LOVE FIGHT [ ChanHun OTP ]
By Poe_Poe_Pouk_Pouk
31.7K 3.9K 879
Fight - 1
Fight - 2
Fight - 3
Fight - 4
Fight - 5
Fight - 6
Fight - 7
Fight - 8
Fight - 9
Fight - 10
Fight - 11
Fight - 12
Fight - 13
Fight - 14
Fight - 15
Fight - 16
Fight - 17
1.2K 101 14
By Poe_Poe_Pouk_Pouk
ဘာလီတွေ ပတ္တရားတွေနဲ့ရန်ဖြစ်ခဲ့ကြသူ
နှစ်ယောက်ဟာအခုဆိုရင်တော့ဖြင့်
ဂျယ်ဂျူကျွန်းမှာသောင်တင်နေကြပြီဖြစ်သည်။
ဘတ်ခ်ဟျွန်းနဲ့ဂျုံအင်ဦးဆောင်လို့
ဆိုင်ရာသူငယ်ချင်းတွေကိုခေါ်လာသည်မို့
ချန်းယောလ်နဲ့ဆယ်ဟွန်းမှာမျက်နှာချင်းဆိုင်
အကြည့်ချင်းထိုးစစ်ဆင်နေကြလေရဲ့။
" နှစ်ယောက်ခန်း ၂ခန်းပေးပါ....... "
တစ်ယောက်နှင့်တစ်ယောက်လောင်းကျွမ်းပြီး
ပြာကျတော့မတတ်ကြည့်နေတဲ့ပြတ်ဆဲပြီဟု
ကြွေးကျော်ထားကြတဲ့နှစ်ယောက်ကိုကြည့်ရင်း
ဘတ်ခ်ဟျွန်းခေါင်းတခါခါနှင့်တွေးမိသည်။
* စောင့်ပိုတွေ *
ပြီးရင်ကိုကိုရေ.....ဟွန်းလေးရေပြန်ဖြစ်မယ့်
အကြောင်းမသိတာကျလို့........
" ရော့.....ကိုကိုရေသွားကြရအောင်...... "
" ဘယ်.....ဘယ်ကိုသွားမှာလဲ....... "
အခန်းသော့တစ်ချောင်းကိုသူ့ဆီပစ်ပေးပြီး
ဂျုံအင့်လက်ဆွဲကာထွက်သွားတော့မည့်
ဘတ်ခ်ဟျွန်းကိုဆယ်ဟွန်းအသည်းအသန်
လှမ်းဆွဲထားရသေးသည်။
" ဘယ်ကိုသွားရမှာလဲ.......အခန်းထဲလေ.....
မင်းတို့ကိုလည်းအခန်းသော့ပေးပြီလေ...... "
" ရူးနေလို့ဒီလူနဲ့တစ်ခန်းတည်းအတူနေရမှာလား။ "
" ငါတို့ကဘာလို့အတူနေရမှာလဲ။ "
ပြိုင်တူထွက်လာတဲ့စကားသံ......
ဘတ်ခ်ဟျွန်းစိတ်ပျက်လက်ပျက်နှင့်
သက်ပြင်းလေးလေးချမိသည်။
" အဲ့တော့ငါကမင်းရည်းစားနဲ့တစ်ခန်းတည်း
နေရမှာလား.......ဘာ......ဘာလဲအဲ့အကြည့်က...
ငါ....ငါကမင်းရည်းစားနဲ့တကယ်ကြီးနေရမှာ
လား......ရား.....အိုဆယ်ဟွန်း........ "
ဘတ်ခ်ဟျွန်းအသားတွေပါတဆတ်ဆတ်တုန်တယ်။
ငုံးဥကောင်.......ရွဲ့ပြောကာမှကြည့်တဲ့
အကြည့်ကိုကတကယ်နေဆိုတဲ့ပုံနဲ့.....
ချီးတောင်မနေဘူး ငုံးဥကောင်ရဲ့........
" ကဲ.....ကဲ......တော်ပါတော့ ဟျွန်းရယ်.....
ကိုကိုပြောပါ့မယ်.....စိတ်လျှော့နော်...... "
မျက်စောင်းတဒိုင်းဒိုင်းနှင့်ထသတ်တော့မလို
ဖြစ်နေတဲ့သူငယ်ချင်းနှစ်ယောက်ကိုကြားထဲက
ဂျုံအင်ကပြန်ဖြန်ဖြည်ပေးနေရသည်။
" စိတ်လျှော့လို့ရမလား ကိုကိုရဲ့.......
ငုံးဥကောင်က Vi Vi စကားပြောနေတယ်လေ "
" မင်းပဲငါမလိုက်လို့မရဘူးဆိုလို့
လိုက်လာပေးတယ်လေ......အခုကျတော့
သူများလက်ထဲထိုးကျွေးနေတာများ
လူကြားလို့တောင်မကောင်းဘူး....... "
" ကဲ.....ကဲ......သူငယ်ချင်းနှစ်ယောက်ရန်မဖြစ်
ကြပါနဲ့တော့.......အစ်ကိုကချန်းယောလ်နဲ့
တစ်ခန်းနေလိုက်မယ်......ဆယ်ဟွန်းကဟျွန်းနီနဲ့
တစ်ခန်းအတူနေလိုက်ကြပေါ့....... "
ရန်ဖြစ်နေကြတဲ့သူငယ်ချင်းနှစ်ယောက်ကို
ကြားထဲကဂျုံအင်ကဘဲအဆင်ပြေအောင်
ညှိနှိုင်းပေးရသည်။
ပတ်ခ်ချန်းယောလ်ကိုယ်တိုင်ကပင်သူနဲ့
မဆိုင်သလိုမျက်နှာလွှဲလို့ဆူပုတ်နေတာ
မဟုတ်လား။
" ဘာလို့နေရမှာလဲ ကိုကိုရာ.....တမင်တကာ
အတူနေချင်လို့တောင်ခရီးထွက်လာတဲ့ဟာကို "
" အရှက်မဲ့လိုက်တာ.......လက်မထပ်ရသေးဘဲ
ရည်းစားနဲ့အတူနေချင်လို့ခရီးထွက်လာသတဲ့ "
" ရား.....မင်းရန်မစနဲ့နော်....... "
ခပ်တိုးတိုးပြောလိုက်တဲ့ဆယ်ဟွန်းရဲ့စကား
ကြောင့်ဘတ်ခ်ဟျွန်းဒေါသပိုတိုးရသည်။
" မင်းတို့တစ်ခန်းနေလိုက်......ငါတို့က၂ယောက်
ခန်းပြန်အပ်ပြီး ၁ယောက်ခန်း နှစ်ခန်းယူလိုက်မယ် "
နောက်ဆုံးမနေနိုင်တော့သည့်ချန်းယောလ်ကဘဲ
စကားနည်းရန်ဆဲဝင်စီစဥ်လိုက်ရသည်။
စိတ်ပုပ် အူပုပ်နဲ့သူ့ရည်းစားဟောင်းအကြောင်း
သူသာလျှင်အသိဆုံးမဟုတ်လား။
" အစောကြီးကတည်းကအဲ့လိုလုပ်လိုက်ရင်
ပြီးနေပြီကို သက်သက်ရန်လာစနေတယ်.... "
သော့ပြန်လဲပြီးလာတဲ့ချန်းယောလ်လက်ထဲက
သော့တစ်ချောင်းယူလို့မျက်စောင်းထိုးကာ
ထွက်သွားတဲ့ဆယ်ဟွန်း......
ချန်းယောလ်ကတော့ဒေါသတွေနှင့်
ခုန်ပေါက်ကျန်ခဲ့လေရဲ့။
စိတ်ထဲတွင်လည်းဒီလိုစောင့်ကြောတင်းကို
ဘာလို့များဖူးဖူးမှုတ်ချစ်ခဲ့သနည်းဟု
ကိုယ့်ရင်ဘတ်ကိုယ်ထုလို့ရင်ခံနေသတဲ့။
" စိတ်လျှော့ပါ ချန်းယောလ်ရယ်.........
မင်းနေနိုင်တာလည်းမဟုတ်ပဲနဲ့........ "
ပခုံးကိုအားပေးသလိုပုတ်ကာထွက်သွားတဲ့
အနှီကောင်ဂျုံအင်ကြောင့်ချန်းယောလ်မှာ
ဒေါသထွက်လို့လောင်ပြီးကျန်ခဲ့လေရဲ့။
" လူကိုများစော်စော်ကားကား.......နေနိုင်တယ်
ကွနေနိုင်တယ်......ဒင်းကိုငါဒီတစ်သက်ပြန်တွဲ
မိရင်ပင်လယ်ထဲခုန်ချပြီးသတ်သေပလိုက်မယ်။
မင်းတို့ကရော........ဘာလာကြည့်နေတာလဲ..... "
တစ်ယောက်တည်းစကားတွေပြောနေတဲ့
ချန်းယောလ်ဟာထူးဆန်းသလိုဝိုင်းကြည့်နေ
ကြတဲ့ဟိုတယ်ဝန်ထမ်းလေးတွေကိုအော်ဟစ်
ကာထွက်သွားပြန်လေရဲ့။
တစ်ယောက်တစ်ခန်းစီဝင်သွားကြတဲ့
ချန်းယောလ်နဲ့ဆယ်ဟွန်းသည်ခပ်လှမ်းလှမ်းမှ
လှမ်းကြည့်နေခဲ့သူကိုသတိမထားမိခဲ့ပေ။
" ကံတရားကကိုယ့်ကိုမျက်နှာသာပေးပြီ
ထင်ပါရဲ့......ကောင်းကောင်းအနားယူပါ
အိုဆယ်ဟွန်း.....ကိုယ့်ရဲ့ချစ်သူဖြစ်လာမယ့်
ကောင်လေးလို့ပြောရမှာပေါ့......ဟက်...... "
မူပိုင်ပါးချိုင့်တစ်ခုထင်းလို့မျက်မှန်ကို
ပြန်တပ်ရင်းကမ်းခြေဘက်ကိုထွက်လာသည်။
သူစီစဥ်ရမှာတွေအများကြီးရှိတယ်မဟုတ်လား။
အခန်းတစ်ခန်းစီမှကောင်လေးနှစ်ယောက်ကတော့
ဖြစ်လာမည့်ကိစ္စတွေကိုမသိပါဘဲစိတ်အေး
သက်သာစွာအနားယူနေကြလေရဲ့။
" အဲ့ဘဝင်ရူးငကြွားကောင်လောရှည်ကို
ဒီတစ်သက်လုံးဝပြန်မတွဲဘူး........ "
ဤသည်ကားဆယ်ဟွန်းရဲ့ကြွေးကြော်သံဖြစ်ပြီး
" ဒင်းလိုငချေကောင်ကိုဘာတွေများအရူးအမူး
ဖြစ်ခဲ့တယ်ဆိုတာစဥ်းစားလို့ကိုမရဘူး....... "
ပတ်ခ်ချန်းယောလ်ကတော့မေးခွန်းပေါင်း
သောင်းခြောက်ထောင်နဲ့ဆယ်ဟွန်းအကြောင်း
မစဥ်းစားရမနေနိုင်ပေါင်ဖြစ်နေသတဲ့။
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့သူတို့ကရော
တကယ်ပဲပြတ်ဆဲမည်အထိစိတ်ပြတ်
နိုင်ပြီလို့ထင်ကြရဲ့လား။
တစ်ခါတစ်ရံမှာကိုယ်တိုင်တောင်မသိလိုက်
မိပါဘဲမင်းအကြောင်းလေးတွေကနှလုံးသား
ထဲအချိန်ပြည့်နေရာယူထားပြန်တယ်။
အဲ့လောက်ထိတောင်မင်းကို ကိုယ်က
ယစ်မူးမိပါတယ်။
########################################
တိုသွားပေမယ့်လည်းခွင့်လွှတ်ပါ😁
အိပ်ချင်စိတ်ကိုမလွန်ဆန်နိုင်လို့ပါ။
ချစ်တယ်❤️
Continue Reading
You'll Also Like
278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
83.5K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
4.7K 248 32
Born into a strange pairing Jaune is the Natural Born son of Roboutte Guilliman and Yvraine, This union would make the Imperium stronger during their...