{UNICODE}
"တီတီတီ တီတီတီ"
နှိုးဆက်မြည်ကို တိမ်ယံကြားနေရပြီ။ သူ့လက်မောင်းလေးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ပုလုံးလေး နိုးသွားမည်စိုးသောကြောင့် လျင်မြန်စွာ ပင် လက်လှမ်းပိတ်လိုက်သည်။
ထိုကောင်လေးကတော့ အိပ်မက်ကမ္ဘာထဲမှာပဲ ပျော်နေသေးသယောင်ရှိသည်...။
တိမ်ယံ့၏ အကြည့်တို့သည် ပန်းဆီရောင်နှုတ်ခမ်းဖူးလေးပေါ်ပဲ ကျရောက်ကြရပြန်သည်။မနက်ခင်းစောစော မို့လားမသိ အရိုင်းစိတ်အချို့ကလည်း ထကြွနေသည်။ တိမ်ယံ့၏ ခန္ဓာကိုယ် အတွင်းရှိ သွေးကြောတို့ကလည်း ပေါက်ထွက်တော့မတက်...
ဒီကလေး သာသာကောင်လေး ကိုတော့ တိမ်ယံယခုချိန်မှာ အသားမယူချင်သေးပါ။ထို့ကြောင့် ဆန္ဒကို သိက္ခာဖြင့် ထိန်းကာ ချက်ချင်း break အုပ်လိုက်ရသည်။
သို့သော်လည်း ချောမွတ်ပြောင်လက်နေတဲ့ နဖူးဖွေးဖွေးလေးကို တော့ ဖွဖွလေး အကြင်နာပေးလိုက်သည်။ ဒီကောင်လေးကတော့ ဘာမှသိဟန်မတူ...။ "အွန်းအွန်း အဲအဲ" အသံထွက်ပြီး တစ်ဖက်သို့ လှည့်သွားလိုက်လေးသည်...။
"မင်းလေးက ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလည်းကွာ..."
တိမ်ယံ တိုးတိုးလေးဆိုလိုက်ပြီးတော့ ပါးလေးကို ဖွဖွညစ်ကာ ခေါင်းကို ညင်ညင်သာသာ မလိုက်ပြီး ခေါင်းအုံးပေါ်တင်ပေးခဲ့လိုက်ပြီး ရေချိုးခန်းထဲသို့၀င်လာခဲ့သည်...။တိမ်ယံကတော့ ထိုကလေးလေးကို စိတ်နှင့်ပင် မပစ်မှားချင်သေး...
တိမ်ယံရေချိုးပြီးထွက်လာ သည်အထိ ပုလုံးလေးကမနိုးသေး..
"ဟိတ် အိပ်ပုတ်တဲ့ကလေးလေး ထတော့ အကိုတို့ ဒီနေ့ flightရှိတယ်လေ ပြီးတော့ ပုလုံးရဲ့ passport ကိစ္စလည်း စီစဉ်ပေးရဦးမယ် ထတော့.."
"ဟာဗျာ အိပ်ချင်သေးတယ်သွားခါနီးမှနှိုး"
အိပ်ချင်မူးတူးလေးဖြင့် နှုတ်ခမ်းလေးဆူကာ ပြောနေသော ထိုကောင်လေးကို ကြည့်ရင်း တိမ်ယံကတော့ အသည်းတွေယားနေလျက်...
"ပုလုံးလေးရေ အချိန်ကို လည်းထကြည့်ပါဦး ။ တော်တော်နီးနေပါပြီ ဆရာလေးရ။ ထထ ရေချိုးတော့။"
ထိုကောင်လေး ဆီကဘာသံမှမထွက်လာတော့...
"ပုလုံးလေး ပုလုံးလေး..."
အသံမထွက်လာတော့လို့ တိမ်ယံ လန့်သွားသည်။ ချက်ချင်းများ မေ့သွားတာလား...
"ဟိတ်ပုလုံးလေး"
အနားရောက်တော့ ထိုအနှီကောင်လေးက ဟောက်ပင်ဟောက်နေလျက်..။ပုလုံး တစ်ယောက် ပြန်ပင် အိပ်ပျော်နေပြီ။
တိမ်ယံတော်တော်လေးရယ်ချင်သွာသည်။ဤကဲ့သို့ ခဏတွင်းချင်းပင် ဟောက်သံထွက်သည် အထိအိပ်ပျော်သည့် လူသားကို တိမ်ယံ မတွေ့ဖူးသေးချေ။
အခုလောလောဆယ်တော့ဒီကောင်လေးကို အလိုလိုက်လို့မရ..လေယာဉ် ချိန်ကလည်း နီးလာပြီ။
တိမ်ယံ ထိုအနှီကောင်လေးကို ဆွဲချီလိုက်သည်။
"ဟာ အကိုဘာလုပ်တာလည်း ကျွန်တော်အိပ်ချင်သေးပါတယ်ဆိုဗျာ..."
"မရတော့ဘူး ကောင်လေး ခဏနေသွားရတော့မှာ အခုစပြင်ဆင်တော့ မှမှီမှာ ပုလုံးလေးက ဒီမှာ နေခဲ့ချင်လို့လား။"
ပုလုံးလေးဆီမှ ဘာသံမှမထွက်လာတော့...။
"အဲ့တာဆိုလည်းလွှတ်ဗျာ။ကိုယ့်ဘာသာဆင်းမယ့်။"
ပုလုံးလေးကတော့ တိမ်ယံ့ကိုဆောင့်အောင့်ကာသာ ရေချိုးခန်းထဲသို့၀င်သွားတော့သည်။
တိမ်ယံကတော့ ပြုံးတုံ့ ပြုံးတုံ့အဖြစ်သာ ကျန်ရစ်ဖြစ်ခဲ့ရတော့သည်။
~~~~~~~~~~~~~~~~
"ပုလုံးလေး ဒီဘက်ကို ကြည့်ပါဦး..အကို့ကို လှည့်ကြည့်ပါဦး။"
ပုလုံးလေးကပြန်မပြော။ထိုကလေးလေးကတော့ စိတ်ကောက်နေသည်တောင် အလွန်ချစ်ဖို့ကောင်းနေသည်။
တိမ်ယံ့၏ shirt ဖြူရှည်ရှည်ကို ဘောင်းဘီရှည်ရှည်ထဲထိုးထည့်ကာ ခါးပတ်ကိုလည်း ကြပ်ကြပ်တပ်ထားရကာ ပိုနေတဲ့ ခါးပတ်ကြိုးလေးကလည်းတွဲလောင်းကျနေလျက်။ဤကဲ့သို့သော် ကပိုကယို အခြေအနေလေးမှာတောင် ပို၍ပင် ချစ်ဖို့ကောင်းနေသေးသည်...
"ပုလုံးလေးက စိတ်ကောက်တတ်တယ်ပေါ့"
"ကျွန်တော်က ယောက်ျားဗျ..။ဘာလို့စိတ်ကောက်ရမှာလည်း။"
ပုလုံးလေးကတော့ ယောက်ျားမာနကြီးသူပင်ဖြစ်ရမည်။ တိမ်ယံကတော့ အချစ်ပင်ပိုနေလျက်..။
"အဲ့တာဆို စိတ်မဆိုးဘူးပေါ့။"
"ဘာကိုစိတ်ဆိုးရမှာလည်း"
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ။"
တိမ်ယံနှင့် ပုလုံးလေး၏ စကားပြောဝိုင်းလေးထဲကိုတော့ နောက်ခန်းတွင်ထိုင်နေသော ကြီးမေက၀င်မပါခဲ့။တစ်ခုခုကိုတော့ သတိထားမိနေဟန်။တိမ်ယံ့ကို မွေးစကတည်းက စောင့်ရှောက်နေခဲ့ရသူမဟုတ်လား..။
လေယာဉ်ပေါ်က ခရီးစဉ်တစ်လျှောက်လုံးမှာတော့ ပုလုံးလေး ကအိပ်လျက်ပင်လိုက်လာခဲ့သည်။ တော်တော်အိပ်နိုင်တဲ့ ကလေးလေး...
"ပုလုံးလေး... ပုလုံးလေး ထတော့ လေယာဉ်ဆင်းခါနီးပြီ။"
"ဟုတ်ဟုတ်။"
တိမ်ယံ towerတစ်ခုကိုထုတ်လိုက်ပြီး ပုလုံးလေးရဲ့ မျက်နှာကို ဖွဖွလေး သုတ်ပေးလိုက်သည်။ဤကဲ့သို့သော အခြေအနေမျိုးတိုင်းတွင် ပုလုံးလေးက ငြိမ်နေတတ်ပြီး ပါးနုနုလေးက ရဲနေတတ်သည်။
တိမ်ယံကတော့ သူ ထာ၀ရပိုင်ဆိုင်ခွင့်ရမယ့် အရုပ်ကလေးအဖြစ် သိမ်းထားချင်နေမိသည်။
~~~~~~~~
"ပေးပေး ပုလုံးလေး အကို့ကို အိတ်တွေပေး ။ အကိုပဲသယ်မယ်။"
"ဟာရပါတယ်ဗျာ ကျွန်တော်လည်းနိုင်ပါတယ်ဗျ"
ဒီကလေးလေးကတော့ လူကြီးအရမ်းဖြစ်ချင်နေပုံထောက်သည်။
"ဟေ့ တိမ်ယံ ငါဒီမှာ"
"ဪအေး ရဲထက် လာပြီ။လာ ပုလုံးလေး အကို့သူငယ်ချင်းကခေါ်နေပြီ အကိုပဲသယ်ခဲ့မယ်လာ။"
တိမ်ယံက အိတ်တွေကိုဆွဲပြီး ရှေ့ကထွက်လာနှင့်လိုက်သည်။ နောက်ကနေတော့ ခပ်ဆောင့်ဆောင့် လိုက်လျှောက်လာသည့်အသံကြားတော့ တိမ်ယံ ပြုံးမိပါသေးသည်။
"ဒီကလေးကတော့ တော်တော် စိတ်ကောက်တတ်တာပဲ.."
"ရဲထက် စောင့်နေရတာ ကြာပြီလား.."
"မကြာသေးပါဘူးကွာ..အစောနကပဲ ရောက်တာ မင်းဧည့်သည်တစ်ယောက်ပါလာတယ်ဆို ငါငါ့သူငယ်ချင်း တစ်ယောက်ကို အကူအညီတောင်းလာတယ်"
"အေးပါကွာ ကျေးဇူးပဲ ငါလည်း မထင်မှတ်ပဲ ဧည့်သည်လေးတစ်ယောက်ကို ကောက်ရလာလို့ပါကွာ..."
တိမ်ယံက ရဲထက်ကို နှုတ်ခမ်းလေးဆူပြီး တစ်ဖက်သို့လှည့်ကာ လက်ပိုက်ထားသော ကောင်လေးကို မေးငေါ့ ပြလိုက်တော့ ရဲထက်ကလည်း နားလည်သွားဟန်။
"မင်းကောက်ရလာတဲ့ ဧည့်သည်လေးကချစ်စရာလေးပါလားကွ။"
"အေးတော်တော်ချစ်ဖို့ကောင်းတာကွ။အဲ့တာကြောင့်ငါက အပိုင်တောင်သိမ်းထားချင်တာ.."
ထိုစကားကိုကြားတော့ ပုလုံးလေးက တိမ်ယံ့ကို ဇက်ခနဲ လှည့်ကြည့်လာသည်။
"စတာပါကွာ စတာစတာ။"
တိမ်ယံက စပ်ဖြည်းဖြည်းလုပ်ကာသာ မျက်နှာချိုသွေးလိုက်သည်။
"ရဲထက် ငါတို့နှစ်ယောက်အတွက် မင်းကားကို ခဏငှားကွာ။ ကြီးမေကို မင်းက မင်းသူငယ်ချင်းကားနဲ့ တောင်ပေါ်ခေါ်သွားပေး။ ငါဒီကောင်လေးကို တောင်ပေါ်ရောက်ရင်လိုက်ချော့ပေးလိုက်ဦးမယ်။"
"ဪမင်းက သူနဲ့ဒိတ်ချင်လို့ ကြီးမေကိုတောင် ပထုတ်တတ်နေပြီပေါ့။"
"ဟာကွာ မဟုတ်ပါဘူး ငါက ကြီးမေကို အမေလိုတောင်ချစ်တာပါကွ။ ပြီးတော့ ကြီးမေကိုလည်း ခရီးပန်းပြီး ပင်ပန်းနေမှာစိုးလို့။ဒီအိပ်ပုတ်လေးကတော့ ပင်ပန်းမှာ မဟုတ်ဘူး တစ်လျှောက်လုံး အိပ်လာလို့လေ။"
"အေးပါကွာ အဲ့တာဆို ရော့ဒီမှာသော့။ "
"အေးအေး ကျေးဇူးကွာ အဲ့တာဆို ငါတို့သွားပြီ။"
"ဟေးဟေးနေပါဦးကွ ခဏ"
ရဲထက်က အရေးတစ်ကြီးပုံစံဖြင့်ပင် လှမ်းခေါ်နေသည်။
"ဘာလည်းကွ ရဲထက်အလန့်တကြားနဲ့"
"မ မဟုတ်ပါဘူးကွ ဟို ဟိုလေ"
"ပြောမှာဖြင့်မြန်မြန်ပြောပါကွာ ညနေစောင်းသွားလိမ့်မယ်ကွ"
"အေး ဟိုလေ ဟို မင်းခန့်ရော ထိုင်းမှာ အဆင်ပြေနေလားလို့"
"ဪ ဘာများလည်းလို့ ရဲထက်ရယ် မင်းယောက်ျားလေးက အဆင်ပြေနေပါတယ်ကွ"
"ဘာယောက်ျားလည်း မင်းခန့်ကအဲ့လိုပြောရင် မကြိုက်ဘူး မစစမ်းပါနဲ့ကွာ။"
"ဟုတ်ပါပြီကွာ မင်းတို့ကလည်း သူငယ်ချင်း တွေဖြစ်ပြီး အဆက်အသွယ်လေးလုပ်ကြပါဦးကွာ..."
"အေးအေး လုပ်မှာပါကွာ..ကျေးဇူးပဲ မင်းတို့သွားလို့ရပြီ ငါလည်းသွားတော့မယ် တောင်ကြီးရောက်မှ တွေ့မယ် သူငယ်ချင်း"
"အေးအေး"
တိမ်ယံကတော့ ရဲထက်ကိုသနားနေမိသည်..။
ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ သူငယ်ချင်းကို ဖွင့်ပြောမိခဲ့ ရဲထက်တစ်ယောက်ကတော့ ယခုမှာ ထိုသူငယ်ချင်းရဲ့ အဆက်အသွယ်ဖြတ်ခြင်းကိုခံနေရသည်။ တိမ်ယံ မင်းခန့်ကို သိမ်းသွင်းကြည့်သေးသော်လည်း ခေါင်းမာ လွန်းတဲ့ မင်းခန့်ကတော့ ဂရုပင်မစိုက်...။
မင်းလည်းကံကောင်းပါစေ သူငယ်ချင်းရာ...။
~~~~~~~~~
တိမ်ယံ ဘက်မှန်ကနေ အနောက်ကို သတိထားကြည့်မိသည်။ ကားအနက်ရောင်တစ်စီးက သူတို့ကားနောက်ကို ထပ်ကြပ်မကွာ လိုက်လာနေသည်။တိမ်ယံ အနည်းငယ်ထိန့်လန့်နေမိသည်။
သူတစ်ယောက်တည်း ဆိုလျှင်ကိစ္စမရှိ။သူ့ဘေးက ဘာအပြစ်မှမရှိတဲ့ ကလေးတစ်ယောက်ကိုတော့ သူတို့ကိစ္စ ထဲကို ထည့်မသွင်းချင်...။
တိမ်ယံကားကို အရှိန်နည်းနည်း မြှင့်ကာ မောင်းနှင်လိုက်သည်..။မြို့ထဲလည်း ၀င်ခါနီးနေပြီဆိုတော့ တိမ်ယံ ခပ်မြန်မြန်မောင်းပြီး မျက်ခြေဖျောက်ရန်သာ ကြိုးစားကြည့်လိုက်သည်။
သို့သော်ထင်သည့်အတိုင်း ဖြစ်မလာ...ကားက ထပ်ကြပ်မကွာ လိုက်နေဆဲပင်
တိမ်ယံရှေ့နားခပ်လှမ်းလှမ်းက အဆောက်အအုံ ပျက်ကြီးတစ်ခုကို မြင်လိုက်သည်... ။ရှေ့က ကားတွေနဲ့ တိမ်ယံ၀င်ရော လိုက်ပြီး အဆောက်အအုံ ကြီးဆီ သို့ အလျင်အမြန်ဦးတည်လိုက်သည်။ထို အဆောက်အအုံ၏ နောက်ဘက်နားထိ ကားကို သွားရပ်လိုက်ပြီး ပုလုံးလေးကို လက်ဆွဲ ပြီး အဆောက်အအုံနောက်က ပန်းခြံအကျယ်ကြီးလိုလို နေရာမှာ ပုန်းရန် ပြေးသွားလိုက်သည်။
"အကို အကို ဘာလုပ်တာလည်းဗျ...။"
"ခဏပဲ ပုလုံးလေး ခဏ ငြိမ်ငြိမ်လေး..."
ထိုကလေးလေးက စကားတော့နားထောင်သည်။ အသံကိုပင် မထွက်တော့။မကြာမီမှာ ပင် ကားတစ်စီး ထို အဆောက်အအုံ ၏ ရှေ့မှာပင် ထိုးရပ်လိုက်တဲ့အသံကိုကြားလိုက်ရသည်။
တိမ်ယံ ပုလုံးလေးကို တင်းတင်းဖက်မိထားသည်။ ပုလုံးလေးကလည်း ငြိမ်နေလျက်..။
"ဒီကောင် ဒီနားလေးကို၀င်သွားတာငါ မြင်တယ်။ပုန်းနေတာပဲနေမှာ ချက်ချင်းတွေ့အောင်ရှာကြ"။
ထို့နောက် ခြေသံ ခပ်အုပ်အုပ်များကို စကြားရတော့သည်။တိမ်ယံ ပုလုံးလေးကို တင်းသထက် တင်းအောင်ဖက်ထားမိသည်။
"ဆရာရေ ကားက ဟိုဖက်ကိုမောင်းသွားတာ.."
တပည့်ဖြစ်ပုံရတဲ့ တစ်ယောက်ကအော်လိုက်တာကြောင့် ကျန်တဲ့သူတွေကလည်း ရှာနေရာက တန့်သွားကြပြီး ခြေသံတွေကလည်း တိမ်ယံတို့အပါးမှ ပြန်ဝေးကွာသွားကြသည်။
"ပုလုံးလေး အကိုတို့သွားကြည့်ရအောင် ဟိုလူတွေသွားပြီထင်တယ်.."
ဒီနေ့တနေ့လုံးကတော့ ကလေးလေးနဲ့ ပျော်စရာတွေပဲ လုပ်မယ်လို့တွေးထားသမျှ တော့ ရေစုန်မျှောလေပြီ။တိမ်ယံ လေပူတစ်ချက်ကိုသာ ဟူးခနဲမှုတ်ထုတ်လိုက်တော့သည်။ ပုလုံးလေးကတော့ လန့်နေလို့လားမသိ ထပ်အိပ်သွားပြန်ပြီ...
အကို မင်းကို တစ်သက်လုံး ပျော်အောင်ထားပြီး အကို့အနားမှာပဲ နေခိုင်းစေချင်တာပါကွာ....။
~~~~~~~~~~~
Votesတွေနဲ့ commentsတွေအတွက်လည်းကျေးဇူးတင်ပါတယ်ဗျ။နောက်အပိုင်းတွေလည်းဆက်ပြီးဖတ်ရှုပေးပါဦးဗျ💙
{ZAWGYI}
"တီတီတီ တီတီတီ"
ႏွိုးဆက္ျမည္ကို တိမ္ယံၾကားေနရၿပီ။ သူ႔လက္ေမာင္းေလးေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ ပုလုံးေလး နိုးသြားမည္စိုးေသာေၾကာင့္ လ်င္ျမန္စြာ ပင္ လက္လွမ္းပိတ္လိုက္သည္။
ထိုေကာင္ေလးကေတာ့ အိပ္မက္ကမၻာထဲမွာပဲ ေပ်ာ္ေနေသးသေယာင္ရွိသည္...။
တိမ္ယံ့၏ အၾကည့္တို႔သည္ ပန္းဆီေရာင္ႏႈတ္ခမ္းဖူးေလးေပၚပဲ က်ေရာက္ၾကရျပန္သည္။မနက္ခင္းေစာေစာ မို႔လားမသိ အရိုင္းစိတ္အခ်ိဳ႕ကလည္း ထႂကြေနသည္။ တိမ္ယံ့၏ ခႏၶာကိုယ္ အတြင္းရွိ ေသြးေၾကာတို႔ကလည္း ေပါက္ထြက္ေတာ့မတက္...
ဒီကေလး သာသာေကာင္ေလး ကိုေတာ့ တိမ္ယံယခုခ်ိန္မွာ အသားမယူခ်င္ေသးပါ။ထို႔ေၾကာင့္ ဆႏၵကို သိကၡာျဖင့္ ထိန္းကာ ခ်က္ခ်င္း break အုပ္လိုက္ရသည္။
သို႔ေသာ္လည္း ေခ်ာမြတ္ေျပာင္လက္ေနတဲ့ နဖူးေဖြးေဖြးေလးကို ေတာ့ ဖြဖြေလး အၾကင္နာေပးလိုက္သည္။ ဒီေကာင္ေလးကေတာ့ ဘာမွသိဟန္မတူ...။ "အြန္းအြန္း အဲအဲ" အသံထြက္ၿပီး တစ္ဖက္သို႔ လွည့္သြားလိုက္ေလးသည္...။
"မင္းေလးက ဘာလို႔အဲ့ေလာက္ခ်စ္ဖို႔ေကာင္းေနရတာလည္းကြာ..."
တိမ္ယံ တိုးတိုးေလးဆိုလိုက္ၿပီးေတာ့ ပါးေလးကို ဖြဖြညစ္ကာ ေခါင္းကို ညင္ညင္သာသာ မလိုက္ၿပီး ေခါင္းအုံးေပၚတင္ေပးခဲ့လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔၀င္လာခဲ့သည္...။တိမ္ယံကေတာ့ ထိုကေလးေလးကို စိတ္ႏွင့္ပင္ မပစ္မွားခ်င္ေသး...
တိမ္ယံေရခ်ိဳးၿပီးထြက္လာ သည္အထိ ပုလုံးေလးကမနိုးေသး..
"ဟိတ္ အိပ္ပုတ္တဲ့ကေလးေလး ထေတာ့ အကိုတို႔ ဒီေန႔ flightရွိတယ္ေလ ၿပီးေတာ့ ပုလုံးရဲ့ passport ကိစၥလည္း စီစဥ္ေပးရဦးမယ္ ထေတာ့.."
"ဟာဗ်ာ အိပ္ခ်င္ေသးတယ္သြားခါနီးမွႏွိုး"
အိပ္ခ်င္မူးတူးေလးျဖင့္ ႏႈတ္ခမ္းေလးဆူကာ ေျပာေနေသာ ထိုေကာင္ေလးကို ၾကည့္ရင္း တိမ္ယံကေတာ့ အသည္းေတြယားေနလ်က္...
"ပုလုံးေလးေရ အခ်ိန္ကို လည္းထၾကည့္ပါဦး ။ ေတာ္ေတာ္နီးေနပါၿပီ ဆရာေလးရ။ ထထ ေရခ်ိဳးေတာ့။"
ထိုေကာင္ေလး ဆီကဘာသံမွမထြက္လာေတာ့...
"ပုလုံးေလး ပုလုံးေလး..."
အသံမထြက္လာေတာ့လို႔ တိမ္ယံ လန႔္သြားသည္။ ခ်က္ခ်င္းမ်ား ေမ့သြားတာလား...
"ဟိတ္ပုလုံးေလး"
အနားေရာက္ေတာ့ ထိုအႏွီေကာင္ေလးက ေဟာက္ပင္ေဟာက္ေနလ်က္..။ပုလုံး တစ္ေယာက္ ျပန္ပင္ အိပ္ေပ်ာ္ေနၿပီ။
တိမ္ယံေတာ္ေတာ္ေလးရယ္ခ်င္သြာသည္။ဤကဲ့သို႔ ခဏတြင္းခ်င္းပင္ ေဟာက္သံထြက္သည္ အထိအိပ္ေပ်ာ္သည့္ လူသားကို တိမ္ယံ မေတြ႕ဖူးေသးေခ်။
အခုေလာေလာဆယ္ေတာ့ဒီေကာင္ေလးကို အလိုလိုက္လို႔မရ..ေလယာဥ္ ခ်ိန္ကလည္း နီးလာၿပီ။
တိမ္ယံ ထိုအႏွီေကာင္ေလးကို ဆြဲခ်ီလိုက္သည္။
"ဟာ အကိုဘာလုပ္တာလည္း ကၽြန္ေတာ္အိပ္ခ်င္ေသးပါတယ္ဆိုဗ်ာ..."
"မရေတာ့ဘူး ေကာင္ေလး ခဏေနသြားရေတာ့မွာ အခုစျပင္ဆင္ေတာ့ မွမွီမွာ ပုလုံးေလးက ဒီမွာ ေနခဲ့ခ်င္လို႔လား။"
ပုလုံးေလးဆီမွ ဘာသံမွမထြက္လာေတာ့...။
"အဲ့တာဆိုလည္းလႊတ္ဗ်ာ။ကိုယ့္ဘာသာဆင္းမယ့္။"
ပုလုံးေလးကေတာ့ တိမ္ယံ့ကိုေဆာင့္ေအာင့္ကာသာ ေရခ်ိဳးခန္းထဲသို႔၀င္သြားေတာ့သည္။
တိမ္ယံကေတာ့ ျပဳံးတုံ႔ ျပဳံးတုံ႔အျဖစ္သာ က်န္ရစ္ျဖစ္ခဲ့ရေတာ့သည္။
~~~~~~~~~~~~~~~~
"ပုလုံးေလး ဒီဘက္ကို ၾကည့္ပါဦး..အကို႔ကို လွည့္ၾကည့္ပါဦး။"
ပုလုံးေလးကျပန္မေျပာ။ထိုကေလးေလးကေတာ့ စိတ္ေကာက္ေနသည္ေတာင္ အလြန္ခ်စ္ဖို႔ေကာင္းေနသည္။
တိမ္ယံ့၏ shirt ျဖဴရွည္ရွည္ကို ေဘာင္းဘီရွည္ရွည္ထဲထိုးထည့္ကာ ခါးပတ္ကိုလည္း ၾကပ္ၾကပ္တပ္ထားရကာ ပိုေနတဲ့ ခါးပတ္ႀကိဳးေလးကလည္းတြဲေလာင္းက်ေနလ်က္။ဤကဲ့သို႔ေသာ္ ကပိုကယို အေျခအေနေလးမွာေတာင္ ပို၍ပင္ ခ်စ္ဖို႔ေကာင္းေနေသးသည္...
"ပုလုံးေလးက စိတ္ေကာက္တတ္တယ္ေပါ့"
"ကၽြန္ေတာ္က ေယာက္်ားဗ်..။ဘာလို႔စိတ္ေကာက္ရမွာလည္း။"
ပုလုံးေလးကေတာ့ ေယာက္်ားမာနႀကီးသူပင္ျဖစ္ရမည္။ တိမ္ယံကေတာ့ အခ်စ္ပင္ပိုေနလ်က္..။
"အဲ့တာဆို စိတ္မဆိုးဘူးေပါ့။"
"ဘာကိုစိတ္ဆိုးရမွာလည္း"
"ဟုတ္ပါၿပီဗ်ာ ဟုတ္ပါၿပီ။"
တိမ္ယံႏွင့္ ပုလုံးေလး၏ စကားေျပာဝိုင္းေလးထဲကိုေတာ့ ေနာက္ခန္းတြင္ထိုင္ေနေသာ ႀကီးေမက၀င္မပါခဲ့။တစ္ခုခုကိုေတာ့ သတိထားမိေနဟန္။တိမ္ယံ့ကို ေမြးစကတည္းက ေစာင့္ေရွာက္ေနခဲ့ရသူမဟုတ္လား..။
ေလယာဥ္ေပၚက ခရီးစဥ္တစ္ေလၽွာက္လုံးမွာေတာ့ ပုလုံးေလး ကအိပ္လ်က္ပင္လိုက္လာခဲ့သည္။ ေတာ္ေတာ္အိပ္နိုင္တဲ့ ကေလးေလး...
"ပုလုံးေလး... ပုလုံးေလး ထေတာ့ ေလယာဥ္ဆင္းခါနီးၿပီ။"
"ဟုတ္ဟုတ္။"
တိမ္ယံ towerတစ္ခုကိုထုတ္လိုက္ၿပီး ပုလုံးေလးရဲ့ မ်က္ႏွာကို ဖြဖြေလး သုတ္ေပးလိုက္သည္။ဤကဲ့သို႔ေသာ အေျခအေနမ်ိဳးတိုင္းတြင္ ပုလုံးေလးက ၿငိမ္ေနတတ္ၿပီး ပါးႏုႏုေလးက ရဲေနတတ္သည္။
တိမ္ယံကေတာ့ သူ ထာ၀ရပိုင္ဆိုင္ခြင့္ရမယ့္ အ႐ုပ္ကေလးအျဖစ္ သိမ္းထားခ်င္ေနမိသည္။
~~~~~~~~
"ေပးေပး ပုလုံးေလး အကို႔ကို အိတ္ေတြေပး ။ အကိုပဲသယ္မယ္။"
"ဟာရပါတယ္ဗ်ာ ကၽြန္ေတာ္လည္းနိုင္ပါတယ္ဗ်"
ဒီကေလးေလးကေတာ့ လူႀကီးအရမ္းျဖစ္ခ်င္ေနပုံေထာက္သည္။
"ေဟ့ တိမ္ယံ ငါဒီမွာ"
"ဪေအး ရဲထက္ လာၿပီ။လာ ပုလုံးေလး အကို႔သူငယ္ခ်င္းကေခၚေနၿပီ အကိုပဲသယ္ခဲ့မယ္လာ။"
တိမ္ယံက အိတ္ေတြကိုဆြဲၿပီး ေရွ႕ကထြက္လာႏွင့္လိုက္သည္။ ေနာက္ကေနေတာ့ ခပ္ေဆာင့္ေဆာင့္ လိုက္ေလၽွာက္လာသည့္အသံၾကားေတာ့ တိမ္ယံ ျပဳံးမိပါေသးသည္။
"ဒီကေလးကေတာ့ ေတာ္ေတာ္ စိတ္ေကာက္တတ္တာပဲ.."
"ရဲထက္ ေစာင့္ေနရတာ ၾကာၿပီလား.."
"မၾကာေသးပါဘူးကြာ..အေစာနကပဲ ေရာက္တာ မင္းဧည့္သည္တစ္ေယာက္ပါလာတယ္ဆို ငါငါ့သူငယ္ခ်င္း တစ္ေယာက္ကို အကူအညီေတာင္းလာတယ္"
"ေအးပါကြာ ေက်းဇူးပဲ ငါလည္း မထင္မွတ္ပဲ ဧည့္သည္ေလးတစ္ေယာက္ကို ေကာက္ရလာလို႔ပါကြာ..."
တိမ္ယံက ရဲထက္ကို ႏႈတ္ခမ္းေလးဆူၿပီး တစ္ဖက္သို႔လွည့္ကာ လက္ပိုက္ထားေသာ ေကာင္ေလးကို ေမးေငါ့ ျပလိုက္ေတာ့ ရဲထက္ကလည္း နားလည္သြားဟန္။
"မင္းေကာက္ရလာတဲ့ ဧည့္သည္ေလးကခ်စ္စရာေလးပါလားကြ။"
"ေအးေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတာကြ။အဲ့တာေၾကာင့္ငါက အပိုင္ေတာင္သိမ္းထားခ်င္တာ.."
ထိုစကားကိုၾကားေတာ့ ပုလုံးေလးက တိမ္ယံ့ကို ဇက္ခနဲ လွည့္ၾကည့္လာသည္။
"စတာပါကြာ စတာစတာ။"
တိမ္ယံက စပ္ျဖည္းျဖည္းလုပ္ကာသာ မ်က္ႏွာခ်ိဳေသြးလိုက္သည္။
"ရဲထက္ ငါတို႔ႏွစ္ေယာက္အတြက္ မင္းကားကို ခဏငွားကြာ။ ႀကီးေမကို မင္းက မင္းသူငယ္ခ်င္းကားနဲ႔ ေတာင္ေပၚေခၚသြားေပး။ ငါဒီေကာင္ေလးကို ေတာင္ေပၚေရာက္ရင္လိုက္ေခ်ာ့ေပးလိုက္ဦးမယ္။"
"ဪမင္းက သူနဲ႔ဒိတ္ခ်င္လို႔ ႀကီးေမကိုေတာင္ ပထုတ္တတ္ေနၿပီေပါ့။"
"ဟာကြာ မဟုတ္ပါဘူး ငါက ႀကီးေမကို အေမလိုေတာင္ခ်စ္တာပါကြ။ ၿပီးေတာ့ ႀကီးေမကိုလည္း ခရီးပန္းၿပီး ပင္ပန္းေနမွာစိုးလို႔။ဒီအိပ္ပုတ္ေလးကေတာ့ ပင္ပန္းမွာ မဟုတ္ဘူး တစ္ေလၽွာက္လုံး အိပ္လာလို႔ေလ။"
"ေအးပါကြာ အဲ့တာဆို ေရာ့ဒီမွာေသာ့။ "
"ေအးေအး ေက်းဇူးကြာ အဲ့တာဆို ငါတို႔သြားၿပီ။"
"ေဟးေဟးေနပါဦးကြ ခဏ"
ရဲထက္က အေရးတစ္ႀကီးပုံစံျဖင့္ပင္ လွမ္းေခၚေနသည္။
"ဘာလည္းကြ ရဲထက္အလန႔္တၾကားနဲ႔"
"မ မဟုတ္ပါဘူးကြ ဟို ဟိုေလ"
"ေျပာမွာျဖင့္ျမန္ျမန္ေျပာပါကြာ ညေနေစာင္းသြားလိမ့္မယ္ကြ"
"ေအး ဟိုေလ ဟို မင္းခန႔္ေရာ ထိုင္းမွာ အဆင္ေျပေနလားလို႔"
"ဪ ဘာမ်ားလည္းလို႔ ရဲထက္ရယ္ မင္းေယာက္်ားေလးက အဆင္ေျပေနပါတယ္ကြ"
"ဘာေယာက္်ားလည္း မင္းခန႔္ကအဲ့လိုေျပာရင္ မႀကိဳက္ဘူး မစစမ္းပါနဲ႔ကြာ။"
"ဟုတ္ပါၿပီကြာ မင္းတို႔ကလည္း သူငယ္ခ်င္း ေတြျဖစ္ၿပီး အဆက္အသြယ္ေလးလုပ္ၾကပါဦးကြာ..."
"ေအးေအး လုပ္မွာပါကြာ..ေက်းဇူးပဲ မင္းတို႔သြားလို႔ရၿပီ ငါလည္းသြားေတာ့မယ္ ေတာင္ႀကီးေရာက္မွ ေတြ႕မယ္ သူငယ္ခ်င္း"
"ေအးေအး"
တိမ္ယံကေတာ့ ရဲထက္ကိုသနားေနမိသည္..။
ခံစားခ်က္ေတြကို မထိန္းခ်ဳပ္နိုင္ဘဲ သူငယ္ခ်င္းကို ဖြင့္ေျပာမိခဲ့ ရဲထက္တစ္ေယာက္ကေတာ့ ယခုမွာ ထိုသူငယ္ခ်င္းရဲ့ အဆက္အသြယ္ျဖတ္ျခင္းကိုခံေနရသည္။ တိမ္ယံ မင္းခန႔္ကို သိမ္းသြင္းၾကည့္ေသးေသာ္လည္း ေခါင္းမာ လြန္းတဲ့ မင္းခန႔္ကေတာ့ ဂ႐ုပင္မစိုက္...။
မင္းလည္းကံေကာင္းပါေစ သူငယ္ခ်င္းရာ...။
~~~~~~~~~
တိမ္ယံ ဘက္မွန္ကေန အေနာက္ကို သတိထားၾကည့္မိသည္။ ကားအနက္ေရာင္တစ္စီးက သူတို႔ကားေနာက္ကို ထပ္ၾကပ္မကြာ လိုက္လာေနသည္။တိမ္ယံ အနည္းငယ္ထိန႔္လန႔္ေနမိသည္။
သူတစ္ေယာက္တည္း ဆိုလၽွင္ကိစၥမရွိ။သူ႔ေဘးက ဘာအျပစ္မွမရွိတဲ့ ကေလးတစ္ေယာက္ကိုေတာ့ သူတို႔ကိစၥ ထဲကို ထည့္မသြင္းခ်င္...။
တိမ္ယံကားကို အရွိန္နည္းနည္း ျမႇင့္ကာ ေမာင္းႏွင္လိုက္သည္..။ၿမိဳ႕ထဲလည္း ၀င္ခါနီးေနၿပီဆိုေတာ့ တိမ္ယံ ခပ္ျမန္ျမန္ေမာင္းၿပီး မ်က္ေျခေဖ်ာက္ရန္သာ ႀကိဳးစားၾကည့္လိုက္သည္။
သို႔ေသာ္ထင္သည့္အတိုင္း ျဖစ္မလာ...ကားက ထပ္ၾကပ္မကြာ လိုက္ေနဆဲပင္
တိမ္ယံေရွ႕နားခပ္လွမ္းလွမ္းက အေဆာက္အအုံ ပ်က္ႀကီးတစ္ခုကို ျမင္လိုက္သည္... ။ေရွ႕က ကားေတြနဲ႔ တိမ္ယံ၀င္ေရာ လိုက္ၿပီး အေဆာက္အအုံ ႀကီးဆီ သို႔ အလ်င္အျမန္ဦးတည္လိုက္သည္။ထို အေဆာက္အအုံ၏ ေနာက္ဘက္နားထိ ကားကို သြားရပ္လိုက္ၿပီး ပုလုံးေလးကို လက္ဆြဲ ၿပီး အေဆာက္အအုံေနာက္က ပန္းၿခံအက်ယ္ႀကီးလိုလို ေနရာမွာ ပုန္းရန္ ေျပးသြားလိုက္သည္။
"အကို အကို ဘာလုပ္တာလည္းဗ်...။"
"ခဏပဲ ပုလုံးေလး ခဏ ၿငိမ္ၿငိမ္ေလး..."
ထိုကေလးေလးက စကားေတာ့နားေထာင္သည္။ အသံကိုပင္ မထြက္ေတာ့။မၾကာမီမွာ ပင္ ကားတစ္စီး ထို အေဆာက္အအုံ ၏ ေရွ႕မွာပင္ ထိုးရပ္လိုက္တဲ့အသံကိုၾကားလိုက္ရသည္။
တိမ္ယံ ပုလုံးေလးကို တင္းတင္းဖက္မိထားသည္။ ပုလုံးေလးကလည္း ၿငိမ္ေနလ်က္..။
"ဒီေကာင္ ဒီနားေလးကို၀င္သြားတာငါ ျမင္တယ္။ပုန္းေနတာပဲေနမွာ ခ်က္ခ်င္းေတြ႕ေအာင္ရွာၾက"။
ထို႔ေနာက္ ေျခသံ ခပ္အုပ္အုပ္မ်ားကို စၾကားရေတာ့သည္။တိမ္ယံ ပုလုံးေလးကို တင္းသထက္ တင္းေအာင္ဖက္ထားမိသည္။
"ဆရာေရ ကားက ဟိုဖက္ကိုေမာင္းသြားတာ.."
တပည့္ျဖစ္ပုံရတဲ့ တစ္ေယာက္ကေအာ္လိုက္တာေၾကာင့္ က်န္တဲ့သူေတြကလည္း ရွာေနရာက တန႔္သြားၾကၿပီး ေျခသံေတြကလည္း တိမ္ယံတို႔အပါးမွ ျပန္ေဝးကြာသြားၾကသည္။
"ပုလုံးေလး အကိုတို႔သြားၾကည့္ရေအာင္ ဟိုလူေတြသြားၿပီထင္တယ္.."
ဒီေန႔တေန႔လုံးကေတာ့ ကေလးေလးနဲ႔ ေပ်ာ္စရာေတြပဲ လုပ္မယ္လို႔ေတြးထားသမၽွ ေတာ့ ေရစုန္ေမၽွာေလၿပီ။တိမ္ယံ ေလပူတစ္ခ်က္ကိုသာ ဟူးခနဲမႈတ္ထုတ္လိုက္ေတာ့သည္။ ပုလုံးေလးကေတာ့ လန႔္ေနလို႔လားမသိ ထပ္အိပ္သြားျပန္ၿပီ...
အကို မင္းကို တစ္သက္လုံး ေပ်ာ္ေအာင္ထားၿပီး အကို႔အနားမွာပဲ ေနခိုင္းေစခ်င္တာပါကြာ....။
~~~~~~~~~~~
Votesေတြနဲ႔ commentsေတြအတြက္လည္းေက်းဇူးတင္ပါတယ္ဗ်။ေနာက္အပိုင္းေတြလည္းဆက္ၿပီးဖတ္ရႈေပးပါဦးဗ်💙