ခပ်ရှည်ရှည်သံချောင်းတစ်ချောင်းရဲ့ အေးစက်စက်ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲသွားတဲ့ အသံက တိတ်ဆိတ်လေတဲ့
ညအတွက် ခြောက်ခြားစရာ။ လျှာဦးထုပ်အမဲကို ငိုက်စိုက်ကျစောင်းထားပြီး အနက်ရောင် Mask တပ်ထားတဲ့
အဲ့ဒီကောင်လေးရဲ့ ခြေလှမ်းတွေက ခပ်ဖြေးဖြေးလျှောက်
လာတယ်။ ကြိုးတွေနဲ့ တုပ်ခံရတောင်မှ လွတ်မြောက်ဖို့
ရုန်နေတဲ့ အဲ့လူတွေရဲ့ ကြောက်ရွံနေတဲ့ မျက်နှာတွေက
သူ့အတွက် သိပ်ပျော်စရာကောင်းတယ်။
လူတွေက အသက်ရှင်နေတုန်းကျ
စောက်တလွဲတွေ လုပ်ခဲ့ပြီး သေခါနီးမှ ကြောက်ပြတတ်ကြတယ်။ စောက် အဓိပ္ပါယ်ကို မရှိဘူး....။
" ဟေ့ကောင် မင်းဘယ်သူလဲ....လွှတ်ပေး...."
" ဒီနား ဘယ်သူမှမရှိဘူးလား....."
" ကယ်ကြပါအုန်း "
အဲ့ဒီလူတွေရဲ့ အော်ဟစ်အကူအညီတောင်းသံတွေနောက်မှာ သူက အားရပါးရ အော်ရယ်တယ်။
" မင်းတို့ရောက်နေတာ ဆောက်လက်စ တိုက်ပျက်တစ်ခုဆိုတာ မသိကြတာလား "
" နောက်ပြီး ဒီလို တိုက်ပျက်နား ဘယ်ကလူတွေက
ရှိနေမှာလဲ နည်းနည်းပါးပါး စဉ်းစားကြည့်ကြစမ်းပါ "
" အင်းပေါ့....စောက်ဦးနှောက်မရှိလို့လဲ ကျောင်းရဲ့
အဆင့်ဘိတ်ချီးနေရာ ယူထားကြတာပဲ...."
လက်ထဲက သံတုပ်ကို လှည့်ရင်း ပြောတော့ အဲ့ဒီလူနှစ်ယောက်က ပြန်ပြောတယ်။
" မင်း....ဘယ်သူလဲ "
ခွာချလိုက်တဲ့ Mask အောက်မှာ ခပ်ထူထူနှုတ်ခမ်းတွေက ပြုံးနေတယ်။ မျက်နှာနှစ်ဖက်က ဒဏ်ရာတွေက
သွေးတွေခြောက်ပြီး ခပ်ညိုညိုတွေ။ သူ ဒူးထောက်ထောင်ချလိုက်တော့ အဲ့ဒီလူတွေက သူ့ကို သတိထားမိသွားကြတယ်ထင်တယ်။ တအံ့တသြတွေနဲ့။
" မင်း....မင်း...."
" အင်း....ငါလေ....မင်းတို့ ချောင်ပိတ်ပြီး
အနိုင်ကျင့်ခဲ့တဲ့ငါ...."
ခပ်ဟိုက်ဟိုက်ရယ်ပြီး သူပြောလိုက်တော့ ဂနာမငြိမ်ဖြစ်သွားတဲ့ မျက်အိမ်တွေက သိပ်အော်ဂလီဆန်တာပဲ။
" မပူပါနဲ့....မင်းတို့ကို အရမ်းနာအောင် မလုပ်ပါဘူး....."
သွေးရူးသွေးတန်းအော်ဟစ်သံတွေနောက်မှာ အဲ့လူနှစ်ယောက်က အပြိုပြိုအလဲလဲ....။
သူကိုင်ထားတဲ့ ငွေရောင်သံတုတ်ရှည်မှာတော့
သွေးနီနီတွေက စီးကျလို့....။
အရမ်းလှတာပဲ....သွေးနီနီတွေက။
" တောင်းပန်ပါတယ်.....ငါတို့တောင်းပန်ပါတယ်....မင်းကို အနိုင်ကျင့်ခဲ့တာ တောင်းပန်ပါတယ် "
" တောင်းပန်ပါတယ်ကွာ "
လူကုံထံသူဌေးသားတွေရဲ့ မျက်နှာတွေက သွေးတွေစီးကျနေတဲ့ ဒဏ်ရာတွေနဲ့ သိပ်လိုက်သားပဲ....။
သူ့နှုတ်ခမ်းတွေက ပြုံးနေတုန်း။
" ထိပ်ပြောင်ပြောင်နဲ့ ပထ၀ီဆရာကပြောတယ် "
" မြေဆီလွှာတွေက ကမ္ဘာမြေကြီးကို အကျိုးပြုတယ်တဲ့...."
" မင်းတို့ကော....အကျိုးမပြုချင်ကြဘူးလား..."
သူ့ ဘ၀မှာနာရေးတစ်ခုတည်း ရောက်ဖူးတယ်...။
အသက်မရှိတော့တဲ့ ရုပ်အလောင်းကို မြေကြီးထဲ ထည့်
မြှုပ်ကြတာကို တွေ့ခဲ့ရတယ်။
ဒါဆို အသက်ရှိနေတဲ့ လူကို မြေကြီးထဲထည့်မြှုပ်ရင်ကော.....??
ပျော်စရာကောင်းမယ့်ပုံဘဲ.....။
သာမန်အတိုင်း ညီညာသွားတဲ့ မြေပြင်ကို ကြည့်ပြီး
လက်ထဲက ပေါက်တူးကို ဘေးကို ပစ်လိုက်တယ်။
နောက်ပြီး လက်နှစ်ဖက်က လက်အိတ်အမဲတွေကို ချွတ်
လိုက်တယ်။ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပေမယ့်
ဆောင်းညဖြစ်တာမို့ လေငွေ့အေးတွေ ထွက်လာတယ်....။
ပြုံးနေတဲ့ နှုတ်ခမ်းတွေကို ဖြေလျှော့တယ်။ ဂျာကင်ပေါ်က
သဲတချို့ကိုခါပြီး အဲ့ဒီနေရာက ထွက်လာတယ်...။
တစ်ချို့သော သေဆုံးခြင်းတွေအတွက်
ကောင်းရာမွန်ရာ ရောက်ပါစေ ဆိုတဲ့ ဆုတောင်းက
မလိုအပ်ဘူးလေ.....။
......
" ဒီလ အဆင့်တစ် ၀မ်ရိပေါ် "
အတန်းရှေ့က ဆရာပြောလိုက်တဲ့ အဲ့စကားကြောင့်
တစ်ခန်းလုံးက ကျောင်းသား ကျောင်းသူတွေက
မကျေမနပ်သံတွေနဲ့....။
" နောက်လူတွေလည်း ကြိုးစားကြ "
အတန်းထဲက ထွက်သွားတဲ့ ဆရာ့မျက်နှာပေါ်က အလိုမကျမှုတွေက သိပ်သဘောကျဖို့ကောင်းတယ်။
ဝမ်ရိပေါ်ဆိုတာ လူတိုင်းကို ရည်ရွယ်ချက်မရှိဘဲ
အလိုမကျအောင် လုပ်မိနေတာပဲ....။
သိပ်အထူးအဆန်းတော့မဟုတ်။
သူငယ်ချင်းအပေါင်းအသင်းမရှိတဲ့ ၀မ်ရိပေါ်က အတန်းရဲ့
နောက်ဆုံးထောင့်မှာ ထို်င်တယ်။
ဝမ်ရိပေါ်က အနေအေးတယ်။
စာတော်တယ်။ အနိုင်ကျင့်သမျှခံတဲ့ အပယ်ခံလေးဆိုလဲ
မမှားဘူး...။
ဒါပေမယ့် ရိပေါ်က ဂရုမစိုက်ဘူး။
နေမြဲအတိုင်းနေတယ်....။
" ဒီနေ့ဆရာအသစ်ရောက်မယ်တဲ့...."
အတန်းထဲက ကျောင်းသူတစ်ချို့ပြောနေတာကို ရိပေါ်
ကြားတော့ နှုတ်ခမ်းတွေက လိုက်လိုက်လှဲလှဲပြုံးတယ်။
ဒါက ရိပေါ် ဖြစ်စေချင်တဲ့ ဆန္ဒပဲ။
ဆရာအသစ်ဆိုတဲ့လူက အတန်းထဲ ၀င်လာတယ်။
ရှည်လျားတဲ့အရပ်ကတော့ အားကျချင်စရာကောင်းတယ်။
တစ်တန်းလုံးက မှတ်ချက်ပေးတယ်
ဆရာအသစ်က အရမ်းချောတယ်တဲ့။
ရိပေါ်ကတော့ အဲ့ဒီမှတ်ချက်ကို ငြင်းတယ်...။
ုမြင်လိုက်တဲ့ တဒင်္ဂမှာပဲ
အဲ့ဒီ ဆရာဆိုတဲ့လူက သိပ်စွဲလမ်းစေတာပဲ....။
အင်း....ဒီဆရာကိုတော့
သူသဘောကျတယ်....။
.............................
စွဲလမ်းသွားခြင်းနဲ့ စပြီး
ပိုင်ဆိုင်ရခြင်းနဲ့ အဆုံးသတ်ချင်တဲ့
အတ္တလေးက သိပ်ရိုးရှင်းပါတယ်....။
.............................