ချစ်သူ့ နတ်ဘုရား〖 Completed 〗

By NgaChaukMaKyikeBuu

137K 15.8K 540

Translation Status : Completed This is the Burmese translation of HDS Arc 9. I translated this arc from Engli... More

9.1
9.2
9.3
9.4
9.5
9.7
9.8
9.9
9.10
9.11
9.12
9.13
9.14
9.15
9.16
Where to Find Other Arcs

9.6

5.6K 936 25
By NgaChaukMaKyikeBuu

<Unicode>

"မင်း ငါ့ရဲ့ ယီ အင်ပါယာထဲမှာ နေနိုင်တယ် ဒါပေမဲ့ ငါ စောင့်ကြည့်တာကိုတော့ လက်ခံပေးရမယ်"

ဆော့လို့ဝသွားပြီဖြစ်သော စစ်နတ်ဘုရားက ဤသို့ မိန့်ကာ ပြန်ထွက်သွားတော့သည်။

ရှန့်ခယ် စိတ်အတွင်းမှ 'အောင်ပြီကွ' အော်လိုက်သည့်အလျောက် မျက်နှာဖုံးတွင်လည် ပျော်ရွှင်မှုများ ပေါ်ပေါက်လာတော့သည်။ ╰(*^▽^*)╯

ဘယ်အချိန်ကတည်းက ဘေးသို့ ရောက်နေမှန်မသိသော နေးလ်က မေးသည်။ "စောင့်ကြည့်ခံရတာတောင် ပျော်နိုင်သေးတယ်ပေါ့"

ရှန့်ခယ်က တစ်ချက် စွေကြည့်သည် (﹁"﹁): မင်း မသိပါဘူးကွာ စစ်နတ်ဘုရားအပြင် အခြား နတ်ဘုရားတွေနဲ့ပါ နှစ်ရာနဲ့ချီ တိုက်ခိုက်နေခဲ့တဲ့ မကောင်းမှုနတ်ဘုရားက မြင်မြင်ချင်း အသတ်မခံရရုံမကဘူး အစကပြန်စဖို့ အခွင့်အရေးလည်း ပေးခံရသေးတယ် ဒါနဲ့တင် ရှားရှားပါးပါး ကျေနပ်စရာလေး ဖြစ်နေပြီ

လာခြင်းကောင်းနေသဖြင့် ရှန့်ခယ်တစ်ယောက် သူ့မျက်နှာဖုံးသွင်ပြင်တွေ ပုံမှန်ထက် တွန့်ကွေးနေသည်ကို အာရုံမထားမိတော့။ ကြောင်ကြည့်နေသော အချစ်နတ်ဘုရားကို လက်ပြနှုတ်ဆက်ကာ အတွေးများ တိမ်ပေါ်ခုန်တက်လျက် အခန်းဆီ ပြန်လာခဲ့တော့သည်။

သုံးရက်ကြာသော် မင်းသား၏ ကြင်ယာဖက်ရွေးချယ်ပွဲ စတင်တော့သည်။ ရှုမျိုးစုလည်း သေသေချာချာ ပြင်ဆင်ခြယ်သကာ တီမာအား အခမ်းအနားဆီ ပို့ဆောင်ပေးကြသည်။ ရှန့်ခယ်က ဝိဉာည်အသွင်ပြောင်းကာ သူမနောက် လိုက်ဝင်လာခဲ့သည်။

တီမာ့အတွက် လမ်းဖောက်ပေးရန် မူလ မကောင်းမှုနတ်ဘုရားသည် အခြားယှဥ်ပြိုင်သူမိန်းမပျိုများကို ကျိန်စာတိုက်ကာ အပြင်းအထန် နာမကျန်းဖြစ်၊ ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့် ယှဥ်ပြိုင်ခွင့် မရခဲ့ကြပေ။ သို့သော် ကျိန်စာက ဖြည်မရတာတော့ မဟုတ်ပေ။ အခြား စွမ်းအားကြီးသော နတ်ဘုရားများကို ကိုးကွယ်ကြသော မိန်းမပျိုများသည် ကျိန်စာဖြည်နိုင်စွမ်းရှိလေသည်။ ဥပမာ စစ်နတ်ဘုရား တန်းတူ အားကြီးသော အလင်းနတ်ဘုရား၊ ကျန်းမာရေးကို အုပ်စိုးသော ကုသမှု နတ်ဘုရား၊ ရှင်သန်သော သတ္တဝါအလုံးစုံကို အစိုးရသော လောကသဘာဝနတ်ဘုရားတို့အပြင် အမှောင်ကို ကြီးစိုးသော သေခြင်းနတ်ဘုရား စသော နတ်ဘုရားတို့တွင် ထိုအစွမ်းရှိသည်။ သို့သော် သေခြင်းနတ်ဘုရား၏ ကိုးကွယ်သူများသည် အလင်းရှိရာနယ်မြေသို့ ခြေမလှမ်းကြပေ။

ပွဲဝင်ပေါက်တွင် တီမာက ဖိတ်စာကတ်ကို အစေခံတစ်ယောက်ဆီ ပေးလိုက်ကာ မျက်နှာဖုံး ချွတ်လိုက်လေသည်။

သူမမျက်နှာကို မြင်လိုက်ရသော အစေခံ၏ မျက်လုံးများတွင် အံ့အားသင့်ခြင်းများ ပေါ်ပေါက်လာသည်။ ဖိတ်စာကို စစ်ဆေးပြီးနောက် ခါးကိုင်း၍ အရိုအသေပြုကာ အထဲသို့ ဝင်ခွင့်ပြုလိုက်လေသည်။

ရှန့်ခယ်၏ ညွှန်ကြားမှုအောက်တွင် သူမ ယုံကြည်မှုနှင့် သတ္တိများမွေးထားခဲ့သော်လည်း ဤမျှ ကြီးကျယ်ခမ်းနားမှုကို တသက်နှင့်တကိုယ် မကြုံဖူးသူဖြစ်ရာ သူမ ပုံသဏ္ဍာန်ကား တွန့်ဆုတ်လျက်ရှိသည်။

"အရမ်း စိတ်မလှုပ်ရှားနဲ့ လူတွေကို ပန်းတွေ အပင်တွေလို့ သဘောထား" ရှန့်ခယ်က ကင်းစောင့်နေသည့် တပ်သားအလား ဟိုဒီကြည့်ကာ တီမာ့အနား မျောလွင့်လျက် ပြောသည်။ ကံဆိုးစွာနှင့် သက်ရှိလူသားများသည် သူ့အား အိပ်မက်အပြင်ဘက်တွင် ဝိဉာည်ပုံစံနှင့် မြင်နိုင်ကြားနိုင်စွမ်း မရှိချေ။

ထို့ကြောင့် တီမာသည် ရှန့်ခယ်၏ အားပေးမှုများကို မကြားနိုင်ရာ စိတ်လှုပ်ရှားမှုများ မလျော့သွားသည့်အပြင် ပို၍ မြင့်တက်လာတော့သည်။

ရှန့်ခယ်ကတော့ 'ဒီမိန်းကလေးက ဝတယ်၊ ဒီတစ်ယောက်က မလှဘူး၊ ဒီ မိန်းကလေး ဆံပင်ပုံက ရုပ်ဆိုးတယ်၊ ဒီတစ်ယောက်ကျ ရယ်နေတာ မိန်းမ မဆန်လိုက်တာ' စသည်ဖြင့် ပွစိပွစိနှင့် တီမာ့ကို ဖေးမနှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။

သို့သော် တီမာ့မှာ ချွေးစေးများ ထွက်ကာ မြစ်အလား အိုင်ထွန်းလာတော့သည်။

"ဖူး.." ဘေးဘက်မှ ရယ်သံတစ်ခု ထွက်လာလေသည်။

ရှန့်ခယ်လှည့်ကြည့်ရာ နေးလ်အား အနီးတွင် လှပသည့်ဝတ်ရုံတစ်ထည်ခြုံကာ ဝိုင်တစ်ခွက်ကိုင်လျက် သူ့အားပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။

နေးလ်သည် ခန္ဓာကိုယ် ရှိသော နတ်ဘုရားတစ်ပါးဖြစ်သည်။ ထို့ကြောင့် သက်ရှိလူသားများနှင့် စိတ်ကြိုက် ဆက်ဆံနိုင်ကာ သူ့အလှတောင် မော်ကြွားနိုင်သေးသည်။

ရှန့်ခယ်က နေးလ်ထံ အမြန်မျောသွားကာ နေးလ်ခါးအား တံတောင်နှင့် လှမ်းတို့သည်။ "ငါ့ကို တစ်ခု ကူညီပေးစမ်းပါ"

"ဘာကိုလဲ" နေးလ်က ပြုံး၍ ပြောသည်။

"ခဏနေရင် တီမာ့ကို ကဖို့ သွားဖိတ်ပေးပါလား ဒါ သူ့အတွက် ကပွဲမှာ ပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံမရှိဖြစ်နေလို့"

"ဆောရီးပါ ငါ မကတတ်ဘူး" နေးလ်မှာ စိတ်မကောင်းစွာပင် ငြင်းဆန်လိုက်ရသည်။

ရှန့်ခယ် →_→: မကတတ်ဘူး ဟုတ်လား အချစ်နတ်ဘုရားလုပ်နေပြီး အကတောင် မတတ်ဘူးလား ဒါဆိုလည်း အဝတ်စားကောင်းတွေ ဝတ်ပြီး ကပွဲ ဘာလို့လာနေသေးလဲ နံရံပန်း* လာလုပ်တာလား

နေးလ်က ရယ်သည် "အပြင်လူ ငါ့ကို လာ အကူအညီတောင်းမယ့်အစား မင်းပဲ လုပ်လိုက်ပါလား"

ရှန့်ခယ် (╯︿╰):ငါသာ ကွကိုယ် လုပ်တတ်ရင် မင်းဆီ လာနေဦးမယ် ထင်လား

"မင်းမှာ ရုပ်ခန္ဓာတော့ မရှိသေးပေမယ့် ဝိဉာည်ကို ခိုင်မာအောင် လုပ်ပြီး အဝတ်ဝတ်ထားလိုက်ရင် သာမာန်လူနှင့် သိပ်မကွာလောက်တော့ဘူး"

ရှန့်ခယ်၏ ပထမဆုံး တုံ့ပြန်မှုကား (⊙▽⊙) ဖြစ်သည်။ ပြီးမှ (= ︿ =) ပြောင်းသွားသည်။ သူ ခန္ဓာကိုယ်ပုံစံ ပြောင်းလို့ရသော်ငြား မျက်နှာဖုံးပုံစံတော့ ပြောင်းမရနိုင်ပေ။ ဤကဲ့သို့ မျက်နှာဖုံးစုတ်ကြီး တပ်ပြီး မိန်းမလှလေးနဲ့ ကနေပုံကို သူ မြင်ယောင်ကြည့်လို့ မရ။ ခဏတော့ ထူးခြားပြီး ထင်းနေမှာ ဖြစ်သော်လည်း ပြီးရင်တော့ အူကြောင်ကြောင်နှင့် ရယ်ချင်စရာကြီး ဖြစ်နေမှာ သေချာသည်။

နေးလ်က ဘာမှဖုံးမရသော မျက်နှာဖုံးကို ကြည့်ကာ ရယ်ချင်စိတ်ကို မြိုချသည်။ "မျက်နှာဖုံး ကိစ္စက မင်းစိုးရိမ်စရာမလိုဘူး ငါ ဖြေရှင်းပေးနိုင်တယ်"

ရှန့်ခယ် : ( °o°) ဘယ်လို?

နေးလ်သည် ဘယ်နားကမှန်းမသိ မျက်နှာဖုံးတစ်ခု ဆွဲထုတ်လာသည်။ မျက်နှာဖုံးကား အဖြူရောင်ရှိပြီး ညာဘက်မျက်လုံးနားတွင် ရွှေအိုရောင် အလှဒီဇိုင်းကွပ်ထားပုံက ထူးခြားနေသည်။

"ဒါနဲ့ဆိုရင်ရော ဘယ်လိုလဲ" နေးလ်သည် မျက်နှာဖုံးကို ထုတ်ကာ ရှန့်ခယ် မျက်နှာနားကပ်၍ မျက်နှာဖုံး နှစ်ခုကို ယှဥ်ကြည့်သည်။

မျက်နှာဖုံးကို အုပ်ဖို့ မျက်နှာဖုံး တစ်ခု တကယ်ကြီး တပ်ရမှာလား? ရှန့်ခယ်က စဥ်းစားနေဟန်ဖြင့် နေးလ်လက်တွင်းရှိ မျက်နှာဖုံးကို ကြည့်သည်။

"မြန်မြန်လုပ်နော် ကပွဲက စတောင်နေပြီ" နေးလ်က ခန်းမအလယ်သို့ မေးငေါ့ပြသည် "မင်း သဘောတူတယ်ဆို အဆင်ပြေတဲ့ တစ်နေရာ ခေါ်သွားပေးမယ် အဲ့မှာ အဝတ်လဲလို့ရတယ်"

ရှန့်ခယ်က ခေါင်းညိတ်လိုက်သည် "အိုကေ"

ခန်းမထဲတွင် ငြိမ့်ညောင်းသော တေးသံက မျောလွင့်နေကာ မင်းသား ယီတာမိုသည် သူ၏ တော်ဝင်မယ်တော်ဘုရား** လက်ကို ကိုင်လျက် ပထမ ကဖော်အဖြစ် တွဲကလို့ နေသည်။

တီမာသည် ယီတာမိုကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ သူမတို့နှင့် ရက်အတော်ကြာ အတူနေသွားသော ခပ်ချောချော ကောင်လေးသည် ယီအင်ပါယာ၏ တော်ဝင်မင်းသားတစ်ပါး ဖြစ်နေမယ်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ယီတာမိုအပေါ် သူမ အမြင်က ကောင်းမွန်သော်လည်း သူငယ်ချင်းတစ်ယောက်အနေနဲ့သာ ဖြစ်သည်။

နတ်ဘုရား အူနိုက သူမရင်ထဲတွင် အရေးပါသော နေရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူမ ဤရွေးချယ်ပွဲသို့ လာရောက်ယှဥ်ပြိုင်ရသည့် အကြောင်းမှာလည်း ရှုမျိုးစုအနာဂတ်အတွက်သာ ဖြစ်သည်။

သီချင်းတစ်ပုဒ် ပြီးသွားသည့်နောက် အကမှာလည်း အဆုံးသတ်သွားကာ ယီတာမိုသည် တော်ဝင်မယ်ဘုရားလက်ကို လွှတ်ကာ ရောက်ရှိနေသော မိန်းမပျိုများထံ ဝေ့ကြည့်လိုက်သည်။

ယီတာမိုသည် တီမာ၏ မူလမျက်နှာကို မမြင်ဖူးသည့်အပြင် သူမကား ဟိုးအနောက်ဆုံးတွင် လူအုပ်နှင့် ကွယ်နေသေးသည်။ ထို့ကြောင့် အနားတွင်ရှိနေသော ပျိုဖြူတစ်ယောက်ကိုသာ ဒုတိယ ကဖော်အဖြစ် ရွေးချယ်လိုက်လေသည်။

ဂီတသံ ပြန်ပေါ်ထွက်လာပြီးနောက် မင်းသားသည် မိန်းကလေးလက်ကို ဆွဲလျက် အတူ တွဲကကြလေသည်။ အခြား ယောက်ျားများလည်း ကိုယ်စီ ကဖော်များရှာကာ ကပွဲတွင် ဝင်ရောက်ဆင်နွုဲကြသည်။

တီမာက လူအတော်များများထံမှ ကဖို့ဖိတ်ခေါ်ခြင်းကို ငြင်းလိုက်ကာ ယီတာမိုကနေတာကို မကြည်မလင်ကြည့်လျက် ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေသည်။

"ချစ်စရာ မိန်းမလှလေးခင်ဗျာ ကျွန်တော်နဲ့အတူ တွဲကပေးဖို့ ဖိတ်ခေါ်ပါရစေလား" ညင်သာသော အသံတစ်ခုက တီမာ၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ သူမ အစက ငြင်းမည်ကြံသော်လည်း တဖက်လူ၏ မျက်နှာဖုံးကိုကြည့်ကာ ရပ်တန့်သွားသည်။

သူမ အရှေ့မှလူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် အဖြူရောင်ပေါ် ရွှေအိုရောင် အလှဆင်ထားသော မျက်နှာဖုံးကို တပ်ထားသည်။ ထိုလူကား အရပ်ရှည်၍ အင်အားကြီးပုံပေါ်ကာ အပြုမူများမှာ ကျက်သရေရှိ၍ ချောမွေ့လို့နေသည်။

တီမာ ခဏလောက် တွေဝေသွားသော်လည်း နောက်တော့ ထိုလူ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်သည်။

"တီမာ..ကိုယ်တော် အသင့်ကို ပုန်းရှောင်ပြီး တစ်ကိုယ်တည်းနေဖို့ မသင်ပေးထားဘူးနော်"

ထိုစကားကို ကြားပြီးနောက် တီမာသည် ခေါင်းမော့ကာ မယုံနိုင်သည့်အလား ကြည့်လာသည်။

"ရှင်..ရှင်က..." သူမ နှလုံးခုန်တွေ မြန်လာကာ အသက်ရှုတောင် မဝသကဲ့သို့ ရှိသည်။

"လာပါ သွားကရအောင်" ရှန့်ခယ်က သူမအား လက်ကမ်းပေးကာ ကဖို့ ခေါ်လိုက်သည်။

"ဟုတ်ကဲ့" တီမာ ပြုံးပြီး ရှန့်ခယ် ကမ်းသော လက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ရှန့်ခယ်က သေချာ တွဲခေါ်ယူကာ သူမ၏ အလှအပကို လူတွေ သတိပြုမိလာအောင် လုပ်လိုက်သည်။

ရှန့်ခယ်၏ ညွှန်ပြမှုနောက်တွင် တီမာလည်း တဖြည်းဖြည်း အကြောက်ပြေကာ ကဖို့ စိတ်ပါလာပြီး ပြုံးပြုံးပျော်ပျော် ဖြစ်လာသည်။ သူမ၏ ဂါဝန်သည် ဝေ့ယမ်းကာ လှုပ်လိုက်သည့်အချိန်တိုင်း မျောလွင့်လျက် ရှိသည်။ သူမကား သာယာချိုမြိန်သော ဂီတသံအလယ်တွင် တဖြည်းဖြည်း ပွင့်အာသော နှင်းဆီဖူးဟန် ပေါ်လေသည်။

နှစ်ဦးသားအကသည် အခြားလူများကို ဆွဲဆောင်ကာ တီမာမှာလည်း ပို၍ တောက်ပလာသလို ရှိ၏။

နေးလ်က ဤဖြစ်စဥ်ကို လူအုပ်ထဲမှ ကြည့်ကာ ခပ်တိုးတိုး လေချွန်လိုက်သည်။ နတ်ဘုရားပိစိလေးက ဤသို့ ခမ်းနားမှုမျိုးပေးနိုင်မည်ဟု သူ မထင်ထားမိပေ။ သူ့ မူလသွင်ပြင်ကို မျက်နှာဖုံးနှင့်အုပ်လျက် လူသစ်တစ်ယောက်အလား ရှိနေသည်။ ဒီလိုလှပတဲ့ ဝတ်စုံအောက်မှာ စုတ်ပြတ်နေတဲ့ တိရိစ္ဆာန် သားရေပတ်ဝတ်ပြီး ကို့ရိုးကားယားနိုင်တဲ့ မျက်နှာဖုံးတပ် လူတစ်ယောက် ရှိနေမယ်လို့ ဘယ်သူထင်မလဲ။ ဒါကို တွေးကြည့်ပြီး နေးလ် မရယ်ဘဲ မနေနိုင်ချေ။

ဟင်း သူ့ အော်ရီဂျင်နယ်ပုံစံကတော့ ချစ်ဖို့ အကောင်းဆုံးပဲ...

ထိုအကသည် ယီတာမိုကိုလည်း အာရုံစိုက်စေကာ တီမာကိုကြည့်ပြီး ရင်းနှီးနေသလို ခံစားရစေသည်။ သူမ ပါတနာ၏ မျက်နှာဖုံးကို မြင်သောအခါမှ ဆက်စပ်မိသွားသည်။ ဒါက ရှုမျိုးစုရဲ့ တီမာမဟုတ်ဘူးလား။ တီမာ၏ မျက်နှာသွင်ပြင်ကို ခန့်မှန်းမရသော်လည်း သူမ ခန္ဓာကိုယ်ဟန်နှင့် ဝတ်ဆင်ပုံမှ တဆင့် ဘယ်သူမှန်း သိနိုင်လေသည်။

သူမရဲ့ ကဖော်က ဘယ်သူပါလိမ့်? မက်စ်ကရတ်ဒ်*** လည်း မဟုတ်သော ကပွဲကို မျက်နှာဖုံးဝတ်ဆင်လာခြင်းသည် သင့်လျော်သော အပြုအမူ မဟုတ်ပေ။

ယီတာမိုသည် သူ့ထံ လူများမှ အာရုံစိုက်ခြင်း မခံရတော့တာကို ဂရုစိုက်မနေပေ။ ကပွဲမှာ ကြင်ယာရှာဖို့ အစကတည်းက သူ မစဥ်းစားထား။ မကြာခဏ ရှန့်ခယ်ဘက် လှမ်းကြည့်ကာ ဤလူကို တစ်နေရာရာမှာ မြင်ဖူးသည်ဟူသော အတွေးကြီး ပေါက်ပေါက်လာသည်။

စိတ်မပါစွာ ဒုတိယအကြိမ်ကပြီးသွားသည့်နောက် ယီတာမိုသည် ခဏအနားယူဖို့ လုပ်သည်။ ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးနောက် သူ့ခေါင်းသည် ရှန့်ခယ်နှင့် တီမာ့ဘက် ကိုးဆယ် ဒီဂရီလည်သွားသည်။

"အူနို!"

ရှန့်ခယ်က လှည့်ကြည့်သည်။

"တကယ် မင်းပဲ" ယီတာမိုက ရယ်ချင်တာ ထိန်းနေရသည့်အလား ရှန့်ခယ်ကို အထူးအဆန်းပုံနှင့် စိုက်ကြည့်သည်။

ရှန့်ခယ် ချက်ချင်း မပျော်တော့။ သူသည် အစကတည်းက ကျက်သရေရှိ၍ ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။ အဝတ်အစားကောင်းဝတ်ထားတာ ဘာမလိုက်စရာရှိမလဲ။ ဟို နေရာတကာဖော်နေတဲ့ သားရေပတ်ခြုံထားမှ သူနဲ့ တကယ်မလိုက်တာ ဟုတ်ပြီလား။

"မင်း ငါ့ရဲ့ ကပွဲကို လာမယ်လို့ တကယ် မထင်ထားမိဘူး ငါနဲ့အတူ တွဲကပေးလို့ ရနိုင်မလား" ယီတာမိုက ခပ်ဖျော့ဖျော့ ပြုံးသည်။

ရှန့်ခယ်က သူ၏ မျက်နှာဖုံး နှစ်ထပ်ကွမ်းမျက်နှာနှင့် ယီတာမိုကို စိုက်ကြည့်သည်။ မင်း ခေါင်းကောင်းသေးရဲ့လား? မင်းနဲ့ အရပ်တူ ပိုလည်း အင်အားကြီးတဲ့ သူကိုမှ ကဖို့ လာဖိတ်နေတယ်။ ကိုယ့်ကိုကိုယ် အရှက်ခွဲချင်တောင် ဒီလို လုပ်လို့မရဘူးလေ။ မင်းသားတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ဒီလိုပဲ စိတ်ပျက်စေတော့မလို့လား?

အမှန်တော့ ယီတာမို၏ ဖိတ်ခေါ်မှုသည် သူကိုယ်တိုင်တောင် သတိမထားမိပဲ ခေါ်လိုက်မိခြင်းဖြစ်သည်။ ရှန့်ခယ်နဲ့ အတူကရတာ ရယ်စရာဖြစ်နေမှာပဲဟု တွေးလိုက်မိခြင်းသာ။ သို့သော် ဤစကားများ နှုတ်မှ ထွက်သွားသည်နှင့် သူမှားသွားမှန်း တန်းသိလိုက်သည်။

"အဟမ်း ကျွန်တော် မိန်းကလေး တီမာကို တတိယကဖော်အဖြစ် ဖိတ်ခေါ်ချင်ပါတယ်" ယီတာမိုက သူ့အမှားကို ချက်ချင်း ပြန်ပြင်သည်။

ရှန့်ခယ် : တီမာ့ကို ဖိတ်ခေါ်တာ မျက်လုံးက ငါ့ဆီ ရောက်နေတယ် မင်း မျက်စိစွေနေလား

တီမာ : ငါ တကယ် ငြင်းပစ်ချင်ထှာ....

တတိယမြောက် သီချင်းသံစတင်ပြီး ယီတာမိုသည် ရင်ခုန်နေသော တီမာနှင့်အတူ ကစင်ပေါ်သို့ တက်လာသည်။ တီမာကား သူမနတ်ဘုရားက သူမကို ဤ ကြောက်စရာမင်းသားထံမှ ကယ်များကယ်လေမလားဟု မကြာခဏ လှည့်ကြည့်နေလေသည်။ သို့သော် ရှန့်ခယ်က မကယ်သည့်အပြင် အနောက်မှတောင် တွန်းတင်ပေးလိုက်သေးသည်။

"မင်းသာ ငါပေးတဲ့ မျက်နှာဖုံးနဲ့ မအုပ်ထားခဲ့ရင် အခုချိန် ပွဲကောင်းနေမှာ" နေးလ်က ရှန့်ခယ်ဆီ လျှောက်လာလျက် နောင်တရနေသည့်ဟန်ဖြင့် ပြောသည်။

"မျက်နှာဖုံးအတွက် ကျေးဇူးပဲ ဒီနေ့ကစပြီး တသက်လုံး မချွတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ" ရှန့်ခယ်က ကျေးဇူးတင်စွာ ပြောသည်။

နေးလ် မျက်နှာပျက်သွားသည် "ငါ မင်းကို အဲ့မျက်နှာဖုံးပေးဖို့ အစီအစဥ် မရှိဘူးလေ"

"ဒါဆိုရင်တော့ နှမြောစရာပဲ" ရှန့်ခယ်က ပခုံးတွန့်ပြကာ သက်ပြင်းချသည် "ကြည့်ရတာ ငါ့ဘာသာပဲ အသစ်တစ်ခု တီထွင်ရမယ် ထင်တယ်"

ရှန့်ခယ်က နောက်ဆုံးတော့ လူလိုသူလို ပြန်နေနိုင်မည့် နည်းလမ်းကို ရှာတွေ့သွား​သောကြောင့် ပျော်ရွှင်လျက်ရှိသည်။ ဟိုချီးထုပ်မျက်နှာဖုံးက သူ၏ ဖြူဖြူစင် စင် ရိုးရိုးသားသား အတွေးကမ္ဘာလေးကို ဖော်ထုတ်ပစ်မှာကို စိုးရိမ်စရာမလိုတော့။

ကျေးဇူး အများကြီးတင်ပါတယ် အရှင် အချစ်နတ်ဘုရားရယ်။ လူသားမျိုးနွယ်စုရဲ့ အကောင်းဆုံး မိတ်ဆွေကြီး။

ရှန့်ခယ်က နေးလ်ကို ကြင်ကြင်နာနာ ကြည့်ကာ သူ၏ ကျေးဇူးအထူးတင်မှုကို ဖော်ပြလိုက်သည်။

နေးလ် : .....ရုတ်တရက် ငါ အမှားအကြီးကြီးတစ်ခု လုပ်မိသွားသလိုပဲ

သို့သော် ရှန့်ခယ်၏ ချစ်စရာ ဆုတောင်း​လေးကား မပြည့်ခဲ့ပါချေ။

ကပွဲပြီးနောက် ရှန့်ခယ်သည် လက်ရှိ အဝတ်အစားအတိုင်းပင် တီမာတို့နှင့်အတူ သူတို့ နေထိုင်ရာဆီ ပြန်လာခဲ့သည်။

ခြံဝန်းထဲကို ဝင်ဝင်ချင်း ဖြတ်သွားဖြတ်လာပဲလား တကူးတက လာစစ်ဆေးတာလား မသိသည့် စစ်နတ်ဘုရားနှင့် တန်းတိုးတော့သည်။

စစ်နတ်ဘုရားက ရှန့်ခယ်နှင့် သူ၏ ဝတ်စုံကို ကြည့်ကာ နှာမှုတ်သံ တစ်ချက်ပြုသည်။

ဤ အေးစက်စက် ငှက်မွှေးအလား ဖျော့တော့သော အသံ တစ်ချက်နဲ့တင် ရှန့်ခယ် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားရကာ ခန္ဓာကိုယ်တခြား ဝတ်ရုံတခြား ဖြစ်သွားသည်။ ပွဲတက် ဝတ်စုံနှင့် မျက်နှာဖုံးသည် အလိုလို ကွာကျကာ သူ့ခန္ဓာကိုယ်ပေါ်တွင် နဂိုရှိရင်းစွဲအတိုင်း မျက်နှာဖုံးတစ်ခုနှင့် တိရစ္ဆာန် သားရေပတ်တစ်ခုသာ ချန်ထားခဲ့သည်။

"မသင့်လျော်လိုက်တာ" ဆာရာက အေးစက်စက် မှတ်ချက်ချသည်။

ရှန့်ခယ် : (┭┮Д ┭┮)

ရှန့်ခယ် စိတ်အားညှိုးငယ်စွာနှင့်ပင် သူ၏ သေဆုံးသွားရှာပြီဖြစ်သော ငယ်ရွယ်မှုအတွက် မျက်ရည်ကျတော့သည်။

#ဒီကမ္ဘာပေါ်က လူတွေအကုန်လုံးက သူ့ကို မြင့်မြင့်မြတ်မြတ် ကျက်သရေရှိရှိနဲ့ ချောချောမောမော မနေစေချင်ကြဘူး#

______________________________________

Notes

*နံရံပန်း - ကပွဲတွင် ကဖော်မရှိသူ

**တော်ဝင်မယ်တော်ဘုရား - ယီတာမို၏ အမေရင်း မဟုတ်ပဲ ဘုရင့် တရားဝင်ဇနီး

***မက်စ်ကရိတ်ဒ် - မျက်နှာဖုံးတွေဝတ်ရတဲ့ ကပွဲ

ဆာရာ : ခယ်ခယ်က အဝတ်မပါလေ သင့်လျော်လေပဲ ∩(︶▽︶)∩

_____________________________________

<Zawgyi>

"မင္း ငါ့ရဲ့ ယီ အင္ပါယာထဲမွာ ေနနိုင္တယ္ ဒါေပမဲ့ ငါ ေစာင့္ၾကည့္တာကိုေတာ့ လက္ခံေပးရမယ္"

ေဆာ့လို႔ဝသြားၿပီျဖစ္ေသာ စစ္နတ္ဘုရားက ဤသို႔ မိန႔္ကာ ျပန္ထြက္သြားေတာ့သည္။

ရွန႔္ခယ္ စိတ္အတြင္းမွ 'ေအာင္ၿပီကြ' ေအာ္လိုက္သည့္အေလ်ာက္ မ်က္ႏွာဖုံးတြင္လည္ ေပ်ာ္ရႊင္မႈမ်ား ေပၚေပါက္လာေတာ့သည္။ ╰(*^▽^*)╯

ဘယ္အခ်ိန္ကတည္းက ေဘးသို႔ ေရာက္ေနမွန္မသိေသာ ေနးလ္က ေမးသည္။ "ေစာင့္ၾကည့္ခံရတာေတာင္ ေပ်ာ္နိုင္ေသးတယ္ေပါ့"

ရွန႔္ခယ္က တစ္ခ်က္ ေစြၾကည့္သည္ (﹁"﹁): မင္း မသိပါဘူးကြာ စစ္နတ္ဘုရားအျပင္ အျခား နတ္ဘုရားေတြနဲ႔ပါ ႏွစ္ရာနဲ႔ခ်ီ တိုက္ခိုက္ေနခဲ့တဲ့ မေကာင္းမႈနတ္ဘုရားက ျမင္ျမင္ခ်င္း အသတ္မခံရ႐ုံမကဘူး အစကျပန္စဖို႔ အခြင့္အေရးလည္း ေပးခံရေသးတယ္ ဒါနဲ႔တင္ ရွားရွားပါးပါး ေက်နပ္စရာေလး ျဖစ္ေနၿပီ

လာျခင္းေကာင္းေနသျဖင့္ ရွန႔္ခယ္တစ္ေယာက္ သူ႔မ်က္ႏွာဖုံးသြင္ျပင္ေတြ ပုံမွန္ထက္ တြန႔္ေကြးေနသည္ကို အာ႐ုံမထားမိေတာ့။ ေၾကာင္ၾကည့္ေနေသာ အခ်စ္နတ္ဘုရားကို လက္ျပႏႈတ္ဆက္ကာ အေတြးမ်ား တိမ္ေပၚခုန္တက္လ်က္ အခန္းဆီ ျပန္လာခဲ့ေတာ့သည္။

သုံးရက္ၾကာေသာ္ မင္းသား၏ ၾကင္ယာဖက္ေရြးခ်ယ္ပြဲ စတင္ေတာ့သည္။ ရႈမ်ိဳးစုလည္း ေသေသခ်ာခ်ာ ျပင္ဆင္ျခယ္သကာ တီမာအား အခမ္းအနားဆီ ပို႔ေဆာင္ေပးၾကသည္။ ရွန႔္ခယ္က ဝိဉာည္အသြင္ေျပာင္းကာ သူမေနာက္ လိုက္ဝင္လာခဲ့သည္။

တီမာ့အတြက္ လမ္းေဖာက္ေပးရန္ မူလ မေကာင္းမႈနတ္ဘုရားသည္ အျခားယွဥ္ၿပိဳင္သူမိန္းမပ်ိဳမ်ားကို က်ိန္စာတိုက္ကာ အျပင္းအထန္ နာမက်န္းျဖစ္၊ ဒဏ္ရာရေစခဲ့သည္။ ထို႔ေၾကာင့္ ယွဥ္ၿပိဳင္ခြင့္ မရခဲ့ၾကေပ။ သို႔ေသာ္ က်ိန္စာက ျဖည္မရတာေတာ့ မဟုတ္ေပ။ အျခား စြမ္းအားႀကီးေသာ နတ္ဘုရားမ်ားကို ကိုးကြယ္ၾကေသာ မိန္းမပ်ိဳမ်ားသည္ က်ိန္စာျဖည္နိုင္စြမ္းရွိေလသည္။ ဥပမာ စစ္နတ္ဘုရား တန္းတူ အားႀကီးေသာ အလင္းနတ္ဘုရား၊ က်န္းမာေရးကို အုပ္စိုးေသာ ကုသမႈ နတ္ဘုရား၊ ရွင္သန္ေသာ သတၱဝါအလုံးစုံကို အစိုးရေသာ ေလာကသဘာဝနတ္ဘုရားတို႔အျပင္ အေမွာင္ကို ႀကီးစိုးေသာ ေသျခင္းနတ္ဘုရား စေသာ နတ္ဘုရားတို႔တြင္ ထိုအစြမ္းရွိသည္။ သို႔ေသာ္ ေသျခင္းနတ္ဘုရား၏ ကိုးကြယ္သူမ်ားသည္ အလင္းရွိရာနယ္ေျမသို႔ ေျခမလွမ္းၾကေပ။

ပြဲဝင္ေပါက္တြင္ တီမာက ဖိတ္စာကတ္ကို အေစခံတစ္ေယာက္ဆီ ေပးလိုက္ကာ မ်က္ႏွာဖုံး ခၽြတ္လိုက္ေလသည္။

သူမမ်က္ႏွာကို ျမင္လိုက္ရေသာ အေစခံ၏ မ်က္လုံးမ်ားတြင္ အံ့အားသင့္ျခင္းမ်ား ေပၚေပါက္လာသည္။ ဖိတ္စာကို စစ္ေဆးၿပီးေနာက္ ခါးကိုင္း၍ အရိုအေသျပဳကာ အထဲသို႔ ဝင္ခြင့္ျပဳလိုက္ေလသည္။

ရွန္႔ခယ္၏ ညႊန္ၾကားမႈေအာက္တြင္ သူမ ယုံၾကည္မႈႏွင့္ သတၱိမ်ားေမြးထားခဲ့ေသာ္လည္း ဤမၽွ ႀကီးက်ယ္ခမ္းနားမႈကို တသက္ႏွင့္တကိုယ္ မၾကဳံဖူးသူျဖစ္ရာ သူမ ပုံသ႑ာန္ကား တြန္႔ဆုတ္လ်က္ရွိသည္။

"အရမ္း စိတ္မလႈပ္ရွားနဲ႔ လူေတြကို ပန္းေတြ အပင္ေတြလို႔ သေဘာထား" ရွန္႔ခယ္က ကင္းေစာင့္ေနသည့္ တပ္သားအလား ဟိုဒီၾကည့္ကာ တီမာ့အနား ေမ်ာလြင့္လ်က္ ေျပာသည္။ ကံဆိုးစြာႏွင့္ သက္ရွိလူသားမ်ားသည္ သူ႔အား အိပ္မက္အျပင္ဘက္တြင္ ဝိဉာည္ပုံစံႏွင့္ ျမင္နိုင္ၾကားနိုင္စြမ္း မရွိေခ်။

ထို႔ေၾကာင့္ တီမာသည္ ရွန္႔ခယ္၏ အားေပးမႈမ်ားကို မၾကားနိုင္ရာ စိတ္လႈပ္ရွားမႈမ်ား မေလ်ာ့သြားသည့္အျပင္ ပို၍ ျမင့္တက္လာေတာ့သည္။

ရွန္႔ခယ္ကေတာ့ 'ဒီမိန္းကေလးက ဝတယ္၊ ဒီတစ္ေယာက္က မလွဘူး၊ ဒီ မိန္းကေလး ဆံပင္ပုံက ႐ုပ္ဆိုးတယ္၊ ဒီတစ္ေယာက္က် ရယ္ေနတာ မိန္းမ မဆန္လိုက္တာ' စသည္ျဖင့္ ပြစိပြစိႏွင့္ တီမာ့ကို ေဖးမႏွစ္သိမ့္ေပးေနဆဲ ျဖစ္သည္။

သို႔ေသာ္ တီမာ့မွာ ေခၽြးေစးမ်ား ထြက္ကာ ျမစ္အလား အိုင္ထြန္းလာေတာ့သည္။

"ဖူး.." ေဘးဘက္မွ ရယ္သံတစ္ခု ထြက္လာေလသည္။

ရွန္႔ခယ္လွည့္ၾကည့္ရာ ေနးလ္အား အနီးတြင္ လွပသည့္ဝတ္႐ုံတစ္ထည္ျခဳံကာ ဝိုင္တစ္ခြက္ကိုင္လ်က္ သူ႔အားျပဳံးၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။

ေနးလ္သည္ ခႏၶာကိုယ္ ရွိေသာ နတ္ဘုရားတစ္ပါးျဖစ္သည္။ ထို႔ေၾကာင့္ သက္ရွိလူသားမ်ားႏွင့္ စိတ္ႀကိဳက္ ဆက္ဆံနိုင္ကာ သူ႔အလွေတာင္ ေမာ္ႂကြားနိုင္ေသးသည္။

ရွန္႔ခယ္က ေနးလ္ထံ အျမန္ေမ်ာသြားကာ ေနးလ္ခါးအား တံေတာင္ႏွင့္ လွမ္းတို႔သည္။ "ငါ့ကို တစ္ခု ကူညီေပးစမ္းပါ"

"ဘာကိုလဲ" ေနးလ္က ျပဳံး၍ ေျပာသည္။

"ခဏေနရင္ တီမာ့ကို ကဖို႔ သြားဖိတ္ေပးပါလား ဒါ သူ႔အတြက္ ကပြဲမွာ ပထမဆုံးအႀကိမ္ဆိုေတာ့ အေတြ႕အၾကဳံမရွိျဖစ္ေနလို႔"

"ေဆာရီးပါ ငါ မကတတ္ဘူး" ေနးလ္မွာ စိတ္မေကာင္းစြာပင္ ျငင္းဆန္လိုက္ရသည္။

ရွန္႔ခယ္ →_→: မကတတ္ဘူး ဟုတ္လား အခ်စ္နတ္ဘုရားလုပ္ေနၿပီး အကေတာင္ မတတ္ဘူးလား ဒါဆိုလည္း အဝတ္စားေကာင္းေတြ ဝတ္ၿပီး ကပြဲ ဘာလို႔လာေနေသးလဲ နံရံပန္း* လာလုပ္တာလား

ေနးလ္က ရယ္သည္ "အျပင္လူ ငါ့ကို လာ အကူအညီေတာင္းမယ့္အစား မင္းပဲ လုပ္လိုက္ပါလား"

ရွန္႔ခယ္ (╯︿╰):ငါသာ ကြကိုယ္ လုပ္တတ္ရင္ မင္းဆီ လာေနဦးမယ္ ထင္လား

"မင္းမွာ ႐ုပ္ခႏၶာေတာ့ မရွိေသးေပမယ့္ ဝိဉာည္ကို ခိုင္မာေအာင္ လုပ္ၿပီး အဝတ္ဝတ္ထားလိုက္ရင္ သာမာန္လူႏွင့္ သိပ္မကြာေလာက္ေတာ့ဘူး"

ရွန္႔ခယ္၏ ပထမဆုံး တုံ႔ျပန္မႈကား (⊙▽⊙) ျဖစ္သည္။ ၿပီးမွ (= ︿ =) ေျပာင္းသြားသည္။ သူ ခႏၶာကိုယ္ပုံစံ ေျပာင္းလို႔ရေသာ္ျငား မ်က္ႏွာဖုံးပုံစံေတာ့ ေျပာင္းမရနိုင္ေပ။ ဤကဲ့သို႔ မ်က္ႏွာဖုံးစုတ္ႀကီး တပ္ၿပီး မိန္းမလွေလးနဲ႔ ကေနပုံကို သူ ျမင္ေယာင္ၾကည့္လို႔ မရ။ ခဏေတာ့ ထူးျခားၿပီး ထင္းေနမွာ ျဖစ္ေသာ္လည္း ၿပီးရင္ေတာ့ အူေၾကာင္ေၾကာင္ႏွင့္ ရယ္ခ်င္စရာႀကီး ျဖစ္ေနမွာ ေသခ်ာသည္။

ေနးလ္က ဘာမွဖုံးမရေသာ မ်က္ႏွာဖုံးကို ၾကည့္ကာ ရယ္ခ်င္စိတ္ကို ၿမိဳခ်သည္။ "မ်က္ႏွာဖုံး ကိစၥက မင္းစိုးရိမ္စရာမလိုဘူး ငါ ေျဖရွင္းေပးနိုင္တယ္"

ရွန္႔ခယ္ : ( °o°) ဘယ္လို?

ေနးလ္သည္ ဘယ္နားကမွန္းမသိ မ်က္ႏွာဖုံးတစ္ခု ဆြဲထုတ္လာသည္။ မ်က္ႏွာဖုံးကား အျဖဴေရာင္ရွိၿပီး ညာဘက္မ်က္လုံးနားတြင္ ေရႊအိုေရာင္ အလွဒီဇိုင္းကြပ္ထားပုံက ထူးျခားေနသည္။

"ဒါနဲ႔ဆိုရင္ေရာ ဘယ္လိုလဲ" ေနးလ္သည္ မ်က္ႏွာဖုံးကို ထုတ္ကာ ရွန္႔ခယ္ မ်က္ႏွာနားကပ္၍ မ်က္ႏွာဖုံး ႏွစ္ခုကို ယွဥ္ၾကည့္သည္။

မ်က္ႏွာဖုံးကို အုပ္ဖို႔ မ်က္ႏွာဖုံး တစ္ခု တကယ္ႀကီး တပ္ရမွာလား? ရွန္႔ခယ္က စဥ္းစားေနဟန္ျဖင့္ ေနးလ္လက္တြင္းရွိ မ်က္ႏွာဖုံးကို ၾကည့္သည္။

"ျမန္ျမန္လုပ္ေနာ္ ကပြဲက စေတာင္ေနၿပီ" ေနးလ္က ခန္းမအလယ္သို႔ ေမးေငါ့ျပသည္ "မင္း သေဘာတူတယ္ဆို အဆင္ေျပတဲ့ တစ္ေနရာ ေခၚသြားေပးမယ္ အဲ့မွာ အဝတ္လဲလို႔ရတယ္"

ရွန္႔ခယ္က ေခါင္းညိတ္လိုက္သည္ "အိုေက"

ခန္းမထဲတြင္ ၿငိမ့္ေညာင္းေသာ ေတးသံက ေမ်ာလြင့္ေနကာ မင္းသား ယီတာမိုသည္ သူ၏ ေတာ္ဝင္မယ္ေတာ္ဘုရား** လက္ကို ကိုင္လ်က္ ပထမ ကေဖာ္အျဖစ္ တြဲကလို႔ ေနသည္။

တီမာသည္ ယီတာမိုကို ျမင္လိုက္ရေသာအခါ အံ့အားသင့္သြားသည္။ သူမတို႔ႏွင့္ ရက္အေတာ္ၾကာ အတူေနသြားေသာ ခပ္ေခ်ာေခ်ာ ေကာင္ေလးသည္ ယီအင္ပါယာ၏ ေတာ္ဝင္မင္းသားတစ္ပါး ျဖစ္ေနမယ္ဟု သူမ ေမၽွာ္လင့္မထားခဲ့ေပ။ ယီတာမိုအေပၚ သူမ အျမင္က ေကာင္းမြန္ေသာ္လည္း သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔သာ ျဖစ္သည္။

နတ္ဘုရား အူနိုက သူမရင္ထဲတြင္ အေရးပါေသာ ေနရာတစ္ခုကို ပိုင္ဆိုင္ထားသည္။ သူမ ဤေရြးခ်ယ္ပြဲသို႔ လာေရာက္ယွဥ္ၿပိဳင္ရသည့္ အေၾကာင္းမွာလည္း ရႈမ်ိဳးစုအနာဂတ္အတြက္သာ ျဖစ္သည္။

သီခ်င္းတစ္ပုဒ္ ၿပီးသြားသည့္ေနာက္ အကမွာလည္း အဆုံးသတ္သြားကာ ယီတာမိုသည္ ေတာ္ဝင္မယ္ဘုရားလက္ကို လႊတ္ကာ ေရာက္ရွိေနေသာ မိန္းမပ်ိဳမ်ားထံ ေဝ့ၾကည့္လိုက္သည္။

ယီတာမိုသည္ တီမာ၏ မူလမ်က္ႏွာကို မျမင္ဖူးသည့္အျပင္ သူမကား ဟိုးအေနာက္ဆုံးတြင္ လူအုပ္ႏွင့္ ကြယ္ေနေသးသည္။ ထို႔ေၾကာင့္ အနားတြင္ရွိေနေသာ ပ်ိဳျဖဴတစ္ေယာက္ကိုသာ ဒုတိယ ကေဖာ္အျဖစ္ ေရြးခ်ယ္လိုက္ေလသည္။

ဂီတသံ ျပန္ေပၚထြက္လာၿပီးေနာက္ မင္းသားသည္ မိန္းကေလးလက္ကို ဆြဲလ်က္ အတူ တြဲကၾကေလသည္။ အျခား ေယာက္်ားမ်ားလည္း ကိုယ္စီ ကေဖာ္မ်ားရွာကာ ကပြဲတြင္ ဝင္ေရာက္ဆင္ႏြဳဲၾကသည္။

တီမာက လူအေတာ္မ်ားမ်ားထံမွ ကဖို႔ဖိတ္ေခၚျခင္းကို ျငင္းလိုက္ကာ ယီတာမိုကေနတာကို မၾကည္မလင္ၾကည့္လ်က္ ေထာင့္တစ္ေနရာတြင္ မတ္တပ္ရပ္ေနသည္။

"ခ်စ္စရာ မိန္းမလွေလးခင္ဗ်ာ ကၽြန္ေတာ္နဲ႔အတူ တြဲကေပးဖို႔ ဖိတ္ေခၚပါရေစလား" ညင္သာေသာ အသံတစ္ခုက တီမာ၏ အေတြးမ်ားကို ေႏွာင့္ယွက္လိုက္သည္။ သူမ အစက ျငင္းမည္ႀကံေသာ္လည္း တဖက္လူ၏ မ်က္ႏွာဖုံးကိုၾကည့္ကာ ရပ္တန္႔သြားသည္။

သူမ အေရွ႕မွလူသည္ အနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး မ်က္ႏွာထက္တြင္ အျဖဴေရာင္ေပၚ ေရႊအိုေရာင္ အလွဆင္ထားေသာ မ်က္ႏွာဖုံးကို တပ္ထားသည္။ ထိုလူကား အရပ္ရွည္၍ အင္အားႀကီးပုံေပၚကာ အျပဳမူမ်ားမွာ က်က္သေရရွိ၍ ေခ်ာေမြ႕လို႔ေနသည္။

တီမာ ခဏေလာက္ ေတြေဝသြားေသာ္လည္း ေနာက္ေတာ့ ထိုလူ၏ ဖိတ္ေခၚမႈကို ျငင္းဆန္လိုက္သည္။

"တီမာ..ကိုယ္ေတာ္ အသင့္ကို ပုန္းေရွာင္ၿပီး တစ္ကိုယ္တည္းေနဖို႔ မသင္ေပးထားဘူးေနာ္"

ထိုစကားကို ၾကားၿပီးေနာက္ တီမာသည္ ေခါင္းေမာ့ကာ မယုံနိုင္သည့္အလား ၾကည့္လာသည္။

"ရွင္..ရွင္က..." သူမ ႏွလုံးခုန္ေတြ ျမန္လာကာ အသက္ရႈေတာင္ မဝသကဲ့သို႔ ရွိသည္။

"လာပါ သြားကရေအာင္" ရွန္႔ခယ္က သူမအား လက္ကမ္းေပးကာ ကဖို႔ ေခၚလိုက္သည္။

"ဟုတ္ကဲ့" တီမာ ျပဳံးၿပီး ရွန္႔ခယ္ ကမ္းေသာ လက္ကို လွမ္းဆုပ္ကိုင္လိုက္သည္။ ရွန္႔ခယ္က ေသခ်ာ တြဲေခၚယူကာ သူမ၏ အလွအပကို လူေတြ သတိျပဳမိလာေအာင္ လုပ္လိုက္သည္။

ရွန္႔ခယ္၏ ညႊန္ျပမႈေနာက္တြင္ တီမာလည္း တျဖည္းျဖည္း အေၾကာက္ေျပကာ ကဖို႔ စိတ္ပါလာၿပီး ျပဳံးျပဳံးေပ်ာ္ေပ်ာ္ ျဖစ္လာသည္။ သူမ၏ ဂါဝန္သည္ ေဝ့ယမ္းကာ လႈပ္လိုက္သည့္အခ်ိန္တိုင္း ေမ်ာလြင့္လ်က္ ရွိသည္။ သူမကား သာယာခ်ိဳၿမိန္ေသာ ဂီတသံအလယ္တြင္ တျဖည္းျဖည္း ပြင့္အာေသာ ႏွင္းဆီဖူးဟန္ ေပၚေလသည္။

ႏွစ္ဦးသားအကသည္ အျခားလူမ်ားကို ဆြဲေဆာင္ကာ တီမာမွာလည္း ပို၍ ေတာက္ပလာသလို ရွိ၏။

ေနးလ္က ဤျဖစ္စဥ္ကို လူအုပ္ထဲမွ ၾကည့္ကာ ခပ္တိုးတိုး ေလခၽြန္လိုက္သည္။ နတ္ဘုရားပိစိေလးက ဤသို႔ ခမ္းနားမႈမ်ိဳးေပးနိုင္မည္ဟု သူ မထင္ထားမိေပ။ သူ႔ မူလသြင္ျပင္ကို မ်က္ႏွာဖုံးႏွင့္အုပ္လ်က္ လူသစ္တစ္ေယာက္အလား ရွိေနသည္။ ဒီလိုလွပတဲ့ ဝတ္စုံေအာက္မွာ စုတ္ျပတ္ေနတဲ့ တိရိစၧာန္ သားေရပတ္ဝတ္ၿပီး ကို႔ရိုးကားယားနိုင္တဲ့ မ်က္ႏွာဖုံးတပ္ လူတစ္ေယာက္ ရွိေနမယ္လို႔ ဘယ္သူထင္မလဲ။ ဒါကို ေတြးၾကည့္ၿပီး ေနးလ္ မရယ္ဘဲ မေနနိုင္ေခ်။

ဟင္း သူ႔ ေအာ္ရီဂ်င္နယ္ပုံစံကေတာ့ ခ်စ္ဖို႔ အေကာင္းဆုံးပဲ...

ထိုအကသည္ ယီတာမိုကိုလည္း အာ႐ုံစိုက္ေစကာ တီမာကိုၾကည့္ၿပီး ရင္းႏွီးေနသလို ခံစားရေစသည္။ သူမ ပါတနာ၏ မ်က္ႏွာဖုံးကို ျမင္ေသာအခါမွ ဆက္စပ္မိသြားသည္။ ဒါက ရႈမ်ိဳးစုရဲ့ တီမာမဟုတ္ဘူးလား။ တီမာ၏ မ်က္ႏွာသြင္ျပင္ကို ခန္႔မွန္းမရေသာ္လည္း သူမ ခႏၶာကိုယ္ဟန္ႏွင့္ ဝတ္ဆင္ပုံမွ တဆင့္ ဘယ္သူမွန္း သိနိုင္ေလသည္။

သူမရဲ့ ကေဖာ္က ဘယ္သူပါလိမ့္? မက္စ္ကရတ္ဒ္*** လည္း မဟုတ္ေသာ ကပြဲကို မ်က္ႏွာဖုံးဝတ္ဆင္လာျခင္းသည္ သင့္ေလ်ာ္ေသာ အျပဳအမူ မဟုတ္ေပ။

ယီတာမိုသည္ သူ႔ထံ လူမ်ားမွ အာ႐ုံစိုက္ျခင္း မခံရေတာ့တာကို ဂ႐ုစိုက္မေနေပ။ ကပြဲမွာ ၾကင္ယာရွာဖို႔ အစကတည္းက သူ မစဥ္းစားထား။ မၾကာခဏ ရွန္႔ခယ္ဘက္ လွမ္းၾကည့္ကာ ဤလူကို တစ္ေနရာရာမွာ ျမင္ဖူးသည္ဟူေသာ အေတြးႀကီး ေပါက္ေပါက္လာသည္။

စိတ္မပါစြာ ဒုတိယအႀကိမ္ကၿပီးသြားသည့္ေနာက္ ယီတာမိုသည္ ခဏအနားယူဖို႔ လုပ္သည္။ ေျခလွမ္းအနည္းငယ္မၽွ ေလၽွာက္ၿပီးေနာက္ သူ႔ေခါင္းသည္ ရွန္႔ခယ္ႏွင့္ တီမာ့ဘက္ ကိုးဆယ္ ဒီဂရီလည္သြားသည္။

"အူနို!"

ရွန္႔ခယ္က လွည့္ၾကည့္သည္။

"တကယ္ မင္းပဲ" ယီတာမိုက ရယ္ခ်င္တာ ထိန္းေနရသည့္အလား ရွန္႔ခယ္ကို အထူးအဆန္းပုံႏွင့္ စိုက္ၾကည့္သည္။

ရွန္႔ခယ္ ခ်က္ခ်င္း မေပ်ာ္ေတာ့။ သူသည္ အစကတည္းက က်က္သေရရွိ၍ ေခ်ာေမာေသာ လူငယ္တစ္ေယာက္ျဖစ္သည္။ အဝတ္အစားေကာင္းဝတ္ထားတာ ဘာမလိုက္စရာရွိမလဲ။ ဟို ေနရာတကာေဖာ္ေနတဲ့ သားေရပတ္ျခဳံထားမွ သူနဲ႔ တကယ္မလိုက္တာ ဟုတ္ၿပီလား။

"မင္း ငါ့ရဲ့ ကပြဲကို လာမယ္လို႔ တကယ္ မထင္ထားမိဘူး ငါနဲ႔အတူ တြဲကေပးလို႔ ရနိုင္မလား" ယီတာမိုက ခပ္ေဖ်ာ့ေဖ်ာ့ ျပဳံးသည္။

ရွန္႔ခယ္က သူ၏ မ်က္ႏွာဖုံး ႏွစ္ထပ္ကြမ္းမ်က္ႏွာႏွင့္ ယီတာမိုကို စိုက္ၾကည့္သည္။ မင္း ေခါင္းေကာင္းေသးရဲ့လား? မင္းနဲ႔ အရပ္တူ ပိုလည္း အင္အားႀကီးတဲ့ သူကိုမွ ကဖို႔ လာဖိတ္ေနတယ္။ ကိုယ့္ကိုကိုယ္ အရွက္ခြဲခ်င္ေတာင္ ဒီလို လုပ္လို႔မရဘူးေလ။ မင္းသားတစ္ေယာက္အေနနဲ႔ ကိုယ့္တိုင္းျပည္နဲ႔ ကိုယ့္လူမ်ိဳးကို ဒီလိုပဲ စိတ္ပ်က္ေစေတာ့မလို႔လား?

အမွန္ေတာ့ ယီတာမို၏ ဖိတ္ေခၚမႈသည္ သူကိုယ္တိုင္ေတာင္ သတိမထားမိပဲ ေခၚလိုက္မိျခင္းျဖစ္သည္။ ရွန္႔ခယ္နဲ႔ အတူကရတာ ရယ္စရာျဖစ္ေနမွာပဲဟု ေတြးလိုက္မိျခင္းသာ။ သို႔ေသာ္ ဤစကားမ်ား ႏႈတ္မွ ထြက္သြားသည္ႏွင့္ သူမွားသြားမွန္း တန္းသိလိုက္သည္။

"အဟမ္း ကၽြန္ေတာ္ မိန္းကေလး တီမာကို တတိယကေဖာ္အျဖစ္ ဖိတ္ေခၚခ်င္ပါတယ္" ယီတာမိုက သူ႔အမွားကို ခ်က္ခ်င္း ျပန္ျပင္သည္။

ရွန္႔ခယ္ : တီမာ့ကို ဖိတ္ေခၚတာ မ်က္လုံးက ငါ့ဆီ ေရာက္ေနတယ္ မင္း မ်က္စိေစြေနလား

တီမာ : ငါ တကယ္ ျငင္းပစ္ခ်င္ထွာ....

တတိယေျမာက္ သီခ်င္းသံစတင္ၿပီး ယီတာမိုသည္ ရင္ခုန္ေနေသာ တီမာႏွင့္အတူ ကစင္ေပၚသို႔ တက္လာသည္။ တီမာကား သူမနတ္ဘုရားက သူမကို ဤ ေၾကာက္စရာမင္းသားထံမွ ကယ္မ်ားကယ္ေလမလားဟု မၾကာခဏ လွည့္ၾကည့္ေနေလသည္။ သို႔ေသာ္ ရွန္႔ခယ္က မကယ္သည့္အျပင္ အေနာက္မွေတာင္ တြန္းတင္ေပးလိုက္ေသးသည္။

"မင္းသာ ငါေပးတဲ့ မ်က္ႏွာဖုံးနဲ႔ မအုပ္ထားခဲ့ရင္ အခုခ်ိန္ ပြဲေကာင္းေနမွာ" ေနးလ္က ရွန္႔ခယ္ဆီ ေလၽွာက္လာလ်က္ ေနာင္တရေနသည့္ဟန္ျဖင့္ ေျပာသည္။

"မ်က္ႏွာဖုံးအတြက္ ေက်းဇူးပဲ ဒီေန႔ကစၿပီး တသက္လုံး မခၽြတ္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ၿပီ" ရွန္႔ခယ္က ေက်းဇူးတင္စြာ ေျပာသည္။

ေနးလ္ မ်က္ႏွာပ်က္သြားသည္ "ငါ မင္းကို အဲ့မ်က္ႏွာဖုံးေပးဖို႔ အစီအစဥ္ မရွိဘူးေလ"

"ဒါဆိုရင္ေတာ့ ႏွေျမာစရာပဲ" ရွန္႔ခယ္က ပခုံးတြန္႔ျပကာ သက္ျပင္းခ်သည္ "ၾကည့္ရတာ ငါ့ဘာသာပဲ အသစ္တစ္ခု တီထြင္ရမယ္ ထင္တယ္"

ရွန္႔ခယ္က ေနာက္ဆုံးေတာ့ လူလိုသူလို ျပန္ေနနိုင္မည့္ နည္းလမ္းကို ရွာေတြ႕သြား​ေသာေၾကာင့္ ေပ်ာ္ရႊင္လ်က္ရွိသည္။ ဟိုခ်ီးထုပ္မ်က္ႏွာဖုံးက သူ၏ ျဖဴျဖဴစင္ စင္ ရိုးရိုးသားသား အေတြးကမၻာေလးကို ေဖာ္ထုတ္ပစ္မွာကို စိုးရိမ္စရာမလိုေတာ့။

ေက်းဇူး အမ်ားႀကီးတင္ပါတယ္ အရွင္ အခ်စ္နတ္ဘုရားရယ္။ လူသားမ်ိဳးႏြယ္စုရဲ့ အေကာင္းဆုံး မိတ္ေဆြေလး။

ရွန္႔ခယ္က ေနးလ္ကို ၾကင္ၾကင္နာနာ ၾကည့္ကာ သူ၏ ေက်းဇူးအထူးတင္မႈကို ေဖာ္ျပလိုက္သည္။

ေနးလ္ : .....႐ုတ္တရက္ ငါ အမွားအႀကီးႀကီးတစ္ခု လုပ္မိသြားသလိုပဲ

သို႔ေသာ္ ရွန္႔ခယ္၏ ခ်စ္စရာ ဆုေတာင္း​ေလးကား မျပည့္ခဲ့ပါေခ်။

ကပြဲၿပီးေနာက္ ရွန္႔ခယ္သည္ လက္ရွိ အဝတ္အစားအတိုင္းပင္ တီမာတို႔ႏွင့္အတူ သူတို႔ ေနထိုင္ရာဆီ ျပန္လာခဲ့သည္။

ၿခံဝန္းထဲကို ဝင္ဝင္ခ်င္း ျဖတ္သြားျဖတ္လာပဲလား တကူးတက လာစစ္ေဆးတာလား မသိသည့္ စစ္နတ္ဘုရားႏွင့္ တန္းတိုးေတာ့သည္။

စစ္နတ္ဘုရားက ရွန္႔ခယ္ႏွင့္ သူ၏ ဝတ္စုံကို ၾကည့္ကာ ႏွာမႈတ္သံ တစ္ခ်က္ျပဳသည္။

ဤ ေအးစက္စက္ ငွက္ေမႊးအလား ေဖ်ာ့ေတာ့ေသာ အသံ တစ္ခ်က္နဲ႔တင္ ရွန္႔ခယ္ တစ္ကိုယ္လုံး ေပါ့ပါးသြားသလို ခံစားရကာ ခႏၶာကိုယ္တျခား ဝတ္႐ုံတျခား ျဖစ္သြားသည္။ ပြဲတက္ ဝတ္စုံႏွင့္ မ်က္ႏွာဖုံးသည္ အလိုလို ကြာက်ကာ သူ႔ခႏၶာကိုယ္ေပၚတြင္ နဂိုရွိရင္းစြဲအတိုင္း မ်က္ႏွာဖုံးတစ္ခုႏွင့္ တိရစၧာန္ သားေရပတ္တစ္ခုသာ ခ်န္ထားခဲ့သည္။

"မသင့္ေလ်ာ္လိုက္တာ" ဆာရာက ေအးစက္စက္ မွတ္ခ်က္ခ်သည္။

ရွန္႔ခယ္ : (┭┮Д ┭┮)

ရွန္႔ခယ္ စိတ္အားညႇိုးငယ္စြာႏွင့္ပင္ သူ၏ ေသဆုံးသြားရွာၿပီျဖစ္ေသာ ငယ္ရြယ္မႈအတြက္ မ်က္ရည္က်ေတာ့သည္။

#ဒီကမၻာေပၚက လူေတြအကုန္လုံးက သူ႔ကို ျမင့္ျမင့္ျမတ္ျမတ္ က်က္သေရရွိရွိနဲ႔ ေခ်ာေခ်ာေမာေမာ မေနေစခ်င္ၾကဘူး#

______________________________________

Notes

*နံရံပန္း - ကပြဲတြင္ ကေဖာ္မရွိသူ

**ေတာ္ဝင္မယ္ေတာ္ဘုရား - ယီတာမို၏ အေမရင္း မဟုတ္ပဲ ဘုရင့္ တရားဝင္ဇနီး

***မက္စ္ကရိတ္ဒ္ - မ်က္ႏွာဖုံးေတြဝတ္ရတဲ့ ကပြဲ

ဆာရာ : ခယ္ခယ္က အဝတ္မပါေလ သင့္ေလ်ာ္ေလပဲ ∩(︶▽︶)∩

Continue Reading

You'll Also Like

68.4K 7.4K 92
Author _ Shuiqiancheng That's not my work.I am Just Translator
181K 30.6K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
1.2M 241K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
579K 47.3K 147
Name - Yaoi God In The Skies Author - Young Dream Status - COMPLETED အမျိုးသားနဲ့အမျိုးသမီးတွေပဲ လက်ထပ်ခွင့်ရှိတယ်လို့ လက်ခံထားတဲ့ လနတ်ဘုရားနဲ့ ချစ်ခ...