Unconditional Love
By Euphoria_Min
329K 36.6K 5.5K
တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... More
🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 9 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 15 🍒
🍒 16 🍒
🍒 17 🍒
🍒 18 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 23 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍒Finale (Zawgyi)🍒
🍀
Extra-1
Extra-2
🍔Fanart🍔
🍒 4 🍒
9.8K 1.3K 50
By Euphoria_Min
Unicode
ပါမောက္ခကြီးရဲ့လက်ထောက်အကူအနေနဲ့
ခွဲခန်းထဲဝင်နိုင်မယ့်အခွင့် အရေးကို NamJoon
Hyungဆီကနေရလာ ခဲ့တာမို့ အတွေ့အကြုံ
အသစ်အတွက်Jungkook စိတ်လှုပ်ရှားနေ
မိသည်။
NamJoon Hyungက အရေးပေါ်ခွဲစိတ်မှုတစ်ခု
အတွက် လိုက်ပါသွားပေးရမှာမို့ Hyungပထမ
တာဝန်ကျခဲ့သည့် ခွဲစိတ်မှုမှာ Jungkookကို
အစားထိုးပေးခဲ့ခြင်းဖြစ်သည်။
ပါမောက္ခကြီးကတော့ NamJoon Hyungကို
ယုံကြည်တာက တစ်ပိုင်း ၊ ထူးချွန်တဲ့Jungkook
အကြောင်းကို ကြားဖူးထားတာက တစ်ပိုင်းမို့
Hyungရဲ့ အကြံပြုချက်ကို လက်ခံခဲ့သည်။
ပန်ကရိယကင်ဆာသမား၏ ကင်ဆာဆဲလ်ပျံ့နှံ့
နေသည့်အပိုင်းကို ဖယ်ရှားပေးရမည့်operation
ဖြစ်တာမို့ သိပ်ပြီးကြီးကျယ်တဲ့ခွဲစိတ်မှု မဟုတ်
စေကာမူ Jungkookအတွက်ကတော့ အဖိုးမ
ဖြတ်နိုင်သည့် ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။
ပါမောက္ခကြီးဦးဆောင်မှုနဲ့ Jungkookတို့
Surgical Teamတစ်ခုလုံး လေးနာရီကျော်ကြာ အောင် ထိုခွဲစိတ်မှုကိုပြုလုပ်ခဲ့ကြသည်ပါမောက္ခ
နဲ့ စီနီယာ အစ်ကို၏ ကျွမ်းကျင်မှုကို ပညာယူ
မှတ်သားရင်းနှင့် Jungkookဘက်ကလဲ အမှား အယွင်း မရှိအောင် အကူအညီပေးနိုင်ခဲ့တာမို့
ခွဲစိတ်မှုက အောင်မြင်စွာပြီးဆုံးခဲ့သည်။
ခွဲခန်းထဲက ထွက်လာပြီးနောက် သန့်ရှင်းရေး
လုပ်ရန် ဘေစင်လေးဆီထွက်လာပြီးနောက်
Scrub hatကိုချွတ်လိုက်ကာ မှန်ကိုတစ်ချက်
ကြည့်မိတော့ မှန်ထဲက ပုံရိပ်လေးက ခပ်ပြုံးပြုံး
နှင့် Jungkookကို ပြန်ကြည့်နေလေသည်။
ခပ်ပြေပြေနဖူးပြင်ပေါ်မှာတော့ ချွေးစလေးတွေ
ပင်တွဲခိုနေသေးသည်။ တစ်နေ့လုံး ပြုံးစိစိဖြစ်
နေရင်တော့ ခက်ရချည်ရဲ့ Jeon Jungkookရေ။
ဒီနေ့ ညဂျူတီလဲ မရှိတာမို့ အိမ်သို့စောစောပြန်
ပြီး မေမေကြီးဆီ ဖုန်းဆက်ပြောပြရဦးမည်။
ပါရဂူကြီးက Jungkookကို ဘယ်လိုအမှတ်ရနေ
ပြီး ဘယ်လိုချီးကျူးသွားခဲ့လဲဆိုတာကိုပေါ့။
အိမ်သို့ပြန်ရောက်သည်နှင့် ညစာစားဖို့ကိုတောင်
မပြင်ဆင်နိုင်သေးဘဲ မေမေကြီးဆီဖုန်းခေါ်လိုက်
သည်။ ဒီနေ့အတွက်က ညစာစားဖို့မလိုတော့
အောင် အပျော်တွေနဲ့ပြည့်နေပြီဖြစ်သည်။
"ဟယ်လို"
"သားလေး အလုပ်တွေအဆင်ပြေရဲ့လား။
ဒီကလှမ်းပို့ထားတာတွေရော ရှိသေးရဲ့လား
စားလို့ကုန်ရင်လှမ်းပြောနော်။ဖျားတာနာတာ
ရော မရှိဘူးမလား"
Jungkookအလုပ်ရှုပ်နေမှာစိုးလို့၊ နားရတဲ့အချိန်
တွေ လျော့သွားမှာစိုးလို့ ၊ စာကြည့်ဖို့အချိန်တွေ
လျော့သွားမှာစိုးလို့ဟူသော အကြောင်းပြချက်
မျိုးစုံဖြင့် စပြီး ဖုန်းဆက်လေ့မရှိသော မေမေကြီး
က Jungkookဘက်က ဖုန်းလှမ်းဆက်တဲ့အခါ
မျိုးမှာတော့ ထိုကဲ့သို့ပင် ဘယ်နေရာက စဖြေရ
မှန်းမသိလောက်အောင် မေးခွန်းတွေကို တရစပ်
မေးတတ်လေသည်။
"သား နေကောင်းပါတယ်။ အကုန်လုံးရော နေ
ကောင်းကြတယ်မလား။ ကလေးတွေရော"
"အကုန်နေကောင်းတယ်။ ကလေးတွေလဲ နေ
ကောင်းကြတယ်။ Jungkookieလိုအပ်တာရှိ
လို့ဖုန်းဆက်တာလား "
"အာ...မဟုတ်ပါဘူး"
လိုတာရှိမှ ဖုန်းဆက်တတ်တာမဟုတ်ပေမဲ့လဲ
အခုကတော့ အဲ့သဘောပဲ သက်ရောက်နေပြီ
လားမသိ။ မေမေကြီးဆီက ထိုသို့အမေးခံရတော့
စိတ်မကောင်းဖြစ်ရပြန်သည်။
ဒီဆေးရုံကြီးမှာ တာဝန်ကျပြီးထဲက ပုံမှန်ထက်
အလုပ်များလာတာကြောင့်ရော လေ့လာစရာ
တွေကလဲ မကုန်နိုင်လောက်အောင် ပိုများလာ
တာမို့ မေမေကြီးနဲ့အဆက်အသွယ်လုပ်ဖို့တောင်
အချိန်မပေးနိုင်တာက များနေခဲ့သည်မဟုတ်ပါလား။
"ဒါဆို ဘာလို့လဲ"
"ဒီနေ့လေ သားခွဲခန်းဝင်ရတယ်။ အဲ့နေရာက
ပုံမှန်ဆို အတွေ့အကြုံများတဲ့ စီနီယာအစ်ကိုတွေ
ပဲ ဝင်ရတာ"
"ဟုတ်လား၊ အဆင်ပြေခဲ့တယ်မလား"
"ဟုတ်။ သားက ပါမောက္ခကြီးကို ဘေးကနေ
ကူပေးရုံပါ။ အဲ့ဒါလေ အားလုံးပြီးသွားတော့
သားကိုပါမောက္ခကြီးက ချီးကျူးသွားတယ်"
Jungkookရဲ့ ခပ်ကြွားကြွားအသံမြူးမြူးလေး
ကို နားထောင်ကြည့်တာနဲ့တင် ဒီကောင်လေး
ဘယ်လောက်ပျော်နေမလဲဆိုတာ မြင်ယောင်
ကြည့်လို့ရသည်။
"Aigoo ငါတို့သားလေးက အစထဲကတော်ပြီး
သားပဲဟာ ချီးကျူးခံရမှာပေါ့။ နောက်တောင်
နောက်ကျနေသေးတယ် ။ ဒါနဲ့ ပိုက်ဆံတွေ
ဒီကိုချည်းပဲလှမ်းပို့မနေနဲ့...ဆိုးလ်မှာ ကုန်ကျ
စရိတ်က ကြီးရတဲ့အထဲ...ဒီကောင်လေး အဲ့ဒါ
ပြောရင် ဘယ်တော့မှနားမထောင်ဘူး"
"သား တစ်ယောက်ထဲက လုံလောက်ပါတယ်"
"အလုပ်အားရင်ဒီကိုလာခဲ့ဦးနော်။ ကလေးတွေ
လဲ သားကိုသတိရနေကြတယ်"
"ဟုတ်"
"စားချင်တာရှိရင်လှမ်းပြောနော်"
"ဟုတ်ကဲ့ပါ"
"အင်း...Jungkook စိတ်ရှုပ်သွားမလားတော့
မသိဘူး။ သားကိုပဲ ခဏခဏပြောပြရတာလဲ
အားနာပါတယ်"
"ဘာပြောစရာရှိလို့လဲ ပြောလေ။ သားကို
ဘာများ အားနာစရာရှိလို့လဲ"
"မင်းတို့အစ်ကို Tae Wooလေ ...ဒီမှာ သူအလုပ်
လုပ်နေတဲ့ဆီမှာ ဆက်မလုပ်ချင်တော့ဘူးတဲ့။
ဆိုးလ်ကို တက်လာပြီး အလုပ်လုပ်ချင်လို့တဲ့"
"ကောင်းသားပဲ ...ဒီမှာက အလုပ်ပိုပေါတယ်
လေ"
"Tae Wooအကြောင်းလဲ သိတဲ့အတိုင်းပဲ။
တစ်နေရာမှာ ဖင်မြဲအောင်မလုပ်ချင်ဘူးလေ။
မေမေကြီးကတော့ ဆိုးလ်ကို မသွားစေချင်ဘူး
သားဆီရောက်လာရင် နှစ်ယောက်လုံး ဒုက္ခများ
နေမှာစိုးလို့"
"အဲ့လိုတော့မရှုပ်ပါဘူး"
"သားအခုနေတဲ့နေရာက ကျဉ်းကျဉ်းလေးမလား
သူက ဆိုးလ်ရောက်ရင်တော့ Jungkookဆီ
သွားနေမယ်ပဲ ပြောနေလို့"
"ကျဉ်းပေမဲ့ အစ်ကိုTae Wooလာနေမယ်ဆို
နေလို့ ရပါသေးတယ်။ သားမှာလဲ စာအုပ်တွေ
ကလွဲရင် တခြားပစ္စည်း များများစားစားရှိတာ
မဟုတ်ဘူးလေ"
မေမေကြီးက အစ်ကိုTae Woo တစ်ယောက်
Jungkook ဆီမှာ သောင်တင်နေမှာစိုးရိမ်တဲ့
စိတ်နဲ့ စိတ်ပူနေတာကိုသိပေမဲ့လဲ သူ့အနေနဲ့က
ဘယ်လိုအင်အားနဲ့ ငြင်းရက်မှာလဲ။ လောလော
ဆယ် သူက ဆိုးလ်မှာ အခြေကျနေပြီးသားလူ
ဆိုတော့ ညီအစ်ကိုလိုဖြစ်နေတဲ့သူကို တတ်နိုင်
သလောက်တော့ ပြန်ကြည့်ပေးရမှာပေါ့။
"ငယ်ငယ်ကလိုတော့ မဆိုးတော့ပေမဲ့လေ
သားဆီမှာလာရှုပ်နေရင်တော့ ဒီကိုချက်ချင်း
ဖုန်းဆက်နော်"
"ဟက်..အရမ်းစိတ်မပူပါနဲ့။ အစ်ကိုက ထင်သ
လောက်တော့ မဆိုးပါဘူး"
"အင်းပါ။ သားဘာမှပြောစရာမရှိတော့ရင် ဖုန်း
ချလိုက်မယ်နော်။ Tae Wooလဲ လာဖြစ်ဖို့က
အရမ်းတော့ မသေချာသေးပါဘူး"
"ဟုတ်... ဒါဆို ဖုန်းချလိုက်ပြီနော်။ ကျန်းမာ
ရေးဂရုစိုက်။ နေမကောင်းဖြစ်ရင် သားကို
လှမ်းပြော"
"အေးပါ။ ဒါပဲနော်"
ဆေးကျောင်းသားဘဝ အလုပ်သင်ဆရာဝန်ဘဝ
ထဲက အခက်အခဲအများကြီးရှိခဲ့တဲ့Jungkook
အတွက်ကတော့ စိတ်ပျက်ဖို့ကောင်းတဲ့နေ့ရက်
တွေအကြောင်းကို ခေါင်းထဲမထည့်ထားဖြစ်
အောင်နေနေပေမဲ့ ဒီနေ့လိုမျိုး ပျော်စရာကိစ္စ
လေးတွေကိုတော့ မေမေကြီးဆီ ဖုန်းလှမ်းဆက်
ပြီးပြောပြလေ့ရှိတယ်။
လောကဓံရဲ့ အထုအထောင်းကို သိတတ်စ
အရွယ်ထဲက ခံစားခဲ့ဖူးပြီးတဲ့ Jungkookအတွက်
ကတော့ တော်ရုံအခက်အခဲမျိုးကို အထူး
တလည် စာဖွဲ့ပြီးခံစားပြမနေချင်တော့​ပေ။
Jungkook ကြိုးစားနေထိုင်နေရတဲ့ တစ်ခုတည်း
သော အကြောင်းပြချက်က "မေမေထားခဲ့တဲ့
နေရာလေးမှာ သားကောင်းကောင်းမွန်မွန် နေ
ထိုင်နေပါတယ်" ဆိုတာလေးနဲ့ မေမေ့ရွေးချယ်
ခဲ့မှုက မှန်ကန်ခဲ့ကြောင်း သက်သေထူပြချင်ရုံ
သာဖြစ်သည်။
မေမေကြီးဆီဖုန်းဆက်ပြီးသည်နှင့် စာကြည့်စားပွဲပေါ်က ဓာတ်ပုံလေးဆီသို့ Jungkook
ရဲ့ အကြည့်များကရောက်ရှိသွားသည်။
မိသားစုဓာတ်ပုံလေးနှင့် အသည်းလေးကို
မွေးစားမယ့်သူတွေ ပေါ်လာတုန်းက အသည်း
လေးနှင့်အတူ မေတ္တာရိပ်မြုံက ကလေးတွေနဲ့
အတူတူရိုက်ခဲ့ကြတဲ့ပုံလေး နှစ်ခု...
ထုံးစံအတိုင်း အသည်းလေးက လည်ပင်းမှာ
နားကြပ်လေးဆွဲထားလျက်ပဲပေါ့လေ။ ငယ်
ငယ်က ရည်မှန်းချက်အတိုင်းသာဆို ထိုကောင်
လေးလဲ ဆေးကျောင်းနောက်ဆုံးနှစ်လောက်
ရောက်နေမလားပဲ။
ဒီကောင်လေးသာ ဆရာဝန်ဖြစ်လာမယ်ဆိုရင်
နယ်ပယ်တစ်ခုထဲမှာ ကျင်လည်ကြသူတွေအနေ
နဲ့ တစ်နေ့နေ့မှာ Jungkookတို့ပြန်ဆုံဖြစ်ဖို့
အခွင့်အရေးရှိနိုင်သေးသည်။ ထိုအခါကျရင်ရော
အသည်းလေးက Jungkookတို့ကို မှတ်မိနေပါ့
မလား။
နေရာဒေသအသစ်တစ်ခုမှာ နေသားကျဖို့
တစ်ဖက်တစ်လမ်းကနေ နွေးထွေးပေးခဲ့တဲ့
ထိုအသည်း လေးနဲ့ တစ်ကြိမ်တစ်ခါလောက်
တော့ ပြန်လည်တွေ့ဆုံချင်ပါသေးသည်။
***************************
ကော်ဖီလေးတစ်ခွက်နှင့် TaeHyungရဲ့ အစီ
အစဉ်သစ်အတွက် အင်တာနက်ကနေ ရှာရှာ
ဖွေဖွေ လုပ်နေတုန်းမှာပင် အိမ်ရှေ့ခြံတံခါးဆီ
က အသံကြားသည်မို့ ဝရံတာလက်ရန်းပေါ်က
အပင်ပိစိကွေးလေးတွေကြားထဲကနေ လှမ်း
ကြည့်မိတော့ထင်ထားသည့်အတိုင်းTaeHyung ရောက်လာခြင်းဖြစ်သည်။
"ပြန်သွားထဲက ဖုန်းမဆက် ဘာမဆက်နဲ့မို့
အသက်ရောရှိသေးရဲ့လားလို့"
ထုံးစံအတိုင်း နူးနူးညံ့ညံ့နှုတ်ဆက်ပြီးတော့
မီးဖိုခန်းဆီ ပြေးဝင်သွားတော့တာဖြစ်သည်။
"ဟေ့ကောင် မင်းတကယ် ဘာမှမချက်ထား
ဘူးလား"
သိသားပဲ ။ သူ့အိမ်မှာ စားဖို့သောက်ဖို့မရှိတော့
လို့ ဒီကိုရောက်လာတယ်ဆိုတာ။
"TaeHyung ah ဒီကိုလာဦး"
TaeHyungက ရေခဲမုန့်ဘူးလေးကိုင်ရင်း ပြန်
ထွက်လာကာ Jiminဘေးနားတွင် ကပ်ထိုင်
သည်။
"ဒီမှာကြည့် ဒါလေးတွေလုပ်ရင်ကောင်းမလား
လို့"
"အဲ့ဒါတွေက အလုပ်ရှုပ်တယ်မလား"
Jiminက သူရှာဖွေထားသည့် diet meal plan
နှင့်ပတ်သက်သည့် ပုံလေးများကိုရှာဖွေပြီး
TaeHyung ကိုပြကြည့်သည်။
"အရမ်းမရှုပ်ဘူးလေ ။ ငါတို့အခုသုံးနေတာတွေ
နဲ့လဲ နီးစပ်တာပဲ။ ငါနေ့လည်က လိုတာတွေ
တောင်ထပ်ဝယ်ခဲ့သေးတယ် စမ်းကြည့်မလို့"
"လုပ်ကြည့်တာပေါ့...ကဲပါကွာ တစ်ခုခု လုပ်
စမ်းပါ ဗိုက်ဆာလို့"
နှစ်ယောက်သား မီးဖိုချောင်ထဲရောက်သည်အထိ
ဗိုက်ဆာတယ်ချည်း အော်ဟစ်နေသော Tae
Hyungကြောင့် စောစောကအထိ တိတ်ဆိတ်
ငြိမ်သက်နေသည့် Jiminရဲ့ အိမ်လေးက အခုမှ
အသက်ဝင်လာသယောင်ရှိသည်။
"ဗိုက်ဆာတယ်"
"ဆာလဲခဏနေဦး"
မနက်ဖြန်အတွက် ဝယ်လာခဲ့သည့် Cherry
tomatoeလေးများကို တစ်လုံးပြီးတစ်လုံး
လာနှိုက်စားနေသည့် Taeကို မျက်မှောင်ကျုံ့
ပြီးကြည့်ကာ
"ဘာလို့ လာနှိုက်စားနေတာလဲ။ အဲ့ဒါမနက်
ဖြန်အတွက်"
"မင်းမှ ထမင်းမကျွေးတာ"
"ကျစ်... ရော့ဒါယူသွား ပျစ်လာတဲ့အထိ ထိုင်
မွှေနေ ...အဲ့ဒါလုပ်ပြီးရင် ကျွေးမယ်"
အနားလာပြီး ဗိုက်ဆာတယ် တဂျီဂျီအော်နေ
သည့် TaeHyungကို ကြက်ဉအနှစ် တစ်ခွက်
ပေးကာ အလုပ်ရှုပ်ခိုင်းထားလိုက်သည်။
hand blenderနှင့်ဆို နှစ်မိနစ်လောက်နဲ့ ကိစ္စ
ပြီးသော်လည်း နားညည်းလွန်းလို့ ခဏငြိမ်ဆေး
ပေးလိုက်ခြင်းသာဖြစ်သည်။
၅မိနစ်လောက်ကြာသည့်အခါ TaeHyungဆီမှ
အသံထွက်လာသည်။
"Jimin ah "
"ဟင်"
"ဒါလေ ဟိုတစ်ခါမွှေတဲ့ Blender နဲ့လုပ်ရင်
မရဘူးလား"
"အာ...ဟုတ်သားပဲ။ ငါမေ့သွားတာ အချောလေး တောင် တော်တော်သိလာပြီပေး..ပေး"
"မင်း တမင်လုပ်တာမလား။ သိရဲ့သားနဲ့
အကျင့်ကိုက"
"ဟီး..."
Jiminက TaeHyung ဆီက ကြက်ဉအနှစ်ခွက်
လေးလှမ်းယူကာ ဆီ၊Lemonရေနှင့်ငရုတ်
ကောင်း မှုန့် အနည်းငယ်စီထပ်ထည့်ကာ မွှေစက်လေးနဲ့ မွှေလိုက်တော့Mayonnaiseအနှစ်လေးရရှိလာသည်။
"မြည်းကြည့်"
"အင်း"
"ဘာလိုလဲ"
"ဘာမှမလိုဘူး....ဆိုင်မှာ အများကြီးရှိသေး
တာကို ဘာလို့ထပ်လုပ်နေတာလဲ"
"ဒါက diet လုပ်မဲ့သူတွေအတွက်သုံးတဲ့သကြား နဲ့လုပ်ထားတာ"
"အော်...အဲ့လိုကိုး"
"ရော့ ...စားလို့ရပြီ"
ပြင်ဆင်ပြီးသွားသည့် ထမင်းလိပ်ပန်းကန်လေး
နှင့် salad တစ်ပွဲပေးလိုက်တော့ အတော်လေး
ဗိုက်ဆာနေပုံရတဲ့ TaeHyung က Jiminကိုပင်
အဖတ်မလုပ်တော့ဘဲ ထိုင်စားနေတော့သည်။
"ဘာသောက်ဦးမလဲ"
"မသောက်တော့ဘူး"
"အင်း...စားပြီးရင် သေချာဆေးကြောပြီး ရှင်းခဲ့ဦး နော်။ ငါအိပ်တော့မယ် မနက်စောစောထရဦးမှာ"
"အင်း"
မနက်စောစော Jimin နိုးလာတော့ TaeHyung
က ကုတင်ဘေးနားက ဆိုဖာပေါ်မှာ အိပ်မောကျ
နေတုန်းပင်ရှိသေးသည်။
Jiminကတော့ ကိုယ်လက်သန့်စင်ပြီး မီးဖိုခန်း
ထဲဝင်ကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမည်။
စက္ကူဘူးခွံ အညိုရောင်လေးများထဲသို့ပြုတ်ထား သည့် Broccoliလေးများကိုအညီအမျှလိုက်ထည့်
သည်။ ထို့နောက်တွင်တော့ မုန်ညင်းဖြူ၊ စတော်
ဘယ်ရီနှင့် cherry tomatoလေးများကိုလဲ
အနည်းငယ်စီ လိုက်ထည့်သည်။
mayonnaiseအနှစ်ခွက်လေးများကို စက္ကူဘူးတစ်ခုစီတိုင်းတွင် ထည့်ပြီးသည့်အချိန်မှာတော့
Jiminရဲ့Saladဘူးလေးက ချစ်စဖွယ်ကောင်းစွာ
ပြီးပြည့်စုံသွားပြီဖြစ်သည်။ အကုန်လုံး ပြင်ဆင်
ပြီးသည့်အချိန်မှ TaeHyung က နိုးလာကာ
"ဝါး...အကုန်လုံးတောင် ပြင်ဆင်ပြီးနေပြီ"
"မင်း လိုက်နှိုက်စားမနေနဲ့နော်"
"စားပါဘူး"
မစားပါဘူး ဆိုပေမဲ့ စတော်ဘယ်ရီသီး တစ်လုံး
က ပါးစပ်ထဲရောက်နှင့်နေပြီဖြစ်သည်။
"ကဲ ...နိုးရင်လဲ ဘူးတွေ ဆိုင်ကယ်မှာ ထည့်ပေး
ထားတော့ ။ တစ်ဝက်ကို ဆိုင်မှာထားခဲ့မယ်။
တစ်ဝက် ကတော့ ငါလိုက်ပို့ပေးနေတဲ့သူတွေအတွက် ယူသွားလိုက်မယ်"
ပါးစပ်က တတွတ်တွတ်ပြောပြီးနောက် ရေ
ချိုးဦးမယ်ဆိုကာ အခန်းထဲပြန်ဝင်သွားသည့်
Jiminကို ကြည့်ပြီး TaeHyungက
"အလုပ်သမားလဲ မြန်မြန်ခေါ်မှပါပဲ"
"ဘာလို့တုန်း။ ငါပို့ပေးနေတာပဲ"
"မင်းအဲ့လို တက်ကြွနေလို့ကို မြန်မြန်ခေါ်မှာ"
Jiminတစ်ယောက် ဆိုင်သွားဖို့ အဆင်သင့်ဖြစ်
သွားသော်လည်း TaeHyungကတော့ အိမ်ရှေ့
ဆိုဖာပေါ်မှာ ပြန်နှပ်နေတုန်းပင်ဖြစ်သည်။ဆိုင်မှာ တချို့တဝက်ကို ဝင်ထားခဲ့ပြီး ယူစရာရှိသည့်
မုန့်ထုပ်နှင့် အအေးပုလင်းများကိုယူကာ တာဝန်
အရ လိုက်ပို့ပေးတော့သည်။
ခေါင်မိုးထပ်ကိုရောက်တော့ ပုံမှန်အတိုင်း
ဟမ်ဘာဂါနှင့် Almond Milkအပြင် customer
အားလုံးအတွက် အမြည်းသဘောမျိုးနှင့် ပေး
ဖို့ယူလာသည့် salad ဘူးလေးကိုကိုင်ကာ ပိတ်
ထားသည့် တံခါးရှေ့မှာ ခဏရပ်စောင့်နေမိ
သည်။
လူရှိနေရင်ကောင်းမှာပဲ...ကိုယ်တိုင်ပေးချင်တာ
မို့လို့။Jiminရဲ့ ဆုတောင်းပြည့်သွားတယ်ပြော
ရမလားပဲ။ အခန်းထဲကထွက်လာသည့်
Jungkook နှင့် ကြုံသည်မို့ အံ့သြသွားကာ..
"လူရှိနေတာပဲ"
"အင်း..."
"ဒါလေးလေ ကျွန်တော်တို့ဆိုင်က အသစ်ထုတ်
ထားတာမို့ ဒီနေ့က customerတွေကို အမြည်း
ကျွေးတဲ့အနေနဲ့ ထည့်ပေးထားတာ။ စားကြည့်
နော်"
"အာ... ကျေးဇူးပါ"
"ဟို...လိုတာရှိရင်လဲ ပြန်ပြောပြနော်"
"ဟုတ်ပါပြီ"
"ဟီး သွားလိုက်ပါဦးမယ်"
Jungkook လို အလုပ်များနေတဲ့သူအဖို့က
အစားအသောက်အတွက်အချိန်သိပ်မပေးနိုင်
တာမို့ ကြုံသလိုစားလေ့ရှိပေမဲ့ မနက်စာကိုတော့
ဒီဆိုင်လေးကနေပဲ ပုံမှန်မှာစားဖြစ်လေသည်။
စျေးကလဲ သိပ်မများသည့်အပြင် ဘာဂါထဲမှာ
အသားပြားထူထူထည့်ပေးထားတာသည့် အချက်ကြောင့် ဒီဆိုင်ကနေ အမြဲမှာစားဖို့
ဖြစ်လာခဲ့သည်။
အရင်ကတော့ သူတို့လာပို့တဲ့အချိန်ဆို Jungkook ရှိမနေတဲ့အချိန်နဲ့ ကြုံတတ်တာမို့
ပုံမှန်ဘယ်သူ ပို့ပေးတတ်လဲဆိုတာ မသိပေမဲ့
အခု မုန့်လာပို့တဲ့ကောင်လေးနဲ့ကတော့ ဆုံဖြစ်
တာ ၄ကြိမ် ၅ကြိမ်လောက်ရှိမလားပဲ။
တစ်ရက်ကလဲ ထိုကောင်လေးနှင့် ညစျေးတန်း
ဘက် လမ်းလျှောက်ရင်း အမှတ်မထင် ဆုံဖြစ်ခဲ့
ကြသေးသည်။ ထိုနေ့က အမြူးဓာတ်ခံလေးရှိ
နေတာမို့ မေမေကြီးဆီဖုန်းဆက်ပြီးနောက်
တစ်ယောက်ထဲ ညစျေးတန်းဘက် ထွက်ခဲ့မိ
သည်။
ပုံမှန်တော့ ထိုကဲ့သို့ လျှောက်သွား လျှောက်စား
နှင့် အချိန်မဖြုန်းတတ်သော်လည်း ထိုနေ့က
တော့ စားချင်တာတွေလဲ အကုန်စားပစ်ပြီး
ရှုပ်ရှက်ခတ်နေတဲ့ လူတွေကြားထဲ Jungkook
တစ်ယောက်လဲ အလိုက်သင့် စီးမြောရင်း ဟိုငေး
ဒီငေးနှင့် အချိန်ဖြုန်းပစ်ခဲ့မိသည်။
လမ်းဘေးAccessoriesဆိုင်သေးသေးလေး တစ်
ခု ဘေးက ဖြတ်လျှောက်လာရင်း မျက်ဝန်းထဲဝင်
လာသည့် ပစ္စည်းလေးတစ်ခုကြောင့် Jungkook
ခြေလှမ်းတို့ ရပ်တန့်သွားတော့သည်။
ထိုဆိုင်လေးရှေ့မှာ ကောင်လေးတစ်ယောက်က
Jungkookထက် အရင်ကြိုရောက်နေလေသည်။
တစ်ခုထဲပဲ ကျန်တော့သည့် ပုံပေါ်သည့် ထိုဆွဲ
ကြိုးလေးဆီ Jungkookရဲ့ လက်က ရောက်
သွားသည့်အချိန်မှာ ဆိုင်ရှေ့ အရင်ကြိုရောက်
နေသည့်ကောင်လေးရဲ့ လက်ကလဲ ထိုပစ္စည်း
လေးဆီ ရောက်လာလေသည်။
နှစ်ယောက်ပြိုင်တူ လက်လှမ်းမိသည်မို့ Jungkook ဘက်ကပဲ အမြန် ပြန်ရုတ်ပေးလိုက်
ကာ
"မင်းယူထားတာလား"
"အာ..မဟုတ်ပါဘူး ။ ယူချင်ယူလေ ကျွန်တော်
က ကိုင်ကြည့်ရုံ.."
Jungkookဘက်ကို လှည့်ကြည့်ရင်းပြောလာ
သည့် ထိုကောင်လေးက သူ့ကို မြင်တော့ အံ့သြ
သင့်သွားပုံဖြင့် ပြောလက်စ စကားတို့ ရပ်တန့်
သွားကာ
"ဟင်...ဟို ခေါင်မိုးထပ်က..?"
"အော် ..Yummy ဆိုင်က မုန့်လာပို့တဲ့ကောင်လေးမလား"
Jungkookက ကောင်လေးကို မှတ်မိကြောင်း
ပြန်ပြောပြီးနောက် stethoscopeပုံစံ ဆွဲသီးလေးနှင့်ဆွဲကြိုးလေးကိုကိုင်ကာ ဆိုင်ရှင် အဒေါ်ကြီး
ဆီ လှမ်းမေးလိုက်သည်။
"ဒါလေးက နောက်တစ်ခုများရှိဦးမလား"
"အဲ့ဒါလေးကတစ်ခုပဲကျန်တော့တာ
ကောင်လေးရဲ့ ။ တခြားပုံစံတွေဆိုရင်တော့
ဆင်တူတွေရှိသေးတယ်"
"ဟိုဟာ..ကျွန်တော်က မယူပါဘူး။ ဒီက ယူ
ချင်ယူလေ။ ကျွန်တော်က ဒါလေးယူမှာ"
ဟု ဆိုကာ ထိုကောင်လေးက ဟမ်ဘာဂါပုံစံ
သော့ချိတ်လေးကိုပြရင်း ပြောလာသည်။
"ဒါဆို ကိုယ်ယူလိုက်မယ်နော်"
"အင်း"
ထို့နောက် ထိုကောင်လေးက Jungkookထက် အရင် ပိုက်ဆံရှင်းပြီးထွက်သွားခဲ့တော့သည်။
အပြုံးချိုချိုလေးနဲ့ ဖော်ရွေပုံရတဲ့ ခပ်သွက်သွက်
ကောင်လေးနဲ့ဆုံပြီးတိုင်း တစ်စုံတစ်ယောက်ကို
အမှတ်မထင် သတိရမိတာကလဲ ပုံမှန်လိုပင် ဖြစ်
နေပြီ။
ဟုတ်သည်။ နှုတ်ခမ်းတွဲတွဲလေးနဲ့ကောင်လေးက အသည်းလေးနှင့် တော်တော်ဆင်တူသည်။
တစ်စုံတစ်ယောက်နှင့် ရင်းနှီးဖို့ခက်ခဲနေတတ်
တဲ့ Jungkookရဲ့ ပုံစံကြောင့် ဘာမှများများစား
စား ပြန်မပြောတတ်ပေမဲ့ မုန့်လာပို့တဲ့ ကောင်
လေးကတော့ Jungkookနဲ့ဆုံတိုင်းလိုတာထက်
ပိုပြီး စကားပြောသွားလေ့ရှိသည်။
အသည်းလေးဆိုရင်လဲ ထိုကောင်လေးအရွယ်
လောက်သာရှိလိမ့်ဦးမည်။အင်း...အသည်းလေး
တော့ မဖြစ်နိုင်လောက်ပါဘူးလေ......
*************************
ဤသို့နှင့် ခေါင်မိုးထပ်က ဆရာဝန်လေးနှင့်မုန့်
ိုက်ပို့သည့် ကောင်လေးတို့ရဲ့ ဆက်ဆံရေးက
မျက်မှန်းတန်းမိသည် ဆိုရုံလောက်နှင့်သာ ရပ်
တန့်နေခဲ့လေသည်။
ဒီနေ့လဲ ပုံမှန်အတိုင်း မုန့်ဆိုင်က ကောင်လေး
မုန့်လာပို့လေသည်။ Jungkookလဲ အိမ်ပြန်
ရောက်ခါစအချိန်မို့ ထိုကောင်လေးနှင့် ဆုံပြီး
ယူစရာရှိတာယူပြီး အိမ်ခန်းထဲပြန်ဝင်ခဲ့သည့်
အချိန်တွင် "ဝုန်း" ခနဲမြည်သော ပြိုလဲသံကြောင့်
ချက်ချင်း အပြင်ပြန်ထွက်ပြီး လှေခါးဘက်ကို
ထွက်ကြည့်မိတော့ ထင်ထားသည့်အတိုင်း ဟို
ကောင်လေး လှေကားပေါ်က ချော်ကျခြင်းပင်
ဖြစ်လေသည်။
ဒီတိုက်က နည်းနည်းဟောင်းနေပြီမို့ လှေခါးထစ်
တွေမှာ အင်္ဂတေတွေက ကွာကျနေပြီး တချို့
နေရာဆို အထဲက အုတ်ချပ်တွေကပါ လှုပ်တုပ်
တုပ်နှင့် ဖြစ်နေပြီမို့ ထိုနေရာကို နင်းမိပြီး ချော်
ကျသွားတာဖြစ်လိမ့်မည်။
Jimin မှာ လဲကျနေရာမှ တော်ရုံနှင့်မထနိုင်ဘဲ
ဖြစ်နေတုန်း ဆရာဝန်အစ်ကိုကြီးက အပေါ်က
နေငုံ့ပြီးကြည့်နေသည်မို့ နာတဲ့အပြင် ရှက်တဲ့
စိတ်ကပါ ဝင်လာသည်။
"ကောင်လေး... ရရဲ့လား ။ ကိုယ်တွဲပေးမယ်။ ဖြည်းဖြည်းထကြည့်"
"ရ..ရပါတယ်"
ရပါတယ်သာ ပြောနေသော်လည်း Jimin
ခမျာ တော်ရုံနှင့် မထနိုင်သေးဘဲ ကျောပြင်က
အောင့်ကာ မီးညှောင့်ရိုးများကျိုးကုန်ပြီလားမသိ။
"ဆောရီးပါကွာ။ အလုပ်မအားသေးတာနဲ့
ဒီနားကို မပြင်နိုင်သေးတာ။ ဒီမှာလဲ ပွန်းသွား
တယ်...လာ .လာ ဒီမှာထိုင်နေဦး"
Jungkookက Jiminကိုတွဲခေါ်လာကာ
သစ်သားကွပ်ပျစ်လေးမှာ ထိုင်စေသည်။
"ခဏနေဦးနော် ဆေးထည့်ပေးလိုက်မယ်"
Jiminကတော့ ခေါင်းငြိမ့်ပြမိလား ဘာလုပ်ပြ
မိလားတောင် မသိနိုင်ဘဲ ကျောဘက်က အောင့် ပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာပါပွန်းပဲ့ ကုန်ပြီဖြစ်သဖြင့် ရှုံ့တွပြီးသာ ထိုင်စောင့်နေလိုက်သည်။
ခဏအကြာ Jungkookက ဆေးသေတ္တာလေးနှင့် ရေပုံးအသေးလေးဆွဲကာ Jiminအနားသို့ ပြန်ရောက်လာလေသည်။
"အလုပ်ရှုပ်ကုန်ပြီထင်တယ်"
"ပိုးဝင်မှာစိုးလို့ အရက်ပြန်နဲ့ နည်းနည်းဆေး
မှရမယ်သိလား။ စပ်မယ်နော်"
"ဒီအတိုင်း ပလာစတာပဲ ကပ်လဲရပါတယ်"
ခုနထဲက အရှက်ကကွဲနေပြီကို အရက်ပြန်ထည့်
လို့ အသံပြဲနဲ့အော်မိမှ ပိုအရှက်ကွဲနေဦးမည်။
"အရမ်းမစပ်ပါဘူး ခဏလေးပဲကို"
"ဟိုဟာ ခြေထောက်က ဟာက ကျွန်တော့်
ဘာသာလုပ်ပါ့မယ်"
"အော်..ဒီကပဲ တစ်ခါထဲလုပ်ပေးပါ့မယ်"
Jungkookက နာကျင်မှုကြောင့် ရှုံတွတွဖြစ်နေ သည့် မျက်နှာလေးကို ကြည့်ရင်းကြောက်စိတ်
ပြယ်အောင်ချော့ပြောလိုက်မိသည်။ ပြီးနောက်
ပွန်းနေသည့်ဒဏ်ရာကို အရက်ပြန်ဂွမ်းလေးနှင့်
ခပ်ဖွဖွပွတ်ပေးလိုက်သည်။
"အား..."
တအားအားအော်ပြီး ဒဏ်ရာရှိရာဆီကို သူ့လက်
လေးနဲ့ လေရအောင် ယပ်ခတ်သည့်ပုံစံ ပြုလုပ်
နေသည့် ထိုကောင်လေးကြောင့် Jungkookလဲ
ခပ်မြန်မြန်လက်စသတ်လိုက်သည်။
"ပြီးပြီ..ပြီးပြီ ခဏလေး"
အရက်ပြန်ထည့်ပေးပြီးနောက် ဆေးလူးပေးကာ
"ပွန်းတဲ့နေရာက ကြီးနေတော့ ပလာစတာမကပ်နဲ့တော့နော်။ အနာလှောင်သွားလိမ့်မယ်"
"ဟုတ်...."
တံတောင်ဆစ်နားကို ဆေးထည့်ပေးပြန်တော့
အခုနထဲက မျက်လုံးထဲဝင်လာသည့် တစ်စုံ
တစ်ခုဆီ ပိုပြီးအာရုံစိုက်မိကာ ဒဏ်ရာရထား
သည်ကို မေ့သွားသည်အထိပင်။
အရောင်မှိန်မှိန် ပိုးကြိုးအနက်ရောင် လက်ပတ်
ကြိုးလေးပေါ်က ကျောက်စိမ်းတုံးလေးနှစ်ခု
ကြောင့် တစ်စုံတစ်ခုကို ပြေးမြင်ယောင်မိသည်။
အချိန်ကာလကြာမြင့်မှုကြောင့်နဲ့ နေ့စဉ်ရက်
ဆက် ဝတ်ဆင်ထားခြင်းကိုပါခံရတဲ့ကျောက်စိမ်း
တုံးလေးတွေမှာ အနားသတ်လေးတွေပင် သိပ်
ပြီး ညီညာချောမွေ့မှု ရှိမနေတော့။
"ရပြီ"
Jungkookပြောနေတဲ့ဆီ အာရုံမရောက်ဘဲ
ရွေ့လျားသွားတဲ့ Jungkookရဲ့ လက်ကောက်
ဝတ်ဆီသို့သာ မျက်တောင်တစ်ချက်မခတ်ဘဲ
လိုက်ကြည့်နေသည့် Jimin ကို Jungkook
ကပဲ ပြန်သတိပေးရသည်။
"ကောင်လေး ...ရပြီလို့"
"ဗျာ.. ဟုတ်။ ဟုတ်ကဲ့ ။ ကျေးဇူးပါပဲ"
ကျေးဇူးတင်စကား ပြောပြီးသည်နှင့် ချက်ချင်း
ကြီး ထော့နင်းထော့နင်းထ ထွက်သွားသော
Jiminကိုကြည့်ကာ "ဖြည်းဖြည်းဆင်းဦးနော်"ဟု
လှမ်းအော်မိသည်။ ရုတ်တရက်ကြီး ဘာများ
ဖြစ်သွားတာလဲ။ ဆေးထည့်ရတာ ကြောက်
သွားတာနေမှာ။ အနာရွတ်ပျောက်ဆေးလေး
တောင် မပေးလိုက်ရဘူး...။
အိမ်သို့ အမြန်ပြန်ရောက်ချင်ဇောနှင့် Taxi
ငှားပြီး ပြန်လာခဲ့သည့် Jiminခမျာ TaeHyung
ဆိုင်က ဆိုင်ကယ်ကိုတောင် သတိမရတော့
သည်အထိပင်။
အိမ်ရောက်သည်နှင့် ခြေထောက်နာနေသည့်
ကြားက အပြေးအလွှား ရောက်သွားခဲ့သည်က
ထိုပစ္စည်းလေး ရှိနေသည့် နေရာသို့ပင်ဖြစ်သည်။
တယုတယ သိမ်းဆည်းထားခြင်းမဟုတ်ခဲ့သော်
လည်း ထိုပစ္စည်းလေးကို ဘယ်နေရာမှာ ထား
ခဲ့လဲဆိုတာတော့ ကောင်းကောင်းမှတ်မိသည်။
ကိုယ့်ဆီရောက်လာပြီးထဲက သေသေချာချာပင်
မကြည့်ခဲ့မိသော ထိုလက်ပတ်လေးမှာပါသည့်
ကျောက်စိမ်းတုံးလေးရဲ့ ပုံစံက စောစောက
ခေါင်မိုးထပ်က ဆရာဝန်ဆီမှာ တွေ့ခဲ့ရသည့်
ကျောက်စိမ်းတုံးလေးတွေရဲ့ ပုံစံနှင့် ထပ်တူ
ညီနေခဲ့သည်။
လက်ထဲမှာရှိနေသည့် ကျောက်စိမ်းတုံးပေါ်က
နာမည်တစ်ခုကို အသံထွက်ကာ ရေရွတ်မိရင်း
အတွေးများသွားသည့်ဟန်နှင့် Jimin ၏မျက်ဆံ
လေးများက ဘယ်ညာလှုပ်ရှားသွားလေသည်။
ထို့နောက်တွင်တော့ TaeHyung ဆီဖုန်းလှမ်း
ဆက်ကာ
"TaeHyung ah ... ဟိုခေါင်မိုးထပ်အိမ်က
မုန့်မှာတဲ့သူရဲ့ နာမည်သိလား"
"ဘယ်ခေါင်မိုးထပ်လဲ ... ဆိုင်မှာ လူများနေ
ရတဲ့အထဲ ဘာတွေလာမေးနေတာတုန်း ...
မြန်မြန်ပြန်လာခဲ့"
တကယ်လဲ ဆိုင်မှာလူကျနေလောက်မဲ့ အချိန်မို့
Taeက ပြောစရာရှိတာပြောပြီး ဖုန်းချသွားခဲ့
သည်မို့ Jiminက နောက်တစ်ယောက်ဆီ ဖုန်း
ဆက်လိုက်သည်။
ဒီက ပြန်သွားထဲက Jiminဆီအဆက်အသွယ်
မလုပ်သည့် ကိုကိုက အခုလဲ ဖုန်းခေါ်တာကို
မကိုင်ဘဲ စိတ်ကောက်နေပြန်ပြီလားမသိ။
နောက်တစ်ခေါက်ထပ်ခေါ်မှ ဖုန်းကိုင်ပြီး အိပ်ချင်
မူးတူး အသံနှင့်
"ဟယ်လို..."
"ကိုကို"
"ဘာလဲ"
"စိတ်ဆိုးနေတာလား။ ဖုန်းတောင်မဆက်ဘူး
အခုလဲ နှစ်ခါတောင်ခေါ်ရတယ်"
"ငါ့အရွယ်ကြီးနဲ့ ဘာစိတ်ဆိုးစရာရှိလဲ ...
ဘာပူဆာ စရာရှိပြန်ပြီလဲ"
"ကိုကိုကလဲ ..မသိရင် ပူဆာစရာရှိမှ ဖုန်းဆက်
တာကျနေတာပဲ"
"တကယ်လဲ အဲ့လိုပဲဟာ။ ပြောစရာရှိတာ
ပြောစမ်းပါ...ဒီမှာ ဘယ်အချိန်လဲ သိရဲ့သားနဲ့
...အိပ်နေတာကို"
"အာ.. ဆောရီး ။ တကယ်မေ့သွားလို့ပါ။
အဲ့ကိုကိုကလဲ လာပဲပြောနေတယ်။
ဒါပဲ ဘာမှမပြောချင်တော့ဘူး"
Jiminက စိတ်ဆိုးချင်ယောင်ဆောင်ပြီး ဖုန်းချ
လိုက်သည်။ Yoongi ဘက်က နှစ်ကြိမ် သုံးကြိမ်
ပြန်ခေါ်သည်အထိ မကိုင်ဘဲ ငြိမ်နေပြီးမှ ကိုင်
လိုက်လေတော့ တစ်ဖက်က အစ်ကိုဖြစ်သူရဲ့
အသံက အလောသုံးဆယ် ထွက်ကျလာလေသည်။
"ပြော... ဘာပြောမလို့လဲ။ အခု ကလေးလှမ်း
ဆက်နေတာ ဒီမှာ အိပ်ချိန်ကြီးလေ"
" လူတစ်ယောက်အကြောင်းစုံစမ်းပေး"
"ဘယ်ကလူလဲ"
"ကိုရီးယားက"
"ဟား... ဒီကောင် တကယ့်ကောင်ပဲ။ ကိုရီးယား
ကလူအကြောင်းကို ဒီကလူဆီမှာ စုံစမ်းခိုင်းတယ် ဟုတ်လား"
"ကိုကိုနော်... အပိုတွေမပြောနဲ့ စုံစမ်းပေးဆိုနေ"
"အေးကွာ..စုံစမ်းပေးမယ်။ အခုတော့ပြန်အိပ်
ဦးမယ်။ စာပို့ထားလိုက်"
ထိုနေ့ကသာ Jungkookလက်ထဲက လက်ပတ်
လေးကို Jimin တစ်ယောက် သတိမပြုမိခဲ့လျှင်
...။
17.4.2020
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ရှုပ်ကုန်ကြပြီလား ? ရှင်းကုန်ကြပြီလား
ဇာတ်လမ်းဆိုတော့ စိတ်ဝင်စားဖို့ကောင်းအောင်
လို့ တချို့နေရာလေးတွေ ဖုံးကွယ်ထားရတာမျိုး ရှိတာပေါ့နော်။ plot ချထားပြီးသားမို့လို့ သိပ်မကြာတော့တဲ့ အပိုင်းတွေမှာတင် အကုန်လုံး ရှင်းရှင်းလင်းလင်း သိသွားမှာမို့လို့ စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးကြပါဦး။အများကြီးတွေ မကွယ်ဝှက်ထားပါဘူးလို့။အိုင်က အရမ်းတွေပြောပြချင်နေတာ..မနည်းထိန်းနေရတယ်... 😭။
အားလုံးကိုကျေးဇူးပါရှင့်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Unconditional Love
Part 4
Zawgyi
မိသည်။