Unicode
တောင်ကုန်းလေးပေါ်က ပျံ့လွင့်လာတဲ့ ဓမ္မတေး သီချင်းသံကြောင့် Jungkookတစ်ယောက်အိပ်ရာက နိုးထလာခဲ့သည်။
ဒီနေ့နဲ့ဆို ဒီနေရာလေးကို ရောက်လာခဲ့တာ
ရက်သတ္တပတ် တစ်ခုထိရှိလာခဲ့ပြီ။ အရင်ရက်တွေကလိုပဲ ဘေးနားမှာ ရှိမနေတော့တဲ့မိခင် ဖြစ်သူကို အောက်မေ့သတိရတဲ့စိတ်နဲ့နိုးနိုးချင်း မှာပင် မျက်ရည်စက်တို့က နားထင်တစ်လျှောက် စီးဆင်းသွားတော့သည်။
"Jungkookလေး နိုးလာပြီလား... မနက်စာ
စားရအောင် ထွက်လာခဲ့နော်"
"ဟုတ်ကဲ့"
အခန်းဝကနေ အသံလှမ်းပေးတဲ့ ဆရာမကြီး ၏ အသံချိုချိုကြောင့် အတတ်နိုင်ဆုံး ငိုသံမပါအောင် ထိန်းချုပ်ပြီးဆရာမကြီး၏ ပြောစကား ကို အဖြေပြန်ပေးမိသည်။
ပြီးနောက် မျက်ရည်စတို့ကို လက်ခုံနဲ့ပွတ်သုတ်
ပစ်ကာ အိပ်ရာမှထလိုက်သည်။ ညတုန်းကလဲ
မေမေ့ကိုလွမ်းတဲ့စိတ်နဲ့ တော်တော်လေးမိုးချုပ်တဲ့အထိ အိပ်မပျော်ခဲ့တာမို့ ဒီမနက် အိပ်ရာထ
နောက်ကျကာ Jungkookနိုးလာတဲ့အချိန်မှာ ဘေးဘက်က တခြားကလေးတွေတောင်
အခန်းထဲမှာမရှိကြတော့ပေ။
အိပ်ရာသိမ်း၊ ကိုယ်လက်သန့်စင်ပြီးနောက်
တစ်ဖက်အခန်းကျယ်ဆီသို့ ကူးသွားလိုက်သည်။
တစ်ဖက်အခန်းမှာတော့ လသားအရွယ်ကလေး တို့ရဲ့အော်ဟစ်ငိုယိုသံတို့ဖြင့် မနက်ခင်းတစ်ခုက အတော်လေးပြီးပြည့်စုံနေပြီ...။
ပြောရမယ်ဆို Jungkookက လူသစ်ဖြစ်နေသေး
တာမို့ အခုလိုအိပ်ရာထနောက်ကျခြင်းကို
ဆရာမကြီးက ခွင့်လွှတ်ပေးနေတာဆိုပေမဲ့
နောက်ရက်တွေတော့ အတတ်နိုင်ဆုံး မနက်စောစောထနိုင်ဖို့ကို ကြိုးစားရမည်။
အချိန်ရှိသလောက် ထိုင်ငိုချင်နေပေမဲ့လဲ
မသိစိတ်ရဲ့ နှိုးဆော်မှုတစ်ခုကြောင့် အဲ့လိုမျိုး
နေနေလို့မရမှန်းကိုလဲ Jungkook သိသည်။
ထို့အတွက်ကြောင့် ဒီမှာရှိတဲ့အခြားကလေးများ
နည်းတူ Jungkook တို့အတွက် သတ်မှတ်ထားပေးတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာနေထိုင်
ရတော့မည်။
မနက်မိုးလင်းတာနဲ့ အစ်ကို အစ်မတွေနဲ့အတူတူ လသားကလေး ငယ်တွေအတွက် နို့ဘူးဖျော်ပေးဖို့ ၊ ကလေးပိစိလေးတွေ သန့်ရှင်းရေးလုပ်ပေးဖို့
ကို Jungkookတို့အရွယ်တွေက ဝိုင်းကူပေးရ လေသည်။
Jungkook က ဒီကိုရောက်တာ သိပ်မကြာသေး တာမို့ထင်ပါရဲ့။ဒီက အစ်ကို အစ်မတွေက Jungkook ကို ပင်ပန်းတာတွေတော့ ကူမလုပ်ခိုင်းသေးဘူး။
"အသစ်လေး ကုကီရေ ။ဒီကိုလာဦး"
"ဟုတ်"
Jungkook ထက်သိပ်မကြီးတဲ့ အစ်ကိုတစ် ယောက်က လှမ်းခေါ်တာမို့ Jungkookက
ထိုတစ်ယောက်နား တိုးကပ်သွားလိုက်သည်။
"နို့ဘူးဖျော်တတ်တယ်မဟုတ်လား ကောင်လေး"
"ဟုတ်"
"အနှီးရော လဲပေးတတ်ပြီလား"
"အနှီးက ..."
ဖြေရခက်နေသည့် Jungkookကို ထိုကောင်လေးကနားလည်စွာဖြင့်
"ဒါဆိုနို့ဘူးပဲဖျော်ပေးတော့။ ဟိုနားမှာရေနွေးရှိတယ်။အပူမလောင်စေနဲ့နော်"
"ဟုတ်ကဲ့"
အနှီးတော့မလဲပေးချင်တာမို့ နို့ဘူးဖျော်ဖို့ကို ရေနွေးရှိရာဆီခပ်မြန်မြန်သွားယူလိုက်သည်။ ကလေးသေးသေးလေးတွေကသိတဲ့အတိုင်းပဲလေ။ တစ်ညလုံး ကောင်းကောင်းပါထားမှာ။
အနှီးတော့ မလဲချင်ပေါင်။
ရေနွေးနွေးလေးနှင့် နို့မှုန့်ဘူးထဲက ဇွန်းခွက်လေးအတိုင်းနို့မှုန့်ကို နို့ဘူးလေးတွေထဲထည့်ကာဖျော်လိုက်သည်။ ပြီးနောက် လက်ဖမိုးလေးပေါ်သို့ အနည်းငယ်ချကြည့်ကာအပူချိန်အနေအထား
ကို စမ်းသပ်ကြည့်လိုက်သည်။
အရမ်းကြီးမပူတော့မှ အခုနက အစ်ကိုဆီသို့ နို့ဘူးလေးတွေ ယူသွားပေးလိုက်သည်။ တခစ်ခစ်ရယ်မောနေသည့်ကလေးသေးသေးလေးကို အနှီးအသစ်နှင့်လဲလှယ်ပေးနေသည့် အစ်ကိုက Jungkook ဘက်ကိုလှည့်ကြည့်ကာ
"ကျေးဇူးပဲနော်" ဟုခပ်တိုးတိုးပြောလာသည်။
ထိုစဉ် Jungkook ရင်ဘတ်ပေါ်သို့ တစ်စုံတစ်ခု ထိတွေ့လာသလို ခံစားရလို့ ငုံ့ကြည့်မိတော့
"ကိုကိုက နေမကောင်းဖြစ်နေတာယား"
၃နှစ် ၄နှစ်အရွယ် ကလေးလေးက မပီကလာ ပီကလာဖြင့်Jungkook ရဲ့ ရင်ဘတ်ပေါ်ကို ကစား
စရာ နားကြပ်လေးဖြင့် ဖိကြည့်ရင်း ဆိုလာသည်မို့
"နေကောင်းပါတယ်"
Jungkook က ထိုကလေးလေးကို အဖြေပြန်ပေးလိုက်တော့ဘေးနားက အစ်ကိုက ရယ်မောရင်းနှင့် ပြောပြသည်။
"သူက ဒီမှာပဲမွေးတာလေ..ဒီမှာမွေးတဲ့ တစ်ဦး
တည်းသော ကလေးပေါ့"
ကျန်တဲ့ကလေးတွေက မွေးပြီးမှ အကြောင်း အမျိုးမျိုးကြောင့်ဒီကိုရောက်လာကြပေမဲ့ ဒီကလေးလေးကတော့ မိခင်ကိုယ်တိုင်က ဒီမှာ
နေသွားရင်းနှင့် ကလေးမွေးပြီးတော့ ကွယ်လွန်
သွားခဲ့သည်ဟု တစ်ရက်တုန်းက ဆရာမကြီးက
Jungkookကို ပြောပြခဲ့ဖူးသည်။
"သူ့နာမည်က အာပေတူးတဲ့"
"ဘာ အာပေတူးလဲ ..အတဲလေး (အသည်းလေး)ပါဆို"
"အာပေတူး ..အာပေတူး"
ဟိုအစ်ကိုက စ လေ ... သူလေးကစိတ်ဆိုးလေ
"အတဲလေးပါဆို... ဟွန့် ကိုကို Tae Woo
ကို မေမေကြီးနဲ့တိုင်ကြောမယ်"
"တိုင်ပေါ့.."
ထိုကလေးက Tae Wooဆိုသည့်အစ်ကိုကို
စကားဆက်မပြောချင်သည့်ပုံစံနဲ့ မျက်စောင်း
ထိုးပြီးနောက် Jungkookကို မော့ကြည့်လာ သည်။
"ကိုကို"
"ဟင်"
"တားတားကို အတဲလေးလို့ခေါ်နော်..
တားတားနာမည်က အတဲလေး"
"အင်းပါ"
"ကိုကို့နာမည်ကရော ?"
"ကိုကိုက Jungkook"
"Nae...နေမကောင်းရင် ဒီဆေးလေး
တောက်လိုက်"
ထိုသို့ဆိုကာ Jungkookလက်ထဲသို့ ချိုချဉ်နှစ်
လုံးထည့်ပေးပြီးနောက် နားကြပ်တစ်ခုနှင့်
ဘေးနားကအစ်မတွေဆီသို့ သွား၍ ဆက်လက်
စမ်းသပ်နေတော့သည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ဒီနေရာက ကြောက်စရာကောင်းတဲ့ အရပ်ဒေသ
မဟုတ်စေကာမူ အမှန်အတိုင်းပြောရရင်ဒီနေရာ
ကို Jungkook သဘောမကျဘူး။ တစ်ခုခုကို သိမ်ငယ်နေရသလို ခံစားချက်ကြီးကိုလဲသဘောမကျလှဘူးပေါ့။
"ဒီမှာခဏစောင့်နေနော် ၊ မေမေပြန်လာခေါ်မယ်"ဟုဆိုကာခဏလေး ထားသွားခဲ့တဲ့မေမေက ဘာလို့ရက်သတ္တပတ်ကြာတဲ့အထိ လာမခေါ်နိုင်သေးတာလဲ?...
Jungkookက ကလေးလေးအရွယ်ပဲရှိသေးတာမို့ ဘာကိုမှရေရေလည်လည် သိမြင်ခံစားနိုင်သေးတာမဟုတ်ပေမဲ့လဲ မေမေမရှိတဲ့ သူစိမ်း တစ်ရံစာ အရပ်မှာနေနေရတာက မေမေပြောပြဖူးတဲ့ ကြောက်မက်ဖွယ်ရာ ပုံပြင်တွေထက်ကို ထိတ်လန့်စရာဖြစ်သလို ခံစားနေရတုန်းပင်။
မေမေက Jungkook ကို ခဏထားရစ်ခဲ့တဲ့ ဒီနေရာ လေးက"မေတ္တာရိပ်မြုံ"လို့ခေါ်တယ်တဲ့။ မိဘမဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးနေတဲ့ ဂေဟာပေါ့။ မိဘမဲ့ဂေဟာ ရောက်နေသည့်တိုင်
Jungkookကတော့ သူ့ကိုယ်သူမိဘမဲ့တစ်ယောက်လို့ မခံယူထားမိသေးတာအမှန်ပါ။
ဂေဟာနံဘေးက တောင်ကုန်းမြင့်လေးပေါ်မှာ မြို့ရဲ့ဘုရားကျောင်းလေးရှိပြီးတော့တစ်ဖက် ခြမ်းမှာတော့ ဂေဟာရဲ့ စိုက်ပျိုးရေးခြံအသေး
လေးရှိတယ်။ ဂေဟာလေးက လူနေရပ်ကွက်နဲ့
ခပ်လှမ်းလှမ်းမှာ တည်ရှိတာမို့ ဘုရားကျောင်း
ဘက်က ဓမ္မတေးသံရယ် ၊ဂေဟာထဲက ကလေး
ငယ်တွေရဲ့ အသံသေးသေးတွေရယ်ကလွဲပြီး
တော်တော်လေး တိတ်ဆိတ်တဲ့ နေရာတစ်ခုပါပဲ။
ဒီမှာ Jungkook မြင်မိသလောက်တော့ Jungkook တို့လိုအရွယ် ၆နှစ် ၇နှစ် ကလေးငယ်တွေရယ် မွေးကင်းစ လသားအရွယ်တွေ ရယ် ၊နောက်ထပ်ကတော့ ဆယ်ကျော်သက် ကိုကိုမမတွေရယ်။
ဂေဟာက အရမ်းအကြီးကြီးမဟုတ်တာမို့ ကလေးအရေအတွက်ကလဲ သိပ်တော့မများ
လှဘူးပေါ့။ အားလုံးပေါင်း၃၀ ကျော်ရုံလေးပဲ။ ဂေဟာကိုအုပ်ချုပ်နေတဲ့ ဆရာမကြီးက သူနာပြု
ဆရာမဟောင်း တစ်ဦးဖြစ်တယ်။ဆရာမကြီးကို
ဝိုင်းကူလုပ်ပေးနေတဲ့ ဆရာမ ငယ်ငယ်လေး
တစ်ယောက်လဲရှိသေးတယ်။
ဆရာမကြီးက တော်တော်လေးကြင်နာတတ်ပြီး
မေတ္တာတရားအပြည့်အဝရှိတဲ့သူမျိုးဆိုတာ
ကိုတော့ Jungkook ခံစားလို့ရနေခဲ့သည်။
"Jungkookရေ ရေမိုးချိုးပြီး ဒီ အင်္ကျီလေး
လဲထားလိုက်ဦး"
မမတစ်ယောက်၏အသံကြားမှ တောင်စဉ်ရေ
မရအတွေးတို့က ရပ်တန့်သွားသည်။
"ဟုတ်"
"ဒီနေ့ နေ့လည်အလှူရှင်ရှိတယ်တဲ့"
"...."
အလှူရှင်? ဟိုမမက ဘာကိုပြောချင်တာလဲဆိုတာကို Jungkook သေသေချာချာနားမလည်
ပေမဲ့ လက်ထဲကိုရောက်လာတဲ့ ဆင်တူ အင်္ကျီ
လေးကြောင့်တော့ ဒီနေ့က တစ်ခုခုထူးခြား
တဲ့နေ့ ဖြစ်မယ်ဆိုတာ ခန့်မှန်းမိလိုက်သည်။
ရေမိုးချိုးပြီးလို့ ထမင်းစားခန်းဆီရောက်တဲ့
အခါ အားလုံးက တူညီဝတ်စုံတွေနဲ့ အဆင်
သင့်ဖြစ်နေကြပြီ။ ဆရာမကြီးကတော့ ဧည့်သည်တချို့နှင့်စကားပြောနေကာ ဆရာမ
အငယ်လေးက Jungkook နားကိုကပ်လာကာ
ဆုတောင်းစာ ဆိုသည့် စာပိုဒ်လေးတစ်ပိုဒ်ကို
သင်ပေးသွားလေသည်။
"Jungkookလေး ထမင်းစားချိန်ရောက်ရင်
မငိုရဘူးနော်။ အလှူရှင်တွေက စိတ်မကောင်း
ဖြစ်လိမ့်မယ်"
အမြဲတမ်းမှိုင်တွေနေတတ်သည့်Jungkookကို
သတိပေးစကားဆိုနေခြင်းဖြစ်တာမို့ နားလည်
ကြောင်းကို ပြန်ပြီးခေါင်းငြိမ့်ပြလိုက်ရသည်။
ခဏနေတော့ Jungkookတို့ ရွယ်တူအုပ်စု
တွေခုံတန်းရှည်တစ်ခုမှာ နေရာယူလိုက်ကြ
သည်။
ထမင်းဟင်းတွေကတော့ အခုတစ်ပတ်အတွင်း
စားသောက်ခဲ့ရတာနဲ့စာရင် ပိုပြီးကောင်းမွန်
နေတာမို့ ဘေးနားက ကောင်လေးနှစ်ယောက်
က ပျော်ရွှင်နေပုံပေါ်သော်လည်း ဒီလိုနေ့မျိုးကို
ပထမဆုံးကြုံတွေ့ရတဲ့ Jungkook အနေနဲ့က
တော့ မပျော်ရွှင်နိုင်ပေ။
"ကဲ ...ကလေးတို့ ထမင်းစားလို့ရပါပြီ"
ဆရာမကြီးရဲ့ စကားသံဆုံးသည်နှင့် ကလေးများ
အားလုံးက တညီတညွတ်ထဲ လက်အုပ်ချီလိုက်
ကြသည်မို့ Jungkookလဲ သူတို့လို လိုက်လုပ်
ရသည်။ ပြီးနောက် စောစောက ဆရာမငယ်
သင်ပေးသွားတဲ့ စာသားတချို့ကို ရွတ်ဆိုလိုက်
ကြတော့သည်။
"သား/သမီးတို့ကို နေ့လည်စာလှူဒါန်းပေးတဲ့
ဦးဦးဒေါ်ဒေါ်တို့ ကျန်းမာကြပါစေ ချမ်းသာကြ
ပါစေ...အခုထက်ပို၍ လှူဒါန်းနိုင်ကြပါစေ"
ထို စာသားရဲ့အဆုံးမှာ ဆရာမငယ်ကို ကတိပေး
ထားခဲ့တဲ့ ကြားက Jungkookရဲ့ ပါးပြင်ပေါ်သို့
မျက်ရည်စတို့ စီးဆင်းလာတော့သည်။
သူလက်မခံချင်သေးတဲ့ ဘဝတစ်ခုဆီကို
တကယ်ပဲရောက်ရှိသွားတာလား။ မေမေ ပြန်
လာမခေါ်ခင်အထိ ဒီလိုမျိုးတွေ ဘယ်အချိန်
ထိ ဆုတောင်းပေးနေရဦးမှာလဲ။
ဆရာမကြီး ၊ ဆရာမငယ်၊ အစ်ကိုTae Woo နဲ့ အသည်းလေးတို့အပါအဝင်ဒီနေရာမှာရှိနေတဲ့ ကလေးတချို့က Jungkookရှေ့ဆက်လျှောက် ရမည့် လမ်းခရီးအတွက်ဘဝရဲ့ လက်တွဲဖော် အသစ် ၊ မိသားစုဝင်အသစ်တွေ ဖြစ်လာတော့
မှာလား?....
သေချာတာကတော့ ထိုနေ့က Jungkook
တစ်ယောက် ရင်ထဲကလာတဲ့ ကျေးဇူးတင်
တဲ့စိတ်နဲ့ ထိုစာသားတွေကို ရွတ်ဆိုနိုင်ခဲ့ခြင်း
မဟုတ်တာကတော့ သူကိုယ်တိုင်ပဲ အသိဆုံး
ဖြစ်သည်။
Unconditional Love
30.3.2020
🍂🍂🍂🍂🍂🍂🍂🍂
Hello...အားလုံးပဲ ficကနေတစ်ဆင့် မတွေ့ရ
တာတစ်နှစ်နီးပါးတောင်ရှိပြီနော်။ အရမ်းကို
အပျင်းတစ်ပြီး စာရေးချင်စိတ်ကလဲ တော်
တော်လေးပျောက်ဆုံးနေတာနဲ့ပဲ ဒီလောက်
ထိကြာသွားတာ။
ဟိုတစ်ရက်က page တစ်ခုကနေ Jikook
fic လေးတွေ recommendပေးလိုက်ထဲက
notiတွေ ပုံမှန်ထက်ပိုတက်တယ်ပေါ့နော်။
fic တွေ mention ပေးတဲ့ Admin တွေလဲ
ဘယ်သူတွေလဲတော့မသိဘူး။ ကျေးဇူးအများ
ကြီးတင်ပါတယ်နော်
အဲ့ဒါကြောင့်ရော အမြဲတမ်းသတိရပေးနေတဲ့
ကလေးတွေရဲ့ စာလေးတွေ messageလေး
တွေဆီကနေပဲ အားပြန်ယူပြီး Unconditional
Loveလေးကို တင်ပေးလိုက်ပါတယ်။
အစပိုင်းလေးက နည်းနည်းပျင်းဖို့ကောင်းသလို
လေးရှိတော့ သည်းခံပြီးဖတ်ပေးကြပါ...နည်းနည်းလဲ တိုသွားတယ်။
Unicodeရော Zawgyiရော ထည့်ထားပေမယ့်
ဖ
တ်လို့ ရ/မရ လေးပြန်ပြောပေးကြပါဦးနော်။
သတိရပေးတဲ့ ကလေးတွေ ကျေးဇူးအများကြီး
တင်ပါတယ်ရှင့်။ ဒီအစ်မကြီးက စာရေးတာနဲ့
စကားတွေအရမ်းများတော့တာပဲ😁
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Unconditional Love
Part -1
Zawgyi
ေတာင္ကုန္းေလးေပၚက ပ်ံ့လြင့္လာတဲ့ ဓမၼေတး သီခ်င္းသံေၾကာင့္ Jungkookတစ္ေယာက္အိပ္ရာက နိုးထလာခဲ့သည္။
ဒီေန႕နဲ႕ဆို ဒီေနရာေလးကို ေရာက္လာခဲ့တာ
ရက္သတၱပတ္ တစ္ခုထိရွိလာခဲ့ၿပီ။ အရင္ရက္ေတြကလိုပဲ ေဘးနားမွာ ရွိမေနေတာ့တဲ့မိခင္ ျဖစ္သူကို ေအာက္ေမ့သတိရတဲ့စိတ္နဲ႕နိုးနိုးခ်င္း မွာပင္ မ်က္ရည္စက္တို႔က နားထင္တစ္ေလွ်ာက္ စီးဆင္းသြားေတာ့သည္။
"Jungkookေလး နိုးလာၿပီလား... မနက္စာ
စားရေအာင္ ထြက္လာခဲ့ေနာ္"
"ဟုတ္ကဲ့"
အခန္းဝကေန အသံလွမ္းေပးတဲ့ ဆရာမႀကီး ၏ အသံခ်ိဳခ်ိဳေၾကာင့္ အတတ္နိုင္ဆုံး ငိုသံမပါေအာင္ ထိန္းခ်ဳပ္ၿပီးဆရာမႀကီး၏ ေျပာစကား ကို အေျဖျပန္ေပးမိသည္။
ၿပီးေနာက္ မ်က္ရည္စတို႔ကို လက္ခုံနဲ႕ပြတ္သုတ္
ပစ္ကာ အိပ္ရာမွထလိုက္သည္။ ညတုန္းကလဲ
ေမေမ့ကိုလြမ္းတဲ့စိတ္နဲ႕ ေတာ္ေတာ္ေလးမိုးခ်ဳပ္တဲ့အထိ အိပ္မေပ်ာ္ခဲ့တာမို႔ ဒီမနက္ အိပ္ရာထ
ေနာက္က်ကာ Jungkookနိုးလာတဲ့အခ်ိန္မွာ ေဘးဘက္က တျခားကေလးေတြေတာင္
အခန္းထဲမွာမရွိၾကေတာ့ေပ။
အိပ္ရာသိမ္း၊ ကိုယ္လက္သန႔္စင္ၿပီးေနာက္
တစ္ဖက္အခန္းက်ယ္ဆီသို႔ ကူးသြားလိုက္သည္။
တစ္ဖက္အခန္းမွာေတာ့ လသားအ႐ြယ္ကေလး တို႔ရဲ႕ေအာ္ဟစ္ငိုယိုသံတို႔ျဖင့္ မနက္ခင္းတစ္ခုက အေတာ္ေလးၿပီးျပည့္စုံေနၿပီ...။
ေျပာရမယ္ဆို Jungkookက လူသစ္ျဖစ္ေနေသး
တာမို႔ အခုလိုအိပ္ရာထေနာက္က်ျခင္းကို
ဆရာမႀကီးက ခြင့္လႊတ္ေပးေနတာဆိုေပမဲ့
ေနာက္ရက္ေတြေတာ့ အတတ္နိုင္ဆုံး မနက္ေစာေစာထနိုင္ဖို႔ကို ႀကိဳးစားရမည္။
အခ်ိန္ရွိသေလာက္ ထိုင္ငိုခ်င္ေနေပမဲ့လဲ
မသိစိတ္ရဲ႕ ႏွိုးေဆာ္မႈတစ္ခုေၾကာင့္ အဲ့လိုမ်ိဳး
ေနေနလို႔မရမွန္းကိုလဲ Jungkook သိသည္။
ထို႔အတြက္ေၾကာင့္ ဒီမွာရွိတဲ့အျခားကေလးမ်ား
နည္းတူ Jungkook တို႔အတြက္ သတ္မွတ္ထားေပးတဲ့ စည္းကမ္းခ်က္အတိုင္း လိုက္နာေနထိုင္
ရေတာ့မည္။
မနက္မိုးလင္းတာနဲ႕ အစ္ကို အစ္မေတြနဲ႕အတူတူ လသားကေလး ငယ္ေတြအတြက္ နို႔ဘူးေဖ်ာ္ေပးဖို႔ ၊ ကေလးပိစိေလးေတြ သန႔္ရွင္းေရးလုပ္ေပးဖို႔
ကို Jungkookတို႔အ႐ြယ္ေတြက ဝိုင္းကူေပးရ ေလသည္။
Jungkook က ဒီကိုေရာက္တာ သိပ္မၾကာေသး တာမို႔ထင္ပါရဲ႕။ဒီက အစ္ကို အစ္မေတြက Jungkook ကို ပင္ပန္းတာေတြေတာ့ ကူမလုပ္ခိုင္းေသးဘူး။
"အသစ္ေလး ကုကီေရ ။ဒီကိုလာဦး"
"ဟုတ္"
Jungkook ထက္သိပ္မႀကီးတဲ့ အစ္ကိုတစ္ ေယာက္က လွမ္းေခၚတာမို႔ Jungkookက
ထိုတစ္ေယာက္နား တိုးကပ္သြားလိုက္သည္။
"နို႔ဘူးေဖ်ာ္တတ္တယ္မဟုတ္လား ေကာင္ေလး"
"ဟုတ္"
"အႏွီးေရာ လဲေပးတတ္ၿပီလား"
"အႏွီးက ..."
ေျဖရခက္ေနသည့္ Jungkookကို ထိုေကာင္ေလးကနားလည္စြာျဖင့္
"ဒါဆိုနို႔ဘူးပဲေဖ်ာ္ေပးေတာ့။ ဟိုနားမွာေရေႏြးရွိတယ္။အပူမေလာင္ေစနဲ႕ေနာ္"
"ဟုတ္ကဲ့"
အႏွီးေတာ့မလဲေပးခ်င္တာမို႔ နို႔ဘူးေဖ်ာ္ဖို႔ကို ေရေႏြးရွိရာဆီခပ္ျမန္ျမန္သြားယူလိုက္သည္။ ကေလးေသးေသးေလးေတြကသိတဲ့အတိုင္းပဲေလ။ တစ္ညလုံး ေကာင္းေကာင္းပါထားမွာ။
အႏွီးေတာ့ မလဲခ်င္ေပါင္။
ေရေႏြးေႏြးေလးႏွင့္ နို႔မႈန႔္ဘူးထဲက ဇြန္းခြက္ေလးအတိုင္းနို႔မႈန့္ကို နို႔ဘူးေလးေတြထဲထည့္ကာေဖ်ာ္လိုက္သည္။ ၿပီးေနာက္ လက္ဖမိုးေလးေပၚသို႔ အနည္းငယ္ခ်ၾကည့္ကာအပူခ်ိန္အေနအထား
ကို စမ္းသပ္ၾကည့္လိုက္သည္။
အရမ္းႀကီးမပူေတာ့မွ အခုနက အစ္ကိုဆီသို႔ နို႔ဘူးေလးေတြ ယူသြားေပးလိုက္သည္။ တခစ္ခစ္ရယ္ေမာေနသည့္ကေလးေသးေသးေလးကို အႏွီးအသစ္ႏွင့္လဲလွယ္ေပးေနသည့္ အစ္ကိုက Jungkook ဘက္ကိုလွည့္ၾကည့္ကာ
"ေက်းဇူးပဲေနာ္" ဟုခပ္တိုးတိုးေျပာလာသည္။
ထိုစဥ္ Jungkook ရင္ဘတ္ေပၚသို႔ တစ္စုံတစ္ခု ထိေတြ႕လာသလို ခံစားရလို႔ ငုံ႕ၾကည့္မိေတာ့
"ကိုကိုက ေနမေကာင္းျဖစ္ေနတာယား"
၃ႏွစ္ ၄ႏွစ္အ႐ြယ္ ကေလးေလးက မပီကလာ ပီကလာျဖင့္Jungkook ရဲ႕ ရင္ဘတ္ေပၚကို ကစား
စရာ နားၾကပ္ေလးျဖင့္ ဖိၾကည့္ရင္း ဆိုလာသည္မို႔
"ေနေကာင္းပါတယ္"
Jungkook က ထိုကေလးေလးကို အေျဖျပန္ေပးလိုက္ေတာ့ေဘးနားက အစ္ကိုက ရယ္ေမာရင္းႏွင့္ ေျပာျပသည္။
"သူက ဒီမွာပဲေမြးတာေလ..ဒီမွာေမြးတဲ့ တစ္ဦး
တည္းေသာ ကေလးေပါ့"
က်န္တဲ့ကေလးေတြက ေမြးၿပီးမွ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ဒီကိုေရာက္လာၾကေပမဲ့ ဒီကေလးေလးကေတာ့ မိခင္ကိုယ္တိုင္က ဒီမွာ
ေနသြားရင္းႏွင့္ ကေလးေမြးၿပီးေတာ့ ကြယ္လြန္
သြားခဲ့သည္ဟု တစ္ရက္တုန္းက ဆရာမႀကီးက
Jungkookကို ေျပာျပခဲ့ဖူးသည္။
"သူ႕နာမည္က အာေပတူးတဲ့"
"ဘာ အာေပတူးလဲ ..အတဲေလး (အသည္းေလး)ပါဆို"
"အာေပတူး ..အာေပတူး"
ဟိုအစ္ကိုက စ ေလ ... သူေလးကစိတ္ဆိုးေလ
"အတဲေလးပါဆို... ဟြန႔္ ကိုကို Tae Woo
ကို ေမေမႀကီးနဲ႕တိုင္ေၾကာမယ္"
"တိုင္ေပါ့.."
ထိုကေလးက Tae Wooဆိုသည့္အစ္ကိုကို
စကားဆက္မေျပာခ်င္သည့္ပုံစံနဲ႕ မ်က္ေစာင္း
ထိုးၿပီးေနာက္ Jungkookကို ေမာ့ၾကည့္လာ သည္။
"ကိုကို"
"ဟင္"
"တားတားကို အတဲေလးလို႔ေခၚေနာ္..
တားတားနာမည္က အတဲေလး"
"အင္းပါ"
"ကိုကို႔နာမည္ကေရာ ?"
"ကိုကိုက Jungkook"
"Nae...ေနမေကာင္းရင္ ဒီေဆးေလး
ေတာက္လိုက္"
ထိုသို႔ဆိုကာ Jungkookလက္ထဲသို႔ ခ်ိဳခ်ဥ္ႏွစ္
လုံးထည့္ေပးၿပီးေနာက္ နားၾကပ္တစ္ခုႏွင့္
ေဘးနားကအစ္မေတြဆီသို႔ သြား၍ ဆက္လက္
စမ္းသပ္ေနေတာ့သည္။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ဒီေနရာက ေၾကာက္စရာေကာင္းတဲ့ အရပ္ေဒသ
မဟုတ္ေစကာမူ အမွန္အတိုင္းေျပာရရင္ဒီေနရာ
ကို Jungkook သေဘာမက်ဘဴး။ တစ္ခုခုကို သိမ္ငယ္ေနရသလို ခံစားခ်က္ႀကီးကိုလဲသေဘာမက်လွဘူးေပါ့။
"ဒီမွာခဏေစာင့္ေနေနာ္ ၊ ေမေမျပန္လာေခၚမယ္"ဟုဆိုကာခဏေလး ထားသြားခဲ့တဲ့ေမေမက ဘာလို႔ရက္သတၱပတ္ၾကာတဲ့အထိ လာမေခၚနိုင္ေသးတာလဲ?...
Jungkookက ကေလးေလးအ႐ြယ္ပဲရွိေသးတာမို႔ ဘာကိုမွေရေရလည္လည္ သိျမင္ခံစားနိုင္ေသးတာမဟုတ္ေပမဲ့လဲ ေမေမမရွိတဲ့ သူစိမ္း တစ္ရံစာ အရပ္မွာေနေနရတာက ေမေမေျပာျပဖူးတဲ့ ေၾကာက္မက္ဖြယ္ရာ ပုံျပင္ေတြထက္ကို ထိတ္လန႔္စရာျဖစ္သလို ခံစားေနရတုန္းပင္။
ေမေမက Jungkook ကို ခဏထားရစ္ခဲ့တဲ့ ဒီေနရာ ေလးက"ေမတၱာရိပ္ၿမဳံ"လို႔ေခၚတယ္တဲ့။ မိဘမဲ့ကေလးေတြကိုျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ေဂဟာေပါ့။ မိဘမဲ့ေဂဟာ ေရာက္ေနသည့္တိုင္
Jungkookကေတာ့ သူ႕ကိုယ္သူမိဘမဲ့တစ္ေယာက္လို႔ မခံယူထားမိေသးတာအမွန္ပါ။
ေဂဟာနံေဘးက ေတာင္ကုန္းျမင့္ေလးေပၚမွာ ၿမိဳ႕ရဲ႕ဘုရားေက်ာင္းေလးရွိၿပီးေတာ့တစ္ဖက္ ျခမ္းမွာေတာ့ ေဂဟာရဲ႕ စိုက္ပ်ိဳးေရးၿခံအေသး
ေလးရွိတယ္။ ေဂဟာေလးက လူေနရပ္ကြက္နဲ႕
ခပ္လွမ္းလွမ္းမွာ တည္ရွိတာမို႔ ဘုရားေက်ာင္း
ဘက္က ဓမၼေတးသံရယ္ ၊ေဂဟာထဲက ကေလး
ငယ္ေတြရဲ႕ အသံေသးေသးေတြရယ္ကလြဲၿပီး
ေတာ္ေတာ္ေလး တိတ္ဆိတ္တဲ့ ေနရာတစ္ခုပါပဲ။
ဒီမွာ Jungkook ျမင္မိသေလာက္ေတာ့ Jungkook တို႔လိုအ႐ြယ္ ၆ႏွစ္ ၇ႏွစ္ ကေလးငယ္ေတြရယ္ ေမြးကင္းစ လသားအ႐ြယ္ေတြ ရယ္ ၊ေနာက္ထပ္ကေတာ့ ဆယ္ေက်ာ္သက္ ကိုကိုမမေတြရယ္။
ေဂဟာက အရမ္းအႀကီးႀကီးမဟုတ္တာမို႔ ကေလးအေရအတြက္ကလဲ သိပ္ေတာ့မမ်ား
လွဘူးေပါ့။ အားလုံးေပါင္း၃၀ ေက်ာ္႐ုံေလးပဲ။ ေဂဟာကိုအုပ္ခ်ဳပ္ေနတဲ့ ဆရာမႀကီးက သူနာျပဳ
ဆရာမေဟာင္း တစ္ဦးျဖစ္တယ္။ဆရာမႀကီးကို
ဝိုင္းကူလုပ္ေပးေနတဲ့ ဆရာမ ငယ္ငယ္ေလး
တစ္ေယာက္လဲရွိေသးတယ္။
ဆရာမႀကီးက ေတာ္ေတာ္ေလးၾကင္နာတတ္ၿပီး
ေမတၱာတရားအျပည့္အဝရွိတဲ့သူမ်ိဳးဆိုတာ
ကိုေတာ့ Jungkook ခံစားလို႔ရေနခဲ့သည္။
"Jungkookေရ ေရမိုးခ်ိဳးၿပီး ဒီ အကၤ်ီေလး
လဲထားလိုက္ဦး"
မမတစ္ေယာက္၏အသံၾကားမွ ေတာင္စဥ္ေရ
မရအေတြးတို႔က ရပ္တန႔္သြားသည္။
"ဟုတ္"
"ဒီေန႕ ေန႕လည္အလႉရွင္ရွိတယ္တဲ့"
"...."
အလႉရွင္? ဟိုမမက ဘာကိုေျပာခ်င္တာလဲဆိုတာကို Jungkook ေသေသခ်ာခ်ာနားမလည္
ေပမဲ့ လက္ထဲကိုေရာက္လာတဲ့ ဆင္တူ အကၤ်ီ
ေလးေၾကာင့္ေတာ့ ဒီေန႕က တစ္ခုခုထူးျခား
တဲ့ေန႕ ျဖစ္မယ္ဆိုတာ ခန႔္မွန္းမိလိုက္သည္။
ေရမိုးခ်ိဳးၿပီးလို႔ ထမင္းစားခန္းဆီေရာက္တဲ့
အခါ အားလုံးက တူညီဝတ္စုံေတြနဲ႕ အဆင္
သင့္ျဖစ္ေနၾကၿပီ။ ဆရာမႀကီးကေတာ့ ဧည့္သည္တခ်ိဳ႕ႏွင့္စကားေျပာေနကာ ဆရာမ
အငယ္ေလးက Jungkook နားကိုကပ္လာကာ
ဆုေတာင္းစာ ဆိုသည့္ စာပိုဒ္ေလးတစ္ပိုဒ္ကို
သင္ေပးသြားေလသည္။
"Jungkookေလး ထမင္းစားခ်ိန္ေရာက္ရင္
မငိုရဘူးေနာ္။ အလႉရွင္ေတြက စိတ္မေကာင္း
ျဖစ္လိမ့္မယ္"
အၿမဲတမ္းမွိုင္ေတြေနတတ္သည့္Jungkookကို
သတိေပးစကားဆိုေနျခင္းျဖစ္တာမို႔ နားလည္
ေၾကာင္းကို ျပန္ၿပီးေခါင္းၿငိမ့္ျပလိုက္ရသည္။
ခဏေနေတာ့ Jungkookတို႔ ႐ြယ္တူအုပ္စု
ေတြခုံတန္းရွည္တစ္ခုမွာ ေနရာယူလိုက္ၾက
သည္။
ထမင္းဟင္းေတြကေတာ့ အခုတစ္ပတ္အတြင္း
စားေသာက္ခဲ့ရတာနဲ႕စာရင္ ပိုၿပီးေကာင္းမြန္
ေနတာမို႔ ေဘးနားက ေကာင္ေလးႏွစ္ေယာက္
က ေပ်ာ္႐ႊင္ေနပုံေပၚေသာ္လည္း ဒီလိုေန႕မ်ိဳးကို
ပထမဆုံးႀကဳံေတြ႕ရတဲ့ Jungkook အေနနဲ႕က
ေတာ့ မေပ်ာ္႐ႊင္နိုင္ေပ။
"ကဲ ...ကေလးတို႔ ထမင္းစားလို႔ရပါၿပီ"
ဆရာမႀကီးရဲ႕ စကားသံဆုံးသည္ႏွင့္ ကေလးမ်ား
အားလုံးက တညီတၫြတ္ထဲ လက္အုပ္ခ်ီလိုက္
ၾကသည္မို႔ Jungkookလဲ သူတို႔လို လိုက္လုပ္
ရသည္။ ၿပီးေနာက္ ေစာေစာက ဆရာမငယ္
သင္ေပးသြားတဲ့ စာသားတခ်ိဳ႕ကို ႐ြတ္ဆိုလိုက္
ၾကေတာ့သည္။
"သား/သမီးတို႔ကို ေန႕လည္စာလႉဒါန္းေပးတဲ့
ဦးဦးေဒၚေဒၚတို႔ က်န္းမာၾကပါေစ ခ်မ္းသာၾက
ပါေစ...အခုထက္ပို၍ လႉဒါန္းနိုင္ၾကပါေစ"
ထို စာသားရဲ႕အဆုံးမွာ ဆရာမငယ္ကို ကတိေပး
ထားခဲ့တဲ့ ၾကားက Jungkookရဲ႕ ပါးျပင္ေပၚသို႔
မ်က္ရည္စတို႔ စီးဆင္းလာေတာ့သည္။
သူလက္မခံခ်င္ေသးတဲ့ ဘဝတစ္ခုဆီကို
တကယ္ပဲေရာက္ရွိသြားတာလား။ ေမေမ ျပန္
လာမေခၚခင္အထိ ဒီလိုမ်ိဳးေတြ ဘယ္အခ်ိန္
ထိ ဆုေတာင္းေပးေနရဦးမွာလဲ။
ဆရာမႀကီး ၊ ဆရာမငယ္၊ အစ္ကိုTae Woo နဲ႕ အသည္းေလးတို႔အပါအဝင္ဒီေနရာမွာရွိေနတဲ့ ကေလးတခ်ိဳ႕က Jungkookေရွ႕ဆက္ေလွ်ာက္ ရမည့္ လမ္းခရီးအတြက္ဘဝရဲ႕ လက္တြဲေဖာ္ အသစ္ ၊ မိသားစုဝင္အသစ္ေတြ ျဖစ္လာေတာ့
မွာလား?....
ေသခ်ာတာကေတာ့ ထိုေန႕က Jungkook
တစ္ေယာက္ ရင္ထဲကလာတဲ့ ေက်းဇူးတင္
တဲ့စိတ္နဲ႕ ထိုစာသားေတြကို ႐ြတ္ဆိုနိုင္ခဲ့ျခင္း
မဟုတ္တာကေတာ့ သူကိုယ္တိုင္ပဲ အသိဆုံး
ျဖစ္သည္။
Unconditional Love
30.3.2020
🍂🍂🍂🍂🍂🍂🍂🍂
Hello...အားလုံးပဲ ficကေနတစ္ဆင့္ မေတြ႕ရ
တာတစ္ႏွစ္နီးပါးေတာင္ရွိၿပီေနာ္။ အရမ္းကို
အပ်င္းတစ္ၿပီး စာေရးခ်င္စိတ္ကလဲ ေတာ္
ေတာ္ေလးေပ်ာက္ဆုံးေနတာနဲ႕ပဲ ဒီေလာက္
ထိၾကာသြားတာ။
ဟိုတစ္ရက္က page တစ္ခုကေန Jikook
fic ေလးေတြ recommendေပးလိုက္ထဲက
notiေတြ ပုံမွန္ထက္ပိုတက္တယ္ေပါ့ေနာ္။
fic ေတြ mention ေပးတဲ့ Admin ေတြလဲ
ဘယ္သူေတြလဲေတာ့မသိဘူး။ ေက်းဇူးအမ်ား
ႀကီးတင္ပါတယ္ေနာ္
အဲ့ဒါေၾကာင့္ေရာ အၿမဲတမ္းသတိရေပးေနတဲ့
ကေလးေတြရဲ႕ စာေလးေတြ messageေလး
ေတြဆီကေနပဲ အားျပန္ယူၿပီး Unconditional
Loveေလးကို တင္ေပးလိုက္ပါတယ္။
အစပိုင္းေလးက နည္းနည္းပ်င္းဖို႔ေကာင္းသလို
ေလးရွိေတာ့ သည္းခံၿပီးဖတ္ေပးၾကပါ...
သတိရေပးတဲ့ ကေလးေတြ ေက်းဇူးအမ်ားႀကီး
တင္ပါတယ္ရွင့္။ ဒီအစ္မႀကီးက စာေရးတာနဲ႕
စကားေတြအရမ္းမ်ားေတာ့တာပဲ😁