NOSTALGIA [Completed]

By No_Reason2110

362K 44.6K 4K

Nostalgia ဆိုတာ အတိတ်ကို တမ်းတလွမ်းဆွတ်ခြင်းတဲ့ ~! ပြန့်ကြဲနေတဲ့ အတွေးတွေကို ပုံဖော်ထားတာမို့ စိတ်ဝင်စားစရာ က... More

- 1 -
- 2 -
- 3 -
- 4 -
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
- 15 -
- 16 -
- 17 -
- 19 -
- 20 -
- 21 -
- 22 -
- 23 -
- 24 -
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
- 31 -
- 32 -
- 33 -
- 34 -
- 35 -
- 36 -
- 37 -
- 38 -
- 39 -
- FINAL -
NOSTALGIA

- 18 -

6.5K 961 92
By No_Reason2110

နဂိုအအေးမခံနိုင်တဲ့သူဖြစ်တဲ့ ဘတ်ဟျွန်းက အဲ့ဒီနေ့ကမိုးကြောင့် လွယ်လွယ်လေးပဲ အအေးမိပြီး ဖျားခဲ့တယ်။ ကုမ္ပဏီနဲ့ဆေးရုံ နှစ်နေရာကြား ဗျာများနေတဲ့ ချန်းယောလ်ကို သက်သက်စိတ်ပူမှာစိုးလို့ မပြောဖြစ်ခဲ့တဲ့အပြင် ကျောင်းမလာလို့ ဖုန်းဆက်မေးကြတဲ့ ဂျုံအင်နဲ့ဆယ်ဟွန်းကိုပါ ခရီးသွားနေတာမို့ မလာနိုင်ဘူးလို့တောင် လိမ်ခဲ့မိသေးတယ်။ ချန်းယောလ်ကတော့ ထုံစံအတိုင်း သူလာကြိုဖြစ်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ အမြဲကြိုပြောနေကျအတိုင်း ပြောမြဲဆိုတော့ မလာနိုင်တဲ့ရက်တွေများလေ နေမကောင်းတာလည်း သူမသိနိုင်လေဘဲမို့ မလာနိုင်ပါစေနဲ့လို့တောင် ဘတ်ဟျွန်းက ကြိတ်တွေးနေသေးတာ။

အတွေးတိမ်သွားတာတစ်ခုက ချန်းယောလ်ကိုတော့ သူနဲ့အလိုက်သင့်ပြောထားပြီး ဂျုံအင်တို့ကိုပြောထားသလို ခရီးထွက်နေတယ်လို့ မပြောမိထားခြင်းပင်။ ခေါင်းမထောင်နိုင်အောင်ဖြစ်နေတော့ 'အင်း .. အဲ' အပြင် ဘာမှထပ်မပြောနိုင်တာကြောင့်လည်း ပါလိမ့်မယ်။

ချန်းယောလ်က 'ကျောင်းပြန်တက်မယ်။ လာခေါ်မယ်' ဆိုတဲ့ နေ့ရောက်တော့ ထုံးစံအတိုင်း ကျောင်းသွားမယ် ထလုပ်တယ်။ ကျောင်းကိုမလွှတ်ချင်သေးတဲ့ ဘတ်ဟျွန်းရဲ့မေမေက ခေါင်းမာနေတဲ့ သူ့သားကို မနိုင်တော့တာနဲ့ ချန်းယောလ်ကိုပဲ တိုင်ရတော့တယ်။ ဖုန်းဆက်ပြီးပြီးချင်း ၁၅ မိနစ်အတွင်း အိမ်ရောက်လာလို့ သားအမိနှစ်ယောက် လန့်သွားရသေး..။

" ချန်းယောလ်လီရေ .. မင်းရဲ့ဘတ်ဟျွန်းနီကိုတော့ အန်တီ မနိုင်တော့ဘူး "

ထမင်းစားခန်းထဲမှာ ဆန်ပြုတ်တစ်ခွက်ရှေ့ကိုချပြီး ကျောင်းသွားဖို့ ဝတ်စုံပြည့်နဲ့ထိုင်နေတဲ့ အချစ်ကလေးရယ်နဲ့ ဘေးမှာ သူ့သားသူ မနိုင်သလိုကြည့်နေတဲ့ အမေဖြစ်သူရယ်ကို တွေ့လိုက်ရတယ်။

ဘတ်ဟျွန်းကတော့ နေမကောင်းတာကို မပြောဘဲ လိမ်ထားတာမို့ ချန်းယောလ်ဆီမှာ ကောင်းကောင်းကြီးအဆူခံရတော့မှာကို သိသလို မျက်နှာငယ်လေးနဲ့..။

" ဖျားနေတုန်းလား၊ နေမကောင်းရင် အိမ်မှာပဲ နားရမှာပေါ့။ ဘတ်ဟျွန်းနီက ခေါင်းမမာရဘူးလေ "

ပြောပြောဆိုဆို နဖူးလေးကိုလှမ်းစမ်းတော့ ခပ်ငွေ့ငွေ့နွေးနေဆဲ..။ ခုတလော ရာသီဥတုမမှန်တာနဲ့ဆို ဒီတိုင်းအပြင်ထွက်ရင် ထပ်ဖျားဦးမှာ အသေအချာ။

" ဖျားတာကြာပြီလား အန်တီ
သူကျွန်တော့်ကို မပြောဘူး။ အခုမှ သိရတာ "

ဝတ်ထားတဲ့ Hoodie ခေါင်းစွပ်လေးကို ခေါင်းပေါ်ဆွဲတင်ပေးလိုက်ရင်းပြောတော့ အန်တီက သူ့သားအကြောင်း သူသိသလိုနဲ့ သက်ပြင်းချရင်း ခေါင်းညိတ်တယ်။

" ဟိုနေ့က မိုးမိလာတာလေ။ စဖျားကတည်းက ဆေးခန်းပြပြီး ဆေးတိုက်ထားပေမယ့် ငွေ့ငွေ့ကျန်နေသေးလို့ မသွားစေချင်တာကို ဒီမနက် အတင်းသွားမယ်လုပ်နေလို့ "

" စိတ်ချအန်တီ သူမသွားရဘူး
ကျွန်တော်လည်း မသွားတော့ဘူး "

" ချန်းယောလ်လီ .... "

စောဒကတက်ချင်လို့ မျက်လုံးလေးဝင့်ပြီး ကြည့်လာပေမယ့် ခပ်စူးစူး တစ်ချက်ကြည့်ပေးလိုက်တော့ မျက်နှာလေးငယ်ပြီး ငြိမ်သက်သွားရှာတယ်။   

" အန်တီ သွားစရာရှိရင်သွားနော်။ ကျွန်တော် ဒီနေ့တနေကုန် သူ့ကိုစောင့်ပေးလိုက်မယ် "

" အဲ့လိုပဲလုပ်ရမယ် ချန်းယောလ်ရေ..။ အန်တီလည်း ဆိုင်မသွားရတာ ၃ ရက်ရှိပြီ။ စိတ်ချခဲ့မယ်နော် "

" ဟုတ်ကဲ့ "

" ဟျွန်းနီ .. ချန်းယောလ်ကို နိုင်တယ်ဆိုတိုင်း ဂျစ်မတိုက်နဲ့။ ချန်းယောလ်လီကလည်း ဒီကောင်လေးကို အလိုမလိုက်နဲ့နော်။ နှစ်ယောက်ပေါင်းပြီးတော့လည်း လောင်းမကျော်နဲ့။ စိတ်ချခဲ့မယ် "

နေမကောင်းရင် ချွဲပြီး ဂျစ်တူးကျတတ်တဲ့ ကိုယ့်သားအကြောင်း ကိုယ်သိသလို သားကိုဆို ငုံထားမတတ် သည်းသည်းလှုပ်တဲ့ ချန်းယောလ်အကြောင်းကိုလည်း သိပြီးသားမို့ စိတ်လည်း လုံးဝမချရဲ။ ဒီကောင်လေးချွဲရင် ဘယ်သူခံနိုင်တာမှတ်လို့..။

ကျောင်းမသွားဖို့ အမေပြောတာတောင်မရတဲ့ အဆိုးအပေလေးက သူ့ကောင်လေး မျက်နှာတည်နေတာတွေ့တာနဲ့ ဘာမှမပြောရဲသလို ငြိမ်ငြိမ်လေးနေနေပြန်ရဲ့..။ တတ်လည်း တတ်နိုင်တယ်။

ဒီနှစ်ယောက်ကို ခွဲလို့လည်း ရတော့မယ်မထင်ပါဘူး။
တခြားလူမဟုတ်ဘဲ ပတ်ချန်းယောလ်ဆိုတဲ့ ကလေးပဲလေ။




         
အန်တီထွက်သွားတဲ့အထိ သောက်နေတဲ့ ဆန်ပြုတ်က တစ်ဝက်မကျိုးသေးတာမို့ သူ့ဘေးမှာပဲ ဝင်ထိုင်တော့ မျက်နှာငယ်လေးနဲ့ လိုက်ကြည့်တယ်။ အဖျားသွေးရှိနေတော့ မျက်နှာလေးက နီစပ်စပ်..။

" ဒါလေး ကုန်အောင်သောက်ပြီး ဆေးသောက်ရအောင် "

" မောင် ... "

" ဘာလဲ အသက်ရဲ့ .. သောက်မယ်လေ "

ဇွန်းနဲ့ခပ်လို့ ကိုယ်တိုင်ကိုယ်ကျတိုက်တော့ မျက်နှာကိုပဲ လိုက်ကြည့်ရင်း သောက်ပါရဲ့။ တည်နေတဲ့ ကိုယ့်မျက်နှာကြောင့်ရယ်လား မသိ၊ ဘာမှတော့ မပြောရှာဘူး။ 

သောက်ဖို့ဆေးတွေကို လက်ဖဝါးလေးထဲ ထည့်ပေးပြီး ရေခွက်ပါ အဆင်သင့်ကမ်းပေးတော့လည်း မငြီးဘဲသောက်ရှာတယ်။

" မောင် ငါ့ကို စိတ်ဆိုးနေတာလား ..? "

ဘာမှမပြောဘဲ စားပွဲပေါ်တင်ထားတဲ့ သူ့စာအုပ်တွေရယ်၊ သူ့ကျောပိုးအိတ်ရယ်ကို ယူပြီး လက်ကလေးကိုဆွဲလို့ အပေါ်ထပ်က သူ့အခန်းထဲခေါ်လာတဲ့အထိ ဘာမှထပ်မပြောလာဘူး။

" မောင် ငါ့ကို စိတ်ဆိုးနေတာလားလို့ ...!!? "

" အရမ်းကြီး နေမကောင်းတာမျိုး မဟုတ်လို့ မောင်စိတ်မပူစေချင်လို့ မပြောတာပါ "

" အခုလည်း နေကောင်းပါတယ် "

" ငါ့ကို ဒီလိုကြီး မဆက်ဆံပါနဲ့ ... အီးးးး .. အင့် .. "

ဒီတိုင်းလေး သူနေမကောင်းတာတောင် မသိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုလို့ မျက်နှာကြောက ပြင်မရဖြစ်နေတာကို သူ့ကို စိတ်ဆိုးနေတယ်ထင်ပြီး မျက်နှာလေးကို လက်ဖဝါးလေးနဲ့အုပ်လို့ ငိုပါလေရောလား..။

" မငိုနဲ့လေ အသက်ရဲ့ .. ခေါင်းတွေကိုက်ပြီး ပြန်ဖျားလိမ့်မယ်။ မောင် အသက်ကို စိတ်မဆိုးပါဘူး။ နေမကောင်းတဲ့ကလေးကို ဘာလို့ စိတ်ဆိုးရမှာလဲ "

ကုတင်ပေါ်ကို ဆွဲထိုင်ခိုင်းပြီး သူ့ဘေးမှာ ဝင်ထိုင်တဲ့အထိ အရှိုက်ရယ်မပြေ။

" အဲ့ဒါဆို ဘာလို့ ငါ့ကိုစကားမပြောတာလဲ "

" မပြောဘဲနေလို့လား .. ကျောင်းမသွားရဘူးလည်း ပြောတယ်။ ခေါင်းမမာရဘူးလည်း ပြောတယ်။ ဆေးသောက်ရမယ်လည်း ပြောတယ်လေ "

" အဲ့ဒါဆို မျက်နှာကြောကြီး တင်းနေတာကရော ..? "

" အသက်ဖျားနေတာ ၃ ရက်လောက်ရှိပြီကို မောင်က ခုမှသိရတယ်လေ။ ကိုယ့်ချစ်သူတစ်ယောက်လုံး ဖျားနေတာကိုတောင် မသိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးလို့ တည်နေမိတာပါ။ အသက်ကို စိတ်မဆိုးရပါဘူး။ မငိုနဲ့ .. တိတ် .. တိတ် "

မျက်ရည်စလေးတွေကို သုတ်ပေးတဲ့အထိကိုပဲ သူ့ခမျာ ဝမ်းနည်းလို့ မပြီးနိုင်ဘူး။ နေမကောင်းတော့ အားငယ်နေတဲ့အပြင် ကိုယ်ကပါ မျက်နှာကြီးတည်နေတော့ ဝမ်းနည်းသွားတယ် ထင်ပါရဲ့။

" ငါက တမင်မပြောတာ မဟုတ်ပါဘူး .. "

" အသက် ဘာလို့မပြောလဲ မောင်သိတယ်။ အဲ့လို မောင့်အတွက် စဥ်းစားပေးလို့ ကျေးဇူးလည်းတင်တယ်။ ဒါပေမဲ့ မောင်က အသက်ရဲ့ချစ်သူလေ..။ အသက်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးကို မောင်သိခွင့်ရှိတယ် မဟုတ်ဘူးလား..။မောင့်ကို တခြားသူလိုသဘောမထားဘဲ ဒီထက်ပြီး ပိုပွင့်လင်းပေးပါ အသက်ရဲ့။ မောင်တို့က အမြဲအတူရှိသွားမယ့် သူတွေလေ "

" ပြီးတော့ ... အခု မောင် အသက်ကို ဆူနေတာမဟုတ်ဘူးနော် .. "

လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်ရင်းပြောတော့ ခေါင်းလေးညိတ်ပါရဲ့။ နဖူးလေးကို ထပ်စမ်းတော့ ခပ်နွေးနွေး ရှိနေဆဲ။

" လာ .. တစ်ရေးလောက် အိပ်လိုက်ဦး "

လှဲအိပ်စေပြီး စောင်လေးခြုံပေးတဲ့အထိ ကိုယ့်အပြုအမူတွေကိုပဲ တစိုက်မတ်မတ်လိုက်ငေးနေတယ်။

" မောင်ကရော .. "

" မောင်လည်း အသက်ဘေးမှာ အိပ်မှာ "

သူ့စောင်အောက်ထဲ ကိုယ်ပါဝင်လှဲလိုက်ရင်း လက်မောင်းကို ခေါင်းအုံးစေတော့ ကိုယ့်မျက်နှာကို မော့ကြည့်လာတယ်။

" မောင့်ကို အဖျားကူးရင် ဘယ်လိုလုပ်မလဲ ..? "

" အဲ့ကျတော့လည်း အတွဲလိုက်ကြီး အတူတူဖျားကြတာပေါ့ကွာ​။ စကားမများနဲ့တော့ .. အိပ်တော့နော် "

ရင်ခွင်ထဲက ကိုယ်ငွေ့နွေးနွေးနဲ့ နဖူးလေးကို နှုတ်ခမ်းနဲ့ဖိကပ်လိုက်တော့ မျက်လုံးလေးတွေ မှိတ်သွားတော့တယ်။ တငွေ့ငွေ့နွေးနေတဲ့ ကိုယ်လုံးလေးကိုပဲ မချင့်မရဲတင်းဖက်ရင်း ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိတာ ဘယ်နှခါမှန်းမသိ။

အဲ့ဒီနေ့က မိုးရွာလာတာကို သိသိကြီးနဲ့၊ ဒီကောင်လေးမှာ ထီးမပါတာကို သိသိကြီးနဲ့ တစ်ယောက်တည်း ပြန်လွှတ်လိုက်မိတာ။

ဒီကြားထဲ ၃ ရက်လောက် နေမကောင်းဖြစ်နေတာ၊ ကိုယ့်ကောင်လေးတစ်ယောက်လုံး မူမမှန်ဖြစ်နေတာတောင် မသိဘဲ အချိန်မှန် စာပို့၊ ဖုန်းဆက်ရုံနဲ့ ဂရုစိုက်ပေးနိုင်လှပြီ ထင်နေတာ။ ဒီကောင်လေး အသံမမှန်တာအထိ သတိမထားမိရအောင်ကိုပဲ သတိလက်လွတ်ရှိနေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်မကျေနပ်။

မောင့်အပြစ်တွေပါ အသက်ရယ်..။ ဘယ်လိုစိတ်မျိုးနဲ့များ အသက်ကို တစ်ယောက်တည်း ပြန်လွှတ်လိုက်မိလဲ တွေးလို့မရနိုင်ဘူး။

အဲ့ဒီနေ့က မိုးတွေသည်းနေတဲ့အချိန် ကိုယ်ကတော့ ကားပေါ်မှာ။ ချစ်ရတဲ့ကောင်လေးကတော့ မိုးသည်းထဲမှာ တစ်ယောက်တည်း စက်ဘီးတစ်စီးနဲ့..။

ဖျားနေတာတောင် သူ့အတွက်စိတ်ပူမှာစိုးလို့ ထုတ်မပြောနိုင်တဲ့ ကောင်လေး၊ ကိုယ်သိသွားသည့်တိုင် အဆူခံရမှာစိုးလို့ မျက်နှာငယ်လေးနဲ့ ကိုယ့်မျက်နှာကိုပဲ လိုက်ကြည့်နေတဲ့ ကောင်လေး၊ သူ့ကို စိတ်ဆိုးနေတယ်ထင်လို့ နေမကောင်းတာတောင် ဝမ်းပမ်းတနည်း ငိုတဲ့ကောင်လေး..။

မောင့်အသက်လေးကို သနားအားနာလို့ ဘယ်လိုလုပ်ပေးရမလဲ..။

စီးကျလာတဲ့ မျက်ရည်စတွေကို ခေါင်းမော့ရှင်းထုတ်ရင်း ရင်ခွင်ထဲက ကိုယ်လုံးနွေးနွေးလေးကိုပဲ တိုးပြီး ဖက်ထားလိုက်တော့တယ်။

အသက်ရှူသံတိုးတိုးလေးပေးလို့ အိပ်မောကျနေတဲ့ ကောင်ငယ်လေးက အပြစ်ကင်းစင်စွာပဲ။ မောင့်မှာတော့ ကိုယ်တိုင်သတ်မှတ်တဲ့ အပြစ်တွေ တပုံတပင်နဲ့။

မောင့်အတွက် ဒီလောက်အထိ အချစ်တွေအပြင် နားလည်ဂရုစိုက်ခြင်းတွေ တစ်ပုံတစ်ပင် ပေးထားလို့ မောင့်မှာ အသက်ကို ပိုပြီး မြတ်နိုးတန်ဖိုးထားရတယ်။

သိပ်ချစ်ရတဲ့ မောင့်သည်းညှာလေးရယ် ..
မြန်မြန်နေကောင်းပါတော့..။




*****


         
အပတ်တိုင်းဆုံနေကျ အိမ်က လေတိုက်တဲ့အပြင် ကြမ်းပြင်အေးအေးပေါ် ဖိနပ်မစီးဘဲ လျှောက်သွားနေတတ်တဲ့ ဘတ်ဟျွန်းကြောင့် နေမကောင်းပြီးနောက်ပိုင်း ချန်းယောလ်က နှစ်ပတ်လောက် သူ့ကို အလာမခံဘူး။ နေကောင်းသွားသည့်တိုင် သူ့အဖေတက်နေတဲ့ ဆေးရုံအထိဆွဲခေါ်သွားပြီး Medical checkup လုပ်နေသေးတာမို့ အခုထိ ဘတ်ဟျွန်းက နှုတ်ခမ်းတစူစူဖြစ်နေဆဲ။

" ကလေးလည်းမဟုတ်ဘဲ ဂျီကျမနေနဲ့နော် ဘတ်ဟျွန်းနီး .. "

" ရိုးရိုးဖျားတာကို တော်ရုံလုပ်ပါကွာ "

" အပိုတွေမပြောနဲ့ .. ဟိုမှာနာမည်ခေါ်နေပြီ။ လာ .. "

ဆေးစစ်ချက်အဖြေအရ ဘာရောဂါမှ ရှာမတွေ့ဘူးဆိုမှပဲ ပတ်ချန်းယောလ်တို့ သက်ပြင်းချနိုင်တော့တယ်။ ဒါပေမဲ့ အိမ်တန်းမပြန်ဖြစ်သေးဘဲ သူ့အဖေဆီ သွားဦးမယ်ဆိုတာမို့ ဘတ်ဟျွန်းပါ ဥက္ကဋ္ဌကြီးအခန်းထဲ လိုက်သွားရပြန်တယ်။

'သတိရလာပေမယ့် ရောဂါအခံကြောင့် ပြန်သက်သာဖို့ခက်ခဲမယ်' ဆိုတဲ့ ဥက္ကဋ္ဌကြီးက ကုတင်ပေါ်မှာ သတိရှိနေတယ်ဆိုတဲ့ အနေအထားရယ်သာ။ ဘတ်ဟျွန်းလည်း အရင်ရက်တွေက ချန်းယောလ်နဲ့အတူ ရံဖန်ရံခါလိုက်လာနေကျမို့ အရင်လို နေရခက်နေတာမျိုး မရှိတော့ဘူး။

ချန်းယောလ်က ရောက်နေတဲ့အကြောင်းနှုတ်ဆက်တော့ ဥက္ကဋ္ဌကြီးက သူသိကြောင်း လက်ကလေးလှုပ်လို့ဖော်ပြတယ်။

" ဖေဖေ စိတ်ချလက်ချ နားနေနော်။ ကျွန်တော့်ဘေးမှာ လူကောင်းတွေ အများကြီးရှိတယ်။ ပြီးတော့ ကျွန်တော်လည်း ကောင်းကောင်းလုပ်နိုင်နေတာမို့ .. "

ဆေးရုံကိုလာတိုင်း ချန်းယောလ်ရဲ့မျက်နှာ ဘယ်တော့မှ မကောင်းတတ်တာကို ဘတ်ဟျွန်းသိပြီးသားမို့ ဘေးမှာပဲ ဘာစကားမှမဆိုဘဲ အလိုက်တသိနေပေးဖြစ်တယ်။  

ဒီနေ့တော့ ပိတ်ရက်ပေမယ့် စနေနေ့မို့ ချန်းယောလ်က ရုံးတက်ရတယ်။ ဂျုံဒယ်က သွားစရာရှိလို့ဆိုပြီး လာခေါ်တာမို့ အတူလိုက်ပေးဖြစ်ပြီး ချန်းယောလ်နဲ့အတူ အိမ်ပြန်မယ်ဆိုတဲ့ အတွေးနဲ့ သူ့ကိစ္စပြီးတော့ လမ်းခွဲလို့ ချန်းယောလ်ရဲ့ကုမ္ပဏီဘက်ကို ထွက်လာခဲ့လိုက်တယ်။ အံ့သြပါစေတော့ဆိုတဲ့ စိတ်နဲ့ ဖုန်းလည်း ကြိုမဆက်ဖြစ်ခဲ့ဘူး။

ကုမ္ပဏီရှေ့မရောက်ခင် ပလတ်ဖောင်းဘေးမှာပဲ ကားရပ်ပြီး ကားထဲမှာပဲ စောင့်နေရင်း လှမ်းမျှော်ကြည့်တော့ ရုံးဆင်းချိန်မို့ ဝန်ထမ်းတွေတဖွဲဖွဲ အဆောက်အအုံထဲက ထွက်လာကြပြီ။ မကြာခင် ကိုယ့်ကိုမြင်ပြီး အံ့သြသွားမယ့် ချစ်သူကိုကြိုတွေးပြီး အလိုလိုပြုံးမိသေးရဲ့..။

မကြာပါဘူး။ ကုမ္ပဏီထဲက ထွက်လာတဲ့ သူ့ကိုမြင်လို့ ကားထဲကထွက်လိုက်ပြီး လမ်းမပေါ် ခြေချလိုက်စဥ်အတွင်းမှာပဲ မောင့်ဘေးမှာ ကပ်ပါလာတဲ့ မင်ယောင်းကို မြင်လိုက်ရတော့ ဆက်လျှောက်မယ့် ခြေလှမ်းတွေ ရပ်တန့်ကုန်တယ်။

မောင်ရယ်လေ .. ပါးချိုင့်တွေ ပေါ်နေတဲ့အထိကို ပြုံးရွှင်နေတာပဲ။ ဘေးက မိန်းကလေးကလည်း အပြုံးတွေနဲ့ တောက်ပနေလိုက်တာ။ မောင် မောင်းနေကျကားရဲ့ ဘေးခုံမှာပဲ ထိုင်စီးသွားတာမို့ အဲ့ဒီနေရာက ကိုယ့်တစ်ယောက်တည်းအတွက် မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ရင်ဘတ်တစ်ခြမ်းက သိသိသာသာ တုန်လှုပ်လာတယ်။

မျက်စိရှေ့ကကားလေး မောင်းထွက်သွားတဲ့အထိ ရပ်နေရာကနေ မရွေ့နိုင်သေးတဲ့ အချိန်မှာပဲ ...   

" ဘတ်ဟျွန်း ...?? "

မောင့်အတွင်းရေးမှူး အစ်ကိုဂျယ်ဟွန်းပဲ ..

" တူပါတယ်ထင်လို့ ကြည့်နေတာ
ကြိုမပြောထားဘူးလား မန်နေဂျင်းကို .. "

" အံ့သြသွားအောင်လို့ ဒီတိုင်းလာလိုက်တာ
လွဲကုန်ပြီထင်တယ် .. အဟီး ... "

ရယ်ပြလာတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေက အသက်တော့ သိပ်မပါလှ။

" အစ်ကိုဂျယ်ဟွန်း .. ကျွန်တော်ဒီနေ့ ဒီရောက်လာတယ်ဆိုတာ သူ့ကို မပြောပါနဲ့နော် "

" တွေ့လိုက်တာလား "

" ကျွန်တော့်ကြောင့် သူအပြစ်ရှိသလို မဖြစ်စေချင်လို့။ ကျွန်တော့်ကို ဒါလေးတော့ ကူညီနော် "

" ကောင်းပါပြီ "

" ကျေးဇူးနော် အစ်ကို .. နောက်မှတွေ့မယ် "

ပြောပြောဆိုဆို ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့ပေမယ့် စိတ်တွေက သိပ်တော့အေးချမ်းမနေပါ။

ဆရာဝန်မိန်းကလေးက ကုမ္ပဏီမှာ..။ ခေါင်းကို ယမ်းထုတ်လိုက်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တဲ့အထိ အဆင်ပြေလှတယ်မဟုတ်။

ကျောင်းတက်နေတဲ့တလျှောက် မောင့်အနားကိုရော ကိုယ့်အနားကိုပါ ကပ်လာတဲ့ မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ ရှိခဲ့ပေမယ့် ကြီးကြီးကျယ်ကျယ် သဝန်တိုတာမျိုး၊ ရန်ဖြစ်တာမျိုးတောင် မရှိဘဲ နှစ်ယောက်သား ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ခဲ့တာ။

ဒီတစ်ခါ ဘာကမှားနေလဲ ကိုယ်တိုင်မသိပေမယ့် ခံစားချက်က သိပ်မကောင်းလှပါ။ မောင့်အပေါ် အမြဲတမ်း နားလည်ယုံကြည်မှုတွေ ပေးထားခဲ့တာ ဒီနေ့ဒီအချိန်အထိ..။

အခုလည်း မောင့်ကို မယုံကြည်တာ မဟုတ်ပါဘဲနဲ့။ သဝန်တိုတယ်လို့လည်း ခေါင်းစဥ်တပ်မရ။
ရင်ထဲမှာလည်း အစိုင်အခဲတစ်ခု အမြစ်တွယ်နေသလိုမျိုး..။




---- NOSTALGIA ----



         
ကျောင်းတက်ရက်တွေက ပုံမှန်အတိုင်း ပြန်ရောက်လာခဲ့ပေမယ့် နောက်ဆုံးနှစ်ကျောင်းသားတွေမို့ စာသင်ချိန်တွေအစား survey ဆင်းဖို့တွေ၊ internship ဆင်းဖို့တွေအတွက် အလုပ်တွေရှုပ်လာကြတယ်။ အသင်းအဖွဲ့နဲ့လုပ်ရမှာမို့ ဆရာဆရာမတွေက Team work စိတ်ဓါတ်ရအောင်ဆိုပြီး ခရီးတိုလေးတစ်ခု စီစဥ်ပေးတာမို့လို့ ကျောင်းသား/သူတွေကတော့ စာမလုပ်ရသေးခင် ပျော်ရွှင်တက်ကြွနေလေရဲ့။

" ချန်း excursion လိုက်မှာလား "

" ဘတ်ဟျွန်းနီကရော ... "

" ချန်း လိုက်လို့ရမယ်ဆိုရင်တော့ လိုက်မယ်လေ။ ချန်း မပါရင်တော့ လိုက်သွားလည်း ငါတစ်ယောက်တည်း ဖြစ်နေမယ့်အတူတူ မလိုက်တော့ဘူးလားလို့ "

" အေး .. ငါတို့က လူမဟုတ်ဘူး "

" နတ်သားတမျှ ချောမောနေတော့ မမြင်ရတော့ဘူးလေ "

ကျောင်းဝင်းထဲမှာပဲ ၄ ယောက် အတူတူထိုင်နေတုန်း ခရီးသွားမယ့်ကိစ္စ ဆွေးနွေးမိကြတော့ ဆယ်ဟျွန်းနဲ့ဂျုံအင်က တစ်ယောက်တစ်ခွန်း ဝင်ဖောက်တယ်။ 

" အလကား အပိုတွေ။ ချန်းယောလ် မင်းမရှိလည်း ငါတို့ ၃ ယောက်က အတွဲလိုက်ကြီးပဲ။ မင်းဘာသာ လိုက်လိုက်၊ မလိုက်လိုက်။ ဘတ်ဟျွန်း .. မင်းလိုက်ဖြစ်အောင်လိုက်ခဲ့ "

" ဟုတ်တယ် .. ဒီလိုအခွင့်အရေးက တက္ကသိုလ်ကျောင်းသားဘဝမှာပဲ ရတာ။ အမှတ်တရက ပြန်ဝယ်လို့မရဘူး "

ဂျုံအင်နဲ့ဆယ်ဟွန်းတို့နှစ်ယောက်ကြား ဘတ်ဟျွန်းကတော့ ခေါင်တညိတ်ညိတ်နဲ့ ပြုံးနေတယ်။

" လိုက်မယ်ကွာ .. လိုက်မယ် "

" အဲ့ဒါဆို ငါလည်းလိုက်မယ် "

ချန်းယောလ်ကပါ လိုက်မယ်ပြောမှ လေးယောက်အတူတူ ပြုံးနိုင်တော့တယ်။ အသက်တွေက ကြီးလာနေပေမယ့် သူတို့ ၄ ယောက်ကတော့ အခုထိ အဖော်မင်လို့ ကောင်းကြတုန်းပဲ။

" ဟိုမှာ ယူဟီးမလား .. "

အအေးမော့သောက်နေရာကနေ မျက်လုံးထဲဝင်လာတာက ယူဟီးရယ်နဲ့ သူ့ဘေးက လိုက်စကားပြောနေပုံရတဲ့ ကောင်လေး ၃ ယောက်။ ယူဟီးကိုကြည့်ရတာ စိတ်ရှုပ်နေပုံပေါက်နေတာမို့ ဘတ်ဟျွန်းထိုင်ရာက ထသွားတော့တယ်။

" ယူဟီး .. "

" ကိုကိုဘတ်ဟျွန်းနီး ... "

အနားကိုရောက်သွားပြီး လှမ်းခေါ်တော့ အားကိုးရသွားသလို ဘတ်ဟျွန်းဘေး ပြေးကပ်လာတယ်။  

" ဘာဖြစ်နေတာလဲ "

" ဒီမှာ စကားလိုက်ပြောနေလို့ .. "

ကောင်လေးတွေကို ကြည့်တော့ မချေမငံ ရုပ်လေးတွေနဲ့။

" ဒီက ညီတို့ .. ကိုယ့်ကျောင်းသားအချင်းချင်းကို အနှောင့်အယှက်ပေးတာ မကောင်းဘူးထင်တယ် "

" လူပျိုက အပျိုကို စကားပြောတာ ဘယ်နေရာက မကောင်းတာလဲဗျ "

" ကာယကံရှင်က ကျေနပ်ရင်တော့ မပြောတတ်ပေမယ့် အခု ကိုယ့်ညီမကို ကြည့်ရတာ သဘောကျပုံမပေါ်ဘူးလေ " 

" အခုသဘောမကျလည်း နောက်တော့ကျလာမှာပါဗျ။ ဒီကအစ်ကိုပဲ ကိုယ့်လမ်းကိုယ် သွားလိုက်ပါနော် " 

ဒီကောင်လေးတွေက ခေတော့ မခေ။ သူ့အစ်ကိုဒေါသအိုးတွေ မလာခင် အေးအေးဆေးဆေး ဖြစ်စေချင်လို့ စကားလေးနဲ့ ရှင်းပေးနေတာကို ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့ အကြောတင်းလေးတွေ။

" မင်းတို့ပုံစံက ငါ့ညီမအကြိုက်ပုံမဟုတ်လို့ ပြောနေတာကွ "

အသံလာရာကို ကြည့်လိုက်တော့ သူတို့ ၃ ကောင်ရဲ့ နောက်မှာရပ်နေတဲ့ မျက်နှာတည်နဲ့ လန်ဘား ၃ ယောက်ကို တွေ့လိုက်ရတယ်။ အရပ်အမောင်းနဲ့ ရုပ်တည်ကြီးတွေကို ကြည့်ပြီး ကောင်လေးတွေက နည်းနည်းတော့ ရွံ့သွားပေမယ့် ဟန်ကိုယ့်ဖို့လုပ်ဆဲ။

" အစ်ကိုတို့ကရော သူရဲကောင်းဝင်လုပ်တာပဲလား "

" ငါ့ကို မြင်ဖူးလား .. သေချာကြည့် "

ချန်းယောလ်က ရှေ့တိုးပြီးပြောတော့ ကောင်လေးတစ်ယောက်က စဥ်းစားသလိုလုပ်တယ်။ ပြီးတော့ ..

" Loey .. ပတ်ချန်း ... ယောလ် "

" ဒီကလေးမ နာမည်ကဘယ်သူ .. "

" ယူ ဟီး .. ပတ် "

" အင်း .. မှန်တယ်။ ဒီကျောင်းကဆိုရင်တော့ သူတို့ ၃ ယောက်ကိုလည်း ကောင်းကောင်းသိမှာပေါ့ "

နောက်ကပါလာတဲ့ ဆယ်ဟွန်းနဲ့ဂျုံအင်ကို တစ်ခါ၊ ယူဟီးဘေးက ဘတ်ဟျွန်းကိုတစ်ခါ ကြည့်ရင်း memory ကို recall ခေါ်သလို လုပ်နေတဲ့ ကောင်လေးတွေကို စိတ်တွေမရှည်ချင်တော့။ 

" စီနီယာ ဆယ်ဟွန်း၊ စီနီယာ ဂျုံအင် .... ဒါက စီနီယာချန်းယောလ်ဆို ဒါက စီနီယာ ဘတ် .. ဟျွန်း ... "

" သိသေးသားပဲ .. "

မသိလို့လည်း မရဘူး။ ဒီ ၄ ယောက်က ကျောင်းမှာ အတွဲလိုက်ကြီး နာမည်ကြီးတယ်။

နှစ်တိုင်းဗိုလ်စွဲနေတဲ့ ဘတ်စကတ်ဘောအသင်းရဲ့ လက်ရွေးစင် ၃ ယောက်။ ကျောင်းတစ်ဖက်နဲ့ Loey Trading ကို ဦးဆောင်နေတဲ့ ပတ်ချန်းယောလ်။ Engineering ကျောင်းသားတွေနဲ့ ရန်ဖြစ်တဲ့ပွဲမှာ ရုပ်ကလေးနဲ့မှမလိုက်၊ တစ်ယောက်တည်းနဲ့ ကျောင်းသား ၅ ယောက်ကို ၅ ရက်လောက် မစားနိုင်အောင် ကျွေးသွားတယ်ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ ဗြောင်ဘတ်ဟျွန်း။ ရုပ်ရည်နဲ့ အရပ်အမောင်းတွေအပြင် Dancing Kings ၊ မာန၏ကြီးခြင်း၊ အချင်းချင်းမှလွဲ တစ်လောကလုံးအား ချေမိုးနေခြင်း၊ လက်သီးရဲ့ လျှင်မြန်ခြင်း စတဲ့ အမျိုးမျိုးသော ဂုဏ်ပုဒ်တွေနဲ့ ကျော်ကြားတဲ့ အိုဆယ်ဟွန်းနဲ့ ဂင်ဂျုံအင်။

ဒီလူတွေက အနေမှန်သလို ဘယ်သူမှ သွားကျောလို့လည်း မရဘူးဆိုတာ ဒီကျောင်းထဲက လူတော်တော်များများ နားလည်ထားကြတယ်။ တကယ့်ခေါင်တွေရဲ့ ညီမကိုမှ သွားရိမိတဲ့အခါ အခုတော့ ပြေးပေါက်မှားတဲ့ ယုန်လေးတွေလိုပဲ။

" ဒီလောက်ဆို ငါ့ညီတို့ သွားလို့ရပြီလား "

" နောက် သူ့အနားမှာ မမြင်ချင်ဘူးနော် "

ချန်းယောလ်စကားအဆုံး အမြီးတောင် မမြင်ရလောက်အောင် လစ်ပြေးသွားတဲ့ ကောင်လေးတွေကို ကြည့်ပြီး ယူဟီးက တဟားဟား အော်ရယ်တော့တာ။

" အေး .. အဲ့မှာရယ်နေလိုက် "

" ငါ့အစ်ကိုတွေရဲ့ ရုပ်တည်ကြီးတွေကို မထင်မှတ်ဘဲ တွေ့လိုက်ရတော့ အံ့သြသွားလို့ပါ။ မထင်ရဘူး။ ရှိန်ရသားပဲ "

သူရယ်မယ်ဆိုလည်း ရယ်ချင်စရာ။ ဘယ်အချိန်မဆို ၄ ယောက်သား တွေ့တာနဲ့ဗြောင်းဆန်ပြီး တလွဲတွေချည်း ပြောဆိုနေကြတာကို အမြဲမြင်နေရာက ခုလို ရုပ်တည်ကြီးတွေ မြင်လိုက်ရတော့ အံ့သြတာအပြင် ရယ်ချင်လာတာကလည်း အမှန်အကန်။

အစ်ကို ၄  ယောက်ခြံရံပြီး ယူဟီးကို အတန်းထဲအထိ အရောက်လိုက်ပို့ပေးတော့ ဝိုင်းကြည့်တဲ့သူတွေကကြည့်။ ယူဟီးက ရှက်လို့ပါဆိုပြီး ကျောပိုးအိတ်နဲ့ မျက်နှာကို ကွယ်လိုက်တဲ့အခါ ကွယ်ထားတဲ့ ကျောပိုးအိတ်ကိုပါ ဆယ်ဟွန်းက ဆွဲယူပြီး လူကိုတွန်းလွှတ်ကာ ရှေ့ကလျှောက်ခိုင်းတော့ ခြေတဆောင့်ဆောင့်နဲ့။

သွားနေရာကနေ လက်အုပ်လေး လှည့်ချီရင်း အစ်ကိုတွေကို ပြန်ဖို့တောင်းပန်လည်း ၄ ယောက်က ခေါင်းမာဆဲ။ အဲ့လိုနဲ့ပဲ တွန်းထိုးနေရင်း အတန်းထဲထိ ရောက်သွားတော့တယ်။

" သူတို့လုပ်တာနဲ့ ငါဒီတစ်သက် ရည်းစားရပါဦးမလား မသိဘူး "

အတန်းထဲအဝင် ပြောသွားတဲ့ ပွစိပွစိအသံကို ကြားဖြစ်အောင်ကြားလိုက်တဲ့ ၄ ယောက်ရဲ့ အော်သံက ကျောင်းဝင်းထဲအထိ ပျံ့နှံ့လာတယ်။

" ပတ်ယူဟီးးးးးးးးး "







         
ခရီးထွက်ဖို့ မနက်စောစော ကျောင်းရှေ့မှာပဲ လူစုကြတယ်။ ဘတ်ဟျွန်းက အရင်ဆုံးရောက်လာပြီး နောက်ကျ ဂျုံအင်နဲ့ဆယ်ဟျွန်းတို့ပါ အသီးသီးရောက်လာကြတယ်။ မကြာခင် တဖြည်းဖြည်း လူတွေစုံလာကြပြီး ပတ်ဝန်းကျင်က ခရီးထွက်မယ့် ကျောင်းသားတွေရယ် ပုံမှန်ကျောင်းတက်မယ့် ကျောင်းသားတွေရယ်နဲ့ စည်ကားလာတော့တယ်။

ချန်းယောလ် မရောက်ခင် ဘတ်ဟျွန်းက သူတို့စီးရမယ့် ကားတွေနဲ့ ကိုယ်နဲ့ တစ်သင်းတည်းကျတဲ့ အဖွဲ့သားတွေကို တစ်ခါတည်း လိုက်ကြည့်ထားပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားပေမယ့် အချိန်နီးကပ်တဲ့အထိ ချန်းယောလ်က ရောက်မလာသေးဘူး။

အလုပ်ကိစ္စ အရေးကြီးနေလို့ oversea များ ထွက်သွားလေသလား၊ အစည်းအဝေးခန်းထဲများ ရောက်နေမလား၊ လာနေတုန်း လမ်းမှာ ကားများမောင်းနေမလားဆိုတဲ့ အတွေးနဲ့ ဖုန်းခေါ်ဖို့လည်း တွန့်ဆုတ်နေပြန်တယ်။

" ဗြောင်ဘတ်ဟျွန်း  "

" ဗြောင်ဘတ်ဟျွန်း .. "

" ဟေ့ကောင် .. မင်းနာမည်ခေါ်နေတယ် "

" ရောက်ပါပြီ ဆရာ "

လူစစ်နေတဲ့ ဆရာက နာမည်ခေါ်နေတာတောင် မကြားတော့ ဘေးက ဂျုံအင်က သတိပေးရတယ်။

" ချန်းယောလ် မလာသေးဘူးလား "

" အင်း .. "

" အဆက်အသွယ်မရဘူးလား "

" အင်း .. "

ဘတ်ဟျွန်း မျက်နှာသိပ်မကောင်းတာနဲ့ ဂျုံအင်လည်း ဆက်မမေးတော့ဘဲ ဖုန်းလှမ်းဆက်တော့ စက်ပိတ်ထားပါတယ်နဲ့ တိုးတယ်။

" ပတ်ချန်းယောလ် "

" ပတ်ချန်းယောလ် .. "

" ချန်းယောလ် မရောက်သေးဘူး ဆရာ "

" ဖုန်းဆက်ကြည့်ဦး။ ၉ နာရီခွဲရင်ထွက်တော့မှာ။ ထပ်မစောင့်တော့ဘူး "

" ဟုတ်ကဲ့ "

ထပ်ပြီး ဖုန်းဆက်တော့လည်း လူကြီးမင်းနဲ့ပဲ ထပ်တိုးတယ်။

ဝမ်းနည်းတာနဲ့အတူ စိတ်ပူပန်ခြင်းတွေ ရင်ထဲရောက်လာတော့ သွားရမယ့်ခရီးအပေါ် စိတ်မပါချင်တော့ဘူး။ ကျောင်းသားတွေ ကားပေါ်တက်ဖို့ စပီကာနဲ့ အော်နေသံကြောင့် ဆယ်ဟွန်းက ပုခုံးကိုပုတ်ပြီး ကားပေါ်တက်ဖို့ သတိပေးတယ်။

ကားပေါ်ကို နောက်ဆုံးတက်တဲ့သူက ဘတ်ဟျွန်းဖြစ်နေတာတောင် ချန်းယောလ်က ရောက်မလာခဲ့ဘူး။ ကားပေါ်တက်နေတဲ့အထိ သံယောဇဥ်မပြတ်နိုင်သေးဘဲ လည်ပင်းတရှည်ရှည်ဖြစ်နေတဲ့ ဘတ်ဟျွန်းကို ယူဟီးကလည်း ကျောင်းလမ်းဘေးက အုတ်ခုံမှာထိုင်ရင်း လှမ်းမြင်နေပါရဲ့။ ညီမဖြစ်သူကို လှမ်းမြင်တော့ လက်လှမ်းပြပြီး ပြုံးပြပေမယ့် အပြုံးတွေက အသက်မှမဝင်ဘဲ။

ဒီလိုနဲ့ မောင်နဲ့ အတူသွားရမယ်ဆိုပြီး ပျော်နေတဲ့ စိတ်ကူးတွေက ခရီးအစမှာပဲ အကောင်အထည်မပေါ်ခဲ့တော့ စိတ်နှလုံးသားလေး ညှိုးနွမ်းရတယ်။

ဘယ်အရာမဆို မျှော်လင့်ချက်ကြီးကြီးထားတာ မကောင်းဘူးဆိုတာ သိရက်နဲ့ အမှတ်မရှိ..။ ကိုယ့်ချစ်သူက အလုပ်ရှုပ်တဲ့သူဆိုတာကိုတောင် သိရက်နဲ့ မျှော်လင့်ပြီး သူ့ကို ဝန်ပိုထမ်းစေဦးမတဲ့လား။

ဟိုနေ့က မိန်းကလေးနဲ့အတူ ထွက်သွားတဲ့ မောင့်အပြုံးတွေကို မြင်ယောင်မိပြန်တော့ ခေါင်းကို တစ်ချက် ခပ်ပြင်းပြင်းထုပစ်လိုက်တယ်။ လူမရှိတဲ့ဘေးခုံပေါ် ကျောပိုးအိတ်တင်လိုက်ပြီး သီချင်းတစ်ပုဒ်နားထောင်ရင်း ဘေးကမြင်ကွင်းတွေကိုပဲ ငေးပြီး လိုက်ပါလာခဲ့လိုက်တော့တယ်။

ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာ ဘာမှမတွေးတာဘဲ ကောင်းတယ်မဟုတ်လား။

မျက်လုံးတွေကို မှိတ်လို့ ကြားနေရတဲ့ စာသားတစ်ခုချင်းစီအပေါ် အာရုံစိုက်ထားလိုက်တော့ နားထဲမှာကြားနေရတဲ့ အသံက ဘယ်အချိန်ဖြစ်ဖြစ် ဘတ်ဟျွန်းရဲ့ နှုတ်ခမ်းတွေကို ပြုံးစေတာ။

သီချင်းနာမည်က For Life, ရေးတဲ့သူက မောင်၊ ဆိုတဲ့ သူကလည်း မောင်၊ ပိုင်ရှင်ကတော့ ကိုယ်..။

မောင်ကလည်း ဘတ်ဟျွန်းနီရဲ့ ဘဝပါပဲ .. ♡

တရွေ့ရွေ့သွားနေတဲ့ ကားလေးက တစ်စုံတစ်ခုကြောင့် တုံ့ခနဲ ရပ်သွားတယ်။ လူတစ်ယောက် ကားပေါ် ပြေးတက်လာပြီး နောက်ဆုံးတန်းရဲ့ရှေ့ခုံမှာ အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ဘေးမှာ ဝင်ထိုင်လိုက်တာနဲ့ ကားက ပြန်မောင်းထွက်သွားတယ်။

ကားမှန်ကို ခေါင်းမှီပြီး အိပ်ပျော်နေတဲ့ ကောင်လေးကို ဇတ်နာမှာစိုးလို့ ခေါင်းလေးကို အသာဆွဲကာ ကိုယ့်ပုခုံးပေါ် နေရာချပေးတဲ့အထိ ကောင်လေးက မနိုးလာဘူး။ ပြုတ်ကျနေတဲ့ နားကြပ်တစ်ဖက်ကို ကောက်တပ်ကြည့်တော့ ပါးချိုင့်တွေ ပေါ်တဲ့အထိ ပြုံးမိသွားတော့တာ..။

ဖုန်းကိုဖွင့်ပြီး ပြောလက်စ Conversation တစ်ခုကို စာပြန်ပို့လိုက်တယ်။

ယူဟီး :
ကိုကိုဘတ်ဟျွန်းနီး မျက်နှာမကောင်းဘူး - 9:31AM

ကျေးဇူးပဲ .. ကိုကိုအခု သူ့ဘေးမှာ - 10:10AM








---- NOSTALGIA ----






ဒီအပိုင်းအထိကိုလေ ချန်းယောလ်နဲ့ဘတ်ဟျွန်း နှစ်ယောက်မှာ ဘယ်သူက ပိုချစ်တယ်လို့ထင်လဲဟင်.. ?

13.4.2020(Monday)

Republish
3.4.2022 (Sunday)



_________Zawgyi _________






နဂိုအေအးမခံနိုင္တဲ့သူျဖစ္တဲ့ ဘတ္ဟၽြန္းက အဲ့ဒီေန႔ကမိုးေၾကာင့္ လြယ္လြယ္ေလးပဲ အေအးမိၿပီး ဖ်ားခဲ့တယ္။ ကုမၸဏီနဲ႔ေဆး႐ုံ ႏွစ္ေနရာၾကား ဗ်ာမ်ားေနတဲ့ ခ်န္းေယာလ္ကို သက္သက္စိတ္ပူမွာစိုးလို႔ မေျပာျဖစ္ခဲ့တဲ့အျပင္ ေက်ာင္းမလာလို႔ ဖုန္းဆက္ေမးၾကတဲ့ ဂ်ဳံအင္နဲ႔ဆယ္ဟြန္းကိုပါ ခရီးသြားေနတာမို႔ မလာနိုင္ဘူးလို႔ေတာင္ လိမ္ခဲ့မိေသးတယ္။ ခ်န္းေယာလ္ကေတာ့ ထုံစံအတိုင္း သူလာႀကိဳျဖစ္သည္ျဖစ္ေစ၊ မလာနိုင္သည္ျဖစ္ေစ အျမဲႀကိဳေျပာေနက်အတိုင္း ေျပာျမဲဆိုေတာ့ မလာနိုင္တဲ့ရက္ေတြမ်ားေလ ေနမေကာင္းတာလည္း သူမသိနိုင္ေလဘဲမို႔ မလာနိုင္ပါေစနဲ႔လို႔ေတာင္ ဘတ္ဟၽြန္းက ႀကိတ္ေတြးေနေသးတာ။

အေတြးတိမ္သြားတာတစ္ခုက ခ်န္းေယာလ္ကိုေတာ့ သူနဲ႔အလိုက္သင့္ေျပာထားၿပီး ဂ်ဳံအင္တို႔ကိုေျပာထားသလို ခရီးထြက္ေနတယ္လို႔ မေျပာမိထားျခင္းပင္။ ေခါင္းမေထာင္နိုင္ေအာင္ျဖစ္ေနေတာ့ 'အင္း .. အဲ' အျပင္ ဘာမွထပ္မေျပာနိုင္တာေၾကာင့္လည္း ပါလိမ့္မယ္။

ခ်န္းေယာလ္က 'ေက်ာင္းျပန္တက္မယ္။ လာေခၚမယ္' ဆိုတဲ့ ေန႔ေရာက္ေတာ့ ထုံးစံအတိုင္း ေက်ာင္းသြားမယ္ ထလုပ္တယ္။ ေက်ာင္းကိုမလႊတ္ခ်င္ေသးတဲ့ ဘတ္ဟၽြန္းရဲ့ေမေမက ေခါင္းမာေနတဲ့ သူ႔သားကို မနိုင္ေတာ့တာနဲ႔ ခ်န္းေယာလ္ကိုပဲ တိုင္ရေတာ့တယ္။ ဖုန္းဆက္ၿပီးၿပီးခ်င္း ၁၅ မိနစ္အတြင္း အိမ္ေရာက္လာလို႔ သားအမိႏွစ္ေယာက္ လန႔္သြားရေသး..။

" ခ်န္းေယာလ္လီေရ .. မင္းရဲ့ဘတ္ဟၽြန္းနီကိုေတာ့ အန္တီ မနိုင္ေတာ့ဘူး "

ထမင္းစားခန္းထဲမွာ ဆန္ျပဳတ္တစ္ခြက္ေရွ႕ကိုခ်ၿပီး ေက်ာင္းသြားဖို႔ ဝတ္စုံျပည့္နဲ႔ထိုင္ေနတဲ့ အခ်စ္ကေလးရယ္နဲ႔ ေဘးမွာ သူ႔သားသူ မနိုင္သလိုၾကည့္ေနတဲ့ အေမျဖစ္သူရယ္ကို ေတြ႕လိုက္ရတယ္။

ဘတ္ဟၽြန္းကေတာ့ ေနမေကာင္းတာကို မေျပာဘဲ လိမ္ထားတာမို႔ ခ်န္းေယာလ္ဆီမွာ ေကာင္းေကာင္းႀကီးအဆူခံရေတာ့မွာကို သိသလို မ်က္ႏွာငယ္ေလးနဲ႔..။

" ဖ်ားေနတုန္းလား၊ ေနမေကာင္းရင္ အိမ္မွာပဲ နားရမွာေပါ့။ ဘတ္ဟၽြန္းနီက ေခါင္းမမာရဘူးေလ "

ေျပာေျပာဆိုဆို နဖူးေလးကိုလွမ္းစမ္းေတာ့ ခပ္ေငြ႕ေငြ႕ေႏြးေနဆဲ..။ ခုတေလာ ရာသီဥတုမမွန္တာနဲ႔ဆို ဒီတိုင္းအျပင္ထြက္ရင္ ထပ္ဖ်ားဦးမွာ အေသအခ်ာ။

" ဖ်ားတာၾကာၿပီလား အန္တီ
သူကၽြန္ေတာ့္ကို မေျပာဘူး။ အခုမွ သိရတာ "

ဝတ္ထားတဲ့ Hoodie ေခါင္းစြပ္ေလးကို ေခါင္းေပၚဆြဲတင္ေပးလိုက္ရင္းေျပာေတာ့ အန္တီက သူ႔သားအေၾကာင္း သူသိသလိုနဲ႔ သက္ျပင္းခ်ရင္း ေခါင္းညိတ္တယ္။

" ဟိုေန႔က မိုးမိလာတာေလ။ စဖ်ားကတည္းက ေဆးခန္းျပၿပီး ေဆးတိုက္ထားေပမယ့္ ေငြ႕ေငြ႕က်န္ေနေသးလို႔ မသြားေစခ်င္တာကို ဒီမနက္ အတင္းသြားမယ္လုပ္ေနလို႔ "

" စိတ္ခ်အန္တီ သူမသြားရဘူး
ကၽြန္ေတာ္လည္း မသြားေတာ့ဘူး "

" ခ်န္းေယာလ္လီ .... "

ေစာဒကတက္ခ်င္လို႔ မ်က္လုံးေလးဝင့္ၿပီး ၾကည့္လာေပမယ့္ ခပ္စူးစူး တစ္ခ်က္ၾကည့္ေပးလိုက္ေတာ့ မ်က္ႏွာေလးငယ္ၿပီး ၿငိမ္သက္သြားရွာတယ္။   

" အန္တီ သြားစရာရွိရင္သြားေနာ္။ ကၽြန္ေတာ္ ဒီေန႔တေနကုန္ သူ႔ကိုေစာင့္ေပးလိုက္မယ္ "

" အဲ့လိုပဲလုပ္ရမယ္ ခ်န္းေယာလ္ေရ..။ အန္တီလည္း ဆိုင္မသြားရတာ ၃ ရက္ရွိၿပီ။ စိတ္ခ်ခဲ့မယ္ေနာ္ "

" ဟုတ္ကဲ့ "

" ဟၽြန္းနီ .. ခ်န္းေယာလ္ကို နိုင္တယ္ဆိုတိုင္း ဂ်စ္မတိုက္နဲ႔။ ခ်န္းေယာလ္လီကလည္း ဒီေကာင္ေလးကို အလိုမလိုက္နဲ႔ေနာ္။ ႏွစ္ေယာက္ေပါင္းၿပီးေတာ့လည္း ေလာင္းမေက်ာ္နဲ႔။ စိတ္ခ်ခဲ့မယ္ "

ေနမေကာင္းရင္ ခၽြဲၿပီး ဂ်စ္တူးက်တတ္တဲ့ ကိုယ့္သားအေၾကာင္း ကိုယ္သိသလို သားကိုဆို ငုံထားမတတ္ သည္းသည္းလွုပ္တဲ့ ခ်န္းေယာလ္အေၾကာင္းကိုလည္း သိၿပီးသားမို႔ စိတ္လည္း လုံးဝမခ်ရဲ။ ဒီေကာင္ေလးခၽြဲရင္ ဘယ္သူခံနိုင္တာမွတ္လို႔..။

ေက်ာင္းမသြားဖို႔ အေမေျပာတာေတာင္မရတဲ့ အဆိုးအေပေလးက သူ႔ေကာင္ေလး မ်က္ႏွာတည္ေနတာေတြ႕တာနဲ႔ ဘာမွမေျပာရဲသလို ၿငိမ္ၿငိမ္ေလးေနေနျပန္ရဲ့..။ တတ္လည္း တတ္နိုင္တယ္။

ဒီႏွစ္ေယာက္ကို ခြဲလို႔လည္း ရေတာ့မယ္မထင္ပါဘူး။
တျခားလူမဟုတ္ဘဲ ပတ္ခ်န္းေယာလ္ဆိုတဲ့ ကေလးပဲေလ။




         
အန္တီထြက္သြားတဲ့အထိ ေသာက္ေနတဲ့ ဆန္ျပဳတ္က တစ္ဝက္မက်ိဳးေသးတာမို႔ သူ႔ေဘးမွာပဲ ဝင္ထိုင္ေတာ့ မ်က္ႏွာငယ္ေလးနဲ႔ လိုက္ၾကည့္တယ္။ အဖ်ားေသြးရွိေနေတာ့ မ်က္ႏွာေလးက နီစပ္စပ္..။

" ဒါေလး ကုန္ေအာင္ေသာက္ၿပီး ေဆးေသာက္ရေအာင္ "

" ေမာင္ ... "

" ဘာလဲ အသက္ရဲ့ .. ေသာက္မယ္ေလ "

ဇြန္းနဲ႔ခပ္လို႔ ကိုယ္တိုင္ကိုယ္က်တိုက္ေတာ့ မ်က္ႏွာကိုပဲ လိုက္ၾကည့္ရင္း ေသာက္ပါရဲ့။ တည္ေနတဲ့ ကိုယ့္မ်က္ႏွာေၾကာင့္ရယ္လား မသိ၊ ဘာမွေတာ့ မေျပာရွာဘူး။ 

ေသာက္ဖို႔ေဆးေတြကို လက္ဖဝါးေလးထဲ ထည့္ေပးၿပီး ေရခြက္ပါ အဆင္သင့္ကမ္းေပးေတာ့လည္း မၿငီးဘဲေသာက္ရွာတယ္။

" ေမာင္ ငါ့ကို စိတ္ဆိုးေနတာလား ..? "

ဘာမွမေျပာဘဲ စားပြဲေပၚတင္ထားတဲ့ သူ႔စာအုပ္ေတြရယ္၊ သူ႔ေက်ာပိုးအိတ္ရယ္ကို ယူၿပီး လက္ကေလးကိုဆြဲလို႔ အေပၚထပ္က သူ႔အခန္းထဲေခၚလာတဲ့အထိ ဘာမွထပ္မေျပာလာဘူး။

" ေမာင္ ငါ့ကို စိတ္ဆိုးေနတာလားလို႔ ...!!? "

" အရမ္းႀကီး ေနမေကာင္းတာမ်ိဳး မဟုတ္လို႔ ေမာင္စိတ္မပူေစခ်င္လို႔ မေျပာတာပါ "

" အခုလည္း ေနေကာင္းပါတယ္ "

" ငါ့ကို ဒီလိုႀကီး မဆက္ဆံပါနဲ႔ ... အီးးးး .. အင့္ .. "

ဒီတိုင္းေလး သူေနမေကာင္းတာေတာင္ မသိတဲ့ ကိုယ့္ကိုယ္ကိုယ္ စိတ္တိုလို႔ မ်က္ႏွာေၾကာက ျပင္မရျဖစ္ေနတာကို သူ႔ကို စိတ္ဆိုးေနတယ္ထင္ၿပီး မ်က္ႏွာေလးကို လက္ဖဝါးေလးနဲ႔အုပ္လို႔ ငိုပါေလေရာလား..။

" မငိုနဲ႔ေလ အသက္ရဲ့ .. ေခါင္းေတြကိုက္ၿပီး ျပန္ဖ်ားလိမ့္မယ္။ ေမာင္ အသက္ကို စိတ္မဆိုးပါဘူး။ ေနမေကာင္းတဲ့ကေလးကို ဘာလို႔ စိတ္ဆိုးရမွာလဲ "

ကုတင္ေပၚကို ဆြဲထိုင္ခိုင္းၿပီး သူ႔ေဘးမွာ ဝင္ထိုင္တဲ့အထိ အရွိုက္ရယ္မေျပ။

" အဲ့ဒါဆို ဘာလို႔ ငါ့ကိုစကားမေျပာတာလဲ "

" မေျပာဘဲေနလို႔လား .. ေက်ာင္းမသြားရဘူးလည္း ေျပာတယ္။ ေခါင္းမမာရဘူးလည္း ေျပာတယ္။ ေဆးေသာက္ရမယ္လည္း ေျပာတယ္ေလ "

" အဲ့ဒါဆို မ်က္ႏွာေၾကာႀကီး တင္းေနတာကေရာ ..? "

" အသက္ဖ်ားေနတာ ၃ ရက္ေလာက္ရွိၿပီကို ေမာင္က ခုမွသိရတယ္ေလ။ ကိုယ့္ခ်စ္သူတစ္ေယာက္လုံး ဖ်ားေနတာကိုေတာင္ မသိတဲ့ ကိုယ့္ကိုယ္ကိုယ္ စိတ္ဆိုးလို႔ တည္ေနမိတာပါ။ အသက္ကို စိတ္မဆိုးရပါဘူး။ မငိုနဲ႔ .. တိတ္ .. တိတ္ "

မ်က္ရည္စေလးေတြကို သုတ္ေပးတဲ့အထိကိုပဲ သူ႔ခမ်ာ ဝမ္းနည္းလို႔ မၿပီးနိုင္ဘူး။ ေနမေကာင္းေတာ့ အားငယ္ေနတဲ့အျပင္ ကိုယ္ကပါ မ်က္ႏွာႀကီးတည္ေနေတာ့ ဝမ္းနည္းသြားတယ္ ထင္ပါရဲ့။

" ငါက တမင္မေျပာတာ မဟုတ္ပါဘူး .. "

" အသက္ ဘာလို႔မေျပာလဲ ေမာင္သိတယ္။ အဲ့လို ေမာင့္အတြက္ စဥ္းစားေပးလို႔ ေက်းဇူးလည္းတင္တယ္။ ဒါေပမဲ့ ေမာင္က အသက္ရဲ့ခ်စ္သူေလ..။ အသက္ရဲ့ ေကာင္းျခင္း၊ ဆိုးျခင္း အားလုံးကို ေမာင္သိခြင့္ရွိတယ္ မဟုတ္ဘူးလား..။ေမာင့္ကို တျခားသူလိုသေဘာမထားဘဲ ဒီထက္ၿပီး ပိုပြင့္လင္းေပးပါ အသက္ရဲ့။ ေမာင္တို႔က အျမဲအတူရွိသြားမယ့္ သူေတြေလ "

" ၿပီးေတာ့ ... အခု ေမာင္ အသက္ကို ဆူေနတာမဟုတ္ဘူးေနာ္ .. "

လက္ဖဝါးေႏြးေႏြးေလးကို ဆုပ္ကိုင္ရင္းေျပာေတာ့ ေခါင္းေလးညိတ္ပါရဲ့။ နဖူးေလးကို ထပ္စမ္းေတာ့ ခပ္ေႏြးေႏြး ရွိေနဆဲ။

" လာ .. တစ္ေရးေလာက္ အိပ္လိုက္ဦး "

လွဲအိပ္ေစၿပီး ေစာင္ေလးျခဳံေပးတဲ့အထိ ကိုယ့္အျပဳအမူေတြကိုပဲ တစိုက္မတ္မတ္လိုက္ေငးေနတယ္။

" ေမာင္ကေရာ .. "

" ေမာင္လည္း အသက္ေဘးမွာ အိပ္မွာ "

သူ႔ေစာင္ေအာက္ထဲ ကိုယ္ပါဝင္လွဲလိုက္ရင္း လက္ေမာင္းကို ေခါင္းအုံးေစေတာ့ ကိုယ့္မ်က္ႏွာကို ေမာ့ၾကည့္လာတယ္။

" ေမာင့္ကို အဖ်ားကူးရင္ ဘယ္လိုလုပ္မလဲ ..? "

" အဲ့က်ေတာ့လည္း အတြဲလိုက္ႀကီး အတူတူဖ်ားၾကတာေပါ့ကြာ​။ စကားမမ်ားနဲ႔ေတာ့ .. အိပ္ေတာ့ေနာ္ "

ရင္ခြင္ထဲက ကိုယ္ေငြ႕ေႏြးေႏြးနဲ႔ နဖူးေလးကို ႏွုတ္ခမ္းနဲ႔ဖိကပ္လိုက္ေတာ့ မ်က္လုံးေလးေတြ မွိတ္သြားေတာ့တယ္။ တေငြ႕ေငြ႕ေႏြးေနတဲ့ ကိုယ္လုံးေလးကိုပဲ မခ်င့္မရဲတင္းဖက္ရင္း ကိုယ့္ကိုယ္ကိုယ္ ေဒါသထြက္မိတာ ဘယ္ႏွခါမွန္းမသိ။

အဲ့ဒီေန႔က မိုးရြာလာတာကို သိသိႀကီးနဲ႔၊ ဒီေကာင္ေလးမွာ ထီးမပါတာကို သိသိႀကီးနဲ႔ တစ္ေယာက္တည္း ျပန္လႊတ္လိုက္မိတာ။

ဒီၾကားထဲ ၃ ရက္ေလာက္ ေနမေကာင္းျဖစ္ေနတာ၊ ကိုယ့္ေကာင္ေလးတစ္ေယာက္လုံး မူမမွန္ျဖစ္ေနတာေတာင္ မသိဘဲ အခ်ိန္မွန္ စာပို႔၊ ဖုန္းဆက္႐ုံနဲ႔ ဂ႐ုစိုက္ေပးနိုင္လွၿပီ ထင္ေနတာ။ ဒီေကာင္ေလး အသံမမွန္တာအထိ သတိမထားမိရေအာင္ကိုပဲ သတိလက္လြတ္ရွိေနခဲ့တဲ့ ကိုယ့္ကိုယ္ကိုယ္ တကယ္မေက်နပ္။

ေမာင့္အျပစ္ေတြပါ အသက္ရယ္..။ ဘယ္လိုစိတ္မ်ိဳးနဲ႔မ်ား အသက္ကို တစ္ေယာက္တည္း ျပန္လႊတ္လိုက္မိလဲ ေတြးလို႔မရနိုင္ဘူး။

အဲ့ဒီေန႔က မိုးေတြသည္းေနတဲ့အခ်ိန္ ကိုယ္ကေတာ့ ကားေပၚမွာ။ ခ်စ္ရတဲ့ေကာင္ေလးကေတာ့ မိုးသည္းထဲမွာ တစ္ေယာက္တည္း စက္ဘီးတစ္စီးနဲ႔..။

ဖ်ားေနတာေတာင္ သူ႔အတြက္စိတ္ပူမွာစိုးလို႔ ထုတ္မေျပာနိုင္တဲ့ ေကာင္ေလး၊ ကိုယ္သိသြားသည့္တိုင္ အဆူခံရမွာစိုးလို႔ မ်က္ႏွာငယ္ေလးနဲ႔ ကိုယ့္မ်က္ႏွာကိုပဲ လိုက္ၾကည့္ေနတဲ့ ေကာင္ေလး၊ သူ႔ကို စိတ္ဆိုးေနတယ္ထင္လို႔ ေနမေကာင္းတာေတာင္ ဝမ္းပမ္းတနည္း ငိုတဲ့ေကာင္ေလး..။

ေမာင့္အသက္ေလးကို သနားအားနာလို႔ ဘယ္လိုလုပ္ေပးရမလဲ..။

စီးက်လာတဲ့ မ်က္ရည္စေတြကို ေခါင္းေမာ့ရွင္းထုတ္ရင္း ရင္ခြင္ထဲက ကိုယ္လုံးေႏြးေႏြးေလးကိုပဲ တိုးၿပီး ဖက္ထားလိုက္ေတာ့တယ္။

အသက္ရွူသံတိုးတိုးေလးေပးလို႔ အိပ္ေမာက်ေနတဲ့ ေကာင္ငယ္ေလးက အျပစ္ကင္းစင္စြာပဲ။ ေမာင့္မွာေတာ့ ကိုယ္တိုင္သတ္မွတ္တဲ့ အျပစ္ေတြ တပုံတပင္နဲ႔။

ေမာင့္အတြက္ ဒီေလာက္အထိ အခ်စ္ေတြအျပင္ နားလည္ဂ႐ုစိုက္ျခင္းေတြ တစ္ပုံတစ္ပင္ ေပးထားလို႔ ေမာင့္မွာ အသက္ကို ပိုၿပီး ျမတ္နိုးတန္ဖိုးထားရတယ္။

သိပ္ခ်စ္ရတဲ့ ေမာင့္သည္းညႇာေလးရယ္ ..
ျမန္ျမန္ေနေကာင္းပါေတာ့..။




*****


         
အပတ္တိုင္းဆုံေနက် အိမ္က ေလတိုက္တဲ့အျပင္ ၾကမ္းျပင္ေအးေအးေပၚ ဖိနပ္မစီးဘဲ ေလၽွာက္သြားေနတတ္တဲ့ ဘတ္ဟၽြန္းေၾကာင့္ ေနမေကာင္းၿပီးေနာက္ပိုင္း ခ်န္းေယာလ္က ႏွစ္ပတ္ေလာက္ သူ႔ကို အလာမခံဘူး။ ေနေကာင္းသြားသည့္တိုင္ သူ႔အေဖတက္ေနတဲ့ ေဆး႐ုံအထိဆြဲေခၚသြားၿပီး Medical checkup လုပ္ေနေသးတာမို႔ အခုထိ ဘတ္ဟၽြန္းက ႏွုတ္ခမ္းတစူစူျဖစ္ေနဆဲ။

" ကေလးလည္းမဟုတ္ဘဲ ဂ်ီက်မေနနဲ႔ေနာ္ ဘတ္ဟၽြန္းနီး .. "

" ရိုးရိုးဖ်ားတာကို ေတာ္႐ုံလုပ္ပါကြာ "

" အပိုေတြမေျပာနဲ႔ .. ဟိုမွာနာမည္ေခၚေနၿပီ။ လာ .. "

ေဆးစစ္ခ်က္အေျဖအရ ဘာေရာဂါမွ ရွာမေတြ႕ဘူးဆိုမွပဲ ပတ္ခ်န္းေယာလ္တို႔ သက္ျပင္းခ်နိုင္ေတာ့တယ္။ ဒါေပမဲ့ အိမ္တန္းမျပန္ျဖစ္ေသးဘဲ သူ႔အေဖဆီ သြားဦးမယ္ဆိုတာမို႔ ဘတ္ဟၽြန္းပါ ဥကၠ႒ႀကီးအခန္းထဲ လိုက္သြားရျပန္တယ္။

'သတိရလာေပမယ့္ ေရာဂါအခံေၾကာင့္ ျပန္သက္သာဖို႔ခက္ခဲမယ္' ဆိုတဲ့ ဥကၠ႒ႀကီးက ကုတင္ေပၚမွာ သတိရွိေနတယ္ဆိုတဲ့ အေနအထားရယ္သာ။ ဘတ္ဟၽြန္းလည္း အရင္ရက္ေတြက ခ်န္းေယာလ္နဲ႔အတူ ရံဖန္ရံခါလိုက္လာေနက်မို႔ အရင္လို ေနရခက္ေနတာမ်ိဳး မရွိေတာ့ဘူး။

ခ်န္းေယာလ္က ေရာက္ေနတဲ့အေၾကာင္းႏွုတ္ဆက္ေတာ့ ဥကၠ႒ႀကီးက သူသိေၾကာင္း လက္ကေလးလွုပ္လို႔ေဖာ္ျပတယ္။

" ေဖေဖ စိတ္ခ်လက္ခ် နားေနေနာ္။ ကၽြန္ေတာ့္ေဘးမွာ လူေကာင္းေတြ အမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ကၽြန္ေတာ္လည္း ေကာင္းေကာင္းလုပ္နိုင္ေနတာမို႔ .. "

ေဆး႐ုံကိုလာတိုင္း ခ်န္းေယာလ္ရဲ့မ်က္ႏွာ ဘယ္ေတာ့မွ မေကာင္းတတ္တာကို ဘတ္ဟၽြန္းသိၿပီးသားမို႔ ေဘးမွာပဲ ဘာစကားမွမဆိုဘဲ အလိုက္တသိေနေပးျဖစ္တယ္။  

ဒီေန႔ေတာ့ ပိတ္ရက္ေပမယ့္ စေနေန႔မို႔ ခ်န္းေယာလ္က ႐ုံးတက္ရတယ္။ ဂ်ဳံဒယ္က သြားစရာရွိလို႔ဆိုၿပီး လာေခၚတာမို႔ အတူလိုက္ေပးျဖစ္ၿပီး ခ်န္းေယာလ္နဲ႔အတူ အိမ္ျပန္မယ္ဆိုတဲ့ အေတြးနဲ႔ သူ႔ကိစၥၿပီးေတာ့ လမ္းခြဲလို႔ ခ်န္းေယာလ္ရဲ့ကုမၸဏီဘက္ကို ထြက္လာခဲ့လိုက္တယ္။ အံ့ၾသပါေစေတာ့ဆိုတဲ့ စိတ္နဲ႔ ဖုန္းလည္း ႀကိဳမဆက္ျဖစ္ခဲ့ဘူး။

ကုမၸဏီေရွ႕မေရာက္ခင္ ပလတ္ေဖာင္းေဘးမွာပဲ ကားရပ္ၿပီး ကားထဲမွာပဲ ေစာင့္ေနရင္း လွမ္းေမၽွာ္ၾကည့္ေတာ့ ႐ုံးဆင္းခ်ိန္မို႔ ဝန္ထမ္းေတြတဖြဲဖြဲ အေဆာက္အအုံထဲက ထြက္လာၾကၿပီ။ မၾကာခင္ ကိုယ့္ကိုျမင္ၿပီး အံ့ၾသသြားမယ့္ ခ်စ္သူကိုႀကိဳေတြးၿပီး အလိုလိုျပဳံးမိေသးရဲ့..။

မၾကာပါဘူး။ ကုမၸဏီထဲက ထြက္လာတဲ့ သူ႔ကိုျမင္လို႔ ကားထဲကထြက္လိုက္ၿပီး လမ္းမေပၚ ေျခခ်လိုက္စဥ္အတြင္းမွာပဲ ေမာင့္ေဘးမွာ ကပ္ပါလာတဲ့ မင္ေယာင္းကို ျမင္လိုက္ရေတာ့ ဆက္ေလၽွာက္မယ့္ ေျခလွမ္းေတြ ရပ္တန႔္ကုန္တယ္။

ေမာင္ရယ္ေလ .. ပါးခ်ိဳင့္ေတြ ေပၚေနတဲ့အထိကို ျပဳံးရႊင္ေနတာပဲ။ ေဘးက မိန္းကေလးကလည္း အျပဳံးေတြနဲ႔ ေတာက္ပေနလိုက္တာ။ ေမာင္ ေမာင္းေနက်ကားရဲ့ ေဘးခုံမွာပဲ ထိုင္စီးသြားတာမို႔ အဲ့ဒီေနရာက ကိုယ့္တစ္ေယာက္တည္းအတြက္ မဟုတ္ဘူးဆိုတာ သိလိုက္ရတဲ့အခါ ရင္ဘတ္တစ္ျခမ္းက သိသိသာသာ တုန္လွုပ္လာတယ္။

မ်က္စိေရွ႕ကကားေလး ေမာင္းထြက္သြားတဲ့အထိ ရပ္ေနရာကေန မေရြ႕နိုင္ေသးတဲ့ အခ်ိန္မွာပဲ ...   

" ဘတ္ဟၽြန္း ...?? "

ေမာင့္အတြင္းေရးမွူး အစ္ကိုဂ်ယ္ဟြန္းပဲ ..

" တူပါတယ္ထင္လို႔ ၾကည့္ေနတာ
ႀကိဳမေျပာထားဘူးလား မန္ေနဂ်င္းကို .. "

" အံ့ၾသသြားေအာင္လို႔ ဒီတိုင္းလာလိုက္တာ
လြဲကုန္ၿပီထင္တယ္ .. အဟီး ... "

ရယ္ျပလာတဲ့ ေကာင္ေလးရဲ့ မ်က္ဝန္းေတြက အသက္ေတာ့ သိပ္မပါလွ။

" အစ္ကိုဂ်ယ္ဟြန္း .. ကၽြန္ေတာ္ဒီေန႔ ဒီေရာက္လာတယ္ဆိုတာ သူ႔ကို မေျပာပါနဲ႔ေနာ္ "

" ေတြ႕လိုက္တာလား "

" ကၽြန္ေတာ့္ေၾကာင့္ သူအျပစ္ရွိသလို မျဖစ္ေစခ်င္လို႔။ ကၽြန္ေတာ့္ကို ဒါေလးေတာ့ ကူညီေနာ္ "

" ေကာင္းပါၿပီ "

" ေက်းဇူးေနာ္ အစ္ကို .. ေနာက္မွေတြ႕မယ္ "

ေျပာေျပာဆိုဆို ကားေပၚတက္ၿပီး ေမာင္းထြက္လာခဲ့ေပမယ့္ စိတ္ေတြက သိပ္ေတာ့ေအးခ်မ္းမေနပါ။

ဆရာဝန္မိန္းကေလးက ကုမၸဏီမွာ..။ ေခါင္းကို ယမ္းထုတ္လိုက္ရင္း သက္ျပင္းတစ္ခ်က္ မွုတ္ထုတ္လိုက္တဲ့အထိ အဆင္ေျပလွတယ္မဟုတ္။

ေက်ာင္းတက္ေနတဲ့တေလၽွာက္ ေမာင့္အနားကိုေရာ ကိုယ့္အနားကိုပါ ကပ္လာတဲ့ မိန္းကေလးေတြေရာ ေယာက်ာ္းေလးေတြပါ ရွိခဲ့ေပမယ့္ ႀကီးႀကီးက်ယ္က်ယ္ သဝန္တိုတာမ်ိဳး၊ ရန္ျဖစ္တာမ်ိဳးေတာင္ မရွိဘဲ ႏွစ္ေယာက္သား ေပါ့ေပါ့ပါးပါး ေက်ာ္ျဖတ္ခဲ့တာ။

ဒီတစ္ခါ ဘာကမွားေနလဲ ကိုယ္တိုင္မသိေပမယ့္ ခံစားခ်က္က သိပ္မေကာင္းလွပါ။ ေမာင့္အေပၚ အျမဲတမ္း နားလည္ယုံၾကည္မွုေတြ ေပးထားခဲ့တာ ဒီေန႔ဒီအခ်ိန္အထိ..။

အခုလည္း ေမာင့္ကို မယုံၾကည္တာ မဟုတ္ပါဘဲနဲ႔။ သဝန္တိုတယ္လို႔လည္း ေခါင္းစဥ္တပ္မရ။
ရင္ထဲမွာလည္း အစိုင္အခဲတစ္ခု အျမစ္တြယ္ေနသလိုမ်ိဳး..။




---- NOSTALGIA ----



         
ေက်ာင္းတက္ရက္ေတြက ပုံမွန္အတိုင္း ျပန္ေရာက္လာခဲ့ေပမယ့္ ေနာက္ဆုံးႏွစ္ေက်ာင္းသားေတြမို႔ စာသင္ခ်ိန္ေတြအစား survey ဆင္းဖို႔ေတြ၊ internship ဆင္းဖို႔ေတြအတြက္ အလုပ္ေတြရွုပ္လာၾကတယ္။ အသင္းအဖြဲ႕နဲ႔လုပ္ရမွာမို႔ ဆရာဆရာမေတြက Team work စိတ္ဓါတ္ရေအာင္ဆိုၿပီး ခရီးတိုေလးတစ္ခု စီစဥ္ေပးတာမို႔လို႔ ေက်ာင္းသား/သူေတြကေတာ့ စာမလုပ္ရေသးခင္ ေပ်ာ္ရႊင္တက္ႂကြေနေလရဲ့။

" ခ်န္း excursion လိုက္မွာလား "

" ဘတ္ဟၽြန္းနီကေရာ ... "

" ခ်န္း လိုက္လို႔ရမယ္ဆိုရင္ေတာ့ လိုက္မယ္ေလ။ ခ်န္း မပါရင္ေတာ့ လိုက္သြားလည္း ငါတစ္ေယာက္တည္း ျဖစ္ေနမယ့္အတူတူ မလိုက္ေတာ့ဘူးလားလို႔ "

" ေအး .. ငါတို႔က လူမဟုတ္ဘူး "

" နတ္သားတမၽွ ေခ်ာေမာေနေတာ့ မျမင္ရေတာ့ဘူးေလ "

ေက်ာင္းဝင္းထဲမွာပဲ ၄ ေယာက္ အတူတူထိုင္ေနတုန္း ခရီးသြားမယ့္ကိစၥ ေဆြးေႏြးမိၾကေတာ့ ဆယ္ဟၽြန္းနဲ႔ဂ်ဳံအင္က တစ္ေယာက္တစ္ခြန္း ဝင္ေဖာက္တယ္။ 

" အလကား အပိုေတြ။ ခ်န္းေယာလ္ မင္းမရွိလည္း ငါတို႔ ၃ ေယာက္က အတြဲလိုက္ႀကီးပဲ။ မင္းဘာသာ လိုက္လိုက္၊ မလိုက္လိုက္။ ဘတ္ဟၽြန္း .. မင္းလိုက္ျဖစ္ေအာင္လိုက္ခဲ့ "

" ဟုတ္တယ္ .. ဒီလိုအခြင့္အေရးက တကၠသိုလ္ေက်ာင္းသားဘဝမွာပဲ ရတာ။ အမွတ္တရက ျပန္ဝယ္လို႔မရဘူး "

ဂ်ဳံအင္နဲ႔ဆယ္ဟြန္းတို႔ႏွစ္ေယာက္ၾကား ဘတ္ဟၽြန္းကေတာ့ ေခါင္တညိတ္ညိတ္နဲ႔ ျပဳံးေနတယ္။

" လိုက္မယ္ကြာ .. လိုက္မယ္ "

" အဲ့ဒါဆို ငါလည္းလိုက္မယ္ "

ခ်န္းေယာလ္ကပါ လိုက္မယ္ေျပာမွ ေလးေယာက္အတူတူ ျပဳံးနိုင္ေတာ့တယ္။ အသက္ေတြက ႀကီးလာေနေပမယ့္ သူတို႔ ၄ ေယာက္ကေတာ့ အခုထိ အေဖာ္မင္လို႔ ေကာင္းၾကတုန္းပဲ။

" ဟိုမွာ ယူဟီးမလား .. "

အေအးေမာ့ေသာက္ေနရာကေန မ်က္လုံးထဲဝင္လာတာက ယူဟီးရယ္နဲ႔ သူ႔ေဘးက လိုက္စကားေျပာေနပုံရတဲ့ ေကာင္ေလး ၃ ေယာက္။ ယူဟီးကိုၾကည့္ရတာ စိတ္ရွုပ္ေနပုံေပါက္ေနတာမို႔ ဘတ္ဟၽြန္းထိုင္ရာက ထသြားေတာ့တယ္။

" ယူဟီး .. "

" ကိုကိုဘတ္ဟၽြန္းနီး ... "

အနားကိုေရာက္သြားၿပီး လွမ္းေခၚေတာ့ အားကိုးရသြားသလို ဘတ္ဟၽြန္းေဘး ေျပးကပ္လာတယ္။  

" ဘာျဖစ္ေနတာလဲ "

" ဒီမွာ စကားလိုက္ေျပာေနလို႔ .. "

ေကာင္ေလးေတြကို ၾကည့္ေတာ့ မေခ်မငံ ႐ုပ္ေလးေတြနဲ႔။

" ဒီက ညီတို႔ .. ကိုယ့္ေက်ာင္းသားအခ်င္းခ်င္းကို အေႏွာင့္အယွက္ေပးတာ မေကာင္းဘူးထင္တယ္ "

" လူပ်ိဳက အပ်ိဳကို စကားေျပာတာ ဘယ္ေနရာက မေကာင္းတာလဲဗ် "

" ကာယကံရွင္က ေက်နပ္ရင္ေတာ့ မေျပာတတ္ေပမယ့္ အခု ကိုယ့္ညီမကို ၾကည့္ရတာ သေဘာက်ပုံမေပၚဘူးေလ " 

" အခုသေဘာမက်လည္း ေနာက္ေတာ့က်လာမွာပါဗ်။ ဒီကအစ္ကိုပဲ ကိုယ့္လမ္းကိုယ္ သြားလိုက္ပါေနာ္ " 

ဒီေကာင္ေလးေတြက ေခေတာ့ မေခ။ သူ႔အစ္ကိုေဒါသအိုးေတြ မလာခင္ ေအးေအးေဆးေဆး ျဖစ္ေစခ်င္လို႔ စကားေလးနဲ႔ ရွင္းေပးေနတာကို ေက်းဇူးတင္ရေကာင္းမွန္းမသိတဲ့ အေၾကာတင္းေလးေတြ။

" မင္းတို႔ပုံစံက ငါ့ညီမအႀကိဳက္ပုံမဟုတ္လို႔ ေျပာေနတာကြ "

အသံလာရာကို ၾကည့္လိုက္ေတာ့ သူတို႔ ၃ ေကာင္ရဲ့ ေနာက္မွာရပ္ေနတဲ့ မ်က္ႏွာတည္နဲ႔ လန္ဘား ၃ ေယာက္ကို ေတြ႕လိုက္ရတယ္။ အရပ္အေမာင္းနဲ႔ ႐ုပ္တည္ႀကီးေတြကို ၾကည့္ၿပီး ေကာင္ေလးေတြက နည္းနည္းေတာ့ ရြံ႕သြားေပမယ့္ ဟန္ကိုယ့္ဖို႔လုပ္ဆဲ။

" အစ္ကိုတို႔ကေရာ သူရဲေကာင္းဝင္လုပ္တာပဲလား "

" ငါ့ကို ျမင္ဖူးလား .. ေသခ်ာၾကည့္ "

ခ်န္းေယာလ္က ေရွ႕တိုးၿပီးေျပာေတာ့ ေကာင္ေလးတစ္ေယာက္က စဥ္းစားသလိုလုပ္တယ္။ ၿပီးေတာ့ ..

" Loey .. ပတ္ခ်န္း ... ေယာလ္ "

" ဒီကေလးမ နာမည္ကဘယ္သူ .. "

" ယူ ဟီး .. ပတ္ "

" အင္း .. မွန္တယ္။ ဒီေက်ာင္းကဆိုရင္ေတာ့ သူတို႔ ၃ ေယာက္ကိုလည္း ေကာင္းေကာင္းသိမွာေပါ့ "

ေနာက္ကပါလာတဲ့ ဆယ္ဟြန္းနဲ႔ဂ်ဳံအင္ကို တစ္ခါ၊ ယူဟီးေဘးက ဘတ္ဟၽြန္းကိုတစ္ခါ ၾကည့္ရင္း memory ကို recall ေခၚသလို လုပ္ေနတဲ့ ေကာင္ေလးေတြကို စိတ္ေတြမရွည္ခ်င္ေတာ့။ 

" စီနီယာ ဆယ္ဟြန္း၊ စီနီယာ ဂ်ဳံအင္ .... ဒါက စီနီယာခ်န္းေယာလ္ဆို ဒါက စီနီယာ ဘတ္ .. ဟၽြန္း ... "

" သိေသးသားပဲ .. "

မသိလို႔လည္း မရဘူး။ ဒီ ၄ ေယာက္က ေက်ာင္းမွာ အတြဲလိုက္ႀကီး နာမည္ႀကီးတယ္။

ႏွစ္တိုင္းဗိုလ္စြဲေနတဲ့ ဘတ္စကတ္ေဘာအသင္းရဲ့ လက္ေရြးစင္ ၃ ေယာက္။ ေက်ာင္းတစ္ဖက္နဲ႔ Loey Trading ကို ဦးေဆာင္ေနတဲ့ ပတ္ခ်န္းေယာလ္။ Engineering ေက်ာင္းသားေတြနဲ႔ ရန္ျဖစ္တဲ့ပြဲမွာ ႐ုပ္ကေလးနဲ႔မွမလိုက္၊ တစ္ေယာက္တည္းနဲ႔ ေက်ာင္းသား ၅ ေယာက္ကို ၅ ရက္ေလာက္ မစားနိုင္ေအာင္ ေကၽြးသြားတယ္ဆိုၿပီး ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားတဲ့ ေျဗာင္ဘတ္ဟၽြန္း။ ႐ုပ္ရည္နဲ႔ အရပ္အေမာင္းေတြအျပင္ Dancing Kings ၊ မာန၏ႀကီးျခင္း၊ အခ်င္းခ်င္းမွလြဲ တစ္ေလာကလုံးအား ေခ်မိုးေနျခင္း၊ လက္သီးရဲ့ လၽွင္ျမန္ျခင္း စတဲ့ အမ်ိဳးမ်ိဳးေသာ ဂုဏ္ပုဒ္ေတြနဲ႔ ေက်ာ္ၾကားတဲ့ အိုဆယ္ဟြန္းနဲ႔ ဂင္ဂ်ဳံအင္။

ဒီလူေတြက အေနမွန္သလို ဘယ္သူမွ သြားေက်ာလို႔လည္း မရဘူးဆိုတာ ဒီေက်ာင္းထဲက လူေတာ္ေတာ္မ်ားမ်ား နားလည္ထားၾကတယ္။ တကယ့္ေခါင္ေတြရဲ့ ညီမကိုမွ သြားရိမိတဲ့အခါ အခုေတာ့ ေျပးေပါက္မွားတဲ့ ယုန္ေလးေတြလိုပဲ။

" ဒီေလာက္ဆို ငါ့ညီတို႔ သြားလို႔ရၿပီလား "

" ေနာက္ သူ႔အနားမွာ မျမင္ခ်င္ဘူးေနာ္ "

ခ်န္းေယာလ္စကားအဆုံး အၿမီးေတာင္ မျမင္ရေလာက္ေအာင္ လစ္ေျပးသြားတဲ့ ေကာင္ေလးေတြကို ၾကည့္ၿပီး ယူဟီးက တဟားဟား ေအာ္ရယ္ေတာ့တာ။

" ေအး .. အဲ့မွာရယ္ေနလိုက္ "

" ငါ့အစ္ကိုေတြရဲ့ ႐ုပ္တည္ႀကီးေတြကို မထင္မွတ္ဘဲ ေတြ႕လိုက္ရေတာ့ အံ့ၾသသြားလို႔ပါ။ မထင္ရဘူး။ ရွိန္ရသားပဲ "

သူရယ္မယ္ဆိုလည္း ရယ္ခ်င္စရာ။ ဘယ္အခ်ိန္မဆို ၄ ေယာက္သား ေတြ႕တာနဲ႔ေျဗာင္းဆန္ၿပီး တလြဲေတြခ်ည္း ေျပာဆိုေနၾကတာကို အျမဲျမင္ေနရာက ခုလို ႐ုပ္တည္ႀကီးေတြ ျမင္လိုက္ရေတာ့ အံ့ၾသတာအျပင္ ရယ္ခ်င္လာတာကလည္း အမွန္အကန္။

အစ္ကို ၄ ေယာက္ၿခံရံၿပီး ယူဟီးကို အတန္းထဲအထိ အေရာက္လိုက္ပို႔ေပးေတာ့ ဝိုင္းၾကည့္တဲ့သူေတြကၾကည့္။ ယူဟီးက ရွက္လို႔ပါဆိုၿပီး ေက်ာပိုးအိတ္နဲ႔ မ်က္ႏွာကို ကြယ္လိုက္တဲ့အခါ ကြယ္ထားတဲ့ ေက်ာပိုးအိတ္ကိုပါ ဆယ္ဟြန္းက ဆြဲယူၿပီး လူကိုတြန္းလႊတ္ကာ ေရွ႕ကေလၽွာက္ခိုင္းေတာ့ ေျခတေဆာင့္ေဆာင့္နဲ႔။

သြားေနရာကေန လက္အုပ္ေလး လွည့္ခ်ီရင္း အစ္ကိုေတြကို ျပန္ဖို႔ေတာင္းပန္လည္း ၄ ေယာက္က ေခါင္းမာဆဲ။ အဲ့လိုနဲ႔ပဲ တြန္းထိုးေနရင္း အတန္းထဲထိ ေရာက္သြားေတာ့တယ္။

" သူတို႔လုပ္တာနဲ႔ ငါဒီတစ္သက္ ရည္းစားရပါဦးမလား မသိဘူး "

အတန္းထဲအဝင္ ေျပာသြားတဲ့ ပြစိပြစိအသံကို ၾကားျဖစ္ေအာင္ၾကားလိုက္တဲ့ ၄ ေယာက္ရဲ့ ေအာ္သံက ေက်ာင္းဝင္းထဲအထိ ပ်ံ႕ႏွံ့လာတယ္။

" ပတ္ယူဟီးးးးးးးးး "







         
ခရီးထြက္ဖို႔ မနက္ေစာေစာ ေက်ာင္းေရွ႕မွာပဲ လူစုၾကတယ္။ ဘတ္ဟၽြန္းက အရင္ဆုံးေရာက္လာၿပီး ေနာက္က် ဂ်ဳံအင္နဲ႔ဆယ္ဟၽြန္းတို႔ပါ အသီးသီးေရာက္လာၾကတယ္။ မၾကာခင္ တျဖည္းျဖည္း လူေတြစုံလာၾကၿပီး ပတ္ဝန္းက်င္က ခရီးထြက္မယ့္ ေက်ာင္းသားေတြရယ္ ပုံမွန္ေက်ာင္းတက္မယ့္ ေက်ာင္းသားေတြရယ္နဲ႔ စည္ကားလာေတာ့တယ္။

ခ်န္းေယာလ္ မေရာက္ခင္ ဘတ္ဟၽြန္းက သူတို႔စီးရမယ့္ ကားေတြနဲ႔ ကိုယ္နဲ႔ တစ္သင္းတည္းက်တဲ့ အဖြဲ႕သားေတြကို တစ္ခါတည္း လိုက္ၾကည့္ထားၿပီး အဆင္သင့္ျဖစ္ေအာင္ လုပ္ထားေပမယ့္ အခ်ိန္နီးကပ္တဲ့အထိ ခ်န္းေယာလ္က ေရာက္မလာေသးဘူး။

အလုပ္ကိစၥ အေရးႀကီးေနလို႔ oversea မ်ား ထြက္သြားေလသလား၊ အစည္းအေဝးခန္းထဲမ်ား ေရာက္ေနမလား၊ လာေနတုန္း လမ္းမွာ ကားမ်ားေမာင္းေနမလားဆိုတဲ့ အေတြးနဲ႔ ဖုန္းေခၚဖို႔လည္း တြန႔္ဆုတ္ေနျပန္တယ္။

" ေျဗာင္ဘတ္ဟၽြန္း  "

" ေျဗာင္ဘတ္ဟၽြန္း .. "

" ေဟ့ေကာင္ .. မင္းနာမည္ေခၚေနတယ္ "

" ေရာက္ပါၿပီ ဆရာ "

လူစစ္ေနတဲ့ ဆရာက နာမည္ေခၚေနတာေတာင္ မၾကားေတာ့ ေဘးက ဂ်ဳံအင္က သတိေပးရတယ္။

" ခ်န္းေယာလ္ မလာေသးဘူးလား "

" အင္း .. "

" အဆက္အသြယ္မရဘူးလား "

" အင္း .. "

ဘတ္ဟၽြန္း မ်က္ႏွာသိပ္မေကာင္းတာနဲ႔ ဂ်ဳံအင္လည္း ဆက္မေမးေတာ့ဘဲ ဖုန္းလွမ္းဆက္ေတာ့ စက္ပိတ္ထားပါတယ္နဲ႔ တိုးတယ္။

" ပတ္ခ်န္းေယာလ္ "

" ပတ္ခ်န္းေယာလ္ .. "

" ခ်န္းေယာလ္ မေရာက္ေသးဘူး ဆရာ "

" ဖုန္းဆက္ၾကည့္ဦး။ ၉ နာရီခြဲရင္ထြက္ေတာ့မွာ။ ထပ္မေစာင့္ေတာ့ဘူး "

" ဟုတ္ကဲ့ "

ထပ္ၿပီး ဖုန္းဆက္ေတာ့လည္း လူႀကီးမင္းနဲ႔ပဲ ထပ္တိုးတယ္။

ဝမ္းနည္းတာနဲ႔အတူ စိတ္ပူပန္ျခင္းေတြ ရင္ထဲေရာက္လာေတာ့ သြားရမယ့္ခရီးအေပၚ စိတ္မပါခ်င္ေတာ့ဘူး။ ေက်ာင္းသားေတြ ကားေပၚတက္ဖို႔ စပီကာနဲ႔ ေအာ္ေနသံေၾကာင့္ ဆယ္ဟြန္းက ပုခုံးကိုပုတ္ၿပီး ကားေပၚတက္ဖို႔ သတိေပးတယ္။

ကားေပၚကို ေနာက္ဆုံးတက္တဲ့သူက ဘတ္ဟၽြန္းျဖစ္ေနတာေတာင္ ခ်န္းေယာလ္က ေရာက္မလာခဲ့ဘူး။ ကားေပၚတက္ေနတဲ့အထိ သံေယာဇဥ္မျပတ္နိုင္ေသးဘဲ လည္ပင္းတရွည္ရွည္ျဖစ္ေနတဲ့ ဘတ္ဟၽြန္းကို ယူဟီးကလည္း ေက်ာင္းလမ္းေဘးက အုတ္ခုံမွာထိုင္ရင္း လွမ္းျမင္ေနပါရဲ့။ ညီမျဖစ္သူကို လွမ္းျမင္ေတာ့ လက္လွမ္းျပၿပီး ျပဳံးျပေပမယ့္ အျပဳံးေတြက အသက္မွမဝင္ဘဲ။

ဒီလိုနဲ႔ ေမာင္နဲ႔ အတူသြားရမယ္ဆိုၿပီး ေပ်ာ္ေနတဲ့ စိတ္ကူးေတြက ခရီးအစမွာပဲ အေကာင္အထည္မေပၚခဲ့ေတာ့ စိတ္ႏွလုံးသားေလး ညႇိုးႏြမ္းရတယ္။

ဘယ္အရာမဆို ေမၽွာ္လင့္ခ်က္ႀကီးႀကီးထားတာ မေကာင္းဘူးဆိုတာ သိရက္နဲ႔ အမွတ္မရွိ..။ ကိုယ့္ခ်စ္သူက အလုပ္ရွုပ္တဲ့သူဆိုတာကိုေတာင္ သိရက္နဲ႔ ေမၽွာ္လင့္ၿပီး သူ႔ကို ဝန္ပိုထမ္းေစဦးမတဲ့လား။

ဟိုေန႔က မိန္းကေလးနဲ႔အတူ ထြက္သြားတဲ့ ေမာင့္အျပဳံးေတြကို ျမင္ေယာင္မိျပန္ေတာ့ ေခါင္းကို တစ္ခ်က္ ခပ္ျပင္းျပင္းထုပစ္လိုက္တယ္။ လူမရွိတဲ့ေဘးခုံေပၚ ေက်ာပိုးအိတ္တင္လိုက္ၿပီး သီခ်င္းတစ္ပုဒ္နားေထာင္ရင္း ေဘးကျမင္ကြင္းေတြကိုပဲ ေငးၿပီး လိုက္ပါလာခဲ့လိုက္ေတာ့တယ္။

ဘာမွမတတ္နိုင္တဲ့ အေျခအေနမွာ ဘာမွမေတြးတာဘဲ ေကာင္းတယ္မဟုတ္လား။

မ်က္လုံးေတြကို မွိတ္လို႔ ၾကားေနရတဲ့ စာသားတစ္ခုခ်င္းစီအေပၚ အာ႐ုံစိုက္ထားလိုက္ေတာ့ နားထဲမွာၾကားေနရတဲ့ အသံက ဘယ္အခ်ိန္ျဖစ္ျဖစ္ ဘတ္ဟၽြန္းရဲ့ ႏွုတ္ခမ္းေတြကို ျပဳံးေစတာ။

သီခ်င္းနာမည္က For Life, ေရးတဲ့သူက ေမာင္၊ ဆိုတဲ့ သူကလည္း ေမာင္၊ ပိုင္ရွင္ကေတာ့ ကိုယ္..။

ေမာင္ကလည္း ဘတ္ဟၽြန္းနီရဲ့ ဘဝပါပဲ .. ♡

တေရြ႕ေရြ႕သြားေနတဲ့ ကားေလးက တစ္စုံတစ္ခုေၾကာင့္ တုံ႔ခနဲ ရပ္သြားတယ္။ လူတစ္ေယာက္ ကားေပၚ ေျပးတက္လာၿပီး ေနာက္ဆုံးတန္းရဲ့ေရွ႕ခုံမွာ အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးရဲ့ေဘးမွာ ဝင္ထိုင္လိုက္တာနဲ႔ ကားက ျပန္ေမာင္းထြက္သြားတယ္။

ကားမွန္ကို ေခါင္းမွီၿပီး အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးကို ဇတ္နာမွာစိုးလို႔ ေခါင္းေလးကို အသာဆြဲကာ ကိုယ့္ပုခုံးေပၚ ေနရာခ်ေပးတဲ့အထိ ေကာင္ေလးက မနိုးလာဘူး။ ျပဳတ္က်ေနတဲ့ နားၾကပ္တစ္ဖက္ကို ေကာက္တပ္ၾကည့္ေတာ့ ပါးခ်ိဳင့္ေတြ ေပၚတဲ့အထိ ျပဳံးမိသြားေတာ့တာ..။

ဖုန္းကိုဖြင့္ၿပီး ေျပာလက္စ Conversation တစ္ခုကို စာျပန္ပို႔လိုက္တယ္။

ယူဟီး :
ကိုကိုဘတ္ဟၽြန္းနီး မ်က္ႏွာမေကာင္းဘူး - 9:31AM

ေက်းဇူးပဲ .. ကိုကိုအခု သူ႔ေဘးမွာ - 10:10AM








---- NOSTALGIA ----






ဒီအပိုင္းအထိကိုေလ ခ်န္းေယာလ္နဲ႔ဘတ္ဟၽြန္း ႏွစ္ေယာက္မွာ ဘယ္သူက ပိုခ်စ္တယ္လို႔ထင္လဲဟင္.. ?

13.4.2020(Monday)

Republish
3.4.2022 (Sunday)
.
.
.
.



.
.
.
.


.
.

Continue Reading

You'll Also Like

57.6K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
565K 34.7K 69
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
66.4K 17.3K 59
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
Blue 💙 By 💙

Short Story

125K 22.5K 23
[ Blue] ခ်စ္တယ္ေနာ္ ျငင္းပါတယ္ခင္ဗ် [ 👤 ]