ကျွန်တော်တို့နှစ်ယောက် ဇာတ်လမ်းက သည်မျှနှင့် အလွယ်တကူ ပြီးဆုံးသွားခဲ့သည်တော့ မဟုတ်ပါ။
ကျွန်တော်က အကြောမာသလို ပန်းလေးကလည်း ခွင့်လွှတ်နိုင်ခဲ့သည်။ ဆိုတော့ အချိန် အတိုင်းအတာတစ်ခုအတွင်း ပိုနေမြဲ ကျားနေမြဲ အခြေအနေတစ်ခု ပြန်လည်ရရှိလာခဲ့သည်။
အကြိမ်ပေါင်း ငါးဆယ်နှင့်အထက် ကျွန်တော် တစ်ကျောင်းလုံးကို မျက်နှာပြောင်တိုက် လိုက်လံ တောင်းပန်ပြီးသည့် နောက်ဆုံးတွင်တော့ ပန်းလေးက ပြောသည်။
"ငါ မင်းကို ခွင့်လွှတ်တယ်...ချစ်နေတာမို့ပဲ...
ဒါပေမယ့် ဒီကိစ္စကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"
"အင်းပါ...ကျွန်တော် ခင်ဗျားကို အလုပ်နဲ့ သက်သေပြမယ်...စိတ်ချ"
"ဖယ်...ငါ့ကို မကိုင်နဲ့....အဲဒါတွေ မပါသေးဘူး"
ပုခုံးကို သိုင်းဖက်ဖို့ ကြိုးစားမိသော ကျွန်တော့်လက်များအား သူက ပုတ်ချလိုက်သည်။
ပြောခဲ့သားပဲ...ပိုနေမြဲ ကျားနေမြဲ....
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အုပ်စုထဲမှ လူများကတော့ အခုမှ ပြန်လည်ကြည်လင်သွားသည့် ကောင်းကင်ကို မြင်ရသလို သက်တောင့်သက်သာ ဖြစ်သွားကြသည်။
Jun Myeon Hyungမှ လွဲ၍...
ဘယ်တတ်နိုင်မလဲ...
ကျွန်တော်က ချစ်နေသည်ပဲ...
သူ့အနားလေးမှာ ရှိနေရသည်ကိုက ကျွန်တော် ပိုင်ဆိုင်ထားသည့် ပျော်ရွှင်မှုလေး ဖြစ်ကြောင်း လက်ခံရမည်ပဲလေ...
Tao ပြောသလိုဆိုလျှင် အရာရာတိုင်းက အချိန်ယူရသည်တဲ့...
သူက Kris Wuကို မေ့ပစ်ဖို့ အချိန်ယူနေရသလို ကျွန်တော်လည်းပဲ ပန်းလေးအတွက် အချိန်များစွာယူရမည် ထင်ပါသည်။
ရှိစေတော့...
💗လူသားတစ်ယောက်ကို ချစ်မိခြင်း💗
တကယ်တမ်းကျ သိပ်ပြီးတော့ အချိန်ယူလိုက်ရသည်လည်း မဟုတ်ပါ။
အထက်တန်း နောက်ဆုံးနှစ် စာမေးပွဲ ပြီးသွားသည့်နောက် ကျွန်တော်တို့ အတန်းမှ အတန်းသားများ စုပေါင်းပြီး ခရီးထွက်ဖြစ်ခဲ့ကြသည်။
ညဘက်အိပ်တော့ လေးယောက် တစ်ခန်း...နှစ်ယောက် တစ်ခန်း စသဖြင့် ကျောင်းသားများမှ မိမိတို့ သန်ရာ သန်ရာ ဖွဲ့ထားကြသည့် အုပ်စုအလိုက် စိတ်ကြိုက် ရွေးချယ်နိုင်ကြသည်။
JunMyeon Hyungက အခန်းများအား ကြိုတင် နေရာချရသူ...
သူ့အား အတူနေကြမည့် အုပ်စုအလိုက် စာရင်းကို အဖွဲ့များက တစ်ပတ်ကြိုတင်စာရင်း ပေးကြသည်။
"Hyung...ကျွန်တော် သူနဲ့ တစ်ခန်းနေမယ်"
ကျွန်တော် သူ့ခုတင်ပေါ်သို့ တက်သွားပြီး ထိုင်ချလိုက်ရင်း စာရေးစားပွဲတွင် မျက်မှောင်ကြီး ကြုံ့ပြီး စာရင်းများလုပ်နေသော JunMyeon Hyung အား ခပ်တည်တည် ညှိကြည့်လိုက်သည်။
"ငါ နေရာချပြီးပြီ...ငါရယ် မင်းရယ်..
Luhanရယ်...Byun Baek ရယ် တစ်ခန်း...Kim Kaiနဲ့ Taoက တစ်ခန်း"
"ဟင် ဘာလို့လဲ...Hyungနဲ့ Kim Kaiက ညဘက် ဂိမ်းဆော့မှာဆို..Zi Taoကလည်း ဆော့ချင်မှာပဲ...Byun Baekပါ ခေါ်လိုက်....
ကျွန်တော်က ခရီးသွားရင် ပင်ပန်းတတ်တာ Hyung သိသားနဲ့...Hyung တို့ အသံတွေနဲ့...
အိပ်ရမှာ မဟုတ်ဘူး.."
"အေးလေ...မအိပ်မှာစိုးလို့ကို လေးယောက်ခန်းမှာ သိပ်တာ...အိပ်ဆေးယူခဲ့မယ်...အိပ်မပျော်ရင်"
ဟင်း..ဒီ.နှစ်တစ်ရာ FAမျိုးကတော့ လက်ပေါက်ကပ်နေပြီ...
"Hyungကလည်း...ဘာလို့လဲ...ကျွန်တော်တို့ကို စိတ်မချလို့လား..."
သူ့ခေါင်းအုံးအား ဆွဲယူ...ရင်ဘတ်ထဲ ထည့်ကာ ဖက်လိုက်ပြီး ကျွန်တော် စိတ်ပျက်အားလျော့သံလေးထည့် ပြောမိသည်။
သူကတော့ လက်ချိုးရေမှ သုံးရွက် မပြည့်ချင်သည့် စာရွက်ကို တံတွေးဆွတ် လှန်ပြီး ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်နေသည်။
"ဟင်လို့....Hyungကလည်း...စိတ်မချစရာမှ မရှိတာကို...ပန်းလေးအကြောင်းလည်း သိသားနဲ့..."
"မင်း အကြောင်းကိုလည်း သိတယ်လေ"
စိတ်ညစ်ပါ့
"Hyungကလည်း လုပ်ပါ...နော်...ကျွန်တော် ကျေးဇူး မမေ့ပါဘူး...Hyungကို တစ်သက်လုံး ဆရာခေါ်ပါ့မယ်...နော်...နော်"
JunMyeon Hyungက စာရွက်ကို ပိတ်လိုက်ပြီး ကျွန်တော့်ကို မျက်လုံးလှန်ကြည့်သည်။
"ဒီလောက် ပြောနေတာကိုက မင်းမှာ အကြံကြီးကြီး ရှိနေတာကို ပြတာပဲ...Sehun..."
"မဟုတ်ပါဘူး...Hyungကလည်း"
"ငါ မင်းအတွက် စဥ်းစားပေးတာမို့ ဒီလို လေးယောက် စီစဥ်ထားတာပဲ...မဟုတ်ရင် ငါနဲ့ မင်း နှစ်ယောက်တည်း တစ်ခန်းနေပြီး
သူတို့ကို လေးယောက်ထားလိုက်ရမလား....
ကြိုက်တာရွေး"
သြော်..သူ၏ စဥ်းစားပေးမှုအတွက်ပဲ ကျွန်တော်က သူ့ကို သွားလေရာ ခေါင်းပေါ်တင် ခေါ်သွား...ရောက်လေရာ...လက်အုပ်ချီပြီး ထိုင်ကန်တော့ရတော့မလို...
"နောက်ပြီး...အခု အခန်းအစီအစဥ်ကိုလည်းအားလုံးသဘောတူပြီးသား...မင်း သဘောနဲ့ မင်း လုပ်ချင်တိုင်း လုပ်လို့မရဘူး...ငါ့စကား အကုန်ပဲ"
"ကောင်းပြီလေ"
ကျွန်တော် သူ့အိပ်ရာပေါ်မှ ဝုန်းခနဲ ဆင်းလိုက်သည်။
အလကားပဲ။
အစ်ကို တစ်ယောက်ရှိတာ ဘာမှ သုံးစားမရ...
အစတည်းက သိပ်ပြီးတော့ မျှော်လင့်ထားသည်တော့လည်း မဟုတ်ပါ။
Plan A အဆင်မပြေတော့လည်း Plan B ပေါ့...
💗လူသားတစ်ယောက်ကို ချစ်မိခြင်း💗
တကယ်တမ်း ကျွန်တော်တို့တည်းရမည့် ဟိုတယ်ရောက်တော့....လေးယောက်နေရမည့်အခန်းတွင် နှစ်ယောက်အိပ် ခုတင် နှစ်လုံးရှိနေသည်။
Jun Myeon Hyungက ဘယ်နည်းနှင့်မျှ ကျွန်တော်တို့နှစ်ယောက်အား ခုတင်တစ်ခုတည်း နေခိုင်းမည် မဟုတ်။
သူ ဘာကို စိုးရိမ်နေသလဲ ဆိုသည်ကို ကျွန်တော် သေချာ နားမလည်။
ကျွန်တော် ဆန္ဒ ရှိသည်က ပန်းလေး မျက်နှာလေးကို ငေးကြည့်ပြီး တူတူရှိချင်ရုံသာ ဖြစ်သည်။မသကာ...လက်လေး ကိုင်...ပါးလေးမွှေးရုံပေါ့။
ဒီထက်ပိုပြီး အဆင့်တက်ဖို့ ဆိုသည်က မဖြစ်နိုင်မှန်း သူလည်းအသိ။
နောက်ပြီး သူများ သမီးရည်းစားကြား ဝင်ပါသည် ဆိုသည်ကလည်း တော်ရုံပဲ ကောင်းသည်လေ။
အခုက ကျွန်တော့် ဖရိုင်ဗေရှီကို ထိပါးနေပြီ။
အဲဒီညက ကျွန်တော်တို့တွင် ပုလင်းများ ဘီယာဘူးများ ပါလာကြသည်။
အထက်တန်းကျောင်းပြီးသည့်အချိန်တွင်တော့ ကျွန်တော်တို့ တစ်အုပ်စုလုံး သောက်နိုင်နေကြပြီ ဖြစ်သည်။
အနည်းငယ် ပျင်းရိဖွယ်ကောင်းသော တန်းလုံးကျွတ် ပါဝင်ဆင်နွှဲရသည့် မီးပုံပွဲအပြီးတွင်တော့ ကျွန်တော်တို့အုပ်စု၏ နောက်ပွဲဆက်က စတင်ပါသည်။
ZiTaoနှင့် Kim Kaiကပါ ကျွန်တော်တို့ အခန်းတွင် လာစုကြသည်ပေါ့။
အခန်းက ကျဥ်းသည်။ခုတင်နှစ်လုံးအပြင် ကြမ်းပြင်တွင် ကျွန်တော်တို့ ဝိုင်းဖွဲ့သောက်နိုင်လောက်အောင် နေရာမရှိ။
ဆိုတော့ ခုတင် နှစ်လုံးကို ဆက်ဖို့ ကျွန်တော် အကြံပေးလိုက်သည်။
အဟင်း...
ည ခုနစ်နာရီလောက် စသောက်ကြပြီး ကိုးနာရီလောက်ကျတော့ တော်တော် အရှိန်ရနေပြီ။
ZiTaoက အသောက်နိုင်ဆုံး။နောက်ပြီး အငိုတစ်လိုင်း ဖြစ်သည်။
သောက်လိုက် မျက်ရည်ကျလိုက်...ရင်ဖွင့်လိုက်...သောက်လိုက်။
သူ ခွဲသွားတဲ့ ငါ့ အသည်းကို အရက်နဲ့ စိမ်နေတာ ဟု ZiTao ကပြောသည်။
သောက်..Kris Wu...ကျွန်တော့် သူငယ်ချင်းကို
ဖြစ်နိုင်လျှင် ZiTao အား အသည်းမကွဲစေချင်တော့။ နောက်တစ်ယောက် ရစေချင်ပြီ။ပျော်စေချင်ပြီ။
သူ ဒီလိုဖြစ်နေတော့ ကျွန်တော့်မှာ တိုင်ပင်ဖော် တိုင်ပင်ဖက် ပျောက်လှပြီ။
ကျွန်တော့် သူငယ်ချင်းကြီး ဒဏ်ရာတွေ မြန်မြန်ပျောက်ကင်းပါစေတော့...
ကျွန်တော်လည်း သူ ရင်ဖွင့်သည်များ နားထောင်ရင်း ဘီယာ နှစ်ဘူးကုန်လုပြီ ဖြစ်သည်။
မူးတော့ မမူး။ရီဝေဝေပေါ့။
Byun Baekကတော့ သောက်တာက နည်းနည်း။
အမြည်းအဖြစ်ထားသည့် အာလူးကြော်များ စားလိုက်။စကားကို ရေပက်မဝင်အောင် ပြောလိုက်။
သူ ပြောသည့်အကြောင်းများကတော့ ဘယ်နားက စားသောက်ဆိုင်က ဘယ်လိုကောင်းကြောင်း။
သူ့ အိမ်နှင့်သူ မည်သို့ သဘောထား ကွဲလွဲကြကြောင်း။
ဆရာ Han Kyungနှင့် ဆရာ Hee Chul တို့ကို တစ်ခါက ရုပ်ရှင်ရုံ အတွဲခုံတွင် အတူထိုင်နေကြသည်ကို တွေ့ခဲ့ဖူးကြောင်း။
ကျောင်းပြီးလျှင် သူ ဘာဆက်လုပ်ချင်ကြောင်း။
စသည်တို့ ဖြစ်သည်။ ဒိုင်ခံ နားထောင်သူက ပန်းလေးပေါ့...
သနားစရာ ကျွန်တော့်အချစ်။
"အချစ်...မသောက်ဘူးလား"
"သောက်ပါတယ်...နည်းနည်းပေါ့"
"အင်း...နည်းနည်း ထပ်သောက်လေ"
ကျွန်တော် သူ့ခွက်ထဲသို့ နည်းနည်းထပ်ထဲ့ပေးလိုက်သည်။
JunMyeon Hyungနှင့် Kim Kaiက သောက်ရင်းစားရင်း ဒိုးဆက် ဆော့နေကြသည်။ ရှုံးတဲ့သူက နဖူးတောက်ကြေးတဲ့...
သူတို့ပြောတာတော့ ဥာဏ်ရည်ချင်း ယှဥ်ပွဲတဲ့...
ကလေးကလား...
အသားက နာရဦးမည်။
အာဘွားပေးကြေးဆိုလျှင်တော့ တစ်မျိုးပေါ့။
သူတို့နှင့်တော့ မဆော့။ ပန်းလေးနှင့် နှစ်ယောက်တည်း ဆော့ပြီး ကျွန်တော်ချည်း ရှုံးပစ်မည်။
"Sehun...သောက်လှချည်လား...ဘီယာတွေ"
ကျွန်တော် ဘီယာ နောက်တစ်ဘူး ဖောက်လိုက်မိတော့...Byun Baekက ပန်းလေးကို တစ်ချက်ကြည့်ရင်း ပြီတီတီ ပြောသည်။
"ဘာဖြစ်လို့လဲ"
"ဘီယာက ကြာတယ်တဲ့"
"ဘာကြာတာလဲ.."
BaekHyunက ထပ်မပြော...လက်ညှိုးနှင့် လက်မကို ထိဝိုင်းပြီး အခြားလက်ညှိုးတစ်ချောင်းကို အထဲထည့်ပြသည်။
သကောင့်သားကတော့ လုပ်ပြီ
"မင်းက လုပ်ဖူးလို့ သိတာလား"
ကျွန်တော် ပက်ခနဲပြောရင်း တစ်ကျိုက်တည်း မော့ချလိုက်မိသည်။
အင်း...နောက်တစ်ဘူးလောက်တော့ သောက်ချင်မိသား။
တော်ကြာ အိပ်ပျော်သွားမှာလည်း စိုးရသည်။
ကဲ..ထားပါတော့...
အိပ်ချိန်တန်ပြီ...အားလုံး ပြန်သင့်ပြီ...
"ကဲ...Kim Kai...Hyung ဆယ်နာရီ ထိုးတော့မယ်...တော်တော့..."
သိပ်လည်း မသောက်ပါဘဲ နဖူးများနီရဲပြီး မူးဝေနေဟန်ပေါ်သော သူတို့ နှစ်ယောက်က မတန်ဆုံး ဖြစ်သည်။
"သွားတော့ သွားတော့...ငါတို့ပဲ ရှင်းလိုက်မယ်"
မူးနေသော Taoကို Kim Kaiက တွဲ ပြီး အခန်းထဲ ခေါ်သွားသည်။
"အား...ခေါင်းတောင် ကိုက်တယ်"
JunMyeon Hyungက ညည်းညူပြီး အိမ်သာသို့ ထသွားသည်။
ကိုက်မှာပေါ့...မဆင်မခြင်တွေ တစ်ယောက်နဖူး တစ်ယောက် တဒေါက်ဒေါက် ခေါက်နေကြတာကိုး...
"Luhan... ဟိုဘက်ခန်းမှာ ငါ့နားကြပ်ပါသွားတယ်ထင်တယ်...သွားယူရအောင်...လိုက်ခဲ့ဦး"
Byun Baekက အချစ်ကို ခေါ်ထုတ်သွားသည်။
ကဲ Oh Sehunရေ...မြန်မြန်သိမ်းဟေ့...
မိုင်တိုင်းမ်တူရှိုင်းပဲ...
ကျွန်တော် အိပ်ရာပေါ်မှာ ပေါ့ပါးစွာ ခုန်ထလိုက်မိသည်။
အိပ်ရာပေါ်ရှိ စားသောက်ထားသည့် ပန်းကန်များ၊ပုလင်းများ၊ဘူးခွံများအား အောက်တွင် ခံထားသည့် စောင်ပါးတစ်ထပ်နှင့် လုံးထွေး ဆွဲချသိမ်းကာ ဝင်ပေါက်နားရှိ စားပွဲအောက်သို့
ထိုးထည့်ထားလိုက်သည်။
ကဲ..ပြီးပြီ...
ခုတင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်ပြီး ခုတင်နှစ်ခု စပ်ထားသည့် အလယ်..
ဘယ်ဘက်မှ ရေတွက်လျှင် ဒုတိယမြောက် နေရာသို့ ကျွန်တော် ဝင်ခွေ..အိပ်ချင်ယောင်ဆောင် နေလိုက်သည်။
ခနနေတော့ JunMyeon Hyungက အိခနဲ နောက်ကျောဘက်တွင် ဝင်အိပ်သည်ကို ခံစားရသည်။
အမယ်.တယ်ဟုတ်ပါလား....
ထင်ထားသလောက်ပင် စကားများများ မပြောလိုက်ရ။
အင်းလေ...သူလည်း မောရှာပြီပေါ့။မော်နီတာကြီးခမျာ ခရီးတစ်လျှောက် စီစဥ်ရ အော်ဟစ်ရ ပြေးလွှားရ။
သူ၏ အိပ်ပျော်ခြင်းက ကျွန်တော့်အတွက် ကောင်းချီးတစ်ခု ဖြစ်ပါသည်။
နောက် Byun Baek ဝင်လာသည်။နောက် အချစ်ကလေး...
ခနနေတော့ မီးပိတ်သွားသည်။နောက် ဖြူဆွတ် မွှေးပျံ့သော အရိပ်ကလေး ကျွန်တော့်နံဘေး...
ဘယ်ဖက်မှ ရေတွက်လျှင် တတိယမြောက် နေရာသို့ ဝင်လာပါတော့သည်။
ခုမှပဲ ဟင်း ချနိုင်တော့သည်။
နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ။
Oh Sehun၏ ချစ်ခရီးလမ်း အတွက်...ဘယ်အရာကမှ မလွယ်ကူခဲ့...
ကွဲနေသော ခုတင်နှစ်လုံးအား ပူးစေရန်၊
ပူးနေသော ခုတင်နှစ်လုံးအား JunMyeon Hyung ပြန်မခွဲနိုင်စေရန်၊
ကျွန်တော်နှင့် ဘေးချင်းကပ် အိပ်မည့် အစီအစဥ်ကို ရှက်ရမ်းရမ်းပြီး ငြင်းဆန်နိုင်သည့် အချစ်အား Byun Baekမှ ခေါ်ထုတ်သွားစေရန်၊
ထို့နောက် Byun Baekမှ အရင် ညာဘက်ထောင့်ဆုံးတွင် အိပ်ရာဝင်ရန် စသဖြင့် ညှိနှိုင်းခဲ့ရ စီစဥ်ခဲ့ရသည်။
အခုတော့ အောင်မြင်ခဲ့ပြီပေါ့...
အခုတော့ အချစ်နှင့် ကျွန်တော် တစ်မိုးအောက် အတူတူ ရှိနေခဲ့ကြပြီ။
ကျွန်တော့်အိမ်တွင် အချစ်နှင့် တူတူအိပ်ခဲ့ရသည့် ညလေးကိုပင် အမှတ်ရမိသည်။
အဲကွန်းသံ တိုးတိုးနှင့် နာရီသံ တချောက်ချောက်
အချစ်ကလေးက ပက်လက်အနေအထား လှဲလျောင်းနေသည်။ကြည့်ရတာ သက်တောင့် သက်သာ မရှိလှ။
ကျွန်တော့်ဘက် လှည့်ရနိုး၊ Byun Baek ဘက် လှည့်ရနိုးနှင့် အနေရခက်နေပုံပေါ်သည်။
လက်နှစ်ဖက်ကို ယှက်ကာ ရင်ဘတ်ပေါ်သို့ တင်ထားသည်။ထို့နောက် စောင်ကို လည်ပင်းအထိ ဆွဲတင်ပြီး အတွင်းမှ လက်နှစ်ဖက်ကို အထဲထည့်ထား ပြန်သည်။
ကျွန်တော် မသိမသာ အချစ်နားသို့ နှစ်လက်မ လောက် တိုးလိုက်သည်။
ဟီဟိ
အချစ်၏ အညိုရင့်ရင့် ဆံနွယ်များထံမှ စတော်ဘယ်ရီနံ့လေး ရသည်အထိ။
ပြတင်းပေါက်မှ ဝင်လာသော လရောင် မစို့မပို့အောက်တွင် အချစ်၏ နှာခေါင်းလေးက လုံးစုနေပြီး ငုံထားချင်စရာ။
မျက်တောင် ကော့ရရော့ကြီးများက ပုတ်ခတ်၊ ပုတ်ခတ်။
စိတ်လှုပ်ရှားနေသည် ထင်၊
"ငါ့ကို ကြည့်မနေနဲ့လေ"
အသံ တိုးတိုးလေးက နှုတ်ခမ်းပါးချွန်ချွန်လေးမှ ကတိုက်ကရိုက် ထွက်လာသည်။
"ဘာလို့လဲ...ချစ်လို့ဟာကို"
"မကြည့်နဲ့"
မျက်စောင်းလှလှက ဒိုင်းခနဲ..
"အင်းပါ"
ကျွန်တော် အချစ်ကဲ့သို့ပင် မျက်နှာကြက်ကို မျက်နှာမူ ပက်လက်လှန် လှဲလိုက်သည်။
ပူရှိန်းနေသော သွေးများက နားထင်နားတွင် တဒုတ်ဒုတ် စီးဆင်းနေသလို ခံစားရသည်။
ဟင်း...ခက်ပြီ
ပြင်းလာသော အသက်ရှုသံကို ကျွန်တော့်ဖာသာ သတိပြုမိပြီး ငြိမ်သက်ဖို့ ကြိုးစားနေမိသည်။
"Se Hun...မင်းဟာကြီးက ဘာဖြစ်နေတာလဲ"
အချစ်က မျက်လုံးအစုံတို့ ပြူးကျယ်လျက် ကျွန်တော့် ခါးအောက်ပိုင်းကို အလန့်တကြား ကြည့်နေသည်။
"အင်း...တောင်နေတာ"
ကျွန်တော် အနည်းငယ် ရှက်ရယ်ရယ်ရင်း ထောင်မတ်နေသော ငယ်ပါကို လက်နှင့် ကိုင်လိုက်မိသည်။
"ဘာတွေ လုပ်ထားတာလဲ"
သူက စိုးရိမ်တကြီး ကြည့်ရင်း တိုးတိုး မေးသည်။
ခက်တာပဲ...အချစ်ရယ်...
ကျွန်တော့်ချစ်သူခမျာ အာသာပင် ဖြေဖူးရဲ့လားမသိ...
"ဘာမှ မလုပ်ထားဘူးလေ...အဲဒါ အချစ်ကြောင့် စိတ်ဖြစ်နေတာ...."
"ဟင်....ငါ ဘာမှ မလုပ်ပါဘူး"
တကယ်ကို ဘာမှ မသိနားမလည်သည့် အဖြူထည် အကြည့်နှင့် အချစ်က ကျွန်တော့်ကို ငြင်းသည်။
"အား...ခုချိန်မှာ အချစ် ကျွန်တော့်ကို လည်ပင်းလေးစုပ်လိုက်ရင်တောင် ကျွန်တော် အရည်တွေ ထွက်လာမယ် ထင်တယ်"
အချစ်က ကျွန်တော့်နားသို့ တိုးကပ်လာသည်။စူးစမ်းချင်သည့် မျက်လုံးများနှင့်...စိုးရိမ်မှုလည်း တစ်ဝက်ပါမည် ထင်သည်။
"သူတို့ အိပ်နေပြီ ထင်လား"
"အင်း...အိပ်ပြီပေါ့...သေချာတယ်...အသက်ရှုသံကို နားထောင်ကြည့်"
"အင်း...."
အချစ်က ခန တိတ်ဆိတ်သွားသည်။
"နှုတ်ခမ်းဆို အဆင်ပြေမယ်ထင်လား..."
"အင်...ဘာပြောတာ?."
"ငါ မင်းကို နမ်းချင်တာ မဟုတ်ဘူးနော်...ကူညီချင်လိို့"
ထို့နောက် ကျွန်တော့် နှုတ်ခမ်းပေါ်သို့ သူ့နှုတ်ခမ်းလေးကို ဖွဖွဖိချလိုက်တော့သည်။
အား.....ဘယ်လိုလုပ်ရပါ့
အရာအားလုံး တိတ်ဆိတ်လွန်းသွားသည်။
ကျွန်တော့် အသက်ရှုသံ ပြင်းပြင်းနှင့် သူ့အသက်ရှုသံ ညင်းညင်းမှ လွဲ၍....
အချစ်ရယ်...
"ရပြီလား"
"ဟင့်အင်း"
ကျွန်တော်လည်း အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းလေးအား တလှည့်စီ ဖိကိုက် ဖော့ဖိ နမ်းပြီး ပူရှိန်းနံ့သင်းသော ခံတွင်းထဲသို့ ကျွန်တော့် လျှာဖျားကို ထိုးထည့်လိုက်မိသည်။
သူက ရုတ်တရက် ဝင်လာသည့် ကျွန်တော့် လျှာဖျားကို ထိတ်လန့်ပြီး အကြောက်အကန် သွားစေ့ထားသော်လည်း
ကျွန်တော်က သူ့နှုတ်ခမ်းလေးအား တဖွဖွ စုပ်ယူနမ်းရှိုက်နေသောအခါ အလိုက်တသင့် ပြန်လည်ခွင့်ပြုလာခဲ့သည်။
မျက်လုံးအစုံကို စုံမှိတ်ထားသည့်အခါ.
ဝန်းဝန်းဝိုင်းဝိုင်း သူ့မျက်ဝန်းအိမ်မှ သွေးကြောစိမ်းလေးများ...
Gosh....မရတော့ဘူး...
လက်နှင့် လုပ်မှ ရတော့မည်။အနမ်းမပျက် နမ်းနေရင်းမှ လက်တစ်ဖက်ဖြင့် Boxerထဲမှ ကျွန်တော့် ငယ်ပါကို ထုတ်လိုက်မိသည်။
"ဟင် မင်း မင်း...ဘာလုပ်မလို့လဲ"
"လက်နဲ့ လုပ်မလို့"
"အမ်...ဒီမှာ လုပ်မလို့လား"
"အင်း လုပ်မှ ရတော့မယ်..."
"ခုတင်ကြီးပါ လှုပ်နေမှာပေါ့ဟ...Hyungတို့ နိုးသွားလိမ့်မယ်"
"မနိုးလောက်ပါဘူး..ဖြည်းဖြည်းလေး လုပ်မယ်"
"ဟာ...မဖြစ်ဘူးနော်"
အချစ်၏ မျက်လုံးဝိုင်းဝိုင်း ကြည်ကြည်လေးမှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာသည်။
ကျွန်တော်ကတော့ လုပ်တော့မည်။
"Oh Sehun"
လက်ချောင်းများအား စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်...အချစ်က လှဲနေရာမှ ထထိုင်ပြီး ကျွန်တော့်လက်ကောက်ဝတ်အား ဖမ်းကိုင်သည်။
"ရေချိုးခန်းထဲ သွား...ငါပါ လိုက်ခဲ့မယ်"
💗လူသားတစ်ယောက်ကို ချစ်မိခြင်း💗
Zawgyi Version
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဇာတ္လမ္းက သည္မွ်ႏွင့္ အလြယ္တကူ ၿပီးဆုံးသြားခဲ့သည္ေတာ့ မဟုတ္ပါ။
ကြၽန္ေတာ္က အေၾကာမာသလို ပန္းေလးကလည္း ခြင့္လႊတ္ႏိုင္ခဲ့သည္။ ဆိုေတာ့ အခ်ိန္ အတိုင္းအတာတစ္ခုအတြင္း ပိုေနၿမဲ က်ားေနၿမဲ အေျခအေနတစ္ခု ျပန္လည္ရရွိလာခဲ့သည္။
အႀကိမ္ေပါင္း ငါးဆယ္ႏွင့္အထက္ ကြၽန္ေတာ္ တစ္ေက်ာင္းလုံးကို မ်က္ႏွာေျပာင္တိုက္ လိုက္လံ ေတာင္းပန္ၿပီးသည့္ ေနာက္ဆုံးတြင္ေတာ့ ပန္းေလးက ေျပာသည္။
"ငါ မင္းကို ခြင့္လႊတ္တယ္...ခ်စ္ေနတာမို႔ပဲ...
ဒါေပမယ့္ ဒီကိစၥကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး"
"အင္းပါ...ကြၽန္ေတာ္ ခင္ဗ်ားကို အလုပ္နဲ႔ သက္ေသျပမယ္...စိတ္ခ်"
"ဖယ္...ငါ့ကို မကိုင္နဲ႔....အဲဒါေတြ မပါေသးဘူး"
ပုခုံးကို သိုင္းဖက္ဖို႔ ႀကိဳးစားမိေသာ ကြၽန္ေတာ့္လက္မ်ားအား သူက ပုတ္ခ်လိုက္သည္။
ေျပာခဲ့သားပဲ...ပိုေနၿမဲ က်ားေနၿမဲ....
မည္သို႔ပင္ျဖစ္ေစ ကြၽန္ေတာ္တို႔အုပ္စုထဲမွ လူမ်ားကေတာ့ အခုမွ ျပန္လည္ၾကည္လင္သြားသည့္ ေကာင္းကင္ကို ျမင္ရသလို သက္ေတာင့္သက္သာ ျဖစ္သြားၾကသည္။
Jun Myeon Hyungမွ လြဲ၍...
ဘယ္တတ္ႏိုင္မလဲ...
ကြၽန္ေတာ္က ခ်စ္ေနသည္ပဲ...
သူ႔အနားေလးမွာ ရွိေနရသည္ကိုက ကြၽန္ေတာ္ ပိုင္ဆိုင္ထားသည့္ ေပ်ာ္႐ႊင္မႈေလး ျဖစ္ေၾကာင္း လက္ခံရမည္ပဲေလ...
Tao ေျပာသလိုဆိုလွ်င္ အရာရာတိုင္းက အခ်ိန္ယူရသည္တဲ့...
သူက Kris Wuကို ေမ့ပစ္ဖို႔ အခ်ိန္ယူေနရသလို ကြၽန္ေတာ္လည္းပဲ ပန္းေလးအတြက္ အခ်ိန္မ်ားစြာယူရမည္ ထင္ပါသည္။
ရွိေစေတာ့...
💗လူသားတစ္ေယာက္ကို ခ်စ္မိျခင္း💗
တကယ္တမ္းက် သိပ္ၿပီးေတာ့ အခ်ိန္ယူလိုက္ရသည္လည္း မဟုတ္ပါ။
အထက္တန္း ေနာက္ဆုံးႏွစ္ စာေမးပြဲ ၿပီးသြားသည့္ေနာက္ ကြၽန္ေတာ္တို႔ အတန္းမွ အတန္းသားမ်ား စုေပါင္းၿပီး ခရီးထြက္ျဖစ္ခဲ့ၾကသည္။
ညဘက္အိပ္ေတာ့ ေလးေယာက္ တစ္ခန္း...ႏွစ္ေယာက္ တစ္ခန္း စသျဖင့္ ေက်ာင္းသားမ်ားမွ မိမိတို႔ သန္ရာ သန္ရာ ဖြဲ႕ထားၾကသည့္ အုပ္စုအလိုက္ စိတ္ႀကိဳက္ ေ႐ြးခ်ယ္ႏိုင္ၾကသည္။
JunMyeon Hyungက အခန္းမ်ားအား ႀကိဳတင္ ေနရာခ်ရသူ...
သူ႔အား အတူေနၾကမည့္ အုပ္စုအလိုက္ စာရင္းကို အဖြဲ႕မ်ားက တစ္ပတ္ႀကိဳတင္စာရင္း ေပးၾကသည္။
"Hyung...ကြၽန္ေတာ္ သူနဲ႔ တစ္ခန္းေနမယ္"
ကြၽန္ေတာ္ သူ႔ခုတင္ေပၚသို႔ တက္သြားၿပီး ထိုင္ခ်လိုက္ရင္း စာေရးစားပြဲတြင္ မ်က္ေမွာင္ႀကီး ႀကဳံ႕ၿပီး စာရင္းမ်ားလုပ္ေနေသာ JunMyeon Hyung အား ခပ္တည္တည္ ညႇိၾကည့္လိုက္သည္။
"ငါ ေနရာခ်ၿပီးၿပီ...ငါရယ္ မင္းရယ္..
Luhanရယ္...Byun Baek ရယ္ တစ္ခန္း...Kim Kaiနဲ႔ Taoက တစ္ခန္း"
"ဟင္ ဘာလို႔လဲ...Hyungနဲ႔ Kim Kaiက ညဘက္ ဂိမ္းေဆာ့မွာဆို..Zi Taoကလည္း ေဆာ့ခ်င္မွာပဲ...Byun Baekပါ ေခၚလိုက္....
ကြၽန္ေတာ္က ခရီးသြားရင္ ပင္ပန္းတတ္တာ Hyung သိသားနဲ႔...Hyung တို႔ အသံေတြနဲ႔...
အိပ္ရမွာ မဟုတ္ဘူး.."
"ေအးေလ...မအိပ္မွာစိုးလို႔ကို ေလးေယာက္ခန္းမွာ သိပ္တာ...အိပ္ေဆးယူခဲ့မယ္...အိပ္မေပ်ာ္ရင္"
ဟင္း..ဒီ.ႏွစ္တစ္ရာ FAမ်ိဳးကေတာ့ လက္ေပါက္ကပ္ေနၿပီ...
"Hyungကလည္း...ဘာလို႔လဲ...ကြၽန္ေတာ္တို႔ကို စိတ္မခ်လို႔လား..."
သူ႔ေခါင္းအုံးအား ဆြဲယူ...ရင္ဘတ္ထဲ ထည့္ကာ ဖက္လိုက္ၿပီး ကြၽန္ေတာ္ စိတ္ပ်က္အားေလ်ာ့သံေလးထည့္ ေျပာမိသည္။
သူကေတာ့ လက္ခ်ိဳးေရမွ သုံး႐ြက္ မျပည့္ခ်င္သည့္ စာ႐ြက္ကို တံေတြးဆြတ္ လွန္ၿပီး ဖင္တစ္ျပန္ ေခါင္းတစ္ျပန္ ၾကည့္ေနသည္။
"ဟင္လို႔....Hyungကလည္း...စိတ္မခ်စရာမွ မရွိတာကို...ပန္းေလးအေၾကာင္းလည္း သိသားနဲ႔..."
"မင္း အေၾကာင္းကိုလည္း သိတယ္ေလ"
စိတ္ညစ္ပါ့
"Hyungကလည္း လုပ္ပါ...ေနာ္...ကြၽန္ေတာ္ ေက်းဇူး မေမ့ပါဘူး...Hyungကို တစ္သက္လုံး ဆရာေခၚပါ့မယ္...ေနာ္...ေနာ္"
JunMyeon Hyungက စာ႐ြက္ကို ပိတ္လိုက္ၿပီး ကြၽန္ေတာ့္ကို မ်က္လုံးလွန္ၾကည့္သည္။
"ဒီေလာက္ ေျပာေနတာကိုက မင္းမွာ အႀကံႀကီးႀကီး ရွိေနတာကို ျပတာပဲ...Sehun..."
"မဟုတ္ပါဘူး...Hyungကလည္း"
"ငါ မင္းအတြက္ စဥ္းစားေပးတာမို႔ ဒီလို ေလးေယာက္ စီစဥ္ထားတာပဲ...မဟုတ္ရင္ ငါနဲ႔ မင္း ႏွစ္ေယာက္တည္း တစ္ခန္းေနၿပီး
သူတို႔ကို ေလးေယာက္ထားလိုက္ရမလား....
ႀကိဳက္တာေ႐ြး"
ေၾသာ္..သူ၏ စဥ္းစားေပးမႈအတြက္ပဲ ကြၽန္ေတာ္က သူ႔ကို သြားေလရာ ေခါင္းေပၚတင္ ေခၚသြား...ေရာက္ေလရာ...လက္အုပ္ခ်ီၿပီး ထိုင္ကန္ေတာ့ရေတာ့မလို...
"ေနာက္ၿပီး...အခု အခန္းအစီအစဥ္ကိုလည္းအားလုံးသေဘာတူၿပီးသား...မင္း သေဘာနဲ႔ မင္း လုပ္ခ်င္တိုင္း လုပ္လို႔မရဘူး...ငါ့စကား အကုန္ပဲ"
"ေကာင္းၿပီေလ"
ကြၽန္ေတာ္ သူ႔အိပ္ရာေပၚမွ ဝုန္းခနဲ ဆင္းလိုက္သည္။
အလကားပဲ။
အစ္ကို တစ္ေယာက္ရွိတာ ဘာမွ သုံးစားမရ...
အစတည္းက သိပ္ၿပီးေတာ့ ေမွ်ာ္လင့္ထားသည္ေတာ့လည္း မဟုတ္ပါ။
Plan A အဆင္မေျပေတာ့လည္း Plan B ေပါ့...
💗လူသားတစ္ေယာက္ကို ခ်စ္မိျခင္း💗
တကယ္တမ္း ကြၽန္ေတာ္တို႔တည္းရမည့္ ဟိုတယ္ေရာက္ေတာ့....ေလးေယာက္ေနရမည့္အခန္းတြင္ ႏွစ္ေယာက္အိပ္ ခုတင္ ႏွစ္လုံးရွိေနသည္။
Jun Myeon Hyungက ဘယ္နည္းႏွင့္မွ် ကြၽန္ေတာ္တို႔ႏွစ္ေယာက္အား ခုတင္တစ္ခုတည္း ေနခိုင္းမည္ မဟုတ္။
သူ ဘာကို စိုးရိမ္ေနသလဲ ဆိုသည္ကို ကြၽန္ေတာ္ ေသခ်ာ နားမလည္။
ကြၽန္ေတာ္ ဆႏၵ ရွိသည္က ပန္းေလး မ်က္ႏွာေလးကို ေငးၾကည့္ၿပီး တူတူရွိခ်င္႐ုံသာ ျဖစ္သည္။မသကာ...လက္ေလး ကိုင္...ပါးေလးေမႊး႐ုံေပါ့။
ဒီထက္ပိုၿပီး အဆင့္တက္ဖို႔ ဆိုသည္က မျဖစ္ႏိုင္မွန္း သူလည္းအသိ။
ေနာက္ၿပီး သူမ်ား သမီးရည္းစားၾကား ဝင္ပါသည္ ဆိုသည္ကလည္း ေတာ္႐ုံပဲ ေကာင္းသည္ေလ။
အခုက ကြၽန္ေတာ့္ ဖ႐ိုင္ေဗရွီကို ထိပါးေနၿပီ။
အဲဒီညက ကြၽန္ေတာ္တို႔တြင္ ပုလင္းမ်ား ဘီယာဘူးမ်ား ပါလာၾကသည္။
အထက္တန္းေက်ာင္းၿပီးသည့္အခ်ိန္တြင္ေတာ့ ကြၽန္ေတာ္တို႔ တစ္အုပ္စုလုံး ေသာက္ႏိုင္ေနၾကၿပီ ျဖစ္သည္။
အနည္းငယ္ ပ်င္းရိဖြယ္ေကာင္းေသာ တန္းလုံးကြၽတ္ ပါဝင္ဆင္ႏႊဲရသည့္ မီးပုံပြဲအၿပီးတြင္ေတာ့ ကြၽန္ေတာ္တို႔အုပ္စု၏ ေနာက္ပြဲဆက္က စတင္ပါသည္။
ZiTaoႏွင့္ Kim Kaiကပါ ကြၽန္ေတာ္တို႔ အခန္းတြင္ လာစုၾကသည္ေပါ့။
အခန္းက က်ဥ္းသည္။ခုတင္ႏွစ္လုံးအျပင္ ၾကမ္းျပင္တြင္ ကြၽန္ေတာ္တို႔ ဝိုင္းဖြဲ႕ေသာက္ႏိုင္ေလာက္ေအာင္ ေနရာမရွိ။
ဆိုေတာ့ ခုတင္ ႏွစ္လုံးကို ဆက္ဖို႔ ကြၽန္ေတာ္ အႀကံေပးလိုက္သည္။
အဟင္း...
ည ခုနစ္နာရီေလာက္ စေသာက္ၾကၿပီး ကိုးနာရီေလာက္က်ေတာ့ ေတာ္ေတာ္ အရွိန္ရေနၿပီ။
ZiTaoက အေသာက္ႏိုင္ဆုံး။ေနာက္ၿပီး အငိုတစ္လိုင္း ျဖစ္သည္။
ေသာက္လိုက္ မ်က္ရည္က်လိုက္...ရင္ဖြင့္လိုက္...ေသာက္လိုက္။
သူ ခြဲသြားတဲ့ ငါ့ အသည္းကို အရက္နဲ႔ စိမ္ေနတာ ဟု ZiTao ကေျပာသည္။
ေသာက္..Kris Wu...ကြၽန္ေတာ့္ သူငယ္ခ်င္းကို
ျဖစ္ႏိုင္လွ်င္ ZiTao အား အသည္းမကြဲေစခ်င္ေတာ့။ ေနာက္တစ္ေယာက္ ရေစခ်င္ၿပီ။ေပ်ာ္ေစခ်င္ၿပီ။
သူ ဒီလိုျဖစ္ေနေတာ့ ကြၽန္ေတာ့္မွာ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ ေပ်ာက္လွၿပီ။
ကြၽန္ေတာ့္ သူငယ္ခ်င္းႀကီး ဒဏ္ရာေတြ ျမန္ျမန္ေပ်ာက္ကင္းပါေစေတာ့...
ကြၽန္ေတာ္လည္း သူ ရင္ဖြင့္သည္မ်ား နားေထာင္ရင္း ဘီယာ ႏွစ္ဘူးကုန္လုၿပီ ျဖစ္သည္။
မူးေတာ့ မမူး။ရီေဝေဝေပါ့။
Byun Baekကေတာ့ ေသာက္တာက နည္းနည္း။
အျမည္းအျဖစ္ထားသည့္ အာလူးေၾကာ္မ်ား စားလိုက္။စကားကို ေရပက္မဝင္ေအာင္ ေျပာလိုက္။
သူ ေျပာသည့္အေၾကာင္းမ်ားကေတာ့ ဘယ္နားက စားေသာက္ဆိုင္က ဘယ္လိုေကာင္းေၾကာင္း။
သူ႔ အိမ္ႏွင့္သူ မည္သို႔ သေဘာထား ကြဲလြဲၾကေၾကာင္း။
ဆရာ Han Kyungႏွင့္ ဆရာ Hee Chul တို႔ကို တစ္ခါက ႐ုပ္ရွင္႐ုံ အတြဲခုံတြင္ အတူထိုင္ေနၾကသည္ကို ေတြ႕ခဲ့ဖူးေၾကာင္း။
ေက်ာင္းၿပီးလွ်င္ သူ ဘာဆက္လုပ္ခ်င္ေၾကာင္း။
စသည္တို႔ ျဖစ္သည္။ ဒိုင္ခံ နားေထာင္သူက ပန္းေလးေပါ့...
သနားစရာ ကြၽန္ေတာ့္အခ်စ္။
"အခ်စ္...မေသာက္ဘူးလား"
"ေသာက္ပါတယ္...နည္းနည္းေပါ့"
"အင္း...နည္းနည္း ထပ္ေသာက္ေလ"
ကြၽန္ေတာ္ သူ႔ခြက္ထဲသို႔ နည္းနည္းထပ္ထဲ့ေပးလိုက္သည္။
JunMyeon Hyungႏွင့္ Kim Kaiက ေသာက္ရင္းစားရင္း ဒိုးဆက္ ေဆာ့ေနၾကသည္။ ရႈံးတဲ့သူက နဖူးေတာက္ေၾကးတဲ့...
သူတို႔ေျပာတာေတာ့ ဥာဏ္ရည္ခ်င္း ယွဥ္ပြဲတဲ့...
ကေလးကလား...
အသားက နာရဦးမည္။
အာဘြားေပးေၾကးဆိုလွ်င္ေတာ့ တစ္မ်ိဳးေပါ့။
သူတို႔ႏွင့္ေတာ့ မေဆာ့။ ပန္းေလးႏွင့္ ႏွစ္ေယာက္တည္း ေဆာ့ၿပီး ကြၽန္ေတာ္ခ်ည္း ရႈံးပစ္မည္။
"Sehun...ေသာက္လွခ်ည္လား...ဘီယာေတြ"
ကြၽန္ေတာ္ ဘီယာ ေနာက္တစ္ဘူး ေဖာက္လိုက္မိေတာ့...Byun Baekက ပန္းေလးကို တစ္ခ်က္ၾကည့္ရင္း ၿပီတီတီ ေျပာသည္။
"ဘာျဖစ္လို႔လဲ"
"ဘီယာက ၾကာတယ္တဲ့"
"ဘာၾကာတာလဲ.."
BaekHyunက ထပ္မေျပာ...လက္ညႇိဳးႏွင့္ လက္မကို ထိဝိုင္းၿပီး အျခားလက္ညႇိဳးတစ္ေခ်ာင္းကို အထဲထည့္ျပသည္။
သေကာင့္သားကေတာ့ လုပ္ၿပီ
"မင္းက လုပ္ဖူးလို႔ သိတာလား"
ကြၽန္ေတာ္ ပက္ခနဲေျပာရင္း တစ္က်ိဳက္တည္း ေမာ့ခ်လိုက္မိသည္။
အင္း...ေနာက္တစ္ဘူးေလာက္ေတာ့ ေသာက္ခ်င္မိသား။
ေတာ္ၾကာ အိပ္ေပ်ာ္သြားမွာလည္း စိုးရသည္။
ကဲ..ထားပါေတာ့...
အိပ္ခ်ိန္တန္ၿပီ...အားလုံး ျပန္သင့္ၿပီ...
"ကဲ...Kim Kai...Hyung ဆယ္နာရီ ထိုးေတာ့မယ္...ေတာ္ေတာ့..."
သိပ္လည္း မေသာက္ပါဘဲ နဖူးမ်ားနီရဲၿပီး မူးေဝေနဟန္ေပၚေသာ သူတို႔ ႏွစ္ေယာက္က မတန္ဆုံး ျဖစ္သည္။
"သြားေတာ့ သြားေတာ့...ငါတို႔ပဲ ရွင္းလိုက္မယ္"
မူးေနေသာ Taoကို Kim Kaiက တြဲ ၿပီး အခန္းထဲ ေခၚသြားသည္။
"အား...ေခါင္းေတာင္ ကိုက္တယ္"
JunMyeon Hyungက ညည္းညဴၿပီး အိမ္သာသို႔ ထသြားသည္။
ကိုက္မွာေပါ့...မဆင္မျခင္ေတြ တစ္ေယာက္နဖူး တစ္ေယာက္ တေဒါက္ေဒါက္ ေခါက္ေနၾကတာကိုး...
"Luhan... ဟိုဘက္ခန္းမွာ ငါ့နားၾကပ္ပါသြားတယ္ထင္တယ္...သြားယူရေအာင္...လိုက္ခဲ့ဦး"
Byun Baekက အခ်စ္ကို ေခၚထုတ္သြားသည္။
ကဲ Oh Sehunေရ...ျမန္ျမန္သိမ္းေဟ့...
မိုင္တိုင္းမ္တူရႈိင္းပဲ...
ကြၽန္ေတာ္ အိပ္ရာေပၚမွာ ေပါ့ပါးစြာ ခုန္ထလိုက္မိသည္။
အိပ္ရာေပၚရွိ စားေသာက္ထားသည့္ ပန္းကန္မ်ား၊ပုလင္းမ်ား၊ဘူးခြံမ်ားအား ေအာက္တြင္ ခံထားသည့္ ေစာင္ပါးတစ္ထပ္ႏွင့္ လုံးေထြး ဆြဲခ်သိမ္းကာ ဝင္ေပါက္နားရွိ စားပြဲေအာက္သို႔
ထိုးထည့္ထားလိုက္သည္။
ကဲ..ၿပီးၿပီ...
ခုတင္ကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္ျပင္လိုက္ၿပီး ခုတင္ႏွစ္ခု စပ္ထားသည့္ အလယ္..
ဘယ္ဘက္မွ ေရတြက္လွ်င္ ဒုတိယေျမာက္ ေနရာသို႔ ကြၽန္ေတာ္ ဝင္ေခြ..အိပ္ခ်င္ေယာင္ေဆာင္ ေနလိုက္သည္။
ခနေနေတာ့ JunMyeon Hyungက အိခနဲ ေနာက္ေက်ာဘက္တြင္ ဝင္အိပ္သည္ကို ခံစားရသည္။
အမယ္.တယ္ဟုတ္ပါလား....
ထင္ထားသေလာက္ပင္ စကားမ်ားမ်ား မေျပာလိုက္ရ။
အင္းေလ...သူလည္း ေမာရွာၿပီေပါ့။ေမာ္နီတာႀကီးခမ်ာ ခရီးတစ္ေလွ်ာက္ စီစဥ္ရ ေအာ္ဟစ္ရ ေျပးလႊားရ။
သူ၏ အိပ္ေပ်ာ္ျခင္းက ကြၽန္ေတာ့္အတြက္ ေကာင္းခ်ီးတစ္ခု ျဖစ္ပါသည္။
ေနာက္ Byun Baek ဝင္လာသည္။ေနာက္ အခ်စ္ကေလး...
ခနေနေတာ့ မီးပိတ္သြားသည္။ေနာက္ ျဖဴဆြတ္ ေမႊးပ်ံ႕ေသာ အရိပ္ကေလး ကြၽန္ေတာ့္နံေဘး...
ဘယ္ဖက္မွ ေရတြက္လွ်င္ တတိယေျမာက္ ေနရာသို႔ ဝင္လာပါေတာ့သည္။
ခုမွပဲ ဟင္း ခ်ႏိုင္ေတာ့သည္။
ေနာက္ဆုံးေတာ့ ေအာင္ျမင္ခဲ့ၿပီ။
Oh Sehun၏ ခ်စ္ခရီးလမ္း အတြက္...ဘယ္အရာကမွ မလြယ္ကူခဲ့...
ကြဲေနေသာ ခုတင္ႏွစ္လုံးအား ပူးေစရန္၊
ပူးေနေသာ ခုတင္ႏွစ္လုံးအား JunMyeon Hyung ျပန္မခြဲႏိုင္ေစရန္၊
ကြၽန္ေတာ္ႏွင့္ ေဘးခ်င္းကပ္ အိပ္မည့္ အစီအစဥ္ကို ရွက္ရမ္းရမ္းၿပီး ျငင္းဆန္ႏိုင္သည့္ အခ်စ္အား Byun Baekမွ ေခၚထုတ္သြားေစရန္၊
ထို႔ေနာက္ Byun Baekမွ အရင္ ညာဘက္ေထာင့္ဆုံးတြင္ အိပ္ရာဝင္ရန္ စသျဖင့္ ညႇိႏႈိင္းခဲ့ရ စီစဥ္ခဲ့ရသည္။
အခုေတာ့ ေအာင္ျမင္ခဲ့ၿပီေပါ့...
အခုေတာ့ အခ်စ္ႏွင့္ ကြၽန္ေတာ္ တစ္မိုးေအာက္ အတူတူ ရွိေနခဲ့ၾကၿပီ။
ကြၽန္ေတာ့္အိမ္တြင္ အခ်စ္ႏွင့္ တူတူအိပ္ခဲ့ရသည့္ ညေလးကိုပင္ အမွတ္ရမိသည္။
အဲကြန္းသံ တိုးတိုးႏွင့္ နာရီသံ တေခ်ာက္ေခ်ာက္
အခ်စ္ကေလးက ပက္လက္အေနအထား လွဲေလ်ာင္းေနသည္။ၾကည့္ရတာ သက္ေတာင့္ သက္သာ မရွိလွ။
ကြၽန္ေတာ့္ဘက္ လွည့္ရႏိုး၊ Byun Baek ဘက္ လွည့္ရႏိုးႏွင့္ အေနရခက္ေနပုံေပၚသည္။
လက္ႏွစ္ဖက္ကို ယွက္ကာ ရင္ဘတ္ေပၚသို႔ တင္ထားသည္။ထို႔ေနာက္ ေစာင္ကို လည္ပင္းအထိ ဆြဲတင္ၿပီး အတြင္းမွ လက္ႏွစ္ဖက္ကို အထဲထည့္ထား ျပန္သည္။
ကြၽန္ေတာ္ မသိမသာ အခ်စ္နားသို႔ ႏွစ္လက္မ ေလာက္ တိုးလိုက္သည္။
ဟီဟိ
အခ်စ္၏ အညိဳရင့္ရင့္ ဆံႏြယ္မ်ားထံမွ စေတာ္ဘယ္ရီနံ႔ေလး ရသည္အထိ။
ျပတင္းေပါက္မွ ဝင္လာေသာ လေရာင္ မစို႔မပို႔ေအာက္တြင္ အခ်စ္၏ ႏွာေခါင္းေလးက လုံးစုေနၿပီး ငုံထားခ်င္စရာ။
မ်က္ေတာင္ ေကာ့ရေရာ့ႀကီးမ်ားက ပုတ္ခတ္၊ ပုတ္ခတ္။
စိတ္လႈပ္ရွားေနသည္ ထင္၊
"ငါ့ကို ၾကည့္မေနနဲ႔ေလ"
အသံ တိုးတိုးေလးက ႏႈတ္ခမ္းပါးခြၽန္ခြၽန္ေလးမွ ကတိုက္က႐ိုက္ ထြက္လာသည္။
"ဘာလို႔လဲ...ခ်စ္လို႔ဟာကို"
"မၾကည့္နဲ႔"
မ်က္ေစာင္းလွလွက ဒိုင္းခနဲ..
"အင္းပါ"
ကြၽန္ေတာ္ အခ်စ္ကဲ့သို႔ပင္ မ်က္ႏွာၾကက္ကို မ်က္ႏွာမူ ပက္လက္လွန္ လွဲလိုက္သည္။
ပူရွိန္းေနေသာ ေသြးမ်ားက နားထင္နားတြင္ တဒုတ္ဒုတ္ စီးဆင္းေနသလို ခံစားရသည္။
ဟင္း...ခက္ၿပီ
ျပင္းလာေသာ အသက္ရႈသံကို ကြၽန္ေတာ့္ဖာသာ သတိျပဳမိၿပီး ၿငိမ္သက္ဖို႔ ႀကိဳးစားေနမိသည္။
"Se Hun...မင္းဟာႀကီးက ဘာျဖစ္ေနတာလဲ"
အခ်စ္က မ်က္လုံးအစုံတို႔ ျပဴးက်ယ္လ်က္ ကြၽန္ေတာ့္ ခါးေအာက္ပိုင္းကို အလန္႔တၾကား ၾကည့္ေနသည္။
"အင္း...ေတာင္ေနတာ"
ကြၽန္ေတာ္ အနည္းငယ္ ရွက္ရယ္ရယ္ရင္း ေထာင္မတ္ေနေသာ ငယ္ပါကို လက္ႏွင့္ ကိုင္လိုက္မိသည္။
"ဘာေတြ လုပ္ထားတာလဲ"
သူက စိုးရိမ္တႀကီး ၾကည့္ရင္း တိုးတိုး ေမးသည္။
ခက္တာပဲ...အခ်စ္ရယ္...
ကြၽန္ေတာ့္ခ်စ္သူခမ်ာ အာသာပင္ ေျဖဖူးရဲ႕လားမသိ...
"ဘာမွ မလုပ္ထားဘူးေလ...အဲဒါ အခ်စ္ေၾကာင့္ စိတ္ျဖစ္ေနတာ...."
"ဟင္....ငါ ဘာမွ မလုပ္ပါဘူး"
တကယ္ကို ဘာမွ မသိနားမလည္သည့္ အျဖဴထည္ အၾကည့္ႏွင့္ အခ်စ္က ကြၽန္ေတာ့္ကို ျငင္းသည္။
"အား...ခုခ်ိန္မွာ အခ်စ္ ကြၽန္ေတာ့္ကို လည္ပင္းေလးစုပ္လိုက္ရင္ေတာင္ ကြၽန္ေတာ္ အရည္ေတြ ထြက္လာမယ္ ထင္တယ္"
အခ်စ္က ကြၽန္ေတာ့္နားသို႔ တိုးကပ္လာသည္။စူးစမ္းခ်င္သည့္ မ်က္လုံးမ်ားႏွင့္...စိုးရိမ္မႈလည္း တစ္ဝက္ပါမည္ ထင္သည္။
"သူတို႔ အိပ္ေနၿပီ ထင္လား"
"အင္း...အိပ္ၿပီေပါ့...ေသခ်ာတယ္...အသက္ရႈသံကို နားေထာင္ၾကည့္"
"အင္း...."
အခ်စ္က ခန တိတ္ဆိတ္သြားသည္။
"ႏႈတ္ခမ္းဆို အဆင္ေျပမယ္ထင္လား..."
"အင္...ဘာေျပာတာ?."
"ငါ မင္းကို နမ္းခ်င္တာ မဟုတ္ဘူးေနာ္...ကူညီခ်င္လိို႔"
ထို႔ေနာက္ ကြၽန္ေတာ့္ ႏႈတ္ခမ္းေပၚသို႔ သူ႔ႏႈတ္ခမ္းေလးကို ဖြဖြဖိခ်လိုက္ေတာ့သည္။
အား.....ဘယ္လိုလုပ္ရပါ့
အရာအားလုံး တိတ္ဆိတ္လြန္းသြားသည္။
ကြၽန္ေတာ့္ အသက္ရႈသံ ျပင္းျပင္းႏွင့္ သူ႔အသက္ရႈသံ ညင္းညင္းမွ လြဲ၍....
အခ်စ္ရယ္...
"ရၿပီလား"
"ဟင့္အင္း"
ကြၽန္ေတာ္လည္း အေပၚႏႈတ္ခမ္းႏွင့္ ေအာက္ႏႈတ္ခမ္းေလးအား တလွည့္စီ ဖိကိုက္ ေဖာ့ဖိ နမ္းၿပီး ပူရွိန္းနံ႔သင္းေသာ ခံတြင္းထဲသို႔ ကြၽန္ေတာ့္ လွ်ာဖ်ားကို ထိုးထည့္လိုက္မိသည္။
သူက ႐ုတ္တရက္ ဝင္လာသည့္ ကြၽန္ေတာ့္ လွ်ာဖ်ားကို ထိတ္လန္႔ၿပီး အေၾကာက္အကန္ သြားေစ့ထားေသာ္လည္း
ကြၽန္ေတာ္က သူ႔ႏႈတ္ခမ္းေလးအား တဖြဖြ စုပ္ယူနမ္းရႈိက္ေနေသာအခါ အလိုက္တသင့္ ျပန္လည္ခြင့္ျပဳလာခဲ့သည္။
မ်က္လုံးအစုံကို စုံမွိတ္ထားသည့္အခါ.
ဝန္းဝန္းဝိုင္းဝိုင္း သူ႔မ်က္ဝန္းအိမ္မွ ေသြးေၾကာစိမ္းေလးမ်ား...
Gosh....မရေတာ့ဘူး...
လက္ႏွင့္ လုပ္မွ ရေတာ့မည္။အနမ္းမပ်က္ နမ္းေနရင္းမွ လက္တစ္ဖက္ျဖင့္ Boxerထဲမွ ကြၽန္ေတာ့္ ငယ္ပါကို ထုတ္လိုက္မိသည္။
"ဟင္ မင္း မင္း...ဘာလုပ္မလို႔လဲ"
"လက္နဲ႔ လုပ္မလို႔"
"အမ္...ဒီမွာ လုပ္မလို႔လား"
"အင္း လုပ္မွ ရေတာ့မယ္..."
"ခုတင္ႀကီးပါ လႈပ္ေနမွာေပါ့ဟ...Hyungတို႔ ႏိုးသြားလိမ့္မယ္"
"မႏိုးေလာက္ပါဘူး..ျဖည္းျဖည္းေလး လုပ္မယ္"
"ဟာ...မျဖစ္ဘူးေနာ္"
အခ်စ္၏ မ်က္လုံးဝိုင္းဝိုင္း ၾကည္ၾကည္ေလးမွာ မ်က္လုံးျပဴး မ်က္ဆန္ျပဴး ျဖစ္လာသည္။
ကြၽန္ေတာ္ကေတာ့ လုပ္ေတာ့မည္။
"Oh Sehun"
လက္ေခ်ာင္းမ်ားအား စတင္လႈပ္ရွားလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္...အခ်စ္က လွဲေနရာမွ ထထိုင္ၿပီး ကြၽန္ေတာ့္လက္ေကာက္ဝတ္အား ဖမ္းကိုင္သည္။
"ေရခ်ိဳးခန္းထဲ သြား...ငါပါ လိုက္ခဲ့မယ္"