ချစ်သူ့ နတ်ဘုရား〖 Completed 〗

By NgaChaukMaKyikeBuu

134K 15.7K 535

Translation Status : Completed This is the Burmese translation of HDS Arc 9. I translated this arc from Engli... More

9.1
9.2
9.3
9.4
9.5
9.6
9.7
9.8
9.9
9.10
9.11
9.12
9.13
9.15
9.16
Where to Find Other Arcs

9.14

6.2K 964 21
By NgaChaukMaKyikeBuu

<Unicode>

သေခြင်းနတ်ဘုရား၏ အဆင့်နှင့် အတွေ့အကြုံမ​ျားကို သာမာန်နတ်ဘုရားများနှင့် သွားယှဥ်လို့မရပေ။ ထို့ပြင် သူသည် လူသားမျိုးနွယ်စုတို့၏ ကိုးကွယ်မှုကိုမလိုဘဲ နတ်စွမ်းအင်ရနိုင်သော ရှားပါးနတ်ဘုရားတစ်ပါး ဖြစ်သေးသည်။ သူ၏ စွမ်းအင်သည် သက်ရှိသတ္တဝါတို့၏ သေဆုံးခြင်းမှ လာသည်။ အားကြီးသော စစ်နတ်ဘုရားသည်တောင် သေခြင်းနတ်ဘုရားကို ချုပ်ကိုင်လို့ မရပေ။

ရှန့်ခယ်ကတော့ ဤကဲ့သို့ နတ်ဘုရားကြီးတစ်ပါး၏ အကူအညီကို မလို။ မူလ မကောင်းမှုနတ်ဘုရားကို အလင်းဘက်မှ စစ်ချီနှိမ်နင်းခဲ့စဥ်က သေခြင်းနတ်ဘုရားက တစက်မှ ကူညီပေးဖို့ ပေါ်မလာခဲ့ချေ။ သို့သော် အခု မကောင်းမှုနတ်ဘုရားနှင့် အလင်းဘက်မှ နတ်ဘုရားတို့ ချစ်သွားကြပြီးဆိုမှ အလင်းဘက်ကို လေးစားသမှုပြုကာ ရောက်ချလာခဲ့သည်။

သေခြင်းနတ်ဘုရား ရောက်ရှိလာမှုသတင်းသည် အခြားနတ်ဘုရားများကိုပါ အံ့အားသင့်သွားစေခဲ့သည်။ ရှန့်ခယ်အား အမှောင်ဘက်ခြမ်းအတွင်း ခိုလှုံမှုမရှိသွားစေရန်  ဆာရာက မြို့တော်အတွင်း စည်းချထားခဲ့သည်။ သို့သော် ထိုစည်းကား အမှောင်နတ်ဘုရားများသာ တားပေးနိုင်တာဖြစ်ပြီး အလင်းဘက်ခြမ်း မပါခဲ့ပေ။ မီး၊ ရေ၊ မြေ စသော နတ်ဘုရားများသည် မကောင်းမှုနတ်ဘုရား ရန်သူတော်များပီပီ မကောင်းမှုနတ်ဘုရားကို အလင်းနယ်မြေမှ နှင်ထုတ်ပေးရန် စစ်နတ်ဘုရားကို တတွင်တွင် တောင်းဆိုနေခဲ့ကြသည်။

အခြားနတ်ဘုရားများက ဤအခြေအနေကို မြင်ကြသောအခါ နဝေတိမ်တောင် ဖြစ်ကုန်ကြ၏။ ဤသူသည် အမှောင်ဘက်ခြမ်းမှ နာမည်မရှိသော နတ်ဘုရားအသေးစားလေးသာ ဖြစ်သည်။ နတ်ဘုရားမျိုးစုံကို မည်သို့ ဆွဲထုတ်လာနိုင်လိုက်သနည်း? အလင်းနှင့် အမှောင်က အမြဲ ပဋိပက္ခများ ရှိခဲ့ကြသော်ငြား ခွင့်ပြုချက်ရှိပါက စည်းမဖောက်သရွေ့ နှစ်ဖက်အတူ အလုပ်တွဲလုပ်နိုင်ကြသည်။

ရှန့်ခယ်က အမှောင်စွမ်းအင်ရှိနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း အမြဲတမ်း စည်းကမ်းလိုက်နာ၍ လူသားများကို ကောင်းမွန်စွာ ဆက်ဆံပေးကာ အခြား အလင်းနတ်ဘုရားများထက် ပိုတောင် အပြစ်ကင်းစင်၍ ကြင်နာတတ်သူတစ်ယောက် ဖြစ်သည်။ သို့သော် ဤသို့ အဆိပ်မရှိသည့် နတ်ဘုရားငယ်လေးသည် စစ်နတ်ဘုရား၏ ကျောထောက်နောက်ခံရထားရုံသာမက သေခြင်းနတ်ဘုရားထံမှ အဖက်လုပ်ခံရသည့်အပြင် အခြားနှစ်ထောင်ချီ နတ်ဘုရားကြီးများနှင့်လည်း ရန်သူဖြစ်နေသေးသည်။

အပြန်အလှန် သိသမျှ သွန်ချဆွေးနွေးကြပြီးနောက် ရှန့်ခယ်၏ မူလဇာတ်ရုပ်မှာ လူသိရှင်ကြားဖြစ်သွားတော့သည်။ သူ ဘယ်သူလဲသိသွားကြပြီးနောက် အရင်က ရှန့်ခယ်ကို ပြဿနာသွားရှာထားခဲ့ဖူးသော နတ်ဘုရားလေးများမှာ ချွေးစေးပြန်ကုန်ကြသည်။ ဤသူကား လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ကျွန်းစုတစ်ပြင်လုံး သွေးဖုံးလွှမ်းစေခဲ့သည့် မကောင်းမှုနတ်ဘုရား အူနိုးစ်မှ ဟုတ်ပါလေစ။ သူသည် အန္တာရယ်ရှိပုံ မပေါက်ရုံသာမက ပေါတောတောလေးနှင့် ချစ်ဖို့တောင် ကောင်းနေသေးသည်။ ထို့ပြင် သူသည် သက်မွေးဝမ်းကြောင်း ပညာရပ်များကို ကျွမ်းကျင်ထားပြီး ကန်းစ်မြို့တော်၏ နာမည်ကြီး ထုတ်ကုန်အများစုမှာ သူ၏ ကိုးကွယ်သူများထံမှ ထွက်တာဖြစ်သည်။

သရုပ်မှန်ကို မသိခဲ့ကြသော နတ်ဘုရားများသည် ရှန့်ခယ်အား ချစ်စရာရိုးစင်းသောနတ်မှင်စာလေးဟု သတ်မှတ်ထားခဲ့ကြသည်။ သို့သော် သူ၏ မူလစွမ်းအင်မှာ ချစ်ဖို့ မကောင်းသည့်အပြင် သွေးဆာနေဟန်ရသည်။ ဒီ အရှင်မကောင်းမှုနတ်ဘုရားက သရုပ်ဆောင်မတော်လွန်းဘူးလား? အလင်းနယ်နိမိတ်ထဲသို့ ခမ်းနားတောက်ပစွာ ဝင်လာရဲရုံသာမက စစ်နတ်ဘုရား၏ ချီးမြှောက်မှုကိုလည်း ခံထားရသေးသည်။ အပြောများအရဆိုလျှင် နှစ်တစ်ထောင်ခန့်က မကောင်းမှုနတ်ဘုရားကို စစ်နတ်ဘုရားက ချိတ်ပိတ်ခဲ့သည်ဖြစ်ရာ ဥပဒေသကျကျဆိုပါက နှစ်ဦးသားအာဃာတမပြေသည့် ရန်သူများ ဖြစ်နေကြရမှာ ဖြစ်သည်။ ဘယ်လိုအကြောင်းကြောင့် ဤမျှ အဆင်ပြေနေကြရသနည်း။ မကောင်းမှုနတ်ဘုရား၏ အိပ်ရာအတွင်းမှ အစွမ်းများက ကောင်းကင်ကိုဆန်ပြီး ဖောက်ထွင်းနိုင်သည်အထိ ကောင်းလွန်းသဖြင့် စစ်နတ်ဘုရားတောင် လက်မြှောက်လိုက်ရသည်လော။

နတ်ဘုရားကြီးများကြားမှ ကိစ္စများမှာ နတ်ဘုရားလေးများနှင့် သိပ်တော့မဆိုင်။ ၎င်းတို့ကို ကိုးကွယ်သူများ ရှိနေသရွေ့ အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်သည်။ အဆိုးဆုံးအခြေအနေဆိုတောင် နတ်စွမ်းအင်များ ထိခိုက်တာလောက်ပဲ ရှိမည်။ မည်သို့ပင်ဖြစ်စေ အလင်းနတ်ဘုရားများ၏ အဖြေကရှင်းသည်။ မကောင်းမှုနတ်ဘုရားနှင့် ၎င်းတို့ကြား စည်းချကာ ဆက်ဆံဖို့ အစီအစဥ်မရှိ။

တစ်ချိန်တည်းမှာပင် ရှုမျိုးစုကဲ့သို့ မကောင်းမှုနတ်ဘုရားအား ကိုးကွယ်ခဲ့ကြသူများမှာ ဖယ်ကြဥ်ခံထားလာရသည်။ ၎င်းတို့ ကိုးကွယ်ပူဇော်ထားခဲ့သော နတ်ဘုရားမှာ ဒဏ္ဍာရီလာ မကောင်းမှုနတ်ဘုရားဖြစ်နေသည်ကို အံ့အားသင့်ကာ မယုံနိုင်ကြပေ။ လူအများစု၏ ကိုးကွယ်မှုမှာ စတင်ပျက်ပြယ်လာကြသည်။ မကောင်းသော အကြံအစည်ရှိထားသူများဆိုလျှင် မကောင်းနတ်ဘုရားဆီ ချက်ချင်းကိုးကွယ်လာကြသည်။ ဤသို့ကိုးကွယ်သူများကသာ ရှန့်ခယ်ကို တကယ့်နတ်စွမ်းအင် ပေးစွမ်းနိုင်ကြသူများ ဖြစ်သည်။ ၎င်းတို့ ရင်ထဲမှ မကောင်းသော အကြံအစည်များ၊ ဆန္ဒများကသာ မကောင်းမှုနတ်ဘုရားတစ်ပါးအတွက် အာဟာရဖြစ်သည်။

လအနည်းငယ်အတွင်းတွင် ရှန့်ခယ်၏ စွမ်းအင်မှာ ချိနဲ့မသွားသည့်အပြင် ယခင်နှစ်များထက် ပိုလို့တောင် တိုးတက်လာခဲ့သည်။ မကောင်းမှုနတ်ဘုရား၏ စစ်မှန်သော အရှိန်အဝါမှာလည်း တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်တွင် ပေါ်ထွက်လာခဲ့သည်။

မြို့တော်အတွင်း သွေးထွက်သံယိုဖြစ်မှုများလည်း ပိုတိုးပွားလာခဲ့သည်။ ရှန့်ခယ်က ဘာဆိုဘာမျှ မလုပ်သော်ငြား မကောင်းမှုနတ်ဘုရား၏ ဖြစ်တည်မှုစွမ်းအင်သည် သာမာန်လူတို့၏ ရန်လိုစိတ်ကို ပို၍ လှုံ့ဆော်နိုင်ခဲ့သည်။ ရှန့်ခယ်မှာ မူလမကောင်းမှုနတ်ဘုရားသည် ပြန်လည်မွေးဖွားပြီးတာတောင် ဘာကြောင့် လူတွေကိုဖျက်ဆီးသတ်ပစ်ခဲ့သည်ကို စတင်နားလည်လာပြီဖြစ်သည်။ သူက မပြောင်းလဲချင်တာမျိုး မဟုတ်ပဲ သူ၏ နဂိုမူလစွမ်းအင်တွေက ရွေးချယ်စရာမပေးခဲ့ခြင်း ဖြစ်သည်။

ဤကမ္ဘာကြီးတွင် အမှန်တကယ် ကြောက်ဖို့ကောင်းသည်က မကောင်းမှုနတ်ဘုရားမဟုတ်ပေ။ လူတို့နှလုံးသားအတွင်းမှ ဆိုးယုတ်သော ဆန္ဒများဖြစ်သည်။ ၎င်းတို့ လိုအပ်သည်က မကောင်းမှုနတ်ဘုရား၏ ကောင်းချီးပေးမှုမဟုတ်ပဲ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများအတွက် ရင်ထဲမှ အကြမ်းတမ်းဆုံးမကောင်းမှုနတ်ဘုရားကို အသုံးချ အကောင်အထည်ဖော်လိုခြင်း ဖြစ်သည်။

ရှန့်ခယ်မှာ စွမ်းအင်နည်းနည်းလေးရဖို့ ဒုက္ခအကြီးအကျယ် ခံစားရဖူးသည်။ သို့သော် ယခုတော့ သူဘာမျှတောင် မလုပ်ရပါဘဲ စွမ်းအင်တွေက လျှံတက်နေပြီဖြစ်သည်။ ဒါကြောင့်လည်း ရှန့်ခယ်က သူ့သရုပ်အမှန်ကို ဖုံးထားခဲ့ခြင်းပင်။ လူတွေအတွက် "မကောင်းမှုနတ်ဘုရား" ဟူသော စကားလုံးများကပင် အစွမ်းထက်သော ကျိန်စာတစ်ခုဖြစ်သည်။

သို့သော် ရှန့်ခယ်က ဒါကို ဂရုစိုက်မနေ။ သူစိတ်ပူသည်က ရှုမျိုးစု၏ သူ့အပေါ်သဘောထားဖြစ်သည်။ ဤနှစ်များအတွင်း သူတတ်နိုင်သလောက် ရှုမျိုးစုအား ကာကွယ်စောင့်ရှောက်ထားပေးခဲ့သည်။ သူ့သရုပ်မှန်က မကောင်းမှုနတ်ဘုရားဖြစ်သည့် တစ်ချက်ကြောင့်ပင် သူကောင်းချီးပေးထားခဲ့သော လူများမှာ သူ့အား အရင်စွန့်ခွာသွားခဲ့ကြသည်။ တီမာမှ လွဲ၍ အခြားသူများမှာ သူနှင့် ခပ်ကင်းကင်းနေကာ ဘုရားကျောင်းတွင်း ခြေတောင်မချကြတော့။

သူ့ကို အံ့အားသင့်စေတာက ယီတာမိုဖြစ်သည်။ အစမှ အဆုံးထိ တစ်ချိန်လုံး သူ့အပေါ် ယုံကြည်မှု မပျက်ခဲ့။ မကြာခဏ တီမာနှင့်အတူ ဘုရားကျောင်းသို့လာကာ ပူဇော်လေ့ရှိသည်။

တစ်ချိန်က ပေါ်ပြူလာဖြစ်ခဲ့သော အူနိုဘုရားကျောင်းမှာ လအနည်းငယ်အတွင်း ခြောက်ကပ်ကာ လူရှင်းလင်းသွားခဲ့သည်။ မကောင်းမှုနတ်ဘုရားအနေနှင့် ကိုးကွယ်ကြသူများကလည်း ညဘက်မှသာ လာရောက်ပူဇော်မှုပြုကြသည်။ ကိုးကွယ်သူ အပြောင်းအလဲကြောင့် မူလနေခြည်ဖြာခဲ့သော အူနို၏ ဘုရားကျောင်းမှာ အမှောင်တရား၏ ဘုရားကျောင်းတစ်ခု ဖြစ်လာခဲ့သည်။

"မင်းတို့ မကောင်းမှု နတ်ဘုရား ယုံကြည်သူတွေ ကန်းစ်မြို့တော်က ထွက်သွားကြစမ်း မင်းတို့ကို လက်ခံမထားနိုင်ဘူး" ရှုမျိုးစု အရောင်းဆိုင်များမှာ ဖျက်ဆီးခြင်း ခံကြရကာ ကုန်ပစ္စည်းများလည်း ကျိုးကြေသွားကြကုန်သည်။

ရှုမိသားစုအား ရိုင်းပြစွာ မောင်းထုတ်ကြပြီး ကန်းစ်မြို့တော်တွင် နေခွင့်မပေးကြ။ ရှုမျိုးစုက မြို့တော်အတွင်း ၎င်းတို့အတွက် နေစရာမရှိတော့မှန်းသိကြရာ ပြဿနာများမှ ခဏာတာတိမ်းရှောင်ရန် ရွေ့ပြောင်းလိုက်ကြသည်။

နတ်ဘုရားများကြား ပြဿနာက လူသားတို့နှင့် မဆိုင်သဖြင့် တော်ရုံ ဒီလောက်မဆိုးသော်လည်း နောက်ကွယ်မှ ကြိုးကိုင်သူနတ်ဘုရားများ ပါနေရာ အခြေအနေက ပြောင်းလဲသွားတော့သည်။

"သက်ရှိတွေအကြောင်း ခေါင်းထဲ ထည့်ထားဖို့ မလိုဘူး သူတို့ကို ရန်ဖြစ်ဖို့ မင်းခိုင်းထားတာမှမဟုတ်တာ" ဆာရာက သူနှင့်အတူ နေ့ညမပြတ် အဖော်ပြုပေးသည်။ ရှန့်ခယ်က သူ့အစွမ်းတွေထုတ်သုံးနေတာ မဟုတ်မှန်း ဆာရာ ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။ မဟုတ်ပါက အခြေအနေက ဒီလောက်အာရုံစားစရာလေးနဲ့ ရပ်သွားမှာ မဟုတ်။

သက်ရှိလူသားတို့၏ လောကကား ငြိမ်းချမ်းမှုအတိ ဘယ်တော့မှမရှိ။ နတ်ဘုရားများက ကောင်းချီးမွမ်းမှုသာ ပေးနိုင်တာဖြစ်ပြီး လူသားတို့ လုပ်ရပ်များအပေါ် တာဝန်ယူ ခေါင်းခံမပေးနိုင်ပေ။

"အင်း" ရှန့်ခယ်က စိတ်လုံးဝမပူသလို ဖျော့တော့စွာ ပြုံးပြသည်။

ဆာရာက သူတကယ် စိတ်မပူဘူးဟု မှတ်ယူကာ အိပ်ရာထဲ တစ်ပွဲလောက်တောင် နုွဲလိုက်သေးသည်။ ရှန့်ခယ် နိုးလာသောအခါ ဆာရာချထားသော စည်းကို ဖယ်ရှား၍ တော်ဝင်ယီမျိုးစုဆီ တစ်ယောက်တည်း ထွက်သွားတော့သည်။

"အရှင် သေခြင်းနတ်ဘုရား ကျွန်တော် မေးခွန်းတစ်ခုလောက်မေးလို့ရနိုင်မလား" ရှန့်ခယ်က ဘယ်နားပုန်းနေမှန်းမသိသော သေခြင်းနတ်ဘုရားကို ရှာဖို့ပျင်းရာကား မြက်ခင်းပေါ်လှဲ၍ လက်ကိုခေါင်းအုံးလုပ်ကာ ကြယ်တွေကို ငေးကြည့်ရင်း ပြောသည်။

"ဘာမေးခွန်းလဲ" တဖက်နတ်ဘုရား၏ အသံတွင် သိလိုစိတ်အချို့ ရောပြွန်းနေ၏။

"ဘာလို့ ကျွန်တော့်ဆီ ရောက်လာခဲ့တာလဲ" ရှန့်ခယ်က မေးသည် "ကျွန​်တော် သိသလောက်တော့ သေခြင်းနတ်ဘုရားက သူများကိစ္စဝင်မပါတတ်ဘူး"

"တကယ်က ငါ သူများအလုပ်ဝင်ရှုပ်ရတာ အရမ်းကြိုက်တယ်"

ရုတ်တရက် သူ့အနား မြူမှုန်များဆိုင်းထလာကာ သေခြင်းနတ်ဘုရား၏ ရုပ်သွင် ပေါ်ထွက်လာသည်။ သူက အနက်ရောင်ဝတ်ရုံခြုံထားကာ ဆံနွယ်ရှည်များက မြူနှင်းအလားသဏ္ဍာန်ရှိသည်။ နှုတ်ခမ်းပါးများက ကြမ်းကြုတ်မည့်ဟန်ရှိကာ မျက်ဆံများက မဲနက်၍ မျက်အိမ်အဖြူထည်ကို တစိမှမမြင်ရ။ သူ့ပုံစံကား လူတစ်ယောက်ကို အသူရာချောက်နက်ထဲ အချိန်မရွေး ဆွဲချသွားတော့မလိုပင်။

မျက်ဆံနက်များကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရှန့်ခယ်က ဤမျက်လုံးများသည် အထူးစီမံမှုတွေပြုလုပ်ထားသလား တွေးမိရအောင် တမူထူးခြားသည်ဟု ခံစားရသည်။

"မင်း ငါ့မျက်လုံးတွေကို ကြိုက်လို့လား" သေခြင်းနတ်ဘုရားက ပြုံးသည်။

"အင်း တော်တော်မိုက်တယ်" ရှန့်ခယ်က ပွင်းလင်းစွာ ဖြေသည်။

ဆံပင်များ လေထဲလွင့်ကာ ဝတ်ရုံနှင့် ပနံသင့်လျက် တဖက်နတ်ဘုရားက ခေါင်းငုံ့ချလာသည်။

"မင်း သဘောကျတယ်ဆိုရင်" သူ့ အသံက ဆွဲဆောင်မှုအပြည့်ပါသည် "မင်းကိုလည်း ဒီလို မျက်လုံးတွေ ရအောင် လုပ်ပေးလို့ရတယ်"

ရှန့်ခယ် အဖြေမပေးရခင် စကားဆက်သည် "မင်းခန္ဓာကိုယ်သာ ပေးရင်ပေါ့"

"....ခုနက စကားကို ပြန်ဆက်ကြရအောင် ဘာလို့ ကျွန်တော့်ဆီ လာခဲ့တာပါလဲ" ရှန့်ခယ်က မေးသည်။

သေခြင်းနတ်ဘုရားက နှမြောစရာဟူသော ဟန်ဖြင့် မတ်တပ်ပြန်ထရပ်သည် "ငါနဲ့ တစ်ယောက်ယောက်နဲ့ အပေးအယူလုပ်ထားတယ်"

"ဘယ်သူနဲ့လဲ ဘာအပေးအယူလဲ"

"ဘယ်သူလဲဆိုတာတော့ ပြောမရဘူးလေ ငါဆိုတဲ့ သူတောင် ကျင့်ဝတ်ဆိုတာ ရှိရသေးတယ်" သေခြင်းနတ်ဘုရားက ပြုံးလျက်ပြောလာသည် "ဒါပေမဲ့ အပေးအယူ အသေးစိတ်ကိုတော့ ပြောပြပေးလို့ရတယ်"

ရှန့်ခယ်က ဂရုတစိုက် နားထောင်သည်။

"သူက မင်းကို ချိတ်ပိတ်ပေးတဲ့အတွက် မင်းရဲ့ ကိုးကွယ်သူတွေအကုန်လုံး ငါ့ကိုပေးမယ်လို့ ကတိပြုထားတယ်"

"ဘာ?" ရှန့်ခယ်က ဒေါသတကြီး ဖြစ်ကာ ခုန်ထသည် "သူ့ကိုသူ ဘာထင်လို့ ကျွန်တော့် ကိုးကွယ်သူတွေကို လျှောက်ပေးပစ်ရမှာလဲ"

သေခြင်းနတ်ဘုရားက ရှန့်ခယ်၏ တုံ့ပြန်မှုအပေါ် ကျေနပ်သွားသည့်အလား ဝတ်ရုံလက်ကို ခါကာ ပြောသည် "အလင်းနယ်မြေထဲက နတ်ဘုရားတွေအကုန် ကြောင်သူတော်ကြွက်သူခိုးတွေချည်းပဲ သူတို့မျက်လုံးထဲ လူသားတွေရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက ဘာတန်ဖိုးရှိမှာတဲ့လဲ"

"သေခြင်းနတ်ဘုရားက အလင်းနတ်ဘုရားတစ်ပါးနဲ့ ဘာလို့ အပေးအယူလုပ်ရတာလဲ"

"နတ်ဘုရားပဲဖြစ်ဖြစ် သက်ရှိလူသားပဲဖြစ်ဖြစ် အလင်းဖြစ်ဖြစ် အမှောင်ဖြစ်ဖြစ် ငါ့တာဝန်က သေခြင်းတရားပဲ" သူက ရှန့်ခယ်နားနား ခေါင်းငုံ့ချကာ ခပ်တိုးတိုး ပြောသည် "မင်းသေသွားခဲ့ရင်လည်း မင်းဝိဉာည်ကို ငါ ရိတ်သိမ်းရမှာပဲ"

"ဝိဉာည်နတ်ဘုရားတွေက မသေနိုင်ဘူး ဒါပေမဲ့" အသံက တဖက်ခြမ်းမှ ထွက်ပေါ်လာသည် "အသွေးသားရှိနတ်ဘုရားကတော့ သေနိုင်တယ်..."

ရှန့်ခယ်က သူ့ကိုကြည့်ပြီး ပြောလိုက်သည် "ဒါဆို ကျွန်တော်နဲ့လည်း အပေးအယူတစ်ခု လုပ်မယ်"

"အော်?" သေခြင်းနတ်ဘုရား မျက်နှာထက်တွင် စိတ်ဝင်စားမှုတစ်ခု ရှိနေသည်။

နှစ်ဦးသား ဆွေးနွေးပြီးနောက်တွင် လေထုမှာ ဆူညံလာကာ နောက်စက္ကန့်ပိုင်းအတွင်း ဆာရာပေါ်ထွက်လာသည်။

"ကြည့်ရတာ စစ်နတ်ဘုရားက ကျွန်တော်တို့ရဲ့ အူနိုးစ်ကို အတော် ချစ်ပုံပဲ" သေခြင်းနတ်ဘုရားက ယဉ်ကျေးစွာ ပြုံးပြသည်။

ဆာရာက အေးစက်စွာ ပြောသည် "သူက ငါ့လူ"

တဖက်နတ်ဘုရားက လက်ဖြန့်ပြကာ "ခင်ဗျား ဒီလို ပြောတယ်ဆိုရင်တောင် သူက အမှောင်ဒြပ်ရှိတဲ့ နတ်ဘုရားဆိုတဲ့အချက်ကို ပြောင်းမရနိုင်ဘူးလေ"

ဆာရာ၏ မျက်နှာက တည်ငြိမ်နေသော်လည်း ကိုယ်အရှိန်အဝါကတော့ ရန်လိုဟန်ရှိကာ မြူထည်များမှာ သူ့အနားတွင် လှည့်ပတ်နေသည်။

"ဆာရာ ပြန်ရအောင်" ရှန့်ခယ်က စစ်နတ်ဘုရား လက်မောင်းကို ဆွဲသည်။

သူ့စကားကို ကြားသောအခါ ဆာရာက ဒေါသအဟုန်ကို ပြန်သိမ်းကာ လက်တစ်ဖက်နှင့် ရှန့်ခယ်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

မထွက်သွားကြခင် ရှန့်ခယ်က သေခြင်းနတ်ဘုရားကို မျက်လုံးထောင့်စွန်းမှ တစ်ချက်ကြည့်သည်။ သေခြင်းနတ်ဘုရားက တောက်ပစွာ ပြုံးလျက်ရှိနေကာ သူ့အပြုံးကား အလွန့်အလွန် နတ်ဆိုးဆန်စွာ နှစ်လိုဖွယ်ကောင်းသည်။

ရှန့်ခယ်က တစ်စုံတစ်ခု ခပ်တိုးတိုး လှမ်းပြောသော်လည်း ဝေးသွားပြီဖြစ်ရာ အသံမှာ အပိုင်းအစသာ ဖြစ်ကျန်ခဲ့သည်။

"မင်း ကိုယ့်နယ်မြေထဲက ထွက်သွားခွင့် မရှိတော့ဘူး" ဆာရာက လျင်မြန်စွာ ထိုးသွင်းနေရင်း ဤသို့ ဆိုလာသည်။

"အင်း"

"သေခြင်းနတ်ဘုရားနဲ့ နှစ်ယောက်တည်း တွေ့ခွင့်မရှိတော့ဘူး"

"အင်း"

ဆာရာ့ထံမှ အမိန့်မှန်သမျှ ရှန့်ခယ် ခေါင်းညိတ်မိသည်။

ဆာရာက သူ့တုံ့ပြန်မှုကို ကြားရာ ရင်ထဲမှ ဝန်လေးမှုတို့ ပျောက်ကွယ်သွားလျက် အရှိန်လျှော့ပေးလိုက်သည်။ စစ်နတ်ဘုရားက သူ့ခန္ဓာကိုယ်အား ညင်သာစွာ နမ်းလာသည်။

ဘာကြောင့်မှန်းနားမလည်သော်ငြား ဤသူအား အရင်ကလည်း တစ်ကြိမ်မက ဆုံးရှုံးဖူးသည်ဟု ဆာရာခံစားရသည်။ ထို့ကြောင့် သူဘာပဲ လုပ်ရလုပ်ရ ဘယ်နည်းနှင့်မဆို ချစ်ရသူအား သူ့ဘေးတွင် အမြဲနေစေမည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။

_________________________________

Cover ပြောင်းထားတယ်နော် မတွေ့ကြမှာ စိုးလို့
( ̄▽ ̄)ノ

Two More Chapters to Go ပါ ပေပီတို့
( ノ^ω^)ノ゚

___________________________________

<Zawgyi>

ေသျခင္းနတ္ဘုရား၏ အဆင့္ႏွင့္ အေတြ႕အၾကဳံမ​်ားကို သာမာန္နတ္ဘုရားမ်ားႏွင့္ သြားယွဥ္လို႔မရေပ။ ထို႔ျပင္ သူသည္ လူသားမ်ိဳးႏြယ္စုတို႔၏ ကိုးကြယ္မႈကိုမလိုဘဲ နတ္စြမ္းအင္ရနိုင္ေသာ ရွားပါးနတ္ဘုရားတစ္ပါး ျဖစ္ေသးသည္။ သူ၏ စြမ္းအင္သည္ သက္ရွိသတၱဝါတို႔၏ ေသဆုံးျခင္းမွ လာသည္။ အားႀကီးေသာ စစ္နတ္ဘုရားသည္ေတာင္ ေသျခင္းနတ္ဘုရားကို ခ်ဳပ္ကိုင္လို႔ မရေပ။

ရွန္႔ခယ္ကေတာ့ ဤကဲ့သို႔ နတ္ဘုရားႀကီးတစ္ပါး၏ အကူအညီကို မလို။ မူလ မေကာင္းမႈနတ္ဘုရားကို အလင္းဘက္မွ စစ္ခ်ီႏွိမ္နင္းခဲ့စဥ္က ေသျခင္းနတ္ဘုရားက တစက္မွ ကူညီေပးဖို႔ ေပၚမလာခဲ့ေခ်။ သို႔ေသာ္ အခု မေကာင္းမႈနတ္ဘုရားႏွင့္ အလင္းဘက္မွ နတ္ဘုရားတို႔ ခ်စ္သြားၾကၿပီးဆိုမွ အလင္းဘက္ကို ေလးစားသမႈျပဳကာ ေရာက္ခ်လာခဲ့သည္။

ေသျခင္းနတ္ဘုရား ေရာက္ရွိလာမႈသတင္းသည္ အျခားနတ္ဘုရားမ်ားကိုပါ အံ့အားသင့္သြားေစခဲ့သည္။ ရွန္႔ခယ္အား အေမွာင္ဘက္ျခမ္းအတြင္း ခိုလႈံမႈမရွိသြားေစရန္  ဆာရာက ၿမိဳ႕ေတာ္အတြင္း စည္းခ်ထားခဲ့သည္။ သို႔ေသာ္ ထိုစည္းကား အေမွာင္နတ္ဘုရားမ်ားသာ တားေပးနိုင္တာျဖစ္ၿပီး အလင္းဘက္ျခမ္း မပါခဲ့ေပ။ မီး၊ ေရ၊ ေၿမ စေသာ နတ္ဘုရားမ်ားသည္ မေကာင္းမႈနတ္ဘုရား ရန္သူေတာ္မ်ားပီပီ မေကာင္းမႈနတ္ဘုရားကို အလင္းနယ္ေျမမွ ႏွင္ထုတ္ေပးရန္ စစ္နတ္ဘုရားကို တတြင္တြင္ ေတာင္းဆိုေနခဲ့ၾကသည္။

အျခားနတ္ဘုရားမ်ားက ဤအေျခအေနကို ျမင္ၾကေသာအခါ နေဝတိမ္ေတာင္ ျဖစ္ကုန္ၾက၏။ ဤသူသည္ အေမွာင္ဘက္ျခမ္းမွ နာမည္မရွိေသာ နတ္ဘုရားအေသးစားေလးသာ ျဖစ္သည္။ နတ္ဘုရားမ်ိဳးစုံကို မည္သို႔ ဆြဲထုတ္လာနိုင္လိုက္သနည္း? အလင္းႏွင့္ အေမွာင္က အျမဲ ပဋိပကၡမ်ား ရွိခဲ့ၾကေသာ္ျငား ခြင့္ျပဳခ်က္ရွိပါက စည္းမေဖာက္သေရြ႕ ႏွစ္ဖက္အတူ အလုပ္တြဲလုပ္နိုင္ၾကသည္။

ရွန္႔ခယ္က အေမွာင္စြမ္းအင္ရွိနတ္ဘုရားတစ္ပါး ျဖစ္ေသာ္လည္း အျမဲတမ္း စည္းကမ္းလိုက္နာ၍ လူသားမ်ားကို ေကာင္းမြန္စြာ ဆက္ဆံေပးကာ အျခား အလင္းနတ္ဘုရားမ်ားထက္ ပိုေတာင္ အျပစ္ကင္းစင္၍ ၾကင္နာတတ္သူတစ္ေယာက္ ျဖစ္သည္။ သို႔ေသာ္ ဤသို႔ အဆိပ္မရွိသည့္ နတ္ဘုရားငယ္ေလးသည္ စစ္နတ္ဘုရား၏ ေက်ာေထာက္ေနာက္ခံရထား႐ုံသာမက ေသျခင္းနတ္ဘုရားထံမွ အဖက္လုပ္ခံရသည့္အျပင္ အျခားႏွစ္ေထာင္ခ်ီ နတ္ဘုရားႀကီးမ်ားႏွင့္လည္း ရန္သူျဖစ္ေနေသးသည္။

အျပန္အလွန္ သိသမၽွ သြန္ခ်ေဆြးေႏြးၾကၿပီးေနာက္ ရွန္႔ခယ္၏ မူလဇာတ္႐ုပ္မွာ လူသိရွင္ၾကားျဖစ္သြားေတာ့သည္။ သူ ဘယ္သူလဲသိသြားၾကၿပီးေနာက္ အရင္က ရွန္႔ခယ္ကို ျပႆနာသြားရွာထားခဲ့ဖူးေသာ နတ္ဘုရားေလးမ်ားမွာ ေခၽြးေစးျပန္ကုန္ၾကသည္။ ဤသူကား လြန္ခဲ့ေသာ ႏွစ္တစ္ေထာင္ခန္႔က ကၽြန္းစုတစ္ျပင္လုံး ေသြးဖုံးလႊမ္းေစခဲ့သည့္ မေကာင္းမႈနတ္ဘုရား အူနိုးစ္မွ ဟုတ္ပါေလစ။ သူသည္ အႏၲာရယ္ရွိပုံ မေပါက္႐ုံသာမက ေပါေတာေတာေလးႏွင့္ ခ်စ္ဖို႔ေတာင္ ေကာင္းေနေသးသည္။ ထို႔ျပင္ သူသည္ သက္ေမြးဝမ္းေၾကာင္း ပညာရပ္မ်ားကို ကၽြမ္းက်င္ထားၿပီး ကန္းစ္ၿမိဳ႕ေတာ္၏ နာမည္ႀကီး ထုတ္ကုန္အမ်ားစုမွာ သူ၏ ကိုးကြယ္သူမ်ားထံမွ ထြက္တာျဖစ္သည္။

သ႐ုပ္မွန္ကို မသိခဲ့ၾကေသာ နတ္ဘုရားမ်ားသည္ ရွန္႔ခယ္အား ခ်စ္စရာရိုးစင္းေသာနတ္မွင္စာေလးဟု သတ္မွတ္ထားခဲ့ၾကသည္။ သို႔ေသာ္ သူ၏ မူလစြမ္းအင္မွာ ခ်စ္ဖို႔ မေကာင္းသည့္အျပင္ ေသြးဆာေနဟန္ရသည္။ ဒီ အရွင္မေကာင္းမႈနတ္ဘုရားက သ႐ုပ္ေဆာင္မေတာ္လြန္းဘူးလား? အလင္းနယ္နိမိတ္ထဲသို႔ ခမ္းနားေတာက္ပစြာ ဝင္လာရဲ႐ုံသာမက စစ္နတ္ဘုရား၏ ခ်ီးေျမႇာက္မႈကိုလည္း ခံထားရေသးသည္။ အေျပာမ်ားအရဆိုလၽွင္ ႏွစ္တစ္ေထာင္ခန္႔က မေကာင္းမႈနတ္ဘုရားကို စစ္နတ္ဘုရားက ခ်ိတ္ပိတ္ခဲ့သည္ျဖစ္ရာ ဥပေဒသက်က်ဆိုပါက ႏွစ္ဦးသားအာဃာတမေျပသည့္ ရန္သူမ်ား ျဖစ္ေနၾကရမွာ ျဖစ္သည္။ ဘယ္လိုအေၾကာင္းေၾကာင့္ ဤမၽွ အဆင္ေျပေနၾကရသနည္း။ မေကာင္းမႈနတ္ဘုရား၏ အိပ္ရာအတြင္းမွ အစြမ္းမ်ားက ေကာင္းကင္ကိုဆန္ၿပီး ေဖာက္ထြင္းနိုင္သည္အထိ ေကာင္းလြန္းသျဖင့္ စစ္နတ္ဘုရားေတာင္ လက္ေျမႇာက္လိုက္ရသည္ေလာ။

နတ္ဘုရားႀကီးမ်ားၾကားမွ ကိစၥမ်ားမွာ နတ္ဘုရားေလးမ်ားႏွင့္ သိပ္ေတာ့မဆိုင္။ ၎တို႔ကို ကိုးကြယ္သူမ်ား ရွိေနသေရြ႕ အသက္ရွင္ေနထိုင္နိုင္မွာ ျဖစ္သည္။ အဆိုးဆုံးအေျခအေနဆိုေတာင္ နတ္စြမ္းအင္မ်ား ထိခိုက္တာေလာက္ပဲ ရွိမည္။ မည္သို႔ပင္ျဖစ္ေစ အလင္းနတ္ဘုရားမ်ား၏ အေျဖကရွင္းသည္။ မေကာင္းမႈနတ္ဘုရားႏွင့္ ၎တို႔ၾကား စည္းခ်ကာ ဆက္ဆံဖို႔ အစီအစဥ္မရွိ။

တစ္ခ်ိန္တည္းမွာပင္ ရႈမ်ိဳးစုကဲ့သို႔ မေကာင္းမႈနတ္ဘုရားအား ကိုးကြယ္ခဲ့ၾကသူမ်ားမွာ ဖယ္ၾကဥ္ခံထားလာရသည္။ ၎တို႔ ကိုးကြယ္ပူေဇာ္ထားခဲ့ေသာ နတ္ဘုရားမွာ ဒ႑ာရီလာ မေကာင္းမႈနတ္ဘုရားျဖစ္ေနသည္ကို အံ့အားသင့္ကာ မယုံနိုင္ၾကေပ။ လူအမ်ားစု၏ ကိုးကြယ္မႈမွာ စတင္ပ်က္ျပယ္လာၾကသည္။ မေကာင္းေသာ အႀကံအစည္ရွိထားသူမ်ားဆိုလၽွင္ မေကာင္းနတ္ဘုရားဆီ ခ်က္ခ်င္းကိုးကြယ္လာၾကသည္။ ဤသို႔ကိုးကြယ္သူမ်ားကသာ ရွန္႔ခယ္ကို တကယ့္နတ္စြမ္းအင္ ေပးစြမ္းနိုင္ၾကသူမ်ား ျဖစ္သည္။ ၎တို႔ ရင္ထဲမွ မေကာင္းေသာ အႀကံအစည္မ်ား၊ ဆႏၵမ်ားကသာ မေကာင္းမႈနတ္ဘုရားတစ္ပါးအတြက္ အာဟာရျဖစ္သည္။

လအနည္းငယ္အတြင္းတြင္ ရွန္႔ခယ္၏ စြမ္းအင္မွာ ခ်ိနဲ႔မသြားသည့္အျပင္ ယခင္ႏွစ္မ်ားထက္ ပိုလို႔ေတာင္ တိုးတက္လာခဲ့သည္။ မေကာင္းမႈနတ္ဘုရား၏ စစ္မွန္ေသာ အရွိန္အဝါမွာလည္း တျဖည္းျဖည္းႏွင့္ သူ႔ခႏၶာကိုယ္တြင္ ေပၚထြက္လာခဲ့သည္။

ၿမိဳ႕ေတာ္အတြင္း ေသြးထြက္သံယိုျဖစ္မႈမ်ားလည္း ပိုတိုးပြားလာခဲ့သည္။ ရွန္႔ခယ္က ဘာဆိုဘာမၽွ မလုပ္ေသာ္ျငား မေကာင္းမႈနတ္ဘုရား၏ ျဖစ္တည္မႈစြမ္းအင္သည္ သာမာန္လူတို႔၏ ရန္လိုစိတ္ကို ပို၍ လႈံ႔ေဆာ္နိုင္ခဲ့သည္။ ရွန္႔ခယ္မွာ မူလမေကာင္းမႈနတ္ဘုရားသည္ ျပန္လည္ေမြးဖြားၿပီးတာေတာင္ ဘာေၾကာင့္ လူေတြကိုဖ်က္ဆီးသတ္ပစ္ခဲ့သည္ကို စတင္နားလည္လာၿပီျဖစ္သည္။ သူက မေျပာင္းလဲခ်င္တာမ်ိဳး မဟုတ္ပဲ သူ၏ နဂိုမူလစြမ္းအင္ေတြက ေရြးခ်ယ္စရာမေပးခဲ့ျခင္း ျဖစ္သည္။

ဤကမၻာႀကီးတြင္ အမွန္တကယ္ ေၾကာက္ဖို႔ေကာင္းသည္က မေကာင္းမႈနတ္ဘုရားမဟုတ္ေပ။ လူတို႔ႏွလုံးသားအတြင္းမွ ဆိုးယုတ္ေသာ ဆႏၵမ်ားျဖစ္သည္။ ၎တို႔ လိုအပ္သည္က မေကာင္းမႈနတ္ဘုရား၏ ေကာင္းခ်ီးေပးမႈမဟုတ္ပဲ တစ္ကိုယ္ေကာင္းဆန္ေသာ ဆႏၵမ်ားအတြက္ ရင္ထဲမွ အၾကမ္းတမ္းဆုံးမေကာင္းမႈနတ္ဘုရားကို အသုံးခ် အေကာင္အထည္ေဖာ္လိုျခင္း ျဖစ္သည္။

ရွန္႔ခယ္မွာ စြမ္းအင္နည္းနည္းေလးရဖို႔ ဒုကၡအႀကီးအက်ယ္ ခံစားရဖူးသည္။ သို႔ေသာ္ ယခုေတာ့ သူဘာမၽွေတာင္ မလုပ္ရပါဘဲ စြမ္းအင္ေတြက လၽွံတက္ေနၿပီျဖစ္သည္။ ဒါေၾကာင့္လည္း ရွန္႔ခယ္က သူ႔သ႐ုပ္အမွန္ကို ဖုံးထားခဲ့ျခင္းပင္။ လူေတြအတြက္ "မေကာင္းမႈနတ္ဘုရား" ဟူေသာ စကားလုံးမ်ားကပင္ အစြမ္းထက္ေသာ က်ိန္စာတစ္ခုျဖစ္သည္။

သို႔ေသာ္ ရွန္႔ခယ္က ဒါကို ဂ႐ုစိုက္မေန။ သူစိတ္ပူသည္က ရႈမ်ိဳးစု၏ သူ႔အေပၚသေဘာထားျဖစ္သည္။ ဤႏွစ္မ်ားအတြင္း သူတတ္နိုင္သေလာက္ ရႈမ်ိဳးစုအား ကာကြယ္ေစာင့္ေရွာက္ထားေပးခဲ့သည္။ သူ႔သ႐ုပ္မွန္က မေကာင္းမႈနတ္ဘုရားျဖစ္သည့္ တစ္ခ်က္ေၾကာင့္ပင္ သူေကာင္းခ်ီးေပးထားခဲ့ေသာ လူမ်ားမွာ သူ႔အား အရင္စြန္႔ခြာသြားခဲ့ၾကသည္။ တီမာမွ လြဲ၍ အျခားသူမ်ားမွာ သူႏွင့္ ခပ္ကင္းကင္းေနကာ ဘုရားေက်ာင္းတြင္း ေျခေတာင္မခ်ၾကေတာ့။

သူ႔ကို အံ့အားသင့္ေစတာက ယီတာမိုျဖစ္သည္။ အစမွ အဆုံးထိ တစ္ခ်ိန္လုံး သူ႔အေပၚ ယုံၾကည္မႈ မပ်က္ခဲ့။ မၾကာခဏ တီမာႏွင့္အတူ ဘုရားေက်ာင္းသို႔လာကာ ပူေဇာ္ေလ့ရွိသည္။

တစ္ခ်ိန္က ေပၚျပဴလာျဖစ္ခဲ့ေသာ အူနိုဘုရားေက်ာင္းမွာ လအနည္းငယ္အတြင္း ေျခာက္ကပ္ကာ လူရွင္းလင္းသြားခဲ့သည္။ မေကာင္းမႈနတ္ဘုရားအေနႏွင့္ ကိုးကြယ္ၾကသူမ်ားကလည္း ညဘက္မွသာ လာေရာက္ပူေဇာ္မႈျပဳၾကသည္။ ကိုးကြယ္သူ အေျပာင္းအလဲေၾကာင့္ မူလေနျခည္ျဖာခဲ့ေသာ အူနို၏ ဘုရားေက်ာင္းမွာ အေမွာင္တရား၏ ဘုရားေက်ာင္းတစ္ခု ျဖစ္လာခဲ့သည္။

"မင္းတို႔ မေကာင္းမႈ နတ္ဘုရား ယုံၾကည္သူေတြ ကန္းစ္ၿမိဳ႕ေတာ္က ထြက္သြားၾကစမ္း မင္းတို႔ကို လက္ခံမထားနိုင္ဘူး" ရႈမ်ိဳးစု အေရာင္းဆိုင္မ်ားမွာ ဖ်က္ဆီးျခင္း ခံၾကရကာ ကုန္ပစၥည္းမ်ားလည္း က်ိဳးေၾကသြားၾကကုန္သည္။

ရႈမိသားစုအား ရိုင္းျပစြာ ေမာင္းထုတ္ၾကၿပီး ကန္းစ္ၿမိဳ႕ေတာ္တြင္ ေနခြင့္မေပးၾက။ ရႈမ်ိဳးစုက ၿမိဳ႕ေတာ္အတြင္း ၎တို႔အတြက္ ေနစရာမရွိေတာ့မွန္းသိၾကရာ ျပႆနာမ်ားမွ ခဏာတာတိမ္းေရွာင္ရန္ ေရြ႕ေျပာင္းလိုက္ၾကသည္။

နတ္ဘုရားမ်ားၾကား ျပႆနာက လူသားတို႔ႏွင့္ မဆိုင္သျဖင့္ ေတာ္႐ုံ ဒီေလာက္မဆိုးေသာ္လည္း ေနာက္ကြယ္မွ ႀကိဳးကိုင္သူနတ္ဘုရားမ်ား ပါေနရာ အေျခအေနက ေျပာင္းလဲသြားေတာ့သည္။

"သက္ရွိေတြအေၾကာင္း ေခါင္းထဲ ထည့္ထားဖို႔ မလိုဘူး သူတို႔ကို ရန္ျဖစ္ဖို႔ မင္းခိုင္းထားတာမွမဟုတ္တာ" ဆာရာက သူႏွင့္အတူ ေန႔ညမျပတ္ အေဖာ္ျပဳေပးသည္။ ရွန္႔ခယ္က သူ႔အစြမ္းေတြထုတ္သုံးေနတာ မဟုတ္မွန္း ဆာရာ ရွင္းရွင္းလင္းလင္း သိထားၿပီးျဖစ္သည္။ မဟုတ္ပါက အေျခအေနက ဒီေလာက္အာ႐ုံစားစရာေလးနဲ႔ ရပ္သြားမွာ မဟုတ္။

သက္ရွိလူသားတို႔၏ ေလာကကား ၿငိမ္းခ်မ္းမႈအတိ ဘယ္ေတာ့မွမရွိ။ နတ္ဘုရားမ်ားက ေကာင္းခ်ီးမြမ္းမႈသာ ေပးနိုင္တာျဖစ္ၿပီး လူသားတို႔ လုပ္ရပ္မ်ားအေပၚ တာဝန္ယူ ေခါင္းခံမေပးနိုင္ေပ။

"အင္း" ရွန္႔ခယ္က စိတ္လုံးဝမပူသလို ေဖ်ာ့ေတာ့စြာ ျပဳံးျပသည္။

ဆာရာက သူတကယ္ စိတ္မပူဘူးဟု မွတ္ယူကာ အိပ္ရာထဲ တစ္ပြဲေလာက္ေတာင္ ႏုြဲလိုက္ေသးသည္။ ရွန္႔ခယ္ နိုးလာေသာအခါ ဆာရာခ်ထားေသာ စည္းကို ဖယ္ရွား၍ ေတာ္ဝင္ယီမ်ိဳးစုဆီ တစ္ေယာက္တည္း ထြက္သြားေတာ့သည္။

"အရွင္ ေသျခင္းနတ္ဘုရား ကၽြန္ေတာ္ ေမးခြန္းတစ္ခုေလာက္ေမးလို႔ရနိုင္မလား" ရွန္႔ခယ္က ဘယ္နားပုန္းေနမွန္းမသိေသာ ေသျခင္းနတ္ဘုရားကို ရွာဖို႔ပ်င္းရာကား ျမက္ခင္းေပၚလွဲ၍ လက္ကိုေခါင္းအုံးလုပ္ကာ ၾကယ္ေတြကို ေငးၾကည့္ရင္း ေျပာသည္။

"ဘာေမးခြန္းလဲ" တဖက္နတ္ဘုရား၏ အသံတြင္ သိလိုစိတ္အခ်ိဳ႕ ေရာႁပြန္းေန၏။

"ဘာလို႔ ကၽြန္ေတာ့္ဆီ ေရာက္လာခဲ့တာလဲ" ရွန္႔ခယ္က ေမးသည္ "ကၽြန​္ေတာ္ သိသေလာက္ေတာ့ ေသျခင္းနတ္ဘုရားက သူမ်ားကိစၥဝင္မပါတတ္ဘူး"

"တကယ္က ငါ သူမ်ားအလုပ္ဝင္ရႈပ္ရတာ အရမ္းႀကိဳက္တယ္"

႐ုတ္တရက္ သူ႔အနား ျမဴမႈန္မ်ားဆိုင္းထလာကာ ေသျခင္းနတ္ဘုရား၏ ႐ုပ္သြင္ ေပၚထြက္လာသည္။ သူက အနက္ေရာင္ဝတ္႐ုံျခဳံထားကာ ဆံႏြယ္ရွည္မ်ားက ျမဴႏွင္းအလားသ႑ာန္ရွိသည္။ ႏႈတ္ခမ္းပါးမ်ားက ၾကမ္းၾကဳတ္မည့္ဟန္ရွိကာ မ်က္ဆံမ်ားက မဲနက္၍ မ်က္အိမ္အျဖဴထည္ကို တစိမွမျမင္ရ။ သူ႔ပုံစံကား လူတစ္ေယာက္ကို အသူရာေခ်ာက္နက္ထဲ အခ်ိန္မေရြး ဆြဲခ်သြားေတာ့မလိုပင္။

မ်က္ဆံနက္မ်ားကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနၿပီးေနာက္ ရွန္႔ခယ္က ဤမ်က္လုံးမ်ားသည္ အထူးစီမံမႈေတြျပဳလုပ္ထားသလား ေတြးမိရေအာင္ တမူထူးျခားသည္ဟု ခံစားရသည္။

"မင္း ငါ့မ်က္လုံးေတြကို ႀကိဳက္လို႔လား" ေသျခင္းနတ္ဘုရားက ျပဳံးသည္။

"အင္း ေတာ္ေတာ္မိုက္တယ္" ရွန္႔ခယ္က ပြင္းလင္းစြာ ေျဖသည္။

ဆံပင္မ်ား ေလထဲလြင့္ကာ ဝတ္႐ုံႏွင့္ ပနံသင့္လ်က္ တဖက္နတ္ဘုရားက ေခါင္းငုံ႔ခ်လာသည္။

"မင္း သေဘာက်တယ္ဆိုရင္" သူ႔ အသံက ဆြဲေဆာင္မႈအျပည့္ပါသည္ "မင္းကိုလည္း ဒီလို မ်က္လုံးေတြ ရေအာင္ လုပ္ေပးလို႔ရတယ္"

ရွန္႔ခယ္ အေျဖမေပးရခင္ စကားဆက္သည္ "မင္းခႏၶာကိုယ္သာ ေပးရင္ေပါ့"

"....ခုနက စကားကို ျပန္ဆက္ၾကရေအာင္ ဘာလို႔ ကၽြန္ေတာ့္ဆီ လာခဲ့တာပါလဲ" ရွန္႔ခယ္က ေမးသည္။

ေသျခင္းနတ္ဘုရားက ႏွေျမာစရာဟူေသာ ဟန္ျဖင့္ မတ္တပ္ျပန္ထရပ္သည္ "ငါနဲ႔ တစ္ေယာက္ေယာက္နဲ႔ အေပးအယူလုပ္ထားတယ္"

"ဘယ္သူနဲ႔လဲ ဘာအေပးအယူလဲ"

"ဘယ္သူလဲဆိုတာေတာ့ ေျပာမရဘူးေလ ငါဆိုတဲ့ သူေတာင္ က်င့္ဝတ္ဆိုတာ ရွိရေသးတယ္" ေသျခင္းနတ္ဘုရားက ျပဳံးလ်က္ေျပာလာသည္ "ဒါေပမဲ့ အေပးအယူ အေသးစိတ္ကိုေတာ့ ေျပာျပေပးလို႔ရတယ္"

ရွန္႔ခယ္က ဂ႐ုတစိုက္ နားေထာင္သည္။

"သူက မင္းကို ခ်ိတ္ပိတ္ေပးတဲ့အတြက္ မင္းရဲ့ ကိုးကြယ္သူေတြအကုန္လုံး ငါ့ကိုေပးမယ္လို႔ ကတိျပဳထားတယ္"

"ဘာ?" ရွန္႔ခယ္က ေဒါသတႀကီး ျဖစ္ကာ ခုန္ထသည္ "သူ႔ကိုသူ ဘာထင္လို႔ ကၽြန္ေတာ့္ ကိုးကြယ္သူေတြကို ေလၽွာက္ေပးပစ္ရမွာလဲ"

ေသျခင္းနတ္ဘုရားက ရွန္႔ခယ္၏ တုံ႔ျပန္မႈအေပၚ ေက်နပ္သြားသည့္အလား ဝတ္႐ုံလက္ကို ခါကာ ေျပာသည္ "အလင္းနယ္ေျမထဲက နတ္ဘုရားေတြအကုန္ ေၾကာင္သူေတာ္ႂကြက္သူခိုးေတြခ်ည္းပဲ သူတို႔မ်က္လုံးထဲ လူသားေတြရဲ့ အသက္ရွင္ျခင္းနဲ႔ ေသျခင္းက ဘာတန္ဖိုးရွိမွာတဲ့လဲ"

"ေသျခင္းနတ္ဘုရားက အလင္းနတ္ဘုရားတစ္ပါးနဲ႔ ဘာလို႔ အေပးအယူလုပ္ရတာလဲ"

"နတ္ဘုရားပဲျဖစ္ျဖစ္ သက္ရွိလူသားပဲျဖစ္ျဖစ္ အလင္းျဖစ္ျဖစ္ အေမွာင္ျဖစ္ျဖစ္ ငါ့တာဝန္က ေသျခင္းတရားပဲ" သူက ရွန္႔ခယ္နားနား ေခါင္းငုံ႔ခ်ကာ ခပ္တိုးတိုး ေျပာသည္ "မင္းေသသြားခဲ့ရင္လည္း မင္းဝိဉာည္ကို ငါ ရိတ္သိမ္းရမွာပဲ"

"ဝိဉာည္နတ္ဘုရားေတြက မေသနိုင္ဘူး ဒါေပမဲ့" အသံက တဖက္ျခမ္းမွ ထြက္ေပၚလာသည္ "အေသြးသားရွိနတ္ဘုရားကေတာ့ ေသနိုင္တယ္..."

ရွန္႔ခယ္က သူ႔ကိုၾကည့္ၿပီး ေျပာလိုက္သည္ "ဒါဆို ကၽြန္ေတာ္နဲ႔လည္း အေပးအယူတစ္ခု လုပ္မယ္"

"ေအာ္?" ေသျခင္းနတ္ဘုရား မ်က္ႏွာထက္တြင္ စိတ္ဝင္စားမႈတစ္ခု ရွိေနသည္။

ႏွစ္ဦးသား ေဆြးေႏြးၿပီးေနာက္တြင္ ေလထုမွာ ဆူညံလာကာ ေနာက္စကၠန္႔ပိုင္းအတြင္း ဆာရာေပၚထြက္လာသည္။

"ၾကည့္ရတာ စစ္နတ္ဘုရားက ကၽြန္ေတာ္တို႔ရဲ့ အူနိုးစ္ကို အေတာ္ ခ်စ္ပုံပဲ" ေသျခင္းနတ္ဘုရားက ယဥ္ေက်းစြာ ျပဳံးျပသည္။

ဆာရာက ေအးစက္စြာ ေျပာသည္ "သူက ငါ့လူ"

တဖက္နတ္ဘုရားက လက္ျဖန္႔ျပကာ "ခင္ဗ်ား ဒီလို ေျပာတယ္ဆိုရင္ေတာင္ သူက အေမွာင္ျဒပ္ရွိတဲ့ နတ္ဘုရားဆိုတဲ့အခ်က္ကို ေျပာင္းမရနိုင္ဘူးေလ"

ဆာရာ၏ မ်က္ႏွာက တည္ၿငိမ္ေနေသာ္လည္း ကိုယ္အရွိန္အဝါကေတာ့ ရန္လိုဟန္ရွိကာ ျမဴထည္မ်ားမွာ သူ႔အနားတြင္ လွည့္ပတ္ေနသည္။

"ဆာရာ ျပန္ရေအာင္" ရွန္႔ခယ္က စစ္နတ္ဘုရား လက္ေမာင္းကို ဆြဲသည္။

သူ႔စကားကို ၾကားေသာအခါ ဆာရာက ေဒါသအဟုန္ကို ျပန္သိမ္းကာ လက္တစ္ဖက္ႏွင့္ ရွန္႔ခယ္ကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။

မထြက္သြားၾကခင္ ရွန္႔ခယ္က ေသျခင္းနတ္ဘုရားကို မ်က္လုံးေထာင့္စြန္းမွ တစ္ခ်က္ၾကည့္သည္။ ေသျခင္းနတ္ဘုရားက ေတာက္ပစြာ ျပဳံးလ်က္ရွိေနကာ သူ႔အျပဳံးကား အလြန္႔အလြန္ နတ္ဆိုးဆန္စြာ ႏွစ္လိုဖြယ္ေကာင္းသည္။

ရွန္႔ခယ္က တစ္စုံတစ္ခု ခပ္တိုးတိုး လွမ္းေျပာေသာ္လည္း ေဝးသြားၿပီျဖစ္ရာ အသံမွာ အပိုင္းအစသာ ျဖစ္က်န္ခဲ့သည္။

"မင္း ကိုယ့္နယ္ေျမထဲက ထြက္သြားခြင့္ မရွိေတာ့ဘူး" ဆာရာက လ်င္ျမန္စြာ ထိုးသြင္းေနရင္း ဤသို႔ ဆိုလာသည္။

"အင္း"

"ေသျခင္းနတ္ဘုရားနဲ႔ ႏွစ္ေယာက္တည္း ေတြ႕ခြင့္မရွိေတာ့ဘူး"

"အင္း"

ဆာရာ့ထံမွ အမိန္႔မွန္သမၽွ ရွန္႔ခယ္ ေခါင္းညိတ္မိသည္။

ဆာရာက သူ႔တုံ႔ျပန္မႈကို ၾကားရာ ရင္ထဲမွ ဝန္ေလးမႈတို႔ ေပ်ာက္ကြယ္သြားလ်က္ အရွိန္ေလၽွာ့ေပးလိုက္သည္။ စစ္နတ္ဘုရားက သူ႔ခႏၶာကိုယ္အား ညင္သာစြာ နမ္းလာသည္။

ဘာေၾကာင့္မွန္းနားမလည္ေသာ္ျငား ဤသူအား အရင္ကလည္း တစ္ႀကိမ္မက ဆုံးရႈံးဖူးသည္ဟု ဆာရာခံစားရသည္။ ထို႔ေၾကာင့္ သူဘာပဲ လုပ္ရလုပ္ရ ဘယ္နည္းႏွင့္မဆို ခ်စ္ရသူအား သူ႔ေဘးတြင္ အျမဲေနေစမည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္မိသည္။

_________________________________

Cover ေျပာင္းထားတယ္ေနာ္ မေတြ႕ၾကမွာ စိုးလို႔
( ̄▽ ̄)ノ

Two More Chapters to Go ပါ ေပပီတို႔
( ノ^ω^)ノ゚

Continue Reading

You'll Also Like

4.4K 562 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...
274K 22.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
2.6K 285 12
"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ...