မဟောင်းတဲ့ပုံပြင်

By Ownlish

1.5M 140K 5.6K

Unicode လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ့ ပျောက်ကွယ်သွားရတယ်။ သူတို့နှစ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
တောင်းပန်ခြင်း
Chapter16
Chapter17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
さくら🌸
Chapter 29
Chapter 30
Chapter 31 ပိစိလေးမှောင်မယ်
Chapter 32
Chapter 33
Chapter 34
Chapter Part 35
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter46
Chapter 47
Ending
ကျေးဇူးတင်ခြင်း
Extra 1
Extra 2
Extra 3(Final Extra)
Special Appearance
Extra 4
Book ❤️📚❤️

Chapter 36

24.7K 2.4K 120
By Ownlish

Unicode

ကိုကိုနှင့် အဆက်အသွယ်မရတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ Fbမှာ သူ့ကို ဘလော့ထားလို့ နေသော့်အကောင့်ကနေ ဝင်ကြည့်ပေမယ့်လည်း သူ့ထက်ကြိုတွေးတတ်တဲ့ကိုကိုက နေသော့်ကိုပါ ဘလော့ထားတာဖြစ်သည်။ ဟားးးး ဒီအခြေအနေအတိုင်းဆို သူရူးရလိမ့်မယ်။ ကြံရာမရတဲ့အဆုံး မမအိလေးကိုပဲ အကူအညီတောင်းဖို့ တွေးလိုက်သည်။ ထို့ကြောင့် မမအိလေးအကောင့်ကို စာပို့လိုက်သည်။

"မမ ဒီရက်ပိုင်း ကိုကိုနဲ့စကားပြောဖြစ်လား"

မီးစိမ်းနေတဲ့ အကောင့်က ချက်ချင်းပဲစာပြန်လာသည်။

"မပြောဖြစ်ဘူး ကလေး ဘာလို့လဲ"

"ကိုကို ကျွန်တော့်ကို ဘလော့ထားလို့
အဲ့ဒါဘာအဆက်အသွယ်မှမရလို့"

"ဟမ်
ရန်ဖြစ်ထားကြတာလား"

"ရန်ဖြစ်တာတော့မဟုတ်ဘူး
ကိုကိုက ကျွန်တော့်ကို စိတ်ဆိုးနေတာ"

"ဘာလို့စိတ်ဆိုးတာလဲ"

ကိုကို့သူငယ်ချင်းပီသစွာ အကျိုးအကြောင်းခိုင်လုံအောင် အရင်အမေးခံနေရသည်။

"ဟို ကိုကို့ကို လိမ်မိသွားလို့"

"အင်းး
မမ ဆက်သွယ်ကြည့်လိုက်မယ်လေ
ကလေးက ဘာ သွားလိမ်တာလဲ"

"ဟို တမင်တကာလိမ်တာမဟုတ်ပါဘူး
ဒီအတိုင်းပဲ လိမ်သလိုဖြစ်သွားတာပါ"

"အင်း
သူ့အကောင့်ကို စာပို့ထားတယ်
အခုတော့ လိုင်းပေါ်မှာမရှိဘူး
စကားပြောဖြစ်ရင် ပြန်ပြောမယ်လေ"

"ဟုတ်မမ
ကျေးဇူးပါ"

ကိုကို တစ်ယောက် ဘာတွေလုပ်နေမလဲ။ စိတ်ပူလိုက်တာ။ သူဖင်ယားမိတာပါ။ အမှန်အတိုင်းပြောပြီး ခွင့်တောင်းလည်း ရနေတာကို သူဘာလို့ အဲ့လောက်တောင် ဥာဏ်နည်းမိတာလဲ။ ဖွံဖြိုးမလာတဲ့ အစိတ်အပိုင်းထဲ ဒီခေါင်းက ညှပ်ပါသွားတာလားမသိဘူး။ တကယ်ကို ရည်းစားပူမိနေတဲ့အခြေအနေကြီးက တော်တော်ဆိုးပါသည်။ ဖင်ကြားကို ငှက်မွှေးကပ်နေသလိုပါပဲ။ တကယ်နေမရခဲ့ပါဘူး။ မမအိလေးဆီကလည်း ဘာသတင်းမှ မထူးသေးဘူး။ ခဏတိုင်းသွားမေးနေလို့လည်းမဖြစ်ဘူး။ အမြင်ကပ်ပြီး ဘာမှပြန်မပြောနေမှ ဟုတ်ပေ့။ ဒါပေမယ့် နောက်ရက်ကျတော့ မမအိလေးက ဖုန်းခေါ်လာပေးသည်။
"ကလေးရေ
သူနေမကောင်းနေလို့တဲ့
ကလေးစိတ်ပူနေတယ်လို့ ပြောပေးထားတယ်"
"ဟင် ဘယ်လိုနေမကောင်းဖြစ်တာတဲ့လဲ မမ"
"အရင်တစ်ခါကလို
အားနည်းပြီး မူးလဲတာတဲ့
အလုပ်ပင်ပန်းသွားလို့လို ပြောတာပဲ"

"ဟုတ်လား"
"အင်း
အဲ့ဒါကြောင့် ဖုန်းမသုံးဖြစ်လို့လို့ပြောတယ်
အရမ်းစိတ်ပူမနေပါနဲ့"
"ဟုတ်
စိတ်ကတော့ ပူတယ်
ကိုကို ကျွန်တော့်ကို စိတ်ဆိုးပြေမှာပါနော်"

"အင်း ပြေမှာပါ
အခုပဲ ဘလော့ဖြေပေးလိုက်မယ်လို့ပြောတယ်
ကြည့်ကြည့်လိုက်ဦး"
"ဟုတ် မမ
အားနာလိုက်တာ"
"ရပါတယ်အေ
ကျွန်မသူငယ်ချင်းကိုပဲ စိတ်ဆိုးအောင်သွားမလုပ်နဲ့
ဟွန်း
မန်းလေးလာသတ်မှာနော်"

"ဟုတ် စိတ်ချပါ
ဒါပထမဆုံး နဲ့ နောက်ဆူံးပါပဲ
အခုကို လူကတော်တော်နေမရဘူး
နောက်တစ်ခါ ကိုကိုသာစိတ်ဆိူးရင်
မမလာမသတ်ခင်ကတည်းက ကျွန်တော်သေနေလောက်ပီ"

"အမလေး
သိပ်ပိုနေကြတယ်
ကဲ
ကိုယ့် ကိုကိုပဲ ဂရုစိုက်လိုက်
ဒါပဲ"
"ဟုတ် မမ
ဘိုင်ဘိုင်"

ဖုန်းချသွားတော့ သူ့မှာ ပိုပြီး နေမရထိုင်မရဖြစ်လာသည်။ အိပ်ရေးပျက်တာနဲ့ အားနည်းတတ်တဲ့ကိုကို၊ အခုလည်း သူ့ကြောင့် ဘယ်လောက်တောင် စိတ်ဆင်းရဲ နေရလွန်းလို့ အိပ်မပျော်လည်းမှမသိတာ။ သူစကားပြောပေး၊ ချော့သိပ်ပေးမှ စိတ်ချလက်ချ အိပ်ပျော်တတ်တဲ့ကိုကိုက
အခု သူချော့မသိပ်တဲ့ ဒီ လေးရက်အတွင်းဘယ်လိုလုပ်အိပ်ပျော်မှာလဲ။ သူသင်တန်းတက်တဲ့ရက်တွေ တကယ်နောက်ကျလွန်းလို့သာ ချော့မသ်ိပ်ခိုင်းပဲ သူ့ဘာသာ မနည်းကြိုးစားပြီး အိပ်ပျော်အောင်အိပ်ပေမယ့် ခဏတိုင်းနိုးလာတတ်လို့ တရေးနိုးတိုင်း သူပြန်ချော့သိပ်ပေးမှ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်တတ်တာ။ ဒါတွေကို သိရက်နဲ့ ကိုကို အဆင်ပြေမှာပါလို့ ဒီမကောင်းတဲ့ကောင်က မျှော်လင့်နေခဲ့မိသေးတာ။ အခုကိစ္စမတိုင်ခင်အထိ အလုပ်တွေများပီး အချိန်ပိုတွေဆင်းရလို့ ပင်ပန်းနေသေးတာ။ ဒါကို သူက ထပ်စိတ်ဆင်းရဲအောင်လုပ်မိတယ်။ လူပင်ပန်း စိတ်ပင်ပန်းနဲ့ ကိုကို ဘယ်လောက်တောင် စိတ်ဆင်းရဲနေမလဲ။ သူမကောင်းတာပါ။ ကိုယ့်ကိုယ်ကို ရိုက်သတ်ပစ်ဖို့ပဲကောင်းတော့သည်။

မမအိလေးဖုန်းဆက်ပြီး မကြာခင်မှာပဲ ကိုကို့ဆီ​က ig ကနေ video callဝင်လာသည်။ သူ့မှာ ခြေဖျားလက်ဖျားတွေပါ အေးစက် တုန်တက်ပြီးတော့ မရဲတရဲ ဖုန်းကိုင်လိုက်သည်။ ဖုန်းscreenမှာပေါ်လာတဲ့ ကိုကို့မျက်နှာလေးကြောင့်ရင်ထဲနင့်သွားသည်။ ဒီ မမြင်ရတဲ့ ၄ ရက်အတွင်းမှာ ကိုကို့မျက်နှာလေး ချောင်ကျသွားတာ အသိသာကြီး။ အခုလည်း အိပ်ယာထဲမှာ အိပ်နေရင်းနဲ့ သူ့ကို နွမ်းလျလျ ပြုံးပြနေသည်။ အခုချိန် သူ့ကို ဒေါသထွက်ပြီး ဆူငေါက်ရင် သူအာ့လောက် ခံစားရမယ်မထင်ဘူး။ အခုလို မချိပြုံး ပြုံးပြနေတာကပဲ သူ့ကို ပိုပြီးနာကျင်စေတာ။
"ကိုကို
နေမကောင်းဘူးဆို"
"အင်း
အလုပ်နည်းနည်းပင်ပန်းသွားလို့"
"ကိုကို
မောင်တောင်းပန်ပါတယ်နော်
မောင်မှားပါတယ်
နောက် မလိမ်တော့ပါဘူး
နော်
မောင့်ကြောင့် ကိုကို နေမကောင်းဖြစ်ရတာ
မောင်တကယ်တောင်းပန်ပါတယ်"

"မင်းကြောင့် မဟုတ်ပါဘူး
ကိုယ့်စိတ်နဲ့ ကိုယ်ပါပဲ
မင်းကို အပြစ်မတင်ပါဘူး"

"မဟုတ်ဘူး
ကိုကို မောင့်ကိုဆူချင်ဆူလိုက်ပါ
ဒီလိုအေးစက်စက်ကြီးတော့ မတုန့်ပြန်ပါနဲ့"

"ကိုယ်က ဘာကိုဆူရမှာလဲ
မောင့်ကို ပြောပီးသား ကိုယ့်ကိုမလိမ်ဖို့
ကိုယ်သတိပေးထားတာက်ို မောင်က ချိုးဖောက်တယ်
မောင့်ကို သတိမပေးထားမိလို့ မောင်လုပ်တာဆို ကိုယ်နားလည်ပေးလိုက်မယ်
သိသိနဲ့ လုပ်တာက အမှားမဟုတ်ဘူး
အဲ့ဒါ ရွေးချယ်မှုတစ်ခုဖြစ်သွားပီ"

"မောင် တကယ်မှားပါတယ် ကိုကိုရယ်
နော်"
"မင်းသိလား
ကိုယ့်ကို မင်းလိမ်တယ်ဆိုတဲ့အဖြစ်ကို ကိုယ်မယုံနိုင်လွန်းလို့၊ ဝမ်းနည်းရလွန်းလို့ ကိုယ်ဗိုက်တွေအောင့်ပြီး ဆေးခန်းပြရတဲ့အထိပဲ။
ကိုယ် ခွင့်မလွှတ်တတ်ဘူး။
ကိုယ်တိုင်လည်း အမှားမရှိအောင်နေလို့ အမှားလုပ်တဲ့သူတွေကို နားလည်မပေးတတ်ဘူး
မင်းမို့လို့
မင်းဖြစ်နေလို့
နားလည်ပေးနိုင်အောင် ကြိူးစားနေရတာ
ကိုယ်အရမ်းပင်ပန်းတယ်
မင်းသိလား"
ပြောနေရင်း အရမ်းစိတ်ဆင်ရဲသွားသလို အသံတွေစို့နင့်ပြီးတော့ ကိုကို မျက်ရည်တွေကျလာသည်။ သူ့ရင်တွေပူလောင်လိုက်တာ။ သူက ကိုကိုမျက်ရည်ကျအောင်လုပ်ခဲ့မိတာ။ ကိုကို သူ့ကြောင့် မျက်ရည်ကျတဲ့အဖြစ်ကို သူ့ဘယ်နှလုံးသားနဲ့ လက်ခံရမှာလဲ။
"မငိုပါနဲ့ ကိုကိုရာ
နော်
မောင့်ကြောင့် မျက်ရည်မကျပါနဲ့
နော်
​စိတ်လျော့နော် ကိုကို
စိတ်လျော့လိုက်"
ကိုကိုမျက်ရည်ကျတော့ သူပါ လိုက်ငိုပစ်လိုက်ချင်သည်။ဒါပေမယ့် သူမငိုဘူး။ မျက်ရည်ကျရလောက်တဲ့အထိ သူက မတန်ဘူး။ သူလိုမကောင်းတဲ့ကောင်က ကိုကို့ လို ဝမ်းနည်းခွင့်မရှိဘူး။
"ဒီကိစ္စသေးသေးလေးပါလို့လည်း ကိုယ့်က်ိုမပြောနဲ့
အလိမ်အညာ စကားဆိုတာ အဆုံးသတ်မရှိဘူး
အစမှာ လိမ်လိုက်ပြီဆိုတာနဲ့ အဆုံးထိ လိမ်ညာရတော့တာ
ကိုယ်ကနားလည် ပေးမယ့်သူမဟုတ်လို့လား
ဘာလို့ကိုယ့်ကိုလိမ်ခဲ့တာလဲ"
"မောင် တမင်တကာလိမ်တာမဟုတ်ပါဘူး ကိုကိုရယ်
နော်
မောင်ဦးနှောက်မရှိလို့ပါ
မောင်မကောင်းတာပါ
မောင်မှားတာပါ"
သူ အစက ကိုကိုစိတ်ဆိုးနေတာဆိုရင် စိတ်ဆိုးပြေတဲ့အထိ တောင်းပန်မယ်ဟု တွေးထားခဲ့တာ။ အခုကိုကို စိတ်ဆိုးနေတာမဟုတ်ပဲ စိတ်ဆင်းရဲနေခဲ့တာဖြစ်သည်။ သူဟာတောင်းပန်ဖို့တောင် ထိုက်တန်ရဲ့လား မသိတော့ပါ။

"ကိုယ် အတ္တကြီးတယ် လို့ပြောခဲ့ပြီးသား
​ကိုယ်မကြိုက်တဲ့အရာတစ်ခုကလည်း ကြိုက်ပါတယ်ဆိုပီး ဘယ်တော့မှစိတ်ပြောင်းမှာမဟုတ်ဘူး
ကိုယ်ခွင့်မလွှတ်ဘူးဆိုတဲ့အရာတစ်ခုကလည်း ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီး ဖြစ်လာမှာမဟုတ်ဘူး
အဲ့ဒါ မောင်သိရဲ့လား"

"အင်း
မောင်သိပါပြီ
ဒါပေမယ့် မောင့်ကို ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ
နော်
ဒီတစ်ခါလေးပါပဲ"

ကိုကိုက သူ့ကိူဘာမှပြန်မပြော။ သူ့မျက်နှာကိုပဲ တွေတွေကြည့်ပြီး ကိုကို့ မျက်ဝန်းထောင့်တွေကနေ မျက်ရည်တွေပဲ တွင်တွင်စီးကျနေသည်။ သိက္ခာ၊ မာန ကြီးလွန်းသည့် ထိုလူသားဟာ ဘယ်လောက်တောင် ခံစားနေရလို့ ရှိုက်သံတစ်ချက်မထွက်ပဲ မျက်ရည်တွေကျလာနေတာလဲ။ နာကျင်လိုက်တာ ကိုကိုရာ။

"ကိုကို
မောင့်ကိုကြည့်
မောင့်မျက်နှာကိုသေချာကြည့်
မျက်ရည်တွေသုတ်လိုက်နော်
ထပ် မငိုတော့နဲ့နော်"

အမှန်က ကိုကို့ကို ရင်ခွဲထဲမှာ သေချာပွေ့ဖက်ပြီး ထိုမျက်ရည်တွေ သူကိုယ်တိုင်သုတ်ပေးရမှာ။ အခုလို ထိုအခွင့်အရေးမရှိတဲ့ အနေအထားမျိုးမှာ သူက ကိုကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့မိတယ်။ တဖြည်းဖြည်း စိတ်ထိန်းနိုင်သွားပုံရသည့် ကိုကိုက မျက်ရည်တွေကျမလာတော့။ နောက်ဆုံးမှာ စိတ်လျော့လိုက်သည့်ပုံဖြင့်

"ကိုယ်အရမ်းပင်ပန်းနေပြီ
အိပ်လို့လည်းမရဘူး
ဗိုက်ကလည်း ဘာစားစားပြန်အန်တယ်
အဲ့ဒါမင်းကြောင့်
အပြစ်လုပ်တော့မင်းကလုပ်ပြီး ကိုယ်ကဘာလို့ခံရတာလဲ"
သူကိုကို့ စကားတို့နားထောင်ပြီးတော့ သူ့ပူတူတူးလေးဆီ ပြေးသွားပလိုက်ချင်မိသည်။ အရမ်း သနားဖို့ကောင်းတဲ့သူ့ပူတူတူးလေး။

"ဟုတ်
ကိုကို နေမကောင်းတာ မောင့်ကြောင့်
ကိုကိုစိတ်ဆိုးအောင်လုပ်မိလို့
အခု မောင်ချော့သိပ်မယ်နော်"

"မင်း ကိုယ့်ကို ချော့သိပ်ပေးရတာ အပြစ်ဒဏ်ခံရတာမဟုတ်ဘူး
ဟွန်း
ကိုယ့်ကိုချော့သိပ်ခွင့်ရတာ မင်းအတွက် ဆုလာဘ် မဟုတ်ဘူးလား
ပြော"

အရေးထဲ စကားက မှားသွားလိုက်သေးသည်။ သေတော့မှာပဲ ပြည့်သူရယ်​။

"ဟုတ်ပါတယ်ဗျာ
ကိုကို့ကိုချော့သိပ်ခွင့်ရတာ မောင့်အတွက် ဆုလာဘ်ပါ
အဲ့ဒါကြောင့် အဲ့ဆုလာဘ်လေးကို မောင့်ကိုပေးပါနော်"

"မသိဘူး
မင်းကို ကိုယ်မကျေနပ်ဘူး
ကိုယ်ပြောပီးသား
အပြစ်တစ်ခုလုပ်ရင် ကိုယ်ကမေ့သွားမှာမဟုတ်ဘူးလို့
မင်းကိုလည်းစိတ်ဆင်းရဲအောင်ပြန်လုပ်မှာ
ကိုယ့်ကိုအကျင့်ပုပ်တယ်လာမပြောနဲ့"

နှုတ်ခမ်းတွေ ဆူထော်ပြီး ကလေးတစ်ယောက်လို မကျေနပ်သလိုပြောလာသည်။ သူ့ချစ်သူလေး စိတ်ဆိုးတာက သိပ်ချစ်ဖို့ကောင်းတာမို့ သူ့မှာ ချစ်လိုက်တာ။

"မပြောပါဘူး
ကိုကို့သဘောအတိုင်းလုပ်ပါ
ဒါပေမယ့် တစ်ခုပဲ တောင်းဆိုပါရစေနော်"

"ဘာလဲ"

"နောက်ဆို မောင့်ကို ဘယ်လောက်စိတ်ဆိုးဆိုး မဘလော့ပါနဲ့နော်
မောင်တကယ်နေမရလို့ပါ"

"ဘာပြောတယ်
ဒါဆို နောက်လည်း ထပ်ပြီး အချိုးမပြေတာတွေ လုပ်ဦးမယ်ဆိုတဲ့ သဘောလား"

"မဟုတ်ပါဘူး ကိုကိုရယ်
မောင်က အကယ်၍ ဆိုပြီးပြောတာပါ
​ကိုကို စိတ်ဆိုးအောင်၊ စိတ်ဆင်းရဲအောင် မောင်ဘယ်တော့မှ မလုပ်မိအောင်ကြိူးစားမှာပါ
ကိုကို့မျက်ရည်ကို တစ်ခါမြင်ဖူးရုံနဲ့ မောင့်အတွက်လုံလောက်သွားပါပြီ"

"အပိုတွေလာပြောမနေနဲ့
အာ့လိုပြောလို့လည်း မင်းအပြစ်ကို ခွင့်လွှတ်လိုက်မယ်မထင်နဲ့"

"အင်းပါ
ဟုတ်ပါပီ
ညစာ ဘာစားထားလဲ"

"မစားဘူး
လိမ္မော်ရည်တစ်ခွက်ပဲသောက်ထားတယ်"

"ဗိုက်ဆာနေမှာပေါ့
အသီးတစ်ခုခု စားလိုက်ပါဦးလား ကိုကိုရာ"

"တော်ပြီ မစားချင်တော့ဘူး"

"အင်း အင်း
ကိုကို့သဘော"
ကိုကိုနှင့် အတိုက်အခံမလုပ်လို၍ အလျော့ပေးလိုက်သည်။ ကိုကို့မျက်နှာလေးလည်း တဖြည်းဖြည်း ပြန်ကြည်လာသည်။ကိုကို့မျက်နှာလေးမြင်ပြီး ကိုကို့အသံလေးကြားလိုက်ရမှ သူ့မှာနေသာထိုင်သာရှိတော့သည်။ ဒီနတ်သားလေးဟာ သူ့အတွက်မရှိမဖြစ်မှန်းသိရဲ့သားနဲ့ သူဘာလို့ အာ့လိုလိမ်ဖို့တွေးမိခဲ့တာပါလိမ့်။

"ဪ
မောင်သွားခဲ့တာ နေသော့်ကောင်မလေး မွေးနေ့ပါ
မောင်အဲ့နေ့က သောက်ရုံပဲသောက်ခဲ့တာ
ကျန်တာဘာမှမလုပ်ခဲ့ဘူးနော်"
မလုံမလဲရှင်းပြမိသည်။ ဟုတ်တယ်၊ တစ်ခါတည်း အပြတ်ရှင်းထားရမည်။ ကိုကို ထပ်စိတ်ဆိုးမှာမခံနိုင်ဘူး။

"မင်းက ဘာလုပ်ချင်သေးလို့လဲ"

"မဟုတ်ပါဘူး ကိုကိုရဲ့
မောင်ရှင်းပြတာပါ"

"ဟွန်း
ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ
ကိုပြည့်သူ
နောက်ပြီး ပထမ အဆင့်ပြစ်ဒဏ်အနေနဲ့  နောက် ၂လတိတိ လုံးဝမသောက်ရဘူး
ဒါပဲ"
"ဟုတ် မသောက်ပါဘူးခင်ဗျ
ကိုကို့အမိန့်အတိုင်းပါ"

"မင်းနော်
ကိုယ် ပြန်ခွင့်လွှတ်ပေးချင်လွန်းလို့မထင်နဲ့"
"မထင်ပါဘူး
ကိုယ့်ချစ်သူစိတ်ကြီးတာသိပါတယ်"
"ဒါပဲ
အိပ်တော့မယ်"
"ဟုတ်
မောင်ဂစ်တာတီးပြီး ဆိုပြမယ်နော်"

"အင်း"
သူဖုန်းကိုရှေ့ချလိုက်ပြီးတော့ ဂစ်တာယူလိုက်သည်။
ဆောင်းဦးလှိုင်ရဲ့ အစားထိုးမရတဲ့သူ သီချင်းကို စတီးလိုက်သည်။
🎵🎵မင်းမရှိရင် ဒီဘဝဟာ
လမ်းပျောက်ပြီး အမှောင်ထဲမှာ
အသက်မဲ့တဲ့ စက္ကန့်များအေးစက်သွား
မနေချင်ဘူး အချစ်လေးရာ
ခွင့်ပြုရင် ဒီအရိပ်မှာ
ကိုယ့်တစ်သက်တာ နေမလို့ပါ
ဆုံးရှုံးဖို့ကို ဘယ်လိုမှမတွေးရဲဘူး
မင်းလေးနားလည်မလား

ဘဝရဲ့ဒဏ်ရာတွေကို ဖြေသာစေတဲ့သူ
ဒုက္ခမီးလျံတွေကို ကယ်တင်ဝေမျှယူ
ဝေးသွားမှ
အချိန်ရှိတိုင်းရခဲ့တဲ့ နောင်တတွေ
အစားထိုးမရသူလေး🎶🎶🎶
ထိုတစ်ပုဒ် ပြီးတော့ ဆောင်းဦးလှိုင်သီချင်းထဲက နောက်တစ်ပုဒ်ထပ်ဆိုပြလိုက်သည်။ ဒီတစ်ခါတော့ တစ်ဘဝလုံးချစ်မယ့်သူ ကိူဆိုပြလိုက်သည်။

🎶စိတ်အလိုကိုလေမလိုက်ရဲဘူး
တစ်ဘဝလုံးချစ်မယ့်သူ
တစ်ယောက်ကိုပဲ ထာဝရကြင်နာချင်သူ🎵
ထိုအပိုဒ်လေးကို တကယ်စိတ်နှစ်ပြီး ဆိုပြမိသည်။ သူ့ချစ်သူ ပူတူတူးလေးကတော့ အရင်ရက်တွေက အိပ်ပျက်ထားတာတွေရော၊ စိတ်ပင်ပန်းထားတာတွေကြောင့်ရော ခဏလေးနဲ့ အိပ်ပျော်သွားသည်။ အပြစ်ကင်းစင်စွာအိပ်နေတဲ့ ကိုကို့ မျက်နှာလေးကို ငေးကြည့်မိပြီး
နဖူးလေးကိုရည်ညွှန်းပြီး နမ်းလိုက်သည်။
"Good night ပါ ကိုကို
အိပ်မက်လှလှမက်ပါစေ"
စိတ်ချပါကိုကို၊ အမှားဆိုတာ ထပ်မရှိလာနိုင်တော့တာကြောင့် ဒီတစ်ခါပဲ ကိုကို့ကို စိတ်ဆင်းရဲခွင့်ပြုမှာပါ။ မောင်က ကိုကို့ကို သိပ်ချစ်တာမို့.....

Ownlish note-ကိုယ်တိုင်ကလည်း ကြာကြာစိတ်မကောက်ဖူးတော့ ဒီလောက်ပဲ စိတ်ဆိုးတတ်တယ်🥺
ပေါ့သွားရင် အားနာမိပါတယ်နော်၊ ချစ်တယ်နော်😘

<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>
Zawgyi

ကိုကိုႏွင့္ အဆက္အသြယ္မရတာ ဒီေန႔နဲ႔ဆို သုံးရက္ရွိၿပီ။ Fbမွာ သူ႔ကို ဘေလာ့ထားလို႔ ေနေသာ့္အေကာင့္ကေန ဝင္ၾကည့္ေပမယ့္လည္း သူ႔ထက္ႀကိဳေတြးတတ္တဲ့ကိုကိုက ေနေသာ့္ကိုပါ ဘေလာ့ထားတာျဖစ္သည္။ ဟားးးး ဒီအေျခအေနအတိုင္းဆို သူ႐ူးရလိမ့္မယ္။ ႀကံရာမရတဲ့အဆုံး မမအိေလးကိုပဲ အကူအညီေတာင္းဖို႔ ေတြးလိုက္သည္။ ထို႔ေၾကာင့္ မမအိေလးအေကာင့္ကို စာပို႔လိုက္သည္။

"မမ ဒီရက္ပိုင္း ကိုကိုနဲ႔စကားေျပာျဖစ္လား"

မီးစိမ္းေနတဲ့ အေကာင့္ကေန ခ်က္ခ်င္းပဲစာျပန္လာသည္။

"မေျပာျဖစ္ဘူး ကေလး ဘာလို႔လဲ"

"ကိုကို ကြၽန္ေတာ့္ကို ဘေလာ့ထားလို႔
အဲ့ဒါဘာအဆက္အသြယ္မွမရလို႔"

"ဟမ္
ရန္ျဖစ္ထားၾကတာလား"

"ရန္ျဖစ္တာေတာ့မဟုတ္ဘူး
ကိုကိုက ကြၽန္ေတာ့္ကို စိတ္ဆိုးေနတာ"

"ဘာလို႔စိတ္ဆိုးတာလဲ"

ကိုကို႔သူငယ္ခ်င္းပီသစြာ အက်ိဳးအေၾကာင္းခိုင္လုံေအာင္ အရင္အေမးခံေနရသည္။

"ဟို ကိုကို႔ကို လိမ္မိသြားလို႔"

"အင္းး
မမ ဆက္သြယ္ၾကည့္လိုက္မယ္ေလ
ကေလးက ဘာ သြားလိမ္တာလဲ"

"ဟို တမင္တကာလိမ္တာမဟုတ္ပါဘူး
ဒီအတိုင္းပဲ လိမ္သလိုျဖစ္သြားတာပါ"

"အင္း
သူ႔အေကာင့္ကို စာပို႔ထားတယ္
အခုေတာ့ လိုင္းေပၚမွာမရွိဘူး
စကားေျပာျဖစ္ရင္ ျပန္ေျပာမယ္ေလ"

"ဟုတ္မမ
ေက်းဇူးပါ"

ကိုကို တစ္ေယာက္ ဘာေတြလုပ္ေနမလဲ။ စိတ္ပူလိုက္တာ။ သူဖင္ယားမိတာပါ။ အမွန္အတိုင္းေျပာၿပီး ခြင့္ေတာင္းလည္း ရေနတာကို သူဘာလို႔ အဲ့ေလာက္ေတာင္ ဥာဏ္နည္းမိတာလဲ။ ဖြံၿဖိဳးမလာတဲ့ အစိတ္အပိုင္းထဲ ဒီေခါင္းက ညႇပ္ပါသြားတာလားမသိဘူး။ တကယ္ကို ရည္းစားပူမိေနတဲ့အေျခအေနႀကီးက ေတာ္ေတာ္ဆိုးပါသည္။ ဖင္ၾကားကို ငွက္ေမႊးကပ္ေနသလိုပါပဲ။ တကယ္ေနမရခဲ့ပါဘူး။ မမအိေလးဆီကလည္း ဘာသတင္းမွ မထူးေသးဘူး။ ခဏတိုင္းသြားေမးေနလို႔လည္းမျဖစ္ဘူး။ အျမင္ကပ္ၿပီး ဘာမွျပန္မေျပာေနမွ ဟုတ္ေပ့။ ဒါေပမယ့္ ေနာက္ရက္က်ေတာ့ မမအိေလးက ဖုန္းေခၚလာေပးသည္။
"ကေလးေရ
သူေနမေကာင္းေနလို႔တဲ့
ကေလးစိတ္ပူေနတယ္လို႔ ေျပာေပးထားတယ္"
"ဟင္ ဘယ္လိုေနမေကာင္းျဖစ္တာတဲ့လဲ မမ"
"အရင္တစ္ခါကလို
အားနည္းၿပီး မူးလဲတာတဲ့
အလုပ္ပင္ပန္းသြားလို႔လို ေျပာတာပဲ"

"ဟုတ္လား"
"အင္း
အဲ့ဒါေၾကာင့္ ဖုန္းမသုံးျဖစ္လို႔လို႔ေျပာတယ္
အရမ္းစိတ္ပူမေနပါနဲ႔"
"ဟုတ္
စိတ္ကေတာ့ ပူတယ္
ကိုကို ကြၽန္ေတာ့္ကို စိတ္ဆိုးေျပမွာပါေနာ္"

"အင္း ေျပမွာပါ
အခုပဲ ဘေလာ့ေျဖေပးလိုက္မယ္လို႔ေျပာတယ္
ၾကည့္ၾကည့္လိုက္ဦး"
"ဟုတ္ မမ
အားနာလိုက္တာ"
"ရပါတယ္ေအ
ကြၽန္မသူငယ္ခ်င္းကိုပဲ စိတ္ဆိုးေအာင္သြားမလုပ္နဲ႔
ဟြန္း
မန္းေလးလာသတ္မွာေနာ္"

"ဟုတ္ စိတ္ခ်ပါ
ဒါပထမဆုံး နဲ႔ ေနာက္ဆူံးပါပဲ
အခုကို လူကေတာ္ေတာ္ေနမရဘူး
ေနာက္တစ္ခါ ကိုကိုသာစိတ္ဆိူးရင္
မမလာမသတ္ခင္ကတည္းက ကြၽန္ေတာ္ေသေနေလာက္ပီ"

"အမေလး
သိပ္ပိုေနၾကတယ္
ကဲ
ကိုယ့္ ကိုကိုပဲ ဂ႐ုစိုက္လိုက္
ဒါပဲ"
"ဟုတ္ မမ
ဘိုင္ဘိုင္"

ဖုန္းခ်သြားေတာ့ သူ႔မွာ ပိုၿပီး ေနမရထိုင္မရျဖစ္လာသည္။ အိပ္ေရးပ်က္တာနဲ႔ အားနည္းတတ္တဲ့ကိုကို၊ အခုလည္း သူ႔ေၾကာင့္ ဘယ္ေလာက္ေတာင္ စိတ္ဆင္းရဲ ေနရလြန္းလို႔ အိပ္မေပ်ာ္လည္းမွမသိတာ။ သူ႔ကို စကားေျပာေပး၊ ေခ်ာ့သိပ္ေပးမွ စိတ္ခ်လက္ခ် အိပ္ေပ်ာ္တတ္တဲ့ကိုကိုက
အခု သူေခ်ာ့မသိပ္တဲ့ ဒီ ေလးရက္အတြင္းဘယ္လိုလုပ္အိပ္ေပ်ာ္မွာလဲ။ သူသင္တန္းတက္တဲ့ရက္ေတြ တကယ္ေနာက္က်လြန္းလို႔သာ ေခ်ာ့မသ္ိပ္ခိုင္းပဲ သူ႔ဘာသာ မနည္းႀကိဳးစားၿပီး အိပ္ေပ်ာ္ေအာင္အိပ္ေပမယ့္ ခဏတိူင္းႏိုးလာတတ္လို႔ တေရးႏိုးတိုင္း သူျပန္ေခ်ာ့သိပ္ေပးမွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပန္အိပ္ေပ်ာ္တတ္တာ။ ဒါေတြကို သိရက္နဲ႔ ကိုကို အဆင္ေျပမွာပါလို႔ ဒီမေကာင္းတဲ့ေကာင္က ေမွ်ာ္လင့္ေနခဲ့မိေသးတာ။ အခုကိစၥမတိုင္ခင္အထိ အလုပ္ေတြမ်ားပီး အခ်ိန္ပိုေတြဆင္းရလို႔ ပင္ပန္းေနေသးတာ။ ဒါကို သူက ထပ္စိတ္ဆင္းရဲေအာင္လုပ္မိတယ္။ လူပင္ပန္း စိတ္ပင္ပန္းနဲ႔ ကိုကို ဘယ္ေလာက္ေတာင္ စိတ္ဆင္းရဲေနမလဲ။ သူမေကာင္းတာပါ။ ကိုယ့္ကိုယ္ကို ႐ိုက္သတ္ပစ္ဖို႔ပဲေကာင္းေတာ့သည္။

မမအိေလးဖုန္းဆက္ၿပီး မၾကာခင္မွာပဲ ကိုကို႔ဆီ​က ig ကေန video callဝင္လာသည္။ သူ႔မွာ ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္ တုန္တက္ၿပီးေတာ့ မရဲတရဲ ဖုန္းကိုင္လိုက္သည္။ ဖုန္းscreenမွာေပၚလာတဲ့ ကိုကို႔မ်က္ႏွာေလးေၾကာင့္ရင္ထဲနင့္သြားသည္။ ဒီ မျမင္ရတဲ့ ၄ ရက္အတြင္းမွာ ကိုကို႔မ်က္ႏွာေလး ေခ်ာင္က်သြားတာ အသိသာႀကီး။ အခုလည္း အိပ္ယာထဲမွာ အိပ္ေနရင္းနဲ႔ သူ႔ကို ႏြမ္းလ်လ် ၿပဳံးျပေနသည္။ အခုခ်ိန္ သူ႔ကို ေဒါသထြက္ၿပီး ဆူေငါက္ရင္ သူအာ့ေလာက္ ခံစားရမယ္မထင္ဘူး။ အခုလို မခ်ိၿပဳံး ၿပဳံးျပေနတာကပဲ သူ႔ကို ပိုၿပီးနာက်င္ေစတာ။
"ကိုကို
ေနမေကာင္းဘူးဆို"
"အင္း
အလုပ္နည္းနည္းပင္ပန္းသြားလို႔"
"ကိုကို
ေမာင္ေတာင္းပန္ပါတယ္ေနာ္
ေမာင္မွားပါတယ္
ေနာက္ မလိမ္ေတာ့ပါဘူး
ေနာ္
ေမာင့္ေၾကာင့္ ကိုကို ေနမေကာင္းျဖစ္ရတာ
ေမာင္တကယ္ေတာင္းပန္ပါတယ္"

"မင္းေၾကာင့္ မဟုတ္ပါဘူး
ကိုယ့္စိတ္နဲ႔ ကိုယ္ပါပဲ
မင္းကို အျပစ္မတင္ပါဘူး"

"မဟုတ္ဘူး
ကိုကို ေမာင့္ကိုဆူခ်င္ဆူလိုက္ပါ
ဒီလိုေအးစက္စက္ႀကီးေတာ့ မတုန႔္ျပန္ပါနဲ႔"

"ကိုယ္က ဘာကိုဆူရမွာလဲ
ေမာင့္ကို ေျပာပီးသား ကိုယ့္ကိုမလိမ္ဖို႔
ကိုယ္သတိေပးထားတာက္ို ေမာင္က ခ်ိဳးေဖာက္တယ္
ေမာင့္ကို သတိမေပးထားမိလို႔ ေမာင္လုပ္တာဆို ကိုယ္နားလည္ေပးလိုက္မယ္
သိသိနဲ႔ လုပ္တာက အမွားမဟုတ္ဘူး
အဲ့ဒါ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္သြားပီ"

"ေမာင္ တကယ္မွားပါတယ္ ကိုကိုရယ္
ေနာ္"
"မင္းသိလား
ကိုယ့္ကို မင္းလိမ္တယ္ဆိုတဲ့အျဖစ္ကို ကိုယ္မယုံႏိုင္လြန္းလို႔၊ ဝမ္းနည္းရလြန္းလို႔ ကိုယ္ဗိုက္ေတြေအာင့္ၿပီး ေဆးခန္းျပရတဲ့အထိပဲ။
ကိုယ္ ခြင့္မလႊတ္တတ္ဘူး။
ကိုယ္တိုင္လည္း အမွားမရွိေအာင္ေနလို႔ အမွားလုပ္တဲ့သူေတြကို နားလည္မေပးတတ္ဘူး
မင္းမို႔လို႔
မင္းျဖစ္ေနလို႔
နားလည္ေပးႏိုင္ေအာင္ ႀကိဴးစားေနရတာ
ကိုယ္အရမ္းပင္ပန္းတယ္
မင္းသိလား"
ေျပာေနရင္း အရမ္းစိတ္ဆင္ရဲသြားသလို အသံေတြစို႔နင့္ၿပီးေတာ့ ကိုကို မ်က္ရည္ေတြက်လာသည္။ သူ႔ရင္ေတြပူေလာင္လိုက္တာ။ သူက ကိုကိုမ်က္ရည္က်ေအာင္လုပ္ခဲ့မိတာ။ ကိုကို သူ႔ေၾကာင့္ မ်က္ရည္က်တဲ့အျဖစ္ကို သူ႔ဘယ္ႏွလုံးသားနဲ႔ လက္ခံရမွာလဲ။
"မငိုပါနဲ႔ ကိုကိုရာ
ေနာ္
ေမာင့္ေၾကာင့္ မ်က္ရည္မက်ပါနဲ႔
ေနာ္
​စိတ္ေလ်ာ့ေနာ္ ကိုကို
စိတ္ေလ်ာ့လိုက္"
ကိုကိုမ်က္ရည္က်ေတာ့ သူပါ လိုက္ငိုပစ္လိုက္ခ်င္သည္။ဒါေပမယ့္ သူမငိုဘူး။ မ်က္ရည္က်ရေလာက္တဲ့အထိ သူက မတန္ဘူး။ သူလိုမေကာင္းတဲ့ေကာင္က ကိုကို႔ လို ဝမ္းနည္းခြင့္မရွိဘူး။
"ဒီကိစၥေသးေသးေလးပါလို႔လည္း ကိုယ့္က္ိုမေျပာနဲ႔
အလိမ္အညာ စကားဆိုတာ အဆုံးသတ္မရွိဘူး
အစမွာ လိမ္လိုက္ၿပီဆိုတာနဲ႔ အဆုံးထိ လိမ္ညာရေတာ့တာ
ကိုယ္ကနားလည္ ေပးမယ့္သူမဟုတ္လို႔လား
ဘာလို႔ကိုယ့္ကိုလိမ္ခဲ့တာလဲ"
"ေမာင္ တမင္တကာလိမ္တာမဟုတ္ပါဘူး ကိုကိုရယ္
ေနာ္
ေမာင္ဦးေႏွာက္မရွိလို႔ပါ
ေမာင္မေကာင္းတာပါ
ေမာင္မွားတာပါ"
သူ အစက ကိုကိုစိတ္ဆိုးေနတာဆိုရင္ စိတ္ဆိုးေျပတဲ့အထိ ေတာင္းပန္မယ္ဟု ေတြးထားခဲ့တာ။ အခုကိုကို စိတ္ဆိုးေနတာမဟုတ္ပဲ စိတ္ဆင္းရဲေနခဲ့တာျဖစ္သည္။ သူဟာေတာင္းပန္ဖို႔ေတာင္ ထိုက္တန္ရဲ႕လား မသိေတာ့ပါ။

"ကိုယ္ အတၱႀကီးတယ္ လို႔ေျပာခဲ့ၿပီးသား
​ကိုယ္မႀကိဳက္တဲ့အရာတစ္ခုကလည္း ႀကိဳက္ပါတယ္ဆိုပီး ဘယ္ေတာ့မွစိတ္ေျပာင္းမွာမဟုတ္ဘူး
ကိုယ္ခြင့္မလႊတ္ဘူးဆိုတဲ့အရာတစ္ခုကလည္း ခြင့္လႊတ္ႏိုင္ပါတယ္ဆိုၿပီး ျဖစ္လာမွာမဟုတ္ဘူး
အဲ့ဒါ ေမာင္သိရဲ႕လား"

"အင္း
ေမာင္သိပါၿပီ
ဒါေပမယ့္ ေမာင့္ကို ဒီတစ္ခါပဲခြင့္လႊတ္ေပးပါ
ေနာ္
ဒီတစ္ခါေလးပါပဲ"

ကိုကိုက သူ႔ကိူဘာမွျပန္မေျပာ။ သူ႔မ်က္ႏွာကိုပဲ ေတြေတြၾကည့္ၿပီး ကိုကို႔ မ်က္ဝန္းေထာင့္ေတြကေန မ်က္ရည္ေတြပဲ တြင္တြင္စီးက်ေနသည္။ သိကၡာ၊ မာန ႀကီးလြန္းသည့္ ထိုလူသားဟာ ဘယ္ေလာက္ေတာင္ ခံစားေနရလို႔ ရႈိက္သံတစ္ခ်က္မထြက္ပဲ မ်က္ရည္ေတြက်လာေနတာလဲ။ နာက်င္လိုက္တာ ကိုကိုရာ။

"ကိုကို
ေမာင့္ကိုၾကည့္
ေမာင့္မ်က္ႏွာကိုေသခ်ာၾကည့္
မ်က္ရည္ေတြသုတ္လိုက္ေနာ္
ထပ္ မငိုေတာ့နဲ႔ေနာ္"

အမွန္က ကိုကို႔ကို ရင္ခြဲထဲမွာ ေသခ်ာေပြ႕ဖက္ၿပီး ထိုမ်က္ရည္ေတြ သူကိုယ္တိုင္သုတ္ေပးရမွာ။ အခုလို ထိုအခြင့္အေရးမရွိတဲ့ အေနအထားမ်ိဳးမွာ သူက ကိုကိုစိတ္ဆင္းရဲေအာင္လုပ္ခဲ့မိတယ္။ တျဖည္းျဖည္း စိတ္ထိန္းႏိုင္သြားပုံရသည့္ ကိုကိုက မ်က္ရည္ေတြက်မလာေတာ့။ ေနာက္ဆုံးမွာ စိတ္ေလ်ာ့လိုက္သည့္ပုံျဖင့္

"ကိုယ္အရမ္းပင္ပန္းေနၿပီ
အိပ္လို႔လည္းမရဘူး
ဗိုက္ကလည္း ဘာစားစားျပန္အန္တယ္
အဲ့ဒါမင္းေၾကာင့္
အျပစ္လုပ္ေတာ့မင္းကလုပ္ၿပီး ကိုယ္ကဘာလို႔ခံရတာလဲ"
သူကိုကို႔ စကားတို႔နားေထာင္ၿပီးေတာ့ သူ႔ပူတူတူးေလးဆီ ေျပးသြားပလိုက္ခ်င္မိသည္။ အရမ္း သနားဖို႔ေကာင္းတဲ့သူ႔ပူတူတူးေလး။

"ဟုတ္
ကိုကို ေနမေကာင္းတာ ေမာင့္ေၾကာင့္
ကိုကိုစိတ္ဆိုးေအာင္လုပ္မိလို႔
အခု ေမာင္ေခ်ာ့သိပ္မယ္ေနာ္"

"မင္း ကိုယ့္ကို ေခ်ာ့သိပ္ေပးရတာ အျပစ္ဒဏ္ခံရတာမဟုတ္ဘူး
ဟြန္း
ကိုယ့္ကိုေခ်ာ့သိပ္ခြင့္ရတာ မင္းအတြက္ ဆုလာဘ္ မဟုတ္ဘူးလား
ေျပာ"

အေရးထဲ စကားက မွားသြားလိုက္ေသးသည္။ ေသေတာ့မွာပဲ ျပည့္သူရယ္​။

"ဟုတ္ပါတယ္ဗ်ာ
ကိုကို႔ကိုေခ်ာ့သိပ္ခြင့္ရတာ ေမာင့္အတြက္ ဆုလာဘ္ပါ
အဲ့ဒါေၾကာင့္ အဲ့ဆုလာဘ္ေလးကို ေမာင့္ကိုေပးပါေနာ္"

"မသိဘူး
မင္းကို ကိုယ္မေက်နပ္ဘူး
ကိုယ္ေျပာပီးသား
အျပစ္တစ္ခုလုပ္ရင္ ကိုယ္ကေမ့သြားမွာမဟုတ္ဘူးလို႔
မင္းကိုလည္းစိတ္ဆင္းရဲေအာင္ျပန္လုပ္မွာ
ကိုယ့္ကိုအက်င့္ပုပ္တယ္လာမေျပာနဲ႔"

ႏႈတ္ခမ္းေတြ ဆူေထာ္ၿပီး ကေလးတစ္ေယာက္လို မေက်နပ္သလိုေျပာလာသည္။ သူ႔ခ်စ္သူေလး စိတ္ဆိုးတာက သိပ္ခ်စ္ဖို႔ေကာင္းတာမို႔ သူ႔မွာ ခ်စ္လိုက္တာ။

"မေျပာပါဘူး
ကိုကို႔သေဘာအတိုင္းလုပ္ပါ
ဒါေပမယ့္ တစ္ခုပဲ ေတာင္းဆိုပါရေစေနာ္"

"ဘာလဲ"

"ေနာက္ဆို ေမာင့္ကို ဘယ္ေလာက္စိတ္ဆိုးဆိုး မဘေလာ့ပါနဲ႔ေနာ္
ေမာင္တကယ္ေနမရလို႔ပါ"

"ဘာေျပာတယ္
ဒါဆို ေနာက္လည္း ထပ္ၿပီး အခ်ိဳးမေျပတာေတြ လုပ္ဦးမယ္ဆိုတဲ့ သေဘာလား"

"မဟုတ္ပါဘူး ကိုကိုရယ္
ေမာင္က အကယ္၍ ဆိုၿပီးေျပာတာပါ
​ကိုကို စိတ္ဆိုးေအာင္၊ စိတ္ဆင္းရဲေအာင္ ေမာင္ဘယ္ေတာ့မွ မလုပ္မိေအာင္ႀကိဴးစားမွာပါ
ကိုကို႔မ်က္ရည္ကို တစ္ခါျမင္ဖူး႐ုံနဲ႔ ေမာင့္အတြက္လုံေလာက္သြားပါၿပီ"

"အပိုေတြလာေျပာမေနနဲ႔
အာ့လိုေျပာလို႔လည္း မင္းအျပစ္ကို ခြင့္လႊတ္လိုက္မယ္မထင္နဲ႔"

"အင္းပါ
ဟုတ္ပါပီ
ညစာ ဘာစားထားလဲ"

"မစားဘူး
လိေမၼာ္ရည္တစ္ခြက္ပဲေသာက္ထားတယ္"

"ဗိုက္ဆာေနမွာေပါ့
အသီးတစ္ခုခု စားလိုက္ပါဦးလား ကိုကိုရာ"

"ေတာ္ၿပီ မစားခ်င္ေတာ့ဘူး"

"အင္း အင္း
ကိုကို႔သေဘာ"
ကိုကိုႏွင့္ အတိုက္အခံမလုပ္လို၍ အေလ်ာ့ေပးလိုက္သည္။ ကိုကို႔မ်က္ႏွာေလးလည္း တျဖည္းျဖည္း ျပန္ၾကည္လာသည္။ကိုကို႔မ်က္ႏွာေလးျမင္ၿပီး ကိုကို႔အသံေလးၾကားလိုက္ရမွ သူ႔မွာေနသာထိုင္သာရွိေတာ့သည္။ ဒီနတ္သားေလးဟာ သူ႔အတြက္မရွိမျဖစ္မွန္းသိရဲ႕သားနဲ႔ သူဘာလို႔ အာ့လိုလိမ္ဖို႔ေတြးမိခဲ့တာပါလိမ့္။

"ဪ
ေမာင္သြားခဲ့တာ ေနေသာ့္ေကာင္မေလး ေမြးေန႔ပါ
ေမာင္အဲ့ေန႔က ေသာက္႐ုံပဲေသာက္ခဲ့တာ
က်န္တာဘာမွမလုပ္ခဲ့ဘူးေနာ္"
မလုံမလဲရွင္းျပမိသည္။ ဟုတ္တယ္၊ တစ္ခါတည္း အျပတ္ရွင္းထားရမည္။ ကိုကို ထပ္စိတ္ဆိုးမွာမခံႏိုင္ဘူး။

"မင္းက ဘာလုပ္ခ်င္ေသးလို႔လဲ"

"မဟုတ္ပါဘူး ကိုကိုရဲ႕
ေမာင္ရွင္းျပတာပါ"

"ဟြန္း
ဒါေနာက္ဆုံးအႀကိမ္ျဖစ္ပါေစ
ကိုျပည့္သူ
ေနာက္ၿပီး ပထမ အဆင့္ျပစ္ဒဏ္အေနနဲ႔  ေနာက္ ၂လတိတိ လုံးဝမေသာက္ရဘူး
ဒါပဲ"
"ဟုတ္ မေသာက္ပါဘူးခင္ဗ်
ကိုကို႔အမိန႔္အတိုင္းပါ"

"မင္းေနာ္
ကိုယ္ ျပန္ခြင့္လႊတ္ေပးခ်င္လြန္းလို႔မထင္နဲ႔"
"မထင္ပါဘူး
ကိုယ့္ခ်စ္သူစိတ္ႀကီးတာသိပါတယ္"
"ဒါပဲ
အိပ္ေတာ့မယ္"
"ဟုတ္
ေမာင္ဂစ္တာတီးၿပီး ဆိုျပမယ္ေနာ္"

"အင္း"
သူဖုန္းကိုေရွ႕ခ်လိုက္ၿပီးေတာ့ ဂစ္တာယူလိုက္သည္။
ေဆာင္းဦးလႈိင္ရဲ႕ အစားထိုးမရတဲ့သူ သီခ်င္းကို စတီးလိုက္သည္။
🎵🎵မင္းမရွိရင္ ဒီဘဝဟာ
လမ္းေပ်ာက္ၿပီး အေမွာင္ထဲမွာ
အသက္မဲ့တဲ့ စကၠန႔္မ်ားေအးစက္သြား
မေနခ်င္ဘူး အခ်စ္ေလးရာ
ခြင့္ျပဳရင္ ဒီအရိပ္မွာ
ကိုယ့္တစ္သက္တာ ေနမလို႔ပါ
ဆုံးရႈံးဖို႔ကို ဘယ္လိုမွမေတြးရဲဘူး
မင္းေလးနားလည္မလား

ဘဝရဲ႕ဒဏ္ရာေတြကို ေျဖသာေစတဲ့သူ
ဒုကၡမီးလ်ံေတြကို ကယ္တင္ေဝမွ်ယူ
ေဝးသြားမွ
အခ်ိန္ရွိတိုင္းရခဲ့တဲ့ ေနာင္တေတြ
အစားထိုးမရသူေလး🎶🎶🎶
ထိုတစ္ပုဒ္ ၿပီးေတာ့ ေဆာင္းဦးလႈိင္သီခ်င္းထဲက ေနာက္တစ္ပုဒ္ထပ္ဆိုျပလိုက္သည္။ ဒီတစ္ခါေတာ့ တစ္ဘဝလုံးခ်စ္မယ့္သူ ကိူဆိုျပလိုက္သည္။

🎶စိတ္အလိုကိုေလမလိုက္ရဲဘူး
တစ္ဘဝလုံးခ်စ္မယ့္သူ
တစ္ေယာက္ကိုပဲ ထာဝရၾကင္နာခ်င္သူ🎵
ထိုအပိုဒ္ေလးကို တကယ္စိတ္ႏွစ္ၿပီး ဆိုျပမိသည္။ သူ႔ခ်စ္သူ ပူတူတူးေလးကေတာ့ အရင္ရက္ေတြက အိပ္ပ်က္ထားတာေတြေရာ၊ စိတ္ပင္ပန္းထားတာေတြေၾကာင့္ေရာ ခဏေလးနဲ႔ အိပ္ေပ်ာ္သြားသည္။ အျပစ္ကင္းစင္စြာအိပ္ေနတဲ့ ကိုကို႔ မ်က္ႏွာေလးကို ေငးၾကည့္မိၿပီး
နဖူးေလးကိုရည္ၫႊန္းၿပီး နမ္းလိုက္သည္။
"Good night ပါ ကိုကို
အိပ္မက္လွလွမက္ပါေစ"
စိတ္ခ်ပါကိုကို၊ အမွားဆိုတာ ထပ္မရွိလာႏိုင္ေတာ့တာေၾကာင့္ ဒီတစ္ခါပဲ ကိုကို႔ကို စိတ္ဆင္းရဲခြင့္ျပဳမွာပါ။ ေမာင္က ကိုကို႔ကို သိပ္ခ်စ္တာမို႔.....

Ownlish note-ကိုယ္တိုင္ကလည္း ၾကာၾကာစိတ္မေကာက္ဖူးေတာ့ ဒီေလာက္ပဲ စိတ္ဆိုးတတ္တယ္🥺
ေပါ့သြားရင္ အားနာမိပါတယ္ေနာ္၊ ခ်စ္တယ္ေနာ္😘

Continue Reading

You'll Also Like

291K 10.5K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
225K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.7M 70.2K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
11.1K 455 26
Hello everyone,🍁 ဒီ fictionလေးကအေးအေးငြိမ့်ငြိမ့်လေးနဲ့ ရေးသွားဖို့ရှိပါတယ်... မုန်တိုင်းနည်းပါမယ်... ကျေးလက်ရဲ့သဘာ၀အငွေ့သက်တွေပါမယ်... သာမန်မဟုတ်တဲ...