For Unicode
ပုံဆွဲသင်တာ တစ်နာရီကြာပြီ .. ခုချိန်ထိ မျဥ်းကွေးကိုမဆွဲနိုင်သေးသော ထိုကလေးကို သူ ဩချနေရပြီ... သက်သက်လုပ်နေတာမှန်းသိနေပေမဲ့ သေချာဆွဲပြနေတာက သက်သေတစ်ခုမို့ ဘယ်အပေါက်ကဆူရမလဲ သူမသိ ....
ပျင်းရိကာ သမ်းဝေလာသူက နောက်ဆုံးတော့ သူပဲ ဖြစ်သည်... လုပ်စရာလည်းမရှိသလို အချိန်ကလည်း သူ့မှာပိုနေတာလေ ...
အိမ်မှာ လည်း သူမနေချင်... ရှောင်းမာမားက သူ့ကိုမျက်စိဒေါက်ထောက်ကြည့်ကာ စူ့မျက်နှာကို အိုးမည်းသုတ်သည်သာ ထိုင်ပြောနေတတ်သည့်အပြင် အချိန်ရှိသရွေ့ ယွီအာကို ပြန်ခေါ်လာဖို့ပဲ ဂျီကျနေတတ်သည်.. မာမားက သူနဲ့ယွီအာ စကားများကာ ခဏပြတ်ဆဲသည်ဟုသာ ထင်နေသည်လေ...
သူ တဖြည်းဖြည်း ငိုက်လာနေတာ သူခံစားမိနေပေမဲ့ ... ဘယ်လိုလုပ်မလဲ .. သူက နေရောင်နွေးနွေးအောက်မှာ ဘာမှလုပ်စရာမရှိတဲ့အချိန်ဆို ကြောင်ကလေးလို ကွေးပြီး အိပ်နေရတာကို ကြိုက်တဲ့လူလေ ...
ဝရံတာကနေ ဝင်နေတဲ့ နေရောင်က တစ်ခုတည်းသောဆိုဖာကိုမှီနေတဲ့ သူ့ဆီ တိုက်ရိုက်ဖြာကျနေတယ်... ပြီးတော့ သူ အိပ်ပျော်သွားတယ်..
အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေမှာ သူ့ရင်ခွင်က နွေးထွေးနေသလိုပဲ ... ပြီးတော့လေးလံတယ်လို့ ခံစားရတယ် ..
ဒါပေမဲ့ တကယ်တမ်း သူ့မျက်လုံးကို ဖွင့်ကြည့်မိတဲ့အခါ သူဟာ ဆိုဖာကို မှီရင်း အိပ်ပျော်နေခဲ့ရုံပဲ .. သူထင်နေသလို ကြောင်တစ်ကောင်ကို ပိုက်ထွေးထားခဲ့တာမဟုတ်ဘူး ... ဘာလို့ဆို ဒီကလေးရဲ့အဆောင်ခန်းမှာ ကြောင်မှမမွေးထားတာ...
" LaoXiao ဒီမှာလာကြည့် "
သူထိုကလေးနား သွားလိုက်တယ် ... မဆိုးပါဘူး .. မျဥ်းကွေးတွေသုံးပြီး မျက်နှာတစ်ခု ဖြစ်လာအောင်ထိ ဆွဲတတ်နေပြီပဲ ... မျက်နှာက သူ့မျက်နှာများလား...
" ဒီမှဲ့က ?? "
နှုတ်ခမ်းအောက်နားက သက်သက်ထည့်ထားဟန်တူသော အနက်ရောက် အစက်ကလေး .. မျက်နှာက တူမနေပေမဲ့ နှုတ်ခမ်းနဲ့ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးကတော့ ဒါက သူလို့ သက်သေပြနေတာနဲ့ အတူတူပဲ မလားလေ ...
" Lao Xiao "
" အင်း "
" ပန်းချီကို ကျနော်စိတ်မဝင်စားပေမဲ့ အတတ်နိုင်ဆုံးသင်ပါ့မယ် ... "
" ဪ "
သူသက်ပြင်းချကာ သူ့ပစ္စည်းလေးတွေကောက်သိမ်းနေမိသည်... ထမင်းစားချိန်ရောက်ပြီလေ ... ပိတ်ရက်တွေဆို အိမ်မှာ ထမင်းပြန်စားမှကြိုက်တတ်သော ရှောင်းမားမားဆီ သူပြန်ရဦးမည်လေ ..
" Lao Xiao ပုံလေးတော့ ဆွဲတတ်ချင်လို့ "
သူ့လက်ထဲက စုတ်တံတွေထည့်တဲ့ သစ်သားဘူးလေးက လွတ်ကျသွားတယ် ... ကလေးငယ်က သူပြုတ်ကျသွားတဲ့ သစ်သားဘူးလေးကိုကောက်ကာ သူ့လွယ်အိတ်ထဲထည့်ပေးတယ် ... ပြီးတော့ ဇစ်တောင်ပိတ်ပေးလိုက်သေးတယ် ...
" ကျနော်က နေ့လည်စာလေးတော့ ကျွေးလိုက်ချင်တာ ... "
သူ့ကိုမေးနေတာမဟုတ်ပဲ တစ်ယောက်တည်း ရေရွတ်နေသော ကောင်လေးရဲ့ ဆံပင်ပြာပြာတို့ကို သူဖွမိတော့ သူ့ကို အံ့ဩသလို ကြည့်လာသည်...
" နောက်မှပေါ့ "
" Lao Xiao "
" အေး "
ဖိနပ်ထိုင်စီးနေသော သူ့ကိုနောက်ကနေ လှမ်းခေါ်တော့ ထူးမိပြန်သည်... သို့ပေမဲ့ ထပ်မပြောတော့သော ကလေးငယ်ကြောင့် ဖိနပ်ကြိုးချည်နေသော သူ့လက်တွေက ခဏတုန့်သွားပြန်သည်...
" ပြောလေ "
" မနက်ဖြန်ရော လာမှာလား "
" အားလို့လား "
" ကျနော် ညနေအားတယ် .. ဆိုင်က မနက်ဘက်နဲ့ညဘက်ပဲ သွားရမှာ "
" ကိုယ်အားရင်လာခဲ့မယ် .... ခုကိုယ်ပြန်တာနဲ့ ထမင်းစားတော့ နော် "
အဆုံးသတ် နော် ဟူသော အသုံးအနှုန်းက သူ့အနေနဲ့ ယွီအာကိုတောင် မသုံးဖူးခဲ့ ... သူတော့ ဒီကလေးကို တကယ် ....
" ဟုတ် "
သူထွက်သွားသည်အထိ ကြည့်နေခဲ့သော ကောင်လေးက တံခါးပိတ်သွားပြီးတဲ့နောက်
" Yes !! "
ဟု အားရပါးရ အော်လိုက်သံကို အခန်းရှေ့ကနေ တစ်လှမ်းမှမရွှေ့ရသော သူက မရည်ရွယ်ပါပဲ ကြားလိုက်ရပြန်ပါသေးသည်...
သူရယ်နေမိပြန်တာလား ... ဒီကလေး သူ့အပေါ် ဘယ်လိုတွေ တိမ်းညွတ်နေသလဲ သူမြင်နေရက်သားနဲ့ ထိန်းမယ်မရှိပဲ သူကပါ အလိုတူအလိုပါ ပြုံးနေမိတာတဲ့လား ...
" ရှက်ဖို့ကောင်းနေပြီ Xiao Zhan ရာ ... ညီလေးကိုမှ "
ကိုယ်ပါးကို တစ်ချက် ခပ်ဆတ်ဆတ်ရိုက်လိုက်မိပြီးမှ ထိုအခန်းရှေ့ကသူထွက်လာခဲ့တော့သည်...
........
" ဘယ်ကပြန်လာတာလဲ သား "
ရုံးပိတ်ရက်မို့ အိမ်မှာ ရှိနေသော ပါးကလှမ်းမေးသည်... ပါးရှိနေတယ်ဆိုတော့ မဆိုးဘူးပဲ ... သူ့အနေနဲ့ မာမားဆီက သိပ်အပြောခံရမှာမဟုတ်တော့ဘူး ...
" ပန်းချီသွားပြပေးတာ "
" ဝမ်ကလေးလား "
" ဟုတ် "
မာမားက မီးဖိုချောင်ဘက်က ထွက်လာကာ သူ့ကိုမြင်တာနဲ့ နှာခေါင်းကြီးရှုံ့ပြသည်... ပုံမှန်ချိန်ဆို သူလည်း ရှုံ့ပြမိမှာပဲ .... ဒါပေမဲ့ အဲ့လိုလုပ်ပြလိုက်လို့ ပြေလည်သွားမှာ မဟုတ်တာသိနေတော့လည်း....
" ထမင်းစားရအောင် အစ်ကို "
" သားကိုဘာလို့မခေါ်တာလဲ "
" စေတနာမရှိလို့ အစ်ကိုရေ့ "
ပါပါးက မာမားရဲ့အပြောကြောင့် ရယ်လိုက်တယ် ...ပြီးတော့ မာမားရဲ့ ပုခုံးလေးကို ဖွဖွလေးပုတ်ကာ မီးဖိုခန်းဆီခေါ်သွားတယ် ...
သူကတော့ ကျောပိုးအိတ်လေးကို ဆိုဖာပေါ်ပစ်ချခဲ့ပြီး အနောက်ကနေ အသာအယာ လိုက်သွားလိုက်သည် ... မလိုက်လာပြန်ရင်လည်း ရှောင်းမားမားက သူ့ကို ရွဲ့ရကောင်းလားဆိုပြီး ဆူဦးမှာလေ .. ဗိုက်ဝခံပြီးသာ မျက်နှာ အညိုခံမဲ့သူပါလေ ....
" သားက အရွယ်ရောက်နေပြီလေကွာ သူလည်း သူအဆင်မပြေလို့ အဲ့လို ဆုံးဖြတ်လိုက်တာနေမှာပေါ့ ... ကိုယ်တို့က သားရဲ့စိတ်ကိုလည်း ထည့်တွက်ရမယ်လေ ... သူကိုယ်တိုင်ဆုံးဖြတ်နိုင်နေပါပြီ မိန်းမရယ် ... မင်းသားက ကလေးမဟုတ်တော့ပါဘူးကွ "
ထမင်းပန်းကန်ထဲ ထမင်းခူးခပ်ပေးတော့မဲ့ မာမားရဲ့လက်ထဲက ထမင်းအုပ်ကို သူဆွဲယူကာ ခူးပေးလိုက်တယ် ... မားက ဘာမှမပြောပဲ ထိုင်ခုံမှာ ထိုင်တယ် ...
ပြီးတော့မှ ...
" မိန်းကလေးဘက်က ဖြတ်တယ်ဆို ဟုတ်သေးတယ် ... အခုက အစ်ကို့သားကိုယ်တိုင် ဟိုဘက်မိသားစုကို ဖုန်းဆက်ပြီးပြောလိုက်တာတဲ့ ... ညီမ ဘယ်လောက် မျက်နှာ ပူရမလဲ အစ်ကိုတွေးကြည့်ပါလား ... ဟိုဘက်က ဘာမှမပြောလို့သာပေါ့ ... မဟုတ်ရင် ညီမတော့ ဆွေတွေမျိုးတွေ ကြားထဲ သွားရဲတော့မှာ မဟုတ်ဘူးရှင့် "
မားက ပြောပြီးတာနဲ့ ရေတစ်ခွက်လုံးကုန်အောင်သောက်ချလိုက်တယ် ...
" သားရဲ့ဆုံးဖြတ်ချက်ကို ကိုယ်တို့ကလည်း အလေးထားပေးဖို့လိုတယ်လေ ... သားရဲ့စိတ်ကို ကိုယ်တို့မှ နားမလည်ပေးရင် ဘယ်သူကနားလည်ပေးမှာလဲ မိန်းမရဲ့ဆွေမျိုးတွေကလား ... အဲ့ဒီဆွေမျိုးတွေက နဂိုကတည်းက အဲ့လို အပြစ်တင်တတ်တဲ့ လူတွေလေကွာ "
ပါပါးက မာမားကို နားဝင်အောင် ပြောနေတာကို သူကြည့်ရင်း ပါပါးလိုလူတစ်ယောက် ဖြစ်ချင်လာတယ်... ပါပါးက သူ့ကို နားလည်ပေးနိုင်တဲ့လူလို့ သူယုံကြည်လာတယ်....
" ဒါပေမဲ့ .. "
" ထမင်းစားကြရအောင် ကိုယ်ဗိုက်ဆာနေပြီ ... သားလည်းဆာနေပြီမလား ... ရော့ သားမာမားက သားအတွက် ချက်ပေးထားတာ အကုန်စားပစ်သား "
" အို ဘယ်သူက သူ့အတွက်လို့ပြောလို့လဲ "
" အိုက်ယား မားကလည်း ဒီတစ်အိမ်လုံးမှာ ကြက်ချဥ်စပ်စားတာ သားတစ်ယောက်ပဲရှိတာကို ... အရမ်းချစ်တယ်နော် မား "
" တော်ကွယ် "
မာမားက ခုမှ ပြုံးတော့တယ် ... ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ် ... သူ့ကိုလည်း ယုံကြည်ရင်းပေါ့ ...
ကြက်ချဥ်စပ်တစ်ပန်းကန်လုံးကို တစ်ယောက်တည်း ထိုင်စားနေပြီးမှ အာရုံက တစ်နေရာရောက်သွားပြန်တယ် ... ဒီကလေး ထမင်းကိုဘာဟင်းနဲ့စားမှာပါလိမ့် ...
ဪ လူတွေများ .. အစားကောင်းစားရရင်ဖြင့် ...
................
တစ်လကျော်လွန်ပြီးနောက်......
" ဝေ "
ကုတင်ဘောင်ပေါ် တင်ထားတဲ့ဖုန်းက တုန်ခါမှုနဲ့အတူ ပြုတ်ကျလာကာ သူ့မျက်နှာပေါ် ဂွက်ခနဲ..
" ဝေ Lao Xiao လား "
" အင်း ဘယ်သူ .. "
" ကျနော်ပါ Yibo "
မပွင့်တဲ့မျက်လုံးကို အသည်းအသန်ဖွင့်ရတယ် ... ခေါင်းကထိုးကိုက်နေတာမို့ အမြင်အာရုံက နှစ်ထပ်တွေဖြစ်လို့နေတယ် ... မျက်ကပ်မှန်ချွတ်ထားတာမို့ မျက်မှန်ကိုလည်း ဆွဲတပ်မနေချင်တော့ ...
" အင်း .... ပြော "
ခြောက်ကပ်နေတဲ့ လည်ချောင်းတွေက သူ့အတွက်အသံထွက်ရမှာတောင် ခပ်လန့်လန့်ပဲ ...
" ဒီနေ့ လာမှာလားလို့ မေးကြည့်တာပါ ဟို ... "
" ကိုယ် မလာဖြစ် .. အဟွတ် အဟွတ် "
ယားယံလာတဲ့လည်ချောင်းနဲ့အတူ ချောင်းဆိုးမိတာက သူ့လည်ချောင်းထဲမှာ မီးပွင့်သွားသလိုပဲ...
" နေမကောင်းဘူးလား တောင်းပန်ပါတယ် ကျနော်မသိလို့ပါ ... "
" ရတယ် .. ခဏနော် "
ရေကျက်အေးတွေထည့်ထားတဲ့ ကရားထဲကနေ ရေတစ်ငုံ ငုံကာ အသာမျိုချရတယ် ... မနေ့က ကျောင်းကပြန်လာတုန်းကအကောင်း ညဘက်မှာ သူဘယ်လိုကနေဘယ်လို အအေးမိကာ ဖျားသွားရသလဲ မသိတော့ပါလေ ...
" သက်သာရဲ့လား ဖျားတာလားဟင် "
speaker ဖွင့်မထားတဲ့ ဖုန်းထဲက အသံက စူးကာဝင်လာတဲ့အထိပဲ ... အာ ဒီကလေး သူ့ကို စိတ်ပူနေတာလား ...
" ရပါတယ် ကိုယ်ဆေးသောက်ထားပြီးသား အိမ်မှာ မားရောပါးရော အားလုံးရှိတယ်လေ "
" ဪ "
ပြောမိပြီးမှ သူမပြောသင့်ဘူးလား ဆိုပြီး တွေဝေသွားရပြန်သည်... ကလေးငယ်က မိဘတွေအနားမှာ မရှိပဲ နေခဲ့ရတာလေ .... သူကတော့ မိစုံဖစုံနဲ့ ဂရုစိုက်မဲ့သူနဲ့ဆိုတော့ ....
" ဟို ကိုယ်ပြောချင်တာက .. "
" ကျနော်သိပါတယ် Geရဲ့ ဒါဆို ကျနော် ဖုန်းချလိုက်တော့မယ်နော် "
" Yibo ... "
ဖုန်းချတော့မယ်ဆိုတဲ့အသံထဲမှာ သက်သက်မဲ့စိတ်ပူမိလေခြင်းဆိုတဲ့ ဝမ်းနည်းမှုတွေ သူဖမ်းလို့ရလိုက်တာမို့ နာမည်ကိုသာ အသည်းအသန်ခေါ်မိတယ် ...
" ဟုတ် "
" ကိုယ့်ကို လူနာသတင်းလာမေးပါလား "
" အဲ့လို ရတာလား "
" အင်း လာရင် ပဲနို့ဘူးကြီးတစ်ဘူး ဆွဲခဲ့ပေး "
" ရတာပေါ့ ရတယ် .. ဟို .. "
" ခုလာချင်လည်း ရတယ် "
" အမ် "
ကြောင်အနေဆဲ အသံတစ်ခုကိုကြားရအပြီးမှာ ဖုန်းချပစ်လိုက်တော့သည်... ဒီလောက်ဆို အဲ့ကလေးက ဝမ်းမနည်းလောက်တော့ဘူးမလား ...
..........
For Zawgyi
ပံုဆြဲသင္တာ တစ္နာရီၾကာၿပီ .. ခုခ်ိန္ထိ မ်ဥ္းေကြးကိုမဆြဲႏိုင္ေသးေသာ ထိုကေလးကို သူ ၾသခ်ေနရၿပီ... သက္သက္လုပ္ေနတာမွန္းသိေနေပမဲ့ ေသခ်ာဆြဲျပေနတာက သက္ေသတစ္ခုမို႔ ဘယ္အေပါက္ကဆူရမလဲ သူမသိ ....
ပ်င္းရိကာ သမ္းေဝလာသူက ေနာက္ဆံုးေတာ့ သူပဲ ျဖစ္သည္... လုပ္စရာလည္းမရိွသလို အခ်ိန္ကလည္း သူ႔မွာပိုေနတာေလ ...
အိမ္မွာ လည္း သူမေနခ်င္... ေရွာင္းမာမားက သူ႔ကိုမ်က္စိေဒါက္ေထာက္ၾကည့္ကာ စူ႔မ်က္ႏွာကို အိုးမည္းသုတ္သည္သာ ထိုင္ေျပာေနတတ္သည့္အျပင္ အခ်ိန္ရိွသေရြ့ ယြီအာကို ျပန္ေခၚလာဖို႔ပဲ ဂ်ီက်ေနတတ္သည္.. မာမားက သူနဲ႔ယြီအာ စကားမ်ားကာ ခဏျပတ္ဆဲသည္ဟုသာ ထင္ေနသည္ေလ...
သူ တျဖည္းျဖည္း ငိုက္လာေနတာ သူခံစားမိေနေပမဲ့ ... ဘယ္လိုလုပ္မလဲ .. သူက ေနေရာင္ေနြးေနြးေအာက္မွာ ဘာမွလုပ္စရာမရိွတဲ့အခ်ိန္ဆို ေၾကာင္ကေလးလို ေကြးၿပီး အိပ္ေနရတာကို ႀကိဳက္တဲ့လူေလ ...
ဝရံတာကေန ဝင္ေနတဲ့ ေနေရာင္က တစ္ခုတည္းေသာဆိုဖာကိုမွီေနတဲ့ သူ႔ဆီ တိုက္ရိုက္ျဖာက်ေနတယ္... ၿပီးေတာ့ သူ အိပ္ေပ်ာ္သြားတယ္..
အိပ္တစ္ဝက္ႏိုးတစ္ဝက္ အေျခအေနမွာ သူ႔ရင္ခြင္က ေနြးေထြးေနသလိုပဲ ... ၿပီးေတာ့ေလးလံတယ္လို႔ ခံစားရတယ္ ..
ဒါေပမဲ့ တကယ္တမ္း သူ႔မ်က္လံုးကို ဖြင့္ၾကည့္မိတဲ့အခါ သူဟာ ဆိုဖာကို မွီရင္း အိပ္ေပ်ာ္ေနခဲ့ရံုပဲ .. သူထင္ေနသလို ေၾကာင္တစ္ေကာင္ကို ပိုက္ေထြးထားခဲ့တာမဟုတ္ဘူး ... ဘာလို႔ဆို ဒီကေလးရဲ့အေဆာင္ခန္းမွာ ေၾကာင္မွမေမြးထားတာ...
" LaoXiao ဒီမွာလာၾကည့္ "
သူထိုကေလးနား သြားလိုက္တယ္ ... မဆိုးပါဘူး .. မ်ဥ္းေကြးေတြသံုးၿပီး မ်က္ႏွာတစ္ခု ျဖစ္လာေအာင္ထိ ဆြဲတတ္ေနၿပီပဲ ... မ်က္ႏွာက သူ႔မ်က္ႏွာမ်ားလား...
" ဒီမွဲ႔က ?? "
ႏႈတ္ခမ္းေအာက္နားက သက္သက္ထည့္ထားဟန္တူေသာ အနက္ေရာက္ အစက္ကေလး .. မ်က္ႏွာက တူမေနေပမဲ့ ႏႈတ္ခမ္းနဲ႔ ႏႈတ္ခမ္းေအာက္က မွဲ႔နက္ကေလးကေတာ့ ဒါက သူလို႔ သက္ေသျပေနတာနဲ႔ အတူတူပဲ မလားေလ ...
" Lao Xiao "
" အင္း "
" ပန္းခ်ီကို က်ေနာ္စိတ္မဝင္စားေပမဲ့ အတတ္ႏိုင္ဆံုးသင္ပါ့မယ္ ... "
" ေၾသာ္ "
သူသက္ျပင္းခ်ကာ သူ႔ပစၥည္းေလးေတြေကာက္သိမ္းေနမိသည္... ထမင္းစားခ်ိန္ေရာက္ၿပီေလ ... ပိတ္ရက္ေတြဆို အိမ္မွာ ထမင္းျပန္စားမွႀကိဳက္တတ္ေသာ ေရွာင္းမားမားဆီ သူျပန္ရၪီးမည္ေလ ..
" Lao Xiao ပံုေလးေတာ့ ဆြဲတတ္ခ်င္လို႔ "
သူ႔လက္ထဲက စုတ္တံေတြထည့္တဲ့ သစ္သားဘူးေလးက လြတ္က်သြားတယ္ ... ကေလးငယ္က သူျပဳတ္က်သြားတဲ့ သစ္သားဘူးေလးကိုေကာက္ကာ သူ႔လြယ္အိတ္ထဲထည့္ေပးတယ္ ... ၿပီးေတာ့ ဇစ္ေတာင္ပိတ္ေပးလိုက္ေသးတယ္ ...
" က်ေနာ္က ေန့လည္စာေလးေတာ့ ေကြၽးလိုက္ခ်င္တာ ... "
သူ႔ကိုေမးေနတာမဟုတ္ပဲ တစ္ေယာက္တည္း ေရရြတ္ေနေသာ ေကာင္ေလးရဲ့ ဆံပင္ျပာျပာတို႔ကို သူဖြမိေတာ့ သူ႔ကို အံ့ၾသသလို ၾကည့္လာသည္...
" ေနာက္မွေပါ့ "
" Lao Xiao "
" ေအး "
ဖိနပ္ထိုင္စီးေနေသာ သူ႔ကိုေနာက္ကေန လွမ္းေခၚေတာ့ ထူးမိျပန္သည္... သို႔ေပမဲ့ ထပ္မေျပာေတာ့ေသာ ကေလးငယ္ေၾကာင့္ ဖိနပ္ႀကိဳးခ်ည္ေနေသာ သူ႔လက္ေတြက ခဏတုန္႔သြားျပန္သည္...
" ေျပာေလ "
" မနက္ျဖန္ေရာ လာမွာလား "
" အားလို႔လား "
" က်ေနာ္ ညေနအားတယ္ .. ဆိုင္က မနက္ဘက္နဲ႔ညဘက္ပဲ သြားရမွာ "
" ကိုယ္အားရင္လာခဲ့မယ္ .... ခုကိုယ္ျပန္တာနဲ႔ ထမင္းစားေတာ့ ေနာ္ "
အဆံုးသတ္ ေနာ္ ဟူေသာ အသံုးအႏႈန္းက သူ႔အေနနဲ႔ ယြီအာကိုေတာင္ မသံုးဖူးခဲ့ ... သူေတာ့ ဒီကေလးကို တကယ္ ....
" ဟုတ္ "
သူထြက္သြားသည္အထိ ၾကည့္ေနခဲ့ေသာ ေကာင္ေလးက တံခါးပိတ္သြားၿပီးတဲ့ေနာက္
" Yes !! "
ဟု အားရပါးရ ေအာ္လိုက္သံကို အခန္းေရ႔ွကေန တစ္လွမ္းမွမေရႊ့ရေသာ သူက မရည္ရြယ္ပါပဲ ၾကားလိုက္ရျပန္ပါေသးသည္...
သူရယ္ေနမိျပန္တာလား ... ဒီကေလး သူ႔အေပၚ ဘယ္လိုေတြ တိမ္းၫြတ္ေနသလဲ သူျမင္ေနရက္သားနဲ႔ ထိန္းမယ္မရိွပဲ သူကပါ အလိုတူအလိုပါ ၿပံဳးေနမိတာတဲ့လား ...
" ရွက္ဖို႔ေကာင္းေနၿပီ Xiao Zhan ရာ ... ညီေလးကိုမွ "
ကိုယ္ပါးကို တစ္ခ်က္ ခပ္ဆတ္ဆတ္ရိုက္လိုက္မိၿပီးမွ ထိုအခန္းေရ႔ွကသူထြက္လာခဲ့ေတာ့သည္...
........
" ဘယ္ကျပန္လာတာလဲ သား "
ရံုးပိတ္ရက္မို႔ အိမ္မွာ ရိွေနေသာ ပါးကလွမ္းေမးသည္... ပါးရိွေနတယ္ဆိုေတာ့ မဆိုးဘူးပဲ ... သူ႔အေနနဲ႔ မာမားဆီက သိပ္အေျပာခံရမွာမဟုတ္ေတာ့ဘူး ...
" ပန္းခ်ီသြားျပေပးတာ "
" ဝမ္ကေလးလား "
" ဟုတ္ "
မာမားက မီးဖိုေခ်ာင္ဘက္က ထြက္လာကာ သူ႔ကိုျမင္တာနဲ႔ ႏွာေခါင္းႀကီးရႈံ႔ျပသည္... ပံုမွန္ခ်ိန္ဆို သူလည္း ရႈံ႔ျပမိမွာပဲ .... ဒါေပမဲ့ အဲ့လိုလုပ္ျပလိုက္လို႔ ေျပလည္သြားမွာ မဟုတ္တာသိေနေတာ့လည္း....
" ထမင္းစားရေအာင္ အစ္ကို "
" သားကိုဘာလို႔မေခၚတာလဲ "
" ေစတနာမရိွလို႔ အစ္ကိုေရ့ "
ပါပါးက မာမားရဲ့အေျပာေၾကာင့္ ရယ္လိုက္တယ္ ...ၿပီးေတာ့ မာမားရဲ့ ပုခံုးေလးကို ဖြဖြေလးပုတ္ကာ မီးဖိုခန္းဆီေခၚသြားတယ္ ...
သူကေတာ့ ေက်ာပိုးအိတ္ေလးကို ဆိုဖာေပၚပစ္ခ်ခဲ့ၿပီး အေနာက္ကေန အသာအယာ လိုက္သြားလိုက္သည္ ... မလိုက္လာျပန္ရင္လည္း ေရွာင္းမားမားက သူ႔ကို ရြဲ႔ရေကာင္းလားဆိုၿပီး ဆူၪီးမွာေလ .. ဗိုက္ဝခံၿပီးသာ မ်က္ႏွာ အညိုခံမဲ့သူပါေလ ....
" သားက အရြယ္ေရာက္ေနၿပီေလကြာ သူလည္း သူအဆင္မေျပလို႔ အဲ့လို ဆံုးျဖတ္လိုက္တာေနမွာေပါ့ ... ကိုယ္တို႔က သားရဲ့စိတ္ကိုလည္း ထည့္တြက္ရမယ္ေလ ... သူကိုယ္တိုင္ဆံုးျဖတ္ႏိုင္ေနပါၿပီ မိန္းမရယ္ ... မင္းသားက ကေလးမဟုတ္ေတာ့ပါဘူးကြ "
ထမင္းပန္းကန္ထဲ ထမင္းခူးခပ္ေပးေတာ့မဲ့ မာမားရဲ့လက္ထဲက ထမင္းအုပ္ကို သူဆြဲယူကာ ခူးေပးလိုက္တယ္ ... မားက ဘာမွမေျပာပဲ ထိုင္ခံုမွာ ထိုင္တယ္ ...
ၿပီးေတာ့မွ ...
" မိန္းကေလးဘက္က ျဖတ္တယ္ဆို ဟုတ္ေသးတယ္ ... အခုက အစ္ကို႔သားကိုယ္တိုင္ ဟိုဘက္မိသားစုကို ဖုန္းဆက္ၿပီးေျပာလိုက္တာတဲ့ ... ညီမ ဘယ္ေလာက္ မ်က္ႏွာ ပူရမလဲ အစ္ကိုေတြးၾကည့္ပါလား ... ဟိုဘက္က ဘာမွမေျပာလို႔သာေပါ့ ... မဟုတ္ရင္ ညီမေတာ့ ေဆြေတြမ်ိဳးေတြ ၾကားထဲ သြားရဲေတာ့မွာ မဟုတ္ဘူးရွင့္ "
မားက ေျပာၿပီးတာနဲ႔ ေရတစ္ခြက္လံုးကုန္ေအာင္ေသာက္ခ်လိုက္တယ္ ...
" သားရဲ့ဆံုးျဖတ္ခ်က္ကို ကိုယ္တို႔ကလည္း အေလးထားေပးဖို႔လိုတယ္ေလ ... သားရဲ့စိတ္ကို ကိုယ္တို႔မွ နားမလည္ေပးရင္ ဘယ္သူကနားလည္ေပးမွာလဲ မိန္းမရဲ့ေဆြမ်ိဳးေတြကလား ... အဲ့ဒီေဆြမ်ိဳးေတြက နဂိုကတည္းက အဲ့လို အျပစ္တင္တတ္တဲ့ လူေတြေလကြာ "
ပါပါးက မာမားကို နားဝင္ေအာင္ ေျပာေနတာကို သူၾကည့္ရင္း ပါပါးလိုလူတစ္ေယာက္ ၾထစ္ခ်င္လာတယ္... ပါပါးက သူ႔ကို နားလည္ေပးႏိုင္တဲ့လူလို႔ သူယံုၾကည္လာတယ္....
" ဒါေပမဲ့ .. "
" ထမင္းစားၾကရေအာင္ ကိုယ္ဗိုက္ဆာေနၿပီ ... သားလည္းဆာေနၿပီမလား ... ေရာ့ သားမာမားက သားအတြက္ ခ်က္ေပးထားတာ အကုန္စားပစ္သား "
" အို ဘယ္သူက သူ႔အတြက္လို႔ေျပာလို႔လဲ "
" အိုက္ယား မားကလည္း ဒီတစ္အိမ္လံုးမွာ ၾကက္ခ်ဥ္စပ္စားတာ သားတစ္ေယာက္ပဲရိွတာကို ... အရမ္းခ်စ္တယ္ေနာ္ မား "
" ေတာ္ကြယ္ "
မာမားက ခုမွ ၿပံဳးေတာ့တယ္ ... ဒီလိုပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားခ်င္တယ္ ... သူ႔ကိုလည္း ယံုၾကည္ရင္းေပါ့ ...
ၾကက္ခ်ဥ္စပ္တစ္ပန္းကန္လံုးကို တစ္ေယာက္တည္း ထိုင္စားေနၿပီးမွ အာရံုက တစ္ေနရာေရာက္သြားျပန္တယ္ ... ဒီကေလး ထမင္းကိုဘာဟင္းနဲ႔စားမွာပါလိမ့္ ...
ေၾသာ္ လူေတြမ်ား .. အစားေကာင္းစားရရင္ျဖင့္ ...
................
တစ္လေက်ာ္လြန္ၿပီးေနာက္......
" ေဝ "
ကုတင္ေဘာင္ေပၚ တင္ထားတဲ့ဖုန္းက တုန္ခါမႈနဲ႔အတူ ျပဳတ္က်လာကာ သူ႔မ်က္ႏွာေပၚ ဂြက္ခနဲ..
" ေဝ Lao Xiao လား "
" အင္း ဘယ္သူ .. "
" က်ေနာ္ပါ Yibo "
မပြင့္တဲ့မ်က္လံုးကို အသည္းအသန္ဖြင့္ရတယ္ ... ေခါင္းကထိုးကိုက္ေနတာမို႔ အျမင္အာရံုက ႏွစ္ထပ္ေတျြဖစ္လို႔ေနတယ္ ... မ်က္ကပ္မွန္ခြၽတ္ထားတာမို႔ မ်က္မွန္ကိုလည္း ဆြဲတပ္မေနခ်င္ေတာ့ ...
" အင္း .... ေျပာ "
ေျခာက္ကပ္ေနတဲ့ လည္ေခ်ာင္းေတြက သူ႔အတြက္အသံထြက္ရမွာေတာင္ ခပ္လန္႔လန္႔ပဲ ...
" ဒီေန့ လာမွာလားလို႔ ေမးၾကည့္တာပါ ဟို ... "
" ကိုယ္ မလာျဖစ္ .. အဟြတ္ အဟြတ္ "
ယားယံလာတဲ့လည္ေခ်ာင္းနဲ႔အတူ ေခ်ာင္စဆိုးမိတာက သူ႔လည္ေခ်ာင္းထဲမွာ မီးပြင့္သြားသလိုပဲ...
" ေနမေကာင္းဘူးလား ေတာင္းပန္ပါတယ္ က်ေနာ္မသိလို႔ပါ ... "
" ရတယ္ .. ခဏေနာ္ "
ေရက်က္ေအးေတြထည့္ထားတဲ့ ကရားထဲကေန ေရတစ္ငံု ငံုကာ အသာမ်ိဳခ်ရတယ္ ... မေန့က ေက်ာင္းကျပန္လာတုန္းကအေကာင္း ညဘက္မွာ သူဘယ္လိုကေနဘယ္လို အေအးမိကာ ဖ်ားသြားရသလဲ မသိေတာ့ပါေလ ...
" သက္သာရဲ့လား ဖ်ားတာလားဟင္ "
speaker ဖြင့္မထားတဲ့ ဖုန္းထဲက အသံက စူးကာဝင္လာတဲ့အထိပဲ ... အာ ဒီကေလး သူ႔ကို စိတ္ပူေနတာလား ...
" ရပါတယ္ ကိုယ္ေဆးေသာက္ထားၿပီးသား အိမ္မွာ မားေရာပါးေရာ အားလံုးရိွတယ္ေလ "
" ေၾသာ္ "
ေျပာမိၿပီးမွ သူမေျပာသင့္ဘူးလား ဆိုၿပီး ေတြေဝသြားရျပန္သည္... ကေလးငယ္က မိဘေတြအနားမွာ မရိွပဲ ေနခဲ့ရတာေလ .... သူကေတာ့ မိစံုဖစံုနဲ႔ ဂရုစိုက္မဲ့သူနဲ႔ဆိုေတာ့ ....
" ဟို ကိုယ္ေျပာခ်င္တာက .. "
" က်ေနာ္သိပါတယ္ Geရဲ့ ဒါဆို က်ေနာ္ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္ "
" Yibo ... "
ဖုန္းခ်ေတာ့မယ္ဆိုတဲ့အသံထဲမွာ သက္သက္မဲ့စိတ္ပူမိေလျခင္းဆိုတဲ့ ဝမ္းနည္းမႈေတြ သူဖမ္းလို႔ရလိုက္တာမို႔ နာမည္ကိုသာ အသည္းအသန္ေခၚမိတယ္ ...
" ဟုတ္ "
" ကိုယ့္ကို လူနာသတင္းလာေမးပါလား "
" အဲ့လို ရတာလား "
" အင္း လာရင္ ပဲႏို႔ဘူးႀကီးတစ္ဘူး ဆြဲခဲ့ေပး "
" ရတာေပါ့ ရတယ္ .. ဟို .. "
" ခုလာခ်င္လည္း ရတယ္ "
" အမ္ "
ေၾကာင္အေနဆဲ အသံတစ္ခုကိုၾကားရအၿပီးမွာ ဖုန္းခ်ပစ္လိုက္ေတာ့သည္... ဒီေလာက္ဆို အဲ့ကေလးက ဝမ္းမနည္းေလာက္ေတာ့ဘူးမလား ...