Unicode
ပတ်သက်ဆက်နွယ်မှုရှိသမျှ လူတိုင်းဆီကနေ
အချစ်ခံချင်၊ ဦးစားပေးခံချင်၊ ဂရုစိုက်ခံချင်တဲ့
Jiminကို အရမ်းဆိုးတဲ့ကောင်လေးလို့ ဖိုးဖိုးက
ရယ်ရယ်မောမောနဲ့မှတ်ချက်ချခဲ့ဖူးတယ်။အရမ်း
ဆိုးတဲ့ကောင်လေး ဆိုတာရဲ့နောက်ကွယ်မှာ
အတ္တကြီးတဲ့ကောင်လေး၊ တစ်ကိုယ်ကောင်းဆန်
တဲ့ကောင်လေးဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ ပါဝင်နေ
မှာ အသေအချာပဲပေါ့။
ဒါပေမဲ့ အမြဲတမ်းဒီစိတ်နဲ့ ရှင်သန်နေရတဲ့ လူ
တစ်ယောက်ရဲ့ နေ့ရက်တွေက လွယ်ကူမနေ
တာကိုတော့ ဖိုးဖိုး မသိနိုင်ပါဘူး။ အချစ်ခံချင်
တာကပဲ ပြဿနာကြီးတစ်ခုဖြစ်နေသလိုလို။
ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ အချစ်
ခံချင်တဲ့ ရောဂါရဲ့ ကြီးစိုးမှုနဲ့ကြောင့် Jimin ဘဝက ပြီးပြည့်စုံနေလျက်နဲ့ ပျော်ရွှင်မှုနဲ့ဝေးနေလေ့ရှိတယ်။
ကိုယ့်ကို ပိုသတိထားမိပါစေတော့ဆိုတဲ့ စိတ်နဲ့ ကိုယ့်ရဲ့အပြုအမူတွေကို လိုတာထက်ပိုပြီး အား
ထုတ်လိုက်ရတဲ့ အခါမျိုးတွေရှိတယ်။ စိတ်ထဲ
ဘာမှမရှိသလို ပြောနေပေမဲ့ ကိုယ်ပြောလိုက်
တာလေးကို တခုတ်တရမှတ်ထားပေးပြီး တိုက်
ဆိုင်မှုရှိခဲ့တဲ့အခါ ကိုယ့်ဘက်က ထပ်ပြောစရာ
မလိုဘဲ ကိုယ့်ဆန္ဒကို ဖြည့်ဆည်းပေးမှာမျိုးကို
လိုလားတယ်။
အားစိုက်ဖန်တီးစရာမလိုဘဲ Jimin
ကို ချစ်ပေးတဲ့သူနဲ့တွေ့ရင်တော့ အရမ်းကိုပျော်
ရွှင်မိမှာပါပဲ။
ဒါက သိပ်ကိုရူးကြောင်ကြောင်နိုင်ပြီး အတ္တကြီး
လွန်းတယ်လို့ ထင်ချင်ထင်ကြလိမ့်မယ်။ အဲ့ဒီလို
ထင်လဲ Jiminကတော့ဂရုစိုက်နေမှာမဟုတ်ဘူး။
ကိုယ်နဲ့မသိတဲ့သူတွေရဲ့ ထင်မြင်ယူဆချက်တွေ ကJiminအတွက်တော့ မြူတစ်မှုန်စာလောက်
တောင် အရေးပါမနေဘူးလေ။
အချစ်ခံချင်ရှာတဲ့ Jiminကတစ်ဖက်သားကို
ဂရုစိုက်ပေးဖို့၊ ပြန်ချစ်ပေးဖို့နဲ့ ဦးစားပေးတတ်
ဖို့ကိုတော့ မေ့နေတတ်သည်။ တစ်ဖက်သားကို
ပျော်ရွှင်မှုနဲ့တွေ့ဆုံရအောင် ဖန်တီးပေးရတဲ့
ဝမ်းသာကြည်နူးမှုမျိုးကိုလဲ သူမသိရှာဘူး။
ဖိုးဖိုးတို့ပေးနေတဲ့ အချစ်တွေက Jimin လိုချင်
တဲ့ အတိုင်းအတာကိုမရောက်ဖူးလို့ ခံစားချက်တွေပေါက်
ကွဲထွက်ခဲ့တဲ့နေ့တုန်းက ဖိုးဖိုးတို့နဲ့အတူ နိုင်ငံ
ရပ်ခြားမှာ နေထိုင်ဖို့ကို ငြင်းဆန်ပစ်ခဲ့သည်။
ဖိုးဖိုးကလဲ "ငယ်ငယ်လေးနဲ့ ဒီလောက်ဆိုးနေတဲ့ကောင်ကိုဒီမှာပဲ ပစ်ထားခဲ့ ဆိုပြီးတော့ " ထား
ခဲ့တာပါပဲ။ Jiminကို သိပ်ချစ်တဲ့ကိုကိုကတော့
ထုံးစံအတိုင်း "Jiminကလဲကွာ " ဆိုပြီး ဖိုးဖိုး
နောက်ကို ကောက်ကောက်ပါအောင် လိုက်
သွားရတာပေါ့။
Jiminက သူ့ကိုအများကြီးချစ်တဲ့သူရဲ့နားမှာပဲ
နေချင်တာ။ နည်းနည်းလေးပဲချစ်မဲ့သူတွေနား
မှာမနေချင်ဘူး။အလွန်အကြူးကြိုးစားစရာမလို
ဘဲ အချစ်တွေဖောဖောသီသီထုတ်ပေးနေတဲ့
သူတစ်ယောက်တော့ ဆိုးလ်မှာရှိတယ်။
အခုJimin သူနဲ့အတူတူနေနေတယ်။ အရိုးသား
ဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးလို့ Jiminသတ်မှတ်
ထားတဲ့သူစိမ်းက ထိုသူပါပဲ။
ဘယ်သူသိမနိုင်မလဲ။ အချစ်ခံချင်သူ Jiminရဲ့
ဘဝမှာ Jiminဘက်ကစပြီး ဂရုစိုက်ပေးချင်တဲ့
သူ၊ အသိ အမှတ်ပြုပေးချင်တဲ့သူ၊အချစ်တွေ
အများကြီးပေးချင်တဲ့သူတစ်ယောက်ပေါ်လာ
မယ်ဆိုတာကို...။
ကိုရို့ကားယားနိုင်ခဲ့ပေမဲ့ ချစ်ခြင်းမေတ္တာက
နားကြပ်လေးတစ်ခုက စတယ်လို့ ပြောလို့
ရနိုင်တယ်။
*****************************
၂၀၁၈ခုနှစ် ဆိုးလ်မြို့
မနက် ၅ နာရီခန့်သာ ရှိသေးသော်ငြားလည်း
Jiminတစ်ယောက် ဝီရိယ ကောင်းကောင်းဖြင့်
နိုးထလာပြီး မီးဖိုချောင်ထဲတွင် တကုပ်ကုပ်နှင့်
အလုပ်ရှုပ်နေလေသည်။
ဝါသနာပါရာလေး ဖန်တီးနေရတဲ့အချိန်မို့
အာရုံစူးစိုက်နေသည့် Jiminမျက်နှာလေးက
တမျိုးတမည် လတ်ဆတ်သစ်လွင်နေသည်။
အောက်ခံဂျုံအချပ်ပြားလေးပေါ်တွင် ကိုယ်တိုင်
ပြုလုပ်ထားသည့် ခရမ်းချဉ်သီးဆော့စ်လေးကို
ပမာဏအနေတော်ယူပြီး သုတ်လိမ်းလိုက်သည်။
ထိုအပေါ်မှတစ်ဆင့် mozzarella ချိစ်အမျှင်လေး
များကို ဖွေးနေအောင်ဖြူးလိုက်သည်။
TaeHyungကြိုက်တတ်သည့် အဆာပလာများ
ကိုလဲ ကြည့်ကောင်းအောင် ဖြန့်ထည့်ပြီးနောက်
ဘေးဘက်က ဂျုံသားလေးတွေကို ညီညာနေ
အောင် လိပ်လိုက်သည်။ ဒီလောက်ဆို oven
ထဲထည့်ဖို့ အဆင်သင့်ဖြစ်ပြီမို့ ထိုပီဇာအချပ်
လေးကို Ovenထဲထည့်ကာ Jiminကတော့
အိမ်ရှေ့ကို ခဏထွက်လာလိုက်သည်။
ခန်းစီးလိုက်ကာ အဖြူလေးကိုဆွဲဖွင့်ရင်း ခြံ
ထဲက အခြေအနေကို တစ်ချက်လှမ်းကြည့်မိ
သည်။ ညတုန်းက အချိန်မခါမဟုတ်ဘဲ မိုးရွာချ ထားတာမို့ ခြံဝင်းထဲက ဟိုတစ်စု ဒီတစ်စုရှိနေ
သည့်ပန်းပင် တို့မှာ စိမ်းစိုစိုနှင့် ပုံမှန်ထက်ပင် လန်းဆန်းနေသယောင်ရှိသည်။
သစ်ရွက်စိမ်းတွေပေါ်တင်ကျန်နေသည့် ရေမှုန်
ရေမွှားတို့က လေတစ်ချက်ဝှေ့လိုက်တိုင်း မြေ
ပြင်ပေါ်သို့အလုအယက်ခုန်ချလာကြသည့်အခါ
တဖျောက်ဖျောက်မြည်သံတို့က အိမ်ထဲသို့ပင်
တိုးဝင်လာသည်ဟု ထင်ရလေသည်။အလင်း
ရောင်စူးစူးမကျရောက်သေးသည့်အချိန်မို့
လမ်းမထက်မှာလဲ လူသွားလူလာ နည်းနေသေး
သည်။
အေးမြလန်းဆန်းနေသည့် မနက်ခင်းတစ်ခုရဲ့
အလှအပကို တိတ်ဆိတ်ငြိမ်သက်မှုက အားထပ်
ဖြည့်ပေးထားသည့်အခါ ထိုအခိုက်အတန့်လေး ကခေတ္တခဏ ငေးမောဖွယ်ရာဖြစ်လာသည်။
မိနစ်နှစ်ဆယ်ခန့်ကြာသည့်အခါ မီးဖိုချောင်ထဲ ပြန်ဝင်ကာ အပူခံသည့် လက်အိတ်လေးကိုယူစွပ် လိုက်ရင်း ovenထဲက ပီဇာလေးကို ထုတ်ယူလိုက်သည်။
ကိုယ်တိုင်ပြင်ဆင်ထားတဲ့ ပီဇာလေးကို မြတ်နိုး
မဝစွာကြည့်ကာ အစိတ်လေးတွေစိတ်နေတုန်း
မှာပင် TaeHyung က မီးဖိုချောင်ထဲဝင်လာ
သည်မို့
"နိုးလာပြီလား"
"အင်း ... Yoongi Hyungဆီကဖုန်းလာနေတယ်"
"အော်။ ပေး... ပေး
ဟယ်လို ...ကိုကိုလား"
"မင်းတို့နှစ်ကောင် ဘယ်သူက ဘယ်သူ့ဆီ
ရောက်နေပြန်တာလဲ"
"ဟီး ဒီမှာလာနေတာ တစ်ပတ်လောက်ရှိပြီ"
ဖုန်းပြန်ဖြေနေရင်းကနေ ပီဇာအနားသားလေး
တွေကို လာဖဲ့စားနေသည့် TaeHyung ရဲ့လက်
ကိုလဲ ဖြန်းခနဲမြည်အောင်ချလိုက်သေးသည်။
"ကိုကို့ညီလေးကို သတိရလို့"
"ကျွန်တော်လဲ သတိရတယ်"
"အခု ဘာလုပ်နေလဲ"
"TaeHyungနဲ့ မနက်စာစားမလို့ ပြင်ဆင်
နေတာ။ ကိုကိုပြောစရာရှိလို့လား"
"အင်း...အရေးတော့မကြီးပါဘူး။ဟိုနေ့ကပြော
တဲ့ကိစ္စ နောက်လထဲ Jimin ဒီကိုခဏလာဖို့လေ"
"အဲ့ဒါဆို နောက်မှ ပြန်ဆက်တော့။ ဒါပဲ"
Jimin ဖုန်းချပြီးသည့်အခါမှ TaeHyungက
ဘေးက ခုံလေးမှာ ဝင်ထိုင်ကာ
"ပြောတော့ ကိုယ့်ဘာသာ လှမ်းမှာပြီးစားဆို"
"မင်းပဲ ငါလုပ်ပေးတာမှမစားရရင် သေရတော့
မယ်ဆို"
TaeHyungက ပုံမှန်ထက် ပိုပြီးတည်ငြိမ်နေတဲ့
Jiminမျက်နှာကို ငေးနေရင်းမှ
"Hyung ဘာလှမ်းပြောလို့လဲ"
"ဟိုကိုခဏလာဖို့တဲ့။ ဟိုတစ်ယောက် ကျောင်း
ခဏပိတ်ပြီး ပြန်လာတုန်း မိသားစုတွေစုံကြဖို့ဆို
ပြီး ဖိုးဖိုးက ခေါ်ခိုင်းထားလို့တဲ့"
"အော်"
Jimin က လေသံအေးအေးလေးနှင့်ပြန်ဖြေနေ
သော်လည်း နှစ်ယောက်ထဲရှိတဲ့ အခန်းလေးက
သာမန်ထက် ပိုတိတ်ဆိတ်သွားတာကြောင့် Jimin ဒေါသထွက်နေပြီဆိုတာကို သိလိုက်
သည်။
"မင်း ဒီနေ့ ဆိုင်သွားနိုင်ရဲ့လား"
"သွားနိုင်ပါတယ်"
"သွားမယ်ဆိုလဲ ပြင်ဆင်လေ"
"Jiminie တစ်ယောက်က ဘာလို့ အဲ့လောက်
ချစ်ဖို့ကောင်းနေရလဲမသိဘူးကွာ"
TaeHyungလဲ Jimin စိတ် ပြေရာပြေကြောင်း
ပါးစပ်ထဲရှိသည့် စကားတစ်ခွန်းကိုပြောပြီး
ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။
နှစ်ယောက်လုံးပြင်ဆင်ပြီးလို့ မနက်စာအတူတူ
စားကြသော်လည်း စိတ်က ကိုကို ဖုန်းဆက်ထား
သည့် ကိစ္စကိုပဲ တွေးနေမိသဖြင့်အစားနှင့်Taeဆီ
အာရုံသိပ်မရောက်နိုင်။စောစောကရှိနေသည့်
ကြည်နူးမှုလေးတွေတောင် ဘယ်ဆီလွင့်ပျံသွား
တယ်မသိ။အရှေ့တည့်တည့်က ပီဇာစိတ်တွေက
လဲ ရုတ်တရက်ကြီး အကျည်းတန်သွားသလိုပင်။
အတန်ကြာတိတ်ဆိတ်နေပြီးမှ သတိပြန်ဝင်ပြီး TaeHyungကို ကြည့်မိသည့်အခါ ပီဇာတစ်စိတ်
နှင့် နတ်ပြည်ရောက်နေသလို မျက်နှာအနေအ
ထားကြောင့်
"ဘာဖြစ်နေတာလဲ"
"စားနေတာလေ"
"ရုပ်ကြီးကိုက အပိုလုပ်နေတာ"
"တကယ်...အရမ်းစားကောင်းလို့
ဖက်တောင်နမ်းချင်လာပြီ"
စောစောစီးစီး စိတ်ထဲ နောက်ကျိသွားခဲ့ပေမဲ့လဲ
ကိုယ့်ကိုပြုံးရယ်လာစေချင်တဲ့ စိတ်နဲ့ ချစ်စရာ
ကောင်းအောင် စားသောက်နေတဲ့ TaeHyung
ကိုကြည့်ကာ စိတ်ထဲက ဒေါသတွေကို ပြန်သိမ်း
ထားမိသည်။
"ဆိုင်က မုန့်လိုက်ပို့တဲ့ကောင်လေး အလုပ်ထွက်
သွားလို့ဆို"
"အင်း..."
"ဒီတစ်ယောက်ကရော ဘာလို့တဲ့လဲ"
"မသိပါဘူးကွာ"
"ငါထင်တာတော့ အလုပ်သမားတွေမှာ ပြဿနာ
ဖြစ်နေတာမဟုတ်ဘဲ ပိုင်ရှင်ကိုယ်တိုင်က ပြဿနာ ဖြစ်နေတာထင်တယ်"
"ဘာလဲ...အခု ငါ့ကိုပြောနေတာလား"
"အချိန်ပိုင်းလုပ်ခတွေ အခုထိတိုးမပေးသေးဘူး လား"
"မင်းဟိုတစ်ခါ ဆူပြီးထဲက တိုးပေးပြီးသား"
"ဒါဆို ဘာလို့ထပ်ပြီး အလုပ်ထွက်ကုန်ကြတာလဲ"
"အချောင်ခိုမရလို့နေမှာပေါ့"
"TaeHyung ah ...တော်ရုံပဲလုပ်ကြရအောင်။
မင်း လက်ပေါက်ကပ်တာကို သိပေမဲ့ တော်ရုံ
ပဲကောင်းတယ်"
"ဘာလဲ အခု မင်းအကောင်တွေဘက်ကနေ
လိုက်ပြောနေတာလား"
TaeHyung က Jiminကို ပြောပြီးတာနဲ့
စားပွဲဝိုင်းက ထထွက်ဖို့ပြင်သည်မို့
"ပန်းကန်တွေဆေးသွား"
Jiminကို ဘာမှပြန်လုပ်လို့မရနိုင်မှန်းသိတော့
TaeHyungက စားပွဲခုံအစွန်းလေးကိုခြေထောက်
နဲ့တစ်ချက်ပိတ်ကန်သွားပြီးမှ Jimin ပန်းကန်
လေးကိုပါဆွဲယူကာ ဘေစင်မှာ သွားဆေးနေလေသည်။
ပြီးနောက် Jiminကိုတောင် နှုတ်မဆက်ဘဲ
ဆိုင်သို့ထွက်သွားတော့သည်။
သူ ရောက်သွားလောက်မယ့်အချိန်ကို ခန့်မှန်း
ပြီးတော့မှ Jiminလဲ ဆိုင်ဘက်ကို ထွက်လာ
လိုက်သည်။ အဖြူရောင်အခံပေါ်မှာ ခရမ်းရောင်
ဖြင့် ရေးထိုးထားသော "Yummy" ဆိုသည့် ဆိုင်း
ဘုတ်လေးကို လှမ်းတွေ့ရတော့မှ ခြေလှမ်းတို့ကို
နှေးလိုက်ကာ ဆိုင်ထဲကို တစ်ချက်လှမ်းကြည့်
သည်။
မှန်နံရံပြင်လေးတွေရဲ့အတွင်းဘက်မှာရှိနေသည့်
TaeHyung က helmetလေးကိုကိုင်ထားရင်းနှင့်
ဆိုင်က ဝန်ထမ်းတွေကို တစ်ခုခုမှာကြားနေပုံ
ပေါ်သည်။ မျက်နှာကတော့ သေချာပေါက်ကို
ရှစ်ခေါက်ချိုးနဲ့ပေါ့။ ရုပ်လေးချောသလောက်
အပြုအမူတွေက ဘာလို့ ဒီလိုဖြစ်နေရလဲမသိ။
Jiminမရောက်ခင်ထဲက မှာတမ်းခြွေနေပုံပေါ်တဲ့
Taeက တော်တော်ကြာကြာ ရပ်ကြည့်နေသည်
အထိအပြင်သို့ထွက်မလာနိုင်။ ခဏနေမှ အဲ့ဒီစူ
ပုပ်ပုပ်မျက်နှာနှင့် အပြင်ထွက်လာကာဆိုင်ကယ်
ပေါ်တက်သည်။
"ဆိုင်ရှင်ကြီးကိုယ်တိုင်သွားပို့တော့မယ်ပေါ့"
Jimin ရောက်လာမယ်လို့မထင်ထားတာကြောင့်
TaeHyungက အံ့သြတကြီးနှင့်လှည့်ကြည့်ကာ
"မင်းကိစ္စမဟုတ်ပါဘူး"
ဟု ခပ်တင်းတင်းပြန်ဖြေသည်။
"အဲ့ရုပ်ကြီးနဲ့သွားပို့လို့ကတော့ မင်းဆီက
ဖောက်သည်တွေ လန့်ကုန်ဦးမယ်"
"ဒီရုပ်က ဘယ်သူလုပ်လို့ဖြစ်တဲ့ရုပ်လဲ"
"ငါသွားပို့ပေးမယ်"
"အပိုတွေလာလုပ်မနေနဲ့"
"တကယ်ဆို"
နှစ်ခါလောက်ပြောမှပဲ ကိုယ်တော်ချောက
ဆိုင်ကယ်ပေါ်ကဆင်းပေးတော့သည်။
"သွားပို့ရင်းနဲ့ ဆိုင်ကိုစိတ်မချဘဲ လမ်းမှာ
ဆိုင်ကယ်တွေဘာတွေမှောက်နေမှာစိုးလို့"
TaeHyungက Jiminကို ဦးထုပ်မေးသိုင်းကြိုး
လေးတပ်ပေးနေရင်းကနေ
"ဝန်ထမ်းအသစ် မြန်မြန်ပြန်ရှာပါ့မယ်"
"ဒီတစ်ခါ ငါပဲရွေးမယ်"
"အင်း"
"ဟိုကောင်လေးဖုန်းနံပါတ်ပေးဦး
နေရာမသိရင် လှမ်းမေးရအောင်လို့"
"ဘယ်ကောင်လေးလဲ"
"ဘယ်ကောင်ဖြစ်ရမလဲ အလုပ်ထွက်သွားတဲ့
ကောင်လေးပေါ့"
ဝန်ထမ်းကောင်လေးရဲ့ ဖုန်းနံပါတ်ကိုရော
ပို့ရမည့် လိပ်စာတွေကိုပါယူကာ ဆိုင်မှ
ထွက်ခဲ့တော့သည်။
TaeHyungဆီက ယူခဲ့တဲ့လိပ်စာအတိုင်း တစ်
အိမ်ပြီးတစ်အိမ် ပို့ထားပေးခဲ့ရာက နောက်ဆုံး
အိမ်လေးသို့ပင်ရောက်လာပြီ။ လှေကားထစ်
တော်တော်များများကို တက်ပြီးမှရောက်မည့်
အိမ်မို့ ဆိုင်ကယ်လေးကိုလမ်းဘေးမှာ ရပ်ခဲ့ကာ
ဖြည်းဖြည်းချင်းတက်ခဲ့လိုက်သည်။
Jiminသာ Tae ဆိုင်က ဝန်ထမ်းဆို ဒီအိမ်ကိုပို့ရ
တာနဲ့တင် အလုပ်ထွက်မိလိမ့်မည်။
လှေကားများရဲ့ အဆုံးတင်မက အိမ်ရဲ့ ခေါင်မိုး
ထပ်မှာ နေတဲ့သူမို့ ခေါင်မိုးထပ်အထိ တက်ရ
သေးသည်။
ဟူး
အပေါ်ရောက်ရောက်ချင်း Taeရဲ့ ဝန်ထမ်းလေး
ပြောသည့်အတိုင်း မုန့်ဘူးလေးကိုအခန်းရဲ့အမိုး
စွန်း လေးအောက်ကစင်လေးပေါ်မှာ တင်ထား
လိုက်ကာ Jiminကိုယ်တိုင်ကတော့ ခေါင်မိုးထပ်
အိမ်ခန်းအရှေ့က သစ်သားကုတင်လေးပေါ်ထိုင်
ကာအမောဖြေ လိုက်သည်။ အခန်းကတော့ လူမရှိဘူးထင်ပါရဲ့ ။
တစ်မနက်စာ တာဝန်ပြီးလို့ ဆိုင်သို့ပြန်ရောက်
သည့်အခါ ဆိုင်ပိုင်ရှင် ကိုယ်တော်ချောက Jimin
ကို ကောင်တာမှာထိုင်ဟုဆိုပြီး နေရာချပေးခဲ့
ကာ သူကိုယ်တိုင်ကတော့ စားပွဲထိုးဝင်လုပ်နေ
လေသည်။
ဆိုင်ရဲ့ menu ကတ်ပြားလေးကို ဖတ်ကြည့်
နေရင်းနှင့် မနက်က TaeHyungကိုပြောလိုက်
မိတာကို စိတ်ထဲမကောင်း ဖြစ်ရသေးသည်။
TaeHyung ah ဒါလေး ဆိုင်မှာရောင်းကြည့်ရင်
ကောင်းမလားလို့ဆိုလိုက်ရုံနှင့် နောက်ရက်
ဆိုင်ရဲ့menuထဲမှာ Jiminပြောလိုက်တဲ့ မုန့်
နာမည်လေးပါပြီးသားပင်။
"ဒါလေးဘယ်လိုနေလဲ ရောင်းကောင်းရဲ့လား"
လူရှင်းသွားတာနဲ့ Jimin ဘေးနားကို စွေ့ခနဲ
ရောက်လာတဲ့ TaeHyungကို Almond Milk
ပုလင်းလေး လှမ်းပေးရင်းနှင့် မေးကြည့်တော့
TaeHyungက ပြန်ဖြေသည်။
"အင်း ။ မိန်းကလေးတွေ တော်တော်ကြိုက်ကြ
တယ်။ မင်းလုပ်ပေးထားတဲ့ဟာပဲကို ရောင်းမ
ကောင်းစရာလား"
"တော်သေးတာပေါ့"
"မုန့်တွေပို့တာအဆင်ပြေလား"
"အိမ်မှ သိပ်မများတာ ဒီရက်ကွက်ထဲတင်ပဲ
ဟာ ။ အဆင်ပြေခဲ့တယ်"
"ဝန်ထမ်းခေါ်တဲ့စာ ဆိုင်ရှေ့မှာကပ်လိုက်
တော့မယ်နော်"
ဒီလိုအသေးအမွှားလေးကအစ Jiminဆီက
အကြံဉာဏ်ကိုရယူလေ့ရှိတဲ့ TaeHyungကို
Jiminအပေါ်မှီခိုလွန်းတယ်လို့တော့ တစ်ခါမှ
အတွေးမရောက်ခဲ့ဖူးပေ။
"အင်း"
ဒါက Jiminနဲ့ Tae Hyung တို့ရဲ့ တစ်နေ့တာကို
ဖြတ်ကျော်တဲ့ပုံစံပေါ့။တစ်ရက်ထဲမှာပင်
တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က
အပျောက်မခံနိုင်သလိုပူးကပ်နေတတ်တဲ့အချိန်
မျိုးရှိသလို ဘာမဟုတ်တာလေးနှင့် စကားများ
ပြီး စိတ်ထကောက်တတ်ကြတဲ့အချိန်များလဲ
ရှိသည်။ ပြီးလျှင်အထွေအထူးပြန်ချော့စရာမလို
ဘဲ ပြေလည်သွားတတ်ပြန်သည်။
ဒါက သူငယ်ချင်းသံယောဇဉ်လား ၊ ထို့ထက်ပို
နေမလားဆိုတာမျိုးကိုတွေကိုတော့ Jimin
ရော Tae Hyung ရော အတွေးလွန်ပြီး စဉ်းစား
မိဦးမည်မဟုတ်ပေ။
***********************
ထိုသို့နှင့် နှစ်ယောက်လုံး စိတ်တိုင်းကျလောက်
မယ့်လူ ရှာမတွေ့သေးခင်အထိ မနက်ခင်းတိုင်း
မုန့်လိုက်ပို့တဲ့ တာဝန်ကJimin အတွက် ဖြစ်လာ
ခဲ့တော့သည်။
ဒီနေ့လဲ ထုံးစံအတိုင်း ခေါင်မိုးထပ်က အိမ်ဆီသို့
ရောက်လာခဲ့ပြန်ပြီ ။ ပုံမှန်တော့ ထိုအိမ်က
Jimin လာပို့တဲ့ အချိန်တိုင်း လူရှိမနေတတ်
သော်လည်း ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲ
Jimin ခဏနားနေကျ ကွပ်ပျစ်လေးမှာ လူ
တစ်ယောက် အိပ်နေလေသည်။
အပေါ်ဆုံးလှေကားထစ်လေးကိုကျော်တက်
ပြီးတဲ့အချိန်မှာ ထုံးစံအတိုင်း သစ်သားကုတင်
လေးပေါ်လှဲပြီး အနားယူဖို့အားခဲလာသော်လည်း
ထိုနေရာမှာ ကိုယ့်ထက်အရင် ရောက်နေတဲ့
လူတစ်ယောက်ကြောင့် ကိုယ်ရှိန်သတ်လိုက်ကာ
"ဒီမှာဗျ"
Jimin အသံကြားတော့ ထိုလူက လှဲနေရမှ
ထထိုင် လိုက်ကာ
"ဘယ်သူလဲမသိဘူး"
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာဆိုရင်တော့ ဒီအချိန်
မျိုးမှာ လေပြေလေညှင်းလေးဖြတ်တိုက်သွား
ပြီး ခပ်အေးအေး နောက်ခံတီးလုံးသံလေးထွက် ပေါ်လာတဲ့ဇာတ်ဝင်ခန်းမျိုး ဖြစ်နိုင်လောက်သည်။
လက်တွေ့မှာတော့ သစ်သားကုတင်ပေါ်က
မတိုမရှည်ဆံနွယ်တွေ ထိုးထိုးထောင်ထောင်နဲ့
လူသားက တဝါးဝါးသန်းနေပြီး Jimin ကလဲ
ကတုန်ကယင်နဲ့ရယ်ပါ။
"ဟိုဟာ...Yummy Burgerဆိုင်ကပါ။ မုန့်လာပို့
တာ"
"အော်.. ကျေးဇူးပဲ"
ထိုလူက ကျေးဇူးတင်စကားခပ်တိုးတိုးပြောကာ
Jiminလက်ထဲက စက္ကူအိတ်လေးကို လှမ်းယူ
သည်။ Jimin လဲ နှုတ်ဆက်ပြီး ပြန်ထွက်ဖို့ ပြင်
လိုက်မိပေမဲ့ နှုတ်ဖျားမှ ထွက်ကျသွားသည်က
"အရင်နေ့တွေက ဒီမှာလူမရှိဘူးလားလို့"
"အော်...ဟုတ်တယ်။ ကျွန်တော်က ညဘက်
ဂျူတီရှိလို့ မနက်ပိုင်းအိမ်ပြန်နောက်ကျတတ်
တာ။ ဒီနေ့က ပြန်လာတာ နည်းနည်းစောလို့,"
"အော်"
Jimin ထွက်မသွားသေးခင်မှာပဲ ထိုလူက အိတ်
ထဲက Almond Milk ပုလင်းလေးကို ထုတ်ကာ
တစ်ငုံသောက်လိုက်သည်။ ပြီးနောက် Burger
ကို ထုပ်ထားသည့် စက္ကူလေးကို ဖြည်နေရင်းမှ
Jiminဘက်ကို လှည်ကြည့်ကာ
"မသွားသေးဘူးလား"
"ဗျာ"
"ဘာပြောစရာရှိသေးလဲလို့?... မသွားသေးဘဲ
ရပ်ကြည့်နေတာ"
"အော်.. ဘာမှပြောစရာမရှိပါဘူး ...အရသာရှိရှိ
သုံးဆောင်ပါခင်ဗျာ"
Jiminရဲ့ စကားကို ထိုလူက ခေါင်းတစ်ချက်
ငြိမ့်ပြပြီး အသိအမှတ်ပြုကာ ဟမ်ဘာဂါကို
စားနေလေပြီ။
ဘာလဲ။ သူက ငါ့ကိုမမှတ်မိဘူးလား။
ထိုနေ့က ဆိုင်ကိုပြန်ရောက်တဲ့အချိန်မှာ Tae
Hyungကို လှမ်းပြောမိလိုက်တဲ့စကားတစ်ခွန်း
က
"အလုပ်သမားတွေရှာတာ စိတ်တိုင်းမကျလဲ
ထားလိုက်တော့။ ငါပဲ မုန့်လိုက်ပို့ပေးတော့မယ်"
ဟူ၍ဖြစ်လေသည်။
ဆိုင်ကိုပြန်ရောက်ပြီးထဲက မျက်မှောင်ကျုံ့ပြီး
စဉ်းစားခန်းဝင်နေပုံပေါ်သည့် Jiminကို ကြည့်
ကာTaeHyungက လှမ်းမေးသည်။
"မင်း ဘာဖြစ်လာတာလဲ"
"ဟိုနေ့ကလေ ဆေးရုံက အရစ်ရှည်တဲ့
ဆရာဝန်လေ "
"အဲ့ဒါဘာဖြစ်လဲ"
"ဒီနေ့မုန့်ပို့တော့ သူ့ကိုတွေ့ခဲ့တယ်လို့"
"အဲ့တော့??"
"သူက ငါ့ကိုမမှတ်မိဘူးထင်တယ်။
ငါကျ သူ့ကိုမြင်လိုက်တာနဲ့ မှတ်မိနေတယ်"
"အဲ့ဒါ ထိုင်စဉ်းစားနေတာလား"
"အွန်း"
"မင်း တော်တော်အားနေတဲ့ပုံပဲ။ အားနေရင်လဲ
ဆိုင်မှာ ဘာထပ်ရောင်းရင်ကောင်းမလဲ စဉ်းစား
နေ"
"Kim TaeHyung ကိုပဲ ပါကင်ထုပ်ပြီး ရောင်း
တော့မယ်"
တကယ်ပဲ အဲ့လူက Jiminကို မမှတ်မိဘူးလား။
သူကျတော့ မှတ်မိရုံသာမက အခုလိုမျိုး တကူး
တက ထိုင်စဉ်းစားနေရတဲ့အထိ ဖြစ်နေတာတောင် ထိုလူကတော့ သူ့ကို သာမန်လူနာတစ်
ယောက်လိုပဲ သဘောထားလားမသိ။
*************************
ထိုလူနဲ့တွေ့ဆုံခဲ့မှုက နှစ်ယောက်မရှိသော
အစ်ကိုရဲ့ ကောင်းမှုကြောင့်ပဲဖြစ်သည်။
ကိုကိုနဲ့မလိုက်ခဲ့ချင်လဲ မလိုက်ခဲ့နဲ့။ ကိုကိုက
တော့ Jiminကိုလွမ်းလို့ ဆိုးလ်ကို ခဏလာခဲ့
ဦးမည်ဟု ထပ်ပြီးဖုန်းဆက်လာတဲ့ အစ်ကိုတော်
ကြောင့် Jiminတစ်ယောက် ဦးနှောက်ခြောက်
ရပြန်သည်။
ဒီကိုရောက်လာပြီးရင် Jiminကို နည်းနည်းပါးပါး
ဆူချင်ဆူလိမ့်မည်။ ပြီးလျှင် ချော့မော့ပြီး သူနဲ့
လိုက်ခဲ့ချင်အောင် ဖျောင်းဖျပြောဆိုဦးမှာကို
ရိပ်မိပေမဲ့လဲ Jiminကိုယ်တိုင်လဲ အစ်ကိုဖြစ်သူကိုလွမ်းနေတာကြောင့် "လာချင်လဲလာခဲ့" ဟုသာအကြောင်းပြန်လိုက်သည်။
ဘယ်လိုနည်းနဲ့ ဖိုးဖိုးတို့ဆီ လိုက်မသွားဖြစ်
အောင် ကြိုးစားရမလဲဆိုတာကတော့ Jiminရဲ့ အပိုင်းပေါ့။
လေဆိပ်မှာ ကိုကို့ကို သွားကြိုပြီး ညီအစ်ကို
နှစ်ယောက် Jiminအခန်းကို ပြန်ခဲ့သည်အထိ
ကိုကို့ဘက်က ထူးထူးဆန်းဆန်းတွေ မပြော
သေးဘဲ ဘယ်လောက်သတိရကြောင်းနှင့်
တော်တော်လေး အဆက်အသွယ်ဖြတ်ပြီး နေနိုင်
ကြောင်းတို့ကိုသာ အက်ကြောင်းထပ်နေအောင်
ပြောနေလေသည်။
"ဆူမနေပါနဲ့ ကိုကိုရာ။ ဘာစားချင်လဲပဲပြော"
"ဘာချက်ကျွေးကျွေး အကုန်စားတယ်"
"ပြီးတာပဲ"
သို့နှင့် ကိုကိုလာရင် ချက်ကျွေးရအောင်ဟု
ဝယ်ခြမ်းထားသော ပစ္စည်းမျိုးစုံနှင့် Jimin
ကတော့ အလုပ်ရှုပ်နေသလောက် Yoongi
ကတော့ ညီငယ်လေး ဘေးနားကနေ တစ်ခု
ပြီးတစ်ခု တရစပ်မေးရင်း ပေါက်ပေါက်ဖောက်
နေလေသည်။
ဒါက Yoongiရဲ့ ပုံစံမဟုတ်သော်လည်း Jimin
နဲ့ လူချင်းဆုံဖြစ်ဖို့က ခက်ခဲလွန်းတာမို့ ရတဲ့
အချိန်လေးကို ညီငယ်ဖြစ်သူနှင့် စကားဖောင်
ဖွဲ့ရင်းနှင့် ကုန်ဆုံးစေလိုခြင်းကြောင့်သာ ထိုသို့
ပေါက်ပေါက်ဖောက်နေရခြင်းဖြစ်သည်။
သူ့ညီလေးက စကားသံလေးကအစ သိပ်ချစ်
ဖို့ကောင်းတာလေ။
"TaeHyung ဆီ သွားမနေတော့ဘူးလား"
"ကိုကိုပြန်လာလို့ မသွားဖြစ်သေးတာ"
"ဆိုင်ရော အခြေအနေကောင်းလား"
"ကောင်းပါတယ်၊ ဝန်ထမ်းတွေ ခဏခဏထွက်
တာကလွဲရင်"
"ဟားဟား TaeHyungက ဇီဇာကြောင်တုန်း
ပဲလား"
"ဟုတ်ပါ့"
"ကလေးရော သင်တန်းတက်ရတာ အဆင်ပြေ
လား"
"ပြေတယ်။ အဲ့ဒါကြောင့် ကိုကို့ကို အများကြီး
ချက်ကျွေးဖို့ လုပ်ထားတာ"
Jiminက အကင်စက်လေးပေါ်တွင် ထောပတ်ခဲ
လေးကို ထည့်ရင်း မီးအပူရှိန်အနေတော် ချိန်ညှိ
လိုက်ရင်းနှင့် Yoongiကိုအဖြေပြန်ပေးသည်။
"ကိုကိုကချည်းပဲ မေးနေရတယ်။ အိမ်ကအကြောင်းတွေ ကိုကို့အကြောင်းတွေပြန်မေး
ဦးလေ"
Jiminက Yoongi ကို တစ်ချက် ပေစောင်းစောင်း
ကြည့်ကာ
"ကိုကို့ကြည့်ရတာ အဆင်ပြေနေတာပဲ။
အိမ်ကလူတွေအကြောင်းက မသိချင်ဘူး"
"ကလေးက အခုထိ ဖိုးဖိုးကို စိတ်ဆိုးနေတုန်း
လား"
"ဆိုးပါဘူး... အာ..ကိုကိုက သိပ်စကားများတာ
ပဲ"
Jiminက အရွက်လေးထဲမှာ ထမင်းနည်းနည်း
အသားကင်နည်းနည်းနှင့် ကင်မ်ချီဖတ်လေး
နည်းနည်းစီထည့်ကာ ထုပ်ထားသည်ကို Yoongi
ကို ခွံ့ကျွေးရင်းနှင့် ဆိုလာသည်။
"စားကောင်းလား"
Yoongi က လက်မလေးထောင်ပြကာ စကား
ပြောလို့ ရလောက်သည်အထိ ပါးစပ်ထဲက အသားဖတ်တချို့ကို ဝါးလိုက်သည်။ ပြီးနောက်
"စကားများလက်စနဲ့ များဦးမယ်။ ဖိုးဖိုးတို့က
အသက်ကြီးပြီ ကောင်လေးရဲ့။ ဖိုးဖိုးက ဒီက
ကလေးလေးကို အချစ်ဆုံးဆိုတာလဲ သိရဲ့သား
နဲ့"
"မသိဘူး။ သူက သူနဲ့ဝါသနာတူတဲ့ မြေးကိုပဲ
ပိုချစ်တာ"
Yoongiတို့ရဲ့ အချစ်တုံးလေးက ထိုသို့လဲ အူတို
တတ်ရှာသေးသည်။
"Jimin ကကွာ"
"ကိုကိုအခု အဲ့စကားတွေပြောဖို့ပြန်လာတာလား
အဲ့ဒါဆို ဘာမှပြောမနေနဲ့။ ပြန်တော့။ စားလဲ
စားမနေနဲ့"
Yoongi က Jimin ကို ဘာစကားမှ ဆက်မပြော
တော့ဘဲ အကင်စက်ပေါ်က အသားဖတ်လေး
တွေကို တူလေးဖြင့်ဟိုဘက်ဒီဘက် လှန်နေ
လေသည်။
စိတ်မထိန်းနိုင်ရင် ပါးစပ်ထဲရှိရာပြောချမိတတ်
သည့် Jiminအတွက်က ထိုသို့သောအချိန်တွေ
ကပဲ အနာကျင်ရဆုံး ဖြစ်နေတတ်သည်။စကား
ကျွံပြီးမှ နှုတ်ဖျားကနေ တောင်းပန်ဖို့ကိုဝန်လေး နေတတ်ပြီး တစ်ကိုယ်တည်း စိတ်မကောင်းဖြစ်
ကာ စိတ်ထဲကနေသာ အကြိမ်ကြိမ်တောင်းပန်
စကား ဆိုနေတတ်သည်။
"ရော့ များများစား။ ဟိုတစ်ခါ လာတုန်းကထက်
ပိန်သွားတယ်"
"ကင်မ်ချီက လုပ်ထားတဲ့သူကိုယ်တိုင်ခွံ့ကျွေး
နေတော့ ပိုပြီးစားကောင်းတယ်"
Yoongiရဲ့ မဆီမဆိုင် မြှောက့်ပင့်ပေးနေသည့်
ပြောစကားကြောင့် ညီအစ်ကိုနှစ်ယောက်
မတိုင်ပင်ထားဘဲ ရယ်ချလိုက်မိသည်။
"ဒီည အတူတူလာအိပ်နော်။ ဟိုက ကိုကို့စကီ
လေးတွေအကြောင်းလဲ ပြောပြ"
"အေးပါကွာ။ ကောက်ကွေးရော ရည်းစားရ
နေပြီလား ဟီးဟီး"
"ဘာကောက်ကွေးလဲ"
ဤသို့နှင့် ကိုကိုတစ်ယောက် တစ်ပတ်လောက်
ကြာသည်အထိ Jiminဆီမှာနေကာ ကောက်
ကွေးရဲ့ တိုက်ခန်းက ကိုကို့အတွက်တော့ 5stars
Hotelပဲ ဟုဆိုပြီး Jiminချက်ကျွေးသမျှနှင့် ဇိမ်ကျနေတော့သည်။
ပြန်ခါနီးတစ်ရက်အလိုမှပဲ Jimin ထင်ထားသည့်
အတိုင်း စကားဦးသန်းလာသည်။
"တခြားကိစ္စကြောင့်မလိုက်ချင်ဘူးဆိုရင်တောင်
ဖိုးဖိုးတို့ ဖေဖေတို့နဲ့ပဲ လိုက်တွေ့လေ။ အကြာ
ကြီးမနေချင်လဲ မနေနဲ့။ ဒီရက်ပိုင်း ဖိုးဖိုးနေမ
ကောင်းဘူး။ ဒီကိုလာဖို့ကလဲ အခက်အခဲဖြစ်
နေတာ"
"မလိုက်ချင်ပါဘူးဆို။ အဲ့လိုတွေခေါ်မယ်ဆို
တာသိသားပဲ"
"ဖိုးဖိုးအခုအချိန် တစ်ခုခု ဖြစ်သွားရင် ကလေး
တစ်သက်လုံး ဖြေနိုင်မှာမဟုတ်ဘူး။ ကိုယ့်စိတ်
ကိုယ် သိရဲ့သားနဲ့ ဒီလောက်အထိ ပြတ်ပြတ်
သားသားနေနေရမှ ဖြစ်မှာလား"
အစ်ကိုဖြစ်သူဆီက စကားသံမဆုံးသေးခင်မှာ
ပင်
"အား...ကိုကို ...ဒီ..ဒီနားက အောင့်လို့"
Jiminက ဗိုက်လေးကို ထိုးပြရင်းနှင့် ဆိုဖာပေါ်
လှဲချလိုက်သည်။ Yoongiက Jiminရဲ့ အကွက်
တွေ ရိုးနေပြီဟူသော ပုံစံနှင့် ခေါင်းခါပြီး အခန်း
ထဲပြန်ဝင်သွားလေသည်။
"ကိုကို ..ကျွန်တော်တကယ် ဗိုက်အောင့်နေတာ
ဆိုနေ"
အခန်းတံခါးဝကနေ ဗိုက်ကိုဖိထားရင်းက
မျက်ရည်ဝဲတဲတဲနှင့် ဆိုနေလေတော့ Yoongi
ခမျာ ဝေခွဲမရဖြစ်ရပြန်သည်။
"မင်း..အပိုတွေလာမလုပ်နဲ့နော်"
"ကိုကိုနော်... တကယ်ပါဆို"
Jiminမျက်နှာက ပြိုတော့မယ့်မိုးလိုဖြစ်လာ
သည့်အပြင် ဗိုက်လေးကိုဖိထားရင်းနှင့် ခါးကပါ
ကုန်းကုန်းလေးဖြစ်လာတာမို့
"တကယ်အောင့်နေတာလား"
"ဟုတ်ပါတယ်ဆိုနေ"
"ဆရာဝန်ဖုန်းနံပါတ်ရှိတယ်မလား။ ပေး...
ကိုကိုခေါ်လိုက်မယ်"
"မခေါ်ချင်ဘူး ။ အူအတက်ပေါက်တာလား
မသိဘူး။ စူးနေတာပဲ အောင့်တာ"
အော်...သူကပဲ တော်တော်သိနေပြန်ပြီ။
ဟန်ဆောင်တာလား တကယ်ပဲ အောင့်နေတာ
လား သေချာမသိပေမဲ့
"ဆေးရုံသွားမယ်"
ဟူ၍ပဲ အဖြေပြန်ပေးလိုက်တော့သည်။ ဟန်
ဆောင်နေတာဆိုရင် သူ့ညီလေး ပင်ပန်းနေရ
ချည်ရဲ့။
"ဒီမှာကိုင်ကြည့် လက်ဖျားတွေအေးနေပြီ
တွေ့လား"
"အေးပါကွာ။ ခြံထဲအထိရော လျှောက်နိုင်ရဲ့လား"
"TaeHyungကို လှမ်းခေါ်ပေးဦး"
"TaeHyung လာတဲ့အထိစောင့်နိုင်လို့လား"
Yoongiကို ခေါင်းငြိမ့်ပြပြီး ဆိုဖာပေါ် ကွေးကွေး
လေးသွားလှဲနေလေသည်။ "ဘာအစားမှားသွား
လဲမသိဘူး"ဟူ၍လည်း ခပ်တိုးတိုး ညည်းညူ
နေသေးသည်။
TaeHyungရောက်လာပြီးနောက် ၃ယောက်
သား ဆေးရုံသို့ရောက်သွားကြသည်။ Jimin
ဆီက ပို့ထားသည့် စာတိုလေးကို ဖတ်ထားပြီး
နှင့်သည့် TaeHyungကတော့ Yoongi Hyung
ကို အလုပ်ရှုပ်အောင် လုပ်ရကောင်းလားဟု
ခပ်ကြိတ်ကြိတ်နဲ့ လာဆူနေသေးသည်မို့
"ကိုကို...ဒီမှာဗိုက်အောင့်နေပါတယ်ဆို
လာစနေတယ်"
အရေးပေါ်အခန်းထဲက ကုတင်ပေါ်ရောက်သည်
အထိ Jiminခမျာ ဟန်ဆောင်လို့ မပြီးနိုင်သေး
ပေ။ သူနာပြုဆရာမလေးက Jiminကို သွေး
ပေါင်ချိန်ပေးပြီးနောက် ဆရာဝန်တစ်ယောက်
Jiminနားသို့ရောက်လာလေသည်။
နားကြပ်လေးနှင့် Jiminရဲ့ နှလုံးခုန်နှုန်းကို
စမ်းသပ်ကြည့်ပြီးနောက် ဗိုက်ပေါ်သို့လက်လေး
တင်ကာ စမ်းသပ်နေသည့်ဆရာဝန်က တော်
တော်လေးကြည့်ကောင်းသည့် အထဲတွင်ပါဝင်
သည်။
ဒီလိုဒေါက်တာနဲ့ဆိုရင်တော့ မျက်နှာမြင်တာနဲ့
တင် ဝေဒနာ တစ်ဝက်လောက် သက်သာနိုင်လိမ့်မည်။
"နည်းနည်းဖိကြည့်မယ် အရမ်းနာရင်ပြောနော်"
"ဟုတ်"
"နာလား"
"နာတယ်"
"ဘယ်နေရာကအောင့်တာလဲ ၊ချက်တည့်တည့်
ကလား ဘယ်ဘက်အခြမ်းကလား"
"ဒီနားအကုန်လုံးပဲ အောင့်နေတာ။ စူးနေတာ
ပဲ ဒေါက်တာ။ အူအတက်ပေါက်တာလား မသိ
ဘူး"
အတွေ့အကြုံရင့်နေတဲ့ ဆရာဝန် တစ်ယောက်
မဟုတ်သေးစေကာမူ ဒီလူနာ တကယ်ဗိုက်မ
အောင့်ဘဲ ဆေးရုံကုတင်ပေါ်ရောက်နေမှန်းကို
တော့ Jungkookသိသည်။
"အူအတက်ရောင်တာတော့မဟုတ်ဘူး"
"အရမ်းအောင့်နေပါတယ်ဆိုနေ"
"ဝမ်းချုပ်သေးလား"
"မချုပ်ဘူး"
"အန်ရော အန်သေးလား"
"မအန်ပါဘူးဆို ဗိုက်ပဲအရမ်းအောင့်တယ်"
ဒေါက်တာက ချောသလောက် အရစ်ရှည်ပြီး
အလိုက်ကန်းဆိုးမသိတတ်လိုက်တာ။ ခပ်လှမ်း လှမ်းက ရပ်ကြည့်နေသည့်TaeHyung ကလဲ သူငယ်ချင်းဖြစ်သူ Yoongi Hyungနဲ့ လိုက်မသွား
ရဖို့အရေး ဘေးကနေ ကူပြောပေးလေသည်။
"အစာအိမ်ပေါက်တာများလားမသိဘူးနော်
Hyung"
ဒေါက်တာကလဲ လျှာရှည်လိုက်တာ။ တစ်ခုခု
ဖြစ်တယ်ဆိုပြီး နှစ်ရက် သုံးရက် ဆေးရုံတက်
ခိုင်းလိုက်ရင် သိပ်ကောင်းမှာပဲ။ ကိုကို့ကို ဒီ
အတိုင်းကြီး ငြင်းလွှတ်လိုက်ရမှာ ကြောက်လို့ပါ
ဆိုနေမှပဲ
"လေလည်ရဲ့လား "
ရုတ်တရက် ထပ်မေးလိုက်တဲ့ မေးခွန်းကြောင့်
Jiminကလဲ အယောင်ယောင်အမှားဖြင့် ခေါင်း
ခါပြမိပြန်သည်။
"လေအောင့်တာဖြစ်မယ်။ စိုးရိမ်စရာမရှိဘူး
တခြားကြီးကြီးမားမားဖြစ်တာမဟုတ်ပါဘူး"
ဆရာဝန်ဆီကနေ ကြီးကြီးမားမား ရောဂါခေါင်း
စဉ်တစ်ခုခု ထုတ်မပြောမချင်း အရစ်ရှည်နေမည့်
Jiminကိုလှမ်းကြည့်ရင်း Yoongiက ရောဂါသက်
သာစေမည့် စကားတစ်ခွန်းလှမ်းပြောလိုက်
သည်။
"ဟိုကိုမလိုက်ခဲ့နဲ့တော့"
ထိုအခါကျတော့လဲ ကုတင်ပေါ်က အူအတက်
ပေါက်သလိုလိုဖြစ်နေသည့် လူနာက ချက်ချင်း
ခေါင်းထောင်လာကာ
"ကိုကို တကယ်ပြောတာနော်"
ဟု လှမ်းမေးလေတော့သည်။
"ဟုတ်မယ် ဒေါက်တာရဲ့ လေအောင့်တာနေမှာ။ ဒေါက်တာစမ်းသပ်ပေးလိုက်တာနဲ့တင် အခုနက
လေလည်သွားပြီ။ ဗိုက်မအောင့်တော့ဘူး"
ထိုအခါ ဆရာဝန်က Jiminကို ဘာစကားမှ
ပြန်ပြောမနေဘဲ ဘေးက သူနာပြုဆရာမကို
သာ သောက်ဆေးပေးလိုက်ဖို့ ညွှန်ကြားပြီး
Jimin တို့နားက ထွက်ခွာသွားတော့သည်။
ဒါက ခေါင်မိုးထပ်ကလူနဲ့ Jiminတို့ရဲ့ စတင်
တွေ့ဆုံခဲ့တဲ့ပုံစံပေါ့။ အဲ့ဒီနေ့က ထိုဆရာဝန်
ညွှန်ကြားပေးလိုက်သည့် လေဆေးလိုလို
ဆေးပြားတွေကတော့ အခုထိမသောက်ရ
သေးဘဲ ဆေးဘူးထဲမှာ ရှိနေတုန်းပင်။
ကိုကိုကတော့ Jiminကို ဘာစကားမှ ထပ်မပြော
တော့ဘဲ တစ်ယောက်ထဲ တပ်ခေါက်ပြီး ပြန်သွား
လေတော့သည်။
ဆရာဝန်ဆိုသည့် ဝေါဟာရနှင့် ဓာတ်မတည့်
တဲ့ Jiminဖြစ်သော်လည်း ခေါင်မိုးထပ်ကလူနဲ့
တတိယအကြိမ်ဆုံတွေ့ဖြစ်ဖို့ကိုတော့ မျှော်
လင့်နေမိပါသေးသည်။
13.April.2020
***********************************
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
💐💐💐💐💐💐💐💐💐💐💐
Unconditional Love
Part 3
Zawgyi
ပတ္သက္ဆက္ႏြယ္မႈရွိသမွ် လူတိုင္းဆီကေန
အခ်စ္ခံခ်င္၊ ဦးစားေပးခံခ်င္၊ ဂ႐ုစိုက္ခံခ်င္တဲ့
Jiminကို အရမ္းဆိုးတဲ့ေကာင္ေလးလို႔ ဖိုးဖိုးက
ရယ္ရယ္ေမာေမာနဲ႕မွတ္ခ်က္ခ်ခဲ့ဖူးတယ္။အရမ္း
ဆိုးတဲ့ေကာင္ေလး ဆိုတာရဲ႕ေနာက္ကြယ္မွာ
အတၱႀကီးတဲ့ေကာင္ေလး၊ တစ္ကိုယ္ေကာင္းဆန္
တဲ့ေကာင္ေလးဆိုတဲ့ အဓိပၸါယ္မ်ိဳးလဲ ပါဝင္ေန
မွာ အေသအခ်ာပဲေပါ့။
ဒါေပမဲ့ အၿမဲတမ္းဒီစိတ္နဲ႕ ရွင္သန္ေနရတဲ့ လူ
တစ္ေယာက္ရဲ႕ ေန႕ရက္ေတြက လြယ္ကူမေန
တာကိုေတာ့ ဖိုးဖိုး မသိနိုင္ပါဘူး။ အခ်စ္ခံခ်င္
တာကပဲ ျပႆနာႀကီးတစ္ခုျဖစ္ေနသလိုလို။
ျဖတ္သန္းလာတဲ့ ဘဝတစ္ေလွ်ာက္မွာ အခ်စ္
ခံခ်င္တဲ့ ေရာဂါရဲ႕ ႀကီးစိုးမႈနဲ႕ေၾကာင့္ Jimin ဘဝက ၿပီးျပည့္စုံေနလ်က္နဲ႕ ေပ်ာ္႐ႊင္မႈနဲ႕ေဝးေနေလ့ရွိတယ္။
ကိုယ့္ကို ပိုသတိထားမိပါေစေတာ့ဆိုတဲ့ စိတ္နဲ႕ ကိုယ့္ရဲ႕အျပဳအမူေတြကို လိုတာထက္ပိုၿပီး အား
ထုတ္လိုက္ရတဲ့ အခါမ်ိဳးေတြရွိတယ္။ စိတ္ထဲ
ဘာမွမရွိသလို ေျပာေနေပမဲ့ ကိုယ္ေျပာလိုက္
တာေလးကို တခုတ္တရမွတ္ထားေပးၿပီး တိုက္
ဆိုင္မႈရွိခဲ့တဲ့အခါ ကိုယ့္ဘက္က ထပ္ေျပာစရာ
မလိုဘဲ ကိုယ့္ဆႏၵကို ျဖည့္ဆည္းေပးမွာမ်ိဳးကို
လိုလားတယ္။
အလြန္အၾကဴးေတြ ဖန္တီးစရာမလိုဘဲ Jimin
ကို ခ်စ္ေပးတဲ့သူနဲ႕ေတြ႕ရင္ေတာ့ အရမ္းကိုေပ်ာ္
႐ႊင္မိမွာပါပဲ။
ဒါက သိပ္ကို႐ူးေၾကာင္ေၾကာင္နိုင္ၿပီး အတၱႀကီး
လြန္းတယ္လို႔ ထင္ခ်င္ထင္ၾကလိမ့္မယ္။ အဲ့လို
ထင္လဲ Jiminကေတာ့ဂ႐ုစိုက္ေနမွာမဟုတ္ဘူး။
ကိုယ္နဲ႕မသိတဲ့သူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြ ကJiminအတြက္ေတာ့ ျမဴတစ္မႈန္စာေလာက္
ေတာင္ အေရးပါမေနဘူးေလ။
အခ်စ္ခံခ်င္ရွာတဲ့ Jiminေလးကတစ္ဖက္သားကို
ဂ႐ုစိုက္ေပးဖို႔၊ ျပန္ခ်စ္ေပးဖို႔နဲ႕ ဦးစားေပးတတ္
ဖို႔ကိုေတာ့ ေမ့ေနတတ္တယ္။ တစ္ဖက္သားကို
ေပ်ာ္႐ႊင္မႈနဲ႕ေတြ႕ဆုံရေအာင္ ဖန္တီးေပးရတဲ့
ဝမ္းသာၾကည္ႏူးမႈမ်ိဳးကိုလဲ သူမသိရွာဘူး။
ဖိုးဖိုးတို႔ေပးေနတဲ့ အခ်စ္ေတြက Jimin လိုခ်င္
တဲ့ Limit ကိုမေရာက္ဖူးလို႔ ခံစားခ်က္ေတြေပါက္
ကြဲထြက္ခဲ့တဲ့ေန႕တုန္းက ဖိုးဖိုးတို႔နဲ႕အတူ နိုင္ငံ
ရပ္ျခားမွာ ေနထိုင္ဖို႔ကို ျငင္းဆန္ပစ္ခဲ့တယ္။
ဖိုးဖိုးကလဲ "ငယ္ငယ္ေလးနဲ႕ ဒီေလာက္ဆိုးေနတဲ့ေကာင္ကိုဒီမွာပဲ ပစ္ထားခဲ့ ဆိုၿပီးေတာ့ " ထား
ခဲ့တာပါပဲ။ Jiminကို သိပ္ခ်စ္တဲ့ကိုကိုကေတာ့
ထုံးစံအတိုင္း "Jiminကလဲကြာ " ဆိုၿပီး ဖိုးဖိုး
ေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္
သြားရတာေပါ့။
Jiminက သူ႕ကိုအမ်ားႀကီးခ်စ္တဲ့သူရဲ႕နားမွာပဲ
ေနခ်င္တာ။ နည္းနည္းေလးပဲခ်စ္မဲ့သူေတြနား
မွာမေနခ်င္ဘူး။အလြန္အၾကဴးႀကိဳးစားစရာမလို
ဘဲ အခ်စ္ေတြေဖာေဖာသီသီထုတ္ေပးေနတဲ့
သူတစ္ေယာက္ေတာ့ ဆိုးလ္မွာရွိတယ္။
အခုJimin သူနဲ႕အတူတူေနေနတယ္။ အရိုးသား
ဆုံးနဲ႕ ခ်စ္ဖို႔အေကာင္းဆုံးလို႔ Jiminသတ္မွတ္
ထားတဲ့သူစိမ္းက ထိုသူပါပဲ။
ဘယ္သူသိမနိုင္မလဲ။ အခ်စ္ခံခ်င္သူ Jiminရဲ႕
ဘဝမွာ Jiminဘက္ကစၿပီး ဂ႐ုစိုက္ေပးခ်င္တဲ့
သူ၊ အသိ အမွတ္ျပဳေပးခ်င္တဲ့သူ၊အခ်စ္ေတြ
အမ်ားႀကီးေပးခ်င္တဲ့သူတစ္ေယာက္ေပၚလာ
မယ္ဆိုတာကို...။
ကိုရို႔ကားယားနိုင္ခဲ့ေပမဲ့ ခ်စ္ျခင္းေမတၱာက
နားၾကပ္ေလးတစ္ခုက စတယ္လို႔ ေျပာလို႔
ရနိုင္တယ္။
*****************************
၂၀၁၈ခုႏွစ္ ဆိုးလ္ၿမိဳ႕
မနက္ ၅ နာရီခန႔္သာ ရွိေသးေသာ္ျငားလည္း
Jiminတစ္ေယာက္ ဝီရိယ ေကာင္းေကာင္းျဖင့္
နိုးထလာၿပီး မီးဖိုေခ်ာင္ထဲတြင္ တကုပ္ကုပ္ႏွင့္
အလုပ္ရႈပ္ေနေလသည္။
ဝါသနာပါရာေလး ဖန္တီးေနရတဲ့အခ်ိန္မို႔
အာ႐ုံစူးစိုက္ေနသည့္ Jiminမ်က္ႏွာေလးက
တမ်ိဳးတမည္ လတ္ဆတ္သစ္လြင္ေနသည္။
ေအာက္ခံဂ်ဳံအခ်ပ္ျပားေလးေပၚတြင္ ကိုယ္တိုင္
ျပဳလုပ္ထားသည့္ ခရမ္းခ်ဥ္သီးေဆာ့စ္ေလးကို
ပမာဏအေနေတာ္ယူၿပီး သုတ္လိမ္းလိုက္သည္။
ထိုအေပၚမွတစ္ဆင့္ mozzarella ခ်ိစ္အမွ်င္ေလး
မ်ားကို ေဖြးေနေအာင္ျဖဴးလိုက္သည္။
TaeHyungႀကိဳက္တတ္သည့္ အဆာပလာမ်ား
ကိုလဲ ၾကည့္ေကာင္းေအာင္ ျဖန႔္ထည့္ၿပီးေနာက္
ေဘးဘက္က ဂ်ဳံသားေလးေတြကို ညီညာေန
ေအာင္ လိပ္လိုက္သည္။ ဒီေလာက္ဆို oven
ထဲထည့္ဖို႔ အဆင္သင့္ျဖစ္ၿပီမို႔ ထိုပီဇာအခ်ပ္
ေလးကို Ovenထဲထည့္ကာ Jiminကေတာ့
အိမ္ေရွ႕ကို ခဏထြက္လာလိုက္သည္။
ခန္းစီးလိုက္ကာ အျဖဴေလးကိုဆြဲဖြင့္ရင္း ၿခံ
ထဲက အေျခအေနကို တစ္ခ်က္လွမ္းၾကည့္မိ
သည္။ ညတုန္းက အခ်ိန္မခါမဟုတ္ဘဲ မိုး႐ြာခ် ထားတာမို႔ ၿခံဝင္းထဲက ဟိုတစ္စု ဒီတစ္စုရွိေန
သည့္ပန္းပင္ တို႔မွာ စိမ္းစိုစိုႏွင့္ ပုံမွန္ထက္ပင္ လန္းဆန္းေနသေယာင္ရွိသည္။
သစ္႐ြက္စိမ္းေတြေပၚတင္က်န္ေနသည့္ ေရမႈန္
ေရမႊားတို႔က ေလတစ္ခ်က္ေဝွ႕လိုက္တိုင္း ေျမ
ျပင္ေပၚသို႔အလုအယက္ခုန္ခ်လာၾကသည့္အခါ
တေဖ်ာက္ေဖ်ာက္ျမည္သံတို႔က အိမ္ထဲသို႔ပင္
တိုးဝင္လာသည္ဟု ထင္ရေလသည္။အလင္း
ေရာင္စူးစူးမက်ေရာက္ေသးသည့္အခ်ိန္မို႔
လမ္းမထက္မွာလဲ လူသြားလူလာ နည္းေနေသး
သည္။
ေအးျမလန္းဆန္းေနသည့္ မနက္ခင္းတစ္ခုရဲ႕
အလွအပကို တိတ္ဆိတ္ၿငိမ္သက္မႈက အားထပ္
ျဖည့္ေပးထားသည့္အခါ ထိုအခိုက္အတန႔္ေလး ကေခတၱခဏ ေငးေမာဖြယ္ရာျဖစ္လာသည္။
မိနစ္ႏွစ္ဆယ္ခန႔္ၾကာသည့္အခါ မီးဖိုေခ်ာင္ထဲ ျပန္ဝင္ကာ အပူခံသည့္ လက္အိတ္ေလးကိုယူစြပ္ လိုက္ရင္း ovenထဲက ပီဇာေလးကို ထုတ္ယူလိုက္သည္။
ကိုယ္တိုင္ျပင္ဆင္ထားတဲ့ ပီဇာေလးကို ျမတ္နိုး
မဝစြာၾကည့္ကာ အစိတ္ေလးေတြစိတ္ေနတုန္း
မွာပင္ TaeHyung က မီးဖိုေခ်ာင္ထဲဝင္လာ
သည္မို႔
"နိုးလာၿပီလား"
"အင္း ... Yoongi Hyungဆီကဖုန္းလာေနတယ္"
"ေအာ္။ ေပး... ေပး
ဟယ္လို ...ကိုကိုလား"
"မင္းတို႔ႏွစ္ေကာင္ ဘယ္သူက ဘယ္သူ႕ဆီ
ေရာက္ေနျပန္တာလဲ"
"ဟီး ဒီမွာလာေနတာ တစ္ပတ္ေလာက္ရွိၿပီ"
ဖုန္းျပန္ေျဖေနရင္းကေန ပီဇာအနားသားေလး
ေတြကို လာဖဲ့စားေနသည့္ TaeHyung ရဲ႕လက္
ကိုလဲ ျဖန္းခနဲျမည္ေအာင္ခ်လိဳက္ေသးသည္။
"ကိုကို႔ညီေလးကို သတိရလို႔"
"ကြၽန္ေတာ္လဲ သတိရတယ္"
"အခု ဘာလုပ္ေနလဲ"
"TaeHyungနဲ႕ မနက္စာစားမလို႔ ျပင္ဆင္
ေနတာ။ ကိုကိုေျပာစရာရွိလို႔လား"
"အင္း...အေရးေတာ့မႀကီးပါဘူး။ဟိုေန႕ကေျပာ
တဲ့ကိစၥ ေနာက္လထဲ Jimin ဒီကိုခဏလာဖို႔ေလ"
"အဲ့ဒါဆို ေနာက္မွ ျပန္ဆက္ေတာ့။ ဒါပဲ"
Jimin ဖုန္းခ်ၿပီးသည့္အခါမွ TaeHyungက
ေဘးက ခုံေလးမွာ ဝင္ထိုင္ကာ
"ေျပာေတာ့ ကိုယ့္ဘာသာ လွမ္းမွာၿပီးစားဆို"
"မင္းပဲ ငါလုပ္ေပးတာမွမစားရရင္ ေသရေတာ့
မယ္ဆို"
TaeHyungက ပုံမွန္ထက္ ပိုၿပီးတည္ၿငိမ္ေနတဲ့
Jiminမ်က္ႏွာကို ေငးေနရင္းမွ
"Hyung ဘာလွမ္းေျပာလို႔လဲ"
"ဟိုကိုခဏလာဖို႔တဲ့။ ဟိုတစ္ေယာက္ ေက်ာင္း
ခဏပိတ္ၿပီး ျပန္လာတုန္း မိသားစုေတြစုံၾကဖို႔ဆို
ၿပီး ဖိုးဖိုးက ေခၚခိုင္းထားလို႔တဲ့"
"ေအာ္"
Jimin က ေလသံေအးေအးေလးႏွင့္ျပန္ေျဖေန
ေသာ္လည္း ႏွစ္ေယာက္ထဲရွိတဲ့ အခန္းေလးက
သာမန္ထက္ ပိုတိတ္ဆိတ္သြားတာေၾကာင့္ Jimin ေဒါသထြက္ေနၿပီဆိုတာကို သိလိုက္
သည္။
"မင္း ဒီေန႕ ဆိုင္သြားနိုင္ရဲ႕လား"
"သြားနိုင္ပါတယ္"
"သြားမယ္ဆိုလဲ ျပင္ဆင္ေလ"
"Jiminie တစ္ေယာက္က ဘာလို႔ အဲ့ေလာက္
ခ်စ္ဖို႔ေကာင္းေနရလဲမသိဘူးကြာ"
TaeHyungလဲ Jimin စိတ္ ေျပရာေျပေၾကာင္း
ပါးစပ္ထဲရွိသည့္ စကားတစ္ခြန္းကိုေျပာၿပီး
ေရခ်ိဳးခန္းထဲ ဝင္ခဲ့လိုက္သည္။
ႏွစ္ေယာက္လုံးျပင္ဆင္ၿပီးလို႔ မနက္စာအတူတူ
စားၾကေသာ္လည္း စိတ္က ကိုကို ဖုန္းဆက္ထား
သည့္ ကိစၥကိုပဲ ေတြးေနမိသျဖင့္အစားႏွင့္Taeဆီ
အာ႐ုံသိပ္မေရာက္နိုင္။ေစာေစာကရွိေနသည့္
ၾကည္ႏူးမႈေလးေတြေတာင္ ဘယ္ဆီလြင့္ပ်ံသြား
တယ္မသိ။အေရွ႕တည့္တည့္က ပီဇာစိတ္ေတြက
လဲ ႐ုတ္တရက္ႀကီး အက်ည္းတန္သြားသလိုပင္။
အတန္ၾကာတိတ္ဆိတ္ေနၿပီးမွ သတိျပန္ဝင္ၿပီး TaeHyungကို ၾကည့္မိသည့္အခါ ပီဇာတစ္စိတ္
ႏွင့္ နတ္ျပည္ေရာက္ေနသလို မ်က္ႏွာအေနအ
ထားေၾကာင့္
"ဘာျဖစ္ေနတာလဲ"
"စားေနတာေလ"
"႐ုပ္ႀကီးကိုက အပိုလုပ္ေနတာ"
"တကယ္...အရမ္းစားေကာင္းလို႔
ဖက္ေတာင္နမ္းခ်င္လာၿပီ"
ေစာေစာစီးစီး စိတ္ထဲ ေနာက္က်ိသြားခဲ့ေပမဲ့လဲ
ကိုယ့္ကိုၿပဳံးရယ္လာေစခ်င္တဲ့ စိတ္နဲ႕ ခ်စ္စရာ
ေကာင္းေအာင္ စားေသာက္ေနတဲ့ TaeHyung
ကိုၾကည့္ကာ စိတ္ထဲက ေဒါသေတြကို ျပန္သိမ္း
ထားမိသည္။
"ဆိုင္က မုန႔္လိုက္ပို႔တဲ့ေကာင္ေလး အလုပ္ထြက္
သြားလို႔ဆို"
"အင္း..."
"ဒီတစ္ေယာက္ကေရာ ဘာလို႔တဲ့လဲ"
"မသိပါဘူးကြာ"
"ငါထင္တာေတာ့ အလုပ္သမားေတြမွာ ျပႆနာ
ျဖစ္ေနတာမဟုတ္ဘဲ ပိုင္ရွင္ကိုယ္တိုင္က ျပႆနာ ျဖစ္ေနတာထင္တယ္"
"ဘာလဲ...အခု ငါ့ကိုေျပာေနတာလား"
"အခ်ိန္ပိုင္းလုပ္ခေတြ အခုထိတိုးမေပးေသးဘူး လား"
"မင္းဟိုတစ္ခါ ဆူၿပီးထဲက တိုးေပးၿပီးသား"
"ဒါဆို ဘာလို႔ထပ္ၿပီး အလုပ္ထြက္ကုန္ၾကတာလဲ"
"အေခ်ာင္ခိုမရလို႔ေနမွာေပါ့"
"TaeHyung ah ...ေတာ္႐ုံပဲလုပ္ၾကရေအာင္။
မင္း လက္ေပါက္ကပ္တာကို သိေပမဲ့ ေတာ္႐ုံ
ပဲေကာင္းတယ္"
"ဘာလဲ အခု မင္းအေကာင္ေတြဘက္ကေန
လိုက္ေျပာေနတာလား"
TaeHyung က Jiminကို ေျပာၿပီးတာနဲ႕
စားပြဲဝိုင္းက ထထြက္ဖို႔ျပင္သည္မို႔
"ပန္းကန္ေတြေဆးသြား"
Jiminကို ဘာမွျပန္လုပ္လို႔မရနိုင္မွန္းသိေတာ့
TaeHyungက စားပြဲခုံအစြန္းေလးကိုေျခေထာက္
နဲ႕တစ္ခ်က္ပိတ္ကန္သြားၿပီးမွ Jimin ပန္းကန္
ေလးကိုပါဆြဲယူကာ ေဘစင္မွာ သြားေဆးေနေလသည္။
ၿပီးေနာက္ Jiminကိုေတာင္ ႏႈတ္မဆက္ဘဲ
ဆိုင္သို႔ထြက္သြားေတာ့သည္။
သူ ေရာက္သြားေလာက္မယ့္အခ်ိန္ကို ခန႔္မွန္း
ၿပီးေတာ့မွ Jiminလဲ ဆိုင္ဘက္ကို ထြက္လာ
လိုက္သည္။ အျဖဴေရာင္အခံေပၚမွာ ခရမ္းေရာင္
ျဖင့္ ေရးထိုးထားေသာ "Yummy" ဆိုသည့္ ဆိုင္း
ဘုတ္ေလးကို လွမ္းေတြ႕ရေတာ့မွ ေျခလွမ္းတို႔ကို
ေႏွးလိုက္ကာ ဆိုင္ထဲကို တစ္ခ်က္လွမ္းၾကည့္
သည္။
မွန္နံရံျပင္ေလးေတြရဲ႕အတြင္းဘက္မွာရွိေနသည့္
TaeHyung က helmetေလးကိုကိုင္ထားရင္းႏွင့္
ဆိုင္က ဝန္ထမ္းေတြကို တစ္ခုခုမွာၾကားေနပုံ
ေပၚသည္။ မ်က္ႏွာကေတာ့ ေသခ်ာေပါက္ကို
ရွစ္ေခါက္ခ်ိဳးနဲ႕ေပါ့။ ႐ုပ္ေလးေခ်ာသေလာက္
အျပဳအမူေတြက ဘာလို႔ ဒီလိုျဖစ္ေနရလဲမသိ။
Jiminမေရာက္ခင္ထဲက မွာတမ္းေႁခြေနပုံေပၚတဲ့
Taeက ေတာ္ေတာ္ၾကာၾကာ ရပ္ၾကည့္ေနသည္
အထိအျပင္သို႔ထြက္မလာနိုင္။ ခဏေနမွ အဲ့ဒီစူ
ပုပ္ပုပ္မ်က္ႏွာႏွင့္ အျပင္ထြက္လာကာဆိုင္ကယ္
ေပၚတက္သည္။
"ဆိုင္ရွင္ႀကီးကိုယ္တိုင္သြားပို႔ေတာ့မယ္ေပါ့"
Jimin ေရာက္လာမယ္လို႔မထင္ထားတာေၾကာင့္
TaeHyungက အံ့ၾသတႀကီးႏွင့္လွည့္ၾကည့္ကာ
"မင္းကိစၥမဟုတ္ပါဘူး"
ဟု ခပ္တင္းတင္းျပန္ေျဖသည္။
"အဲ့႐ုပ္ႀကီးနဲ႕သြားပို႔လို႔ကေတာ့ မင္းဆီက
ေဖာက္သည္ေတြ လန႔္ကုန္ဦးမယ္"
"ဒီ႐ုပ္က ဘယ္သူလုပ္လို႔ျဖစ္တဲ့႐ုပ္လဲ"
"ငါသြားပို႔ေပးမယ္"
"အပိုေတြလာလုပ္မေနနဲ႕"
"တကယ္ဆို"
ႏွစ္ခါေလာက္ေျပာမွပဲ ကိုယ္ေတာ္ေခ်ာက
ဆိုင္ကယ္ေပၚကဆင္းေပးေတာ့သည္။
"သြားပို႔ရင္းနဲ႕ ဆိုင္ကိုစိတ္မခ်ဘဲ လမ္းမွာ
ဆိုင္ကယ္ေတြဘာေတြေမွာက္ေနမွာစိုးလို႔"
TaeHyungက Jiminကို ဦးထုပ္ေမးသိုင္းႀကိဳး
ေလးတပ္ေပးေနရင္းကေန
"ဝန္ထမ္းအသစ္ ျမန္ျမန္ျပန္ရွာပါ့မယ္"
"ဒီတစ္ခါ ငါပဲေ႐ြးမယ္"
"အင္း"
"ဟိုေကာင္ေလးဖုန္းနံပါတ္ေပးဦး
ေနရာမသိရင္ လွမ္းေမးရေအာင္လို႔"
"ဘယ္ေကာင္ေလးလဲ"
"ဘယ္ေကာင္ျဖစ္ရမလဲ အလုပ္ထြက္သြားတဲ့
ေကာင္ေလးေပါ့"
ဝန္ထမ္းေကာင္ေလးရဲ႕ ဖုန္းနံပါတ္ကိုေရာ
ပို႔ရမည့္ လိပ္စာေတြကိုပါယူကာ ဆိုင္မွ
ထြက္ခဲ့ေတာ့သည္။
TaeHyungဆီက ယူခဲ့တဲ့လိပ္စာအတိုင္း တစ္
အိမ္ၿပီးတစ္အိမ္ ပို႔ထားေပးခဲ့ရာက ေနာက္ဆုံး
အိမ္ေလးသို႔ပင္ေရာက္လာၿပီ။ ေလွကားထစ္
ေတာ္ေတာ္မ်ားမ်ားကို တက္ၿပီးမွေရာက္မည့္
အိမ္မို႔ ဆိုင္ကယ္ေလးကိုလမ္းေဘးမွာ ရပ္ခဲ့ကာ
ျဖည္းျဖည္းခ်င္းတက္ခဲ့လိုက္သည္။
Jiminသာ Tae ဆိုင္က ဝန္ထမ္းဆို ဒီအိမ္ကိုပို႔ရ
တာနဲ႕တင္ အလုပ္ထြက္မိလိမ့္မည္။
ေလွကားမ်ားရဲ႕ အဆုံးတင္မက အိမ္ရဲ႕ ေခါင္မိုး
ထပ္မွာ ေနတဲ့သူမို႔ ေခါင္မိုးထပ္အထိ တက္ရ
ေသးသည္။
ဟူး
အေပၚေရာက္ေရာက္ခ်င္း Taeရဲ႕ ဝန္ထမ္းေလး
ေျပာသည့္အတိုင္း မုန႔္ဘူးေလးကိုအခန္းရဲ႕အမိုး
စြန္း ေလးေအာက္ကစင္ေလးေပၚမွာ တင္ထား
လိုက္ကာ Jiminကိုယ္တိုင္ကေတာ့ ေခါင္မိုးထပ္
အိမ္ခန္းအေရွ႕က သစ္သားကုတင္ေလးေပၚထိုင္
ကာအေမာေျဖ လိုက္သည္။ အခန္းကေတာ့ လူမရွိဘူးထင္ပါရဲ႕ ။
တစ္မနက္စာ တာဝန္ၿပီးလို႔ ဆိုင္သို႔ျပန္ေရာက္
သည့္အခါ ဆိုင္ပိုင္ရွင္ ကိုယ္ေတာ္ေခ်ာက Jimin
ကို ေကာင္တာမွာထိုင္ဟုဆိုၿပီး ေနရာခ်ေပးခဲ့
ကာ သူကိုယ္တိုင္ကေတာ့ စားပြဲထိုးဝင္လုပ္ေန
ေလသည္။
ဆိုင္ရဲ႕ menu ကတ္ျပားေလးကို ဖတ္ၾကည့္
ေနရင္းႏွင့္ မနက္က TaeHyungကိုေျပာလိုက္
မိတာကို စိတ္ထဲမေကာင္း ျဖစ္ရေသးသည္။
TaeHyung ah ဒါေလး ဆိုင္မွာေရာင္းၾကည့္ရင္
ေကာင္းမလားလို႔ဆိုလိုက္႐ုံႏွင့္ ေနာက္ရက္
ဆိုင္ရဲ႕menuထဲမွာ Jiminေျပာလိုက္တဲ့ မုန႔္
နာမည္ေလးပါၿပီးသားပင္။
"ဒါေလးဘယ္လိုေနလဲ ေရာင္းေကာင္းရဲ႕လား"
လူရွင္းသြားတာနဲ႕ Jimin ေဘးနားကို ေစြ႕ခနဲ
ေရာက္လာတဲ့ TaeHyungကို Almond Milk
ပုလင္းေလး လွမ္းေပးရင္းႏွင့္ ေမးၾကည့္ေတာ့
TaeHyungက ျပန္ေျဖသည္။
"အင္း ။ မိန္းကေလးေတြ ေတာ္ေတာ္ႀကိဳက္ၾက
တယ္။ မင္းလုပ္ေပးထားတဲ့ဟာပဲကို ေရာင္းမ
ေကာင္းစရာလား"
"ေတာ္ေသးတာေပါ့"
"မုန႔္ေတြပို႔တာအဆင္ေျပလား"
"အိမ္မွ သိပ္မမ်ားတာ ဒီရက္ကြက္ထဲတင္ပဲ
ဟာ ။ အဆင္ေျပခဲ့တယ္"
"ဝန္ထမ္းေခၚတဲ့စာ ဆိုင္ေရွ႕မွာကပ္လိုက္
ေတာ့မယ္ေနာ္"
ဒီလိုအေသးအမႊားေလးကအစ Jiminဆီက
အႀကံဉာဏ္ကိုရယူေလ့ရွိတဲ့ TaeHyungကို
Jiminအေပၚမွီခိုလြန္းတယ္လို႔ေတာ့ တစ္ခါမွ
အေတြးမေရာက္ခဲ့ဖူးေပ။
"အင္း"
ဒါက Jiminနဲ႕ Tae Hyung တို႔ရဲ႕ တစ္ေန႕တာကို
ျဖတ္ေက်ာ္တဲ့ပုံစံေပါ့။တစ္ရက္ထဲမွာပင္
တစ္ေယာက္ကိုတစ္ေယာက္ မ်က္စိေအာက္က
အေပ်ာက္မခံနိုင္သလိုပူးကပ္ေနတတ္တဲ့အခ်ိန္
မ်ိဳးရွိသလို ဘာမဟုတ္တာေလးႏွင့္ စကားမ်ား
ၿပီး စိတ္ထေကာက္တတ္ၾကတဲ့အခ်ိန္မ်ားလဲ
ရွိသည္။ ၿပီးလွ်င္အေထြအထူးျပန္ေခ်ာ့စရာမလို
ဘဲ ေျပလည္သြားတတ္ျပန္သည္။
ဒါက သူငယ္ခ်င္းသံေယာဇဥ္လား ၊ ထို႔ထက္ပို
ေနမလားဆိုတာမ်ိဳးကိုေတြကိုေတာ့ Jimin
ေရာ Tae Hyung ေရာ အေတြးလြန္ၿပီး စဥ္းစား
မိဦးမည္မဟုတ္ေပ။
***********************
ထိုသို႔ႏွင့္ ႏွစ္ေယာက္လုံး စိတ္တိုင္းက်ေလာက္
မယ့္လူ ရွာမေတြ႕ေသးခင္အထိ မနက္ခင္းတိုင္း
မုန႔္လိုက္ပို႔တဲ့ တာဝန္ကJimin အတြက္ ျဖစ္လာ
ခဲ့ေတာ့သည္။
ဒီေန႕လဲ ထုံးစံအတိုင္း ေခါင္မိုးထပ္က အိမ္ဆီသို႔
ေရာက္လာခဲ့ျပန္ၿပီ ။ ပုံမွန္ေတာ့ ထိုအိမ္က
Jimin လာပို႔တဲ့ အခ်ိန္တိုင္း လူရွိမေနတတ္
ေသာ္လည္း ဒီေန႕ေတာ့ ထူးထူးဆန္းဆန္းပဲ
Jimin ခဏနားေနက် ကြပ္ပ်စ္ေလးမွာ လူ
တစ္ေယာက္ အိပ္ေနေလသည္။
အေပၚဆုံးေလွကားထစ္ေလးကိုေက်ာ္တက္
ၿပီးတဲ့အခ်ိန္မွာ ထုံးစံအတိုင္း သစ္သားကုတင္
ေလးေပၚလွဲၿပီး အနားယူဖို႔အားခဲလာေသာ္လည္း
ထိုေနရာမွာ ကိုယ့္ထက္အရင္ ေရာက္ေနတဲ့
လူတစ္ေယာက္ေၾကာင့္ ကိုယ္ရွိန္သတ္လိုက္ကာ
"ဒီမွာဗ်"
Jimin အသံၾကားေတာ့ ထိုလူက လွဲေနရမွ
ထထိုင္ လိုက္ကာ
"ဘယ္သူလဲမသိဘူး"
႐ုပ္ရွင္ဇာတ္လမ္းေတြထဲမွာဆိုရင္ေတာ့ ဒီအခ်ိန္
မ်ိဳးမွာ ေလေျပေလညွင္းေလးျဖတ္တိုက္သြား
ၿပီး ခပ္ေအးေအး ေနာက္ခံတီးလုံးသံေလးထြက္ ေပၚလာတဲ့ဇာတ္ဝင္ခန္းမ်ိဳး ျဖစ္နိုင္ေလာက္သည္။
လက္ေတြ႕မွာေတာ့ သစ္သားကုတင္ေပၚက
မတိုမရွည္ဆံႏြယ္ေတြ ထိုးထိုးေထာင္ေထာင္နဲ႕
လူသားက တဝါးဝါးသန္းေနၿပီး Jimin ကလဲ
ကတုန္ကယင္နဲ႕ရယ္ပါ။
"ဟိုဟာ...Yummy Burgerဆိုင္ကပါ။ မုန႔္လာပို႔
တာ"
"ေအာ္.. ေက်းဇူးပဲ"
ထိုလူက ေက်းဇူးတင္စကားခပ္တိုးတိုးေျပာကာ
Jiminလက္ထဲက စကၠဴအိတ္ေလးကို လွမ္းယူ
သည္။ Jimin လဲ ႏႈတ္ဆက္ၿပီး ျပန္ထြက္ဖို႔ ျပင္
လိုက္မိေပမဲ့ ႏႈတ္ဖ်ားမွ ထြက္က်သြားသည္က
"အရင္ေန႕ေတြက ဒီမွာလူမရွိဘူးလားလို႔"
"ေအာ္...ဟုတ္တယ္။ ကြၽန္ေတာ္က ညဘက္
ဂ်ဴတီရွိလို႔ မနက္ပိုင္းအိမ္ျပန္ေနာက္က်တတ္
တာ။ ဒီေန႕က ျပန္လာတာ နည္းနည္းေစာလို႔,"
"ေအာ္"
Jimin ထြက္မသြားေသးခင္မွာပဲ ထိုလူက အိတ္
ထဲက Almond Milk ပုလင္းေလးကို ထုတ္ကာ
တစ္ငုံေသာက္လိုက္သည္။ ၿပီးေနာက္ Burger
ကို ထုပ္ထားသည့္ စကၠဴေလးကို ျဖည္ေနရင္းမွ
Jiminဘက္ကို လွည္ၾကည့္ကာ
"မသြားေသးဘူးလား"
"ဗ်ာ"
"ဘာေျပာစရာရွိေသးလဲလို႔?... မသြားေသးဘဲ
ရပ္ၾကည့္ေနတာ"
"ေအာ္.. ဘာမွေျပာစရာမရွိပါဘူး ...အရသာရွိရွိ
သုံးေဆာင္ပါခင္ဗ်ာ"
Jiminရဲ႕ စကားကို ထိုလူက ေခါင္းတစ္ခ်က္
ၿငိမ့္ျပၿပီး အသိအမွတ္ျပဳကာ ဟမ္ဘာဂါကို
စားေနေလၿပီ။
ဘာလဲ။ သူက ငါ့ကိုမမွတ္မိဘူးလား။
ထိုေန႕က ဆိုင္ကိုျပန္ေရာက္တဲ့အခ်ိန္မွာ Tae
Hyungကို လွမ္းေျပာမိလိုက္တဲ့စကားတစ္ခြန္း
က
"အလုပ္သမားေတြရွာတာ စိတ္တိုင္းမက်လဲ
ထားလိုက္ေတာ့။ ငါပဲ မုန႔္လိုက္ပို႔ေပးေတာ့မယ္"
ဟူ၍ျဖစ္ေလသည္။
ဆိုင္ကိုျပန္ေရာက္ၿပီးထဲက မ်က္ေမွာင္က်ဳံ႕ၿပီး
စဥ္းစားခန္းဝင္ေနပုံေပၚသည့္ Jiminကို ၾကည့္
ကာTaeHyungက လွမ္းေမးသည္။
"မင္း ဘာျဖစ္လာတာလဲ"
"ဟိုေန႕ကေလ ေဆး႐ုံက အရစ္ရွည္တဲ့
ဆရာဝန္ေလ "
"အဲ့ဒါဘာျဖစ္လဲ"
"ဒီေန႕မုန႔္ပို႔ေတာ့ သူ႕ကိုေတြ႕ခဲ့တယ္လို႔"
"အဲ့ေတာ့??"
"သူက ငါ့ကိုမမွတ္မိဘူးထင္တယ္။
ငါက် သူ႕ကိုျမင္လိုက္တာနဲ႕ မွတ္မိေနတယ္"
"အဲ့ဒါ ထိုင္စဥ္းစားေနတာလား"
"အြန္း"
"မင္း ေတာ္ေတာ္အားေနတဲ့ပုံပဲ။ အားေနရင္လဲ
ဆိုင္မွာ ဘာထပ္ေရာင္းရင္ေကာင္းမလဲ စဥ္းစား
ေန"
"Kim TaeHyung ကိုပဲ ပါကင္ထုပ္ၿပီး ေရာင္း
ေတာ့မယ္"
တကယ္ပဲ အဲ့လူက Jiminကို မမွတ္မိဘူးလား။
သူက်ေတာ့ မွတ္မိ႐ုံသာမက အခုလိုမ်ိဳး တကူး
တက ထိုင္စဥ္းစားေနရတဲ့အထိ ျဖစ္ေနတာေတာင္ ထိုလူကေတာ့ သူ႕ကို သာမန္လူနာတစ္
ေယာက္လိုပဲ သေဘာထားလားမသိ။
*************************
ထိုလူနဲ႕ေတြ႕ဆုံခဲ့မႈက ႏွစ္ေယာက္မရွိေသာ
အစ္ကိုရဲ႕ ေကာင္းမႈေၾကာင့္ပဲျဖစ္သည္။
ကိုကိုနဲ႕မလိုက္ခဲ့ခ်င္လဲ မလိုက္ခဲ့နဲ႕။ ကိုကိုက
ေတာ့ Jiminကိုလြမ္းလို႔ ဆိုးလ္ကို ခဏလာခဲ့
ဦးမည္ဟု ထပ္ၿပီးဖုန္းဆက္လာတဲ့ အစ္ကိုေတာ္
ေၾကာင့္ Jiminတစ္ေယာက္ ဦးေႏွာက္ေျခာက္
ရျပန္သည္။
ဒီကိုေရာက္လာၿပီးရင္ Jiminကို နည္းနည္းပါးပါး
ဆူခ်င္ဆူလိမ့္မည္။ ၿပီးလွ်င္ ေခ်ာ့ေမာ့ၿပီး သူနဲ႕
လိုက္ခဲ့ခ်င္ေအာင္ ေဖ်ာင္းဖ်ေျပာဆိုဦးမွာကို
ရိပ္မိေပမဲ့လဲ Jiminကိုယ္တိုင္လဲ အစ္ကိုျဖစ္သူကိုလြမ္းေနတာေၾကာင့္ "လာခ်င္လဲလာခဲ့" ဟုသာအေၾကာင္းျပန္လိုက္သည္။
ဘယ္လိုနည္းနဲ႕ ဖိုးဖိုးတို႔ဆီ လိုက္မသြားျဖစ္
ေအာင္ ႀကိဳးစားရမလဲဆိုတာကေတာ့ Jiminရဲ႕ အပိုင္းေပါ့။
ေလဆိပ္မွာ ကိုကို႔ကို သြားႀကိဳၿပီး ညီအစ္ကို
ႏွစ္ေယာက္ Jiminအခန္းကို ျပန္ခဲ့သည္အထိ
ကိုကို႔ဘက္က ထူးထူးဆန္းဆန္းေတြ မေျပာ
ေသးဘဲ ဘယ္ေလာက္သတိရေၾကာင္းႏွင့္
ေတာ္ေတာ္ေလး အဆက္အသြယ္ျဖတ္ၿပီး ေနနိုင္
ေၾကာင္းတို႔ကိုသာ အက္ေၾကာင္းထပ္ေနေအာင္
ေျပာေနေလသည္။
"ဆူမေနပါနဲ႕ ကိုကိုရာ။ ဘာစားခ်င္လဲပဲေျပာ"
"ဘာခ်က္ေကြၽးေကြၽး အကုန္စားတယ္"
"ၿပီးတာပဲ"
သို႔ႏွင့္ ကိုကိုလာရင္ ခ်က္ေကြၽးရေအာင္ဟု
ဝယ္ျခမ္းထားေသာ ပစၥည္းမ်ိဳးစုံႏွင့္ Jimin
ကေတာ့ အလုပ္ရႈပ္ေနသေလာက္ Yoongi
ကေတာ့ ညီငယ္ေလး ေဘးနားကေန တစ္ခု
ၿပီးတစ္ခု တရစပ္ေမးရင္း ေပါက္ေပါက္ေဖာက္
ေနေလသည္။
ဒါက Yoongiရဲ႕ ပုံစံမဟုတ္ေသာ္လည္း Jimin
နဲ႕ လူခ်င္းဆုံျဖစ္ဖို႔က ခက္ခဲလြန္းတာမို႔ ရတဲ့
အခ်ိန္ေလးကို ညီငယ္ျဖစ္သူႏွင့္ စကားေဖာင္
ဖြဲ႕ရင္းႏွင့္ ကုန္ဆုံးေစလိုျခင္းေၾကာင့္သာ ထိုသို႔
ေပါက္ေပါက္ေဖာက္ေနရျခင္းျဖစ္သည္။
သူ႕ညီေလးက စကားသံေလးကအစ သိပ္ခ်စ္
ဖို႔ေကာင္းတာေလ။
"TaeHyung ဆီ သြားမေနေတာ့ဘူးလား"
"ကိုကိုျပန္လာလို႔ မသြားျဖစ္ေသးတာ"
"ဆိုင္ေရာ အေျခအေနေကာင္းလား"
"ေကာင္းပါတယ္၊ ဝန္ထမ္းေတြ ခဏခဏထြက္
တာကလြဲရင္"
"ဟားဟား TaeHyungက ဇီဇာေၾကာင္တုန္း
ပဲလား"
"ဟုတ္ပါ့"
"ကေလးေရာ သင္တန္းတက္ရတာ အဆင္ေျပ
လား"
"ေျပတယ္။ အဲ့ဒါေၾကာင့္ ကိုကို႔ကို အမ်ားႀကီး
ခ်က္ေကြၽးဖို႔ လုပ္ထားတာ"
Jiminက အကင္စက္ေလးေပၚတြင္ ေထာပတ္ခဲ
ေလးကို ထည့္ရင္း မီးအပူရွိန္အေနေတာ္ ခ်ိန္ညွိ
လိုက္ရင္းႏွင့္ Yoongiကိုအေျဖျပန္ေပးသည္။
"ကိုကိုကခ်ည္းပဲ ေမးေနရတယ္။ အိမ္ကအေၾကာင္းေတြ ကိုကို႔အေၾကာင္းေတြျပန္ေမး
ဦးေလ"
Jiminက Yoongi ကို တစ္ခ်က္ ေပေစာင္းေစာင္း
ၾကည့္ကာ
"ကိုကို႔ၾကည့္ရတာ အဆင္ေျပေနတာပဲ။
အိမ္ကလူေတြအေၾကာင္းက မသိခ်င္ဘူး"
"ကေလးက အခုထိ ဖိုးဖိုးကို စိတ္ဆိုးေနတုန္း
လား"
"ဆိုးပါဘူး... အာ..ကိုကိုက သိပ္စကားမ်ားတာ
ပဲ"
Jiminက အ႐ြက္ေလးထဲမွာ ထမင္းနည္းနည္း
အသားကင္နည္းနည္းႏွင့္ ကင္မ္ခ်ီဖတ္ေလး
နည္းနည္းစီထည့္ကာ ထုပ္ထားသည္ကို Yoongi
ကို ခြံ႕ေကြၽးရင္းႏွင့္ ဆိုလာသည္။
"စားေကာင္းလား"
Yoongi က လက္မေလးေထာင္ျပကာ စကား
ေျပာလို႔ ရေလာက္သည္အထိ ပါးစပ္ထဲက အသားဖတ္တခ်ိဳ႕ကို ဝါးလိုက္သည္။ ၿပီးေနာက္
"စကားမ်ားလက္စနဲ႕ မ်ားဦးမယ္။ ဖိုးဖိုးတို႔က
အသက္ႀကီးၿပီ ေကာင္ေလးရဲ႕။ ဖိုးဖိုးက ဒီက
ကေလးေလးကို အခ်စ္ဆုံးဆိုတာလဲ သိရဲ႕သား
နဲ႕"
"မသိဘူး။ သူက သူနဲ႕ဝါသနာတူတဲ့ ေျမးကိုပဲ
ပိုခ်စ္တာ"
Yoongiတို႔ရဲ႕ အခ်စ္တုံးေလးက ထိုသို႔လဲ အူတို
တတ္ရွာေသးသည္။
"Jimin ကကြာ"
"ကိုကိုအခု အဲ့စကားေတြေျပာဖို႔ျပန္လာတာလား
အဲ့ဒါဆို ဘာမွေျပာမေနနဲ႕။ ျပန္ေတာ့။ စားလဲ
စားမေနနဲ႕"
Yoongi က Jimin ကို ဘာစကားမွ ဆက္မေျပာ
ေတာ့ဘဲ အကင္စက္ေပၚက အသားဖတ္ေလး
ေတြကို တူေလးျဖင့္ဟိုဘက္ဒီဘက္ လွန္ေန
ေလသည္။
စိတ္မထိန္းနိုင္ရင္ ပါးစပ္ထဲရွိရာေျပာခ်မိတတ္
သည့္ Jiminအတြက္က ထိုသို႔ေသာအခ်ိန္ေတြ
ကပဲ အနာက်င္ရဆုံး ျဖစ္ေနတတ္သည္။စကား
ကြၽံၿပီးမွ ႏႈတ္ဖ်ားကေန ေတာင္းပန္ဖို႔ကိုဝန္ေလး ေနတတ္ၿပီး တစ္ကိုယ္တည္း စိတ္မေကာင္းျဖစ္
ကာ စိတ္ထဲကေနသာ အႀကိမ္ႀကိမ္ေတာင္းပန္
စကား ဆိုေနတတ္သည္။
"ေရာ့ မ်ားမ်ားစား။ ဟိုတစ္ခါ လာတုန္းကထက္
ပိန္သြားတယ္"
"ကင္မ္ခ်ီက လုပ္ထားတဲ့သူကိုယ္တိုင္ခြံ႕ေကြၽး
ေနေတာ့ ပိုၿပီးစားေကာင္းတယ္"
Yoongiရဲ႕ မဆီမဆိုင္ ျမႇောက့္ပင့္ေပးေနသည့္
ေျပာစကားေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္
မတိုင္ပင္ထားဘဲ ရယ္ခ်လိဳက္မိသည္။
"ဒီည အတူတူလာအိပ္ေနာ္။ ဟိုက ကိုကို႔စကီ
ေလးေတြအေၾကာင္းလဲ ေျပာျပ"
"ေအးပါကြာ။ ေကာက္ေကြးေရာ ရည္းစားရ
ေနၿပီလား ဟီးဟီး"
"ဘာေကာက္ေကြးလဲ"
ဤသို႔ႏွင့္ ကိုကိုတစ္ေယာက္ တစ္ပတ္ေလာက္
ၾကာသည္အထိ Jiminဆီမွာေနကာ ေကာက္
ေကြးရဲ႕ တိုက္ခန္းက ကိုကို႔အတြက္ေတာ့ 5stars
Hotelပဲ ဟုဆိုၿပီး Jiminခ်က္ေကြၽးသမွ်ႏွင့္ ဇိမ္က်ေနေတာ့သည္။
ျပန္ခါနီးတစ္ရက္အလိုမွပဲ Jimin ထင္ထားသည့္
အတိုင္း စကားဦးသန္းလာသည္။
"တျခားကိစၥေၾကာင့္မလိုက္ခ်င္ဘူးဆိုရင္ေတာင္
ဖိုးဖိုးတို႔ ေဖေဖတို႔နဲ႕ပဲ လိုက္ေတြ႕ေလ။ အၾကာ
ႀကီးမေနခ်င္လဲ မေနနဲ႕။ ဒီရက္ပိုင္း ဖိုးဖိုးေနမ
ေကာင္းဘူး။ ဒီကိုလာဖို႔ကလဲ အခက္အခဲျဖစ္
ေနတာ"
"မလိုက္ခ်င္ပါဘူးဆို။ အဲ့လိုေတြေခၚမယ္ဆို
တာသိသားပဲ"
"ဖိုးဖိုးအခုအခ်ိန္ တစ္ခုခု ျဖစ္သြားရင္ ကေလး
တစ္သက္လုံး ေျဖနိုင္မွာမဟုတ္ဘူး။ ကိုယ့္စိတ္
ကိုယ္ သိရဲ႕သားနဲ႕ ဒီေလာက္အထိ ျပတ္ျပတ္
သားသားေနေနရမွ ျဖစ္မွာလား"
အစ္ကိုျဖစ္သူဆီက စကားသံမဆုံးေသးခင္မွာ
ပင္
"အား...ကိုကို ...ဒီ..ဒီနားက ေအာင့္လို႔"
Jiminက ဗိုက္ေလးကို ထိုးျပရင္းႏွင့္ ဆိုဖာေပၚ
လွဲခ်လိဳက္သည္။ Yoongiက Jiminရဲ႕ အကြက္
ေတြ ရိုးေနၿပီဟူေသာ ပုံစံႏွင့္ ေခါင္းခါၿပီး အခန္း
ထဲျပန္ဝင္သြားေလသည္။
"ကိုကို ..ကြၽန္ေတာ္တကယ္ ဗိုက္ေအာင့္ေနတာ
ဆိုေန"
အခန္းတံခါးဝကေန ဗိုက္ကိုဖိထားရင္းက
မ်က္ရည္ဝဲတဲတဲႏွင့္ ဆိုေနေလေတာ့ Yoongi
ခမ်ာ ေဝခြဲမရျဖစ္ရျပန္သည္။
"မင္း..အပိုေတြလာမလုပ္နဲ႕ေနာ္"
"ကိုကိုေနာ္... တကယ္ပါဆို"
Jiminမ်က္ႏွာက ၿပိဳေတာ့မယ့္မိုးလိုျဖစ္လာ
သည့္အျပင္ ဗိုက္ေလးကိုဖိထားရင္းႏွင့္ ခါးကပါ
ကုန္းကုန္းေလးျဖစ္လာတာမို႔
"တကယ္ေအာင့္ေနတာလား"
"ဟုတ္ပါတယ္ဆိုေန"
"ဆရာဝန္ဖုန္းနံပါတ္ရွိတယ္မလား။ ေပး...
ကိုကိုေခၚလိုက္မယ္"
"မေခၚခ်င္ဘူး ။ အူအတက္ေပါက္တာလား
မသိဘူး။ စူးေနတာပဲ ေအာင့္တာ"
ေအာ္...သူကပဲ ေတာ္ေတာ္သိေနျပန္ၿပီ။
ဟန္ေဆာင္တာလား တကယ္ပဲ ေအာင့္ေနတာ
လား ေသခ်ာမသိေပမဲ့
"ေဆး႐ုံသြားမယ္"
ဟူ၍ပဲ အေျဖျပန္ေပးလိုက္ေတာ့သည္။ ဟန္
ေဆာင္ေနတာဆိုရင္ သူ႕ညီေလး ပင္ပန္းေနရ
ခ်ည္ရဲ႕။
"ဒီမွာကိုင္ၾကည့္ လက္ဖ်ားေတြေအးေနၿပီ
ေတြ႕လား"
"ေအးပါကြာ။ ၿခံထဲအထိေရာ ေလွ်ာက္နိုင္ရဲ႕လား"
"TaeHyungကို လွမ္းေခၚေပးဦး"
"TaeHyung လာတဲ့အထိေစာင့္နိုင္လို႔လား"
Yoongiကို ေခါင္းၿငိမ့္ျပၿပီး ဆိုဖာေပၚ ေကြးေကြး
ေလးသြားလွဲေနေလသည္။ "ဘာအစားမွားသြား
လဲမသိဘူး"ဟူ၍လည္း ခပ္တိုးတိုး ညည္းၫူ
ေနေသးသည္။
TaeHyungေရာက္လာၿပီးေနာက္ ၃ေယာက္
သား ေဆး႐ုံသို႔ေရာက္သြားၾကသည္။ Jimin
ဆီက ပို႔ထားသည့္ စာတိုေလးကို ဖတ္ထားၿပီး
ႏွင့္သည့္ TaeHyungကေတာ့ Yoongi Hyung
ကို အလုပ္ရႈပ္ေအာင္ လုပ္ရေကာင္းလားဟု
ခပ္ႀကိတ္ႀကိတ္နဲ႕ လာဆူေနေသးသည္မို႔
"ကိုကို...ဒီမွာဗိုက္ေအာင့္ေနပါတယ္ဆို
လာစေနတယ္"
အေရးေပၚအခန္းထဲက ကုတင္ေပၚေရာက္သည္
အထိ Jiminခမ်ာ ဟန္ေဆာင္လို႔ မၿပီးနိုင္ေသး
ေပ။ သူနာျပဳဆရာမေလးက Jiminကို ေသြး
ေပါင္ခ်ိန္ေပးၿပီးေနာက္ ဆရာဝန္တစ္ေယာက္
Jiminနားသို႔ေရာက္လာေလသည္။
နားၾကပ္ေလးႏွင့္ Jiminရဲ႕ ႏွလုံးခုန္ႏႈန္းကို
စမ္းသပ္ၾကည့္ၿပီးေနာက္ ဗိုက္ေပၚသို႔လက္ေလး
တင္ကာ စမ္းသပ္ေနသည့္ဆရာဝန္က ေတာ္
ေတာ္ေလးၾကည့္ေကာင္းသည့္ အထဲတြင္ပါဝင္
သည္။
ဒီလိုေဒါက္တာနဲ႕ဆိုရင္ေတာ့ မ်က္ႏွာျမင္တာနဲ႕
တင္ ေဝဒနာ တစ္ဝက္ေလာက္ သက္သာနိုင္လိမ့္မည္။
"နည္းနည္းဖိၾကည့္မယ္ အရမ္းနာရင္ေျပာေနာ္"
"ဟုတ္"
"နာလား"
"နာတယ္"
"ဘယ္ေနရာကေအာင့္တာလဲ ၊ခ်က္တည့္တည့္
ကလား ဘယ္ဘက္အျခမ္းကလား"
"ဒီနားအကုန္လုံးပဲ ေအာင့္ေနတာ။ စူးေနတာ
ပဲ ေဒါက္တာ။ အူအတက္ေပါက္တာလား မသိ
ဘူး"
အေတြ႕အႀကဳံရင့္ေနတဲ့ ဆရာဝန္ တစ္ေယာက္
မဟုတ္ေသးေစကာမူ ဒီလူနာ တကယ္ဗိုက္မ
ေအာင့္ဘဲ ေဆး႐ုံကုတင္ေပၚေရာက္ေနမွန္းကို
ေတာ့ Jungkookသိသည္။
"အူအတက္ေရာင္တာေတာ့မဟုတ္ဘူး"
"အရမ္းေအာင့္ေနပါတယ္ဆိုေန"
"ဝမ္းခ်ဳပ္ေသးလား"
"မခ်ဳပ္ဘူး"
"အန္ေရာ အန္ေသးလား"
"မအန္ပါဘူးဆို ဗိုက္ပဲအရမ္းေအာင့္တယ္"
ေဒါက္တာက ေခ်ာသေလာက္ အရစ္ရွည္ၿပီး
အလိုက္ကန္းဆိုးမသိတတ္လိုက္တာ။ ခပ္လွမ္း လွမ္းက ရပ္ၾကည့္ေနသည့္TaeHyung ကလဲ သူငယ္ခ်င္းျဖစ္သူ Yoongi Hyungနဲ႕ လိုက္မသြား
ရဖို႔အေရး ေဘးကေန ကူေျပာေပးေလသည္။
"အစာအိမ္ေပါက္တာမ်ားလားမသိဘူးေနာ္
Hyung"
ေဒါက္တာကလဲ လွ်ာရွည္လိုက္တာ။ တစ္ခုခု
ျဖစ္တယ္ဆိုၿပီး ႏွစ္ရက္ သုံးရက္ ေဆး႐ုံတက္
ခိုင္းလိုက္ရင္ သိပ္ေကာင္းမွာပဲ။ ကိုကို႔ကို ဒီ
အတိုင္းႀကီး ျငင္းလႊတ္လိုက္ရမွာ ေၾကာက္လို႔ပါ
ဆိုေနမွပဲ
"ေလလည္ရဲ႕လား "
႐ုတ္တရက္ ထပ္ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္
Jiminကလဲ အေယာင္ေယာင္အမွားျဖင့္ ေခါင္း
ခါျပမိျပန္သည္။
"ေလေအာင့္တာျဖစ္မယ္။ စိုးရိမ္စရာမရွိဘူး
တျခားႀကီးႀကီးမားမားျဖစ္တာမဟုတ္ပါဘူး"
ဆရာဝန္ဆီကေန ႀကီးႀကီးမားမား ေရာဂါေခါင္း
စဥ္တစ္ခုခု ထုတ္မေျပာမခ်င္း အရစ္ရွည္ေနမည့္
Jiminကိုလွမ္းၾကည့္ရင္း Yoongiက ေရာဂါသက္
သာေစမည့္ စကားတစ္ခြန္းလွမ္းေျပာလိုက္
သည္။
"ဟိုကိုမလိုက္ခဲ့နဲ႕ေတာ့"
ထိုအခါက်ေတာ့လဲ ကုတင္ေပၚက အူအတက္
ေပါက္သလိုလိုျဖစ္ေနသည့္ လူနာက ခ်က္ခ်င္း
ေခါင္းေထာင္လာကာ
"ကိုကို တကယ္ေျပာတာေနာ္"
ဟု လွမ္းေမးေလေတာ့သည္။
"ဟုတ္မယ္ ေဒါက္တာရဲ႕ ေလေအာင့္တာေနမွာ။ ေဒါက္တာစမ္းသပ္ေပးလိုက္တာနဲ႕တင္ အခုနက
ေလလည္သြားၿပီ။ ဗိုက္မေအာင့္ေတာ့ဘူး"
ထိုအခါ ဆရာဝန္က Jiminကို ဘာစကားမွ
ျပန္ေျပာမေနဘဲ ေဘးက သူနာျပဳဆရာမကို
သာ ေသာက္ေဆးေပးလိုက္ဖို႔ ၫႊန္ၾကားၿပီး
Jimin တို႔နားက ထြက္ခြာသြားေတာ့သည္။
ဒါက ေခါင္မိုးထပ္ကလူနဲ႕ Jiminတို႔ရဲ႕ စတင္
ေတြ႕ဆုံခဲ့တဲ့ပုံစံေပါ့။ အဲ့ဒီေန႕က ထိုဆရာဝန္
ၫႊန္ၾကားေပးလိုက္သည့္ ေလေဆးလိုလို
ေဆးျပားေတြကေတာ့ အခုထိမေသာက္ရ
ေသးဘဲ ေဆးဘူးထဲမွာ ရွိေနတုန္းပင္။
ကိုကိုကေတာ့ Jiminကို ဘာစကားမွ ထပ္မေျပာ
ေတာ့ဘဲ တစ္ေယာက္ထဲ တပ္ေခါက္ၿပီး ျပန္သြား
ေလေတာ့သည္။
ဆရာဝန္ဆိုသည့္ ေဝါဟာရႏွင့္ ဓာတ္မတည့္
တဲ့ Jiminျဖစ္ေသာ္လည္း ေခါင္မိုးထပ္ကလူနဲ႕
တတိယအႀကိမ္ဆုံေတြ႕ျဖစ္ဖို႔ကိုေတာ့ ေမွ်ာ္
လင့္ေနမိပါေသးသည္။
13.April.2020
***********************************
အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။
💐💐💐💐💐💐💐💐💐💐💐💐💐💐