ချစ်သူ့ နတ်ဘုရား〖 Completed 〗

By NgaChaukMaKyikeBuu

135K 15.7K 535

Translation Status : Completed This is the Burmese translation of HDS Arc 9. I translated this arc from Engli... More

9.1
9.2
9.3
9.4
9.5
9.6
9.7
9.9
9.10
9.11
9.12
9.13
9.14
9.15
9.16
Where to Find Other Arcs

9.8

5.6K 1K 27
By NgaChaukMaKyikeBuu

<Unicode>

ကန်းစ်မြို့တော်သည် ယီအင်ပါယာ၏ မြို့တော်အနေနှင့်ရော ကျွန်းစုအတွင်း အကြွယ်ဝဆုံး မြို့တစ်မြို့အနေနှင့်ပါ နတ်ဘုရားအများစုနှင့် ၎င်းတို့အား ကိုးကွယ်သူများအတွက် အိမ်လိုပင် ဖြစ်သည်။ မြို့ထဲ မြို့တွင်း ဝင်လိုလျှင် စစ်နတ်ဘုရားနှင့် ယီ ဘုရင်၏ ခွင့်ပြုမိန့်ရမှ ဝင်ခွင့်ရှိသည်။ ဝင်ခွင့်မရသော နတ်ဘုရားများမှာ ပုန်းလျှိုးကွယ်လျှိုးနှင့် အချိန်အတော်ကြာ နေရသည်။ နတ်ဘုရား ကောင်းချီးရရှိထားသူ ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ စစ်နတ်ဘုရား ပိုင်နက်အတွင်း ဝင်လာမိသူတိုင်းကို စစ်နတ်ဘုရားက သတိပြုမိပြီး ဖြစ်သည်။

စစ်နတ်ဘုရားသည် သူ၏ ကလေးများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာသော နတ်ဘုရားများမှအပ နှင်ထုတ်လေ့မရှိပေ။ စစ်နတ်ဘုရား စောင့်ကြည့်မှုအောက်တွင် နတ်ဘုရားများကလည်း မိုက်ကန်းကန်း ဆက်တိုးဝင်လေ့မရှိ။

ကန်းစ်မြို့တော်တွင် နတ်ဘုရားပေါင်းစုံ နေထိုင်ကြသော်ငြား လူ့မြင်ကွင်းပေါ်လာတတ်သော နတ်ဘုရားများမှာ ရှားပါးသည်။ ရှန့်ခယ်ကဲ့သို့ သူ၏ ကိုးကွယ်သူများကို ဖေးမစောင့်ရှောက်ပေးသော နတ်ဘုရားမှာ ပို၍ပင် ရှားပါးသေးသည်။ နတ်ဘုရားများသည် ပူဇော်ပသမှု ကောင်းမွန်မှုနှင့် စိတ်နှင့်ရင်းကာ ရိုသေကြသူများ ရှိမှသာ ကောင်းချီးပေးတတ်ကြတာဖြစ်သည်။ ၎င်းတို့ ကိုးကွယ်သူများကို တွယ်တာမှုများ မရှိတတ်ကြပေ။ ပြောရလျှင် စီးပွားရေး အရောင်းအဝယ်ကဲ့သို့ ဆက်ဆံရေးမျိုးသာ ထားတတ်ကြသည်။ အထူးသဖြင့် နတ်စွမ်းအင်မဖြုန်းပစ်ချင်ကြသော အဆင့်နိမ့်နတ်ဘုရားများအနေနှင့် ၎င်းတို့ ကိုးကွယ်သူများ၏ ဆုတောင်းမှုများကို ဆယ်ပုံတပုံ တုံ့ပြန်ပေးတာတောင် ကောင်းလွန်းနေပြီဟု ဆိုရချေမည်။

ထို့ကြောင့်လည်း စစ်နတ်ဘုရားသည် ရှုမျိုးစုအတွက် ရှန့်ခယ် ဟိုပြေးဒီပြေးလုပ်နေသည်ကို မြင်သောအခါ စိတ်တွင်း သံသယပွားလာရသည်။ သူတွေးထားသည်က မကောင်းမှုနတ်ဘုရားသည် အခြားသူများအတွက် ကိုယ်ကျိုးမငဲ့ပဲ ကူညီမည့် အစားမျိုးမဟုတ်ပေ။ နတ်ဘုရားများ၏ ကျေးဇူးနာမတော်သည် ၎င်းတို့ ဖြစ်တည်လာကတည်းက ကြိုတင်ဆုံးဖြတ်ပြီးသား ဖြစ်ကာ နှစ်ဘယ်လိုကြာကြာ ပြောင်းလဲမရနိုင်ပေ။

သို့သော် ယခုလက်ရှိ မကောင်းမှုနတ်ဘုရားကား လွန်ခဲ့သော နှစ်တစ်ထောင်တုန်းကနှင့် လွန်စွာ ခြားနားနေခဲ့သည်။ အသိသာဆုံး ပြောင်းလဲမှုကတော့ သူ၏ မျက်နှာဖုံး ဖြစ်သည်။ မူလက ဆိုးယုတ်မှု၏ ပြယုဂ်ဖြစ်သော မျက်နှာဖုံးသည် ယခုတော့ မကောင်းမှုနတ်ဘုရား၏ အတွေးများကို ညွှန်းဆိုဖို့ ဖြစ်နေခဲ့သည်။ သူ၏ စိတ်တွင်း ခံစားချက်များအကုန်လုံးကို မျက်နှာဖုံးက ဖော်ပြနေခဲ့သည် - ပွင့်လင်းမှု၊ ပျော်ရွှင်မှု၊ မျှော်လင့်ချက်များ၊ စိတ်အေးချမ်းသာမှု...ဤ အချက်အလက်များသည် မကောင်းမှုနတ်ဘုရားတစ်ပါးတွင် ရှိရမည့် စွမ်းရည်များ မဟုတ်ချေ။

ရှန့်ခယ်က တရားခံရှာနေခဲ့သလို စစ်နတ်ဘုရားကလည်း သူ့ကို ဆက်တိုက် စောင့်ကြည့်စစ်ဆေးနေခဲ့သည်။ သူ ဟန်ဆောင်နေတာလား အမှန်တကယ် စိတ်ပါလက်ပါ လုပ်နေခဲ့သလားဆိုတာကိုလည်း စစ်နတ်ဘုရား ခွဲခြားသိမြင်ခဲ့လေသည်။

ငါးရက်ခန့်ကြာသောအခါ တီမာ့ အခြေအနေမှာ ပို၍ ဆိုးဝါးလို့ လာ၏။ ရှန့်ခယ်သည်လည်း သူမအား သတ်ဖို့ ကြိုးစားနေသော တရားခံမမှာ ထင်ထားသည့်အတိုင်းပင် ကပွဲပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သော ကုသမှုနတ်ဘုရား၏ ကြာနွယ်မျိုးစုမှ မိန်းမပျို ခိုင်လန်မှန်း ရှာတွေ့ခဲ့သည်။

ကုသမှုနတ်ဘုရားသည် ကျန်းမာရေးကို အစိုးရပြီး နာမကျန်းဖြစ်စေတာမျိုးမဟုတ်ပဲ ရောဂါကုသပေးစွမ်းရှိသော နတ်ဘုရားတစ်ပါးဖြစ်နေရာ ရှန့်ခယ်အစက မသေမချာ ဖြစ်နေသေးသည်။ ထို့ကြောင့် ပထမ တရားခံစစ်ထုတ်ချိန်တွင် သူ့ကို ဖယ်ထားခဲ့သည်။ သို့သော် အကြိမ်ကြိမ် စစ်ဆေးပြီး ဆာရာ့ထံမှ သတင်းအချက်အလက်များနှင့် တိုက်စစ်ပြီးချိန် နောက်ဆုံးတွင်တော့ သူ ကုသမှုနတ်ဘုရားအတွက် ဓားသွေးထားလိုက်တော့သည်။

ဆာရာ့ စကားအရဆိုလျှင် ကုသမှုနတ်ဘုရားသည် ၎င်းအား ကိုးကွယ်သူ၏ ဝေဒနာကို တန်းပျောက်အောင် ကုသတာမျိုး မဟုတ်ဘဲ အပြင်လူများဆီ ရောဂါဖြန့်ဝေပေးလိုက်ပြီး ပျက်ပြယ်သွားစေတာ ဖြစ်သည်။ ရောဂါကြီးလေလေ ဖြန့်ဝေပစ်သည့် လူများလေလေဖြစ်ကာ ရောဂါ ပျောက်မည့်အချိန်ကလည်း လူအရေအတွက်ပေါ်တွင် မူတည်လေသည်။ ပုလိပ်ကဲ့သို့ ကူးစက်ရောဂါမျိုးကိုတော့ ဤ နည်းလမ်းဖြင့် ကုသမရနိုင်ပေ။

ကုသမှုနတ်ဘုရား၏ ကိုးကွယ်သူများကား ၎င်းတို့နတ်ဘုရားအစွမ်းသည် ရောဂါဖြန့်ဝေခြင်းမှ လာမှန်းမသိကြချေ။ သိပ်မကြာသေးခင်ကပင် အတူပါလာသော ကြာနွယ်မျိုးစုမှ လူများသည် ပတ်ဝန်းကျင်နှင့် နေသားမကျနိုင်ခြင်းတို့ကြောင့် ဖျားနာကုန်ကြသည်။ ခိုင်လန်သည် သူမမျိုးနွယ်စု ပြန်ကျန်းမာလာဖို့ ကုသမှုနတ်ဘုရားထံ ဆုတောင်းရင်း 'ရောဂါ ဖြစ်တာ တီမာဖြစ်ရင် သိပ်ကောင်းမှာပဲ' ဟု အမှတ်တမဲ့ ပြောမိခဲ့သည်။

ကုသမှုနတ်ဘုရားသည် သူမ၏ ဆုတောင်းစကားကိုကြားကာ ထိုလူတို့၏ ဖျားနာခြင်းကို တီမာထံ ဖြန့်ဝေပစ်ကာ သူမအား အပြင်းဖျားစေခဲ့သည်။

ရှန့်ခယ်က ဒေါသတကြီးနှင့် စစ်နတ်ဘုရားအား ပြောသည် "ခင်ဗျားရဲ့ ဘာသာတရား ကိုင်းရှိုင်းပါတယ်ဆိုတဲ့ နတ်ဘုရားအုပ်စုကြီးကို ကြည့်စမ်း ဗီလိန်လုပ်တဲ့ နေရာမှာ ကျွန်တော့်ကိုတော့ မရှုံးသေးဘူးပဲ"

စစ်နတ်ဘုရားက သူနဲ့မဆိုင်သလိုပင် ပြောသည် "အဲ့တော့ မင်းအခု ဘာလုပ်ဖို့ စီစဥ်ထားလဲ"

"သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်တောင်းရမှာပေါ့လေ"

စစ်နတ်ဘုရားက 'လုပ်ရဲလား' ဟူသော အကြည့်ဖြင့် ကြည့်လာသည် "ငါ့ ပိုင်နက်ထဲမှာ သတ်ဖြတ်မှုတွေနဲ့ ကျိန်စာတွေကို ခွင့်မပြုထားဘူး"

"ကုသမှုနတ်ဘုရားရဲ့ လုပ်ရပ်ကရော ကျိန်စာတိုက်တာနဲ့ ဘာကွာနေလို့လဲ" ရှန့်ခယ်က ခပ်စိန်းစိန်းကြည့်သည်။

"သူလုပ်လိုက်တာက ရောဂါလေး ဖြန့်လိုက်တာ တစ်ခုထဲရယ်" စစ်နတ်ဘုရားသည် ထိုင်ခုံပေါ်မှီချ၍ ခေါင်းအောက် လက် ခံကာ ရှန့်ခယ်ဘက် စောင်းကြည့်သည်။ "ဒါပေမဲ့ မကောင်းမှုနတ်ဘုရားရဲ့ ကျိန်စာကတော့ ဒုက္ခပေါင်းစုံ ခေါ်ချလာမှာလေ"

"ဓားဆိုတာ သတ်ဖြတ်ဖို့အတွက် တူရိယာတစ်ခု ဒါပေမဲ့ တရားမှုအတွက် တိုက်ခိုက်တာလား မတရားမှုအတွက် တိုက်ခိုက်တာလား ဆိုတာကတော့ ဓားပေါ်မှာ မူတည်မနေဘူးလေ သုံးတဲ့သူအပေါ်မှာပဲ မူတည်တယ်" ရှန့်ခယ်က ဆာရာ့ခါးမှ ဓားကို ညွှန်ပြကာ မေးသည် "စစ်နတ်ဘုရားတစ်ပါးအနေနဲ့ ခင်ဗျားလက်ထဲက ဓားက လူသတ်ဖို့လား ဒါမှမဟုတ် လူတွေကို ကာကွယ်ဖို့လား"

စစ်နတ်ဘုရား တိတ်ဆိတ်သွားသည်။

ရှန့်ခယ်က လှည့်၍ စစ်နတ်ဘုရားအား ခါးကိုင်းကာ ရိုရိုသေသေ ဦးချသည်။ သူ၏ မျက်နှာဖုံးထက်မှ ကြမ်းကြုတ်သော ရုပ်သွင်မှာလည်း နူးညံ့ကာ တည်ငြိမ်ပုံ ရလာသည်။ "ဆာရာ ငါဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ငါ မဟုတ်တော့ဘူး ငါ့ လူတွေ အခု ထိခိုက်နေရတဲ့အချိန် ငါ့မှာလည်း သူတို့အတွက် တိုက်ခိုက်ခွင့် အပြည့်အဝရှိသင့်တယ် မထင်ဘူးလား"

ထိုသို့ ပြောပြီးချင်း ရှန့်ခယ်သည် ဆာရာ့မျက်စိအောက်မှ ပျောက်ကွယ်သွားလေသည်။

စစ်နတ်ဘုရား၏ အကြည့်များသည့် ရှန့်ခယ် ရှိနေခဲ့သော နေရာသို့ အချိန်အတော်ကြာရောက်နေခဲ့ပြီးနောက် သူ့ရုပ်သွင်သည်လည်း ထိုင်ခုံပေါ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ရှန့်ခယ်သည် ကြာနွယ်မျိုးစု၏ နေထိုင်ရာဆီသွားကာ သူ၏ နတ်စွမ်းအင်သုံး၍ ကုသမှုနတ်ဘုရားနှင့် ညှိနှိုင်းဖို့ ကြိုးစားသည်။ သို့သော် တဖက်လူ၏ သဘောထားသည် ရှန့်ခယ်နှင့် ဖက်၍အဆင့်နိမ့်ကျစရာမလိုသည့်အလား အေးစက်စက်နှင့် အဖက်ပြန်မလုပ်ပေ။

ရှန့်ခယ်လည်း အရေးမပါသည့် စကားများပြောမနေတော့ပဲ ကြာနွယ်မျိုးစုအား အိပ်မက်ဆိုးနှင့် မျက်မမြင်ခြင်း ကျိန်စာနှစ်မျိုး တိုက်လိုက်သည်။ မျက်မမြင်ခြင်းသည် လူတွေကို အလင်းပျောက်စေပြီး အိပ်မက်ဆိုးများသည် လူတို့အား ကြောက်ရွံဖွယ် အိပ်မက်များထဲ ကျရောက်စေသည်။ သူ၏ လက်ရှိ အစွမ်းအရ ကျိန်စာကို အချိန်ရှည်ကြာအောင် ဆွဲမထားနိုင်သော်လည်း ဆက်တိုက်တော့ ကျိန်စာစွမ်းမြှင့်ပေးနေနိုင်သေးသည်။

မကောင်းမှုနတ်ဘုရားများ၏ ကျိန်စာအစွမ်းကား သေသွားရတာထက်တောင် ကြောက်ဖို့ ပိုကောင်းသည်။ အဆင့်အနိမ့်ဆုံးကတောင် လူတစ်ယောက်အား ကြောက်ဖျားဖျားသွားစေနိုင်သည်။

ကြာနွယ်မျိုးစုဝင်များသည် အိပ်မက်ဆိုးတစ်ခုမှ နိုစလာသည်နှင့် နောက်အိပ်မက်ဆိုးတစ်ခုထဲ ရောက်နေတာသာ တွေ့ရသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် မှောင်မိုက်ကာ ဘာမျှ မြင်နိုင်စွမ်းမရှိချေ။

"ကုသမှုနတ်ဘုရားရဲ့ ကောင်းချီးပေးမှုကို ဆုတောင်းကြလော့ မဟုတ်ရင် အသင်တို့ကို ဒီ အမှောင်တရားနဲ့ အိပ်မက်ဆိုးများထဲ တသက်တာ ပိတ်ထားရလိမ့်မယ်" ရှန့်ခယ်၏ အေးစက်စက် အသံကား ကြာနွယ်မျိုးစု၏ အတွေးများထဲ ပျံ့လွင့်လာဝည်။

ဘယ်နတ်ဘုရားကို ရန်သွားစလိုက်မိမှန်း မသိကြသော ကြာနွယ်မျိုးစုကား ထိတ်လန့်ကြကုန်သည်။ ကြာနွယ်မျိုးစုသည် ကုသမှုနတ်ဘုရားက အဖျားဝေဒနာများကို တီမာ့ထံ လွှဲပြောင်းလိုက်ခြင်းဖြင့် ခိုင်လန်၏ ဆုတောင်းကို ဖြေကြားလိုက်သည်ကို မသိကြရာ ရှုမျိုးစု၏ လက်စားချေမှုမှန်း သံသယမဝင်မိကြပေ။

ကုသမှုနတ်ဘုရားသည် အခြားနတ်ဘုရားများအလားပင် ၎င်းကိုးကွယ်သူများနှင့် အဆက်အသွယ်သိပ်မလုပ်ပဲ စီးပွားရေးတစ်ခုလုပ်နေသည့်အလား ဆက်ဆံသူဖြစ်သည်။ ထို့ကြောင့် ရှုမျိုးစုနတ်ဘုရား၏ လက်စားချေမှု့ဖြစ်မှန်း မပြောပြပေ။

ဘာမှမသိဘဲ အမှောင်ထဲ ပစ်ထားခံရသော ကြာနွယ်မျိုးစုမှာ ကြောက်စိတ်များနှင့် သောကကြီးစွာ ကုသမှုနတ်ဘုရားကို ကောင်းချီးပေးမှုကိုသာ တောင်းခံနိုင်ကြလေသည်။

နှစ်ရက်ခန့်ကြာသော် မူလတိတ်ဆိတ်နေသော ကုသမှုနတ်ဘုရားသည် ရှန့်ခယ် အရှေ့ပေါ်လာတော့သည်။ သူသည် ဆံပင်ရှည်ရှိကာ အခမ်းအနားတက် ဝတ်ရုံများ ဝတ်လျက် တုတ်ကောက်တစ်ချောင်းကို လက်တွင် ကိုင်ဆောင်ထားသည်။ ရုပ်ရည်သန့်ပြန့်သော်လည်း မျက်လုံးများကတော့ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများကို အထင်သေးသည့်အလား အေးစက်စွာ ကြည့်နေလေသည်။ တိရိစ္ဆာန်သားရေထည် တစ်ခုတည်းဝတ်ဆင်ကာ မနှစ်မြို့ဖွယ်ပုံပေါက်နေသော ရှန့်ခယ်အား ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်ပြီးနောက် စက်ဆုပ်သွားသည့်ပုံပေါက်လေသည်။

ရှန့်ခယ်ကတော့ ဂရုမစိုက်ပေ။ သူ၏ ပိုတောင် စက်ဆုပ်စရာ ကြမ်းကြုတ်သော မျက်နှာဖုံးမှတောင် မျက်စောင်းထိုးပြလိုက်သေးသည်။ (﹁_﹁)

ကုသမှုနတ်ဘုရား : "........"

"အဲ့တော့ ခင်ဗျား ဆုံးဖြတ်ချက်က ဘယ်လိုလဲ" ရှန့်ခယ်၏ မျက်နှာဖုံး အသွင်အပြင်မှာ အနည်းငယ် ပြောင်းလဲသွားသည်။

"တကယ်လို့ မင်းရဲ့ ကိုးကွယ်သူကို ကုသချင်ရင် တစ်ယောက်ယောက်ဆီ ရောဂါလွှဲပေးမှရမယ်" ကုသမှုနတ်ဘုရားက အသေအချာ စိုက်ကြည့်သည် "မင်း ဘယ်သူ့ဆီ လွှဲပေးချင်လဲ"

ဤ မေးခွန်းကား အသိအသာကြီးပင် ထောင်ချောက်တစ်ခုဖြစ်သည်။ ကုသမှုနတ်ဘုရားသည် သူ၏ ကိုးကွယ်သူများထံ ရောဂါ ဘယ်တော့မှ လွှဲပြောင်းပေးမှာ မဟုတ်သလို အကယ်၍ ရှန့်ခယ်က အပြင်လူတစ်ယောက်ကို လွှဲပေးလိုက်လျှက် အခြားနတ်ဘုရားများကို ရန်စလိုက်သလို ဖြစ်သွားနိုင်သည်။ ကုသမှုနတ်ဘုရားသည် လူသားများနှင့် စကားမပြောသော်ငြား အခြားနတ်ဘုရားများနှင့်တော့ အဆက်အသွယ် ရှိနေမှာ သေချာသည်။

ရောဂါကို ရှုမျိုးစုဝင်များအား ခွဲခံခိုင်းလိုက်ပြန်လျှင်လည်း လူအင်အားနည်းနေသဖြင့် အချိန်တိုတွင်း ကုသနိုင်ခြင်းမရှိနိုင်ရာ အကုန် ထိတ်လန့်သွားနိုင်ပြန်သည်။

ရှန့်ခယ် ခဏလောက် စဥ်းစားပြီးနောက် အေးအေးဆေးဆေး ပြောသည် "ဒါဆိုလည်း ငါ့ဆီ လွှဲပေးလိုက်"

ကုသမှုနတ်ဘုရားက ခဏလောက် အံ့သြသွားဟန် ကြည့်ကာ မသေချာဟန်ဖြင့် ထပ်မေးသည် "ရောဂါကို မင်းဆီ လွှဲပေးစေချင်တယ်လား"

"ဟုတ်တယ်" ရှန့်ခယ်က လက်ပိုက်လျက် လေထဲ ပျံတက်လိုက်သည် "လွှဲပေးလို့ ရနိုင်လား"

ကုသမှုနတ်ဘုရားသည် ခဏ အသံတိတ်သွားပြီးနောက် ပြောသည် "မင်းရဲ့ ကိုးကွယ်သူတွေအစား ရောဂါခံစားဖို့ ဆန္ဒရှိတယ်ဆို မလွှဲပြောင်းခင် မင်းဆီက ခွင့်ပြုချက်ရမှ ဖြစ်မယ် မဟုတ်ရင် နတ်ဘုရားအချင်းချင်း ရောဂါ လွှဲပေးလို့မရဘူး"

"ရတယ် ငါ မင်းကို ခွင့်ပြုချက်ပေးတယ်" ရှန့်ခယ်က လက်ဖြန့်ပြကာ သဘောကျ လုပ်နိုင်ကြောင်း ပြသည်။

"မင်း သေချာ ပြန်စဥ်းစားဦးနော်" ကုသမှုနတ်ဘုရားသည် လူသားတစ်ယောက်အတွက် တကူးတက ဒုက္ခခံပေးသည့် နတ်ဘုရားမျိုး မကြုံဖူးပေ။ "လွှဲပြောင်းဖို့ သဘောတူလိုက်တာနဲ့ အတားအဆီးအကုန်လုံးကို ဖြုတ်ချလိုက်တာနဲ့ အတူတူပဲ"

"ငါ သိတယ်ဆို စတော့" ရှန့်ခယ်က တွန်းအားပေးသည်။

ကုသမှု နတ်ဘုရား : ဒါ ငါ ဒုက္ခခံဖို့ တက်ကြွနေတဲ့ နတ်ဘုရားမျိုးကို ပထမဆုံး တွေ့ဖူးတာပဲ

သူဘာမှ အထွန့်တက်မနေတော့ပဲ လက်ထဲမှ တုတ်ကောက်ကို မြှောက်လိုက်သည်။ တဖက် နတ်ဘုရားက လွှဲပြောင်းဖို့ ခွင့်ပြုပေးထားပြီးပြီဆိုတော့လည်း ထပ်မေးလို့ ဘာမှ မထူးပေ။ ဤကဲ့သို့ နတ်ဘုရားအသေးလေးကများ သူ့လို နတ်ဘုရားတစ်ပါးအား လာစိန်ခေါ်ချင်သေးသည်။ ဒီအခွင့်အရေးကို အသုံးချကာ အခုလို ဉာဏ်တုံးမှုအတွက် ပြန်ပေးဆပ်ခိုင်းရမည်။

ကုသမှုနတ်ဘုရား၏ မျက်လုံးများအတွင်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။ သူ တကယ် လုပ်တော့မည့်ဆဲဆဲတွင် အခြားနတ်ဘုရားတစ်ပါး၏ အားကြီးသော စွမ်းအားနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသည်။

အရှင်စစ်နတ်ဘုရားသည် မလှမ်းမကမ်းတွင် သူမသိလိုက်ခင် ပေါ်လာသည်ကို တွေ့ကာ မျက်နှာ ချက်ချင်းပြောင်းသွားသည်။ ထို့နောက် တုတ်ကောက်ကို ချကာ လေးစားစွာ ဦးချသည်။

ဆာရာက ခပ်အေးအေးပင် ပြောသည် "ငါ ဒီတိုင်း ဖြတ်သွားဖြတ်လာလုပ်နေတာ အိုမီကို ဆက်လုပ်ပါ"

ကုသမှုနတ်ဘုရားမှာ ပြန်ပြောစရာ စကားမရှိဖြစ်သွားသည်။

ဖြတ်သွားရုံပဲ ဆိုလည်း ကိုယ်ထင်မပြလို့မရဘူးလား

ဟို နတ်ဘုရားအသေးလေးအနောက်မှာ ရပ်ပြီး သူ့ကို ဒီလောက် စိမ်းစိမ်းဝါးဝါးကြီး စိုက်ကြည့်နေတာ အဲ့ဒီ နတ်ဘုရားလေးကို ထောက်ပံ့ပေးနေတာ မဟုတ်ဘူးလား...

ရှန့်ခယ်က ဆာရာ့ကို လှည့်ကြည့်သည်။

ကျွန်တော့်ကို လာအားပေးမယ် မထင်ထားမိဘူး ကျေးဇူးပါ  (= °▽°=)

စစ်နတ်ဘုရားကား အေးစက်စက် စိုက်ကြည့်ခြင်းဖြင့် တုံ့ပြန်သည်။

ရှန့်ခယ် : ခင်ဗျားက အပြင်ပန်းသာ အေးစက်စက်နဲ့ အတွင်းမှာတော့ နွေးထွေးနေတာ သိသားပဲ ခင်ဗျားနဲ့ ပြိုင်မငြင်းတော့ပါဘူးလေ (╯ω╰)

စစ်နတ်ဘုရား : "........"

ကုသမှုနတ်ဘုရား : ဘယ်လိုကြောင့် အရှင်စစ်နတ်ဘုရားနဲ့ ဒီမျက်နှာဖုံးဆန်းနဲ့က တကယ် ဆက်ဆံရေးကောင်းတဲ့ ပုံပေါက်နေရတာတုန်း

ရှန့်ခယ်က ကုသမှုနတ်ဘုရားဘက် ပြန်လှည့်လာပြီးနောက် မျက်နှာဖုံးမှာလည်း မူလအတိုင်း ကြမ်းကြုတ်သွားတော့သည်။

ကုသမှုနတ်ဘုရားသည် တခါထပ်ပြီး တုတ်ကောက်မြှောက်လိုက်ရာ မျက်လုံးထောင့်စွန်းမှ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းပုံရိပ်ကား အချစ်နတ်ဘုရား နေးလ်ဖြစ်သည်။ ရှန့်ခယ်၏ အခြားတဖက်ခြမ်းတွင် ပျင်းရိပျင်းတွဲ ရပ်ကာ ကုသမှုနတ်ဘုရားအား အပြုံးများဝေသည့် မျက်နှာဖြင့် ကြည့်၍နေလေသည်။

ကုသမှုနတ်ဘုရား၏ မှော်တုတ်ကောက်ကား အနည်းငယ် တုန်တက်သွားသည်။ အမှောင်ရိပ်ထဲက နတ်ဘုရားအသေးလေး တစ်ပါးက တောက်ပနေတဲ့ နတ်ဘုရားနှစ်ပါးရဲ့ ကာကွယ်မှုအောက်ရောက်နေတာတဲ့လား? အမှောင်နဲ့ အလင်းက မီးနဲ့ရေလို ဘယ်တော့ မတည့်နိုင်ဘူးဆို ဘာတွေဖြစ်ကုန်တာလဲ?

ကုသမှုနတ်ဘုရား၏ တွေးရခက်နေသော မျက်လုံးများက ရှန့်ခယ်ဆီ ကျရောက်လာ၏။ ဒီ ရှက်ရမှန်းမသိတဲ့ အကောင်က ဘယ်လိုကြည့်ကြည့် အရေးပါတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်။ ရှုမျိုးစုကလည်း လူ ရာဂဏန်းလောက်ပဲ ရှိတဲ့ မျိုးစုငယ်လေးကို ဘယ်ကနေဒီလို ကျောထောက်နောက်ခံ ကောင်းကောင်း ရလာတာလဲ?

ဘယ်လိုပဲ ကုသမှုနတ်ဘုရား စဥ်းစားပါစေ တန်ခိုးကြီးနတ်ဘုရားနှစ်ပါး၏ အကြည့်များအောက်တွင် ရှန့်ခယ်ကို ဘာမှ မလုပ်ရဲပေ။ ကျိုးနွံစွာပင် တီမာ၏ ရောဂါအား ရှန့်ခယ်ထံ လွှဲပြောင်းပေးလိုက်ရသည်။

သို့သော်လည်း သူ အပိုစွမ်းအင်အချို့သုံးကာ တီမာ၏ ရောဂါသာမက အနားမှ နာမကျန်းဖြစ်နေသူများ၏ ဝေဒနာများပါ ထည့်လွှဲပေးဖြစ်အောင် ပေးလိုက်သေးသည်။

ရောဂါများ ပေါင်းစပ်သွားခြင်းနှင့်အတူ ရှန့်ခယ် ခန္ဓာတွင် အထူးအဆန်း အနီရောင်အလင်းတန်းအချို့ပေါ်ထွက်လာကာ ချက်ချင်း ပြန်ပျောက်သွားတော့သည်။

"ပြီးပြီ" ကုသမှုနတ်ဘုရားက သူ့တုတ်ကောက်ကို ပြန်ရုပ်သွားသည်။

စစ်နတ်ဘုရားနှင့် အချစ်နတ်ဘုရားသည် ရှန့်ခယ်အား ကြည့်ရာ လှုပ်ရှားမှုမရှိ။ မူလ တည်ငြိမ်နေသော ဝိဉာည်မှာ ရှိလိုက်မရှိလိုက်ဖြစ်ကာ မချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် ပုံပေါက်လို့နေသည်။

"မျက်နှာဖုံးလေး!" နေးလ်က ရှန့်ခယ်ဆီ ပြေးသွားသည်။

ဆာရာလည်း ချက်ချင်း သွားထူသည်။

ရှန့်ခယ် ခေါင်း ဖြည်းဖြည်းချင်း ထောင်ကာ
(┭┮Д ┭┮)

တကယ်ကြီးပါပဲ--ဇာတ်နာရလွန်းလို့ ဒီ မကောင်းမှုနတ်ဘုရားလေးမှာ သေရပါတော့မယ်!!!!!!

______________________________________

No Notes In this Chapter!! _へ__(‾◡◝ )>

Also 1K reads အတွက် ကျေးဇူးပါ  (づ ̄ ³ ̄)づ

______________________________________

<Zawgyi>

ကန္းစ္ၿမိဳ႕ေတာ္သည္ ယီအင္ပါယာ၏ ၿမိဳ႕ေတာ္အေနႏွင့္ေရာ ကၽြန္းစုအတြင္း အႂကြယ္ဝဆုံး ၿမိဳ႕တစ္ၿမိဳ႕အေနႏွင့္ပါ နတ္ဘုရားအမ်ားစုႏွင့္ ၎တို႔အား ကိုးကြယ္သူမ်ားအတြက္ အိမ္လိုပင္ ျဖစ္သည္။ ၿမိဳ႕ထဲ ၿမိဳ႕တြင္း ဝင္လိုလၽွင္ စစ္နတ္ဘုရားႏွင့္ ယီ ဘုရင္၏ ခြင့္ျပဳမိန္႔ရမွ ဝင္ခြင့္ရွိသည္။ ဝင္ခြင့္မရေသာ နတ္ဘုရားမ်ားမွာ ပုန္းလၽွိုးကြယ္လၽွိုးႏွင့္ အခ်ိန္အေတာ္ၾကာ ေနရသည္။ နတ္ဘုရား ေကာင္းခ်ီးရရွိထားသူ ျဖစ္သည္ ျဖစ္ေစ၊ မျဖစ္သည္ ျဖစ္ေစ စစ္နတ္ဘုရား ပိုင္နက္အတြင္း ဝင္လာမိသူတိုင္းကို စစ္နတ္ဘုရားက သတိျပဳမိၿပီး ျဖစ္သည္။

စစ္နတ္ဘုရားသည္ သူ၏ ကေလးမ်ား၏ လုံျခဳံေရးကို ၿခိမ္းေျခာက္လာေသာ နတ္ဘုရားမ်ားမွအပ ႏွင္ထုတ္ေလ့မရွိေပ။ စစ္နတ္ဘုရား ေစာင့္ၾကည့္မႈေအာက္တြင္ နတ္ဘုရားမ်ားကလည္း မိုက္ကန္းကန္း ဆက္တိုးဝင္ေလ့မရွိ။

ကန္းစ္ၿမိဳ႕ေတာ္တြင္ နတ္ဘုရားေပါင္းစုံ ေနထိုင္ၾကေသာ္ျငား လူ႔ျမင္ကြင္းေပၚလာတတ္ေသာ နတ္ဘုရားမ်ားမွာ ရွားပါးသည္။ ရွန္႔ခယ္ကဲ့သို႔ သူ၏ ကိုးကြယ္သူမ်ားကို ေဖးမေစာင့္ေရွာက္ေပးေသာ နတ္ဘုရားမွာ ပို၍ပင္ ရွားပါးေသးသည္။ နတ္ဘုရားမ်ားသည္ ပူေဇာ္ပသမႈ ေကာင္းမြန္မႈႏွင့္ စိတ္ႏွင့္ရင္းကာ ရိုေသၾကသူမ်ား ရွိမွသာ ေကာင္းခ်ီးေပးတတ္ၾကတာျဖစ္သည္။ ၎တို႔ ကိုးကြယ္သူမ်ားကို တြယ္တာမႈမ်ား မရွိတတ္ၾကေပ။ ေျပာရလၽွင္ စီးပြားေရး အေရာင္းအဝယ္ကဲ့သို႔ ဆက္ဆံေရးမ်ိဳးသာ ထားတတ္ၾကသည္။ အထူးသျဖင့္ နတ္စြမ္းအင္မျဖဳန္းပစ္ခ်င္ၾကေသာ အဆင့္နိမ့္နတ္ဘုရားမ်ားအေနႏွင့္ ၎တို႔ ကိုးကြယ္သူမ်ား၏ ဆုေတာင္းမႈမ်ားကို ဆယ္ပုံတပုံ တုံ႔ျပန္ေပးတာေတာင္ ေကာင္းလြန္းေနၿပီဟု ဆိုရေခ်မည္။

ထို႔ေၾကာင့္လည္း စစ္နတ္ဘုရားသည္ ရႈမ်ိဳးစုအတြက္ ရွန္႔ခယ္ ဟိုေျပးဒီေျပးလုပ္ေနသည္ကို ျမင္ေသာအခါ စိတ္တြင္း သံသယပြားလာရသည္။ သူေတြးထားသည္က မေကာင္းမႈနတ္ဘုရားသည္ အျခားသူမ်ားအတြက္ ကိုယ္က်ိဳးမငဲ့ပဲ ကူညီမည့္ အစားမ်ိဳးမဟုတ္ေပ။ နတ္ဘုရားမ်ား၏ ေက်းဇူးနာမေတာ္သည္ ၎တို႔ ျဖစ္တည္လာကတည္းက ႀကိဳတင္ဆုံးျဖတ္ၿပီးသား ျဖစ္ကာ ႏွစ္ဘယ္လိုၾကာၾကာ ေျပာင္းလဲမရနိုင္ေပ။

သို႔ေသာ္ ယခုလက္ရွိ မေကာင္းမႈနတ္ဘုရားကား လြန္ခဲ့ေသာ ႏွစ္တစ္ေထာင္တုန္းကႏွင့္ လြန္စြာ ျခားနားေနခဲ့သည္။ အသိသာဆုံး ေျပာင္းလဲမႈကေတာ့ သူ၏ မ်က္ႏွာဖုံး ျဖစ္သည္။ မူလက ဆိုးယုတ္မႈ၏ ျပယုဂ္ျဖစ္ေသာ မ်က္ႏွာဖုံးသည္ ယခုေတာ့ မေကာင္းမႈနတ္ဘုရား၏ အေတြးမ်ားကို ညႊန္းဆိုဖို႔ ျဖစ္ေနခဲ့သည္။ သူ၏ စိတ္တြင္း ခံစားခ်က္မ်ားအကုန္လုံးကို မ်က္ႏွာဖုံးက ေဖာ္ျပေနခဲ့သည္ - ပြင့္လင္းမႈ၊ ေပ်ာ္ရႊင္မႈ၊ ေမၽွာ္လင့္ခ်က္မ်ား၊ စိတ္ေအးခ်မ္းသာမႈ...ဤ အခ်က္အလက္မ်ားသည္ မေကာင္းမႈနတ္ဘုရားတစ္ပါးတြင္ ရွိရမည့္ စြမ္းရည္မ်ား မဟုတ္ေခ်။

ရွန္႔ခယ္က တရားခံရွာေနခဲ့သလို စစ္နတ္ဘုရားကလည္း သူ႔ကို ဆက္တိုက္ ေစာင့္ၾကည့္စစ္ေဆးေနခဲ့သည္။ သူ ဟန္ေဆာင္ေနတာလား အမွန္တကယ္ စိတ္ပါလက္ပါ လုပ္ေနခဲ့သလားဆိုတာကိုလည္း စစ္နတ္ဘုရား ခြဲျခားသိျမင္ခဲ့ေလသည္။

ငါးရက္ခန္႔ၾကာေသာအခါ တီမာ့ အေျခအေနမွာ ပို၍ ဆိုးဝါးလို႔ လာ၏။ ရွန္႔ခယ္သည္လည္း သူမအား သတ္ဖို႔ ႀကိဳးစားေနေသာ တရားခံမမွာ ထင္ထားသည့္အတိုင္းပင္ ကပြဲၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ေသာ ကုသမႈနတ္ဘုရား၏ ၾကာႏြယ္မ်ိဳးစုမွ မိန္းမပ်ိဳ ခိုင္လန္မွန္း ရွာေတြ႕ခဲ့သည္။

ကုသမႈနတ္ဘုရားသည္ က်န္းမာေရးကို အစိုးရၿပီး နာမက်န္းျဖစ္ေစတာမ်ိဳးမဟုတ္ပဲ ေရာဂါကုသေပးစြမ္းရွိေသာ နတ္ဘုရားတစ္ပါးျဖစ္ေနရာ ရွန္႔ခယ္အစက မေသမခ်ာ ျဖစ္ေနေသးသည္။ ထို႔ေၾကာင့္ ပထမ တရားခံစစ္ထုတ္ခ်ိန္တြင္ သူ႔ကို ဖယ္ထားခဲ့သည္။ သို႔ေသာ္ အႀကိမ္ႀကိမ္ စစ္ေဆးၿပီး ဆာရာ့ထံမွ သတင္းအခ်က္အလက္မ်ားႏွင့္ တိုက္စစ္ၿပီးခ်ိန္ ေနာက္ဆုံးတြင္ေတာ့ သူ ကုသမႈနတ္ဘုရားအတြက္ ဓားေသြးထားလိုက္ေတာ့သည္။

ဆာရာ့ စကားအရဆိုလၽွင္ ကုသမႈနတ္ဘုရားသည္ ၎အား ကိုးကြယ္သူ၏ ေဝဒနာကို တန္းေပ်ာက္ေအာင္ ကုသတာမ်ိဳး မဟုတ္ဘဲ အျပင္လူမ်ားဆီ ေရာဂါျဖန္႔ေဝေပးလိုက္ၿပီး ပ်က္ျပယ္သြားေစတာ ျဖစ္သည္။ ေရာဂါႀကီးေလေလ ျဖန္႔ေဝပစ္သည့္ လူမ်ားေလေလျဖစ္ကာ ေရာဂါ ေပ်ာက္မည့္အခ်ိန္ကလည္း လူအေရအတြက္ေပၚတြင္ မူတည္ေလသည္။ ပုလိပ္ကဲ့သို႔ ကူးစက္ေရာဂါမ်ိဳးကိုေတာ့ ဤ နည္းလမ္းျဖင့္ ကုသမရနိုင္ေပ။

ကုသမႈနတ္ဘုရား၏ ကိုးကြယ္သူမ်ားကား ၎တို႔နတ္ဘုရားအစြမ္းသည္ ေရာဂါျဖန္႔ေဝျခင္းမွ လာမွန္းမသိၾကေခ်။ သိပ္မၾကာေသးခင္ကပင္ အတူပါလာေသာ ၾကာႏြယ္မ်ိဳးစုမွ လူမ်ားသည္ ပတ္ဝန္းက်င္ႏွင့္ ေနသားမက်နိုင္ျခင္းတို႔ေၾကာင့္ ဖ်ားနာကုန္ၾကသည္။ ခိုင္လန္သည္ သူမမ်ိဳးႏြယ္စု ျပန္က်န္းမာလာဖို႔ ကုသမႈနတ္ဘုရားထံ ဆုေတာင္းရင္း 'ေရာဂါ ျဖစ္တာ တီမာျဖစ္ရင္ သိပ္ေကာင္းမွာပဲ' ဟု အမွတ္တမဲ့ ေျပာမိခဲ့သည္။

ကုသမႈနတ္ဘုရားသည္ သူမ၏ ဆုေတာင္းစကားကိုၾကားကာ ထိုလူတို႔၏ ဖ်ားနာျခင္းကို တီမာထံ ျဖန္႔ေဝပစ္ကာ သူမအား အျပင္းဖ်ားေစခဲ့သည္။

ရွန္႔ခယ္က ေဒါသတႀကီးႏွင့္ စစ္နတ္ဘုရားအား ေျပာသည္ "ခင္ဗ်ားရဲ့ ဘာသာတရား ကိုင္းရွိုင္းပါတယ္ဆိုတဲ့ နတ္ဘုရားအုပ္စုႀကီးကို ၾကည့္စမ္း ဗီလိန္လုပ္တဲ့ ေနရာမွာ ကၽြန္ေတာ့္ကိုေတာ့ မရႈံးေသးဘူးပဲ"

စစ္နတ္ဘုရားက သူနဲ႔မဆိုင္သလိုပင္ ေျပာသည္ "အဲ့ေတာ့ မင္းအခု ဘာလုပ္ဖို႔ စီစဥ္ထားလဲ"

"သြားတစ္ေခ်ာင္းအတြက္ သြားတစ္ေခ်ာင္း၊ မ်က္လုံးတစ္လုံးအတြက္ မ်က္လုံးတစ္လုံး ျပန္ေတာင္းရမွာေပါ့ေလ"

စစ္နတ္ဘုရားက 'လုပ္ရဲလား' ဟူေသာ အၾကည့္ျဖင့္ ၾကည့္လာသည္ "ငါ့ ပိုင္နက္ထဲမွာ သတ္ျဖတ္မႈေတြနဲ႔ က်ိန္စာေတြကို ခြင့္မျပဳထားဘူး"

"ကုသမႈနတ္ဘုရားရဲ့ လုပ္ရပ္ကေရာ က်ိန္စာတိုက္တာနဲ႔ ဘာကြာေနလို႔လဲ" ရွန္႔ခယ္က ခပ္စိန္းစိန္းၾကည့္သည္။

"သူလုပ္လိုက္တာက ေရာဂါေလး ျဖန္႔လိုက္တာ တစ္ခုထဲရယ္" စစ္နတ္ဘုရားသည္ ထိုင္ခုံေပၚမွီခ်၍ ေခါင္းေအာက္ လက္ ခံကာ ရွန္႔ခယ္ဘက္ ေစာင္းၾကည့္သည္။ "ဒါေပမဲ့ မေကာင္းမႈနတ္ဘုရားရဲ့ က်ိန္စာကေတာ့ ဒုကၡေပါင္းစုံ ေခၚခ်လာမွာေလ"

"ဓားဆိုတာ သတ္ျဖတ္ဖို႔အတြက္ တူရိယာတစ္ခု ဒါေပမဲ့ တရားမႈအတြက္ တိုက္ခိုက္တာလား မတရားမႈအတြက္ တိုက္ခိုက္တာလား ဆိုတာကေတာ့ ဓားေပၚမွာ မူတည္မေနဘူးေလ သုံးတဲ့သူအေပၚမွာပဲ မူတည္တယ္" ရွန္႔ခယ္က ဆာရာ့ခါးမွ ဓားကို ညႊန္ျပကာ ေမးသည္ "စစ္နတ္ဘုရားတစ္ပါးအေနနဲ႔ ခင္ဗ်ားလက္ထဲက ဓားက လူသတ္ဖို႔လား ဒါမွမဟုတ္ လူေတြကို ကာကြယ္ဖို႔လား"

စစ္နတ္ဘုရား တိတ္ဆိတ္သြားသည္။

ရွန္႔ခယ္က လွည့္၍ စစ္နတ္ဘုရားအား ခါးကိုင္းကာ ရိုရိုေသေသ ဦးခ်သည္။ သူ၏ မ်က္ႏွာဖုံးထက္မွ ၾကမ္းၾကဳတ္ေသာ ႐ုပ္သြင္မွာလည္း ႏူးညံ့ကာ တည္ၿငိမ္ပုံ ရလာသည္။ "ဆာရာ ငါဟာ လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္က ငါ မဟုတ္ေတာ့ဘူး ငါ့ လူေတြ အခု ထိခိုက္ေနရတဲ့အခ်ိန္ ငါ့မွာလည္း သူတို႔အတြက္ တိုက္ခိုက္ခြင့္ အျပည့္အဝရွိသင့္တယ္မထင္ဘူးလား "

ထိုသို႔ ေျပာၿပီးခ်င္း ရွန္႔ခယ္သည္ ဆာရာ့မ်က္စိေအာက္မွ ေပ်ာက္ကြယ္သြားေလသည္။

စစ္နတ္ဘုရား၏ အၾကည့္မ်ားသည့္ ရွန္႔ခယ္ ရွိေနခဲ့ေသာ ေနရာသို႔ အခ်ိန္အေတာ္ၾကာေရာက္ေနခဲ့ၿပီးေနာက္ သူ႔႐ုပ္သြင္သည္လည္း ထိုင္ခုံေပၚမွ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့သည္။

ရွန္႔ခယ္သည္ ၾကာႏြယ္မ်ိဳးစု၏ ေနထိုင္ရာဆီသြားကာ သူ၏ နတ္စြမ္းအင္သုံး၍ ကုသမႈနတ္ဘုရားႏွင့္ ညႇိႏွိုင္းဖို႔ ႀကိဳးစားသည္။ သို႔ေသာ္ တဖက္လူ၏ သေဘာထားသည္ ရွန္႔ခယ္ႏွင့္ ဖက္၍အဆင့္နိမ့္က်စရာမလိုသည့္အလား ေအးစက္စက္ႏွင့္ အဖက္ျပန္မလုပ္ေပ။

ရွန္႔ခယ္လည္း အေရးမပါသည့္ စကားမ်ားေျပာမေနေတာ့ပဲ ၾကာႏြယ္မ်ိဳးစုအား အိပ္မက္ဆိုးႏွင့္ မ်က္မျမင္ျခင္း က်ိန္စာႏွစ္မ်ိဳး တိုက္လိုက္သည္။ မ်က္မျမင္ျခင္းသည္ လူေတြကို အလင္းေပ်ာက္ေစၿပီး အိပ္မက္ဆိုးမ်ားသည္ လူတို႔အား ေၾကာက္ရြံဖြယ္ အိပ္မက္မ်ားထဲ က်ေရာက္ေစသည္။ သူ၏ လက္ရွိ အစြမ္းအရ က်ိန္စာကို အခ်ိန္ရွည္ၾကာေအာင္ ဆြဲမထားနိုင္ေသာ္လည္း ဆက္တိုက္ေတာ့ က်ိန္စာစြမ္းျမႇင့္ေပးေနနိုင္ေသးသည္။

မေကာင္းမႈနတ္ဘုရားမ်ား၏ က်ိန္စာအစြမ္းကား ေသသြားရတာထက္ေတာင္ ေၾကာက္ဖို႔ ပိုေကာင္းသည္။ အဆင့္အနိမ့္ဆုံးကေတာင္ လူတစ္ေယာက္အား ေၾကာက္ဖ်ားဖ်ားသြားေစနိုင္သည္။

ၾကာႏြယ္မ်ိဳးစုဝင္မ်ားသည္ အိပ္မက္ဆိုးတစ္ခုမွ နိုစလာသည္ႏွင့္ ေနာက္အိပ္မက္ဆိုးတစ္ခုထဲ ေရာက္ေနတာသာ ေတြ႕ရသည္။ ကမၻာႀကီးတစ္ခုလုံးသည္ ေမွာင္မိုက္ကာ ဘာမၽွ ျမင္နိုင္စြမ္းမရွိေခ်။

"ကုသမႈနတ္ဘုရားရဲ့ ေကာင္းခ်ီးေပးမႈကို ဆုေတာင္းၾကေလာ့ မဟုတ္ရင္ အသင္တို႔ကို ဒီ အေမွာင္တရားနဲ႔ အိပ္မက္ဆိုးမ်ားထဲ တသက္တာ ပိတ္ထားရလိမ့္မယ္" ရွန္႔ခယ္၏ ေအးစက္စက္ အသံကား ၾကာႏြယ္မ်ိဳးစု၏ အေတြးမ်ားထဲ ပ်ံ႕လြင့္လာဝည္။

ဘယ္နတ္ဘုရားကို ရန္သြားစလိုက္မိမွန္း မသိၾကေသာ ၾကာႏြယ္မ်ိဳးစုကား ထိတ္လန္႔ၾကကုန္သည္။ ၾကာႏြယ္မ်ိဳးစုသည္ ကုသမႈနတ္ဘုရားက အဖ်ားေဝဒနာမ်ားကို တီမာ့ထံ လႊဲေျပာင္းလိုက္ျခင္းျဖင့္ ခိုင္လန္၏ ဆုေတာင္းကို ေျဖၾကားလိုက္သည္ကို မသိၾကရာ ရႈမ်ိဳးစု၏ လက္စားေခ်မႈမွန္း သံသယမဝင္မိၾကေပ။

ကုသမႈနတ္ဘုရားသည္ အျခားနတ္ဘုရားမ်ားအလားပင္ ၎ကိုးကြယ္သူမ်ားႏွင့္ အဆက္အသြယ္သိပ္မလုပ္ပဲ စီးပြားေရးတစ္ခုလုပ္ေနသည့္အလား ဆက္ဆံသူျဖစ္သည္။ ထို႔ေၾကာင့္ ရႈမ်ိဳးစုနတ္ဘုရား၏ လက္စားေခ်မႈ႔ျဖစ္မွန္း မေျပာျပေပ။

ဘာမွမသိဘဲ အေမွာင္ထဲ ပစ္ထားခံရေသာ ၾကာႏြယ္မ်ိဳးစုမွာ ေၾကာက္စိတ္မ်ားႏွင့္ ေသာကႀကီးစြာ ကုသမႈနတ္ဘုရားကို ေကာင္းခ်ီးေပးမႈကိုသာ ေတာင္းခံနိုင္ၾကေလသည္။

ႏွစ္ရက္ခန္႔ၾကာေသာ္ မူလတိတ္ဆိတ္ေနေသာ ကုသမႈနတ္ဘုရားသည္ ရွန္႔ခယ္ အေရွ႕ေပၚလာေတာ့သည္။ သူသည္ ဆံပင္ရွည္ရွိကာ အခမ္းအနားတက္ ဝတ္႐ုံမ်ား ဝတ္လ်က္ တုတ္ေကာက္တစ္ေခ်ာင္းကို လက္တြင္ ကိုင္ေဆာင္ထားသည္။ ႐ုပ္ရည္သန္႔ျပန္႔ေသာ္လည္း မ်က္လုံးမ်ားကေတာ့ ကမၻာေပၚရွိ သက္ရွိသတၱဝါမ်ားကို အထင္ေသးသည့္အလား ေအးစက္စြာ ၾကည့္ေနေလသည္။ တိရိစၧာန္သားေရထည္ တစ္ခုတည္းဝတ္ဆင္ကာ မႏွစ္ၿမိဳ႕ဖြယ္ပုံေပါက္ေနေသာ ရွန္႔ခယ္အား ေခါင္းအစေျခအဆုံးတစ္ခ်က္ၾကည့္ၿပီးေနာက္ စက္ဆုပ္သြားသည့္ပုံေပါက္ေလသည္။

ရွန္႔ခယ္ကေတာ့ ဂ႐ုမစိုက္ေပ။ သူ၏ ပိုေတာင္ စက္ဆုပ္စရာ ၾကမ္းၾကဳတ္ေသာ မ်က္ႏွာဖုံးမွေတာင္ မ်က္ေစာင္းထိုးျပလိုက္ေသးသည္။ (﹁_﹁)

ကုသမႈနတ္ဘုရား : "........"

"အဲ့ေတာ့ ခင္ဗ်ား ဆုံးျဖတ္ခ်က္က ဘယ္လိုလဲ" ရွန္႔ခယ္၏ မ်က္ႏွာဖုံး အသြင္အျပင္မွာ အနည္းငယ္ ေျပာင္းလဲသြားသည္။

"တကယ္လို႔ မင္းရဲ့ ကိုးကြယ္သူကို ကုသခ်င္ရင္ တစ္ေယာက္ေယာက္ဆီ ေရာဂါလႊဲေပးမွရမယ္" ကုသမႈနတ္ဘုရားက အေသအခ်ာ စိုက္ၾကည့္သည္ "မင္း ဘယ္သူ႔ဆီ လႊဲေပးခ်င္လဲ"

ဤ ေမးခြန္းကား အသိအသာႀကီးပင္ ေထာင္ေခ်ာက္တစ္ခုျဖစ္သည္။ ကုသမႈနတ္ဘုရားသည္ သူ၏ ကိုးကြယ္သူမ်ားထံ ေရာဂါ ဘယ္ေတာ့မွ လႊဲေျပာင္းေပးမွာ မဟုတ္သလို အကယ္၍ ရွန္႔ခယ္က အျပင္လူတစ္ေယာက္ကို လႊဲေပးလိုက္လၽွက္ အျခားနတ္ဘုရားမ်ားကို ရန္စလိုက္သလို ျဖစ္သြားနိုင္သည္။ ကုသမႈနတ္ဘုရားသည္ လူသားမ်ားႏွင့္ စကားမေျပာေသာ္ျငား အျခားနတ္ဘုရားမ်ားႏွင့္ေတာ့ အဆက္အသြယ္ ရွိေနမွာ ေသခ်ာသည္။

ေရာဂါကို ရႈမ်ိဳးစုဝင္မ်ားအား ခြဲခံခိုင္းလိုက္ျပန္လၽွင္လည္း လူအင္အားနည္းေနသျဖင့္ အခ်ိန္တိုတြင္း ကုသနိုင္ျခင္းမရွိနိုင္ရာ အကုန္ ထိတ္လန္႔သြားနိုင္ျပန္သည္။

ရွန္႔ခယ္ ခဏေလာက္ စဥ္းစားၿပီးေနာက္ ေအးေအးေဆးေဆး ေျပာသည္ "ဒါဆိုလည္း ငါ့ဆီ လႊဲေပးလိုက္"

ကုသမႈနတ္ဘုရားက ခဏေလာက္ အံ့ၾသသြားဟန္ ၾကည့္ကာ မေသခ်ာဟန္ျဖင့္ ထပ္ေမးသည္ "ေရာဂါကို မင္းဆီ လႊဲေပးေစခ်င္တယ္လား"

"ဟုတ္တယ္" ရွန္႔ခယ္က လက္ပိုက္လ်က္ ေလထဲ ပ်ံတက္လိုက္သည္ "လႊဲေပးလို႔ ရနိုင္လား"

ကုသမႈနတ္ဘုရားသည္ ခဏ အသံတိတ္သြားၿပီးေနာက္ ေျပာသည္ "မင္းရဲ့ ကိုးကြယ္သူေတြအစား ေရာဂါခံစားဖို႔ ဆႏၵရွိတယ္ဆို မလႊဲေျပာင္းခင္ မင္းဆီက ခြင့္ျပဳခ်က္ရမွ ျဖစ္မယ္ မဟုတ္ရင္ နတ္ဘုရားအခ်င္းခ်င္း ေရာဂါ လႊဲေပးလို႔မရဘူး"

"ရတယ္ ငါ မင္းကို ခြင့္ျပဳခ်က္ေပးတယ္" ရွန္႔ခယ္က လက္ျဖန္႔ျပကာ သေဘာက် လုပ္နိုင္ေၾကာင္း ျပသည္။

"မင္း ေသခ်ာ ျပန္စဥ္းစားဦးေနာ္" ကုသမႈနတ္ဘုရားသည္ လူသားတစ္ေယာက္အတြက္ တကူးတက ဒုကၡခံေပးသည့္ နတ္ဘုရားမ်ိဳး မၾကဳံဖူးေပ။ "လႊဲေျပာင္းဖို႔ သေဘာတူလိုက္တာနဲ႔ အတားအဆီးအကုန္လုံးကို ျဖဳတ္ခ်လိုက္တာနဲ႔ အတူတူပဲ"

"ငါ သိတယ္ဆို စေတာ့" ရွန္႔ခယ္က တြန္းအားေပးသည္။

ကုသမႈ နတ္ဘုရား : ဒါ ငါ ဒုကၡခံဖို႔ တက္ႂကြေနတဲ့ နတ္ဘုရားမ်ိဳးကို ပထမဆုံး ေတြ႕ဖူးတာပဲ

သူဘာမွ အထြန္႔တက္မေနေတာ့ပဲ လက္ထဲမွ တုတ္ေကာက္ကို ေျမႇာက္လိုက္သည္။ တဖက္ နတ္ဘုရားက လႊဲေျပာင္းဖို႔ ခြင့္ျပဳေပးထားၿပီးၿပီဆိုေတာ့လည္း ထပ္ေမးလို႔ ဘာမွ မထူးေပ။ ဤကဲ့သို႔ နတ္ဘုရားအေသးေလးကမ်ား သူ႔လို နတ္ဘုရားတစ္ပါးအား လာစိန္ေခၚခ်င္ေသးသည္။ ဒီအခြင့္အေရးကို အသုံးခ်ကာ အခုလို ဉာဏ္တုံးမႈအတြက္ ျပန္ေပးဆပ္ခိုင္းရမည္။

ကုသမႈနတ္ဘုရား၏ မ်က္လုံးမ်ားအတြင္း သတ္ျဖတ္လိုစိတ္မ်ား ျပည့္ႏွက္သြားသည္။ သူ တကယ္ လုပ္ေတာ့မည့္ဆဲဆဲတြင္ အျခားနတ္ဘုရားတစ္ပါး၏ အားႀကီးေသာ စြမ္းအားႏွင့္ ႐ုတ္တရက္ ရင္ဆိုင္လိုက္ရသည္။

အရွင္စစ္နတ္ဘုရားသည္ မလွမ္းမကမ္းတြင္ သူမသိလိုက္ခင္ ေပၚလာသည္ကို ေတြ႕ကာ မ်က္ႏွာ ခ်က္ခ်င္းေျပာင္းသြားသည္။ ထို႔ေနာက္ တုတ္ေကာက္ကို ခ်ကာ ေလးစားစြာ ဦးခ်သည္။

ဆာရာက ခပ္ေအးေအးပင္ ေျပာသည္ "ငါ ဒီတိုင္း ျဖတ္သြားျဖတ္လာလုပ္ေနတာ အိုမီကို ဆက္လုပ္ပါ"

ကုသမႈနတ္ဘုရားမွာ ျပန္ေျပာစရာ စကားမရွိျဖစ္သြားသည္။

ျဖတ္သြား႐ုံပဲ ဆိုလည္း ကိုယ္ထင္မျပလို႔မရဘူးလား

ဟို နတ္ဘုရားအေသးေလးအေနာက္မွာ ရပ္ၿပီး သူ႔ကို ဒီေလာက္ စိမ္းစိမ္းဝါးဝါးႀကီး စိုက္ၾကည့္ေနတာ အဲ့ဒီ နတ္ဘုရားေလးကို ေထာက္ပံ့ေပးေနတာ မဟုတ္ဘူးလား...

ရွန္႔ခယ္က ဆာရာ့ကို လွည့္ၾကည့္သည္။

ကၽြန္ေတာ့္ကို လာအားေပးမယ္ မထင္ထားမိဘူး ေက်းဇူးပါ  (= °▽°=)

စစ္နတ္ဘုရားကား ေအးစက္စက္ စိုက္ၾကည့္ျခင္းျဖင့္ တုံ႔ျပန္သည္။

ရွန္႔ခယ္ : ခင္ဗ်ားက အျပင္ပန္းသာ ေအးစက္စက္နဲ႔ အတြင္းမွာေတာ့ ေႏြးေထြးေနတာ သိသားပဲ ခင္ဗ်ားနဲ႔ ၿပိဳင္မျငင္းေတာ့ပါဘူးေလ (╯ω╰)

စစ္နတ္ဘုရား : "........"

ကုသမႈနတ္ဘုရား : ဘယ္လိုေၾကာင့္ အရွင္စစ္နတ္ဘုရားနဲ႔ ဒီမ်က္ႏွာဖုံးဆန္းနဲ႔က တကယ္ ဆက္ဆံေရးေကာင္းတဲ့ ပုံေပါက္ေနရတာတုန္း

ရွန္႔ခယ္က ကုသမႈနတ္ဘုရားဘက္ ျပန္လွည့္လာၿပီးေနာက္ မ်က္ႏွာဖုံးမွာလည္း မူလအတိုင္း ၾကမ္းၾကဳတ္သြားေတာ့သည္။

ကုသမႈနတ္ဘုရားသည္ တခါထပ္ၿပီး တုတ္ေကာက္ေျမႇာက္လိုက္ရာ မ်က္လုံးေထာင့္စြန္းမွ ရင္းႏွီးေနသည့္ ပုံရိပ္တစ္ခုကို ျမင္လိုက္ရသည္။ ၎ပုံရိပ္ကား အခ်စ္နတ္ဘုရား ေနးလ္ျဖစ္သည္။ ရွန္႔ခယ္၏ အျခားတဖက္ျခမ္းတြင္ ပ်င္းရိပ်င္းတြဲ ရပ္ကာ ကုသမႈနတ္ဘုရားအား အျပဳံးမ်ားေဝသည့္ မ်က္ႏွာျဖင့္ ၾကည့္၍ေနေလသည္။

ကုသမႈနတ္ဘုရား၏ ေမွာ္တုတ္ေကာက္ကား အနည္းငယ္ တုန္တက္သြားသည္။ အေမွာင္ရိပ္ထဲက နတ္ဘုရားအေသးေလး တစ္ပါးက ေတာက္ပေနတဲ့ နတ္ဘုရားႏွစ္ပါးရဲ့ ကာကြယ္မႈေအာက္ေရာက္ေနတာတဲ့လား? အေမွာင္နဲ႔ အလင္းက မီးနဲ႔ေရလို ဘယ္ေတာ့ မတည့္နိုင္ဘူးဆို ဘာေတြျဖစ္ကုန္တာလဲ?

ကုသမႈနတ္ဘုရား၏ ေတြးရခက္ေနေသာ မ်က္လုံးမ်ားက ရွန္႔ခယ္ဆီ က်ေရာက္လာ၏။ ဒီ ရွက္ရမွန္းမသိတဲ့ အေကာင္က ဘယ္လိုၾကည့္ၾကည့္ အေရးပါတဲ့ ပုဂၢိဳလ္လည္း မဟုတ္။ ရႈမ်ိဳးစုကလည္း လူ ရာဂဏန္းေလာက္ပဲ ရွိတဲ့ မ်ိဳးစုငယ္ေလးကို ဘယ္ကေနဒီလို ေက်ာေထာက္ေနာက္ခံ ေကာင္းေကာင္း ရလာတာလဲ?

ဘယ္လိုပဲ ကုသမႈနတ္ဘုရား စဥ္းစားပါေစ တန္ခိုးႀကီးနတ္ဘုရားႏွစ္ပါး၏ အၾကည့္မ်ားေအာက္တြင္ ရွန္႔ခယ္ကို ဘာမွ မလုပ္ရဲေပ။ က်ိဳးႏြံစြာပင္ တီမာ၏ ေရာဂါအား ရွန္႔ခယ္ထံ လႊဲေျပာင္းေပးလိုက္ရသည္။

သို႔ေသာ္လည္း သူ အပိုစြမ္းအင္အခ်ိဳ႕သုံးကာ တီမာ၏ ေရာဂါသာမက အနားမွ နာမက်န္းျဖစ္ေနသူမ်ား၏ ေဝဒနာမ်ားပါ ထည့္လႊဲေပးျဖစ္ေအာင္ ေပးလိုက္ေသးသည္။

ေရာဂါမ်ား ေပါင္းစပ္သြားျခင္းႏွင့္အတူ ရွန္႔ခယ္ ခႏၶာတြင္ အထူးအဆန္း အနီေရာင္အလင္းတန္းအခ်ိဳ႕ေပၚထြက္လာကာ ခ်က္ခ်င္း ျပန္ေပ်ာက္သြားေတာ့သည္။

"ၿပီးၿပီ" ကုသမႈနတ္ဘုရားက သူ႔တုတ္ေကာက္ကို ျပန္႐ုပ္သြားသည္။

စစ္နတ္ဘုရားႏွင့္ အခ်စ္နတ္ဘုရားသည္ ရွန္႔ခယ္အား ၾကည့္ရာ လႈပ္ရွားမႈမရွိ။ မူလ တည္ၿငိမ္ေနေသာ ဝိဉာည္မွာ ရွိလိုက္မရွိလိုက္ျဖစ္ကာ မခ်ိန္မေရြး ေပ်ာက္ကြယ္သြားနိုင္သည့္ ပုံေပါက္လို႔ေနသည္။

"မ်က္ႏွာဖုံးေလး!" ေနးလ္က ရွန္႔ခယ္ဆီ ေျပးသြားသည္။

ဆာရာလည္း ခ်က္ခ်င္း သြားထူသည္။

ရွန္႔ခယ္ ေခါင္း ျဖည္းျဖည္းခ်င္း ေထာင္ကာ
(┭┮Д ┭┮)

တကယ္ႀကီးပါပဲ--ဇာတ္နာရလြန္းလို႔ ဒီ မေကာင္းမႈနတ္ဘုရားေလးမွာ ေသရပါေတာ့မယ္!!!!!!

______________________________________

No Notes In this Chapter!! _へ__(‾◡◝ )>

Also 1K reads အတြက္ ေက်းဇူးပါ  (づ ̄ ³ ̄)づ

Continue Reading

You'll Also Like

1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
244K 27.6K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
575K 47.1K 147
Name - Yaoi God In The Skies Author - Young Dream Status - COMPLETED အမျိုးသားနဲ့အမျိုးသမီးတွေပဲ လက်ထပ်ခွင့်ရှိတယ်လို့ လက်ခံထားတဲ့ လနတ်ဘုရားနဲ့ ချစ်ခ...