love create u and me

De ChitChit936

1M 82.2K 3.6K

အမုန္းေတြရဲ႕အဆံုးသတ္မွာ လွပတဲ့ ခ်စ္ျခင္းတရားကုိေတြ႔႐ွိႏိုင္တယ္ Mais

love create u and me(1)
Love create u and me (2)
Love create u and me(3)
Love create u and me(4)
Love create u and me(5)
Love create u and me(6)
Love create u and me(7)
Love create u and me(8)
Love create u and me(9)
Love create u and me(10)
Love create u and me(11)
Love create u and me(12)
Love create u and me(13)
Love create u and me(14)
Love create u and me(15)
Love create u and me(16)
Love create u and me(17)
Love create u and me(18)
Love create u and me (19)
Love create u and me(20)
Love create u and me(21)
Love create u and me(22)
Love create u and me(23)
Love create u and me(24)
Love create u and me(25)
Love create u and me(26)
Love create u and me(27)
Love create u and me(28)
Love create u and me(29)
Love create u and me(30)
Love create u and me (31)
Love create u and me(32)
Love create u and me(33)
Love create u and me(34)
Love create u and me(35)
Love create u and me(36)
Love create u and me(37)
Love create u and me(38)
Love create u and me(39)
Love create u and me (40)
Love create u and me(41)
Love create u and me(42)
Love create u and me(43)
Love create u and me(44)
Love create u and me(45)
Love create u and me(46)
Love create u and me(47)
Love create u and me(48)
Love create u and me(49)
Love create u and me(50)
Love create u and me (51)
Love create u and me (52)
Love create u and me(53)
Love create u and me(54)
Love create u and me(55)
Love create u and me(56)
Love create u and me (57)
Love create u and me(58)
Love create u and me (59)
Love create u and me(60)
Love create u and me(61)
Love create u and me(62)
Love create u and me(63)
Love create u and me(64)
Love create u and me (65)
Love create u and me(66)
Love create u and me(67)
Love create u and me (68)
Good Bye
Bonus chapter 💗
Love create u and me(72)
Love create u and me (73) final extra
Book cover

Love create u and me (69)

15.4K 1K 67
De ChitChit936

Zawgyi

Love create u and me (69)

(Ending)


စားပြဲေပၚက အစားအေသာက္ေတြကုိၾကည့္ၿပီး ေ႐ွာင္သူေဌးတို႔ လင္မယား မ်က္ခံုးပင္ခပ္လႈပ္လႈပ္။ ႏြားႏို႔ ၾကက္ဥေၾကာ္နဲ႔ ေပါင္မုန္႔ေထာပတ္သုတ္တို႔က ႐ုိး႐ွင္းလွၿပီး အာဟာရ႐ွိတဲ့အစားအေသာက္ေတြျဖစ္သည္။

သို႔တိုင္ အခ်ပ္လိုက္မဟုတ္ဘဲေလးစိတ္ပိုင္းသလိုထက္ျခမ္းကြဲၿပီး တူးကပ္ေနသည့္ ၾကက္ဥေၾကာ္နဲ႔ အညိဳရင့္ေရာင္ပုပ္ပုပ္သမ္းေနသည့္ေပါင္မုန္႔ေထာပတ္သုတ္တို႔က ေရနဲ႔ေမ်ွာခ်ဖို႔ပင္မေတြးရဲစရာ။

"မာမားနဲ႔ပါပါး စားၾကေလ!"

ဇြန္းနဲ႔ခက္ရင္းကုိ ​ေနရာတက်ခ်ေပးေနရာမွ ေျပာလာတဲ့ရီေပၚရဲ႕အသံက သူတို႔အတြက္ေတာ့ ေခ်ာက္အနက္ႀကီးထဲ ခုန္ဆင္းခိုင္းေနသလိုပင္ ခံစားလာရသည္။ အိမ္ကုိေရာက္ကတည္းက သူ႔ေမြးေန႔မို႔ ညေနစာကုိသူပဲခ်က္ေကြၽးပါ့မယ္ ဆိုကာ ရလာသည့္ဟင္းပြဲေတြျဖစ္သည္။

ဟုတ္သည္။ yizhan ေလးက သူ႔ပါးပါးနဲ႔႐ုပ္ပင္တူသည္မဟုတ္။ ေမြးေန႔ပါတူတဲ့ ရီေပၚ့ကုိယ္ပြားစစ္စစ္ေလး။

"မားမားတို႔စားမွျဖစ္မွာလား?..."

မခ်င့္မရဲသလို ​ေမးေနတဲ့အေမကုိၾကည့္ၿပီး ေ႐ွာင္က်န္ ႔ေခါင္းငု႔ံကာျပံဳးလိုက္မိသည္။ ​ေဘးက ရီေပၚကုိၾကည့္ေတာ့လဲ ေခြၽးစေလးေတြပင္စို႔ကာမ်က္လံုး​ေလး အေရာင္တလက္လက္ျဖစ္ေနပံုက သူ႔လက္ရာအတြက္ အေတာ္အပင္ပန္းခံထားပံုရသည္။

"ဟုတ္တယ္ေလ မားမားတို႔မစားရင္ ဘယ္သူစားမွာလဲ.."

ရီေပၚ့ရဲ႕စကားဆံုးတာနဲ႔ ေ႐ွ႕မ်က္ႏွာခ်င္းဆိုင္ကအေမတို႔က ေ႐ွာင္က်န္႔ဆီသို႔သာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ အၾကည့္ပို႔လာၾကသည္။ ၾကက္သားဟင္းထဲ ​ေရနဲ႔ဓာတ္ဆီမွားထည့္ဖူးတဲ့ ရီေပၚရဲ႕ဟင္းခ်က္ရာဇဝင္ကုိ ျကားၿပီးမွေတာ့ သူတို႔လန္႔ေနတာလဲ မထူးဆန္းေတာ့။

ေ႐ွာင္က်န္႔အား အကူအညီေတာင္းဟန္ မ်က္ႏွာငယ္ေလးေတြနဲ ႔ျကည္႔ေနတဲ့မိဘႏွစ္ပါးကုိ ေခါင္းအသာၿငိမ့္ျပလိုက္သည္။ စိတ္သက္သာသြားသလို သက္ျပင္းခ်လာသည့္မိဘေတြကုိ အၾကည့္လႊဲကာ စားပြဲေပၚတင္ထားတဲ့ရီေပၚ့လက္ေပၚကေနအုပ္ကုိင္လိုက္သည္။

ေ႐ွာင္က်န္႔ဘက္ကုိလွည့္ၾကည့္လာတဲ့ မ်က္ႏွာႏုႏုထက္မွာ ​ေခြၽးစက္နဲ႔ဆီစက္တခ်ိဳ႕ကေပပြ​ေနတာကုိ​ေတြ႕လိုက္​ေတာ့ အပင္ပန္းခံရက်ိဳး​ေလးနပ္ေအာင္ အေမတို႔ကုိမကူညီပဲ ဒီတိုင္းစားခိုင္းလိုက္ရင္ ေကာင္းမလားလို႔ ေတြးလိုက္ေသးတယ္။

အိတ္ကပ္ထဲကပုဝါစကုိထုတ္ၿပီး မ်က္ႏွာထက္ကအညစ္အေၾကးမွန္သမ်ွ ဖြဖြဖယ္႐ွားေပးေတာ့ ပန္းေရာင္သန္းေနတဲ့ မ်က္ႏွာေလးကမဝ့ံမရဲျပံဳးျပလာသည္။

ႏွစ္ေယာက္တည္း႐ွိခ်ိန္ဆို ဘယ္လိုစကားမ်ိဳးျဖစ္ျဖစ္ ​ေျပာထြက္တဲ့ေကာင္ေလးက မိဘေတြေ႐ွ႕ဆို အျပဳ အမူေသးေသးေလးေတြကအစ ႐ွက္တတ္ေလသည္။ ႐ွက္တဲ့သူကျပသနာမ႐ွိဘူး။ ႐ွက္တဲ့သူေလးကုိအသဲယားေနတဲ့က်ေနာ္ကဘယ္လိုလုပ္ရပါ့မလဲ။

အခုခ်က္ခ်င္း အခန္းထဲေပြ႔ခ်ီသြားရမလား ဘာလား။

"Happy Birthday ကုိယ့္ကေလးေလး.."

အ့ံျသေအာင္လုပ္မယ္ဆိုၿပီး ႀကိဳျပင္ဆင္ထားသည့္ ဘူးေလးကုိ အိတ္ကပ္ထဲက အသာထုတ္ၿပီး အထဲကလက္စြပ္ေလးကုိ လက္သူႂကြယ္ထက္ဝတ္ဆင္​ေပးလိုက္ေတာ့ မ်က္လံုးဝိုင္းေလးေတြက ေ႐ွာင္က်န္႔ရည္ရြယ္ခ်က္အတိုင္း အ့ံျသရိပ္ေတြနဲ႔။

"အ့ံျသသြားလား.?."

လက္ဖမိုးေလးေတြကုိ ဖြဖြပြတ္သပ္ရင္း ေမးေတာ့ ထိုမႏိုင္စိန္ေလးက မ်က္ေစာင္းတခ်က္ထိုးသည္။

"အ့ံျသတာေပါ့ မေန႔ကက်ေနာ့္ကုိလူလည္က်ျပီးစားေနတာနဲ႔ က်ေနာ့္ေမြးေန႔ကုိမသိေတာ့ဘူးထင္ေနတာ.."

လြတ္ခနဲထြက္သြားတဲ့စကားကုိ မထိန္းလိုက္ႏိုင္သည့္ႏွယ္ ရီေပၚကပါးစပ္ကုိ လက္နဲ႔အုပ္ၿပီး *သြားၿပီ* ဟုခပ္တိုးတိုးေရရြတ္သည္။ မနက္ကေလးတင္ အေမ့ကုိ တခြန္းမက်န္တိုင္ေျပာဖို႔လုပ္ေနသည္မွာ သူမဟုတ္တဲ့အတိုင္း။

ေ႐ွာင္က်န္႔လဲ ႐ွက္စိတ္နဲ႔မ်က္ေမွာင္သာက်ံဳ႕ရင္း အေဖတို႔ကုိ မဝ့ံမရဲၾကည့္မိေတာ့ ျပံဳးစစနဲ႔အေဖက စားပြဲေဘးကေန လက္မေထာင္ျပသလို အေမကလဲ *တရက္ေလးမိဘေတြမ႐ွိတာအခ်ိန္ကုိအက်ိဳး႐ွိေအာင္အသုံးခ်တယ္ေပါ့ *ဟု စေနာက္ေျပာဆိုလာသည္။

အေမ့စကားကုိၾကားၿပီးတဲ့ေနာက္ ႏွစ္ေယာက္စလံုးမ်က္ႏွာက ထိန္းမရေအာင္ပူထူၿပီး နီျမန္းလာေတာ့သည္။ ​ေ႐ွာင္က်န္႔ကေတာ့ နားရြက္ေတြသာ နီရဲေနတာမို႔ သိပ္မသိသာေပမဲ့ ရီေပၚကေတာ့ ပါးျပင္ေတြေရာ နားရြက္ေတြပါ ရဲပေတာင္းခတ္ေနသည္မွာ ေပါက္ထြက္ေတာ့မလို။

"ဟို ကေလး-ကေလး ငုိသံ-ၾကားတယ္ အိပ္ရာႏိုးေနၿပီနဲ႔တူတယ္ က်ေနာ္သြားလိုက္ဦးမယ္"

ဘာအသံမွမၾကားရတာကုိ အ႐ူးကြက္နင္းၿပီး ရီေပၚက အခန္းထဲကေန ထေျပးသည္။အဲ့ေတာ့ ေ႐ွာင္က်န္႔ကေရာ ဘယ္ပုံဘယ္စခန္းသြားရပါ့မလဲ။ *က်ေနာ္လဲသြားၿပီ* ဟုဆိုကာ ေနာက္ကရယ္ေမာသံေတြကုိမၾကားခ်င္ေယာင္ရင္း ခပ္သြက္သြက္ ထြက္လာခဲ့ေတာ့သည္။

ဤသို႔ႏွင့္ ေ႐ွာင္လင္မယားတို႔မွာလဲ ရီေပၚရဲ႕ႏွစ္တစ္ရာ အခ်က္အျပဳတ္လက္ရာမ်ားကုိ အစာအိမ္ထဲထည့္ရမဲ့ေဘးမွ လြတ္ေျမာက္သြားခဲ့သည္။

....................

"မင္းကေလ ေျပာခ်င္တာေျပာၿပီး ကုိယ့္က်ေတာ့ တေယာက္တည္းထားခဲ့တယ္ေနာ္.."

ေမြ႔ယာေပၚထိုင္ၿပီး ကေလးႏို႔မႈန္႔ဘူးထဲကႏို႔မႈန္႔ေတြခပ္စားေနသည့္ ရီေပၚအား ေခါင္းကုိဖြဖြေလးထုကာ မေက်နပ္သလိုေျပာမိသည္။ ကုိယ့္ဂာေတာ့ ခုခ်ိန္႐ွက္ၿပီး ​ေစာင္ေခါင္းၿမီးျခံဳ ေနေလာက္ၿပီ ထင္တာ သူကနို႔မႈန္႔ေတာင္စားႏိုင္ေသးတယ္တဲ့။

"အစားစားေနရင္ ​ေခါင္းပုတ္ေျခပုတ္မလုပ္ရဘူးဆိုတာ နားမလည္ဘူးလား! "

ေနာက္ဆံုးက်န္တဲ့ ႏို ႔မႈန္႔တဇြန္းကုိခပ္စားရင္း ရန္ေတြ႔လာျပန္တဲ့ ​ေကာင္ေလးအား ေ႐ွာင္က်န္႔မွာအသဲတယားယား။ ႏႈတ္ခမ္းတဝိႈက္ေပတလူးေနသည့္ ႏို ႔မႈန္႔စေတြနဲ႔ စူပုတ္ပုတ္ရီေပၚမွာ ႏႈတ္ခမ္းေမႊးျဖဴ ေနတဲ့အဖိုးအိုေလးနဲ႔ပင္ တူေနသည္။

"ေျပာပါဦး ဒါ ဘယ္ႏွစ္ဘူးေျမာက္လဲ?"

လက္ထဲက ​ေျပာင္သလင္းေနၿပီျဖစ္သည့္ ႏို ႔မႈန္႔ဘူးအားေမးေငါ့ရင္း ေမးလိုက္သည္။ တစ္လတစ္လကုိ ဝယ္လိုက္ရတဲ့ႏို႔မႈန္႔ဘူးေတြက ကုန္တင္ကားတစီးစာေလာက္ပင္႐ွိသည္။

မိဘေတြေရာ ကုန္တိုက္ကဝန္ထမ္းေတြကပါ *ceoရဲ႕သားေလးက ႏို႔ေတာ္ေတာ္ႀကိဳက္တယ္ေနာ္* ဟုေျပာျကသည္အထိ။ သူတို႔မသိသည္က ႏို႔ႀကိဳက္တာက ကေလးမဟုတ္ဘဲ အိမ္တြင္းပုန္းကေလးအေဖႀကီးဆိုတာပင္။

သားေလးတေယာက္တည္းဆိုလ်ွင္ အမ်ားဆံုးကုန္မွ တစ္လဆယ္ဘူးေပါ့။ အေမႊစိန္ရီေပၚကေတာ့ ကေလးအတြက္ ႏို ႔တစ္ဘူးေဖ်ာ္ရင္သူ႔အတြက္ပါ ႏို႔ နႇစ္ခြက္ေဖ်ာ္သည္။ ဒီၾကားထဲႏို ႔မႈန္႔နဲ႔ၾကက္ဥေရာၿပီးပူတင္းလုပ္စားသည္။ ပါးစပ္ထဲတခုခုမွစားမေနရရင္ ပ်င္းတယ္ဆိုၿပီး ႏို႔မႈန္႔ကုိဒီတိုင္းစားျပန္သည္။

"အမ်ားႀကီးက်န္ပါေသးတယ္ ႏွစ္ဘူးနဲ႔ဘူးတဝက္ေတာင္႐ွိေသးတယ္"

ေ႐ွာင္က်န္႔မ်က္လံုးျပဴ းရပါသည္။အရင္တစ္ပတ္ကအထိ နို့မွုန့္ဘူးနွစ္ဆယ္႐ွိေနၿပီးေတာ့ ခုက် ႏွစ္ဘူးေက်ာ္သာ က်န္ေတာ့သည္တဲ့လား။

"ဟ ျမန္လွခ်ည္လား ၿပီးခဲ့တဲ့တပတ္ကပဲ ဘူးႏွစ္ဆယ္႐ွိေသးတယ္ဆို..အဲ့ေလာက္အမၽားျကီးေတာ့ မစားသင့္ဘူးေလကြာ.."

ခြၽဲက်ပ္ၿပီးေခ်ာင္းဆိုးေတာ့မွာပဲ ဆိုတဲ့စိုးရိမ္စိတ္နဲ႔ က႐ုဏာေဒါေသာလိုက္ကာ ဆူမိေတာ့ ေ႐ွာင္က်န္႔မ်က္ႏွာကုိ လာမွန္ေတာ့မဲ့ ဆူေထာ္ေထာ္ႏႈတ္ခမ္းပိုင္႐ွင္ေကာင္ေလးက မ်က္ႏွာပါငုိမဲ့မဲ့။
ငုိလဲ ​ေနာက္မွ ရေအာင္ေခ်ာ့ပါမည္။ က်န္းမာေရးမထိခိုက္ေအာင္ေတာ့ ဆူပူသင့္ဆူပူရမည္မလား။

" ​ေတြ႔လား မသိပဲရမ္းသမ္းေျပာျပန္ၿပီ တစ္ပတ္တည္းနဲ႔ ႏို႔မႈန္႔ဘူးႏွစ္ဆယ္လံုး ကုန္ေအာင္စားရေအာင္ က်ေနာ္ကဖုတ္ဝင္ေနတာမွမဟုတ္တာ

မေန႔ကအိမ္အကူအန္တီႀကီးက သူ႔တူမေလး ကေလးေမြးတယ္တဲ့ အဲ့ဒါ

သူ႔တူမကက်န္းမာေရးမေကာင္းေတာ့ ကေလးက မိခင္ႏို႔မစို႔ရဘူးဆိုလို႔ အိမ္ကပိုေနတဲ့ႏို႔မႈန္႔ဘူးေတြေပးလိုက္တဲ့ဟာကုိ.."

ေျဖ႐ွင္းခ်က္ေတြကုိ တန္းစီၿပီးေျပာလိုက္ရေတာ့ ​ေမာသြားပုံရတဲ့ေကာင္ေလးက ႐ိႈက္သံမသိမသာထြက္ရင္း ႏို႔မႈန္႔ဘူးခြံကုိ မွန္တင္ခံုေပၚေဆာင့္ခနဲတင္သည္။

"မစားဘူး- မစားဘူး အဲ့ေလာက္ကပ္စီးနည္းေနတာ ေနာက္ဘယ္ေတာ့မွမစားေတာ့ဘူး ေျပာေတာ့ ခ်စ္တယ္ခ်စ္တယ္နဲ႔ ႏို႔မႈန္႔ေလးေတာင္မသဒၵါတဲ့လူ ဘာကုိခ်စ္ ခ်ီးကုိပဲခ်စ္"

ႏွာတ႐႔ႈံ႐ႈံ႔နဲ႔ မ်က္ရည္ေတြဆြဲသုတ္ ႏွာရည္ေတြအၾကမ္းပတမ္းဆြဲညႇစ္ကာ လက္ကုိေ႐ွာင္က်န္႔ေဘာင္းဘီေပၚ သုတ္လိုက္ေသးသည္။

ၿပီးတာနဲ႔ တစ္ကုိယ္လံုးေစာင္ဆြဲအုပ္လိုက္ၿပီး ေမြ့ယာေပၚ ဗိုင္းခနဲပစ္လဲွအိပ္လိုက္သည့္ ေကာင္ေလးကိုၾကည့္ၿပီး ေ႐ွာင္က်န္႔မွာ ခဏတာဘာလုပ္ရမွန္းမသိ ​ေၾကာင္အသြားရသည္။ ​ေသခ်ာတာေတာ့ သူ႔ဘက္ကနည္းနည္းမွားသြားၿပီျဖစ္သည္။

"ေနာက္တခါရမ္းသမ္းၿပီး မဆူေတာ့ပါဘူးကြာ ကုိယ္ကမင္းတေယာက္တည္းအမ်ားႀကီးစားလိုက္ရင္ ရင္က်ပ္ေခ်ာင္းဆိုးျဖစ္မွာစိုးရိမ္လို႔ပါ

ၿပီးေတာ့ ကပ္ေစးနဲတာမဟုတ္ရပါဘူး။ ကုိယ္႐ွာသမ်ွ ကုိယ္ပိုင္သမ်ွက မင္းတို႔ႏွစ္ေယာက္အတြက္ပဲဆိုတာ သိရဲ႕သားနဲ႔ ။စိတ္မဆိုးနဲ႔ေတာ့ေနာ္"

ေဘးေစာင္းလွဲေနသည့္ ​ေကာင္ေလးေနာက္ေက်ာဘက္ကေန ဝင္အိပ္လိုက္ၿပီး ေမြ႔ယာေအာက္ကေန လက္ေမာင္းဝင္လ်ိႈလိုက္ကာ တစ္ကုိယ္လံုး ရင္ခြင္ထဲေရာက္လာေအာင္ ဆြဲသြင္းလိုက္သည္။ မ႐ုန္းဘဲအလိုက္သင့္ေလး က်ဳ႕ံဝင္လာပံုအရ အရမ္းေတာ့အေျခအေနမဆိုးဟန္။

"ကုိယ္ကတကယ္မေကာင္းဘူးေနာ္ မင္းကုိခဏခဏငုိေအာင္လုပ္တယ္ ကုိယ့္ကုိအရင္လိုခ်စ္ေသးရဲ႕လား စိတ္ပ်က္ၿပီးမုန္းေနၿပီလား"

လက္ေမာင္းေလးကုိ မခိ်တင္ကဲညႇစ္ရင္း ခပ္တိုးတိုးဆိုမိေတာ့ ေခါင္းေပၚကေစာင္ကုိဖယ္လိုက္ၿပီး ေ႐ွာင္က်န္႔ကုိ လည္ျပန္လွည့္ၾကည့္လာသည္။

ကုိယ့္ႏွလံုးသားကုိယ္ေပးထားတဲ့ ရီေပၚ႔ကုိမ်က္ရည္မက်ေစရဘူး ဆိုတဲ့ကတိကုိမတည္သလိုခံစားလာရေတာ့ ရင္ထဲတာဝန္မေက်သလိုခံစားလာရတာေတာ့အမွန္။

"က်စ္ ခင္မ်ားကလဲဗ်ာ ဘာလို႔အဲ့လိုေတြေလ်ွာက္ေတြးေနျပန္ၿပီလဲ အခု က်ေနာ္က ျပန္ေခ်ာ့ရေတာ့မွာေပါ့"

ခႏၶာကုိယ္ကုိ ​ေ႐ွာင္က်န္႔ဘက္လွည့္ရင္း မိႈင္းညိဳ႕ေနတဲ့ေ႐ွာင္က်န္႔မ်က္ႏွာကုိ လက္တဖက္နဲ႔ပြတ္သပ္ေပးလာသည္။ မ်က္လႊာခ်ရင္း ႏႈတ္ခမ္းစူပြပြနဲ႔ ေ႐ွာင္က်န္႔ကုိစိတ္ေျပေအာင္ ဘယ္လိုေျပာရမလဲ စဥ္းစားေနတဲ့ေကာင္ေလးကုိ ခါးကေနတိုး၍ဖက္ထားလိုက္သည္။

"မင္းက ကုိယ့္ကုိအျမဲတမ္းစိတ္ဆိုးလိုက္ရန္ေတြ႔လိုက္ဆဲလိုက္နဲ႔ မုန္းတယ္မေျပာ႐ုံေလးပဲမွတ္လား "

ဝမ္းနည္းခ်င္ေယာင္ေဆာင္ၿပီး မ်က္ႏွာငယ္ကာေျပာလိုက္ေတာ့ ျငင္းဖို႔ကပ်ာကယာလုပ္ေနတဲ့ေကာင္ေလးကုိ စိတ္ထဲကေနျဖစ္ညႇစ္ေနလိုက္သည္။ အဲ့လိုေတြဆက္ဆံတာကလဲ ေ႐ွာင္က်န္႔ကုိမို႔လို႔ဆိုတာသိေပမဲ့ တမင္ဉာဏ္မ်ားမိျပန္သည္။

"ခက္ၿပီဗ်ာ က်ေနာ္ဘယ္လိုေျပာရမလဲ က်ေနာ္ က်ေနာ္ ခင္မ်ားကုိ ဟိုဟာ ျဖစ္တယ္ ဗ်ာ နားလည္လား ?

အဲ့လို ဟိုဟာျဖစ္တာမို႔လို႔ တျခားမေကာင္းတဲ့အေတြးေတြမေတြးပါနဲ႔လား.."

ခ်စ္တယ္ ဆိုတဲ့စကားကုိ ၂၁ရာစုသုံးဝကၤဝုတၱိအလကၤာဆန္းေတြနဲ႔ ေျပာေနတဲ့ေကာင္ေလးကုိ မထိန္းႏိုင္ပဲရယ္မိျပန္သည္။ဝမ္ရိေပၚ ဝမ္ရိေပၚ မင္းကေတာ့ကုိယ့္ကုိ အူယားလြန္ၿပီးေသေအာင္ လုပ္ေနေတာ့တာပဲ။

"႐ွင္းေအာင္ေျပာေလ ကုိယ္ကလူအိုႀကီးဆိုေတာ့ေသခ်ာနားမလည္ဘူး ဘာ ဟိုဟာျဖစ္တာလဲ?"

မသိခ်င္ေယာင္ေဆာင္ေမးလိုက္ေတာ့လဲ က်စ္ခနဲစုတ္သပ္ကာ ႏို႔ွမႈန္႔စားထားလို႔ ကပ္ေစးျဖဴ ေဖ်ာ့ေနတဲ့ႏႈတ္ခမ္းကုိ လ်ွာနဲ႔သပ္သည္။

"ေျပာ ေလ! "

အခုခ်ိန္ထိ ႏို႔မႈန္႔ေတြတစ္စစီ ကပ္ေနေသးတဲ့ႏႈတ္ခမ္းတို႔ကုိၾကည့္ရင္းနဲ႔ အသိစိတ္ေပ်ာက္ေနသူလို ရီေဝေဝေျပာေနမိသည္။ နွလံုးသားကတဒိတ္ဒိတ္ခုန္လြန္းအားႀကီးေတာ့ ေမာသြားသည္ထင္ ေရကလဲအလိုလိုဆာလာသည္။ ​ေယာင္ယမ္းၿပီးတံေတြးမ်ိဳခ်မိေသာ္လည္း ေျခာက္ကပ္ေနတဲ့လည္ေခ်ာင္းကုိေတာ့ မသက္သာေစ။

"ဟိုဟာ ဗ်ာ- ဟိုဟာျဖစ္တယ္ဆိုတာ  ခင္မ်ားေသခါနီးတုန္းက က်ေနာ္ေျပာခဲ့သလိုေလ..အဲ့စကားကုိေျပာတာ.."

တံေတြးၿမိဳခ်သံဂလုခနဲ ျမည္သြားသလို ေ႐ွာင္က်န္႔ရဲ့ တက္ေနတဲ့ဖီးလ္ေတြလဲ တိကနဲျပတ္သြားရသည္။ ဓားထိုးခံရဟန္ေဆာင္တယ္လို႔ ေျပာလို႔မရဘူးလား။ ဘယ္ႏွယ့္ ေသခါနီး ဆိုတာႀကီးကုိမွ နင့္ခနဲ ​ေျပာခ်လိုက္ရတာတုန္း။

"မွတ္မိလား ခင္မ်ားေသခါနီးတုန္းကေလ က်ေနာ္ေတာင္ငုိေသးတယ္ေလ ခင္မ်ားေသတယ္ဆိုၿပီး ​ေဂဟာကလူေတြပါငုိေနတုန္းကေလ က်ေနာ္!"

ပါးႏွစ္ဖက္ကုိ လက္ၾကားဆြဲညွစ္လိုက္ၿပီး ဆူထြက္လာတဲ့ ဘဲႏႈတ္သီးေလးအား တ႐ိႈက္မက္မက္နမ္း႐ိႈက္မိသည္။ ခ်စ္တယ္ဆိုတာကလြဲၿပီး  မေျပာရဲတာမ႐ွိသည့္   နွုတ္ခမ္းေလးက ႏို႔မႈန္႔စတို႔ေရာကပ္လ်က္ အခ်ိဳဓာတ္ႏွစ္ဆတိုးကာ ကပ္ေစးေစးနဲ႔ ႏို႔အရသာစုပ္လံုးစားေနရသည့္ႏွယ္။

ပထမေတာ့႐ုန္းခ်င္သလိုနဲ႔ မဝင့္မရဲတု႔ံျပန္လာတဲ့ ​ေကာင္ေလးေၾကာင့္ ေ႐ွာင္က်န္႔ရင္ထဲ ခ်စ္ျမတ္ႏိုးစိတ္တဖိတ္ဖိတ္ယုိကာ ကုိယ္ကုိႂကြၿပီး အေပၚကေနအုပ္မိုးနမ္း႐ိႈက္မိပါသည္။

လည္ပင္းကုိ လက္ႏွစ္ဖက္နဲ႔တြယ္ခ်ိတ္လာၿပီး ခႏၶာကုိယ္ႏွစ္ခုကုိ ပိုမိုနီးကပ္ေစကာ မ်က္လံုးေလးမွိတ္၍ စိတ္လိုလက္ရအနမ္းခံေနတဲ့ေကာင္ေလးက ေ႐ွာင္က်န္႔အတြက္ေတာ့ ျမတ္ႏိုးတာထက္ပိုရတဲ့သူေလး။

"အြန္႔ ေ႐ွာင္ ! ေတာ္ရေအာင္ "

အသက္႐ႈက်ပ္လာသည့္အလား ​ေက်ာျပင္ကုိအသာပုတ္ရင္း သတိေပးလာေတာ့မွ ႏွေျမာတသခြဲခြာေပးလိုက္ရသည္။ ပါးျပင္ရဲရဲနဲ႔မ်က္လႊာတို႔ခ်ရင္း အေမာေျဖေနတဲ့ကေလးကုိ ေနာက္ဆံုးအေနနဲ႔အသံျမည္ေအာင္ အားနဲ႔ဖိနမ္းလုိက္ေသးသည္။

"က်ေနာ္ ခင္မ်ားကုိ ဟိုဟာျဖစ္တယ္ ဆိုတာ ယုံၿပီမလား"

တိုးညႇင္းစြာထြက္ေပၚလာတဲ့ အသံျသ႐ွ႐ွေလးေၾကာင့္ ႏႈတ္ခမ္းတို႔က အလိုအေလ်ာက္ျပံဳးမိလ်က္သား။ ဒါက တစ္ဖက္လွည့္နဲ႔ ​ေ႐ွာင္က်န္႔စိတ္ညစ္တာေပ်ာက္ၿပီး သူ႔ကုိသံသယ႐ွင္းေအာင္ လုပ္ေနတာပဲ။ ကုိယ္ေတာ့ မင္းကုိခဏခဏ သံသယဝင္ခ်င္လာၿပီ ရီေပၚရာ။

"အင္း ယုံၿပီ ကုိယ္လဲမင္းကုိဟိုဟာျဖစ္တယ္ "

စေနာက္ကာ ရယ္က်ဲက်ဲနဲ႔ေျပာလိုက္ေတာ့ ရင္ဘတ္ကုိ လက္သီးနဲ႔ထုကာ ျပံဳးလာတဲ့ေကာင္ေလးအား ဒီတသက္မေျပာေလႏွင့္ ေနာင္ဆယ္သက္ပင္ ခ်စ္လို႔ဝမည္မထင္။

"ထေတာ့ သြား ခင္မ်ားကုိယ္ႀကီးကေလးတယ္ ညက်  yizhan ေလးအတြက္ မားမားတို႔က birthday party အေသးစားေလး လုပ္ေပးမယ္ ေျပာတယ္ ေရသြားခ်ိဳး သြား.."

"သခင့္အမိန္႔ေတာ္အတိုင္းပါဗ်ား"

ခါးကုိကုိင္းၫႊတ္ အ႐ုိအေသေပးသေယာင္ျပဳ ေနတဲ့  ေရွာင္က်န္႔ကုိ ရီေပၚလက္ခလယ္ေထာင္ျပလိုက္ေတာ့ သေဘာက်သလိုရယ္ရင္း ေရခ်ိဳးခန္းထဲဝင္သြားသည္။

"ရီေပၚ ကုိယ့္အခ်စ္ေလး ဒီကုိၾကည့္"

မပိတ္ရေသးတဲ့ ေရခ်ိဳးခန္းတံခါးဆီ ေ႐ွာင္က်န္႔ေခၚလို႔ လွမ္းၾကည့္လိုက္ေတာ့

"Fuck! ေ႐ွာင္က်န္႔ အားး ငါ့ကုိဘာျပသြားတာလဲ?"

Bathrobe ႀကိဳးကုိျဖတ္ခနဲျဖည္ခ်ၿပီး ငယ္ေပါင္းႀကီးေဖာ္ညီေနာင္ကုိ ရက္ရက္ေရာေရာျပသြားတဲ့ေ႐ွာင္က်န္႔ရယ္ပါ။

မွန္တင္ခံုေပၚက ႏို႔မႈန္႔ဘူးလဲကုိင္ေရာ တဟားဟားရယ္ရင္း တံခါးကုိအျမန္ပိတ္သြားေလရဲ႕။

က်န္ခဲ့တဲ့ရီေပၚမွာေတာ့ သူျမင္လိုက္ရတဲ့ျမင္ကြင္းကုိ အျမင္အာ႐ုံထဲကေန ဘယ္လိုမွေဖ်ာက္မရ၍ မ်က္ႏွာႀကီးနီရဲကာ ေဒါသႀကီးေနေတာ့သည္။

.................

ညဘက္ ေရာက္ေတာ့ ျခံဝင္းထဲမွာ ဧည့္သည္ေတာ္ေတာ္မ်ားမ်ားက စုေဝးေရာက္႐ွိေနၾကၿပီျဖစ္သည္။ မျကာေသးခင္ကမွ ေရွာင္းgroupရဲ့ ceo အသစ္ျဖစ္လာတဲ့ Mr.Xiao zhan ရဲ႕ တဦးတည္းေသာ သားငယ္ေလး တႏွစ္ျပည့္ေမြးေန႔ပါတီျဖစ္တဲ့အတြက္ အထင္ကရ စီးပြားေရးလုပ္ငန္း႐ွင္မ်ားကလဲ တစုတေဝး။

လူငယ္တေယာက္ျဖစ္တဲ့အျပင္ ေဒါက္တာဘြဲ႔ရထားသူမို႔ စီးပြားေရးေလာကတြင္ အရည္အခ်င္းမျပည့္တန္ရာ ဟု ထင္ထားခဲ့ေသာ္လည္း ဖခင္လက္ထက္တုန္းကထက္ပင္ လုပ္ငန္းခ်ဲ့ထြင္လာႏိုင္ၿပီး china ရဲ႕စီးပြားေရးေစ်းကြက္တခုလံုးကုိ လက္ဝါးအုပ္ျခယ္လွယ္လာႏိုင္တဲ့အတြက္ အထင္ႀကီးေလးစားသူမ်ားသာ တိုးပြားလာရသည္။

ေယာက္်ားသားမ်ိဳးတူခ်င္းစံုမက္ကာ တရားဝင္လက္ထပ္သမႈျပဳ ထားတာကုိ သိၾကေသာ္လည္း တည္ၿငိမ္ထက္ျမက္တဲ့ ထိုအမ်ိဳးေကာင္းသားအား ဘယ္သူမွမေလးမခန္႔ႏွိမ္ခ်မဆက္ဆံရဲ။

ထို႔ျပင္ အတိအလင္းမေၾကညာထားေပမဲ့ ထိုသူရဲ႕လက္တြဲေဖာ္က ဝမ္အိမ္ေတာ္ရဲ႕တဦးတည္းေသာဆက္ခံသူ ဝမ္သခင္ေလး ဆိုတာကုိ သိထားၾကေတာ့ ကဲ့ရဲ႕ဖို႔အေတြးေတြ ေပ်ာက္ဆံုးရသည္။

ေယာက္်ားခ်င္း လက္ထပ္ထားတာေတာင္ မ်ိဳးဆက္တည္ျမဲဆဲျဖစ္ၿပီး သားဦးရတနာပင္ထြန္းကားေနတဲ့ အႏွီေမာင္ႏွံအား အားက်မႈနဲ႔ပင္နိဂုံးခ်ဳပ္ရေတာ့သည္။

အင္း ဘယ္သူကေမြးလဲ အတိအက်မသိၾကေပမဲ့လို႔ေပါ့။

"ေဟာ ဟိုမွာေမြးေန႔႐ွင္သားအဖေတြလာၿပီ"

ပါတီကလူတစုလံုးရဲ့အျကည့္ေတြက ျမက္ခင္းစိမ္းထက္ လမ္းေလ်ွာက္လာေသာ မိသားစုသုံးေယာက္ဆီမွာ။

သုံးေယာက္လံုး ဆင္တူ suit နက္ျပာေရာင္ေလးေတြဝတ္ဆင္ထားၾကတဲ့ မိသားစုေလးက ၿပီးျပည့္စုံျခင္း ဆိုတာထက္ပိုသည္။

Mr.Xiao က တစ္ႏွစ္သားျဖဴလံုးလံုးေပါက္စေလးကုိ လက္တဖက္တည္းနဲ႔ခ်ီထားကာ က်န္လက္တဖက္က သူ႔လက္တြဲေဖာ္ Mr.Wangလက္ကုိဆြဲထားသည္။

ေ႐ွာင္လင္မယားနဲ႔ဝမ္လင္မယားကေတာ့ အရယ္အျပံဳးမ႐ွိတဲ့ မ်က္ႏွာေတြနဲ႔ xiao wang စုံတြဲအား စိတ္ေလစြာနဲ့ ​ေခါင္းသာခါမိသည္။ ထို႔ျပင္ နဂုိ မ်က္ႏွာရႊင္လြန္းတဲ့ အေသးေလးကပါ ဘယ္သူ႔မွ လူမထင္သလို  အေခ်ရုပ္ေလးနဲ႔ ဆိုေတာ့။

ဒီမိသားစု ေမြးေန႔ပြဲနဲ႔ လက္ေဝွ့ထိုးပြဲမ်ား မွားေနသလား။

ေမြးေန႔ကိတ္ႀကီးရဲ႕ေ႐ွ႕မွာ ထိုအေခ်ေပါက္စေလးအား ထိုင္ခံုေလးနဲ႔ထိုင္ေစၿပီး ေမြးေန႔ဆုေတာင္းသီခ်င္းကုိသီဆိုကာ စတင္ၾကသည္။

သူ႔ပါးပါးေပးထားတဲ့ ​ေမြးေန႔လက္ေဆာင္ပါကင္ဗူးကုိ တဘုန္းဘုန္းထုၿပီး ထြက္လာတဲ့အသံကုိ သေဘာတက်ရယ္ေနတဲ့ ထိုအေကာင္ေပါက္ေလးအား အသဲယားေနတဲ့လူႀကီးလူေကာင္းအေပါင္းက ခပ္ျပံဳးုျပံဳး။

ေ႐ွာင္က်န္႔မွာေတာ့ ကေလးကုိေမြးေန႔လက္ေဆာင္ေပးၿပီးတည္းက မ်က္စိေအာက္ကေပ်ာက္သြားတဲ့ ခ်စ္သည္းညႇာအား ကေလးကုိခ်ီလ်က္ မ်က္လံုးေဝ့႐ွာရသည္။

အခ်ိန္လင့္ေနၿပီျဖစ္ေသာ္လည္း ေမြးေန႔ပြဲလာဧည့္သည္မ်ားမွာ သိခ်င္ေသာအရာတခုေၾကာင့္ ျပန္ဖို႔ကုိမစဥ္းစားၾက။

ဒီခ်စ္စရာသားလွရတနာေလးကုိ ဘယ္ပုဂၢိဳလ္ထူးကမ်ား ေမြးဖြားႏိုင္တာလဲေလ။

ဂစ္တာသံ ​ေအး​ေအး​ေလးက လူအုပ္ေတြၾကားထဲကေန ထြက္ေပၚလာတာေၾကာင့္ ေ႐ွာင္က်န္႔အၾကည့္ေတြက အသံလာရာဆီ အလည္သြားသည္။

လူအုပ္ထဲက ထြက္ေပၚလာတဲ့ခ်စ္ရသူေလးက ျသ႐ွ႐ွအသံခ်ိဳခ်ိဳေလးနဲ႔ ဂစ္တာေလးတီးကာ သီခ်င္းဆိုရင္း ေလ်ွာက္လွမ္းလာသည္။

🎼♥Too many billion people

Running around the planet

What is the chance in heaven

That you'd find your way to me

Tell me what is this sweet sensation

It's a miracle that happened

Though I search for an explanation

Only one thing it could be...........

သီခ်င္းစာသားကုိ ဆက္မဆိုပဲရပ္တန္႔လိုက္ကာ ေ႐ွာင္က်န္႔မ်က္လံုးေတြကုိ စူးစိုက္ၾကည့္လာတဲ့ မ်က္လံုးညိဳညိဳေလးေတြ။ဒီတသက္ေမ့မရႏိုင္မဲ့ သီခ်င္းစာသားတခ်ိဳ႕က ဘယ္ဘက္ရင္အုံကုိတရိပ္ရိပ္ေႏြးတက္လာေစသည္။

*that I was born for u....

ေၾကာင္အေနသည့္ေ႐ွာင္က်န္႔ကုိ အႏူးည့ံဆံုးျပံဳးျပကာ မ်က္ရည္မ်ားဝဲလ်က္ ဆက္ဆိုတဲ့ေကာင္ေလးက လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကထက္ ရင္ခုန္သံကုိအခုန္ျမန္ေစပါသည္။

*It was written in the stars

Yes, I was born for u

And the choice was never ours

It's as if the powers of the universe

conspired to make you mind

Until the day I die

I bless the day

That I Was Born For U!*

လက္ခုပ္သံတေျဖာင္းေျဖာင္းနဲ႔အတူ သံစဥ္တို႔ကရပ္တန္႔သြားသည္။

သီခ်င္းဆံုးတာနဲ႔ ​ေပ်ာ္ရႊင္ၾကည္ႏူးမိတာကုိထိန္းမရသည္မို႔ ေ႐ွာင္က်န္႔မ်က္လံုးထဲပင္ မ်က္ရည္တို႔ေဝ့သီလာသည္။အေဖကနားလည္သည့္အလား လက္ထဲကသားေလးကုိ လာခ်ီေပးသည္။

ကေလးမ႐ွိေတာ့တာနဲ႔တၿပိဳင္နက္ ေ႐ွာင္က်န္႔ မိမိေ႐ွ႕က ေကာင္ေလးအား ခပ္တင္းတင္းေပြ႔ဖက္ထားလိုက္ေတာ့တာပဲ။ ပခံုးထက္မ်က္ႏွာအပ္ခ်လိုက္ကာ အလိုအေလ်ာက္က်လာတဲ့ ဝမ္းသာမ်က္ရည္မ်ားကုိ ဖံုးကြယ္မိသည္။

ေ႐ွာင္က်န္႔ဆံပင္ေတြကုိအသာပြတ္သပ္ေပးရင္း လက္တဖက္ကေက်ာျပင္ကုိပုတ္ေပးကာ ကေလးေခ်ာ့သလိုျပဳမူေပးေနတဲ့ ထိုေကာင္ေလးအတြက္သာ ဘဝဆက္တိုင္းေမြးဖြားလိုပါသည္။

"က်ေနာ့္ CEO ႀကီးက မ်က္ရည္လြယ္လိုက္တာ ေတာ္ၿပီ ေနာက္ ဘာ surprise မွ မလုပ္ေတာ့ဘူး"

က်ေနာ့္မ်က္ရည္ကုိ လက္က​ေလးႏွစ္ဖက္နဲ႔ဖြဖြသုတ္​ေပးရင္း ရယ္ေမာကာ ေျပာလာတဲ့ ရီေပၚကုိယ္တိုင္ကလဲ ပါးထက္မွာမ်က္ရည္စေတြနဲ႔။

ပါးႏွစ္ဖက္ကုိအုပ္ကုိင္ကာ နဖူးျပင္ကုိႏႈတ္ခမ္းနဲ႔ဖိကပ္ရင္း ေ႐ွာင္က်န္႔ရင္ထဲကေပ်ာ္ရႊင္ျခင္းကုိေဝမ်ွမိသည္။ ရင္ထဲကျမတ္ႏိုးျခင္း ခ်စ္ရသူသိပါေစ။

"ခ်စ္တယ္ "

နဖူးေပၚက မခြာရေသးခင္မွာ ျပတ္သားစြာထြက္ေပၚလာတဲ့ အသံေၾကာင့္ ေ႐ွာင္က်န္႔ ရီေပၚ့မ်က္ဝန္းေတြကုိ စိုက္ၾကည့္လိုက္မိပါသည္။ အသက္႐ႈေအာင့္ထားမိတာက သူ႔အလိုလို။

"က်ေနာ္ ခင္မ်ားကုိ ခ်စ္တယ္ ေ႐ွာင္က်န္႔
စခ်စ္ခဲ့တာက ခင္မ်ားဆိုေပမဲ့ က်ေနာ့္ရင္ထဲကအခ်စ္ကလဲ ခင္မ်ားထက္မပိုရင္ေတာင္ မေလ်ာ့ဘူးဆိုတာကုိေတာ့ ရဲရဲႀကီးအာမခံရဲပါတယ္
က်ေနာ့္ကုိဘယ္ေတာ့မွခြဲမသြားပါနဲ႔ က်ေနာ္ကခင္မ်ားတေယာက္တည္းကုိခ်စ္တာမို႔"

လက္သီးေလးဆုပ္ကာ အားယူေျပာေနတဲ့ေကာင္ေလးကိုၾကည့္ၿပီး လိႈက္လွဲစြာျပံဳးျပမိပါသည္။

"ကုိယ္ေတာ့ ေအာက္စီဂ်င္လိုေနၿပီ ကေလးရာ"

နားမလည္သလိုၾကည့္ေနတာကုိ ဂ႐ုမစိုက္ႏိုင္ပဲ ျပတ္လပ္ေနခဲ့သည့္ ေအာက္စီဂ်င္ကုိ ႏႈတ္ခမ္းတစုံဆီကေန ျပင္းျပစြာမွီဝဲမိသည္။အဆုတ္ထဲဝင္ေရာက္လာတဲ့ေအာက္စီဂ်င္တို႔အား ဒီတသက္ျပန္မ႐ႈထုတ္ဘဲ သိမ္းထားလို႔ရရင္လဲ အေကာင္းသား။

"အူးဝါး.."

ဂေဟဆက္ေနတဲ့ႏႈတ္ခမ္းႏွစ္လႊာက ကေလးငုိသံထြက္ေပၚလာမွ ခြာျဖစ္ၾကသည္။ရီေပၚက ပါးပါးလက္ထဲက yizhan ေလးကုိ အလ်င္အျမန္ခ်ီၿပီး ေခ်ာ့ျမဴ ႐ွာသည္။ထံုးစံအတိုင္း သူ႔ပါးပါးလက္ထဲေရာက္တာနဲ႔ အငုိတိတ္သြားတဲ့ကေလးေလးရယ္ပါ။

"ဒယ္ဒီ့ သားပုစိေလးက အလည္ေလးကြာ"

ရီေပၚ့လက္ထဲက သားရဲ႕ပါးေဖာင္းေဖာင္းေလးကုိ ေမႊးၾကဴ ရင္းေျပာလိုက္တဲ့ ေ႐ွာင္က်န္႔မ်က္ေမွာင္က်ံဳ႕သြားရသည္။

ႏႈတ္ခမ္းစူကာ မ်က္ေမွာင္က်ံဳ႕ၿပီး  ၾကည့္လာတဲ့အေသးေလးက ေ႐ွာင္က်န္႔ကုိ အလိုမက်ဟန္။

"ဘြား"

သူ႔ဒယ္ဒီကုိအလိုမက်ၾကည့္ၿပီးတာနဲ႔ ရီေပၚ့လည္ပင္းကုိဆြဲဖက္လိုက္ကာ ပါးကုိအာဘြားေပးတဲ့ကေလးေလး။ ရီေပၚ့ကုိပိုင္စိုးပိုင္နင္းဖက္ထားလ်က္ပင္ သူ႔ဒယ္ဒီကုိျပန္ၾကည့္လာျပန္သည္။

ေ႐ွာင္က်န္႔ မ်က္ႏွာ ငပုတ္ဖမ္းသလို မည္းေမွာင္သြားရသည္။ သူသိေနပါၿပီ။ သားေတာ္ေမာင္ပုစိက သူနဲ႔ရီေပၚ့ကုိၿပိဳင္လုဖို႔လုပ္ေနတာပင္။ရီေပၚကေတာ့ မ်က္လံုးခ်င္းစစ္ျဖစ္ေနတဲ့သားအဖကုိုၾကည့္ၿပီး သေဘာတက်ျပံဳးေနေတာ့သည္။

က်ေနာ့္ဆီ ဒီလူသားႏွစ္ေယာက္ကုိေဆာင္ၾကဥ္းေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဘုရားသခင္။

ဧည့္သည္ေတြမွာလဲ ထိုခ်စ္စဖြယ္မိသားစုေလးအား အားက်ေသာမ်က္လံုးမ်ားျဖင့္သာ အျပံဳးေဝေဝဆာလ်က္။

........................................................................

#The End
#chit

************************************

Unicode

Love create u and me (69)

(Ending)

စားပွဲပေါ်က အစားအသောက်တွေကိုကြည့်ပြီး ရှောင်သူဌေးတို့ လင်မယား မျက်ခုံးပင်ခပ်လှုပ်လှုပ်။ နွားနို့ ကြက်ဥကြော်နဲ့ ပေါင်မုန့်ထောပတ်သုတ်တို့က ရိုးရှင်းလှပြီး အာဟာရရှိတဲ့အစားအသောက်တွေဖြစ်သည်။

သို့တိုင် အချပ်လိုက်မဟုတ်ဘဲလေးစိတ်ပိုင်းသလိုထက်ခြမ်းကွဲပြီး တူးကပ်နေသည့် ကြက်ဥကြော်နဲ့ အညိုရင့်ရောင်ပုပ်ပုပ်သမ်းနေသည့်ပေါင်မုန့်ထောပတ်သုတ်တို့က ရေနဲ့မျှောချဖို့ပင်မတွေးရဲစရာ။

"မာမားနဲ့ပါပါး စားကြလေ!"

ဇွန်းနဲ့ခက်ရင်းကို ​နေရာတကျချပေးနေရာမှ ပြောလာတဲ့ရီပေါ်ရဲ့အသံက သူတို့အတွက်တော့ ချောက်အနက်ကြီးထဲ ခုန်ဆင်းခိုင်းနေသလိုပင် ခံစားလာရသည်။ အိမ်ကိုရောက်ကတည်းက သူ့မွေးနေ့မို့ ညနေစာကိုသူပဲချက်ကျွေးပါ့မယ် ဆိုကာ ရလာသည့်ဟင်းပွဲတွေဖြစ်သည်။

ဟုတ်သည်။ yizhan လေးက သူ့ပါးပါးနဲ့ရုပ်ပင်တူသည်မဟုတ်။ မွေးနေ့ပါတူတဲ့ ရီပေါ့်ကိုယ်ပွားစစ်စစ်လေး။

"မားမားတို့စားမှဖြစ်မှာလား?..."

မချင့်မရဲသလို ​မေးနေတဲ့အမေကိုကြည့်ပြီး ရှောင်ကျန် ့ခေါင်းငု့ံကာပြုံးလိုက်မိသည်။ ​ဘေးက ရီပေါ်ကိုကြည့်တော့လဲ ချွေးစလေးတွေပင်စို့ကာမျက်လုံး​လေး အရောင်တလက်လက်ဖြစ်နေပုံက သူ့လက်ရာအတွက် အတော်အပင်ပန်းခံထားပုံရသည်။

"ဟုတ်တယ်လေ မားမားတို့မစားရင် ဘယ်သူစားမှာလဲ.."

ရီပေါ့်ရဲ့စကားဆုံးတာနဲ့ ရှေ့မျက်နှာချင်းဆိုင်ကအမေတို့က ရှောင်ကျန့်ဆီသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် အကြည့်ပို့လာကြသည်။ ကြက်သားဟင်းထဲ ​ရေနဲ့ဓာတ်ဆီမှားထည့်ဖူးတဲ့ ရီပေါ်ရဲ့ဟင်းချက်ရာဇဝင်ကို ကြားပြီးမှတော့ သူတို့လန့်နေတာလဲ မထူးဆန်းတော့။

ရှောင်ကျန့်အား အကူအညီတောင်းဟန် မျက်နှာငယ်လေးတွေနဲ ့ကြည့်နေတဲ့မိဘနှစ်ပါးကို ခေါင်းအသာငြိမ့်ပြလိုက်သည်။ စိတ်သက်သာသွားသလို သက်ပြင်းချလာသည့်မိဘတွေကို အကြည့်လွှဲကာ စားပွဲပေါ်တင်ထားတဲ့ရီပေါ့်လက်ပေါ်ကနေအုပ်ကိုင်လိုက်သည်။

ရှောင်ကျန့်ဘက်ကိုလှည့်ကြည့်လာတဲ့ မျက်နှာနုနုထက်မှာ ​ချွေးစက်နဲ့ဆီစက်တချို့ကပေပွ​နေတာကို​တွေ့လိုက်​တော့ အပင်ပန်းခံရကျိုး​လေးနပ်အောင် အမေတို့ကိုမကူညီပဲ ဒီတိုင်းစားခိုင်းလိုက်ရင် ကောင်းမလားလို့ တွေးလိုက်သေးတယ်။

အိတ်ကပ်ထဲကပုဝါစကိုထုတ်ပြီး မျက်နှာထက်ကအညစ်အကြေးမှန်သမျှ ဖွဖွဖယ်ရှားပေးတော့ ပန်းရောင်သန်းနေတဲ့ မျက်နှာလေးကမဝ့ံမရဲပြုံးပြလာသည်။

နှစ်ယောက်တည်းရှိချိန်ဆို ဘယ်လိုစကားမျိုးဖြစ်ဖြစ် ​ပြောထွက်တဲ့ကောင်လေးက မိဘတွေရှေ့ဆို အပြု အမူသေးသေးလေးတွေကအစ ရှက်တတ်လေသည်။ ရှက်တဲ့သူကပြသနာမရှိဘူး။ ရှက်တဲ့သူလေးကိုအသဲယားနေတဲ့ကျနော်ကဘယ်လိုလုပ်ရပါ့မလဲ။

အခုချက်ချင်း အခန်းထဲပွေ့ချီသွားရမလား ဘာလား။

"Happy Birthday ကိုယ့်ကလေးလေး.."

အ့ံသြအောင်လုပ်မယ်ဆိုပြီး ကြိုပြင်ဆင်ထားသည့် ဘူးလေးကို အိတ်ကပ်ထဲက အသာထုတ်ပြီး အထဲကလက်စွပ်လေးကို လက်သူကြွယ်ထက်ဝတ်ဆင်​ပေးလိုက်တော့ မျက်လုံးဝိုင်းလေးတွေက ရှောင်ကျန့်ရည်ရွယ်ချက်အတိုင်း အ့ံသြရိပ်တွေနဲ့။

"အ့ံသြသွားလား.?."

လက်ဖမိုးလေးတွေကို ဖွဖွပွတ်သပ်ရင်း မေးတော့ ထိုမနိုင်စိန်လေးက မျက်စောင်းတချက်ထိုးသည်။

"အ့ံသြတာပေါ့ မနေ့ကကျနော့်ကိုလူလည်ကျပြီးစားနေတာနဲ့ ကျနော့်မွေးနေ့ကိုမသိတော့ဘူးထင်နေတာ.."

လွတ်ခနဲထွက်သွားတဲ့စကားကို မထိန်းလိုက်နိုင်သည့်နှယ် ရီပေါ်ကပါးစပ်ကို လက်နဲ့အုပ်ပြီး *သွားပြီ* ဟုခပ်တိုးတိုးရေရွတ်သည်။ မနက်ကလေးတင် အမေ့ကို တခွန်းမကျန်တိုင်ပြောဖို့လုပ်နေသည်မှာ သူမဟုတ်တဲ့အတိုင်း။

ရှောင်ကျန့်လဲ ရှက်စိတ်နဲ့မျက်မှောင်သာကျုံ့ရင်း အဖေတို့ကို မဝ့ံမရဲကြည့်မိတော့ ပြုံးစစနဲ့အဖေက စားပွဲဘေးကနေ လက်မထောင်ပြသလို အမေကလဲ *တရက်လေးမိဘတွေမရှိတာအချိန်ကိုအကျိုးရှိအောင်အသုံးချတယ်ပေါ့ *ဟု စနောက်ပြောဆိုလာသည်။

အမေ့စကားကိုကြားပြီးတဲ့နောက် နှစ်ယောက်စလုံးမျက်နှာက ထိန်းမရအောင်ပူထူပြီး နီမြန်းလာတော့သည်။ ​ရှောင်ကျန့်ကတော့ နားရွက်တွေသာ နီရဲနေတာမို့ သိပ်မသိသာပေမဲ့ ရီပေါ်ကတော့ ပါးပြင်တွေရော နားရွက်တွေပါ ရဲပတောင်းခတ်နေသည်မှာ ပေါက်ထွက်တော့မလို။

"ဟို ကလေး-ကလေး ငိုသံ-ကြားတယ် အိပ်ရာနိုးနေပြီနဲ့တူတယ် ကျနော်သွားလိုက်ဦးမယ်"

ဘာအသံမှမကြားရတာကို အရူးကွက်နင်းပြီး ရီပေါ်က အခန်းထဲကနေ ထပြေးသည်။အဲ့တော့ ရှောင်ကျန့်ကရော ဘယ်ပုံဘယ်စခန်းသွားရပါ့မလဲ။ *ကျနော်လဲသွားပြီ* ဟုဆိုကာ နောက်ကရယ်မောသံတွေကိုမကြားချင်ယောင်ရင်း ခပ်သွက်သွက် ထွက်လာခဲ့တော့သည်။

ဤသို့နှင့် ရှောင်လင်မယားတို့မှာလဲ ရီပေါ်ရဲ့နှစ်တစ်ရာ အချက်အပြုတ်လက်ရာများကို အစာအိမ်ထဲထည့်ရမဲ့ဘေးမှ လွတ်မြောက်သွားခဲ့သည်။

....................

"မင်းကလေ ပြောချင်တာပြောပြီး ကိုယ့်ကျတော့ တယောက်တည်းထားခဲ့တယ်နော်.."

မွေ့ယာပေါ်ထိုင်ပြီး ကလေးနို့မှုန့်ဘူးထဲကနို့မှုန့်တွေခပ်စားနေသည့် ရီပေါ်အား ခေါင်းကိုဖွဖွလေးထုကာ မကျေနပ်သလိုပြောမိသည်။ ကိုယ့်ဂာတော့ ခုချိန်ရှက်ပြီး ​စောင်ခေါင်းမြီးခြုံ နေလောက်ပြီ ထင်တာ သူကနို့မှုန့်တောင်စားနိုင်သေးတယ်တဲ့။

"အစားစားနေရင် ​ခေါင်းပုတ်ခြေပုတ်မလုပ်ရဘူးဆိုတာ နားမလည်ဘူးလား! "

နောက်ဆုံးကျန်တဲ့ နို ့မှုန့်တဇွန်းကိုခပ်စားရင်း ရန်တွေ့လာပြန်တဲ့ ​ကောင်လေးအား ရှောင်ကျန့်မှာအသဲတယားယား။ နှုတ်ခမ်းတဝှိုက်ပေတလူးနေသည့် နို ့မှုန့်စတွေနဲ့ စူပုတ်ပုတ်ရီပေါ်မှာ နှုတ်ခမ်းမွှေးဖြူ နေတဲ့အဖိုးအိုလေးနဲ့ပင် တူနေသည်။

"ပြောပါဦး ဒါ ဘယ်နှစ်ဘူးမြောက်လဲ?"

လက်ထဲက ​ပြောင်သလင်းနေပြီဖြစ်သည့် နို ့မှုန့်ဘူးအားမေးငေါ့ရင်း မေးလိုက်သည်။ တစ်လတစ်လကို ဝယ်လိုက်ရတဲ့နို့မှုန့်ဘူးတွေက ကုန်တင်ကားတစီးစာလောက်ပင်ရှိသည်။

မိဘတွေရော ကုန်တိုက်ကဝန်ထမ်းတွေကပါ *ceoရဲ့သားလေးက နို့တော်တော်ကြိုက်တယ်နော်* ဟုပြောကြသည်အထိ။ သူတို့မသိသည်က နို့ကြိုက်တာက ကလေးမဟုတ်ဘဲ အိမ်တွင်းပုန်းကလေးအဖေကြီးဆိုတာပင်။

သားလေးတယောက်တည်းဆိုလျှင် အများဆုံးကုန်မှ တစ်လဆယ်ဘူးပေါ့။ အမွှေစိန်ရီပေါ်ကတော့ ကလေးအတွက် နို ့တစ်ဘူးဖျော်ရင်သူ့အတွက်ပါ နို့ နှစ်ခွက်ဖျော်သည်။ ဒီကြားထဲနို ့မှုန့်နဲ့ကြက်ဥရောပြီးပူတင်းလုပ်စားသည်။ ပါးစပ်ထဲတခုခုမှစားမနေရရင် ပျင်းတယ်ဆိုပြီး နို့မှုန့်ကိုဒီတိုင်းစားပြန်သည်။

"အများကြီးကျန်ပါသေးတယ် နှစ်ဘူးနဲ့ဘူးတဝက်တောင်ရှိသေးတယ်"

ရှောင်ကျန့်မျက်လုံးပြူ းရပါသည်။အရင်တစ်ပတ်ကအထိ နို့မှုန့်ဘူးနှစ်ဆယ်ရှိနေပြီးတော့ ခုကျ နှစ်ဘူးကျော်သာ ကျန်တော့သည်တဲ့လား။

"ဟ မြန်လှချည်လား ပြီးခဲ့တဲ့တပတ်ကပဲ ဘူးနှစ်ဆယ်ရှိသေးတယ်ဆို..အဲ့လောက်အများကြီးတော့ မစားသင့်ဘူးလေကွာ.."

ချွဲကျပ်ပြီးချောင်းဆိုးတော့မှာပဲ ဆိုတဲ့စိုးရိမ်စိတ်နဲ့ ကရုဏာဒေါသောလိုက်ကာ ဆူမိတော့ ရှောင်ကျန့်မျက်နှာကို လာမှန်တော့မဲ့ ဆူထော်ထော်နှုတ်ခမ်းပိုင်ရှင်ကောင်လေးက မျက်နှာပါငိုမဲ့မဲ့။
ငိုလဲ ​နောက်မှ ရအောင်ချော့ပါမည်။ ကျန်းမာရေးမထိခိုက်အောင်တော့ ဆူပူသင့်ဆူပူရမည်မလား။

" ​တွေ့လား မသိပဲရမ်းသမ်းပြောပြန်ပြီ တစ်ပတ်တည်းနဲ့ နို့မှုန့်ဘူးနှစ်ဆယ်လုံး ကုန်အောင်စားရအောင် ကျနော်ကဖုတ်ဝင်နေတာမှမဟုတ်တာ

မနေ့ကအိမ်အကူအန်တီကြီးက သူ့တူမလေး ကလေးမွေးတယ်တဲ့ အဲ့ဒါ

သူ့တူမကကျန်းမာရေးမကောင်းတော့ ကလေးက မိခင်နို့မစို့ရဘူးဆိုလို့ အိမ်ကပိုနေတဲ့နို့မှုန့်ဘူးတွေပေးလိုက်တဲ့ဟာကို.."

ဖြေရှင်းချက်တွေကို တန်းစီပြီးပြောလိုက်ရတော့ ​မောသွားပုံရတဲ့ကောင်လေးက ရှိုက်သံမသိမသာထွက်ရင်း နို့မှုန့်ဘူးခွံကို မှန်တင်ခုံပေါ်ဆောင့်ခနဲတင်သည်။

"မစားဘူး- မစားဘူး အဲ့လောက်ကပ်စီးနည်းနေတာ နောက်ဘယ်တော့မှမစားတော့ဘူး ပြောတော့ ချစ်တယ်ချစ်တယ်နဲ့ နို့မှုန့်လေးတောင်မသဒ္ဒါတဲ့လူ ဘာကိုချစ် ချီးကိုပဲချစ်"

နှာတရ့ှုံရှုံ့နဲ့ မျက်ရည်တွေဆွဲသုတ် နှာရည်တွေအကြမ်းပတမ်းဆွဲညှစ်ကာ လက်ကိုရှောင်ကျန့်ဘောင်းဘီပေါ် သုတ်လိုက်သေးသည်။

ပြီးတာနဲ့ တစ်ကိုယ်လုံးစောင်ဆွဲအုပ်လိုက်ပြီး မွေ့ယာပေါ် ဗိုင်းခနဲပစ်လဲှအိပ်လိုက်သည့် ကောင်လေးကိုကြည့်ပြီး ရှောင်ကျန့်မှာ ခဏတာဘာလုပ်ရမှန်းမသိ ​ကြောင်အသွားရသည်။ ​သေချာတာတော့ သူ့ဘက်ကနည်းနည်းမှားသွားပြီဖြစ်သည်။

"နောက်တခါရမ်းသမ်းပြီး မဆူတော့ပါဘူးကွာ ကိုယ်ကမင်းတယောက်တည်းအများကြီးစားလိုက်ရင် ရင်ကျပ်ချောင်းဆိုးဖြစ်မှာစိုးရိမ်လို့ပါ

ပြီးတော့ ကပ်စေးနဲတာမဟုတ်ရပါဘူး။ ကိုယ်ရှာသမျှ ကိုယ်ပိုင်သမျှက မင်းတို့နှစ်ယောက်အတွက်ပဲဆိုတာ သိရဲ့သားနဲ့ ။စိတ်မဆိုးနဲ့တော့နော်"

ဘေးစောင်းလှဲနေသည့် ​ကောင်လေးနောက်ကျောဘက်ကနေ ဝင်အိပ်လိုက်ပြီး မွေ့ယာအောက်ကနေ လက်မောင်းဝင်လျှိုလိုက်ကာ တစ်ကိုယ်လုံး ရင်ခွင်ထဲရောက်လာအောင် ဆွဲသွင်းလိုက်သည်။ မရုန်းဘဲအလိုက်သင့်လေး ကျု့ံဝင်လာပုံအရ အရမ်းတော့အခြေအနေမဆိုးဟန်။

"ကိုယ်ကတကယ်မကောင်းဘူးနော် မင်းကိုခဏခဏငိုအောင်လုပ်တယ် ကိုယ့်ကိုအရင်လိုချစ်သေးရဲ့လား စိတ်ပျက်ပြီးမုန်းနေပြီလား"

လက်မောင်းလေးကို မခိျတင်ကဲညှစ်ရင်း ခပ်တိုးတိုးဆိုမိတော့ ခေါင်းပေါ်ကစောင်ကိုဖယ်လိုက်ပြီး ရှောင်ကျန့်ကို လည်ပြန်လှည့်ကြည့်လာသည်။

ကိုယ့်နှလုံးသားကိုယ်ပေးထားတဲ့ ရီပေါ့်ကိုမျက်ရည်မကျစေရဘူး ဆိုတဲ့ကတိကိုမတည်သလိုခံစားလာရတော့ ရင်ထဲတာဝန်မကျေသလိုခံစားလာရတာတော့အမှန်။

"ကျစ် ခင်များကလဲဗျာ ဘာလို့အဲ့လိုတွေလျှောက်တွေးနေပြန်ပြီလဲ အခု ကျနော်က ပြန်ချော့ရတော့မှာပေါ့"

ခန္ဓာကိုယ်ကို ​ရှောင်ကျန့်ဘက်လှည့်ရင်း မှိုင်းညို့နေတဲ့ရှောင်ကျန့်မျက်နှာကို လက်တဖက်နဲ့ပွတ်သပ်ပေးလာသည်။ မျက်လွှာချရင်း နှုတ်ခမ်းစူပွပွနဲ့ ရှောင်ကျန့်ကိုစိတ်ပြေအောင် ဘယ်လိုပြောရမလဲ စဉ်းစားနေတဲ့ကောင်လေးကို ခါးကနေတိုး၍ဖက်ထားလိုက်သည်။

"မင်းက ကိုယ့်ကိုအမြဲတမ်းစိတ်ဆိုးလိုက်ရန်တွေ့လိုက်ဆဲလိုက်နဲ့ မုန်းတယ်မပြောရုံလေးပဲမှတ်လား "

ဝမ်းနည်းချင်ယောင်ဆောင်ပြီး မျက်နှာငယ်ကာပြောလိုက်တော့ ငြင်းဖို့ကပျာကယာလုပ်နေတဲ့ကောင်လေးကို စိတ်ထဲကနေဖြစ်ညှစ်နေလိုက်သည်။ အဲ့လိုတွေဆက်ဆံတာကလဲ ရှောင်ကျန့်ကိုမို့လို့ဆိုတာသိပေမဲ့ တမင်ဉာဏ်များမိပြန်သည်။

"ခက်ပြီဗျာ ကျနော်ဘယ်လိုပြောရမလဲ ကျနော် ကျနော် ခင်များကို ဟိုဟာ ဖြစ်တယ် ဗျာ နားလည်လား ?

အဲ့လို ဟိုဟာဖြစ်တာမို့လို့ တခြားမကောင်းတဲ့အတွေးတွေမတွေးပါနဲ့လား.."

ချစ်တယ် ဆိုတဲ့စကားကို ၂၁ရာစုသုံးဝင်္ကဝုတ္တိအလင်္ကာဆန်းတွေနဲ့ ပြောနေတဲ့ကောင်လေးကို မထိန်းနိုင်ပဲရယ်မိပြန်သည်။ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းကတော့ကိုယ့်ကို အူယားလွန်ပြီးသေအောင် လုပ်နေတော့တာပဲ။

"ရှင်းအောင်ပြောလေ ကိုယ်ကလူအိုကြီးဆိုတော့သေချာနားမလည်ဘူး ဘာ ဟိုဟာဖြစ်တာလဲ?"

မသိချင်ယောင်ဆောင်မေးလိုက်တော့လဲ ကျစ်ခနဲစုတ်သပ်ကာ နို့ှမှုန့်စားထားလို့ ကပ်စေးဖြူ ဖျော့နေတဲ့နှုတ်ခမ်းကို လျှာနဲ့သပ်သည်။

"ပြော လေ! "

အခုချိန်ထိ နို့မှုန့်တွေတစ်စစီ ကပ်နေသေးတဲ့နှုတ်ခမ်းတို့ကိုကြည့်ရင်းနဲ့ အသိစိတ်ပျောက်နေသူလို ရီဝေဝေပြောနေမိသည်။ နှလုံးသားကတဒိတ်ဒိတ်ခုန်လွန်းအားကြီးတော့ မောသွားသည်ထင် ရေကလဲအလိုလိုဆာလာသည်။ ​ယောင်ယမ်းပြီးတံတွေးမျိုချမိသော်လည်း ခြောက်ကပ်နေတဲ့လည်ချောင်းကိုတော့ မသက်သာစေ။

"ဟိုဟာ ဗျာ- ဟိုဟာဖြစ်တယ်ဆိုတာ  ခင်များသေခါနီးတုန်းက ကျနော်ပြောခဲ့သလိုလေ..အဲ့စကားကိုပြောတာ.."

တံတွေးမြိုချသံဂလုခနဲ မြည်သွားသလို ရှောင်ကျန့်ရဲ့ တက်နေတဲ့ဖီးလ်တွေလဲ တိကနဲပြတ်သွားရသည်။ ဓားထိုးခံရဟန်ဆောင်တယ်လို့ ပြောလို့မရဘူးလား။ ဘယ်နှယ့် သေခါနီး ဆိုတာကြီးကိုမှ နင့်ခနဲ ​ပြောချလိုက်ရတာတုန်း။

"မှတ်မိလား ခင်များသေခါနီးတုန်းကလေ ကျနော်တောင်ငိုသေးတယ်လေ ခင်များသေတယ်ဆိုပြီး ​ဂေဟာကလူတွေပါငိုနေတုန်းကလေ ကျနော်!"

ပါးနှစ်ဖက်ကို လက်ကြားဆွဲညှစ်လိုက်ပြီး ဆူထွက်လာတဲ့ ဘဲနှုတ်သီးလေးအား တရှိုက်မက်မက်နမ်းရှိုက်မိသည်။ ချစ်တယ်ဆိုတာကလွဲပြီး  မပြောရဲတာမရှိသည့်   နှုတ်ခမ်းလေးက နို့မှုန့်စတို့ရောကပ်လျက် အချိုဓာတ်နှစ်ဆတိုးကာ ကပ်စေးစေးနဲ့ နို့အရသာစုပ်လုံးစားနေရသည့်နှယ်။

ပထမတော့ရုန်းချင်သလိုနဲ့ မဝင့်မရဲတု့ံပြန်လာတဲ့ ​ကောင်လေးကြောင့် ရှောင်ကျန့်ရင်ထဲ ချစ်မြတ်နိုးစိတ်တဖိတ်ဖိတ်ယိုကာ ကိုယ်ကိုကြွပြီး အပေါ်ကနေအုပ်မိုးနမ်းရှိုက်မိပါသည်။

လည်ပင်းကို လက်နှစ်ဖက်နဲ့တွယ်ချိတ်လာပြီး ခန္ဓာကိုယ်နှစ်ခုကို ပိုမိုနီးကပ်စေကာ မျက်လုံးလေးမှိတ်၍ စိတ်လိုလက်ရအနမ်းခံနေတဲ့ကောင်လေးက ရှောင်ကျန့်အတွက်တော့ မြတ်နိုးတာထက်ပိုရတဲ့သူလေး။

"အွန့် ရှောင် ! တော်ရအောင် "

အသက်ရှုကျပ်လာသည့်အလား ​ကျောပြင်ကိုအသာပုတ်ရင်း သတိပေးလာတော့မှ နှမြောတသခွဲခွာပေးလိုက်ရသည်။ ပါးပြင်ရဲရဲနဲ့မျက်လွှာတို့ချရင်း အမောဖြေနေတဲ့ကလေးကို နောက်ဆုံးအနေနဲ့အသံမြည်အောင် အားနဲ့ဖိနမ်းလိုက်သေးသည်။

"ကျနော် ခင်များကို ဟိုဟာဖြစ်တယ် ဆိုတာ ယုံပြီမလား"

တိုးညှင်းစွာထွက်ပေါ်လာတဲ့ အသံသြရှရှလေးကြောင့် နှုတ်ခမ်းတို့က အလိုအလျောက်ပြုံးမိလျက်သား။ ဒါက တစ်ဖက်လှည့်နဲ့ ​ရှောင်ကျန့်စိတ်ညစ်တာပျောက်ပြီး သူ့ကိုသံသယရှင်းအောင် လုပ်နေတာပဲ။ ကိုယ်တော့ မင်းကိုခဏခဏ သံသယဝင်ချင်လာပြီ ရီပေါ်ရာ။

"အင်း ယုံပြီ ကိုယ်လဲမင်းကိုဟိုဟာဖြစ်တယ် "

စနောက်ကာ ရယ်ကျဲကျဲနဲ့ပြောလိုက်တော့ ရင်ဘတ်ကို လက်သီးနဲ့ထုကာ ပြုံးလာတဲ့ကောင်လေးအား ဒီတသက်မပြောလေနှင့် နောင်ဆယ်သက်ပင် ချစ်လို့ဝမည်မထင်။

"ထတော့ သွား ခင်များကိုယ်ကြီးကလေးတယ် ညကျ  yizhan လေးအတွက် မားမားတို့က birthday party အသေးစားလေး လုပ်ပေးမယ် ပြောတယ် ရေသွားချိုး သွား.."

"သခင့်အမိန့်တော်အတိုင်းပါဗျား"

ခါးကိုကိုင်းညွှတ် အရိုအသေပေးသယောင်ပြု နေတဲ့  ရှောင်ကျန့်ကို ရီပေါ်လက်ခလယ်ထောင်ပြလိုက်တော့ သဘောကျသလိုရယ်ရင်း ရေချိုးခန်းထဲဝင်သွားသည်။

"ရီပေါ် ကိုယ့်အချစ်လေး ဒီကိုကြည့်"

မပိတ်ရသေးတဲ့ ရေချိုးခန်းတံခါးဆီ ရှောင်ကျန့်ခေါ်လို့ လှမ်းကြည့်လိုက်တော့

"Fuck! ရှောင်ကျန့် အားး ငါ့ကိုဘာပြသွားတာလဲ?"

Bathrobe ကြိုးကိုဖြတ်ခနဲဖြည်ချပြီး ငယ်ပေါင်းကြီးဖော်ညီနောင်ကို ရက်ရက်ရောရောပြသွားတဲ့ရှောင်ကျန့်ရယ်ပါ။

မှန်တင်ခုံပေါ်က နို့မှုန့်ဘူးလဲကိုင်ရော တဟားဟားရယ်ရင်း တံခါးကိုအမြန်ပိတ်သွားလေရဲ့။

ကျန်ခဲ့တဲ့ရီပေါ်မှာတော့ သူမြင်လိုက်ရတဲ့မြင်ကွင်းကို အမြင်အာရုံထဲကနေ ဘယ်လိုမှဖျောက်မရ၍ မျက်နှာကြီးနီရဲကာ ဒေါသကြီးနေတော့သည်။

.................

ညဘက် ရောက်တော့ ခြံဝင်းထဲမှာ ဧည့်သည်တော်တော်များများက စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ မကြာသေးခင်ကမှ ရှောင်းgroupရဲ့ ceo အသစ်ဖြစ်လာတဲ့ Mr.Xiao zhan ရဲ့ တဦးတည်းသော သားငယ်လေး တနှစ်ပြည့်မွေးနေ့ပါတီဖြစ်တဲ့အတွက် အထင်ကရ စီးပွားရေးလုပ်ငန်းရှင်များကလဲ တစုတဝေး။

လူငယ်တယောက်ဖြစ်တဲ့အပြင် ဒေါက်တာဘွဲ့ရထားသူမို့ စီးပွားရေးလောကတွင် အရည်အချင်းမပြည့်တန်ရာ ဟု ထင်ထားခဲ့သော်လည်း ဖခင်လက်ထက်တုန်းကထက်ပင် လုပ်ငန်းချဲ့ထွင်လာနိုင်ပြီး china ရဲ့စီးပွားရေးဈေးကွက်တခုလုံးကို လက်ဝါးအုပ်ခြယ်လှယ်လာနိုင်တဲ့အတွက် အထင်ကြီးလေးစားသူများသာ တိုးပွားလာရသည်။

ယောက်ျားသားမျိုးတူချင်းစုံမက်ကာ တရားဝင်လက်ထပ်သမှုပြု ထားတာကို သိကြသော်လည်း တည်ငြိမ်ထက်မြက်တဲ့ ထိုအမျိုးကောင်းသားအား ဘယ်သူမှမလေးမခန့်နှိမ်ချမဆက်ဆံရဲ။

ထို့ပြင် အတိအလင်းမကြေညာထားပေမဲ့ ထိုသူရဲ့လက်တွဲဖော်က ဝမ်အိမ်တော်ရဲ့တဦးတည်းသောဆက်ခံသူ ဝမ်သခင်လေး ဆိုတာကို သိထားကြတော့ ကဲ့ရဲ့ဖို့အတွေးတွေ ပျောက်ဆုံးရသည်။

ယောက်ျားချင်း လက်ထပ်ထားတာတောင် မျိုးဆက်တည်မြဲဆဲဖြစ်ပြီး သားဦးရတနာပင်ထွန်းကားနေတဲ့ အနှီမောင်နှံအား အားကျမှုနဲ့ပင်နိဂုံးချုပ်ရတော့သည်။

အင်း ဘယ်သူကမွေးလဲ အတိအကျမသိကြပေမဲ့လို့ပေါ့။

"ဟော ဟိုမှာမွေးနေ့ရှင်သားအဖတွေလာပြီ"

ပါတီကလူတစုလုံးရဲ့အကြည့်တွေက မြက်ခင်းစိမ်းထက် လမ်းလျှောက်လာသော မိသားစုသုံးယောက်ဆီမှာ။

သုံးယောက်လုံး ဆင်တူ suit နက်ပြာရောင်လေးတွေဝတ်ဆင်ထားကြတဲ့ မိသားစုလေးက ပြီးပြည့်စုံခြင်း ဆိုတာထက်ပိုသည်။

Mr.Xiao က တစ်နှစ်သားဖြူလုံးလုံးပေါက်စလေးကို လက်တဖက်တည်းနဲ့ချီထားကာ ကျန်လက်တဖက်က သူ့လက်တွဲဖော် Mr.Wangလက်ကိုဆွဲထားသည်။

ရှောင်လင်မယားနဲ့ဝမ်လင်မယားကတော့ အရယ်အပြုံးမရှိတဲ့ မျက်နှာတွေနဲ့ xiao wang စုံတွဲအား စိတ်လေစွာနဲ့ ​ခေါင်းသာခါမိသည်။ ထို့ပြင် နဂို မျက်နှာရွှင်လွန်းတဲ့ အသေးလေးကပါ ဘယ်သူ့မှ လူမထင်သလို  အချေရုပ်လေးနဲ့ ဆိုတော့။

ဒီမိသားစု မွေးနေ့ပွဲနဲ့ လက်ဝှေ့ထိုးပွဲများ မှားနေသလား။

မွေးနေ့ကိတ်ကြီးရဲ့ရှေ့မှာ ထိုအချေပေါက်စလေးအား ထိုင်ခုံလေးနဲ့ထိုင်စေပြီး မွေးနေ့ဆုတောင်းသီချင်းကိုသီဆိုကာ စတင်ကြသည်။

သူ့ပါးပါးပေးထားတဲ့ ​မွေးနေ့လက်ဆောင်ပါကင်ဗူးကို တဘုန်းဘုန်းထုပြီး ထွက်လာတဲ့အသံကို သဘောတကျရယ်နေတဲ့ ထိုအကောင်ပေါက်လေးအား အသဲယားနေတဲ့လူကြီးလူကောင်းအပေါင်းက ခပ်ပြုံးုပြုံး။

ရှောင်ကျန့်မှာတော့ ကလေးကိုမွေးနေ့လက်ဆောင်ပေးပြီးတည်းက မျက်စိအောက်ကပျောက်သွားတဲ့ ချစ်သည်းညှာအား ကလေးကိုချီလျက် မျက်လုံးဝေ့ရှာရသည်။

အချိန်လင့်နေပြီဖြစ်သော်လည်း မွေးနေ့ပွဲလာဧည့်သည်များမှာ သိချင်သောအရာတခုကြောင့် ပြန်ဖို့ကိုမစဉ်းစားကြ။

ဒီချစ်စရာသားလှရတနာလေးကို ဘယ်ပုဂ္ဂိုလ်ထူးကများ မွေးဖွားနိုင်တာလဲလေ။

ဂစ်တာသံ ​အေး​အေး​လေးက လူအုပ်တွေကြားထဲကနေ ထွက်ပေါ်လာတာကြောင့် ရှောင်ကျန့်အကြည့်တွေက အသံလာရာဆီ အလည်သွားသည်။

လူအုပ်ထဲက ထွက်ပေါ်လာတဲ့ချစ်ရသူလေးက သြရှရှအသံချိုချိုလေးနဲ့ ဂစ်တာလေးတီးကာ သီချင်းဆိုရင်း လျှောက်လှမ်းလာသည်။

🎼♥Too many billion people

Running around the planet

What is the chance in heaven

That you'd find your way to me

Tell me what is this sweet sensation

It's a miracle that happened

Though I search for an explanation

Only one thing it could be...........

သီချင်းစာသားကို ဆက်မဆိုပဲရပ်တန့်လိုက်ကာ ရှောင်ကျန့်မျက်လုံးတွေကို စူးစိုက်ကြည့်လာတဲ့ မျက်လုံးညိုညိုလေးတွေ။ဒီတသက်မေ့မရနိုင်မဲ့ သီချင်းစာသားတချို့က ဘယ်ဘက်ရင်အုံကိုတရိပ်ရိပ်နွေးတက်လာစေသည်။

*that I was born for u....

ကြောင်အနေသည့်ရှောင်ကျန့်ကို အနူးည့ံဆုံးပြုံးပြကာ မျက်ရည်များဝဲလျက် ဆက်ဆိုတဲ့ကောင်လေးက လွန်ခဲ့တဲ့နှစ်နှစ်တုန်းကထက် ရင်ခုန်သံကိုအခုန်မြန်စေပါသည်။

*It was written in the stars

Yes, I was born for u

And the choice was never ours

It's as if the powers of the universe

conspired to make you mind

Until the day I die

I bless the day

That I Was Born For U!*

လက်ခုပ်သံတဖြောင်းဖြောင်းနဲ့အတူ သံစဉ်တို့ကရပ်တန့်သွားသည်။

သီချင်းဆုံးတာနဲ့ ​ပျော်ရွှင်ကြည်နူးမိတာကိုထိန်းမရသည်မို့ ရှောင်ကျန့်မျက်လုံးထဲပင် မျက်ရည်တို့ဝေ့သီလာသည်။အဖေကနားလည်သည့်အလား လက်ထဲကသားလေးကို လာချီပေးသည်။

ကလေးမရှိတော့တာနဲ့တပြိုင်နက် ရှောင်ကျန့် မိမိရှေ့က ကောင်လေးအား ခပ်တင်းတင်းပွေ့ဖက်ထားလိုက်တော့တာပဲ။ ပခုံးထက်မျက်နှာအပ်ချလိုက်ကာ အလိုအလျောက်ကျလာတဲ့ ဝမ်းသာမျက်ရည်များကို ဖုံးကွယ်မိသည်။

ရှောင်ကျန့်ဆံပင်တွေကိုအသာပွတ်သပ်ပေးရင်း လက်တဖက်ကကျောပြင်ကိုပုတ်ပေးကာ ကလေးချော့သလိုပြုမူပေးနေတဲ့ ထိုကောင်လေးအတွက်သာ ဘဝဆက်တိုင်းမွေးဖွားလိုပါသည်။

"ကျနော့် CEO ကြီးက မျက်ရည်လွယ်လိုက်တာ တော်ပြီ နောက် ဘာ surprise မှ မလုပ်တော့ဘူး"

ကျနော့်မျက်ရည်ကို လက်က​လေးနှစ်ဖက်နဲ့ဖွဖွသုတ်​ပေးရင်း ရယ်မောကာ ပြောလာတဲ့ ရီပေါ်ကိုယ်တိုင်ကလဲ ပါးထက်မှာမျက်ရည်စတွေနဲ့။

ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ နဖူးပြင်ကိုနှုတ်ခမ်းနဲ့ဖိကပ်ရင်း ရှောင်ကျန့်ရင်ထဲကပျော်ရွှင်ခြင်းကိုဝေမျှမိသည်။ ရင်ထဲကမြတ်နိုးခြင်း ချစ်ရသူသိပါစေ။

"ချစ်တယ် "

နဖူးပေါ်က မခွာရသေးခင်မှာ ပြတ်သားစွာထွက်ပေါ်လာတဲ့ အသံကြောင့် ရှောင်ကျန့် ရီပေါ့်မျက်ဝန်းတွေကို စိုက်ကြည့်လိုက်မိပါသည်။ အသက်ရှုအောင့်ထားမိတာက သူ့အလိုလို။

"ကျနော် ခင်များကို ချစ်တယ် ရှောင်ကျန့်
စချစ်ခဲ့တာက ခင်များဆိုပေမဲ့ ကျနော့်ရင်ထဲကအချစ်ကလဲ ခင်များထက်မပိုရင်တောင် မလျော့ဘူးဆိုတာကိုတော့ ရဲရဲကြီးအာမခံရဲပါတယ်
ကျနော့်ကိုဘယ်တော့မှခွဲမသွားပါနဲ့ ကျနော်ကခင်များတယောက်တည်းကိုချစ်တာမို့"

လက်သီးလေးဆုပ်ကာ အားယူပြောနေတဲ့ကောင်လေးကိုကြည့်ပြီး လှိုက်လှဲစွာပြုံးပြမိပါသည်။

"ကိုယ်တော့ အောက်စီဂျင်လိုနေပြီ ကလေးရာ"

နားမလည်သလိုကြည့်နေတာကို ဂရုမစိုက်နိုင်ပဲ ပြတ်လပ်နေခဲ့သည့် အောက်စီဂျင်ကို နှုတ်ခမ်းတစုံဆီကနေ ပြင်းပြစွာမှီဝဲမိသည်။အဆုတ်ထဲဝင်ရောက်လာတဲ့အောက်စီဂျင်တို့အား ဒီတသက်ပြန်မရှုထုတ်ဘဲ သိမ်းထားလို့ရရင်လဲ အကောင်းသား။

"အူးဝါး.."

ဂဟေဆက်နေတဲ့နှုတ်ခမ်းနှစ်လွှာက ကလေးငိုသံထွက်ပေါ်လာမှ ခွာဖြစ်ကြသည်။ရီပေါ်က ပါးပါးလက်ထဲက yizhan လေးကို အလျင်အမြန်ချီပြီး ချော့မြူ ရှာသည်။ထုံးစံအတိုင်း သူ့ပါးပါးလက်ထဲရောက်တာနဲ့ အငိုတိတ်သွားတဲ့ကလေးလေးရယ်ပါ။

"ဒယ်ဒီ့ သားပုစိလေးက အလည်လေးကွာ"

ရီပေါ့်လက်ထဲက သားရဲ့ပါးဖောင်းဖောင်းလေးကို မွှေးကြူ ရင်းပြောလိုက်တဲ့ ရှောင်ကျန့်မျက်မှောင်ကျုံ့သွားရသည်။

နှုတ်ခမ်းစူကာ မျက်မှောင်ကျုံ့ပြီး  ကြည့်လာတဲ့အသေးလေးက ရှောင်ကျန့်ကို အလိုမကျဟန်။

"ဘွား"

သူ့ဒယ်ဒီကိုအလိုမကျကြည့်ပြီးတာနဲ့ ရီပေါ့်လည်ပင်းကိုဆွဲဖက်လိုက်ကာ ပါးကိုအာဘွားပေးတဲ့ကလေးလေး။ ရီပေါ့်ကိုပိုင်စိုးပိုင်နင်းဖက်ထားလျက်ပင် သူ့ဒယ်ဒီကိုပြန်ကြည့်လာပြန်သည်။

ရှောင်ကျန့် မျက်နှာ ငပုတ်ဖမ်းသလို မည်းမှောင်သွားရသည်။ သူသိနေပါပြီ။ သားတော်မောင်ပုစိက သူနဲ့ရီပေါ့်ကိုပြိုင်လုဖို့လုပ်နေတာပင်။ရီပေါ်ကတော့ မျက်လုံးချင်းစစ်ဖြစ်နေတဲ့သားအဖကိုကြည့်ပြီး သဘောတကျပြုံးနေတော့သည်။

ကျနော့်ဆီ ဒီလူသားနှစ်ယောက်ကိုဆောင်ကြဉ်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရားသခင်။

ဧည့်သည်တွေမှာလဲ ထိုချစ်စဖွယ်မိသားစုလေးအား အားကျသောမျက်လုံးများဖြင့်သာ အပြုံးဝေဝေဆာလျက်။

........................................................................

#The End
#chit

Continue lendo

Você também vai gostar

97.4K 6K 49
ကမ်းလင့်လို့ မမှီနိုင်တဲ့ တွဲလက်တစ်စုံဖြစ်ခဲ့ပေမဲ့ မင်းကိုသိပ်ချစ်ခဲ့တာပါ ပူတူးရယ်။ (ကမ္းလင့္လို႔ မမွီနိုင္တဲ့ တြဲလက္တစ္စုံျဖစ္ခဲ့ေပမဲ့ မင္းကိုသိပ္ခ်...
72.6K 5.3K 34
ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာ...
32K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
44.3K 5.4K 36
*Fake-blood angel* ေသြးေႏွာ နတ္ဘုရား၏ႏွလံုးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား