ချစ်သူ့ နတ်ဘုရား〖 Completed 〗

Von NgaChaukMaKyikeBuu

135K 15.7K 535

Translation Status : Completed This is the Burmese translation of HDS Arc 9. I translated this arc from Engli... Mehr

9.1
9.2
9.3
9.4
9.5
9.6
9.7
9.8
9.9
9.10
9.12
9.13
9.14
9.15
9.16
Where to Find Other Arcs

9.11

6.2K 1K 36
Von NgaChaukMaKyikeBuu

< Unicode >

ရှန့်ခယ်၏ မျက်နှာဖုံးကား မျက်နှာထက်တွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေ၏။ သို့သော် သူ့မျက်နှာနှင့် ပေါင်းစပ်သွားတာမျိုးလည်းမဟုတ်ပြန်ရာ ချွတ်မည်ဆိုက ချွတ်လို့ရနိုင်လောက်သည်။ ခက်သည်က သူကိုယ်တိုင်လည်း မျက်နှာဖုံးချွတ်နည်းကို မသိ။ သူ၏ နတ်ဘုရားအဆင့်နိမ့်နေသေးသဖြင့် ချွတ်မရတာပဲလားတော့ မပြောတတ်ပေ။

ရှန့်ခယ်သည် ကိုယ်လုံးတီးဖြစ်နေသော ခန္ဓာကိုယ်ကိုကြည့်ကာ သူ့အတွက်သူ အဝတ်အစားများ ဖန်တီးဖို့ လုပ်သည်။ ထို့နောက် ကြယ်စင်ပေါင်းမြောက်များစွာ ပေါ်ထွက်လာလေသည်။ ၎င်းတို့သည် ရှန့်ခယ်၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်ကြကာ ခါးနားတွင် ခဏတာ လှည့်လည်နေကြပြီးနောက် ပုံစံပြောင်းလဲသွားသည့် ဝတ်ရုံသည်ကား အလွန့်အလွန်ကို တောက်ပ၍ လှရက်နိုင်လွန်းသော....

တိရိစ္ဆာန် သားရေပတ်တစ်ခု ဖြစ်လေသည်.....

ရုပ်ထု၏ ပုံသဏ္ဍာန်သည် နတ်ဘုရား၏ မူရင်းသဏ္ဍာန်ဖြစ်သည်။ ထို့ကြောင့် ရှန့်ခယ်မှ အသွေးအသားရှိသော ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွားတောင် သူ၏ မျက်နှာဖုံး၊ တူနှင့် သားရေပတ်တို့ကတော့ မည်မျှ စွမ်းအင်သုံးသုံး အမြဲကပ်ကျန်နေဦးမှာ ဖြစ်သည်။ မကောင်းမှုနတ်ဘုရား ဝတ်ဆင်ထားသော သားရေပတ်သည် ရှေးခေတ်သားရဲတစ်ကောင်၏ အရေခွံမှ ထုတ်ယူထားခြင်းဖြစ်ကာ အနက်ခံအရောင်ပေါ်တွင် ရွှေရောင်နှင့် အနားစွန်းများကို ကွပ်ထားပြီး မီးနှင့်ရေကို ခုခံကာကွယ်နိုင်စွမ်းရှိသည်။ ထိုသားရေပတ်သည် အင်အားကြီးမှုနှင့် အမိန့်အာဏာရှိမှုတို့၏ ပြယုဂ်ဟုပင် ဆိုနိုင်သည်။

သို့သော်ငြား မည်မျှပင် ဤသို့ အမွှမ်းတင်စေကာမူ တိရိစ္ဆာန်သားရေပတ်ဟူသည့် အမှန်တရားကိုတော့ ပြောင်းလဲမရနိုင်ပါပေ။

ရှန့်ခယ်ခါးမှ သားရေပတ်သည် သူ့ပိုင်ရှင်၏ မကျေနပ်မှုနှင့် စိတ်တိုင်းမကျမှုများကို ခံစားမိသည်ထင့်။ အနည်းငယ် ဝေ့ဝဲနေပြီးနောက် ပျောက်ကွယ်သွားကာ ရှန့်ခယ်အား ငှက်ကုလားအုပ်တစ်ကောင်အလား တကိုယ်လုံး ပြောင်တီး၍ ကျန်နေအောင် ထားရစ်ခဲ့တော့သည်။

ရှန့်ခယ်က သူ့ကိုယ်ခန္ဓာကို ထပ်၍ အဝတ်​ပြန်အုပ်ဖို့ စွမ်းအင်များကို စုစည်းနေသည့် အချိန်တွင် အနောက်ဘက်မလှမ်းမကမ်းမှ ရုပ်သဏ္ဍာန်တစ်ခု ပေါ်လာတော့သည်။

စစ်နတ်ဘုရားသည် ရှန့်ခယ်၏ နတ်စွမ်းအင် လှုပ်ရှားမှုကို ခံစားရပြီးနောက် အူနို ပြန်နိုးထလာပြီမှန်း သိလိုက်သည်။ ထို့နောက် ချက်ချင်း မြို့တော်မှ တန်းထွက်လာခဲ့သော်လည်း ဤသို့ အခြေအနေဖြင့် နတ်ဘုရားလေးကို ကြုံရမည်ဟု မထင်ထားမိခဲ့ပေ။

ဝိဉာည်နတ်ဘုရားများသည် နတ်စွမ်းအင်သာရှိပြီး ကိုယ်စွမ်းရည် မရှိကြပေ။ စိတ်ခံစားချက်များ၊ တပ်မက်မှုဆန္ဒမျာကို သိုမှီးရရှိလာသည့်အခါမှသာ အသွေးအသားရှိ နတ်ဘုရားများ*အဖြစ်သို့ ရောက်ကြကုန်သည်။ သို့သော် အသွေးအသားရှိသည့် နတ်ဘုရားဟုဆိုတိုင်း ဝိဉာည်နတ်ဘုရားတွေထက် ပိုအစွမ်းကြီးသည်လို့တော့ ပြောမရနိုင်ပေ။ ရှန့်ခယ်အတွက်လည်း ဤသို့ ဖြစ်သည်။

စစ်နတ်ဘုရားသည် ရှန့်ခယ်တစ်ယောက် မည်သို့ အသွေးအသားရှိ နတ်ဘုရားအဖြစ်ပြောင်းလဲသွားသည်ကို မသိသော်ငြား သူ့အတွက်တော့ ရှန့်ခယ်အား ယခုကဲ့သို့ မျက်ဝါးထင်ထင်တွေ့မြင်နိုင်ခြင်းကပင် နွေးထွေးသော ခံစားမှုတစ်မျိုး ပေးစွမ်းနိုင်လေသည်။

ရှန့်ခယ်သည် စိမ်းပြာရောင်ရှိသော ရေကန်၏ ဗဟိုချက်တွင် နေဝင်ရာအရပ်ဆီ မျက်နှာမူလျက် မတ်တပ်ရပ်ကာ နေခြည်ကျရောက်နေသော သူ၏ ကြေးနီရောင်အသားအရေသည် ရွှေရောင်အလင်းတန်း ဖြာထွက်လို့နေ၏။ သူသည် အချိုးအစားမျှတသော ခန္ဓာကိုယ်နှင့် ညီညာသော ကြွက်သားများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အကြင်သူသည် အင်အားကြီးမှု၊ အသက်ဝင်မှုစသော ဂုဏ်များနှင့် ပြည့်ဝသူဖြစ်သော်ငြား တဖက်တွင်လည်း လူအများထံမှ အကြည့်များကို အပိုင်သိမ်းယူနိုင်သော ရာဂဆန်ဆန် ဆွဲဆောင်မှုတစ်ခုက လွှမ်းခြုံ၍ လွန့်လူးနေပြန်သည်။

ဤမြင်ကွင်းတွင် စစ်နတ်ဘုရား၏ မျက်လုံးအရောင်များသည် တောက်ပလာခဲ့သည်။ ထို့နောက် စွမ်းအားကြီးနတ်ဘုရားသည် မိမိကိုယ်ကို သတိမထားမိခင်မှာပင် နတ်စွမ်းအင်ကို လှောင်ချိုင့်အဖြစ် ထုတ်လွှင့်ကာ ရှန့်ခယ်အား အတွင်း၌ ချုပ်နှောင်ထားလိုက်လေသည်။

ရှန့်ခယ်သည် ရုတ်တရက် ခန္ဓာကိုယ်လှုပ်မရဖြစ်သွားသည်ကို ခံစားလိုက်ရပြီးနောက် လှည့်ကြည့်လာသည်။ သို့သော် ဘာမှန်းဘယ်သူမှန်း ကွဲကွဲပြားပြား မမြင်လိုက်သေးခင် သူ့နံဘေးတွင် ရုပ်သဏ္ဍာန်တစ်ခုက လာရပ်သည်။

"ဆာရာ?" ရှန့်ခယ်သည် အရှေ့မှ ရပ်နေသူအား မော့ကြည့်သည်။ အူနို၏ယခုခန္ဓာကိုယ်နှင့်တောင် ရှန့်ခယ်သည် ဆာရာထက် ခေါင်းတစ်ဝက်ခန့် ပိုနိမ့်နေသေးသည့်အပြင် ဆာရာလောက် အရပ်လည်းမမြင့်၊ ဗလလည်း မတောင့်သေးပေ။

ရှန့်ခယ်က ဝေခွဲမရဟန်ဖြင့် မေးသည် "ဆာရာ ငါ မင်းကို မတွေ့တာ ရက်နည်းနည်းပဲရှိသေးတယ် မင်း ဝလာတာလား"

ဆာရာ : "......"

ရှန့်ခယ်က သူ့ခေါင်းသူညွှန်ပြသည် "ငါ အရင်က မင်းထက် နည်းနည်းပဲ ပုတာကို အခုကျ ဘာလို့ အရပ်က ဒီလောက်ကွာနေရတာလဲ" (﹁\”﹁) "ငါ့ထက်သာအောင်လို့ တမင် မင်းခန္ဓာကိုယ်ကို ကြီးထားတာတော့ မဟုတ်ပါဘူးနော်?"

ဆာရာသည် စကားတစ်ခွန်းမှ မတုံ့ပြန်လာပေ။ ရှန့်ခယ်တစ်ကိုယ်လုံးအား အပေါ်မှအောက်ထိ ကြည့်ပြီး မျက်ခုံးတစ်ချက်တွန့်ပြသည်။ ဘာကြောင့်မှန်း မသိသော်လည်း ရှန့်ခယ် မကျေနပ်။

ထို့နောက် ရှန့်ခယ်သည် လက်တစ်ချက်ဝှေ့ယမ်း၍ တိရိစ္ဆာန်သားရေပတ်ကိုပြန်ခေါ်ကာ တစ်စုံတစ်ယောက်၏ ပေါ်ပေါ်တင်တင် စိုက်ကြည့်ခြင်းခံနေရသည့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်နေရာကို ဖုံးအုပ်ထားလိုက်သည်။

ဖုံးထားသော တိရိစ္ဆာန် သားရေပတ်ကား ခါးထက်တွင် ယမ်းခါ၍ မြင်သူတိုင်းကို ဆွဲချွတ်ချင်စိတ်ပေါ်လာအောင် ပြုလုပ်နေ၏။

ဆာရာ၏ အကြည့်သည် သားရေပတ်ပေါ် အချိန်အတော်ကြာ ရောက်နေခဲ့ပြီးနောက် တဖက်လူ၏ ပေါင်တံများ၊ ရင်ဘတ်၊ ညှပ်ရိုး၊ လည်ဇလုပ်ဆီရွေ့လျားကာ နောက်ဆုံး မျက်နှာဖုံးဆီ ပြန်ရောက်ရှိသွားသည်။

ထို့နောက် လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ မျက်နှာဖုံးထောင့်စွန်းကို ဆွဲကိုင်၍ ဒုတိယအကြိမ်မြောက် မျက်နှာဖုံးကို ဆွဲချွတ်ဖို့ ကြိုးစားသည်။

ရှန့်ခယ်မှာ လှုပ်ရှားမရှိ။ "ရမှာ မဟုတ်ဘူး ဒီမျက်နှာဖုံးက..."

စကားတောင် မဆုံးလိုက်။ ကျိုးကြေသံတစ်ခုထွက်ပေါ်လာပြီးနောက် မျက်နှာဖုံးမှာ သူ့မျက်နှာမှ ရုတ်တရက် ကွာထွက်သွားတော့သည်။ သူ ဘာလုပ်လုပ် ချွတ်မရခဲ့တဲ့ မျက်နှာဖုံးက ဒီယောက်ျားလက်နဲ့မှ အေးဆေး ကျွတ်သွားတယ်တဲ့လား! သိပ္ပံမဆန်လိုက်တာ!

ဆာရာသည် မျက်နှာဖုံးကိုင်လျက် မျက်တောင်တစ်ချက်မခပ်စတမ်း ရှန့်ခယ်အား ငေးကြည့်နေရင်းမှ အံ့အားသင့်မှုအချို့က မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။

ရှန့်ခယ်သည် ဆာရာ၏ တစ်ချက်မလှုပ်သော အကြည့်များအောက်တွင် လန့်လာကာ သူ့မျက်နှာသူ ပြန်ကိုင်ကြည့်မိသည်။ သူ့ရုပ်ရည်အပေါ် ယုံကြည်မှုအပြည့်အဝရှိထားသော်လည်း တခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသေးရာ မသေမချာဖြစ်နေမိသည်။ ဘယ်သူ ပြောနိုင်မှာလဲ? ဤ ဗလတောင့်တောင့် ခန္ဓာကိုယ်အထက်တွင် မိန်းကလေးဆန်ဆန် မျက်နှာလှလှလေးတစ်ခုတောင် ရှိကောင်းရှိနေနိုင်သည်။

ရှန့်ခယ်က ရေအိုင်ဆီ ငုံ့၍ မိမိမျက်နှာသွင်ပြင်ကို ကြည့်တော့မည့်ဆဲဆဲတွင် ဆာရာသည် လက်တစ်ဖက်နှင့် ရှန့်ခယ်ခါးကို ပွေ့ဖက်ကာ ကျန်လက်တစ်ဖက်နှင့် မျက်နှာပေါ် မျက်နှာဖုံး ပြန်အုပ်ပေးလိုက်သည်။

ရှန့်ခယ် သူ့ဘာသာ ပြန်ချွတ်ကြည့်ဖို့ ကြိုးစားသော်လည်း အံသြဖို့ကောင်းစွာပင် သူ့လက်နှင့်ကျ ချွတ်လို့မရပေ။

ရှန့်ခယ် : ( °□°)!

အနည်းဆုံးတစ်ခေါက်လောက်တော့ ငါ့ရုပ်ကို ငါ ကြည့်ပါရစေဦး။

"ဆာရာ ငါ့မျက်နှာဖုံးစောင်းနေတယ် ထင်တယ် ပြန်တည့်ပေးပါလား" ရှန့်ခယ်က အတည်ကြည်ဆုံး မျက်လုံးလေးများနှင့် ကြည့်ပြောလိုက်သည်။

ဆာရာက တစ်ချက်ကြည့်ပေးပြီး ပြန်ဖြေသည် "အဆင်ပြေတယ် မစောင်းဘူး"

"မျက်နှာဖုံးက ငါ့ မျက်နှာပေါ်မှာလေ ငါစောင်းနေတယ်ထင်ရင် စောင်းနေလို့ပေါ့"

ဆာရာ : "ဒါဆိုလည်း ကိုယ့်ဘာသာ ပြန်တည့်လိုက်"

ရှန့်ခယ် : (▔﹏▔) ဒီကောင် ငါ့အကြံ သိနေတာ ဖြစ်ရမယ်

"ငါနဲ့ မြို့တော်ကို ပြန်လိုက်ခဲ့" ဆာရာက ထပြောသည် "ရှုမျိုးစုကလည်း မြို့တော်ဆီ ပြောင်းနေကြတော့မှာ"

"အကုန်လုံးလား"

"အင်း" ဆာရာသည် အယ်လ်တီယာ တောင်သို့ ကြည့်သည် "သူတို့အိမ်တွေရော ယာခင်းတွေရော အကုန် မီးလောင်ပြီး ပျက်စီးကုန်ပြီ ရှုမျိုးစုအိမ်ပြန်ဆောက်ရတော့မှာ အိမ်တွေကို စည်ပင်တဲ့ မြို့နားဆောက်တာက ဝေးဝေးလံလံ တောင်ပေါ်ဆောက်တာထက်တော့ ပို အဆင်ပြေပြီး လုံခြုံမှာသေချာတယ်"

ရှန့်ခယ်တွင် ပြောစရာစကားမရှိပေ။ မူလ ဇာတ်ကြောင်းအရဆို ရှုမျိုးစုသည် လွန်ခဲ့သည့် နှစ်ဝက်ကတည်းက မြို့တော်ထဲ အခြေချနေရမှာ ဖြစ်သည်။ သို့သော် ရှန့်ခယ်ရောက်ရှိလာမှုကြောင့် အယ်လ်တီယာတောင်မှ ဘဝက အဆင်ပြေချောမွေ့နေကြရာ ပြောင်းရွှေ့ဖို့အချိန်ကို နောက်ဆုတ်ထားလိုက်ကြတာ ဖြစ်သည်။

ထို့ကြောင့်လည်း မီးနတ်ဘုရားကိုးကွယ်သူများနှင့် ပြဿနာတက်ကာ ဤသို့ ကပ်နှင့်သွားတိုးရတာဖြစ်သည်။ ကံကောင်းသည်က ထိခိုက်ဒဏ်ရာရသူ မရှိ။ မဟုတ်ပါက မီးနတ်ဘုရားကို သူ လွယ်လွယ်နှင့် ခွင့်လွှတ်မည်မဟုတ်ပေ။

ထိုအကြောင်း စဥ်းစားပြီးနောက် ရှန့်ခယ် ရုတ်တရက်တွေးမိသွားသည်။ နှစ်တစ်ထောင်ကြာ မကောင်းမှုနတ်ဘုရားတွင် စစ်နတ်ဘုရားနှင့် မီးနတ်ဘုရားတို့သာ ရန်သူမဟုတ်။ အခြားနတ်ဘုရားအကြီးအသေးများစွာ စုံစုံလင်လင်နှင့် မရှိတောင် အနည်းဆုံး ဆယ်ပါးတော့ ရှိလိမ့်မည်။ နတ်ဘုရားအချို့ကတော့ စုတေကုန်ကြပြီ ဖြစ်သော်လည်း ကျန်ရှိသေးသော နတ်ဘုရားများမှာ ဤနှစ်များအတွင်း စွမ်းအားတိုးတက်လာကြပြီးဖြစ်သည်။ မီးနတ်ဘုရားတစ်ပါးတည်းနှင့်တိုးပြီးတောင် ချိတ်ပိတ်ခံရမလို ဖြစ်ခဲ့လေရာ အစုလိုက်သာ ရောက်ချလာပါက သူ့အတွက် အန္တာရယ်များလာနိုင်သည်။

ထို့အပြင် ဤနတ်ဘုရားများသည် ယခုအချိန်တွင် ကိုယ်ပိုင်နယ်နိမိတ်များကိုယ်စီ အစားရထားကြပြီးဖြစ်သည်။ စစ်နတ်ဘုရားလောက် အင်အားမကြီးက​ြသော်ငြား သွားစော်ကားလို့တော့ မရပေ။

ရှန့်ခယ်သည် ဆာရာ့ဆီ အကြည့်ပြောင်းကာ အကူအညီတစ်ခုတောင်းလိုက်ဖို့ စဥ်းစားသော်လည်း မပြောဖြစ်ခဲ့။ သူ့မှာ လုပ်ရမည့်တာဝန်**ရှိသေးသည်။ သူ့အတွက်တော့ အန္တာရယ်များ​ေသာ အခြေအနေဖြစ်လေလေ  မစ်ရှင်ပြီးဖို့ နီးစပ်နိုင်လေလေဖြစ်သည်။ ရန်သူများကို ကြောက်ရွံ့မှု မရှိသော်လည်း ဒီထက်ပို စွမ်းအားတက်လာဖို့တော့ လိုသေးသည်။ အင်အားကြီးမှုသည်သာ ကိုယ့်ကိုကိုယ်မသေသေအောင် သတ်နေရသည့် ဤမစ်ရှင်တွင် ရှင်သန်ကျန်နိုင်ရန် တစ်ခုတည်းသော အာမခံချက်ဖြစ်သည်။

ရှန့်ခယ်သည် ဝိဉာည်အဖြစ် ပြန်ပြောင်းကာ ရှုမျိုးစုအား မြို့တော်သို့ရောက်သည်အထိ လိုက်ပါစောင့်ရှောက်လာခဲ့သည်။ ဆာရာက ကိုယ်ထင်မပြသော်လည်း လမ်းတွင် အခြားနတ်ဘုရား၏ တိုက်ခိုက်ခြင်းမခံရအောင် ကာကွယ်ပေးထားခဲ့သည်။

အခြားနတ်ဘုရားများအတွက် မကောင်းမှုနတ်ဘုရားသည် မည်သို့သောဖြစ်တည်မှုတစ်ခုဆိုတာကို ဆာရာသိနားလည်ထားပြီးသားဖြစ်သည်။ မည်သည့်နည်းလမ်းနှင့်မဆို ရှန့်ခယ်အား ဒီ့ထက်အင်အားကြီးခွင့် ပြုကြမှာမဟုတ်ပေ။ အကယ်၍ လက်ရှိမကောင်းမှုနတ်ဘုရားသည် ယခင်မကောင်းမှုနတ်ဘုရားလိုသာဆိုလျှင် ဆာရာလည်း သနားနေမှာမဟုတ်။ သို့သော် ယခုမကောင်းမှုနတ်ဘုရားကား လူသစ်တစ်ယောက်လို ဖြစ်သည်။ သူသည် စိတ်ဓာတ်ပြင်းပြ၍ ပျော်တတ်သည်။ ကျိုးကြောင်းဆီလျော်၍ ကိုးကွယ်သူများကို ဂရုစိုက်ပေးမှုမှာ ရောဂါများပါ လိုလိုချင်ချင် အစားဝင်ခံပေးနိုင်တဲ့အထိ ဖြစ်သည်။ သူ၏ ဘလိုင်းကြီး ဒုက္ခပေးခံရဖူးသည့်လူလည်း မရှိသေးပေ။ ပြောရလျှင် သူ့ကိုတောင် အခြားနတ်ဘုရားတွေက မကြာခဏ ဒုက္ခလာလာပေးနေသေးသည်။

ဤသို့ မကောင်းမှု နတ်ဘုရားအား ဆာရာမထိခိုက်လိုပေ။ ဘေးနားထားပြီး သေချာပျိုးထောင်ပေးချင်မိသည်။

အင်း..သူ့ကို မတွေ့ရတာတောင် နာရီနှစ်ဆယ်ကြာပေါ့။ သွားကြည့်လိုက်ဦးမယ်...

ဆာရာသည် ရှန့်ခယ်၏ ကိုယ်နံ့အတိုင်းလိုက်ကာ ရှုမျိုးစုနေအိမ်ဆီ ရောက်လာခဲ့သည်။ ရှန့်ခယ်သည် လက်ရှိတွင် ယီတာမိုနှင့် အတူထိုင်နေကာ နှစ်ယောက်သားမှာ အရမ်းနီးကပ်၍ ဒွိဟဖြစ်စရာပုံ ပေါက်နေသည်။

ရှန့်ခယ်သည် အထူးကောင်းမွန်သော ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ်ကို အနည်းငယ်စောင်း၍ မျက်နှာကို ယီတာမိုရှေ့ ထိုးပေးထားသည်။

ယီတာမိုသည်လည်း ခေါင်းငုံ့ချကာ အနမ်းခြွေချင်သည့်အလား ရှန့်ခယ်မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ထားသည်။

ချက်ချင်းပင် ဆာရာ့မျက်လုံးထဲ ဒေါသမီးလျံများပေါက်ထွက်ကုန်ကာ နတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ယီတာမိုသည် လက်ထဲ ရုတ်တရက်ပေါ့ပါးသွားသည်ကို သိလိုက်ရပြီးနောက် ဘေးတွင်ထိုင်နေသော ရှန့်ခယ်မှာပျောက်ကွယ်သွားကာ သူ့နေရာတွင် အဝတ်ပုံတစ်ခုသာ ကျန်နေရစ်ခဲ့သည်။

ရှန့်ခယ်၏ ခန္ဓာကိုယ်သည် ဖြစ်တည်မှု ကောင်းစွာပြည့်စုံသေးသည် မဟုတ်ပေ။ ထို့ကြောင့် စစ်နတ်ဘုရား၏ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် တစ်စစီ ကွဲထွက်သွားတော့သည်။

ဆာရာသည် 'ခဏတွင်းချင်း အဝတ်ချွတ်အနုပညာ' တွင် ကျွမ်းကျင်အဆင့်ဖြစ်ရာကား ရှန့်ခယ်မှာ တစ်ခဏအတွင်း အဝတ်အစားများအကုန် ချွတ်ချခြင်း ခံလိုက်ရတော့သည်။

"အူနို?" ယီတာမိုသည် လူရှင်းလင်းနေသော ခြံဝန်းထဲ ရပ်လျက် ဟိုကြည့်သည်ကြည့် ရှာကျန်နေခဲ့သည်။

"ဆာရာ မင်းဘာလုပ်တာလဲ" စစ်နတ်ဘုရားကျောင်းဆီသို့ အကြောင်းပြချက်မရှိ ရုတ်တရက်ကြီး ခေါ်ဆောင်ခံလိုက်ရပြီးနောက် ရှန့်ခယ်သည် မကျေမနပ်ဖြစ်ကာ စိတ်ထဲတွင်လည်း အထွန့်တက်နေမိသည်။

ဆာရာက ပြန်မေးသည် "မင်း ယီတာမိုနဲ့ ဘာလုပ်နေတာလဲ"

"သူက ငါ့ရဲ့တကယ့်မျက်နှာကို စိတ်ဝင်စားတယ်ဆိုလို့ မျက်နှာဖုံးချွတ်ခိုင်းနေတာလေ"

"မင်းမှာ မျက်နှာဖုံးချွတ်ပိုင်ခွင့် မရှိဘူး" ဆာရာက အမိန့်ပေးသည်။

"ဘာလို့ မရှိရတာလဲ" ရှန့်ခယ်သည် သူ၏ မျက်နှာဖုံးကို လူတိုင်း ချွတ်လို့ရတာလား ဒါမှမဟုတ် အချို့သော လူတွေပဲ ချွတ်နိုင်တာလားလို့ သိချင်ခဲ့ခြင်းသာဖြစ်သည်။

"မင်းရုပ်က တော်တော်ဆိုးတယ် အခြားလူတွေ မြင်သွားရင် အိပ်မက်ဆိုးတွေ မက်ကုန်လိမ့်မယ်" ဆာရာက တွေဝေမှုမရှိ ပြန်အ​ဖြေပေးသည်။

ရှန့်ခယ် : အကယ်၍ သူ့ အဆင့်အတန်းများကို မြှင့်တင်ပေးနေသည့် System သာ မရှိရင် ဤစကားကို ယုံရင်ယုံမိလောက်သည်...

ဆာရာက အလေးထားပြောသည် "မင်းကမကောင်းမှုနတ်ဘုရားလေ အဲ့တော့ မင်းရုပ်ရည်ကလည်း ကြမ်းတမ်းတာပေါ့ လူတွေသာ မင်းရုပ်ကို မြင်ရင် မင်းကြိုးစားထားရတာတွေအကုန် သဲထဲရေသွန်ဖြစ်ကုန်မယ်"

ရှန့်ခယ် : (〒︿〒)ဘာကြောင့် ငါ့ကို ဒီလောက်တောင် ချိုးချိုးဖဲ့ဖဲ့ ပြောနိုင်ရက်ရတာလဲ.....

"ဒါကြောင့် လူတွေရှေ့ မင်းမျက်နှာ သွားမပြနဲ့" ဆာရာကား စကားကို ဤသို့ အဆုံးသတ်သည်။

"လူတွေကို မျက်နှာပြမရဘူးဆိုလည်း နေးလ်ကို သွားရှာပြမယ်" နေးလ်သည်လည်း နတ်ဘုရားကြီးတစ်ပါးဖြစ်ရာ သူနှင့်အခြေအနေအဆင့်အတန်းတူဖြစ်သည်။

စကားပြောလို့ ပြီးရုံပဲရှိသေးသည်။ ဒေါသအပြည့်အဝပါသော စွမ်းအားတစ်ခုက သူ့ဆီ ရိုက်ခတ်လာကာ တဖန်ချုပ်နှောင်ထားလိုက်လေသည်။

"အူနို" ဆာရာသည် ရှန့်ခယ်ရှေ့တွင် မတ်မတ်ရပ်ကာ စကားတစ်လုံးချင်းစီကို အလေးအနက်ထားပြီး ပြောသည်။ "ငါ့ရှေ့ကလွဲပြီး အခြား ဘယ်နတ်ဘုရား၊ ဘယ်လူရှေ့မှာမှ မျက်နှာဖုံး မချွတ်ပြနဲ့"

မျက်စိတစ်မှိတ်အတွင်း ရန်လိုစိတ်ပေါက်သွားပါသော သူ့အရှေ့မှ ယောက်ျားကြောင့် ရှန့်ခယ်မှာ ပြောစရာစကား ဆွံ့အသွားရသည်။

ဆာရာသည် လက်ဆန့်ထုတ်၍ သူ့မျက်နှာဖုံးအား ဖြေးညှင်းစွာ ချွတ်သည်။ လက်ချောင်းများက ရှန့်ခယ်၏ မျက်ခုံး နှင့် မျက်လုံးတို့အား ထိတို့ကစားသွားပြီးနောက် ခပ်နိမ့်နိမ့် အသံဖြင့်ပြောလာသည် "အူနို ငါမင်းကို ကာကွယ်ပေးမယ် အဲ့ဒီအစား ငါ့စကားကို နားထောင်ပေးပါ"

"မင်း ငါ့ကို ရိုင်းစိုင်းတဲ့ စကားတွေ ပြောရင်တောင်မှလား" ရှန့်ခယ်က မေးလိုက်သည်။

"ဟုတ်တယ်" ဆာရာ့လေသံက အလျှော့ပေးမည့်ပုံမပေါ်။  "ငါက မင်းရဲ့ တစ်ပါးတည်းသော နတ်ဘုရားဖြစ်လာပေးမယ် အနာဂတ်မှာ မင်းဘယ်လောက် စွမ်းအားကြီးကြီး ငါမင်းထက်ပို စွမ်းအားကြီးစေရမယ် မင်းအထက်မှာပဲ ရှိစေရမယ်"

"ဘာလို့လဲ" ရှန့်ခယ်သည် ဆာရာ့မျက်ဝန်းများထဲ လေးနက်စွာကြည့်၍ မေးသည် "ဘာလို့ ငါလဲ"

သူ၏ အာရုံစိုက်မှုအောက်၌ ဆာရာ၏ ဝိဉာည်ခန္ဓာကိုယ်တွင် မတည်မငြိမ်နှင့် နတ်စွမ်းအင်မြင့်တက်မှုတစ်ခု ရုတ်တရက်ဖြစ်ပွားသွားပြီးနောက် တဖြည်းဖြည်းချင်း ပြန်အခြေတည်လာခဲ့သည်။ ဆာရာ့ ခန္ဓာကိုယ်မှ သံချပ်ကာသည်လည်း အလိုလိုပျောက်ကွယ်သွားကာ ပူလောင်သောအငွေ့ဓာတ်များနှင့်အတူ ယောက်ျားဆန်မှုအပြည့်ရှိသည့် ဗလတောင့်တင်းသော ခန္ဓာကိုယ်တစ်ခုမှာ စတင်ရုပ်လုံးပေါ်လာတော့သည်။

ရှန့်ခယ်သည် ဤဖြစ်စဥ်ကို အံ့အားတသင့် ပြူးကြည့်နေမိသည်။ ဆာရာသည် မထင်မှတ်ထားပဲ သူ့အရှေ့မှာတင် အစစ်အမှန်နတ်ဘုရား*** အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်လေသည်။

______________________________________

Notes

*အသွေးအသားရှိ နတ်ဘုရား - နေးလ်လို ခန္ဓာကိုယ်ရှိတဲ့ နတ်ဘုရားပါ လူ့ခန္ဓာကိုယ်လိုမျိုး အသွေးအသားတွေနဲ့ ခန္ဓာကိုယ်ရသွားတာပေါ့လေ စိတ်တိုင်းကျနေလို့ရပါတယ် ဝိဉာည်လိုနေလည်းရတယ်ပေါ့လေ ^ ^

**လုပ်ရမည့်တာဝန် - သုံးခါ သေလုနီးပါးဖြစ်ဖို့ပါ၊ ဒါမှ သူ့ချစ်သူနဲ့ ဒီကမ္ဘာမှာနေနိုင်မှာ ဒါ့ကြောင့် အခြေအနေတွေ အန္တာရယ်များလေလေ မစ်ရှင်ပြီးဖို့ ပိုနီးလေလေလို့ ပြောတာ xD

***အစစ်အမှန် နတ်ဘုရား = အသွေးအသားရှိ နတ်ဘုရား၊ ဆာရာရောပဲ အခုမှ ခန္ဓာကိုယ်ရတာပါ၊ အစက ပထမရှန့်ခယ်လို ဝိဉာည်ပဲရှိတဲ့ နတ်ဘုရားပါ၊ တနည်းအားဖြင့် ဆိုရရင် အခုမှ ခံစားချက်တွေ ရှိလာတာပေါ့လေ ^ ^

ကိုယ် crush နေတဲ့သူကို ဘယ်လောက်သဝန်တိုတို ဆာရာ့လို မလုပ်ကြမပြောကြပါနဲ့နော် : P

____________________________________

< Zawgyi >

ရွန႔္ခယ္၏ မ်က္ႏွာဖုံးကား မ်က္ႏွာထက္တြင္ သူ႔ေနရာႏွင့္သူ အံဝင္ခြင္က်ရွိေန၏။ သို႔ေသာ္ သူ႔မ်က္ႏွာႏွင့္ ေပါင္းစပ္သြားတာမ်ိဳးလည္းမဟုတ္ျပန္ရာ ခၽြတ္မည္ဆိုက ခၽြတ္လို႔ရနိုင္ေလာက္သည္။ ခက္သည္က သူကိုယ္တိုင္လည္း မ်က္ႏွာဖုံးခၽြတ္နည္းကို မသိ။ သူ၏ နတ္ဘုရားအဆင့္နိမ့္ေနေသးသျဖင့္ ခၽြတ္မရတာပဲလားေတာ့ မေျပာတတ္ေပ။

ရွန႔္ခယ္သည္ ကိုယ္လုံးတီးျဖစ္ေနေသာ ခႏၶာကိုယ္ကိုၾကည့္ကာ သူ႔အတြက္သူ အဝတ္အစားမ်ား ဖန္တီးဖို႔ လုပ္သည္။ ထို႔ေနာက္ ၾကယ္စင္ေပါင္းေျမာက္မ်ားစြာ ေပၚထြက္လာေလသည္။ ၎တို႔သည္ ရွန္႔ခယ္၏ ခႏၶာကိုယ္ကို ဝန္းရံလိုက္ၾကကာ ခါးနားတြင္ ခဏတာ လွည့္လည္ေနၾကၿပီးေနာက္ ပုံစံေျပာင္းလဲသြားသည့္ ဝတ္႐ုံသည္ကား အလြန႔္အလြန္ကို ေတာက္ပ၍ လွရက္နိုင္လြန္းေသာ....

တိရိစၧာန္ သားေရပတ္တစ္ခု ျဖစ္ေလသည္.....

႐ုပ္ထု၏ ပုံသ႑ာန္သည္ နတ္ဘုရား၏ မူရင္းသ႑ာန္ျဖစ္သည္။ ထို႔ေၾကာင့္ ရွန႔္ခယ္မွ အေသြးအသားရွိေသာ ခႏၶာတစ္ခုအျဖစ္ ေျပာင္းလဲသြားေတာင္ သူ၏ မ်က္ႏွာဖုံး၊ တူႏွင့္ သားေရပတ္တို႔ကေတာ့ မည္မၽွ စြမ္းအင္သုံးသုံး အျမဲကပ္က်န္ေနဦးမွာ ျဖစ္သည္။ မေကာင္းမႈနတ္ဘုရား ဝတ္ဆင္ထားေသာ သားေရပတ္သည္ ေရွးေခတ္သားရဲတစ္ေကာင္၏ အေရခြံမွ ထုတ္ယူထားျခင္းျဖစ္ကာ အနက္ခံအေရာင္ေပၚတြင္ ေရႊေရာင္ႏွင့္ အနားစြန္းမ်ားကို ကြပ္ထားၿပီး မီးႏွင့္ေရကို ခုခံကာကြယ္နိုင္စြမ္းရွိသည္။ ထိုသားေရပတ္သည္ အင္အားႀကီးမႈႏွင့္ အမိန႔္အာဏာရွိမႈတို႔၏ ျပယုဂ္ဟုပင္ ဆိုနိုင္သည္။

သို႔ေသာ္ျငား မည္မၽွပင္ ဤသို႔ အမႊမ္းတင္ေစကာမူ တိရိစၧာန္သားေရပတ္ဟူသည့္ အမွန္တရားကိုေတာ့ ေျပာင္းလဲမရနိုင္ပါေပ။

ရွန႔္ခယ္ခါးမွ သားေရပတ္သည္ သူ႔ပိုင္ရွင္၏ မေက်နပ္မႈႏွင့္ စိတ္တိုင္းမက်မႈမ်ားကို ခံစားမိသည္ထင့္။ အနည္းငယ္ ေဝ့ဝဲေနၿပီးေနာက္ ေပ်ာက္ကြယ္သြားကာ ရွန႔္ခယ္အား ငွက္ကုလားအုပ္တစ္ေကာင္အလား တကိုယ္လုံး ေျပာင္တီး၍ က်န္ေနေအာင္ ထားရစ္ခဲ့ေတာ့သည္။

ရွန႔္ခယ္က သူ႔ကိုယ္ခႏၶာကို ထပ္၍ အဝတ္​ျပန္အုပ္ဖို႔ စြမ္းအင္မ်ားကို စုစည္းေနသည့္ အခ်ိန္တြင္ အေနာက္ဘက္မလွမ္းမကမ္းမွ ႐ုပ္သ႑ာန္တစ္ခု ေပၚလာေတာ့သည္။

စစ္နတ္ဘုရားသည္ ရွန႔္ခယ္၏ နတ္စြမ္းအင္ လႈပ္ရွားမႈကို ခံစားရၿပီးေနာက္ အူနို ျပန္နိုးထလာၿပီမွန္း သိလိုက္သည္။ ထို႔ေနာက္ ခ်က္ခ်င္း ၿမိဳ႕ေတာ္မွ တန္းထြက္လာခဲ့ေသာ္လည္း ဤသို႔ အေျခအေနျဖင့္ နတ္ဘုရားေလးကို ၾကဳံရမည္ဟု မထင္ထားမိခဲ့ေပ။

ဝိဉာည္နတ္ဘုရားမ်ားသည္ နတ္စြမ္းအင္သာရွိၿပီး ကိုယ္စြမ္းရည္ မရွိၾကေပ။ စိတ္ခံစားခ်က္မ်ား၊ တပ္မက္မႈဆႏၵမ်ာကို သိုမွီးရရွိလာသည့္အခါမွသာ အေသြးအသားရွိ နတ္ဘုရားမ်ား*အျဖစ္သို႔ ေရာက္ၾကကုန္သည္။ သို႔ေသာ္ အေသြးအသားရွိသည့္ နတ္ဘုရားဟုဆိုတိုင္း ဝိဉာည္နတ္ဘုရားေတြထက္ ပိုအစြမ္းႀကီးသည္လို႔ေတာ့ ေျပာမရနိုင္ေပ။ ရွန္႔ခယ္အတြက္လည္း ဤသို႔ ျဖစ္သည္။

စစ္နတ္ဘုရားသည္ ရွန္႔ခယ္တစ္ေယာက္ မည္သို႔ အေသြးအသားရွိ နတ္ဘုရားအျဖစ္ေျပာင္းလဲသြားသည္ကို မသိေသာ္ျငား သူ႔အတြက္ေတာ့ ရွန္႔ခယ္အား ယခုကဲ့သို႔ မ်က္ဝါးထင္ထင္ေတြ႕ျမင္နိုင္ျခင္းကပင္ ေႏြးေထြးေသာ ခံစားမႈတစ္မ်ိဳး ေပးစြမ္းနိုင္ေလသည္။

ရွန္႔ခယ္သည္ စိမ္းျပာေရာင္ရွိေသာ ေရကန္၏ ဗဟိုခ်က္တြင္ ေနဝင္ရာအရပ္ဆီ မ်က္ႏွာမူလ်က္ မတ္တပ္ရပ္ကာ ေနျခည္က်ေရာက္ေနေသာ သူ၏ ေၾကးနီေရာင္အသားအေရသည္ ေရႊေရာင္အလင္းတန္း ျဖာထြက္လို႔ေန၏။ သူသည္ အခ်ိဳးအစားမၽွတေသာ ခႏၶာကိုယ္ႏွင့္ ညီညာေသာ ႂကြက္သားမ်ားကိုလည္း ပိုင္ဆိုင္ထားေသးသည္။ အၾကင္သူသည္ အင္အားႀကီးမႈ၊ အသက္ဝင္မႈစေသာ ဂုဏ္မ်ားႏွင့္ ျပည့္ဝသူျဖစ္ေသာ္ျငား တဖက္တြင္လည္း လူအမ်ားထံမွ အၾကည့္မ်ားကို အပိုင္သိမ္းယူနိုင္ေသာ ရာဂဆန္ဆန္ ဆြဲေဆာင္မႈတစ္ခုက လႊမ္းျခဳံ၍ လြန္႔လူးေနျပန္သည္။

ဤျမင္ကြင္းတြင္ စစ္နတ္ဘုရား၏ မ်က္လုံးအေရာင္မ်ားသည္ ေတာက္ပလာခဲ့သည္။ ထို႔ေနာက္ စြမ္းအားႀကီးနတ္ဘုရားသည္ မိမိကိုယ္ကို သတိမထားမိခင္မွာပင္ နတ္စြမ္းအင္ကို ေလွာင္ခ်ိဳင့္အျဖစ္ ထုတ္လႊင့္ကာ ရွန္႔ခယ္အား အတြင္း၌ ခ်ဳပ္ေႏွာင္ထားလိုက္ေလသည္။

ရွန္႔ခယ္သည္ ႐ုတ္တရက္ ခႏၶာကိုယ္လႈပ္မရျဖစ္သြားသည္ကို ခံစားလိုက္ရၿပီးေနာက္ လွည့္ၾကည့္လာသည္။ သို႔ေသာ္ ဘာမွန္းဘယ္သူမွန္း ကြဲကြဲျပားျပား မျမင္လိုက္ေသးခင္ သူ႔နံေဘးတြင္ ႐ုပ္သ႑ာန္တစ္ခုက လာရပ္သည္။

"ဆာရာ?" ရွန္႔ခယ္သည္ အေရွ႕မွ ရပ္ေနသူအား ေမာ့ၾကည့္သည္။ အူနို၏ယခုခႏၶာကိုယ္ႏွင့္ေတာင္ ရွန္႔ခယ္သည္ ဆာရာထက္ ေခါင္းတစ္ဝက္ခန္႔ ပိုနိမ့္ေနေသးသည့္အျပင္ ဆာရာေလာက္ အရပ္လည္းမျမင့္၊ ဗလလည္း မေတာင့္ေသးေပ။

ရွန္႔ခယ္က ေဝခြဲမရဟန္ျဖင့္ ေမးသည္ "ဆာရာ ငါ မင္းကို မေတြ႕တာ ရက္နည္းနည္းပဲရွိေသးတယ္ မင္း ဝလာတာလား"

ဆာရာ : "......"

ရွန္႔ခယ္က သူ႔ေခါင္းသူညႊန္ျပသည္ "ငါ အရင္က မင္းထက္ နည္းနည္းပဲ ပုတာကို အခုက် ဘာလို႔ အရပ္က ဒီေလာက္ကြာေနရတာလဲ" (﹁\”﹁) "ငါ့ထက္သာေအာင္လို႔ တမင္ မင္းခႏၶာကိုယ္ကို ႀကီးထားတာေတာ့ မဟုတ္ပါဘူးေနာ္?"

ဆာရာသည္ စကားတစ္ခြန္းမွ မတုံ႔ျပန္လာေပ။ ရွန္႔ခယ္တစ္ကိုယ္လုံးအား အေပၚမွေအာက္ထိ ၾကည့္ၿပီး မ်က္ခုံးတစ္ခ်က္တြန္႔ျပသည္။ ဘာေၾကာင့္မွန္း မသိေသာ္လည္း ရွန္႔ခယ္ မေက်နပ္။

ထို႔ေနာက္ ရွန္႔ခယ္သည္ လက္တစ္ခ်က္ေဝွ႕ယမ္း၍ တိရိစၧာန္သားေရပတ္ကိုျပန္ေခၚကာ တစ္စုံတစ္ေယာက္၏ ေပၚေပၚတင္တင္ စိုက္ၾကည့္ျခင္းခံေနရသည့္ သူ႔ခႏၶာကိုယ္အစိတ္အပိုင္း တစ္ေနရာကို ဖုံးအုပ္ထားလိုက္သည္။

ဖုံးထားေသာ တိရိစၧာန္ သားေရပတ္ကား ခါးထက္တြင္ ယမ္းခါ၍ ျမင္သူတိုင္းကို ဆြဲခၽြတ္ခ်င္စိတ္ေပၚလာေအာင္ ျပဳလုပ္ေန၏။

ဆာရာ၏ အၾကည့္သည္ သားေရပတ္ေပၚ အခ်ိန္အေတာ္ၾကာ ေရာက္ေနခဲ့ၿပီးေနာက္ တဖက္လူ၏ ေပါင္တံမ်ား၊ ရင္ဘတ္၊ ညႇပ္ရိုး၊ လည္ဇလုပ္ဆီေရြ႕လ်ားကာ ေနာက္ဆုံး မ်က္ႏွာဖုံးဆီ ျပန္ေရာက္ရွိသြားသည္။

ထို႔ေနာက္ လက္ကို ျဖည္းျဖည္းခ်င္း ဆန္႔ထုတ္ကာ မ်က္ႏွာဖုံးေထာင့္စြန္းကို ဆြဲကိုင္၍ ဒုတိယအႀကိမ္ေျမာက္ မ်က္ႏွာဖုံးကို ဆြဲခၽြတ္ဖို႔ ႀကိဳးစားသည္။

ရွန္႔ခယ္မွာ လႈပ္ရွားမရွိ။ "ရမွာ မဟုတ္ဘူး ဒီမ်က္ႏွာဖုံးက..."

စကားေတာင္ မဆုံးလိုက္။ က်ိဳးေၾကသံတစ္ခုထြက္ေပၚလာၿပီးေနာက္ မ်က္ႏွာဖုံးမွာ သူ႔မ်က္ႏွာမွ ႐ုတ္တရက္ ကြာထြက္သြားေတာ့သည္။ သူ ဘာလုပ္လုပ္ ခၽြတ္မရခဲ့တဲ့ မ်က္ႏွာဖုံးက ဒီေယာက္်ားလက္နဲ႔မွ ေအးေဆး ကၽြတ္သြားတယ္တဲ့လား! သိပၸံမဆန္လိုက္တာ!

ဆာရာသည္ မ်က္ႏွာဖုံးကိုင္လ်က္ မ်က္ေတာင္တစ္ခ်က္မခပ္စတမ္း ရွန္႔ခယ္အား ေငးၾကည့္ေနရင္းမွ အံ့အားသင့္မႈအခ်ိဳ႕က မ်က္ဝန္းထဲ ျဖတ္ေျပးသြားသည္။

ရွန္႔ခယ္သည္ ဆာရာ၏ တစ္ခ်က္မလႈပ္ေသာ အၾကည့္မ်ားေအာက္တြင္ လန္႔လာကာ သူ႔မ်က္ႏွာသူ ျပန္ကိုင္ၾကည့္မိသည္။ သူ႔႐ုပ္ရည္အေပၚ ယုံၾကည္မႈအျပည့္အဝရွိထားေသာ္လည္း တခါမွ ကိုယ္တိုင္ကိုယ္က် မျမင္ဖူးေသးရာ မေသမခ်ာျဖစ္ေနမိသည္။ ဘယ္သူ ေျပာနိုင္မွာလဲ? ဤ ဗလေတာင့္ေတာင့္ ခႏၶာကိုယ္အထက္တြင္ မိန္းကေလးဆန္ဆန္ မ်က္ႏွာလွလွေလးတစ္ခုေတာင္ ရွိေကာင္းရွိေနနိုင္သည္။

ရွန္႔ခယ္က ေရအိုင္ဆီ ငုံ႔၍ မိမိမ်က္ႏွာသြင္ျပင္ကို ၾကည့္ေတာ့မည့္ဆဲဆဲတြင္ ဆာရာသည္ လက္တစ္ဖက္ႏွင့္ ရွန္႔ခယ္ခါးကို ေပြ႕ဖက္ကာ က်န္လက္တစ္ဖက္ႏွင့္ မ်က္ႏွာေပၚ မ်က္ႏွာဖုံး ျပန္အုပ္ေပးလိုက္သည္။

ရွန္႔ခယ္ သူ႔ဘာသာ ျပန္ခၽြတ္ၾကည့္ဖို႔ ႀကိဳးစားေသာ္လည္း အံၾသဖို႔ေကာင္းစြာပင္ သူ႔လက္ႏွင့္က် ခၽြတ္လို႔မရေပ။

ရွန္႔ခယ္ : ( °□°)!

အနည္းဆုံးတစ္ေခါက္ေလာက္ေတာ့ ငါ့႐ုပ္ကို ငါ ၾကည့္ပါရေစဦး။

"ဆာရာ ငါ့မ်က္ႏွာဖုံးေစာင္းေနတယ္ ထင္တယ္ ျပန္တည့္ေပးပါလား" ရွန္႔ခယ္က အတည္ၾကည္ဆုံး မ်က္လုံးေလးမ်ားႏွင့္ ၾကည့္ေျပာလိုက္သည္။

ဆာရာက တစ္ခ်က္ၾကည့္ေပးၿပီး ျပန္ေျဖသည္ "အဆင္ေျပတယ္ မေစာင္းဘူး"

"မ်က္ႏွာဖုံးက ငါ့ မ်က္ႏွာေပၚမွာေလ ငါေစာင္းေနတယ္ထင္ရင္ ေစာင္းေနလို႔ေပါ့"

ဆာရာ : "ဒါဆိုလည္း ကိုယ့္ဘာသာ ျပန္တည့္လိုက္"

ရွန္႔ခယ္ : (▔﹏▔) ဒီေကာင္ ငါ့အႀကံ သိေနတာ ျဖစ္ရမယ္

"ငါနဲ႔ ၿမိဳ႕ေတာ္ကို ျပန္လိုက္ခဲ့" ဆာရာက ထေျပာသည္ "ရႈမ်ိဳးစုကလည္း ၿမိဳ႕ေတာ္ဆီ ေျပာင္းေနၾကေတာ့မွာ"

"အကုန္လုံးလား"

"အင္း" ဆာရာသည္ အယ္လ္တီယာ ေတာင္သို႔ ၾကည့္သည္ "သူတို႔အိမ္ေတြေရာ ယာခင္းေတြေရာ အကုန္ မီးေလာင္ၿပီး ပ်က္စီးကုန္ၿပီ ရႈမ်ိဳးစုအိမ္ျပန္ေဆာက္ရေတာ့မွာ အိမ္ေတြကို စည္ပင္တဲ့ ၿမိဳ႕နားေဆာက္တာက ေဝးေဝးလံလံ ေတာင္ေပၚေဆာက္တာထက္ေတာ့ ပို အဆင္ေျပၿပီး လုံျခဳံမွာေသခ်ာတယ္"

ရွန္႔ခယ္တြင္ ေျပာစရာစကားမရွိေပ။ မူလ ဇာတ္ေၾကာင္းအရဆို ရႈမ်ိဳးစုသည္ လြန္ခဲ့သည့္ ႏွစ္ဝက္ကတည္းက ၿမိဳ႕ေတာ္ထဲ အေျခခ်ေနရမွာ ျဖစ္သည္။ သို႔ေသာ္ ရွန္႔ခယ္ေရာက္ရွိလာမႈေၾကာင့္ အယ္လ္တီယာေတာင္မွ ဘဝက အဆင္ေျပေခ်ာေမြ႕ေနၾကရာ ေျပာင္းေရႊ႕ဖို႔အခ်ိန္ကို ေနာက္ဆုတ္ထားလိုက္ၾကတာ ျဖစ္သည္။

ထို႔ေၾကာင့္လည္း မီးနတ္ဘုရားကိုးကြယ္သူမ်ားႏွင့္ ျပႆနာတက္ကာ ဤသို႔ ကပ္ႏွင့္သြားတိုးရတာျဖစ္သည္။ ကံေကာင္းသည္က ထိခိုက္ဒဏ္ရာရသူ မရွိ။ မဟုတ္ပါက မီးနတ္ဘုရားကို သူ လြယ္လြယ္ႏွင့္ ခြင့္လႊတ္မည္မဟုတ္ေပ။

ထိုအေၾကာင္း စဥ္းစားၿပီးေနာက္ ရွန္႔ခယ္ ႐ုတ္တရက္ေတြးမိသြားသည္။ ႏွစ္တစ္ေထာင္ၾကာ မေကာင္းမႈနတ္ဘုရားတြင္ စစ္နတ္ဘုရားႏွင့္ မီးနတ္ဘုရားတို႔သာ ရန္သူမဟုတ္။ အျခားနတ္ဘုရားအႀကီးအေသးမ်ားစြာ စုံစုံလင္လင္ႏွင့္ မရွိေတာင္ အနည္းဆုံး ဆယ္ပါးေတာ့ ရွိလိမ့္မည္။ နတ္ဘုရားအခ်ိဳ႕ကေတာ့ စုေတကုန္ၾကၿပီ ျဖစ္ေသာ္လည္း က်န္ရွိေသးေသာ နတ္ဘုရားမ်ားမွာ ဤႏွစ္မ်ားအတြင္း စြမ္းအားတိုးတက္လာၾကၿပီးျဖစ္သည္။ မီးနတ္ဘုရားတစ္ပါးတည္းႏွင့္တိုးၿပီးေတာင္ ခ်ိတ္ပိတ္ခံရမလို ျဖစ္ခဲ့ေလရာ အစုလိုက္သာ ေရာက္ခ်လာပါက သူ႔အတြက္ အႏၲာရယ္မ်ားလာနိုင္သည္။

ထို႔အျပင္ ဤနတ္ဘုရားမ်ားသည္ ယခုအခ်ိန္တြင္ ကိုယ္ပိုင္နယ္နိမိတ္မ်ားကိုယ္စီ အစားရထားၾကၿပီးျဖစ္သည္။ စစ္နတ္ဘုရားေလာက္ အင္အားမႀကီးက​ျေသာ္ျငား သြားေစာ္ကားလို႔ေတာ့ မရေပ။

ရွန္႔ခယ္သည္ ဆာရာ့ဆီ အၾကည့္ေျပာင္းကာ အကူအညီတစ္ခုေတာင္းလိုက္ဖို႔ စဥ္းစားေသာ္လည္း မေျပာျဖစ္ခဲ့။ သူ႔မွာ လုပ္ရမည့္တာဝန္**ရွိေသးသည္။ သူ႔အတြက္ေတာ့ အႏၲာရယ္မ်ား​ေသာ အေျခအေနျဖစ္ေလေလ  မစ္ရွင္ၿပီးဖို႔ နီးစပ္နိုင္ေလေလျဖစ္သည္။ ရန္သူမ်ားကို ေၾကာက္ရြံ့မႈ မရွိေသာ္လည္း ဒီထက္ပို စြမ္းအားတက္လာဖို႔ေတာ့ လိုေသးသည္။ အင္အားႀကီးမႈသည္သာ ကိုယ့္ကိုကိုယ္မေသေသေအာင္ သတ္ေနရသည့္ ဤမစ္ရွင္တြင္ ရွင္သန္က်န္နိုင္ရန္ တစ္ခုတည္းေသာ အာမခံခ်က္ျဖစ္သည္။

ရွန္႔ခယ္သည္ ဝိဉာည္အျဖစ္ ျပန္ေျပာင္းကာ ရႈမ်ိဳးစုအား ၿမိဳ႕ေတာ္သို႔ေရာက္သည္အထိ လိုက္ပါေစာင့္ေရွာက္လာခဲ့သည္။ ဆာရာက ကိုယ္ထင္မျပေသာ္လည္း လမ္းတြင္ အျခားနတ္ဘုရား၏ တိုက္ခိုက္ျခင္းမခံရေအာင္ ကာကြယ္ေပးထားခဲ့သည္။

အျခားနတ္ဘုရားမ်ားအတြက္ မေကာင္းမႈနတ္ဘုရားသည္ မည္သို႔ေသာျဖစ္တည္မႈတစ္ခုဆိုတာကို ဆာရာသိနားလည္ထားၿပီးသားျဖစ္သည္။ မည္သည့္နည္းလမ္းႏွင့္မဆို ရွန္႔ခယ္အား ဒီ့ထက္အင္အားႀကီးခြင့္ ျပဳၾကမွာမဟုတ္ေပ။ အကယ္၍ လက္ရွိမေကာင္းမႈနတ္ဘုရားသည္ ယခင္မေကာင္းမႈနတ္ဘုရားလိုသာဆိုလၽွင္ ဆာရာလည္း သနားေနမွာမဟုတ္။ သို႔ေသာ္ ယခုမေကာင္းမႈနတ္ဘုရားကား လူသစ္တစ္ေယာက္လို ျဖစ္သည္။ သူသည္ စိတ္ဓာတ္ျပင္းျပ၍ ေပ်ာ္တတ္သည္။ က်ိဳးေၾကာင္းဆီေလ်ာ္၍ ကိုးကြယ္သူမ်ားကို ဂ႐ုစိုက္ေပးမႈမွာ ေရာဂါမ်ားပါ လိုလိုခ်င္ခ်င္ အစားဝင္ခံေပးနိုင္တဲ့အထိ ျဖစ္သည္။ သူ၏ ဘလိုင္းႀကီး ဒုကၡေပးခံရဖူးသည့္လူလည္း မရွိေသးေပ။ ေျပာရလၽွင္ သူ႔ကိုေတာင္ အျခားနတ္ဘုရားေတြက မၾကာခဏ ဒုကၡလာလာေပးေနေသးသည္။

ဤသို႔ မေကာင္းမႈ နတ္ဘုရားအား ဆာရာမထိခိုက္လိုေပ။ ေဘးနားထားၿပီး ေသခ်ာပ်ိဳးေထာင္ေပးခ်င္မိသည္။

အင္း..သူ႔ကို မေတြ႕ရတာေတာင္ နာရီႏွစ္ဆယ္ၾကာေပါ့။ သြားၾကည့္လိုက္ဦးမယ္...

ဆာရာသည္ ရွန္႔ခယ္၏ ကိုယ္နံ့အတိုင္းလိုက္ကာ ရႈမ်ိဳးစုေနအိမ္ဆီ ေရာက္လာခဲ့သည္။ ရွန္႔ခယ္သည္ လက္ရွိတြင္ ယီတာမိုႏွင့္ အတူထိုင္ေနကာ ႏွစ္ေယာက္သားမွာ အရမ္းနီးကပ္၍ ဒြိဟျဖစ္စရာပုံ ေပါက္ေနသည္။

ရွန္႔ခယ္သည္ အထူးေကာင္းမြန္ေသာ ဝတ္စုံတစ္ထည္ကို ဝတ္ဆင္ထားကာ ခႏၶာကိုယ္ကို အနည္းငယ္ေစာင္း၍ မ်က္ႏွာကို ယီတာမိုေရွ႕ ထိုးေပးထားသည္။

ယီတာမိုသည္လည္း ေခါင္းငုံ႔ခ်ကာ အနမ္းေႁခြခ်င္သည့္အလား ရွန္႔ခယ္မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ အုပ္ကိုင္ထားသည္။

ခ်က္ခ်င္းပင္ ဆာရာ့မ်က္လုံးထဲ ေဒါသမီးလ်ံမ်ားေပါက္ထြက္ကုန္ကာ နတ္စြမ္းအင္ကို ထုတ္လႊတ္လိုက္သည္။

ယီတာမိုသည္ လက္ထဲ ႐ုတ္တရက္ေပါ့ပါးသြားသည္ကို သိလိုက္ရၿပီးေနာက္ ေဘးတြင္ထိုင္ေနေသာ ရွန္႔ခယ္မွာေပ်ာက္ကြယ္သြားကာ သူ႔ေနရာတြင္ အဝတ္ပုံတစ္ခုသာ က်န္ေနရစ္ခဲ့သည္။

ရွန္႔ခယ္၏ ခႏၶာကိုယ္သည္ ျဖစ္တည္မႈ ေကာင္းစြာျပည့္စုံေသးသည္ မဟုတ္ေပ။ ထို႔ေၾကာင့္ စစ္နတ္ဘုရား၏ ေၾကာက္မက္ဖြယ္ရာ ဖိအားေအာက္တြင္ တစ္စစီ ကြဲထြက္သြားေတာ့သည္။

ဆာရာသည္ 'ခဏတြင္းခ်င္း အဝတ္ခၽြတ္အႏုပညာ' တြင္ ကၽြမ္းက်င္အဆင့္ျဖစ္ရာကား ရွန္႔ခယ္မွာ တစ္ခဏအတြင္း အဝတ္အစားမ်ားအကုန္ ခၽြတ္ခ်ျခင္း ခံလိုက္ရေတာ့သည္။

"အူနို?" ယီတာမိုသည္ လူရွင္းလင္းေနေသာ ၿခံဝန္းထဲ ရပ္လ်က္ ဟိုၾကည့္သည္ၾကည့္ ရွာက်န္ေနခဲ့သည္။

"ဆာရာ မင္းဘာလုပ္တာလဲ" စစ္နတ္ဘုရားေက်ာင္းဆီသို႔ အေၾကာင္းျပခ်က္မရွိ ႐ုတ္တရက္ႀကီး ေခၚေဆာင္ခံလိုက္ရၿပီးေနာက္ ရွန္႔ခယ္သည္ မေက်မနပ္ျဖစ္ကာ စိတ္ထဲတြင္လည္း အထြန္႔တက္ေနမိသည္။

ဆာရာက ျပန္ေမးသည္ "မင္း ယီတာမိုနဲ႔ ဘာလုပ္ေနတာလဲ"

"သူက ငါ့ရဲ့တကယ့္မ်က္ႏွာကို စိတ္ဝင္စားတယ္ဆိုလို႔ မ်က္ႏွာဖုံးခၽြတ္ခိုင္းေနတာေလ"

"မင္းမွာ မ်က္ႏွာဖုံးခၽြတ္ပိုင္ခြင့္ မရွိဘူး" ဆာရာက အမိန္႔ေပးသည္။

"ဘာလို႔ မရွိရတာလဲ" ရွန္႔ခယ္သည္ သူ၏ မ်က္ႏွာဖုံးကို လူတိုင္း ခၽြတ္လို႔ရတာလား ဒါမွမဟုတ္ အခ်ိဳ႕ေသာ လူေတြပဲ ခၽြတ္နိုင္တာလားလို႔ သိခ်င္ခဲ့ျခင္းသာျဖစ္သည္။

"မင္း႐ုပ္က ေတာ္ေတာ္ဆိုးတယ္ အျခားလူေတြ ျမင္သြားရင္ အိပ္မက္ဆိုးေတြ မက္ကုန္လိမ့္မယ္" ဆာရာက ေတြေဝမႈမရွိ ျပန္အ​ေျဖေပးသည္။

ရွန္႔ခယ္ : အကယ္၍ သူ႔ အဆင့္အတန္းမ်ားကို ျမႇင့္တင္ေပးေနသည့္ System သာ မရွိရင္ ဤစကားကို ယုံရင္ယုံမိေလာက္သည္...

ဆာရာက အေလးထားေျပာသည္ "မင္းကမေကာင္းမႈနတ္ဘုရားေလ အဲ့ေတာ့ မင္း႐ုပ္ရည္ကလည္း ၾကမ္းတမ္းတာေပါ့ လူေတြသာ မင္း႐ုပ္ကို ျမင္ရင္ မင္းႀကိဳးစားထားရတာေတြအကုန္ သဲထဲေရသြန္ျဖစ္ကုန္မယ္"

ရွန္႔ခယ္ : (〒︿〒)ဘာေၾကာင့္ ငါ့ကို ဒီေလာက္ေတာင္ ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ေျပာနိုင္ရက္ရတာလဲ.....

"ဒါေၾကာင့္ လူေတြေရွ႕ မင္းမ်က္ႏွာ သြားမျပနဲ႔" ဆာရာကား စကားကို ဤသို႔ အဆုံးသတ္သည္။

"လူေတြကို မ်က္ႏွာျပမရဘူးဆိုလည္း ေနးလ္ကို သြားရွာျပမယ္" ေနးလ္သည္လည္း နတ္ဘုရားႀကီးတစ္ပါးျဖစ္ရာ သူႏွင့္အေျခအေနအဆင့္အတန္းတူျဖစ္သည္။

စကားေျပာလို႔ ၿပီး႐ုံပဲရွိေသးသည္။ ေဒါသအျပည့္အဝပါေသာ စြမ္းအားတစ္ခုက သူ႔ဆီ ရိုက္ခတ္လာကာ တဖန္ခ်ဳပ္ေႏွာင္ထားလိုက္ေလသည္။

"အူနို" ဆာရာသည္ ရွန္႔ခယ္ေရွ႕တြင္ မတ္မတ္ရပ္ကာ စကားတစ္လုံးခ်င္းစီကို အေလးအနက္ထားၿပီး ေျပာသည္။ "ငါ့ေရွ႕ကလြဲၿပီး အျခား ဘယ္နတ္ဘုရား၊ ဘယ္လူေရွ႕မွာမွ မ်က္ႏွာဖုံး မခၽြတ္ျပနဲ႔"

မ်က္စိတစ္မွိတ္အတြင္း ရန္လိုစိတ္ေပါက္သြားပါေသာ သူ႔အေရွ႕မွ ေယာက္်ားေၾကာင့္ ရွန္႔ခယ္မွာ ေျပာစရာစကား ဆြံ့အသြားရသည္။

ဆာရာသည္ လက္ဆန္႔ထုတ္၍ သူ႔မ်က္ႏွာဖုံးအား ေျဖးညႇင္းစြာ ခၽြတ္သည္။ လက္ေခ်ာင္းမ်ားက ရွန္႔ခယ္၏ မ်က္ခုံး ႏွင့္ မ်က္လုံးတို႔အား ထိတို႔ကစားသြားၿပီးေနာက္ ခပ္နိမ့္နိမ့္ အသံျဖင့္ေျပာလာသည္ "အူနို ငါမင္းကို ကာကြယ္ေပးမယ္ အဲ့ဒီအစား ငါ့စကားကို နားေထာင္ေပးပါ"

"မင္း ငါ့ကို ရိုင္းစိုင္းတဲ့ စကားေတြ ေျပာရင္ေတာင္မွလား" ရွန္႔ခယ္က ေမးလိုက္သည္။

"ဟုတ္တယ္" ဆာရာ့ေလသံက အေလၽွာ့ေပးမည့္ပုံမေပၚ။  "ငါက မင္းရဲ့ တစ္ပါးတည္းေသာ နတ္ဘုရားျဖစ္လာေပးမယ္ အနာဂတ္မွာ မင္းဘယ္ေလာက္ စြမ္းအားႀကီးႀကီး ငါမင္းထက္ပို စြမ္းအားႀကီးေစရမယ္ မင္းအထက္မွာပဲ ရွိေစရမယ္"

"ဘာလို႔လဲ" ရွန္႔ခယ္သည္ ဆာရာ့မ်က္ဝန္းမ်ားထဲ ေလးနက္စြာၾကည့္၍ ေမးသည္ "ဘာလို႔ ငါလဲ"

သူ၏ အာ႐ုံစိုက္မႈေအာက္၌ ဆာရာ၏ ဝိဉာည္ခႏၶာကိုယ္တြင္ မတည္မၿငိမ္ႏွင့္ နတ္စြမ္းအင္ျမင့္တက္မႈတစ္ခု ႐ုတ္တရက္ျဖစ္ပြားသြားၿပီးေနာက္ တျဖည္းျဖည္းခ်င္း ျပန္အေျခတည္လာခဲ့သည္။ ဆာရာ့ ခႏၶာကိုယ္မွ သံခ်ပ္ကာသည္လည္း အလိုလိုေပ်ာက္ကြယ္သြားကာ ပူေလာင္ေသာအေငြ႕ဓာတ္မ်ားႏွင့္အတူ ေယာက္်ားဆန္မႈအျပည့္ရွိသည့္ ဗလေတာင့္တင္းေသာ ခႏၶာကိုယ္တစ္ခုမွာ စတင္႐ုပ္လုံးေပၚလာေတာ့သည္။

ရွန္႔ခယ္သည္ ဤျဖစ္စဥ္ကို အံ့အားတသင့္ ျပဴးၾကည့္ေနမိသည္။ ဆာရာသည္ မထင္မွတ္ထားပဲ သူ႔အေရွ႕မွာတင္ အစစ္အမွန္နတ္ဘုရား*** အျဖစ္ ေျပာင္းလဲသြားခဲ့ျခင္းျဖစ္ေလသည္။

______________________________________

Notes

*အေသြးအသားရွိ နတ္ဘုရား - ေနးလ္လို ခႏၶာကိုယ္ရွိတဲ့ နတ္ဘုရားပါ လူ႔ခႏၶာကိုယ္လိုမ်ိဳး အေသြးအသားေတြနဲ႔ ခႏၶာကိုယ္ရသြားတာေပါ့ေလ စိတ္တိုင္းက်ေနလို႔ရပါတယ္ ဝိဉာည္လိုေနလည္းရတယ္ေပါ့ေလ ^ ^

**လုပ္ရမည့္တာဝန္ - သုံးခါ ေသလုနီးပါးျဖစ္ဖို႔ပါ၊ ဒါမွ သူ႔ခ်စ္သူနဲ႔ ဒီကမၻာမွာေနနိုင္မွာ ဒါ့ေၾကာင့္ အေျခအေနေတြ အႏၲာရယ္မ်ားေလေလ မစ္ရွင္ၿပီးဖို႔ ပိုနီးေလေလလို႔ ေျပာတာ xD

***အစစ္အမွန္ နတ္ဘုရား = အေသြးအသားရွိ နတ္ဘုရား၊ ဆာရာေရာပဲ အခုမွ ခႏၶာကိုယ္ရတာပါ၊ အစက ပထမရွန္႔ခယ္လို ဝိဉာည္ပဲရွိတဲ့ နတ္ဘုရားပါ၊ တနည္းအားျဖင့္ ဆိုရရင္ အခုမွ ခံစားခ်က္ေတြ ရွိလာတာေပါ့ေလ ^ ^

ကိုယ္ crush ေနတဲ့သူကို ဘယ္ေလာက္သဝန္တိုတို ဆာရာ့လို မလုပ္ၾကမေျပာၾကပါနဲ႔ေနာ္ : P

Weiterlesen

Das wird dir gefallen

1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
1.6M 63.4K 68
After getting betrayed by his girlfriend, Lan YiWei developed a hatred for women, becoming a misogynist. One day, he returned home and bought a novel...
4.6M 214K 200
The main character always ends up with the male lead? Even if they're backstabbing, evil, and cruel, they will live happily ever after just because t...