုံမှန်အတိုင်းပဲ လွယ်အိတ်ထဲက နောက်တစ်ချိန်အတွက်
စာအုပ်ကို ထုတ်တယ်။ မျက်နှာဖြူဖြူလေးမှာတော့
အေးစက်တည်ငြိမ်နေဆဲ....။
ဆိုးလိုက်တာ ခင်ဗျားရယ်....
ကျွန်တော် တစ်ယောက်တည်းကိုပဲ ပြုစားရင် တော်ပြီပေါ့.....။
နောက်ထပ်ဝင်လာတဲ့ ဆရာကိုမြင်တော့မှ အဲ့ဒီကျောင်းသူ
တွေ စကားရပ်သွားတယ်။ ရိပေါ်ကတော့ ခုနကကျောင်းသူတစ်ယောက်ကို အေးတိအေးစက်ကြည့်နေတယ်။
သူ အဲ့ဒီကျောင်းသူရဲ့ မျက်နှာကို မှတ်မိနေဖို့ လိုတယ်လေ.......။ အဲ့ဒီကျောင်းသူရဲ့ ခပ်ဝိုင်းဝိုင်း
မျက်လုံးတွေက သိပ်မုန်းဖို့ကောင်းလိုက်တာ။
....
ကျောင်းရဲ့ကော်ရစ်တာဘေးက ဖွင့်ထားတဲ့ ပြတင်းပေါက်နားမှာ ရှောင်ကျန့် မတ်တပ်ရပ်ရင်း ဖိုင်တွဲတစ်ခုကို
ဟိုလှန် ဒီလှန်နဲ့ အလုပ်ရှုပ်နေတယ်။
ဒီနေ့မှ ပြောင်းလာတဲ့အတွက် ဆီးကြိုနေတဲ့ အလုပ်တွေက သိပ်များတယ်။ ရှောင်ကျန့်ကတော့ ပင်ပန်းတယ်
မတွေးပါဘူး။ ဆရာတစ်ယောက်အတွက် ဒါတွေက
မထူးဆန်းတော့။
ရိပေါ်က ကောရစ်တာရဲ့ အစွန်ကနေ ရှောင်ကျန့်ကို
ကြည့်နေတယ်။
တစ်စုံတစ်ခုကို အာရုံစိုက်နေတဲ့ ယောကျ်ားသားတစ်ယောက်က သိပ်ကြည့်ကောင်းတယ်လို့ ရိပေါ်ဘဝမှာ တစ်ခါမှ
မတွေးခဲ့မိရိုးအမှန်။
မြင်ကွင်းထဲက အဲ့ဒီလူက ဘာသားနဲ့ထုထားလို့
ရင်ဘတ်တစ်ခုကို ဗြောင်းဆန်စေရတာလဲ။
တွေးနေတုန်းမှာပဲ ကော်ရစ်တာရှေ့ ဖြတ်လျှောက်လာတဲ့
ကျောင်းသားသုံးယောက်။ ဖရိုဖရဲဝတ်ထားတဲ့ ကျောင်းယူနီဖောင်းနဲ့ အဲ့ဒီကျောင်းသားသုံးယောက်က အထက်တန်း
နောက်ဆုံးနှစ်က ခပ်ဆိုးဆိုးကျောင်းသားတွေမှန်း
သိလိုက်တော့ ရိပေါ်ရဲ့ နှုတ်ခမ်းတွေက ရေးရေးလေးပြုံးတယ်.....။
ဘာမှတွေးမနေတော့ဘဲ အဲ့ဒီကျောင်းသားသုံးယောက်
ထဲက တစ်ယောက်ဆီ ပြေးဝင်တိုက်ပစ်လိုက်တယ်။
ကံကောင်းတယ်လို့ပဲပြောရမှာပေါ့။ ရှောင်ကျန့်ရပ်နေတဲ့
ပြတင်းပေါက်နေရာနဲ့ကွက်တိ။
" ဟေ့ကောင် မင်းကန်းနေလား...."
ပူထူသွားတဲ့ နှုတ်ခမ်းထောင့်တစ်နေရာကြောင့် ရိပေါ်စိတ်ထဲ ပြုံးတယ်။ အရာရာက သူခန့်မှန်းထားသလိုပဲမလား....။
ရှောင်ကျန့်က အခန်းထဲက ပြေးထွက်လာပြီး ရိပေါ်ကို
ထိုးနေတဲ့ ကျောင်းသားကို ဆွဲတန့်လိုက်ပြီး အဲ့ဒီကျောင်းသားသုံးယောက်က ရိပေါ်နဲ့ ရှောင်ကျန့်ကို မကြည်ကြည့်
ကြည့်ပြီး ထွက်သွားကြတယ်။
" ဆိုးလိုက်ကြတာ....ကျောင်းသား အဆင်ပြေရဲ့လား...."
" ဟုတ်...ကျွန်တော် အဆင်ပြေပါတယ် "
" လာ....ဆရာ ဆေးထည့်ပေးမယ် "
ကျောင်းဆေးပေးခန်းဆီ ဆွဲခေါ်သွားတဲ့ လက်တစ်စုံက
သိပ်နွေးတာပဲ.....။
မွေးတည်းက တစ်ခါမှ မရဖူးခဲ့တဲ့ နွေးထွေးမှုဆိုတာကို
ခံစားလိုက်ရသလိုပဲ....။
သိပ်ပြုစားလွန်းတယ် မထင်ဘူးလား...
ကျွန်တော့ ကမ္ဘာမှာ အနီရောင် နှင်းဆီတွေ ပွင့်တယ်။
.............................
လက်ကောက်ဝတ်က တစက်စက်ကျခဲ့တဲ့ သွေးတွေ
မလွန်ခဲ့လို့ တော်သေးတယ်လို့ တွေးမိတယ်။
သေများသွားခဲ့ရင် ခင်ဗျားနဲ့ တွေ့ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့
စိတ်ကလေးနဲ့။
.............................
Continue Reading
You'll Also Like
288K 25.8K 46
ဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ေ​ပြး​လေးရယ်​ .. အမြဲနားလည်​လက်​ခံ​ပေးနိုင်​တဲ့ ယုန်​ပိုင်​ရှင်​​ကောင်​​လေးရယ်​ .. ​ကိုးကွယ်​မိတဲ့ ချစ်​ခြင်းတရားမှာ အတ...
600K 102K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
99.7K 6.5K 31