Douleurs Rouges [ Completed ]

By Relia6104

268K 24.5K 689

Red is the ultimate cure for sadness โค More

Chapter 01 ( Zawgyi )
Chapter 01 ( Unicode )
Chapter 02 ( Zawgyi )
Chapter 03 ( Zawgyi)
Chapter 03 ( Unicode )
Chapter 04 ( Zawgyi )
Chapter 04 ( Unicode )
Chapter 05 ( Zawgyi )
Chapter 05 ( Unicode )
Chapter 06 ( Zawgyi )
Chapter 06 ( Unicode )
Chapter 07 ( Zawgyi )
Chapter 07 ( Unicode )
Chapter 08 ( Zawgyi )
Chapter 08 ( Unicode)
Chapter 09 (Zawgyi)
Chapter 09 ( Unicode )
Chapter 10 ( Zawgyi)
Chapter 10 ( Unicode )
Chapter 11 (Zawgyi)
Chapter 11 ( Unicode )
Chapter 12 ( Zawgyi)
Chapter 12 ( Unicode )
Chapter 13 ( Zawgyi )
Chapter 13 ( Unicode )
Chapter 14 ( Zawgyi)
Chapter 14 ( Unicode )
Chapter 15 ( Zawgyi )
Chapter 15 ( Unicode )
Chapter 16 ( Zawgyi )
Chapter 16 ( Unicode )
Chapter 17 ( Zawgyi )
Chapter 17 ( Unicode )
Chapter 18 ( Zawgyi )
Chapter 18 ( Unicode )
Chapter 19 ( Zawgyi )
Chapter 19 ( Unicode )
Chapter 20 ( Zawgyi )
Chapter 20 ( Unicode )
Chapter 21 ( Zawgyi )
Chapter 21 ( Unicode )
Chapter 22 ( Zawgyi )
Chapter 22 ( Unicode )
Chapter 23 ( Zawgyi )
Chapter 23 ( Unicode )
Chapter 24 ( Zawgyi )
Chapter 24 ( Unicode )
Chapter 25 ( Zawgyi )
Chapter 25 ( Unicode )
Chapter 26 ( Zawgyi )
Chapter 26 ( Unicode )
Final Chapter 27 (Zawgyi)
Final Chapter 27 (Unicode)
Book
Hello Again

Chapter 02 ( Unicode )

8.5K 868 11
By Relia6104

အိပ်ခန်းရဲ့ စာကြည့်စားပွဲမှာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ အသက်လတ်ပိုင်း လူတစ်ယောက်။ အခန်းတွင်းမှာ
မီးရောင်တွေက အနည်းငယ် မှိန်နေပြီး ဝါကျင့်ကျင့်
မီးအိမ်ကတော့ စာကြည့်စားပွဲတစ်ဝိုက်ကို လင်းထိန်စေတယ်။

ဖွင့်ထားတဲ့ ပြတင်းပေါက်ကတဆင့် လေအေးတွေက တိုက်တယ်။ လိုက်ကာအညိုတွေကတော့ ဝေ့၀ဲလို့....။

ခန့်မှန်းရခက်တဲ့ ဒီလောကထဲ စာထိုင်ဖတ်နေတဲ့
အဲ့ဒီလူက ချောင်းရိုက်ခံရလိမ့်မယ်လို့ ဘယ်တွေးမိမလဲ....။

သွေးတွေနဲ့ လဲကျသွားတဲ့ အဲ့လူရဲ့ ဘယ်ဘက်ပါးမှာ ခပ်ကြီးကြီး
မှဲ့တစ်လုံးရှိတယ်....။

တဆစ်ဆစ်နဲ့ ကိုက်ခဲနာကျင်နေတဲ့ ဦးခေါင်းက ခံစားမှုနဲ့အတူ အဲ့လူ နိုးထလာပြီးချင်း သိရတာက
သူရောက်နေတာ သူ့အိမ်မဟုတ်ဘူး။

ထိုင်ခုံတစ်ခုံမှာ ထိုင်ရက်အနေအထားနဲ့ ကြိုးတုပ်ခံထားရတယ်။ လှုပ်လို့ မရလောက်အောင်ပဲ။

သူက ကတ်ကြေးအချွန်တစ်ခုကို လက်ချောင်းဖြူဖြူလေးတွေနဲ့ လှည့်ရင်း ထွက်လာတယ်။

" မင်း....ဘယ်သူလဲ "

တပ်ထားတဲ့ အနက်ရောင် Mask ကို ချွတ်ပြလိုက်တော့ အဲ့လူက ဟာခနဲဘဲ.....။

" Surprise! !! "

" မင်း ငါ့ကို ဘာလို့ဒီလိုလုပ်ထားတာလဲ....
ငါထင်သားပဲ မင်းက Psycho ကောင်ဆိုတာ
မင်း ဘာလိုချင်လို့လဲ ပြော....လွှတ်ပေး ငါ့ကို.."

" ကျစ်....စောက်ရမ်းစကားများတာပဲ....
ဘယ်လိုလုပ်မလဲ ကျွန်တော်က နားညီးမခံနိုင်လို့.."

လက်ထဲက လှည့်နေတဲ့ ကတ်ကြေးအချွန်ကို အဲ့ဒီလူရဲ့
လည်ပင်းထိုးစိုက်လိုက်တော့ ကျိုးကျသွားတဲ့ အဲ့ဒီလူရဲ့
ဇက်...။ သွေးတွေက အဲ့ဒီလူရဲ့ အင်္ကျီအဖြူနဲ့ သိပ်လိုက်တာပဲ။

" ဘာအရောင်ကြိုက်လဲ.....ပန်းရောင်လေးနဲ့ လိုက်မယ်ထင်တယ်...ဟား..ဟား..."

အံဆွဲတစ်ခုတည်းမှာထည့်ထားတဲ့ အပ်ချည်လုံးတွေထဲက
ပန်ုးနုရောင်အပ်ချည်လုံးကို နှိုက်ယူလိုက်တယ်။ ခပ်ကြီးကြီး
အပ်တစ်ချောင်းက မပါမဖြစ်။

သံခုတင်တစ်ခုပေါ် လှဲလျက် အနေအထားနဲ့လူရဲ့ လည်ပင်းမှာ ကတ်ကြေးတစ်ချောင်းစိုက်ဝင်နေတယ်။

ခပ်နုနုနှုတ်သားသားတွေကို အပ်ထိုးထည့်လိုက်တော့
ထွက်လာတဲ့ သွေးပုတ်ရောင်တွေ။

" စိတ်ချ....ကျွန်တော်က လှလှလေးချုပ်ပေးမှာ"

ုကြက်ခြေခတ်ပုံစံ ပန်းရောင်ချုပ်ရိုးတွေက အဲ့လူရဲ့ နှုတ်ခမ်းတွေမှာ သိပ်အကျည်းတန်ဆန်တယ်။ ဒါပေမယ့်
မတတ်နိုင်ဘူး....။
ဒီလူက စကားအရမ်းများလွန်းတယ်။

" ပြီးပြီ....ကတ်ကြေးကော...ဟေ့လူ ကတ်ကြေး
တွေ့မိသေးလား "

ပြန်မဖြေနိုင်တဲ့ ငြိမ်သက်နေတဲ့ လူကို သူမေးတယ်။

အပ်နဲ့ထိုးချုပ်ထားတာကြောင့် အညိုပုတ်ရောင်သမ်းလာတဲ့
နှူတ်ခမ်းတွေ။ ချုပ်ရိုးအဆုံးသတ်က ပိုနေတဲ့ အပ်ချည်ကို
ဖြတ်ဖို့ ကတ်ကြေးလိုတယ်လေ....။

" အော်....ဒီမှာပဲ..."

ခပ်နက်နက်ထိုးစိုက်ထားတဲ့ ကတ်ကြေးကို ဆွဲနှုတ်လိုက်တော့ သွေးတွေက ပန်းထွက်တယ်။

ကတ်ကြေးကို ကိုင်ထားတဲ့ သူ့လက်တွေမှာလဲ သွေးတွေ
စွန်းပေကုန်တယ်။

တိခနဲဖြတ်လိုက်တဲ့ အပ်ချည်ကြိုးက ပန်းရောင်ပါလို့
ကျိန်ပြောရမယ်ထင်တယ်....။
သွေးညှီနံ့တွေနဲ့ အနီရောင်ပြောင်းသွားတာက သူ့အတွက်
ပိုလှတယ်။

ပြောပါတယ်.....
အရောင်ပြောင်းလဲခြင်းတွေက သိပ်လှပါတယ်လို့။

......

" ကျွန်တော်ကတော့ ဝမ်ရိပေါ်ကို ပယ်လိုက်စေချင်တယ်....စာတော်တာမှန်ပေမယ့် သာမန်မှမဟုတ်တာ..
နောက်ပြီး ကျောထောက်နောက်ခံ မိသားစုလည်းမရှိဘူးလေ...အဲ့လိုကလေးမျိုးကို ကျောင်းကိုယ်စားပြု လူရည်ချွန်ပြိုင်ခိုင်းဖို့ မသင့်တော့ဘူး "

ဘယ်ဘက်ပါးပေါ်မှာ မှဲ့ကြီးကြီးရှိတဲ့ အဲ့ဒီဆရာက သိပ်စကားများလွန်းတယ်လို့ ဆရာတွေ ရှေ့မှာ မတ်တပ်ရပ်ရင်း
တွေးတယ်....။

အလကားရတဲ့ လေတွေကို ဖြုန်းတီးလိုက်တာ။

" ဟုတ်တယ် ကျွန်မလဲ လူရည်ချွန်ပြိုင်ပွဲအတွက် ကျောင်းသူ လီလီကိုပဲ ထောက်ခံတယ် "

လီလီက ဘယ်သူလဲ...။
ဘေးက သူနဲ့ အတူရပ်နေတဲ့ ဘေးနားကကျောင်းသူရဲ့
ရင်ထိုးကတ်ကို ရိပေါ်ကြည့်မိတော့မှ...လီလီမှန်းသိတယ်။

ဆရာတွေအချင်းချင်းဆွေးနွေးရင်း နောက်ဆုံးအရွေးခံရသူက လီလီ။

ရိပေါ်ကတော့ အပယ်ခံလိုက်ရလို့ ခံစားမနေဘူး။
ဘယ်အရာနဲ့ ယှဉ်ယှဉ် အရွေးမခံရလေခြင်းတွေက
ဖြစ်နေကျဆိုတော့ အသားကျနေပြီလို့ ပြောရမှာပေါ့...။

ကိုယ့်ဘာသာကိုယ်ရပ်နေတာကို ပခုံးဝင်တိုက်ပြီး ထွက်သွားတဲ့ မှဲ့ကြီးနဲ့ ဆရာရဲ့ နောက်ကျောကိုတော့ ရိပေါ်ကမျက်ဝန်းသေတွေနဲ့ ကြည့်နေတယ်။

.............................

သွေးစွန်းနေတဲ့လက်တွေက မနွေးထွေးနိုင်ဘူးလို့
ဘယ်သူပြောလဲ.....။

ခပ်ရဲရဲသွေးတွေကတော့ လက်တွေကို နွေးစေတယ်။

.............................

Continue Reading

You'll Also Like

14.1K 1.9K 14
The victim coughs up flower petals when they suffer from one-sided love.
54.3K 5.1K 29
โš BDSM โš dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..๐Ÿณ๏ธโ€๐ŸŒˆ ใ€ฐ๏ธPlease read this carefullyใ€ฐ๏ธ โš ...
72.8K 5.6K 15
Thank You For The Lovely Time and Adieu. แ‚แ€ญแ€ฏแ€ธแ‚แ€ฝแ€„แ€นแ€ธแ€…แ€ผแ€ฌแ€”แ€ฒแ‚” แ€กแ€แ€บแ€…แ€นแ€แ€…แ€นแ€แ€ฏแ€€แ€ญแ€ฏ แ€แ€ถแ€…แ€ฌแ€ธแพแ€€แ€Šแ€นแ€ทแพแ€€แ€›แ€ฑแ€กแ€ฌแ€„แ€น แ‹ Thank You For The Lovely Time and Adieu. แ€›แ€ญแ€ฏแ€ธแ€›แ€พแ€„แ€บแ€ธแ€…แ€ฝแ€ฌแ€”แ€ฒแ€ท...
28.6K 2.3K 3
แ€ฑแ€†แ€ฌแ€„แ€นแ€ธแ€›แ€ฌแ€žแ€ฎแ€™แ€ฝแ€ฌแ€•แ€”แ€นแ€ธแ€™แ€•แ€ผแ€„แ€นแ€ทแ€•แ€ฌแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ‚” แ€˜แ€šแ€นแ€žแ€ฐแ€ฑแ€ปแ€•แ€ฌแ€žแ€œแ€ฒ แ€†แ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฌแ€žแ€ฎแ€™แ€พแ€ฌแ€•แ€”แ€บแ€ธแ€™แ€•แ€ฝแ€„แ€ทแ€บแ€•แ€ซแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ท แ€˜แ€šแ€บแ€žแ€ฐแ€•แ€ผแ€ฑแ€ฌแ€žแ€œแ€ฒ Wang Yi Bo ๐Ÿ’™ Xiao Zhan โ„Winter comes bless on YiZhanโ„ De...