ကျောမခိုင်းပါနဲ့ (Unicode)

By Ph4549

109K 3.5K 32

" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမ... More

Part (1)
Part (2)
Part (3)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30) Final
Extra..

Part (4)

3.2K 130 0
By Ph4549

ကျောမခိုင်းပါနဲ့

🌸pann

Part (4)

" မေခြူး..မေခြူး..... "

" နင်တို့ကလည်း အနောက်က ကျားလိုက်လာတာလား... ဘာလို့ ဇွတ်ပြေးလာတာလဲ "

" ဒီနေ့ အောင်စာရင်း ထွက်တာလေ..နင် ရင်မခုန်ဘူးလား.."

" အေးလေ..နင့်ကြည့်ရတာ အေးဆေးဖြစ်နေလိုက်တာ "

" အေးဆေး ဖြစ်မနေလို့ ငါက အရူးမီးဝိုင်း ဆိုင်း ကပြနေရမှာလား "

" ကောင်မ...စကားကောင်းကို မပြောဘူး "

" ဟုတ်ပါ့ သူပြောလိုက်မှပဲ ငါတို့ အရူး ဖြစ်နေပြီ  ..ပြောလိုက်ရင် ဟိုမလွတ် ဒီမလွတ် စကားတွေ "

" ဟုတ်ပါ့ .. ဒီက သတင်းကောင်း ပြောမလို့ကို "

" အေးလေ ငါတို့ ပြောရမှာနဲ့ ပြေးလာလိုက်ရတာ မတန်လိုက်တာ..တော်ပြီ မပြောတော့ဘူး "

" နင်တို့မပြောပြလည်း ကျုပ်က ဝမ်းမနည်းပေါင်..မနက်အစောကြီး ကတည်းက ဆရာမ သီတာ ကို ဖုန်းဆက်မေးပြီးပြီ D ပါတာလည်း သိတယ်.."

ဒီဒီ့ စကားကြောင့် မကျေနပ်အကြည့်နဲ့ ကြည့်လာတဲ့ ဒီဒီ့အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်..။

" ကောင်မ...သစ္စာဖောက် မ "

" ခ်ခ်.. "

" ရယ်ရယ်..မပြောလိုက်ချင်ဘူး "

" ကဲ...နင်က D နှစ်လုံး တောင်ပါတာဆိုတော့ ဘာတက်ဖို့ စိတ်ကူးထားလဲ ငါတို့တော့ ကျောင်းမတူတော့ဘူး ထင်တယ် "

" အေးလေ.. "

" ဘာကျောင်းမှ မတူစရာ အကြောင်း မရှိဘူး..ငါက E မေဂျာကို အဓိကထား ယူမှာပါနော် ကျန်တာ စိတ်မဝင်စားဘူး "

" ဟင်..တကယ်နော် "

" တကယ်ပေါ့ဟ.. "

" ချစ်သွားပြီ "

" အာ့ကြောင့် ဒီဒီလေးက ချစ်ဖို့ အရမ်းကောင်းနေတာ "

" ဟွန့်..ရုပ်တွေကိုက မပြောလိုက်ချင်ဘူး "

" ဘာဖြစ်လဲ "

" ဘာမှမဖြစ်ဘူး..လာ မုန့်သွားစားရအောင် ငါတို့ အောင်တဲ့ အထိမ်းအမှတ် အနေနဲ့ "

" နင့်အမေကို.. "

" ငါ့အမေကို ငါပြောပြီးပါပြီ..မုန့်ဖိုးလည်း တောင်းထားပြီးပြီ "

" ဒါဆို အိုကေမှာ စိုပြေနေတာပေါ့ "

" အေးပေါ့.. "

" သမီးရေ... "

အိမ်တံခါးဝနားလောက်မှာ မေမေပန်းဖြူ အသံ ကြားလိုက်တာမို့ ဒီဒီ ထိုင်ရာမှ  ထပြီး အသံပေးကာ သွားလိုက်သည်..။

" ရှင်..မေမေပန်းဖြူ "

ဒေါ်ပန်းဖြူ ကို မြင်တာနဲ့ ဒီဒီ အပြေးလေးသွားပြီး ဒေါ်ပန်းဖြူ လက်မောင်းကို ချိတ်တွယ်လိုက်သည်..။

" သမီး D ပါတယ် ဆို.. "

" ဒါပေါ့ မေမေပန်းဖြူ ရ..သမီးက ဘယ်သူလဲ ဒီဒီလေ.. "

" ဟင်းဟင်း..ဟုတ်ပါပြီရှင် သမီးလေး ဘာလိုချင်လဲ .. ပြော မေမေပန်းဖြူ  ဝယ်ပေးမယ် "

" တကယ်နော်.. "

" တကယ်ပေါ့..သမီးလေးကို ဆုချရမယ်လေ "

" အင်း...အခုတော့ မစဉ်းစားရသေးဘူး နောက်မှ သမီးကို ပေးလေ "

" ဟုတ်ပါပြီရှင်..သမီးကိုကိုကလည်း စောနက မေမေတို့ဆီ ဖုန်းဆက်မေးနေသေးတယ် သမီးလေး အောင်လားတဲ့ အောင်လို့ D နှစ်လုံးတောင် ပါတယ် လို့ ပြောလိုက်တော့ သမီးကိုကိုက ဝမ်းတွေသာပြီး သမီးလေးကို သူကလည်း ဆုချမယ်တဲ့ သမီးလေး သမီးကိုကိုဆီက ဘာလိုချင်လဲ စဉ်းစားထားနော်.. "

ဒီဒီ ပြုံးနေရာမှ မဲ့ကျသွားသည်..။

ပျော်နေတဲ့ အပျော်လေးတောင် ဘယ်တောင် ဘယ်ကမ်းဆီ ရောက်သွားမှန်း မသိ...

အဲ့လို ဂြိုလ်ကောင် ပါဆို...။

အဲ့ဒီ ဘုန်းခန့်ရှိန် အကြောင်း ကြားရင်ကို ဒေါသ အလိုလို ထွက်နေတာ ဒီနေ့ ဒီချိန်ထိပဲ..။

သူဖုန်းဆက် စကားပြောတိုင်း ဒီဒီ ပြန်စကား မပြောတာလည်း ဒီနေ့ ဒီချိန်ထိပဲ...။

သူ့အသံ သူ့ပုံ ဘယ်လိုဘယ်ပုံ ရှိမှန်းလည်း ဒီဒီ မသိဘူး..။

ရုတ်တရက် သူ့အကြောင်း တွေးနေမိရာမှ ဒီဒီ ပြန်အတွေးဖျက်ကာ မဲ့နေတဲ့ မျက်နှာလေးကို အမြန်ပြင်လိုက်ရသည်..။

" နောက်မှ ဒီဒီ စဉ်းစားပြီး ပြောမယ်လေ..အခု ဒီဒီ့ သူငယ်ချင်း တွေနဲ့ မုန့်သွားစားမလို့ "

" ဟုတ်ပါပြီ မုန့်ဖိုးက ရရဲ့လား..မေမေပန်းဖြူ  ဆီက ယူသွားဦးလေ "

" အာ့ဆို ငါးထောင် လောက် ထပ်ပေးလို့ ရလား.."

ဒီဒီ မျက်နှာချို သွေးလိုက်သည်..။

" ဘာလို့ မရရမှာလဲ...ရရဲ့လား ငါးထောင် လောက်နဲ့ ရော့ နှစ်သောင်းလောက် ထပ်ယူသွားလိုက်.. "

" ဟုတ်...ကျေးဇူးပါ မေမေပန်းဖြူ  မေမေအနောက်မှာ ရှိတယ် သမီးသွားပြီလို့ ပြောပေးနော် "

" ဟုတ်ပါပြီရှင်.. "

" သွားကြမယ်... "

သူငယ်ချင်း နှစ်ယောက် ကို လက်ဆွဲခေါ် ပြေးသွားတဲ့ ဒီဒီကို ကြည့်ပြီး ဒေါ်ပန်းဖြူ တစ်ယောက် ပြုံးနေမိသည်.. ။

" ဒီဒီ နင်တော့ ထောတာပဲ..ဒါတောင် ဆုချမယ့်သူတွေ ကျန်သေးတယ်နော် "

" ဟုတ်ပါ့..အဝေးက ကိုကို ဆိုတဲ့  တစ်ယောက် ကလည်း ဆုချဦးမယ်တဲ့ "

ဒီဒီ တစ်စွန်းတစ်စ ပြောပြထားလို့ သူတို့ လည်း သိသင့်သလောက်တော့ သိထားကြသည်..

" ဟွန့်...သူ့ဆီက မလိုချင်ပါဘူး သူ့ဆီကဆို ဘာဆိုဘာမှ မလိုချင်တာ "

" ဘာဖြစ်လို့လဲ.. "

" မုန်းလို့..တလောကလုံး က သူတွေကို အကုန်ချစ်တယ် သူက လွဲပြီး တော့ "

" နင်က ဘာလို့ သူ့ကို မုန်းနေတာလဲ "

" အကြောင်းပြချက်မရှိ.. "

" ဟင်း..နင့်ဟာကလည်း မုန်းတာ အကြောင်းပြချက် မရှိဘဲ မုန်းလို့ရလား "

" အေးလေ.. "

" ရတယ်..ရလို့ သူ့ကို အခု အကြောင်းပြချက် မရှိ မုန်းနေတာပဲ မဟုတ်ဘူးလား "

" အတင်းကြီးကို မုန်းနေတာပဲ.. "

" ဘာဖြစ်လဲ.. "

ဒီဒီ ရဲ့ စူပုတ်ပုတ် မျက်နှာကြောင့် နှစ်ယောက် သား ဆက်မငြင်းတော့ဘဲ နေလိုက်သည်..။

ဒါပေမယ့် သိချင် စိတ်လေးက ပျင်းပြနေတာမို့..

" နင့်ကို ဒီဒီ လို့ နာမည် ပေးရတာ သူ့ကြောင့် ဆို "

ဒီဒီ အတွေးထဲ အမေပြောပြတာတွေ ရောက်ချလာသည်..။

" မေမေ သမီးနာမည်မှာ ဒီ ဆိုတဲ့ နာမည် တစ်လုံးမှ မပါတာ..ဘာလို့ ဒီဒီကို ဒီဒီ လို့ ခေါ်တာလဲ "

" သမီး ကိုကို ကြောင့်လေ.. "

ပါလာပြန်ပြီလား..သမီးကိုကို ဆိုတဲ့ လူ..။

" သမီးလေး မွေးပြီးပြီးချင်း လူတွေ့လို့ရပြီ ဆိုတော့ သားဘုန်းခန့်က သမီးလေးကို ဒီမှာ..ဒီမှာ လို့ ခေါ်ပြီး သူ့ဘက်ကို သမီးမျက်နှာလေး ဆွဲလှည့်ကြည့်နေတာလေ..သား ဘုန်းခန့် က မပီကလာ ပီကလာ သမီးကို တွေရင် ဒီ ဒီ လို့ ခေါ်နေတာကို အမေတို့လည်း သား ဘုန်းခန့် ကို စ နောက်ရင်း သမီးကို ဒီဒီ လို့ ခေါ်ဖြစ်တာ.. "

ဒီဒီ ဆိုတဲ့ အိမ်နာမည်ကို ကြိုက်ပေမယ့် ဘုန်းခန့်ရှိန် ဆိုတဲ့ လူကြီး ပါလာပြန်တော့ ဒီဒီ ဆိုတဲ့ နာမည် တောင် မကြိုက်ချင်တင်တင်...။

ဒီဒီ လည်း ဘာလို့ သူ့ကို မုန်းနေမှန်းလည်း မသိပါဘူး..

အလိုလိုနေရင်းနဲ့ကို သူ့အကြောင်း တစ်စွန်းတစ်စ ကြားရရင်ကို စိတ်က သူ့အလိုလို အလိုမကျ ဖြစ်လာတတ်တာ ဒီဒီ သာ အသိဆုံး...

ငယ်ငယ်က ဒီလောက် တပူးပူးတကပ်ကပ် တွဲဖြစ်ခဲ့သလောက် အခု သူ့နာမည် လေး ကြားရရုံနဲ့တင် ကို ဒီဒီ ဒေါသ အလိုလို ထွက်နေတာ..

မှတ်မိသလောက် သူ ဒီဒီ့ကို မုန်းစေလောက်တဲ့ အရာ မလုပ်ခဲ့ဖူးသလိုပါ..ဘာပဲဖြစ်ဖြစ် ဒီဒီ အလိုမကျဘူး သူနဲ့ပတ်သက်တာ မှန်သမျှ..

အဲ့လို ခံစားရတတ်တာကို ဒီဒီ အမုန်းသင်္ကေတ လို့ပဲ အဓိပ္ပာယ် ဖွင့်လိုက်မည်..။

ဘယ်သူ ဘာပြောပြော...

" ဒီဒီ.. "

" ဟင်.. "

" မေးနေတယ်လေ.. "

" အင်း..သူ့ကြောင့် "

" သူက ချောလား "

" မသိဘူး.. "

" ဒါဆို ရုပ်ဆိုးတာလား.. "

" ဟုတ်တယ် ဟုတ်တယ်.. ဒီဒီ ဒီလောက် မုန်းနေတာဆို ရုပ်ဆိုးလို့လား "

" ဘာလုပ်မလို့လဲ "

" နင့်ကိုကို ကို ဒီဒီ့သူငယ်ချင်း ပါဆိုပြီး ဝင်ရောမလို့ပေါ့.. "

" ရုပ်ဆိုးလား ရုပ်ချော လား မသိဘူး..ငါသိတာ က ချောလည်းမချောဘူး ဝတာကလည်း စည်ပိုင်းကြီး ကျနေတာ မျက်မှန်ဝိုင်းကြီးကလည်း တကားကား..ပါးကလည်း ဖောင်းကားနေတာပဲ အရမ်းဝတာ ပြီးတော့ အရပ်ကလည်း ပုသေး သုဓနု မင်းသား ညီ ပုတလု လေး.. "

" ဟင်..ဟုတ်လို့လား နင် မုန်းနေတာနဲ့ပဲ သပ်သပ် ညစ်ပြောနေတာမလား "

" အေးလေ.."

" မယုံရင် ငါ့အမေကို မေးကြည့် "

" ဟင့် "

" ငါတော့ မယုံပေါင်.. "

" ငါရော.. "

" တော်ပြီ သူ့အကြောင်း ပြောတာ ငါ့အချိန် ပုပ်နေပြီ.. "

" နင်ကတော့.. "

" နင်တို့ သူ့အကြောင်း ဆက် စပ်စုနေဦးမှာလား..မုန့်စားမှာလား "

ဒီဒီ ရဲ့ စူအောင့်အောင့် အသံလေးကြောင့် သူငယ်ချင်း နှစ်ယောက် သား ဒီဒီ့ အကြောင်းသိသူမို့ မျက်နှာအချို သပ်လိုက်ရသည်...။

" မုန့်စားမှာပေါ့..နော့် "

" ဟုတ်တယ်.. မုန့်စားမှာ "

" အာ့ဆို ပါးစပ်ပိတ်ပြီး စားဖို့ တွေးတော့.. "

" ok.."

ဒီဒီ သူ့ကို မေ့ထားချင်သည်...။

နေ့တိုင်း သူ့နာမည် ကို မကြားရတဲ့နေ့ဆိုတာ မရှိ..။

ကျေးဇူးပြု ပြီး ဒီဒီ့အတွေးထဲကနေ အဝေးကို လျွင့်သွားပေးပါ..။

ကျေးဇူးပြု ပြီး.....

.

" ဒီဒီ...ဒီဒီ "

အောက်ထပ်မှာ အမေ့အသံ ဟိန်းထွက်နေတော့ ဒီဒီ လန့်သွားရသည်..။

အရင်က ဒီလို တစ်ခါမှ အမေ မအော်ဖူးပါ..

ဒီဒီအတွေး ခဏရပ်ပြီး အမေရှိရာသို့ အမြန်ပြေးသွားရသည်...။

" ဘာဖြစ်လို့လဲ..မေမေ "

ဘောင်းဘီ သရီးကွာတား ဝတ်ထားတော့ ပေါင်တံကစ ခြေမျက်စိထိ အတားအဆီးမရှိ..မြင်တွေ့နေရတာ ကို ဒေါသထွက်ချင်လာပြန်ပြီ ။

ရင်ဘတ်ကလည်း ဖော်ထားသေး..

ဘယ်လောက် ပြောပြော အမေစကား နားမထောင်.. အဖေ ဖြစ်သူက လွှတ်ထားလိုက်ပါ မေကြီးရယ်နဲ့ သမီးရှေ့ကနေ ကာဆီးကာဆီး လုပ်နေတော့ ဒီကောင်မလေး က ပိုပြီးရဲလာသည်..။

အဖေ မရှိချိန် ကောင်းကောင်း ဆူငေါက်ရမလား..အောက်မေ့တယ် ဒီက ဆူပြောတော့မယ်ဆို ဟိုဘက်အိမ်ကူးပြီး မေမေပန်းဖြူ ရေ ဆိုပြီး ပြေးသွားပြီ...။

ဟိုဘက် အိမ်ကလည်း သမီးမျက်နှာလေး တစ်ချက်အညိုးမခံ..

အရာရာ အလိုလိုက် အကြိုက်ဆောင်နေတော့ ဒီကလေး ကြောက်တာ မရှိတော့..နေချင်သလို နေ လုပ်ချင်သလို လုပ်..။

အခုပဲကြည့်..လူက ပထမနှစ်ကျောင်းသူပဲ ရှိသေးတယ် ကျောင်းတက်ရတာမှ မကြာသေး ရည်းစားတွေ ဘာတွေနဲ့ ကြားလို့မှကောင်းရဲ့လား..

တွေးရင်း ဒေါသက အလိပ်လိပ်တက်လာတာမို့ သမီးဖြစ်သူ လက်မောင်းကို ဆုပ်ကိုင်ပြီး ခုံမှာ လှမ်းဆွဲထိုင်ခိုင်းလိုက်သည်...။

" အာ့..နာတယ် မေမေရ "

ဖျတ်...

ပြောတာနဲ့ အားမရတော့..လက်မောင်းသားကိုပါ တဖျတ်ဖျတ် ရိုက်လိုက်သေးသည်..။

" မေ့.. "

" မိဒီဒီ ပြောစမ်း..နင်အခု ဘာတွေ ဘယ်လိုလုပ်နေတာလဲ "

" ဒီဒီ ဘာလုပ်လို့လဲ မေမေကလည်း.."

" ဒီဒီ ဘာလုပ်လို့လဲ ဟက်လား..ငါ့ကို ညည်းရည်းစား တွဲနေတာကို တိုင်လိုက်ကြတာ တစ်ယောက် မဟုတ် နှစ်ယောက် မဟုတ် နင်မရှက်ဘူးလား..မိန်းကလေး ဖြစ်ပြီး သူများတံတွေးခွက်မှာ နင်မျောနေတာ နင် မရှက်ဘူးလား "

" ဘာများလဲလို့ အမေကလည်း..ဒီအရွယ် ရည်းစား ထားတာ ဆန်းသလား အမေရယ် အခုခေတ် ရည်းစားထားတာက ထမင်းစားရေသောက်လောက်ပါပဲ မေမေရာ..အရေးမဟုတ်တာတွေ အရေးလုပ်နေတယ် "

ကဲ..ဒီကလေး ပြောပုံကိုသာကြည့်..။

အတွေးတွေ တလွဲတချော်တွေ ဖြစ်နေတာ ဘယ်လိုတည့်မတ်ပေးရမလဲ...

" အေး..ထမင်းစားရေသောက် မလို့ ပြောနေရတာ မိဒီဒီရဲ့ ရည်းစားအလွယ်လေး ထား..ပေါ့ပျက်ပျက် နဲ့တွေးထင်ကြတာ.. ပြီး မပြောကောင်းမဆိုကောင်း ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အပိုဆောင်းက ရပြီ အဲ့လို ထမင်းစားရေသောက် ကနေဖြစ်တာ မိဒီဒီ ရဲ့ ညည်းက မိကောင်းဖကောင်းသမီး.. ညည်းကိုညည်း ဘာမိန်းကလေးထင်နေလဲ ဟမ် "

" မေမေ့ အတွေးတွေ အရမ်းကို အစွန်းရောက်လွန်းနေပါပြီ မေမေရာ..ရေရှည်ကြီးကို ကြိုတွေးပူမနေပါနဲ့ အခုလက်ရှိ ပစ္စုပ္ပန် အကြောင်း လေးကိုပဲ ရိုးရိုးတွေးပါ..ဘုရားတောင် တရားဟောထားသေးတာပဲ အတိတ်မှာလည်း နေရစ်ခဲ့မနေနဲ့ အနာဂတ် ကိုလည်း ကြိုရောက်မနေနဲ့..အခုလက်ရှိ ပစ္စုပ္ပန် ကိုပဲ တွေးပါတဲ့ "

" တော်စမ်း..စကားတတ်တိုင်း ငါ့ကို မပြောနဲ့ နင့်ကို ငါမွေးထားတာ ငါကနင့်ထပ်ပိုသိတယ် ဒီဒီ ငါတို့ တုန်းက ရည်းစားပွေရှုပ်တာ ဘာတွေပဲရှိလဲ သိလား ဘယ်လို မိန်းကလေး လည်း သိလား အခု ညည်းဝတ်ပုံစားပုံ နဲ့ နေတာထိုင်တာ တစ်ခုမှ ထောင့်မကျိုးဘူး "

" အမေ အခုက နှစ်ဆယ့်တစ်ရာစု ရောက်နေပြီ မေမေရဲ့..ခေတ်နဲ့အညီ လိုက်နေရတာတောင် ဒီဒီ တို့ လိုက်မမှီရတဲ့ကြားထဲ "

" ဒါတောင် ခေတ်နောက်လိုက်မမှီသေးဘူးလား ဒီဒီ..ဘယ်လို နေမှ ခေတ်နောက်လိုက်မှီမှာလဲ ငါ့ကို ပြောစမ်း..အခုတောင် မပေါ်တရုံ ဆိုတော့ ဖော်ချွတ်နေမှ ခေတ်နောက်လိုက်မှီမှာလား.. "

" မေမေ အဲ့လိုမပြောပါနဲ့..ဒီဒီက မိန်းမကောင်း အဲ့လို မိန်းကလေး မဟုတ်ဘူး "

" နာလား..အာ့နဲ့ နှိုင်းခံရတော့ "

" နာတယ်.. "

" ဒါဆို ညည်း အပြုအမူ ပြင်လေ "

" ဒီဒီက ဘာလုပ်နေလို့လဲ "

" ညည်း အသက်အရွယ် နဲ့ ရည်းစားမှိုလိူပေါက်အောင် ထားတတ်နေပြီ လား "

" သမီး ကလေး မဟုတ်တော့ဘူး မေမေ..တက္ကသိုလ် ကျောင်းသူ ဖြစ်နေပြီ ".

" တက္ကသိုလ် ကျောင်းသူ..ညည်းနှိုင်းယှဉ်ပြလို့ ငါလည်းပြန်မေးပါရစေ တက္ကသိုလ် ကျောင်းသူ လို့ပြောရအောင် ညည်းမှာ တက္ကသိုလ် နဲ့ ကိုက်ညီတဲ့ အတွေး ညည်းခေါင်းထဲ ရောက်နေပြီလား တက္ကသိုလ် ဆိုတာ ညည်းအတွေးအခေါ်တွေ ရင့်ကျက်တွေးခေါ်တတ်သင့်တဲ့ နေရာ..အမှားအမှန် ကို ဝေဖန်ပိုင်းခြားတတ်တဲ့နေရာ..ပညာတတ်တွေ စုဝေးတဲ့ နေရာ ပညာသင်တွေ စုဝေးတဲ့ နေရာ မဟုတ်ဘူး..သူများ အတွေး သူများ ခံယူချက် တွေကို မှီခိုပြီး ကိုယ့်ဘဝကို သူများနောက်လိုက် မမောင်းတတ်အောင် သင်ပေးတဲ့ နေရာ... "

" အဲ့အတွေးတွေ ရှိလို့ ဒီဒီ တက္ကသိုလ် ကျောင်းသူ ဖြစ်နေပြီလေ မေရာ..ရည်းစားနှစ်ယောက်သုံးယောက် ထားတာနဲ့တင် တက္ကသိုလ် ကျောင်းသူ မဟုတ်တော့ဘူးတဲ့လား..အာ့တော့ မေမေ အတွေးမှားနေပြီ လွဲချော်နေပြီလို့ ဒီဒီ ပြောချင်တယ် "

နှစ်ဆယ့်တစ်ရာစု က ကလေးတွေ က တွေးခေါ်တတ်လွန်းနေတာလား...အတွေးအခေါ်တွေ မဲ့နေတာလား မပြောတတ်တော့ပါဘူး..။

လမ်းမှန်လျှောက်အောင် တည့်မတ်ပေးဖို့ ကြိုးစားပြင်ပေးနေတာကို မှားနေပြီတဲ့လား..။

အရာရာကို ထမင်းစားရေသောက် တွေးနေတဲ့ သမီး..သမီး ပါ ထမင်းစားရေသောက် ဖြစ်မှာစိုးတာကို မှားနေလား..။

ဒါဆို ဘယ်ဟာက အမှန်လဲ..သူတို့ကို လိုက်မမှီတော့ဘူး..အရမ်းကို လွဲမှားနေပါပြီ..။

" ဒါဆို ညည်းက ရှေ့လျှောက် လည်း ရည်းစားထားနေဦးမယ်ပေါ့.. "

" ဒါပေါ့..ဒါ သမီး လွတ်လပ်ခွင့်ပဲ "

" ကောင်းပြီ..မိဒီဒီ ညည်းက ဒီလို ဆိုတော့ ငါလည်း ငါ့လွတ်လပ်ခွင့် ငါ သုံးရမှာပဲ "

ဟမ်..အမေပါ ရည်းစားထားမှာလား..။

ဒီ အသက်အရွယ်ကြီးနဲ့...

ဒီဒီ မျက်လုံး ပြူ းသွားရသည်..။

" နင်တွဲမှာမလား..တွဲ "

ဒီဒီ ပြုံးရယ်မိသည်..။

ဒါပဲလေ..ဒီဒီ တို့ မရခဲ့တာ ဘာရှိလဲ ။

" ဒါပေမယ့် ညည်း လက်ထပ်ရမယ့်သူက သား ဘုန်းခန့် ပဲ ရှိရမယ် ဆိုတာ နင့်ခေါင်းထဲ မြဲမြဲ တွေးထား "

ဒီတစ်ခုတော့ မရ..။

" ဟာ..မေမေ့ "

" တော်..တိတ် မိဒီဒီ ညည်း လွတ်လပ်ခွင့် ကို ကြိုက်သလောက် သုံးနိုင်တယ်..ဘယ်ကောင်နဲ့ တွဲတွဲ..အေး သူတို့သွေးတော့ နင့်ကိုယ်ထဲ အဝင်မခံခဲ့နဲ့ ပါလာလို့ကတော့ သမီးအဖြစ်က အမွေဖြတ် စွန့်လွှတ်မှုပဲ နင်ရမယ်..သွေးပါမှပဲလား မဟုတ်ဘူး သား ဘုန်းခန့် ကလွဲ တခြားကောင်နောက် ပါသွားတယ် ဆိုကတည်းက တသက်လုံး ငါတို့ ကို နင့်မိဘ လို့ မသတ်မှတ်နဲ့..ဒါပဲ ငါပြောစရာ ကုန်ပြီ "

ပြောပြီး တန်းထသွားတဲ့ မေမေကြောင့် ဒီဒီ အော်ပြောနေလည်း မထူးတော့..။

မေမေ ဂရုစိုက် နားမထောင် ပေးတော့..။

ဒီလို လွတ်လပ်ခွင့် ဘယ်မှာရှိလို့လဲ..limit (အကန့်အသတ်) ကြီး ခံနေတာ..

ဘယ်လိုလုပ် အပြည့်အဝ ပျော်ရမှာလဲ...။

အဖေ ကို စစ်ကူတောင်းရမလား မှတ်တယ်..အဖေ ကပါ အမေနဲ့ တလေသံထဲ ထွက်လာတယ်...။

မုန်းတယ်..မုန်းတယ်..မုန်းတယ် ဘုန်းခန့်ရှိန်..

နင့်လို ဝတုတ်ပြဲ ပုတလု ကို ငါက မျက်စိမှောက်ပြီး ယူရမှာလား...ဝေးသေး..

သေတောင် မယူဘူး..။

နင့်မယား အဖြစ်တောင် ရာထူးတပ်မခံစေရဘူး..။

ဒီဒီ ရင်ထဲမှ အော်ဟစ်ပြောနေလိုက်သည်..။

တခြားသူ ဒီဒီ့ အသံ မကြားရရင်တောင် ထိုလူတော့ ကြားရပါစေ..။

အဲ့လူ တော့ ဒီဒီ့သဘောထား သိမှ ရမယ်..

ကျန်တဲ့သူတွေ မသိရင်တောင်..။

ကြားလား..ဦးဘုန်းခန့်ရှိန်

ဒီဒီ ရှင်ကြီးကို အရမ်းမုန်းတယ်...။

💃           💃           💃

🌸pann

......................................................

ညနေကတည်းက တင်ပေးရမှာကို..မီးကပျက်နေလို့ မတင်ပေးရဘူး..😌

အဲ့လို အဖျက်သမား လေးပါဆို..🤔

pann ရေးတာ ဇာတ်ကောင် ရုပ်လုံးမကြွမှာလည်း စိုးရသား..😔

pann တော့ အမြဲ လိုအပ်ချက်နဲ့မို့ နားလည်ပေးပါတယ် ...😁🙃

အရေးအသား တွေ ကောင်းလာအောင် pann လေ့လာပါမယ်နော်...အာ့ကြောင့် မပစ်ပယ်ပါနဲ့လို့ 😌

အချိန်ပေးပြီး ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် စီတိုင်းကိုလည်း ကျေးဇူး အများကြီးတင်ပါတယ် ရှင့် 🙏

pann ကြိုးစားသွားပါမည်ရှင့် 💪💪💪

Continue Reading

You'll Also Like

17.4K 614 20
သစ်ရွက်လှုပ်တာမြင်ရင်တောင် ရီတတ်တဲ့၊ စိတ်ကစားတဲ့ အရွယ်၊ ငယ်ငယ်တုန်းက ကျွန်မမှာလဲ သစ်ရွက်ကလေး တစ်ရွက်ရှိခဲ့ဖူးတယ်။
18.8K 606 21
မိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေးလေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ကြားက ပဟေဠ...
381K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
88.3K 2K 24
မမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာ...