အပိုင်း{၁၅}

6.1K 775 101
                                    

Double Date...?

Double Dateဆိုသောအရာကို ဘယ်လိုစိတ်ကူး...ဘယ်လိုရည်ရွယ်ချက်တွေနဲ့
ဘယ်သူတွေကများ စွန့် ဦးတီထွင်ပြုလုပ်ခဲ့ကြသလဲ...😕

Double Date၏ အနှစ်သာရဆိုသည်မှာ
ဘယ်လိုအရာမျိုးလဲ...?😟

ကျွန်တော်နှင့် Taoကြားတွင်တော့
Double Date၏ အနှစ်သာရမှာ ပြိုင်ဆိုင်ခြင်းသက်သက်သာ ဖြစ်ခဲ့မည်ဟု ကျွန်တော်
ရိပ်ဖမ်းသမ်းဖမ်း တွေးထားခဲ့မိသည်...😑

တကယ်တမ်းကျ...ထိုထက်ပိုပါသည်...

မတူညီသော မမျှတသော...ပြေးလမ်းပေါ်တွင် စကောရွက်ရင်း အပြေးပြိုင်ရသလို ဖြစ်နေသည်
😖
Taoက စကောနေရာဖြစ်၍ Krisရွက်သည့်
နောက် ကျော့ကျော့လေး လိုက်သွားရုံသာဖြစ်
ပြီး...သူနှင့်Krisတို့၏...ပြေးလမ်းက ပထမဆုံးအကြိမ် မဟုတ်တော့ပြီမို့...ဖြူးနေခဲ့သည်...

ကျွန်တော်ကတော့...ပြေးရမည့်သူ...
ပထမဆုံးအကြိမ်မို့ ပြေးလမ်းက အနိမ့်အမြင့်အကွေ့အပတ်...များကို မည်သို့မည်ပုံ ဖြတ်သန်းရမည်လဲ ကျွန်တော် စိတ်လှုပ်ရှားနေခဲ့သည်...
ဖြစ်ချင်တော့ ကျွန်တော့်စကောလေးကလည်း သူ့ပုံစံအတိုင်းပင် ငြိမ်ငြိမ်မနေနိုင်ခဲ့...😖
ကလန်ကဆန်နှင့် သူများနှင့် မတူသဖြင့်
ကျွန်တော့်မှာ ချော့၍ ရွက် ရွက်၍ချော့ရင်း...
မချောသောလမ်းတွင် ပို၍မောခဲ့ရပါသည်...😩

အင်း...

ကျွန်တော့်အတွေ့အကြုံအရ ပြောရလျှင်...

ပထမဆုံးဒိတ်ကို အတွေ့အကြုံရင့်သန်ပြီး ဖြစ်
သောအတွဲနှင့် အတူယှဉ်တွဲဖြတ်သန်းခြင်းကို...
လုံးဝရှောင်ရှားသင့်ပါသည်...😔

ကျောင်းပြန်ဖွင့်ပြီးနောက် နှစ်ပတ်အကြာတွင်
Taoနှင့် ကျွန်တော်၏ အစီအစဉ်ဖြင့် double dateလုပ်ဖို့ ဖြစ်လာခဲ့သည်...

အင်း...တကယ်တမ်းကျ သူနှင့်ကျွန်တော် Date
လုပ်နိုင်ရင် Taoက ကူညီပေးခြင်းဖြစ်ပါသည်...

အိမ်မှထွက်ဖို့ရာက...JunMyeon Hyungကို ပထုတ်နိုင်မည့် အကြောင်းပြချက်ကောင်း
ကောင်း ရှိဖို့လိုသည်...

မဟုတ်လျှင် မာတာမိခင်၏ စိုးရိမ်ပူပန်မှုဖြင့်
ပါလေရာ...Hyungက...အော်တိုမက်တစ်...
လိုက်ပါလာလိမ့်ဦးမည်...သူပါလျှင် Kim Kai
ပါမည်...ဟိုဟာမလုပ်နှင့်...ဒီဟာမလုပ်နှင့်
တားမြစ်ချက်များ လာမည်...အလိုက်မသိခြင်း
များက ပိုးစိုးပက်စက်လာမည်...😣

လူသားတစ်ယောက်ကို ချစ်မိခြင်းOnde as histórias ganham vida. Descobre agora