ချစ်သူ့ နတ်ဘုရား〖 Completed 〗

بواسطة NgaChaukMaKyikeBuu

135K 15.7K 535

Translation Status : Completed This is the Burmese translation of HDS Arc 9. I translated this arc from Engli... المزيد

9.1
9.2
9.3
9.5
9.6
9.7
9.8
9.9
9.10
9.11
9.12
9.13
9.14
9.15
9.16
Where to Find Other Arcs

9.4

5.6K 883 28
بواسطة NgaChaukMaKyikeBuu

<Unicode>

"ဒီကို လာပါဦး စကားလေးဘာလေး ပြောကြရအောင်" ဆံပင်အနီနှင့် လူက ရှန့်ခယ်ကို လက်ယပ်ခေါ်သည်။ သူ့၏ မျက်လုံးများက ပြုံးနေသည့်အလား တွန့်ကွေး၍နေသည်။

သုံးယောက်သား ရှိရာ အခန်းကား ဆံနီရောင် နတ်ဘုရား၏ စည်းအတွင်း လွှမ်းခြုံထား၏။ ထို့ကြောင့် ရှန့်ခယ် မည်မျှပင် ထွက်သွားချင်ကာမူ လက်ရှိသူ၏ စွမ်းအားအနေအထားနှင့် ဖောက်ထွင်းသွားလို့ မရနိုင်ပေ။ တဖက်လူနှစ်ယောက် ရှိရာနေရာဆီ လျှောက်သွားကာ ထိုင်ချရုံပဲ တတ်နိုင်တော့သည်။

"ခုနက ယီတာမိုရဲ့ လက်ကို ဆွဲပြီး ဘာတွေ ရှာနေတာတုန်း ဧကန္တ လက်ဖဝါးမှာ မှဲ့ရှိမရှိ ရှာနေတာတော့ မဟုတ်လောက်ဘူးမလား" ဆံနီနှင့်လူက နောက်တောက်တောက် ပြောသည်။

ရှန်ခယ်: (⊙口⊙) !

"အိုး ငါ မှန်းတာ မှန်သွားတာလား" ဆံနီနှင့်လူက ရယ်နေရင်းက လက်မြှောက်ပြသည် "ယီတာမိုမှာတော့ မရှိပေမယ့် ငါ့မှာတော့ ရှိတယ်"

ဆံနီနှင့် လူ၏ လက်ဖဝါးတွင် မှဲ့တစ်ခုတည်း ရှိသည် မဟုတ်။ လက်တစ်ဖက်စီတွင် မှဲ့တစ်လုံးစီပေါက်နေကာ ဘယ်ဖက်မှ မှဲ့သည် အပြာရောင် ရှိပြီး ညာဘက်တွင်တော့ အနီရောင်ဖြစ်သည်။

ရှန့်ခယ်: (ˊДˋ)

"ဟားဟားဟား" ထိုလူသည် ရှန့်ခယ်၏ မျက်နှာဖုံးကိုကြည့်ကာ လက်ညိုးထိုး၍ အူလှိုက်သည်းလှိုက် ရယ်ပြန်သည်။

အကြောင်းရင်းကား သူ၏ သိက္ခာလက်ကျန်လေးကို ဖျက်စီးပစ်လိုက်သော အကျင့်ပုပ် ထရစ်စတားခေါ် မျက်နှာအသွင်ပြောင်း ပက်ကေ့ချ်၏ လက်ချက်ဖြစ်မည်ကို ရှန့်ခယ် မှန်ထဲသွားကြည့်ပြီး အဖြေရှာစရာတောင် မလိုပေ။ အခြားလူတွေ၏ မျက်နှာဖုံးများသည် ဖုံးကွယ်ပေးဖို့ဖြစ်သော်ငြား သူ၏ မျက်နှာဖုံးကတော့ အကုန် ဖော်ပြပေးဖို့ဖြစ်နေ၏။ ဘယ်လိုလူက မလှောင်ရယ်ဘဲ နေနိုင်မည်တဲ့လဲ။

ဘေးတွင် ထိုင်နေသော ယီတာမိုက ချောင်းခပ်ဖွဖွ ဆိုးပြသည်။ "ဘယ်သူ့ နတ်ဘုရားဆိုတာတော့ ငါ သိသလိုတော့ ရှိတယ်"

ရှန့်ခယ်၏ မျက်နှာဖုံးသည် အမှန်တကယ်ပင် မျက်စိထဲ ထင်းခနဲ လင်းခနဲ ရှိလှသည်။ လျစ်လျူရှုဖို့ကြိုးစားတောင် အာရုံမစိုက်မိဖို့ မလွယ်ပေ။

"ရှုမျိုးစုရဲ့ နတ်ဘုရားက ဒီလောက် စိတ်ဝင်စားဖို့ ကောင်းမယ်လို့ မထင်ထားမိဘူး" ပိုင်ရှင်ထံမှ စုံစမ်းပြီးနောက် တည်းခိုသူများမှာ ရှုမျိုးစုဖြစ်ကြောင်း ယီတာမိုတို့ သိထားကြပြီးဖြစ်သည်။ ဆံနီနှင့်လူက စကားမစခင် အရယ်လွန်ထားသော မျက်ရည်တွေကို အရင်သုတ်သည်။ "မင်း နာမည်က ဘာလဲ ပြောပါဦး"

ရှန့်ခယ် (ˋ︿ˊ) ၊ "မင်း နာမည်ကရော ဘာလဲ"

ဆံနီက ပြုံးလျက်နှင့်ပင် ပြန်ဖြေသည်။ "ငါ့ နာမည်က နေးလ်"

အချစ်နတ်ဘုရား နေးလ်!? ဘာကြောင့် သူက ယီတာမိုနဲ့ အတူတူ ရှိနေတာလဲ။ ယီတာမိုနဲ့ တီမာ နောက်ပိုင်း ပေါင်းဖက်သွားတာ သူနဲ့ သက်ဆိုင်နေတာလား။ System က ပေးသည့် သတင်းအချက်အလက်အရဆိုလျှင် တီမာ မြို့တော်ဆီ မရောက်မချင်း မင်းသားနှင့် တွေ့နိုင်ဦးမှာ မဟုတ်သေးပေ။ ကြည့်ရတာ ​ဖြစ်စဥ်အကုန် ရှုပ်ထွေးသွားပုံပင်။

သူသင်ပေးခဲ့သော ပညာရပ်များသည် နှစ်အတော်ကြာသော် ရှုမျိုးစု၏ ဘဝအဆင့်အတန်း မြင့်မားစေခဲ့ကာ ချမ်းသာစေကြောင်း ရှန့်ခယ် မသိခဲ့ပေ။ မူလ မကောင်းမှုနတ်ဘုရားသည် ရှုမျိုးစုအား နေထိုင်စရာ အတည်တကျသာ ရှိစေခဲ့တာဖြစ်ပြီး မျိုးစုမှာ ဆင်းရဲနိမ့်ကျဆဲဖြစ်ကာ ယီတာမိုက သတိမပြုမိခဲ့ပေ။ သို့သော် ယခုအချိန်တွင်တော့ မျိုးစုသည် ဆင်းရဲခြင်းမှ ရုန်းထွက်ကာ အဝတ်အစား၊ လက်ဝတ်ရတနာတို့ကြောင့် တောက်ပနေကြရာ လူအုပ်များကြား အတော်ပင် ထင်းလင်းမြင်သာရှိနေလေသည်။

ထို့ကြောင့်လည်း ယီတာမိုနှင့် စောစောစီးစီး နီးစပ်မှုရှိသွားခြင်းဖြစ်သည်။

"ငါ့နာမည်က အူနို" ရှန့်ခယ်ကလည်း သူ့နာမည်ကို ပြန်ဖြေသည်။

"ဘာလို့ သူများတကာ လက်ဖဝါးမှာ မှဲ့တွေ လိုက်ရှာနေတာလဲ ထူးခြားတဲ့ အဓိပ္ပါယ်တစ်ခုခုရှိလို့လား" နေးလ်၏ မက်မွန်ရောင်မျက်လုံးများသည် ရှန့်ခယ်ကို ပြုံးပြနေ၏။

"ဒီအတိုင်း ပျော်ဖို့ကောင်းတယ် ထင်လို့" <(╯︶╰)╭

နေးလ်: တစ်ချက်ကြည့်ရုံနဲ့ မင်းလိမ်နေတာ အသိအသာကြီးကို....

ယီတာမို: တစ်ချက် ကြည့်ရုံနဲ့ လိမ်နေမှန်း သိလိုက်ပြီ...

ရှန့်ခယ်သည် နေးလ်ဆီမှ ရင်းနှီးသော ခံစားမှုမျိုး ရမနေပေ။ ထို့ကြောင့် လက်မှ မှဲ့ရှိခြင်းကိုလည်း အာရုံထဲ ထားမနေတော့။ တဖက်တွင် ယီတာမိုထံမှ ရင်းနှီးသော ခံစားမှုဖြစ်တည်သော်လည်း ဤလူ၌ မှဲ့ရှိမနေပြန်ပေ။

"ငါ သွားလို့ရပြီလား" ရှန့်ခယ်သည် သူ၏ မျက်နှာဖုံးမှ အတည်ပေါက်အဖြစ်ဆုံး သွင်ပြင်ကို သုံး၍ နေးလ်ကို စိုက်ကြည့်ကာ စည်းရုပ်သိမ်းပေးဖို့ အချက်ပြလိုက်သည်။

"ဟားဟား သွားပါခင်ဗျ" နေးလ်က ပြုံးလျက် လက်ယမ်းပြသည်။ "နောက်မှ ထပ်ကစားကြတာပေါ့"

ရှန့်ခယ်တစ်ယောက် နေးလ် စိတ်အားထက်သန်စွာ ဖိတ်ခေါ်မှု စိတ်ထဲမှ ပိတ်ငြင်းပစ်လိုက်​လေသည်။

နောက်နေ့တွင် တီမာတို့ လူစုအထုပ်များပြင်ပြီးကာစပဲရှိသေးသည်။ ယီတာမိုနှင့် နေးလ်က စကားလမ်းကြောင်းလာ၍ အစပြုသည်။ အသေးစိတ်အနည်းငယ်ပြောကြပြီးနောက် တီမာတို့ အုပ်စုနှင့် အတူ လိုက်ပါလာကြသည်။

ယောက်ျားနှစ်ဦး၏ မျက်လုံးနှစ်စုံသည် တီမာ၏ ရင်ဘတ်နားရှိ သစ်သားရုပ်ထွင်းတစ်ခုပေါ်တွင် ပြိုင်တူ ရပ်တန့်သွားသည်။

ထို့နောက် ရှုမျိုးစုအဖွဲ့သည် မြို့မှထွက်ကာ ဘုရင့်မြို့တော်ဆီ ခရီးဆက်ခဲ့တော့သည်။

ရှုခေါင်းဆောင်သည် တီမာနှင့်အတူ လူတစ်ဒါဇင်ကျော်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုလူများထဲတွင် သက်ကြီးရွယ်အို နှစ်ယောက်မှလွှဲ၍ ကျန်သူများမှာ လူလွတ် အပျို၊ လူပျိုများဖြစ်ကြသည်။ ချောမောပြီး ထက်မြက်ကြသော ယီတာမိုနှင့်နေးလ်အား ရှုပျိုဖြူများသည် သဘောကျနှစ်သက်၍ စိတ်ဝင်စားဟန် ပုံစံမျိုးစုံပြကြသည်။

ယီတာမိုနှင့် နေးလ်တို့နှစ်ဦးမှာ မျိုးစု၏ ပွင့်လင်းမှုကို အံ့သြကြရသည်။

၎င်းတို့သည် ချွန်ထက်သော လက်နက်များ ပြုလုပ်နိုင်စွမ်းရှိသည်။ အစားအသောက်အရသာများမှာ တမူထူးခြားသည်။ စစ်ချီတေးသီချင်းများ သီဆိုနိုင်ကြကာ မြက်နှင့် ကြိမ်ပင်များဖြင့် ပုံသဏ္ဍာန်မျိုးစုံကို ယက်လုပ်နိုင်ကြသေးသည်။ ဤ စွမ်းရည်များအားလုံးကို အူနိုမှ သင်ပေးထားသည်ဟုဆို၏။

ယီတာမိုနှင့်နေးလ်သည် ရုပ်အလိုလိုပြောင်း မျက်နှာဖုံးတပ်ဆင်ထားသော ရှန့်ခယ်ပုံကို မြင်ယောင်ကြည့်ကာ ရှုမျိုးစု ကိုးကွယ်ရာ နတ်ဘုရား အူနိုနှင့် သူတို့ မနေ့က တွေ့ခဲ့သော အူနိုကို မည်သို့မျှ ဆက်စပ်ကြည့်၍ မရပေ။ နတ်ဘုရားများ၏ ပါရမီများသည် ရုပ်ထု၏ ကိုင်းရှိုင်းမှုနှင့် ကံကောင်းမှုများ အပေါ် မူတည်သည်။

ရှန့်ခယ်၏ လက်ရှိအင်အားကိုကြည့်ကာ နေးလ်သည် အူနိုအား ဒြပ်ထည်ပေါ်တာ မကြာသေးပြီး ကိုးကွယ်သူနည်းပါးနေသေးသော မနူးမနပ် နတ်ဘုရားတစ်ပါးဟု ထင်ထားခဲ့သည်။

သို့သော် ရှန့်ခယ်၏ စွမ်းရည်များသည် ကိုးကွယ်သူ များပြားကြသည့် အလယ်အဆင့်နတ်ဘုရားများထက်တောင် ပိုသာလွန်နေသေးပုံရသည်။

သို့သော် ယီတာမိုနှင့် နေးလ်သည် ဤအခြေအနေအပေါ် နားလည်မှုလွဲသွားခဲ့သည်။ နှစ်ဦးသားသည် ရှန့်ခယ်အား ရိုးရှင်းသော စိုက်ပျိုးရေး နတ်ဘုရားဟု ထင်ထားခဲ့သော်ငြား အမှန်မှာ သူသည် မကောင်းမှု လက်ကိုင် တိုက်ပွဲနတ်ဘုရားအမျိုးအစားဖြစ်သည်။ ရှုမျိုးစုကို သင်ပေးခဲ့သော ပညာရပ်များသည် မကောင်းမှုနတ်ဘုရားမှ မဟုတ်ဘဲ ရှန့်ခယ်ဆီမှ လာခြင်းဖြစ်သည်။ အကယ်၍ နတ်ဘုရားအဆင့် တက်လိုလျှင် မကောင်းမှုနတ်ဘုရား အစွမ်းအာဏာတိုးလာရန် သတ်ဖြတ်ခြင်းများ အဆက်မပြတ် ပြုလုပ်ရမှာဖြစ်သည်။

ထိုအစွမ်းကား သုံးရက်အကြာ၌ လူအများကြားတွင် မတော်တဆ ပေါ်ထွက်လာခဲ့လေသည်။

"အထုပ်တွေ သတိထားကြ" ကင်းထောက်နေသူ တစ်ယောက်မှ ခပ်ကျယ်ကျယ်အော်ကာ လှမ်းသတိပေးသည်။

အသံထွက်ပေါ်ပြီး မကြာမီပင် မန်ဒရေးမျောက်* ပုံစံရှိသော တောရိုင်းတိရစ္ဆာန် တစ်ဒါဇင်ခန့်သည် အော်ဟစ်ကာ ချုံပင်များကြားမှ ရှုမျိုးစုဆီ ခုန်ဆင်းချလာကြသည်။

အဖွဲ့သည် မိန်းကလေး**ကို ဝန်းရံကာ ကာကွယ်ရန် အသင့်အနေအထား ရှိကြသည်။

မန်ဒရေးမျောက်များသည် အလွန်လျင်မြန်ရုံသာမက ခန္ဓာကိုယ်ကလည်း ဖျတ်လတ်သေးသည်။ တစ်ကောင်လောက်နှင့် မျက်မြင်ကြုံရခြင်းသည်ပင် လူများစွာကို ထိခိုက်ဒဏ်ရာ ရစေနိုင်သည်။

ယီတာမိုသည် ရှုမျိုးနှင့် လေး ငါးဆယ် မီတာခန့်တွင် ရှိကာ မန်ဒရေးမျောက်များကို အေးအေးလူလူပင် တိုက်ခိုက်၍နေသည်။ ပုံစံအရတော့ ကူညီတိုက်ခိုက်ပေးလိုဟန် မရှိချေ။

နေးလ်သည် သစ်ပင်ပင်စည် တစ်ခုကို မှီကာ တိုက်ပွဲကို ကြည့်နေသော်လည်း မန်ဒရေးမျောက်များသည် သူ့ဘေးမှ ကျော်ဖြတ်ကာ မမြင်သလိုပင် နေကြသည်။

ရှုမျိုးစု၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယေဘူယျတော့ သိပ်မမြင့်ကြပေ။ အားသုံးတိုက်ခိုက်ပြီး သွက်လက်သော သားရဲကောင်များနှင့် တိုက်ခိုက်ရာတွင် ၎င်းတို့မှာ အနှိပ်စက်ခံကြရဖို့သာ ရှိသည်။ ရှန့်ခယ်သည် ကိုယ်ခံပညာသင်ပေးဖို့ ကြိုးစားခဲ့သော်လည်း ရှုမျိုးစုမှာ ဤ အပိုင်းတွင် ပါရမီမပါခဲ့ပေ။ လှုပ်ရှားပုံများကို မှတ်မိကြသော်လည်း ၎င်းတို့ကား တိုက်ပွဲရောက်လျှင် လက်နက်ချ ပြေးကြမည့် လူစားမျိုး ဖြစ်ကြသည်။

ဤသို့ လေ့ကျင့်မရနိုင်သော ကိုးကွယ်သူများနှင့် မကောင်းမှုနတ်ဘုရားဖြစ်သူ ရှန့်ခယ်ကား အခက်တွေ့ရလေသည်။

သို့သော်ငြား မကောင်းမှုနတ်ဘုရားသည် တိုက်ပွဲနတ်ဘုရားတစ်ပါး ဖြစ်သည်။ တိုက်ခိုက်မှုရေးရာတွင် သူ၏ ပါရမီအထုံကား တိုးချဲ့ပေးနိုင်စွမ်းပါရှိ၏။ ယုန်တစ်ကောင်ကိုတောင် လက်ဝှေ့ချန်ပီယံ လုပ်ပေးနိုင်သော အင်အားရှိသူလည်း ဖြစ်သည်။

ရှန့်ခယ်သည် သစ်သားထွင်းရုပ်ဆီမှ ပူးကပ်မှုကို ခွာကာ မကောင်းမှုနတ်ဘုရား စွမ်းအင်ကို အသုံးချ၍ သူ၏ ကိုးကွယ်သူများထံ အရူးအမူး သတ်ဖြတ်လိုစိတ်ကို ထည့်သွင်းပေးလိုက်သည်။

အနီရောင် အလင်းတန်းတစ်ခုနှင့်အတူ နဂိုကြည်လင်နေကြသော မျက်လုံးများမှာ သွေးဆာလောင်မှုများနှင့် ပြည့်လာကြသည်။ မျက်နှာဖုံးများအောက်ရှိ မျက်နှာသွင်ပြင်တို့သည် အလွန်အမင်း ရက်စက်ပုံပေါ်ကာ မူလ ကပြက်ကချော် လှုပ်ရှားမှုများသည် လျှပ်စီးအလား လျင်မြန်လာကြတော့သည်။ ဓားများသည် မြင့်တက်လျက် ပြန်ကျလာလျက်ရှိနေကာ ခေါင်းနှင့် ခန္ဓာကိုယ်တို့အထက် သွေးများဖုံးလွှမ်း၍ မကောင်းဆိုးဝါးများ ဝင်ပူးခံထားရသည့်အလား ရှိနေကြသည်။

ဤမြင်ကွင်းကို မြင်ပြီးနောက် ယီတာမို၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုတချို့ ဖြတ်ပြေးသွားသည်။ မျက်စိရှေ့မှာပင် ရှုမျိုးစုဝင်များသည် အရက်မူးသမားများနှယ် ကို့ရို့ကားယားဖြစ်နေကြရာမှ ဖြတ်ခနဲ ရဲတင်းကုန်ကြသည်။ ပုံဟန်ပန်နှင့် အလျင်တို့ကလည်း သိသိသာသာကြီး တိုးတက်သွားကြသည်။ ဒါတင်သာမက တိုက်ခိုက်စွမ်းရည်သည် ရုတ်တရက် ကြမ်းတမ်းလာသလို ဓားသွားများက ရှင်ကျန်ရစ်သူ မချန်ထားခဲ့ပေ။ ယီတာမို၏ တိုက်ခိုက်ပုံသည် သွက်လက်မြန်ဆန်သော်လည်း ရှုမျိုးစုနှင့် နှိုင်းယှဥ်က မဆိုးဘူးဟု ပြောလို့ရလောက်ရုံသာ ရှိနိုင်ပေမည်။

ဒီမျိုးစုက နတ်ဘုရား တစ်ပါးမက ကိုးကွယ်ကြတာလား။

လူသားတို့သည် နတ်ဘုရား တစ်ပါးထက် ပိုကိုးကွယ်နိုင်ကြသော်ငြား ထိုဖြစ်စဥ်သည် ၎င်းတို့အား ကောင်းချီး သိပ်မသက်ရောက်စေနိုင်ပေ။ ဘယ်နတ်ဘုရားမှ သစ္စာမရှိသော ကိုးကွယ်သူများကို မလိုချင်ကြပေ။ အချို့ စိတ်မရှည်သော နတ်ဘုရားများဆိုလျှင် ကောင်းချီးတောင် မပေးကြတော့ပေ။

ရှုမျိုးစု၏ စွမ်းရည်ကြွယ်ဝမှုကို ကြည့်ခြင်းအားဖြင့် နောက်နတ်ဘုရားတစ်ပါးကို ကိုးကွယ်ကြသည်မှာ မဖြစ်နိုင်ပေ။

ဒီလိုဆို ဒီ ကိုယ်လုံပညာတွေကရော အူနိုဆီကပဲ လာတာလား!?

ဤ ကောက်ချက်ကား ယီတာမိုအတွက် ယုံကြည်ရန် ခက်ခဲလှသည်။

အချစ်နတ်ဘုရား နေးလ်သည်လည်း မယုံနိုင်ပေ။ သူသည် အဆင့်မြင့် နတ်ဘုရားတစ်ပါးဖြစ်ကာ နတ်စွမ်းအင် အနိမ့်အ​မြင့် အတက်အကျကို ခံစားနိုင်စွမ်း ရှိသူဖြစ်သည်။ ယခု ရှန့်ခယ်မှ ကိုးကွယ်သူများဆီ ပေးလိုက်သော စွမ်းအင်သည် အလင်းစွမ်းအင်ကဲ့သို့ ဖြူစင်မနေပဲ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ခံစားချက်များ၊ သွေးညှီနံ့များနှင့် ထုံမွှမ်းနေခဲ့သည်။

နေးလ်သည် မျက်မှောင်ကြုတ်ကာ လေထဲတွင် မျောလွင့်နေသော နတ်ဘုရားအား အတွေးနက်နဲနေပုံဖြင့် စိုက်ကြည့်၍ နေခဲ့သည်။

ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ တိုက်ပွဲမှာ အဆုံးသတ်သွားသည်။ ရှန့်ခယ်လည်း သတ်ဖြတ်လိုစိတ်များ ပြန်သိမ်းယူကာ လေထဲတွင် အုပ်မိုးလျက် မျက်လုံးမှိတ်ပြီး သူ၏ မကောင်းမှုနတ်စွမ်းအင်များကို ပြန်ပေါင်းစုသည်။ စွမ်းအင်များ ပေါင်းစပ်သွားဖြင်းနှင့်အတူ မျက်နှာဖုံးမှ အသွင်အပြင်သည် ပို၍ ရက်စက်ကြမ်းကြုတ်လာဟန်ရှိသည်။***

ရှုမျိုးစုသည် သတိပြန်လည်လာသော အခါ မြေပြင်ပေါ်မှ မန်ဒရေးမျောက်အလောင်းများပို ကြည့်ကာ တွေတွေကြီး ဖြစ်နေကြသည်။

"အဆင်ပြေကြလား" ယီတာမိုနှင့် နေးလ်သည် ရှေဆင့်နောက်ဆင့် ရောက်လာကာ အခြေအနေ မေးမြန်းကြသည်။

"ပြေပါတယ်" ရှုမျိုးစုမှ သက်ကြီးပိုင်းတစ်ဦးက ရေရွတ်သလို ပြန်ဖြေသည်။

"ခုနက မင်းတို့ရဲ့ အင်အားတွေက နတ်ဘုရား အူနို ပေးတာလား" ယီတာမိုသည် ပွင့်ပွင့်လင်းလင်းပင် မေးသည်။ ရှုမျိုးစုနှင့် ရက်အတန်ကြာ ခရီးအတူသွားပြီးနောက် ၎င်းတို့၏ ရိုးသားမှုကို သိရာ လှည့်ပတ်ပြောမနေပေ။

"ဟုတ်တယ်" ခုနက လူကြီးပိုင်း ရှုမျိုးစုဝင်ကပင် ဖြေသည်။

ယီတာမိုက မသေချာဟန်ဖြင့် မေးသည်။ "ဒါပေမယ့် အူနိုက ဖန်ဆင်းမှု နတ်ဘုရား မဟုတ်ဘူးလား"

"မဟုတ်ပါဘူး" တီမာက ဖြေသည် "အရှင်အူနိုက တိုက်ပွဲနတ်ဘုရား"

ယီတာမို: သူက တကယ်ကြီး တိုက်ပွဲနတ်ဘုရားလား။ ဒီလို အသက်မွေးပညာပါ တတ်တဲ့ တိုက်ပွဲနတ်ဘုရား ရှိတယ်တဲ့လား။

နေးလ်: သူတို့ကတော့ အသေအချာကြီး ပြောနေပေမယ့် ငါတော့ မယုံဘူးပဲ။

လေထဲတွင်တော့ စွမ်းအင်ပေါင်းစပ်မှု ပြီးမြောက်သွားသော ရှန့်ခယ်သည် နန်းဆန်ဆန်ပင် မြေပြင်ပေါ် ဆင်းသက်လာသည်။ မကောင်းဆိုးဝါးတစ်ကောင်အလား ပြုံးနေသော မျက်နှာဖုံးနှင့် အကြင်သူသည် ကျောက်တောင်ပေါ် အချိန်အတော်ကြာ မတ်တပ်ရပ်နေခဲ့သည်။ လက်ထဲတွင် တူကိုင်ကာ အဝေးသို့ လှမ်းမျှော်ကြည့်လျက်နှင့် ခါးပေါ်မှ သားရေပတ်ကား လေထဲလွင့်၍ ရှိနေပုံသည် ဆွဲဆောင်မှု တစ်မျိုးရှိနေခဲ့သည်။

ရှန့်ခယ်၏ ဤပုံပန်းသွင်ပြင်ကို မြင်ပြီးနောက် နေးလ်၏ ရင်အတွင်းမှ သံသယသည် ကောက်ရိုးမီးအလား ဖုတ်ခနဲ ငြိမ်းသက်ခြင်းကျရောက်ကုန်ကြသည်။

ကိုယ်ရောစိတ်ပါ ပင်ပန်းသွားကြသော ရှုမျိုးနွယ်များသည် ထိုညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြသည်။

ရှန့်ခယ်သည် သူ၏ နတ်စွမ်းအင် အသစ်စက်စက်ကို လေ့လာရန် စိတ်လှုပ်ရှားနေရာ သစ်ထွင်းရုပ်ဆီ ပြန်မသွားဖြစ်ပေ။ မီးပုံဘေးထိုင်ကာ လက်တွင် တူကိုင်လျက် အတွေးများ ခရီးနှင်နေမိသည်။

ထိုအချိန်တွင် သူ၏ ဝဲနှင့်ယာတစ်ဖက်တစ်ချက်စီတွင် လူနှစ်ယောက် ထိုင်ချလိုက်ပြီးနောက် ရှန့်ခယ် ဝိဥာည်မှာ ဆန္ဒမပါပဲ အလိုအလျောက် ရုပ်လုံးပေါ်လာပြန်တော့သည်။

ရှန့်ခယ် လှည့်ကြည့်စရာတောင်မလိုဘဲ ဘယ်သူတွေလဲသိနေရာ မီးတောက်များအား စိုက်ကြည့်လျက်သားပင် လှုပ်မနေတော့ပေ။

"အူနို မင်းဒီနေ့ အရမ်း အထင်ကြီးစရာ ကောင်းတာပဲ" နေးလ်က သူ့စကားသူ အတည်ပြုချင်သည့်အလား လက်မထောင်ပြသည်။

ရှန့်ခယ်မှာ နေးလ်စကားကို စိတ်မဝင်စားသည့်အလျောက် မျက်နှာဖုံးမှာလည်း ရက်စက်ကြမ်းကြုတ်ဟန်အတိုင်း ရှိနေလေသည်။

"ငါ မင်းကို လျို့ဝှက်ချက်တစ်ခု ပြောပြမယ်" နေးလ်သည် သူ့နားနား ကပ်လာကာ ခပ်တိုးတိုးပြောသည်။ "ငါ သတိထားမိသလောက် တီမာဆိုတဲ့ ကောင်မလေးက မင်းကို ကြွေနေသလိုပဲ"

ဘယ်လို? ရှန့်ခယ်က ခေါင်းကို ဇတ် ခနဲ ခါနေအောင် လှည့်ကြည့်သည်: (⊙Д⊙)!

"ဖူး.." နေးလ်က ခါးကိုင်းချကာ ရယ်တော့သည်။

ရှန့်ခယ်: (—_—+)

နေးလ်တစ်ယောက် ရယ်ပြီး အလုပ်တွေ ရှုပ်နေစဥ် ရှန့်ခယ်က မြန်မြန်ပင် ကိုယ်ပြန်ဖျောက်ပြီး နှစ်ယောပ်ဘေးမှ ပြေးတော့သည်။

နေးလ်မှာ အရယ်ရပ်သွားပြီး အံ့အားသင့်သွားပုံရသည်။ သူတို့အနားတွင် စည်းချထားခဲ့ပြီးဖြစ်သည်။ သူ့အစွမ်း သုံးဆယ်ရာခိုင်နှုန်းလောက်နှင့် အူနိုကို ပိတ်လှောင်ထားဖို့ လုံလောက်သည်ဟု ထင်ထားခဲ့သော်လည်း ဤနတ်ဘုရားလေးသည် လွယ်လွယ်နှင့် လွတ်မြောက်သွားခဲ့သည်။ ရက်အနည်းငယ်နဲ့ စွမ်းအင် ဒီလောက်တိုးတက်လာတယ်တဲ့လား? ဒီနေ့ တိုက်ပွဲကြောင့်ပဲလား?

"နေးလ် အူနိုက ဘယ်လို တိုက်ပွဲစွမ်းရည်မျိုး ကိုင်ဆောင်ထားတယ် ထင်လဲ"

"ငါလည်း သိပ်တော့မသေချာဘူး" နေးလ်က ခေါင်းခါပြသည်။ အူနိုထံမှ မကောင်းမှုတရားတစ်ခုကို ခံစားမိသော်လည်း အနားရောက်တိုင်း အန္တရယ် ရှိသည်လို့တော့ မခံစားရပေ။ အကယ်၍ သူမှားနေခဲ့သည် ဆိုပါလျှင် အူနိုသည် ဖုံးကွယ်မှုကောင်းလှသော နတ်ဘုရားတစ်ပါး ဖြစ်ရပေမည်။

သို့သော် 'တီမာ' ဆိုသော မိန်းကလေးသည် သူမနတ်ဘုရားအတွက် ခံစားချက်ရှိသည်ဆိုတာမှာ အမှန်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ အချစ်ကို ကိုယ်စားပြုသော ပန်းနုရောင် အလင်းကို တွေ့ခဲ့ရသည်။ အချစ်နတ်ဘုရားတစ်ပါးအနေဖြင့် ဤအချက်တော့ သူမှားစရာမရှိချေ။

စဥ်းစားကြည့်ပြီးနောက် နေးလ်သည် ယီတာမိုအား မသိမသာ လှည့်ကြည့်သည်။

"ဘာဖြစ်လို့လဲ" ယီတာမိုကလည်း သူ့အား ကြောင်တောင်တောင် ပြန်ကြည့်သည်။

နေးလ်က ပခုံးလှမ်းပုတ်​ပေးကာ အဓိပ္ပါယ် ပါသော မိန့်ခွန်းခြွေသည်။ "ငါ့ညီ မင်း တစ်ခုခု လုပ်သင့်ပြီ ထင်ရင် လုပ်သာလုပ်ပစ်လိုက် ပန်းအလှလေး သူများ ခူးသွားမှ နောင်တမရနဲ့နော်"

"?" ယီတာမိုမျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ တသီတတန်း ပေါ်လာကြကုန်သည်။

______________________________________

Notes

*မန်ဒရေးမျောက် -

**မိန်းကလေး - တီမာ

***- ရှန့်ခယ် အစွမ်းနိမ့်နေသေးတာက မုလ မကောင်းမှု နတ်ဘုရား လုပ်စဥ်ဖြစ်တဲ့ သတ်ဖြတ်တာတွေ မလုပ်လို့ပါ ဒါကြောင့် နေးလ်ရဲ့စည်း မဖောက်နိုင် ဖြစ်နေခဲ့တာ ဒါပေမဲ့ မန်ဒရေးမျောက်တွေကို သတ်ဖြတ်ပြီးတော့ စွမ်းအင်တိုးပြီး မျက်နှာဖုံးပါ ပိုခက်ထန်လာပါတယ်

ဒါကတော့ သိမယ်ထင်ပေမယ့် မသိတဲ့ လူတွေ ရှိမှာစိုးလို့ပါ။ Emoticon လေးတွေက ရှန့်ခယ် မျက်နှာဖုံး သွင်ပြင်တွေပါ system ရဲ့ အမေးဇင်း ပက်ကေ့ချ်ရဲ့ အစွမ်းလေးတွေပါ ^ ^

_____________________________________

<Zawgyi>

"ဒီကို လာပါဦး စကားေလးဘာေလး ေျပာၾကရေအာင္" ဆံပင္အနီႏွင့္ လူက ရွန္႔ခယ္ကို လက္ယပ္ေခၚသည္။ သူ႔၏ မ်က္လုံးမ်ားက ျပဳံးေနသည့္အလား တြန္႔ေကြး၍ေနသည္။

သုံးေယာက္သား ရွိရာ အခန္းကား ဆံနီေရာင္ နတ္ဘုရား၏ စည္းအတြင္း လႊမ္းျခဳံထား၏။ ထို႔ေၾကာင့္ ရွန္႔ခယ္ မည္မၽွပင္ ထြက္သြားခ်င္ကာမူ လက္ရွိသူ၏ စြမ္းအားအေနအထားႏွင့္ ေဖာက္ထြင္းသြားလို႔ မရနိုင္ေပ။ တဖက္လူႏွစ္ေယာက္ ရွိရာေနရာဆီ ေလၽွာက္သြားကာ ထိုင္ခ်႐ုံပဲ တတ္နိုင္ေတာ့သည္။

"ခုနက ယီတာမိုရဲ့ လက္ကို ဆြဲၿပီး ဘာေတြ ရွာေနတာတုန္း ဧကႏၲ လက္ဖဝါးမွာ မွဲ႕ရွိမရွိ ရွာေနတာေတာ့ မဟုတ္ေလာက္ဘူးမလား" ဆံနီႏွင့္လူက ေနာက္ေတာက္ေတာက္ ေျပာသည္။

ရွန္ခယ္: (⊙口⊙) !

"အိုး ငါ မွန္းတာ မွန္သြားတာလား" ဆံနီႏွင့္လူက ရယ္ေနရင္းက လက္ေျမႇာက္ျပသည္ "ယီတာမိုမွာေတာ့ မရွိေပမယ့္ ငါ့မွာေတာ့ ရွိတယ္"

ဆံနီႏွင့္ လူ၏ လက္ဖဝါးတြင္ မွဲ႕တစ္ခုတည္း ရွိသည္ မဟုတ္။ လက္တစ္ဖက္စီတြင္ မွဲ႕တစ္လုံးစီေပါက္ေနကာ ဘယ္ဖက္မွ မွဲ႕သည္ အျပာေရာင္ ရွိၿပီး ညာဘက္တြင္ေတာ့ အနီေရာင္ျဖစ္သည္။

ရွန္႔ခယ္: (ˊДˋ)

"ဟားဟားဟား" ထိုလူသည္ ရွန္႔ခယ္၏ မ်က္ႏွာဖုံးကိုၾကည့္ကာ လက္ညိဳးထိုး၍ အူလွိုက္သည္းလွိုက္ ရယ္ျပန္သည္။

အေၾကာင္းရင္းကား သူ၏ သိကၡာလက္က်န္ေလးကို ဖ်က္စီးပစ္လိုက္ေသာ အက်င့္ပုပ္ ထရစ္စတားေခၚ မ်က္ႏွာအသြင္ေျပာင္း ပက္ေက့ခ်္၏ လက္ခ်က္ျဖစ္မည္ကို ရွန္႔ခယ္ မွန္ထဲသြားၾကည့္ၿပီး အေျဖရွာစရာေတာင္ မလိုေပ။ အျခားလူေတြ၏ မ်က္ႏွာဖုံးမ်ားသည္ ဖုံးကြယ္ေပးဖို႔ျဖစ္ေသာ္ျငား သူ၏ မ်က္ႏွာဖုံးကေတာ့ အကုန္ ေဖာ္ျပေပးဖို႔ျဖစ္ေန၏။ ဘယ္လိုလူက မေလွာင္ရယ္ဘဲ ေနနိုင္မည္တဲ့လဲ။

ေဘးတြင္ ထိုင္ေနေသာ ယီတာမိုက ေခ်ာင္းခပ္ဖြဖြ ဆိုးျပသည္။ "ဘယ္သူ႔ နတ္ဘုရားဆိုတာေတာ့ ငါ သိသလိုေတာ့ ရွိတယ္"

ရွန္႔ခယ္၏ မ်က္ႏွာဖုံးသည္ အမွန္တကယ္ပင္ မ်က္စိထဲ ထင္းခနဲ လင္းခနဲ ရွိလွသည္။ လ်စ္လ်ဴရႈဖို႔ႀကိဳးစားေတာင္ အာ႐ုံမစိုက္မိဖို႔ မလြယ္ေပ။

"ရႈမ်ိဳးစုရဲ့ နတ္ဘုရားက ဒီေလာက္ စိတ္ဝင္စားဖို႔ ေကာင္းမယ္လို႔ မထင္ထားမိဘူး" ပိုင္ရွင္ထံမွ စုံစမ္းၿပီးေနာက္ တည္းခိုသူမ်ားမွာ ရႈမ်ိဳးစုျဖစ္ေၾကာင္း ယီတာမိုတို႔ သိထားၾကၿပီးျဖစ္သည္။ ဆံနီႏွင့္လူက စကားမစခင္ အရယ္လြန္ထားေသာ မ်က္ရည္ေတြကို အရင္သုတ္သည္။ "မင္း နာမည္က ဘာလဲ ေျပာပါဦး"

ရွန္႔ခယ္ (ˋ︿ˊ) ၊ "မင္း နာမည္ကေရာ ဘာလဲ"

ဆံနီက ျပဳံးလ်က္ႏွင့္ပင္ ျပန္ေျဖသည္။ "ငါ့ နာမည္က ေနးလ္"

အခ်စ္နတ္ဘုရား ေနးလ္!? ဘာေၾကာင့္ သူက ယီတာမိုနဲ႔ အတူတူ ရွိေနတာလဲ။ ယီတာမိုနဲ႔ တီမာ ေနာက္ပိုင္း ေပါင္းဖက္သြားတာ သူနဲ႔ သက္ဆိုင္ေနတာလား။ System က ေပးသည့္ သတင္းအခ်က္အလက္အရဆိုလၽွင္ တီမာ ၿမိဳ႕ေတာ္ဆီ မေရာက္မခ်င္း မင္းသားႏွင့္ ေတြ႕နိုင္ဦးမွာ မဟုတ္ေသးေပ။ ၾကည့္ရတာ ​ျဖစ္စဥ္အကုန္ ရႈပ္ေထြးသြားပုံပင္။

သူသင္ေပးခဲ့ေသာ ပညာရပ္မ်ားသည္ ႏွစ္အေတာ္ၾကာေသာ္ ရႈမ်ိဳးစု၏ ဘဝအဆင့္အတန္း ျမင့္မားေစခဲ့ကာ ခ်မ္းသာေစေၾကာင္း ရွန္႔ခယ္ မသိခဲ့ေပ။ မူလ မေကာင္းမႈနတ္ဘုရားသည္ ရႈမ်ိဳးစုအား ေနထိုင္စရာ အတည္တက်သာ ရွိေစခဲ့တာျဖစ္ၿပီး မ်ိဳးစုမွာ ဆင္းရဲနိမ့္က်ဆဲျဖစ္ကာ ယီတာမိုက သတိမျပဳမိခဲ့ေပ။ သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့ မ်ိဳးစုသည္ ဆင္းရဲျခင္းမွ ႐ုန္းထြက္ကာ အဝတ္အစား၊ လက္ဝတ္ရတနာတို႔ေၾကာင့္ ေတာက္ပေနၾကရာ လူအုပ္မ်ားၾကား အေတာ္ပင္ ထင္းလင္းျမင္သာရွိေနေလသည္။

ထို႔ေၾကာင့္လည္း ယီတာမိုႏွင့္ ေစာေစာစီးစီး နီးစပ္မႈရွိသြားျခင္းျဖစ္သည္။

"ငါ့နာမည္က အူနို" ရွန္႔ခယ္ကလည္း သူ႔နာမည္ကို ျပန္ေျဖသည္။

"ဘာလို႔ သူမ်ားတကာ လက္ဖဝါးမွာ မွဲ႕ေတြ လိုက္ရွာေနတာလဲ ထူးျခားတဲ့ အဓိပၸါယ္တစ္ခုခုရွိလို႔လား" ေနးလ္၏ မက္မြန္ေရာင္မ်က္လုံးမ်ားသည္ ရွန္႔ခယ္ကို ျပဳံးျပေန၏။

"ဒီအတိုင္း ေပ်ာ္ဖို႔ေကာင္းတယ္ ထင္လို႔" <(╯︶╰)╭

ေနးလ္: တစ္ခ်က္ၾကည့္႐ုံနဲ႔ မင္းလိမ္ေနတာ အသိအသာႀကီးကို....

ယီတာမို: တစ္ခ်က္ ၾကည့္႐ုံနဲ႔ လိမ္ေနမွန္း သိလိုက္ၿပီ...

ရွန္႔ခယ္သည္ ေနးလ္ဆီမွ ရင္းႏွီးေသာ ခံစားမႈမ်ိဳး ရမေနေပ။ ထို႔ေၾကာင့္ လက္မွ မွဲ႕ရွိျခင္းကိုလည္း အာ႐ုံထဲ ထားမေနေတာ့။ တဖက္တြင္ ယီတာမိုထံမွ ရင္းႏွီးေသာ ခံစားမႈျဖစ္တည္ေသာ္လည္း ဤလူ၌ မွဲ႕ရွိမေနျပန္ေပ။

"ငါ သြားလို႔ရၿပီလား" ရွန္႔ခယ္သည္ သူ၏ မ်က္ႏွာဖုံးမွ အတည္ေပါက္အျဖစ္ဆုံး သြင္ျပင္ကို သုံး၍ ေနးလ္ကို စိုက္ၾကည့္ကာ စည္း႐ုပ္သိမ္းေပးဖို႔ အခ်က္ျပလိုက္သည္။

"ဟားဟား သြားပါခင္ဗ်" ေနးလ္က ျပဳံးလ်က္ လက္ယမ္းျပသည္။ "ေနာက္မွ ထပ္ကစားၾကတာေပါ့"

ရွန္႔ခယ္တစ္ေယာက္ ေနးလ္ စိတ္အားထက္သန္စြာ ဖိတ္ေခၚမႈ စိတ္ထဲမွ ပိတ္ျငင္းပစ္လိုက္​ေလသည္။

ေနာက္ေန႔တြင္ တီမာတို႔ လူစုအထုပ္မ်ားျပင္ၿပီးကာစပဲရွိေသးသည္။ ယီတာမိုႏွင့္ ေနးလ္က စကားလမ္းေၾကာင္းလာ၍ အစျပဳသည္။ အေသးစိတ္အနည္းငယ္ေျပာၾကၿပီးေနာက္ တီမာတို႔ အုပ္စုႏွင့္ အတူ လိုက္ပါလာၾကသည္။

ေယာက္်ားႏွစ္ဦး၏ မ်က္လုံးႏွစ္စုံသည္ တီမာ၏ ရင္ဘတ္နားရွိ သစ္သား႐ုပ္ထြင္းတစ္ခုေပၚတြင္ ၿပိဳင္တူ ရပ္တန္႔သြားသည္။

ထို႔ေနာက္ ရႈမ်ိဳးစုအဖြဲ႕သည္ ၿမိဳ႕မွထြက္ကာ ဘုရင့္ၿမိဳ႕ေတာ္ဆီ ခရီးဆက္ခဲ့ေတာ့သည္။

ရႈေခါင္းေဆာင္သည္ တီမာႏွင့္အတူ လူတစ္ဒါဇင္ေက်ာ္ကို ေစလႊတ္ခဲ့ျခင္းျဖစ္သည္။ ထိုလူမ်ားထဲတြင္ သက္ႀကီးရြယ္အို ႏွစ္ေယာက္မွလႊဲ၍ က်န္သူမ်ားမွာ လူလြတ္ အပ်ိဳ၊ လူပ်ိဳမ်ားျဖစ္ၾကသည္။ ေခ်ာေမာၿပီး ထက္ျမက္ၾကေသာ ယီတာမိုႏွင့္ေနးလ္အား ရႈပ်ိဳျဖဴမ်ားသည္ သေဘာက်ႏွစ္သက္၍ စိတ္ဝင္စားဟန္ ပုံစံမ်ိဳးစုံျပၾကသည္။

ယီတာမိုႏွင့္ ေနးလ္တို႔ႏွစ္ဦးမွာ မ်ိဳးစု၏ ပြင့္လင္းမႈကို အံ့ၾသၾကရသည္။

၎တို႔သည္ ခၽြန္ထက္ေသာ လက္နက္မ်ား ျပဳလုပ္နိုင္စြမ္းရွိသည္။ အစားအေသာက္အရသာမ်ားမွာ တမူထူးျခားသည္။ စစ္ခ်ီေတးသီခ်င္းမ်ား သီဆိုနိုင္ၾကကာ ျမက္ႏွင့္ ႀကိမ္ပင္မ်ားျဖင့္ ပုံသ႑ာန္မ်ိဳးစုံကို ယက္လုပ္နိုင္ၾကေသးသည္။ ဤ စြမ္းရည္မ်ားအားလုံးကို အူနိုမွ သင္ေပးထားသည္ဟုဆို၏။

ယီတာမိုႏွင့္ေနးလ္သည္ ႐ုပ္အလိုလိုေျပာင္း မ်က္ႏွာဖုံးတပ္ဆင္ထားေသာ ရွန္႔ခယ္ပုံကို ျမင္ေယာင္ၾကည့္ကာ ရႈမ်ိဳးစု ကိုးကြယ္ရာ နတ္ဘုရား အူနိုႏွင့္ သူတို႔ မေန႔က ေတြ႕ခဲ့ေသာ အူနိုကို မည္သို႔မၽွ ဆက္စပ္ၾကည့္၍ မရေပ။ နတ္ဘုရားမ်ား၏ ပါရမီမ်ားသည္ ႐ုပ္ထု၏ ကိုင္းရွိုင္းမႈႏွင့္ ကံေကာင္းမႈမ်ား အေပၚ မူတည္သည္။

ရွန္႔ခယ္၏ လက္ရွိအင္အားကိုၾကည့္ကာ ေနးလ္သည္ အူနိုအား ျဒပ္ထည္ေပၚတာ မၾကာေသးၿပီး ကိုးကြယ္သူနည္းပါးေနေသးေသာ မႏူးမနပ္ နတ္ဘုရားတစ္ပါးဟု ထင္ထားခဲ့သည္။

သို႔ေသာ္ ရွန္႔ခယ္၏ စြမ္းရည္မ်ားသည္ ကိုးကြယ္သူ မ်ားျပားၾကသည့္ အလယ္အဆင့္နတ္ဘုရားမ်ားထက္ေတာင္ ပိုသာလြန္ေနေသးပုံရသည္။

သို႔ေသာ္ ယီတာမိုႏွင့္ ေနးလ္သည္ ဤအေျခအေနအေပၚ နားလည္မႈလြဲသြားခဲ့သည္။ ႏွစ္ဦးသားသည္ ရွန္႔ခယ္အား ရိုးရွင္းေသာ စိုက္ပ်ိဳးေရး နတ္ဘုရားဟု ထင္ထားခဲ့ေသာ္ျငား အမွန္မွာ သူသည္ မေကာင္းမႈ လက္ကိုင္ တိုက္ပြဲနတ္ဘုရားအမ်ိဳးအစားျဖစ္သည္။ ရႈမ်ိဳးစုကို သင္ေပးခဲ့ေသာ ပညာရပ္မ်ားသည္ မေကာင္းမႈနတ္ဘုရားမွ မဟုတ္ဘဲ ရွန္႔ခယ္ဆီမွ လာျခင္းျဖစ္သည္။ အကယ္၍ နတ္ဘုရားအဆင့္ တက္လိုလၽွင္ မေကာင္းမႈနတ္ဘုရား အစြမ္းအာဏာတိုးလာရန္ သတ္ျဖတ္ျခင္းမ်ား အဆက္မျပတ္ ျပဳလုပ္ရမွာျဖစ္သည္။

ထိုအစြမ္းကား သုံးရက္အၾကာ၌ လူအမ်ားၾကားတြင္ မေတာ္တဆ ေပၚထြက္လာခဲ့ေလသည္။

"အထုပ္ေတြ သတိထားၾက" ကင္းေထာက္ေနသူ တစ္ေယာက္မွ ခပ္က်ယ္က်ယ္ေအာ္ကာ လွမ္းသတိေပးသည္။

အသံထြက္ေပၚၿပီး မၾကာမီပင္ မန္ဒေရးေမ်ာက္* ပုံစံရွိေသာ ေတာရိုင္းတိရစၧာန္ တစ္ဒါဇင္ခန္႔သည္ ေအာ္ဟစ္ကာ ခ်ဳံပင္မ်ားၾကားမွ ရႈမ်ိဳးစုဆီ ခုန္ဆင္းခ်လာၾကသည္။

အဖြဲ႕သည္ မိန္းကေလး**ကို ဝန္းရံကာ ကာကြယ္ရန္ အသင့္အေနအထား ရွိၾကသည္။

မန္ဒေရးေမ်ာက္မ်ားသည္ အလြန္လ်င္ျမန္႐ုံသာမက ခႏၶာကိုယ္ကလည္း ဖ်တ္လတ္ေသးသည္။ တစ္ေကာင္ေလာက္ႏွင့္ မ်က္ျမင္ၾကဳံရျခင္းသည္ပင္ လူမ်ားစြာကို ထိခိုက္ဒဏ္ရာ ရေစနိုင္သည္။

ယီတာမိုသည္ ရႈမ်ိဳးႏွင့္ ေလး ငါးဆယ္ မီတာခန္႔တြင္ ရွိကာ မန္ဒေရးေမ်ာက္မ်ားကို ေအးေအးလူလူပင္ တိုက္ခိုက္၍ေနသည္။ ပုံစံအရေတာ့ ကူညီတိုက္ခိုက္ေပးလိုဟန္ မရွိေခ်။

ေနးလ္သည္ သစ္ပင္ပင္စည္ တစ္ခုကို မွီကာ တိုက္ပြဲကို ၾကည့္ေနေသာ္လည္း မန္ဒေရးေမ်ာက္မ်ားသည္ သူ႔ေဘးမွ ေက်ာ္ျဖတ္ကာ မျမင္သလိုပင္ ေနၾကသည္။

ရႈမ်ိဳးစု၏ တိုက္ခိုက္ေရးစြမ္းရည္သည္ ေယဘူယ်ေတာ့ သိပ္မျမင့္ၾကေပ။ အားသုံးတိုက္ခိုက္ၿပီး သြက္လက္ေသာ သားရဲေကာင္မ်ားႏွင့္ တိုက္ခိုက္ရာတြင္ ၎တို႔မွာ အႏွိပ္စက္ခံၾကရဖို႔သာ ရွိသည္။ ရွန္႔ခယ္သည္ ကိုယ္ခံပညာသင္ေပးဖို႔ ႀကိဳးစားခဲ့ေသာ္လည္း ရႈမ်ိဳးစုမွာ ဤ အပိုင္းတြင္ ပါရမီမပါခဲ့ေပ။ လႈပ္ရွားပုံမ်ားကို မွတ္မိၾကေသာ္လည္း ၎တို႔ကား တိုက္ပြဲေရာက္လၽွင္ လက္နက္ခ် ေျပးၾကမည့္ လူစားမ်ိဳး ျဖစ္ၾကသည္။

ဤသို႔ ေလ့က်င့္မရနိုင္ေသာ ကိုးကြယ္သူမ်ားႏွင့္ မေကာင္းမႈနတ္ဘုရားျဖစ္သူ ရွန္႔ခယ္ကား အခက္ေတြ႕ရေလသည္။

သို႔ေသာ္ျငား မေကာင္းမႈနတ္ဘုရားသည္ တိုက္ပြဲနတ္ဘုရားတစ္ပါး ျဖစ္သည္။ တိုက္ခိုက္မႈေရးရာတြင္ သူ၏ ပါရမီအထုံကား တိုးခ်ဲ႕ေပးနိုင္စြမ္းပါရွိ၏။ ယုန္တစ္ေကာင္ကိုေတာင္ လက္ေဝွ႕ခ်န္ပီယံ လုပ္ေပးနိုင္ေသာ အင္အားရွိသူလည္း ျဖစ္သည္။

ရွန္႔ခယ္သည္ သစ္သားထြင္း႐ုပ္ဆီမွ ပူးကပ္မႈကို ခြာကာ မေကာင္းမႈနတ္ဘုရား စြမ္းအင္ကို အသုံးခ်၍ သူ၏ ကိုးကြယ္သူမ်ားထံ အ႐ူးအမူး သတ္ျဖတ္လိုစိတ္ကို ထည့္သြင္းေပးလိုက္သည္။

အနီေရာင္ အလင္းတန္းတစ္ခုႏွင့္အတူ နဂိုၾကည္လင္ေနၾကေသာ မ်က္လုံးမ်ားမွာ ေသြးဆာေလာင္မႈမ်ားႏွင့္ ျပည့္လာၾကသည္။ မ်က္ႏွာဖုံးမ်ားေအာက္ရွိ မ်က္ႏွာသြင္ျပင္တို႔သည္ အလြန္အမင္း ရက္စက္ပုံေပၚကာ မူလ ကျပက္ကေခ်ာ္ လႈပ္ရွားမႈမ်ားသည္ လၽွပ္စီးအလား လ်င္ျမန္လာၾကေတာ့သည္။ ဓားမ်ားသည္ ျမင့္တက္လ်က္ ျပန္က်လာလ်က္ရွိေနကာ ေခါင္းႏွင့္ ခႏၶာကိုယ္တို႔အထက္ ေသြးမ်ားဖုံးလႊမ္း၍ မေကာင္းဆိုးဝါးမ်ား ဝင္ပူးခံထားရသည့္အလား ရွိေနၾကသည္။

ဤျမင္ကြင္းကို ျမင္ၿပီးေနာက္ ယီတာမို၏ မ်က္ဝန္းထဲတြင္ အံ့အားသင့္မႈတခ်ိဳ႕ ျဖတ္ေျပးသြားသည္။ မ်က္စိေရွ႕မွာပင္ ရႈမ်ိဳးစုဝင္မ်ားသည္ အရက္မူးသမားမ်ားႏွယ္ ကို႔ရို႔ကားယားျဖစ္ေနၾကရာမွ ျဖတ္ခနဲ ရဲတင္းကုန္ၾကသည္။ ပုံဟန္ပန္ႏွင့္ အလ်င္တို႔ကလည္း သိသိသာသာႀကီး တိုးတက္သြားၾကသည္။ ဒါတင္သာမက တိုက္ခိုက္စြမ္းရည္သည္ ႐ုတ္တရက္ ၾကမ္းတမ္းလာသလို ဓားသြားမ်ားက ရွင္က်န္ရစ္သူ မခ်န္ထားခဲ့ေပ။ ယီတာမို၏ တိုက္ခိုက္ပုံသည္ သြက္လက္ျမန္ဆန္ေသာ္လည္း ရႈမ်ိဳးစုႏွင့္ ႏွိုင္းယွဥ္က မဆိုးဘူးဟု ေျပာလို႔ရေလာက္႐ုံသာ ရွိနိုင္ေပမည္။

ဒီမ်ိဳးစုက နတ္ဘုရား တစ္ပါးမက ကိုးကြယ္ၾကတာလား။

လူသားတို႔သည္ နတ္ဘုရား တစ္ပါးထက္ ပိုကိုးကြယ္နိုင္ၾကေသာ္ျငား ထိုျဖစ္စဥ္သည္ ၎တို႔အား ေကာင္းခ်ီး သိပ္မသက္ေရာက္ေစနိုင္ေပ။ ဘယ္နတ္ဘုရားမွ သစၥာမရွိေသာ ကိုးကြယ္သူမ်ားကို မလိုခ်င္ၾကေပ။ အခ်ိဳ႕ စိတ္မရွည္ေသာ နတ္ဘုရားမ်ားဆိုလၽွင္ ေကာင္းခ်ီးေတာင္ မေပးၾကေတာ့ေပ။

ရႈမ်ိဳးစု၏ စြမ္းရည္ႂကြယ္ဝမႈကို ၾကည့္ျခင္းအားျဖင့္ ေနာက္နတ္ဘုရားတစ္ပါးကို ကိုးကြယ္ၾကသည္မွာ မျဖစ္နိုင္ေပ။

ဒီလိုဆို ဒီ ကိုယ္လုံပညာေတြကေရာ အူနိုဆီကပဲ လာတာလား!?

ဤ ေကာက္ခ်က္ကား ယီတာမိုအတြက္ ယုံၾကည္ရန္ ခက္ခဲလွသည္။

အခ်စ္နတ္ဘုရား ေနးလ္သည္လည္း မယုံနိုင္ေပ။ သူသည္ အဆင့္ျမင့္ နတ္ဘုရားတစ္ပါးျဖစ္ကာ နတ္စြမ္းအင္ အနိမ့္အ​ျမင့္ အတက္အက်ကို ခံစားနိုင္စြမ္း ရွိသူျဖစ္သည္။ ယခု ရွန္႔ခယ္မွ ကိုးကြယ္သူမ်ားဆီ ေပးလိုက္ေသာ စြမ္းအင္သည္ အလင္းစြမ္းအင္ကဲ့သို႔ ျဖဴစင္မေနပဲ စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္ ခံစားခ်က္မ်ား၊ ေသြးညႇီနံ့မ်ားႏွင့္ ထုံမႊမ္းေနခဲ့သည္။

ေနးလ္သည္ မ်က္ေမွာင္ၾကဳတ္ကာ ေလထဲတြင္ ေမ်ာလြင့္ေနေသာ နတ္ဘုရားအား အေတြးနက္နဲေနပုံျဖင့္ စိုက္ၾကည့္၍ ေနခဲ့သည္။

ဆယ့္ငါးမိနစ္ခန္႔ၾကာေသာအခါ တိုက္ပြဲမွာ အဆုံးသတ္သြားသည္။ ရွန္႔ခယ္လည္း သတ္ျဖတ္လိုစိတ္မ်ား ျပန္သိမ္းယူကာ ေလထဲတြင္ အုပ္မိုးလ်က္ မ်က္လုံးမွိတ္ၿပီး သူ၏ မေကာင္းမႈနတ္စြမ္းအင္မ်ားကို ျပန္ေပါင္းစုသည္။ စြမ္းအင္မ်ား ေပါင္းစပ္သြားျဖင္းႏွင့္အတူ မ်က္ႏွာဖုံးမွ အသြင္အျပင္သည္ ပို၍ ရက္စက္ၾကမ္းၾကဳတ္လာဟန္ရွိသည္။***

ရႈမ်ိဳးစုသည္ သတိျပန္လည္လာေသာ အခါ ေျမျပင္ေပၚမွ မန္ဒေရးေမ်ာက္အေလာင္းမ်ားပို ၾကည့္ကာ ေတြေတြႀကီး ျဖစ္ေနၾကသည္။

"အဆင္ေျပၾကလား" ယီတာမိုႏွင့္ ေနးလ္သည္ ေရွဆင့္ေနာက္ဆင့္ ေရာက္လာကာ အေျခအေန ေမးျမန္းၾကသည္။

"ေျပပါတယ္" ရႈမ်ိဳးစုမွ သက္ႀကီးပိုင္းတစ္ဦးက ေရရြတ္သလို ျပန္ေျဖသည္။

"ခုနက မင္းတို႔ရဲ့ အင္အားေတြက နတ္ဘုရား အူနို ေပးတာလား" ယီတာမိုသည္ ပြင့္ပြင့္လင္းလင္းပင္ ေမးသည္။ ရႈမ်ိဳးစုႏွင့္ ရက္အတန္ၾကာ ခရီးအတူသြားၿပီးေနာက္ ၎တို႔၏ ရိုးသားမႈကို သိရာ လွည့္ပတ္ေျပာမေနေပ။

"ဟုတ္တယ္" ခုနက လူႀကီးပိုင္း ရႈမ်ိဳးစုဝင္ကပင္ ေျဖသည္။

ယီတာမိုက မေသခ်ာဟန္ျဖင့္ ေမးသည္။ "ဒါေပမယ့္ အူနိုက ဖန္ဆင္းမႈ နတ္ဘုရား မဟုတ္ဘူးလား"

"မဟုတ္ပါဘူး" တီမာက ေျဖသည္ "အရွင္အူနိုက တိုက္ပြဲနတ္ဘုရား"

ယီတာမို: သူက တကယ္ႀကီး တိုက္ပြဲနတ္ဘုရားလား။ ဒီလို အသက္ေမြးပညာပါ တတ္တဲ့ တိုက္ပြဲနတ္ဘုရား ရွိတယ္တဲ့လား။

ေနးလ္: သူတို႔ကေတာ့ အေသအခ်ာႀကီး ေျပာေနေပမယ့္ ငါေတာ့ မယုံဘူးပဲ။

ေလထဲတြင္ေတာ့ စြမ္းအင္ေပါင္းစပ္မႈ ၿပီးေျမာက္သြားေသာ ရွန္႔ခယ္သည္ နန္းဆန္ဆန္ပင္ ေျမျပင္ေပၚ ဆင္းသက္လာသည္။ မေကာင္းဆိုးဝါးတစ္ေကာင္အလား ျပဳံးေနေသာ မ်က္ႏွာဖုံးႏွင့္ အၾကင္သူသည္ ေက်ာက္ေတာင္ေပၚ အခ်ိန္အေတာ္ၾကာ မတ္တပ္ရပ္ေနခဲ့သည္။ လက္ထဲတြင္ တူကိုင္ကာ အေဝးသို႔ လွမ္းေမၽွာ္ၾကည့္လ်က္ႏွင့္ ခါးေပၚမွ သားေရပတ္ကား ေလထဲလြင့္၍ ရွိေနပုံသည္ ဆြဲေဆာင္မႈ တစ္မ်ိဳးရွိေနခဲ့သည္။

ရွန္႔ခယ္၏ ဤပုံပန္းသြင္ျပင္ကို ျမင္ၿပီးေနာက္ ေနးလ္၏ ရင္အတြင္းမွ သံသယသည္ ေကာက္ရိုးမီးအလား ဖုတ္ခနဲ ၿငိမ္းသက္ျခင္းက်ေရာက္ကုန္ၾကသည္။

ကိုယ္ေရာစိတ္ပါ ပင္ပန္းသြားၾကေသာ ရႈမ်ိဳးႏြယ္မ်ားသည္ ထိုညက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့ၾကသည္။

ရွန္႔ခယ္သည္ သူ၏ နတ္စြမ္းအင္ အသစ္စက္စက္ကို ေလ့လာရန္ စိတ္လႈပ္ရွားေနရာ သစ္ထြင္း႐ုပ္ဆီ ျပန္မသြားျဖစ္ေပ။ မီးပုံေဘးထိုင္ကာ လက္တြင္ တူကိုင္လ်က္ အေတြးမ်ား ခရီးႏွင္ေနမိသည္။

ထိုအခ်ိန္တြင္ သူ၏ ဝဲႏွင့္ယာတစ္ဖက္တစ္ခ်က္စီတြင္ လူႏွစ္ေယာက္ ထိုင္ခ်လိုက္ၿပီးေနာက္ ရွန္႔ခယ္ ဝိဥာည္မွာ ဆႏၵမပါပဲ အလိုအေလ်ာက္ ႐ုပ္လုံးေပၚလာျပန္ေတာ့သည္။

ရွန္႔ခယ္ လွည့္ၾကည့္စရာေတာင္မလိုဘဲ ဘယ္သူေတြလဲသိေနရာ မီးေတာက္မ်ားအား စိုက္ၾကည့္လ်က္သားပင္ လႈပ္မေနေတာ့ေပ။

"အူနို မင္းဒီေန႔ အရမ္း အထင္ႀကီးစရာ ေကာင္းတာပဲ" ေနးလ္က သူ႔စကားသူ အတည္ျပဳခ်င္သည့္အလား လက္မေထာင္ျပသည္။

ရွန္႔ခယ္မွာ ေနးလ္စကားကို စိတ္မဝင္စားသည့္အေလ်ာက္ မ်က္ႏွာဖုံးမွာလည္း ရက္စက္ၾကမ္းၾကဳတ္ဟန္အတိုင္း ရွိေနေလသည္။

"ငါ မင္းကို လ်ိဳ႕ဝွက္ခ်က္တစ္ခု ေျပာျပမယ္" ေနးလ္သည္ သူ႔နားနား ကပ္လာကာ ခပ္တိုးတိုးေျပာသည္။ "ငါ သတိထားမိသေလာက္ တီမာဆိုတဲ့ ေကာင္မေလးက မင္းကို ေႂကြေနသလိုပဲ"

ဘယ္လို? ရွန္႔ခယ္က ေခါင္းကို ဇတ္ ခနဲ ခါေနေအာင္ လွည့္ၾကည့္သည္: (⊙Д⊙)!

"ဖူး.." ေနးလ္က ခါးကိုင္းခ်ကာ ရယ္ေတာ့သည္။

ရွန္႔ခယ္: (—_—+)

ေနးလ္တစ္ေယာက္ ရယ္ၿပီး အလုပ္ေတြ ရႈပ္ေနစဥ္ ရွန္႔ခယ္က ျမန္ျမန္ပင္ ကိုယ္ျပန္ေဖ်ာက္ၿပီး ႏွစ္ေယာပ္ေဘးမွ ေျပးေတာ့သည္။

ေနးလ္မွာ အရယ္ရပ္သြားၿပီး အံ့အားသင့္သြားပုံရသည္။ သူတို႔အနားတြင္ စည္းခ်ထားခဲ့ၿပီးျဖစ္သည္။ သူ႔အစြမ္း သုံးဆယ္ရာခိုင္ႏႈန္းေလာက္ႏွင့္ အူနိုကို ပိတ္ေလွာင္ထားဖို႔ လုံေလာက္သည္ဟု ထင္ထားခဲ့ေသာ္လည္း ဤနတ္ဘုရားေလးသည္ လြယ္လြယ္ႏွင့္ လြတ္ေျမာက္သြားခဲ့သည္။ ရက္အနည္းငယ္နဲ႔ စြမ္းအင္ ဒီေလာက္တိုးတက္လာတယ္တဲ့လား? ဒီေန႔ တိုက္ပြဲေၾကာင့္ပဲလား?

"ေနးလ္ အူနိုက ဘယ္လို တိုက္ပြဲစြမ္းရည္မ်ိဳး ကိုင္ေဆာင္ထားတယ္ ထင္လဲ"

"ငါလည္း သိပ္ေတာ့မေသခ်ာဘူး" ေနးလ္က ေခါင္းခါျပသည္။ အူနိုထံမွ မေကာင္းမႈတရားတစ္ခုကို ခံစားမိေသာ္လည္း အနားေရာက္တိုင္း အႏၲရယ္ ရွိသည္လို႔ေတာ့ မခံစားရေပ။ အကယ္၍ သူမွားေနခဲ့သည္ ဆိုပါလၽွင္ အူနိုသည္ ဖုံးကြယ္မႈေကာင္းလွေသာ နတ္ဘုရားတစ္ပါး ျဖစ္ရေပမည္။

သို႔ေသာ္ 'တီမာ' ဆိုေသာ မိန္းကေလးသည္ သူမနတ္ဘုရားအတြက္ ခံစားခ်က္ရွိသည္ဆိုတာမွာ အမွန္ျဖစ္သည္။ သူမ၏ ခႏၶာကိုယ္မွ အခ်စ္ကို ကိုယ္စားျပဳေသာ ပန္းႏုေရာင္ အလင္းကို ေတြ႕ခဲ့ရသည္။ အခ်စ္နတ္ဘုရားတစ္ပါးအေနျဖင့္ ဤအခ်က္ေတာ့ သူမွားစရာမရွိေခ်။

စဥ္းစားၾကည့္ၿပီးေနာက္ ေနးလ္သည္ ယီတာမိုအား မသိမသာ လွည့္ၾကည့္သည္။

"ဘာျဖစ္လို႔လဲ" ယီတာမိုကလည္း သူ႔အား ေၾကာင္ေတာင္ေတာင္ ျပန္ၾကည့္သည္။

ေနးလ္က ပခုံးလွမ္းပုတ္​ေပးကာ အဓိပၸါယ္ ပါေသာ မိန္႔ခြန္းေႁခြသည္။ "ငါ့ညီ မင္း တစ္ခုခု လုပ္သင့္ၿပီ ထင္ရင္ လုပ္သာလုပ္ပစ္လိုက္ ပန္းအလွေလး သူမ်ား ခူးသြားမွ ေနာင္တမရနဲ႔ေနာ္"

"?" ယီတာမိုမ်က္ႏွာတြင္ ဇေဝဇဝါျဖစ္မႈမ်ား တသီတတန္း ေပၚလာၾကကုန္သည္။

______________________________________

Notes

*မန္ဒေရးေမ်ာက္ -

**မိန္းကေလး - တီမာ

***- ရွန္႔ခယ္ အစြမ္းနိမ့္ေနေသးတာက မုလ မေကာင္းမႈ နတ္ဘုရား လုပ္စဥ္ျဖစ္တဲ့ သတ္ျဖတ္တာေတြ မလုပ္လို႔ပါ ဒါေၾကာင့္ ေနးလ္ရဲ့စည္း မေဖာက္နိုင္ ျဖစ္ေနခဲ့တာ ဒါေပမဲ့ မန္ဒေရးေမ်ာက္ေတြကို သတ္ျဖတ္ၿပီးေတာ့ စြမ္းအင္တိုးၿပီး မ်က္ႏွာဖုံးပါ ပိုခက္ထန္လာပါတယ္

ဒါကေတာ့ သိမယ္ထင္ေပမယ့္ မသိတဲ့ လူေတြ ရွိမွာစိုးလို႔ပါ။ Emoticon ေလးေတြက ရွန္႔ခယ္ မ်က္ႏွာဖုံး သြင္ျပင္ေတြပါ system ရဲ့ အေမးဇင္း ပက္ေက့ခ်္ရဲ့ အစြမ္းေလးေတြပါ ^ ^

واصل القراءة

ستعجبك أيضاً

7.7K 652 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
279K 40.1K 49
Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapters- 55 + 3 extras [Translated from Engl...
MY Crush Is My Step-Father بواسطة V V Kit

الخيال (فانتازيا)

798K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....