ညီမ်ွျခင္​း=မ်ဥ္​းၿပိဳင္​

By PyarrYee143

37.8K 2.5K 223

သူငယ္ခ်င္းသံေယာဇဥ္ကိုပဲ အျဖဴေရာင္သက္သက္ဟု ထင္ခဲ့မိေသာ ေကာင္ေလးႏွစ္ေယာက္ ..... More

1(Zawgyi/ Unicode)
2(Zawgyi/ Unicode)
3(Zawgyi/ Unicode)
4(Zawgyi/ Unicode)
5(Zawgyi/ Unicode)
6(Zawgyi/ Unicode)
7(Zawgyi/ Unicode)
8(Zawgyi/ Unicode)
9(Zawgyi/ Unicode)
10(Zawgyi/ Unicode)
11(Zawgyi +Uni)
အ​ေခ်ာ​ေလး ရဲ႕ ​ေမတၱာရပ္​ခံခ်က္​ 😛
12(Zawgyi +Uni)
13(Zawgyi+Uni )
14(Zawgyi+Uni)
15(Z+U)
16(Z+U)
17(Z+U)
18(Z+U)
19 (Z+U)
20(Z+U)
21(Z+U)
22(Z+U)
23(Z+U)
25 (Zawgyi)
25 (Uni)
26 (zawgyi+uni )
27 (Z+U)
28 (Z+U )
29(Z+U)
30 (Z+U)
31(Z+U)
" 32 " အဆံုးသတ္ျခင္း တစ္နည္း ဇာတ္သိမ္းျခင္း (Z+U)

24 (Z+U)

565 50 13
By PyarrYee143

တကယ္ပါ
သူက အရင္ကလိုပဲ
နႈတ္ဆက္ ရမွာကို ေၾကာက္သလား မသိ ေပမဲ့
နႈတ္မဆက္ပဲ သူ ထြက္သြားျပန္ပါၿပီ ။

ဒီလိုနဲ႔ပဲ ေဝးကြာေစဖို႔လမ္းစက ေဝဝါးေနရာက
အေမွာင္ထဲ မိုးႀကိဳးပစ္သလို ျပတ္ျပတ္ထင္ထင္
ျမင္ လာရသည္ ။

ကြၽန္ေတာ္ မေတာင္းဆိုလိုပါဘူး
သူအၿမဲ အနားမွာရွိရမယ္လို႔ ။

ကြၽန္ေတာ္ ခ်စ္ေၾကာင္းဝန္မခံခ်င္ဘူး
သူျဖစ္ေနလို႔ ။

တစ္ခုပါပဲ ။
သူဆိုတာ နာမ္ သို႔မဟုတ္ အရိပ္အေငြ႕
တစ္ခု ကြၽန္ေတာ့ အနားနားမွာ ေဝ့ဝဲ ေနရင္
တကယ္ပါ ။
ကြၽန္ေတာ္ဆိုတဲ့ေကာင္ဟာ လြန္ခဲ့တဲ့
မူလတန္း အလယ္တန္း ေက်ာင္းသားဘဝကလို
ေပ်ာ္႐ႊင္စြာ ရယ္ေမာေနတတ္မွာ ။

အရင္လ မ်ားစြာက အလုပ္မွာ သူရွိေန လို႔
အနည္းငယ္မ်ွ ကြၽန္ေတာ္ စိတ္ေအးခ်မ္းေနခဲ့တာ
ကြၽန္ေတာ္ဝန္ခံပါတယ္ ။

ေနာက္တစ္ေန႔ အလုပ္မွာ သူမရွိေတာ့ဘူး
ဆိုတဲ့အသိက ကြၽန္ေတာ့္ စိတ္ဓာတ္ေတြေကာ
ခံစားခ်က္ေတြကိုပါ မြစာႀကဲ ေစခဲ့ တယ္။

အရင္လို ခနခန ေစာင္းေျမာင္းတတ္တဲ့
ယုယႏြယ္ လည္း ေနာက္ေန႔မွာ အလုပ္မဆင္း
ေတာ့ တာကို ေတာ့ ဝမ္းသာမိရဲ႕ ။

အခု အလုပ္မွာ ကပ္ပါးေနရမွ စားစရိတ္
ေခ်ာင္မဲ့ ကြၽန္ေတာ္ တစ္ေယာက္တည္း
က်န္ေနခဲ့ ရသည္မွာ မဆန္းလွ ။

ထူးထိန္လင္းဆိုတာ လိုခ်င္တာလည္းရမွ
ေက်နပ္သလို ၊ မလိုခ်င္ေတာ့ ရင္
ေက်ာခိုင္းတတ္တဲ့အက်င့္ဆိုးနဲ႔ လူ ။

ဒီလူဟာ ကြၽန္ေတာ့လို နာမည္ပ်က္ထြက္ ခဲ့တဲ့
လူတစ္ေယာက္ ကို အလြယ္တကူ ေက်ာခိုင္းပစ္
နိုင္မယ္ဆိုတာ ကြၽန္ေတာ္ အျပည့္အဝယံုၾကည္
သည္။

ကြၽန္ေတာ္ စီးကရက္ကို ဖြာထုတ္လိုက္သည္ ။
လက္က်န္ ဖင္စီခံကို ဝရံတာ လက္ရန္းမွာ ပြတ္ေခ်
လိုက္၏။

ဒီေနရာမွာ ကြၽန္ေတာ္တို႔ ေနာက္ဆံုးေတြ႕ ခဲ့
ၾကတာ ။ သူ႔ေဒါသေတြအကုန္ ကြၽန္ေတာ့္ဆီ
မွာေပါက္ကြဲခဲ့တာ သူမသိခဲ့ရလို႔လား ကြၽန္ေတာ့္ကို
႐ြံလို႔ပဲလား ဆိုတာ သူ႔မ်က္ဝန္း ကို စိုက္မၾကည့္ခဲ့
၍ ကြၽန္ေတာ္မသိခဲ့ ရပါ လား ။
ကြၽန္ေတာ္ ေသခ်ာ အကဲခတ္မိခဲ့ရင္ေကာင္းမွာပဲ ။

ေကာင္းစစ္ပိုင္ သက္ျပင္းေငြ႕ေငြ႕ကို ခ်ရင္း
ဝရံတာေအာက္ကို ငံု႔ၾကည့္လိုက္သည္ ။
ေအာက္မွာ ေပၚေနတဲ့ ေကာ္ရစ္တာ အစြန္းအစ
ေလးကို လွမ္းျမင္ေနရသည္ ။ သ်ွားေရာင္ ေႂကြျပား
အခင္းနဲ႔ေကာ္ရစ္တာအစြန္း ေထာင့္ အေကြ႕ေလး ။

ထူးထိန္လင္းက ကြၽန္ေတာ့ နႈတ္ခမ္းက စီးကရက္ကို
လုၿပီး သူ႔ကိုစိတ္ဆိုးခဲ့တဲ့ အမ်က္ကိုေျဖေစဖို႔
ေဆးလိပ္အေငြ႕ ေတြနဲ႔ ဥပမာျပ နားခ် ခဲ့ဖူးသည္ ။

အဟင္း

ေကာင္းစစ္ပိုင္ နာနာက်င္က်င္ ရယ္ေမာလိုက္သည္ ။
နာက်င္မႈ နဲ႔ အသားက်ေနၿပီးမွ ေဆးလိပ္ေငြ႕လို
ေပ်ာ္႐ႊင္မႈ တစ္ခုကို မက္ေမာ မိလို႔ အခု ဘာျဖစ္ေနၿပီ
လဲ ။ ဘာျပန္ရခဲ့သလဲ ။တဆတ္ဆတ္ တုန္ယင္
ေမာဟိုက္ က်န္ခဲ့တဲ့ သူ႔နွလံုးသား ။

" ေကာင္းစစ္ပိုင္ "

အနားမွာ စီးကရက္လာေသာက္တဲ့ ကိုစိုင္း
ကို ၾကည့္ရင္း နွစ္ေယာက္လံုး ၿပိဳင္တူ ၿပံဳးမိသည္ ။
အၿပံဳးမ်ားက သိပ္ေတာ့အသက္မဝင္လွ ။

" သူငယ္ခ်င္းကိုသတိရေနတာလား "

ကိုစိုင္းက ေဆးလိပ္ဖြာေနရင္းမွ
ေကာင္းစစ္ပိုင္ကို မၾကည့္ဘဲ လွမ္းေျပာသည္ ။
တမင္ေမးတာမ်ိဳးမဟုတ္ဘဲ အာလာပ သဘာပ
သေဘာမ်ိဳးမို႔ ေကာင္းစစ္ပိုင္ ၿပံဳးရံုသာ ၿပံဳးမိသည္ ။

" ဒီလိုပါပဲ ကိုစိုင္းရာ
သူတို႔ကို သတိရေနလို႔ ကြၽန္ေတာ့္ ထမင္းလာေကြၽး
တာၾကလို႔ ဗ်ာ "

"ဟားဟား ေအးကြာ ေတြ႕ႀကံဳဆံုကြဲ တဲ့ ကြ
လြမ္းေနလို႔လည္း ဝမ္းဝမွာမွ မဟုတ္ပဲ "

ဟုတ္ပါရဲ႕ လြမ္းေနလို႔ ဝမ္းမဝ ေသာ္လည္း
ရင္ဘတ္ကေတာ့ တကယ္ ဟာ ေနတာပါ ။

" ေအာ္ဒါနဲ႔
မင္း ဘြဲ႕ သြားယူမွာမဟုတ္လား
ဘယ္ေတာ့လဲ "

ကိုစိုင္းက အျပင္ကို ေငးေနရင္းမွ
တည့္တည့္ၾကည့္ကာ ေမးသည္ ။
ကိုစိုင္းက ကိုသက္ေဝလို အပိုေျပာတတ္သူ
မဟုတ္ဘဲ ေအးေဆးသမားမို႔ စေနာက္ကာ
မေျပာဝ့ံ ။

" အေျခ ေန အရပဲ ဗ်ာ
မယူျဖစ္ဖို႔က မ်ားတယ္ အေဝးကပဲ
ယူ ျဖစ္ လိမ့္မယ္ထင္တယ္ "

ကိုစိုင္းက ေအာ္တစ္လံုးထဲသာ ေျပာၿပီး
ၿငိမ္ေနေလေတာ့ ေကာင္းစစ္ပိုင္
နႈတ္ဆက္ၿပီး အထဲ ဝင္ခဲ့ သည္ ။

အင္း သူလည္း ဘြဲ႕ ယူရမွာေပါ့ ။
အခုလက္ရွိ ျမန္မာနိုင္ငံမွာပဲလား
စေကာ္လားရွစ္မ်ားေလ်ွာက္ထားေလသလား ။
ကိုစိုင္းတို႔မ်ား သိ ေနေလမလား ဟု
ေမးခ်င္ေပမဲ့ လံုးဝမသိရသည္က ပိုေကာင္း
သည္ဟု စိတ္ကို တားျမစ္လိုက္၏ ။

.......................................

" ကြၽန္ေတာ္ အေဝးက ယူမယ္ ေမ "

စိတ္ကိုဆံုးျဖတ္ထားပံုနဲ႔ ျပတ္ျပတ္သားသား
ေျပာတဲ့ ထူးထိန္လင္းကို အေဖ က
စိတ္ပ်က္လက္ပ်က္ လွမ္းၾကည့္သည္ ။

" ဒီအထိေတာင္ ပညာ သင္ၿပီးမွကြယ္
ဘြဲ႕ တစ္ခု က သူမ်ားေတြတက္ယူခ်င္တိုင္း
ယူလို႔ရတာမဟုတ္ဘူး သားထူး "

အေမကေတာ့ နယ္သူနယ္သားပီပီ ပညာတတ္ ဘြဲ႕ရ
အေလးထား သူမို႔ ဘြဲ႕ကို တက္ေရာက္ယူေစခ်င္တာ
နားလည္ေသာ္လည္း ကြၽန္ေတာ္ မယူခ်င္ ။

" လူစုလူေဝးမႀကိဳက္ဘူးဗ် "

အေဖက ဟြန္႔ကနဲမဲ့သည္ ။
အေဖ့ရဲ႕ အမဲ့အ႐ြဲ႕ ေတြက ဘယ္ေတာ့မ်ားမွ
ၿပီးဆံုးမွာမဟုတ္တဲ့ အီရန္စစ္ပြဲေတြလိုပင္ ။

တစ္ေန႔က ၾကားမိတဲ့ သတင္းတစ္ခု က
ကြၽန္ေတာ့ကို တက္ေရာက္မယူေစဖို႔
သက္ေရာက္မႈ ရွိခဲ့သည္ ။

သူ႔မိဘ အေျခအေနအရ ဘြဲ႕ ယူဖို႔ မျဖစ္နိုင္မွန္း
သိ တာမို႔ ကြၽန္ေတာ့မိဘ နဲ႔ အတူတူ မ်က္နွာေျပာင္
တိုက္ၿပီး ကြၽန္ေတာ္ ပြဲ မတက္ ခ်င္ပါ ။

သူ႔မိဘနဲ႔ အဆင္မေျပတာ ကြၽန္ေတာ့္ေၾကာင့္
ဆို ေသာ္ ကြၽန္ေတာ့မိဘ က ကြၽန္ေတာ့္ကို မၾကည္တာ
သူ႔ေၾကာင့္တစ္စြန္းတစ္စ ပါသည္မို႔ ဒီလို ကြၽန္ေတာ္
ဆံုးျဖတ္လိုက္သည္က မွန္တယ္္ထင္ပါသည္။

ဒါေနာက္ဆံုး သံေယာဇဥ္ကို ငဲ့ၾကည့္ျခင္းျဖစ္သည္ ။

သံေယာဇဥ္ဆိုတဲ့အေတြးေၾကာင့္ ဖ်တ္ကနဲ
သူ႔မ်က္နွာကို ျမင္ေယာင္လာသည္ ။

ဟိုဆရာ ဦးဝိုင္းေမာ္ဆိုသူရဲ႕အကူအညီ
နဲ႔ ေက်ာင္းတက္ခဲ့ တာ က မင္း ေယာက်ာ္း
မဟုတ္ဘူးလားလို႔ေမးလိုက္ခ်င္သည္ ။

ၿပီးေတာ့ေကာင္းစစ္ပိုင္လက္ေခ်ာင္းေတြက
ခပ္ သြယ္သြယ္။ တစ္ခုခု ဟိုက ေပးကမ္းတာေတြ
ယူရင္ အဲ့ဒီလက္သြယ္သြယ္နဲ႔ ဘယ္ေလာက္မ်ား
ဟိုလူ႔ကို ထိေတြ႕ခဲ့ၿပီးၿပီလဲ ။

ခပ္္က်ဥ္းက်ဥ္းပုခံုးသားကို ဟိုလူက
ပုခံုးပုတ္သလိုလိုနဲ႔ ဘယ္နွႀကိမ္မ်ား အသားယူ
ၿပီးၿပီလဲ ။

အဆိုးဆံုးက အဲ့ဒီညက ဘယ္အေျခအေန
ေရာက္သြားခဲ့ၾကတာလဲ ။

အေတြးစံုတို႔က ေတာင္စဥ္ေရမရ
စုၿပံဳ ၿပီး တိုးဝင္လာေတာ့ အံႀကိတ္ကာ
ခပ္ေထာင္ေထာင္ ဆံပင္ ထူထဲထဲကို
ဆြဲဖြမိသည္ ။

ေကာင္းစစ္ပိုင္ ကအဲ့ဒီလူရဲ႕ အေတြ႕အထိမွာ
သာယာခဲ့သလား ဆိုတဲ့ အေတြးမ်ိဳး ေတြေၾကာင့္
တခ်ိဳ႕ အိပ္ပ်က္ရက္ေတြကို အိပ္ေဆးနဲ႔ ေမ်ွာခ်ခဲ့ရသည္ ။

ေကာင္းစစ္ပိုင္ က အရင္က သူ႔ကိုအဲ့ဒီလူေလာက္ေတာင္
္ မွီခိုခဲ့တာမဟုတ္ဘူးဆို တဲ့ အေတြးက ရင္ဝကို
မတင္မက် ျဖစ္ေစသည္ ။

ညစ္ညဴ း လာတဲ့ စိတ္ေၾကာင့္
ေမ်ွာ္လင့္တႀကီး ၾကည့္ေနတဲ့ အေမနဲ႔
စိတ္ပ်က္ေနတဲ့ အေဖ့ကို ထားခဲ့ၿပီး
ထထြက္လာခဲ့ သည္ ။

ၾကားရေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔
" မ်ိဳးမစစ္ေကာင္ " လို႔လွမ္းေအာ္တာကိုေတာ့
မၾကားခ်င္ေယာင္ေဆာင္ လိုက္သည္ ။

ကြၽန္ေတာ္ မ်ိဳးမစစ္ဆို အဲ့ဒါ တစ္ေယာက္ေယာက္က
မစစ္လို႔ပဲ ။

....................................

ေကာင္းစစ္ပိုင္ ဒီ ကုမၸဏီမွာပဲ ရရာ လစာနဲ႔
ဆက္လုပ္ေနသည္ ဟု တစ္ေန႔က
ကိုစိုင္း ဖုန္းဆက္ၿပီးလွမ္းေျပာသည္ ။

ေနစရိတ္နဲ႔ စားစရိတ္ပဲေပးထားတာျဖစ္ၿပီး
perminant မျဖစ္ေသးသူမို႔ လစာ
နည္း နည္းနဲ႔ ေပကပ္ လုပ္ေန သည္ တဲ့ ။

ဒီေတာ့ မင့္အားကိုးတဲ့ဆရာ ကို ဘာလို႔
အကူအညီ မေတာင္းဘဲ ဒုေပဒဏ္ေပ ခံေနသလဲ ။

ထူးထိန္လင္း သည္ ေကာ္ရစ္တာ ေထာင့္ခ်ိဳးမွာ
ရပ္လ်က္ စိတ္တိုင္းမက် ျဖစ္ေနသည္ ။
ကိုစိုင္းက ေကာင္းစစ္ပိုင္ကို ေနစရိတ္ၿငိမ္းေစရန္
ထူးထိန္လင္းရဲ႕တိုက္ခန္းမွာ ေခၚထားေပးဖို႔
အကူအညီ လွမ္းေတာင္းသည္ ။
ေနစရာမပူရရင္ ဒီေကာင္ၿကီး အပိုဝင္ေငြ
ထြက္လာမွာေပါ့တဲ့ ။

ငါ သူငယ္ခ်င္းသံေယာဇဥ္ကိုေထာက္ၿပီး
ေနာက္ဆံုး ကူညီျခင္းပဲ ေကာင္းစစ္ပိုင္ ။

လက္သီးဆုပ္ ကိုတင္းေနေအာင္ ထပ္ဆုပ္လ်က္
အေဆာင္အဦးထဲခ်ိဳးေကြ႕ ဝင္လိုက္သည္ ။

ရိပ္ကနဲ ျမင္လိုက္ရတဲ့ ျဖဴ ျဖဴ ပိန္ပိန္ ေကာင္ေလးက
ေကာင္းစစ္ပိုင္မွန္း ေသခ်ာသည္မို႔ အေနာက္က
လိုက္သြား ေတာ့ ေထာင့္အကြယ္မွာ ဖုန္းေျပာေနသည္မို႔
ခနရပ္ေစာင့္ေန မိ၏။

" အေမ ရာ ကြၽန္ေတာ့္ မွာ အပို တစ္ျပားမွ
မရွိေတာ့ ဘူး ဟိုတစ္ေန႔က ပဲ ပို႔လိုက္ေသးတာ
ဘယ္ေရာက္သြားလဲ "

" ကြၽန္ေတာ္အခုအခန္းခ လည္းေပးရဦးမယ္
အဲ့ဒါ ဘယ္မွာ သြားရွာရမလဲ ကြၽန္ေတာ္လမ္းေဘးမွာ
ေနရမွာလား "

တုန္ခါေနတဲ့ တဲ့ အသံကို ထိန္ူးးၿပီး ေျပာ
ေနရမွန္း သိသာ လွ သည္ ။

" ကြၽန္ေတာ္ကသားအႀကီး မွန္ေပမဲ့ အခု
perminant ျဖစ္ေသးတာမဟုတ္ဘူး
လစာတစ္သိန္း ခြဲမွာ တစ္သိန္းလံုး အိမ္ျပန္ပို႔ ေပး
လိုက္တာ မေလာက္ဘူးလား အေမ "

"နင္ ့ကို ပညာသင္ေပးထားတာေလ
ဒီေလာက္ေတာ့ ျပန္ပို႔ ရမွာပဲ
နင့္အေဖက လည္း သူ႔ေကာင္မဆီပဲပို႔ေနတာ
ငါမသိဘူးမွတ္ေနလား
နင္လည္းအတူတူပဲ ဟို ေရာက္သြားတာနဲ႔
အေျခေတြ ႀကီးေနလိုက္တာ
အိမ္မွာ ဘယ္လို ေန ........"

ေကာင္းစစ္ပိုင္ speakerမွားနွိပ္မိသြားၿပီးမွ
ကမန္းကတန္းျပန္ပိတ္လိုက္ သည္ျဖစ္မည္ ။
လား မသိ ေကာင္းစစ္ပိုင္ အေမ အသံက
စူးၿပီးထြက္လာသည္ ။

"ဟုတ္ၿပီ အေမရာ က်န္တဲ့ ငါးေသာင္း
ကြၽန္ေတာ္ထပ္ပို႔ေပးမယ္ ရ...
ဟင!္ ထူးထိန္လင္း "

အကြယ္နားက ရုတ္တရက္ထြက္လာတဲ့
ထူးထိန္လင္းကိုေကာင္းစစ္ပိုင္ ေၾကာင္ေငးၾကည့္
ေနသည္ ။

လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ ၿပီး ဆြဲေခၚ
သြားတဲ့ ထူးထိန္လင္းေနာက္ အမွီလိုက္ေနရတဲ့
ေျခေထာက္ေတြက မသြက္လက္ ။

" ေဟ့ မင္း .. "

ေကာင္းစစ္ပိုင္ ေျခကန္ၿပီး ရုန္းသေလာက္
အရာမထင္တဲ့ ကိုယ့္ကိုယ္ကိုယ္ စိတ္ပ်က္
လာတာကတစ္ေၾကာင္း ။ရုတ္ကနဲေပၚ လာတဲ့
ထူးထိန္လင္းေၾကာင့္ ထူပူေနတာကတစ္ေၾကာင္းမို႔
သူ႔ကားေပၚေရာက္မွ လူက ေဒါသ ထြက္ရေကာင္းမွန္း
သိသည္။

" ပါးစပ္ပိတ္ေနလိုက္ "

ကိုယ္က မေျပာရေသးခင္ သူအရင္ေျပာၿပီး
ကားကိုေဆာင့္ကနဲထြက္သြားသည္မို႔
လူက ယိုင္ထြက္သြားသည္ ။

" ေဟ့ေကာင္
ရပ္ ကားကို ရပ္
ငါ့ကို ဘယ္ေခၚသြားမလို႔လဲ
ငါ့ကိုအထင္ေသးၿပီး မင္းလုပ္ခ်င္ ရာလုပ္ဖို႔
မစဥ္းစားနဲ႔"

" ရူးေနလား
ေဘာ ပဲ
မင္းကို ငါက ဘာလုပ္ရမလဲ
မင့္ရဲ႕ အပုန္းဆရာ မဟုတ္ဘူး
ေအးေဆးေနလိုက္ "

ကား ေပၚမွာ ထုရိုက္ ခ်င္ေသာ္လည္း
ကားေမာင္းေနတဲ့ ထူးထိန္လင္းေၾကာင့္
ကားတံခါးကို ပိတ္ပိတ္ၿပီး သာကန္ပစ္ လိုက္သည္ ။

" ေဟး မင္းေယာကၡမ ကား မဟုတ္ဘူး
ငါေတာင္ ငါ့အေဖဆီက ငွားလာတာ
လာကန္မေနနဲ႔ "

ေျပာလည္းေျပာ
ဘယ္ဆီမွန္းလည္း မသိတဲ့ေနရာကို
ေမာင္းေနတဲ့ ထူးထိန္လင္းေၾကာင့္ လူက
စိတ္တိုလာ သည္ ။

ၿငိမ္က်သြားတဲ့ ေကာင္းစစ္ပိုင္ကိုၾကည့္ၿပီး
လမ္းထဲကိုေကြ႕ ဝင္ကာ ပါကင္ထိုးလိုက္သည္ ။

" ဆင္းေတာ့ "

ဆင္းဆိုေတာ့လည္း ဆင္းသည္။
စကားတစ္ခြန္းမဆို ။

"ငါးထပ္ေျမာက္မွာ ငါ့တိုက္ခန္း
တက္သြား ေနစရိတ္စားစရိတ္အၿပီးၿငိမ္း
သန္႔ရွင္းေရးလုပ္ၿပီး ထမင္းခ်က္ေပးရံုပဲ
ေနမယ္မေနဘူး ျငင္းစရာမလို ဘူး
ငါ့ဆႏၵက ငါ့အမိန္႔ပဲ "

ခပ္မာမာ မ်က္နွာထားနဲ႔ ေျပာၿပီးမွ
ျပန္လွည့္လာသည္ ။

" မင္းအလုပ္ကို မင္းဘာသာမင္းခြင့္တိုင္လိုက္
လႊြဲ ရမဲ့ ေငြ အၿပီးလႊဲခဲ့ "

အျပတ္ေျပာၿပီး တိုက္ေပၚ တက္သြားတဲ့
ထူးထိန္လင္းမ်က္နွာသည္ မာထန္ေနေပမဲ့
အနည္းငယ္ ေက်နပ္ေနပံုေပၚသည္ ။
ျပတ္ သားခြင့္မေပးတဲ့ ေကာင္းစစ္ပိုင္
မင္းမ်က္နွာ ျမင္ရံုနဲ႔ စိတ္ေျပခ်င္လာတာ က
သူငယ္ခ်င္းသံေယာဇဥ္ရဲ႕ထုထည္ ႀကီးမား
ေသာေၾကာင့္ထင္ပါသည္ ။ထင္ခြင့္ေပးပါ ။

တို႔နွစ္ေယာက္ထားခဲ့ၾကတဲ့ ေမတၲာ ထုထည္က
ေသးမွ မေသးခဲ့ပဲေလ ။

###.#.#................#####

ေနာက္တစ္ပိုင္း က Coming Saturdayက်ရင္
ထပ္လာမယ္ေနာ္




Unicode

တကယ်ပါ
သူက အရင်ကလိုပဲ
နှုတ်ဆက် ရမှာကို ကြောက်သလား မသိ ပေမဲ့
နှုတ်မဆက်ပဲ သူ ထွက်သွားပြန်ပါပြီ ။

ဒီလိုနဲ့ပဲ ဝေးကွာစေဖို့လမ်းစက ဝေဝါးနေရာက
အမှောင်ထဲ မိုးကြိုးပစ်သလို ပြတ်ပြတ်ထင်ထင်
မြင် လာရသည် ။

ကျွန်တော် မတောင်းဆိုလိုပါဘူး
သူအမြဲ အနားမှာရှိရမယ်လို့ ။

ကျွန်တော် ချစ်ကြောင်းဝန်မခံချင်ဘူး
သူဖြစ်နေလို့ ။

တစ်ခုပါပဲ ။
သူဆိုတာ နာမ် သို့မဟုတ် အရိပ်အငွေ့
တစ်ခု ကျွန်တော့ အနားနားမှာ ဝေ့ဝဲ နေရင်
တကယ်ပါ ။
ကျွန်တော်ဆိုတဲ့ကောင်ဟာ လွန်ခဲ့တဲ့
မူလတန်း အလယ်တန်း ကျောင်းသားဘဝကလို
ပျော်ရွှင်စွာ ရယ်မောနေတတ်မှာ ။

အရင်လ များစွာက အလုပ်မှာ သူရှိနေ လို့
အနည်းငယ်မျှ ကျွန်တော် စိတ်အေးချမ်းနေခဲ့တာ
ကျွန်တော်ဝန်ခံပါတယ် ။

နောက်တစ်နေ့ အလုပ်မှာ သူမရှိတော့ဘူး
ဆိုတဲ့အသိက ကျွန်တော့် စိတ်ဓာတ်တွေကော
ခံစားချက်တွေကိုပါ မွစာကြဲ စေခဲ့ တယ်။

အရင်လို ခနခန စောင်းမြောင်းတတ်တဲ့
ယုယနွယ် လည်း နောက်နေ့မှာ အလုပ်မဆင်း
တော့ တာကို တော့ ဝမ်းသာမိရဲ့ ။

အခု အလုပ်မှာ ကပ်ပါးနေရမှ စားစရိတ်
ချောင်မဲ့ ကျွန်တော် တစ်ယောက်တည်း
ကျန်နေခဲ့ ရသည်မှာ မဆန်းလှ ။

ထူးထိန်လင်းဆိုတာ လိုချင်တာလည်းရမှ
ကျေနပ်သလို ၊ မလိုချင်တော့ ရင်
ကျောခိုင်းတတ်တဲ့အကျင့်ဆိုးနဲ့ လူ ။

ဒီလူဟာ ကျွန်တော့လို နာမည်ပျက်ထွက် ခဲ့တဲ့
လူတစ်ယောက် ကို အလွယ်တကူ ကျောခိုင်းပစ်
နိုင်မယ်ဆိုတာ ကျွန်တော် အပြည့်အဝယုံကြည်
သည်။

ကျွန်တော် စီးကရက်ကို ဖွာထုတ်လိုက်သည် ။
လက်ကျန် ဖင်စီခံကို ဝရံတာ လက်ရန်းမှာ ပွတ်ချေ
လိုက်၏။

ဒီနေရာမှာ ကျွန်တော်တို့ နောက်ဆုံးတွေ့ ခဲ့
ကြတာ ။ သူ့ဒေါသတွေအကုန် ကျွန်တော့်ဆီ
မှာပေါက်ကွဲခဲ့တာ သူမသိခဲ့ရလို့လား ကျွန်တော့်ကို
ရွံလို့ပဲလား ဆိုတာ သူ့မျက်ဝန်း ကို စိုက်မကြည့်ခဲ့
၍ ကျွန်တော်မသိခဲ့ ရပါ လား ။
ကျွန်တော် သေချာ အကဲခတ်မိခဲ့ရင်ကောင်းမှာပဲ ။

ကောင်းစစ်ပိုင် သက်ပြင်းငွေ့ငွေ့ကို ချရင်း
ဝရံတာအောက်ကို ငုံ့ကြည့်လိုက်သည် ။
အောက်မှာ ပေါ်နေတဲ့ ကော်ရစ်တာ အစွန်းအစ
လေးကို လှမ်းမြင်နေရသည် ။ သျှားရောင် ကြွေပြား
အခင်းနဲ့ကော်ရစ်တာအစွန်း ထောင့် အကွေ့လေး ။

ထူးထိန်လင်းက ကျွန်တော့ နှုတ်ခမ်းက စီးကရက်ကို
လုပြီး သူ့ကိုစိတ်ဆိုးခဲ့တဲ့ အမျက်ကိုဖြေစေဖို့
ဆေးလိပ်အငွေ့ တွေနဲ့ ဥပမာပြ နားချ ခဲ့ဖူးသည် ။

အဟင်း

ကောင်းစစ်ပိုင် နာနာကျင်ကျင် ရယ်မောလိုက်သည် ။
နာကျင်မှု နဲ့ အသားကျနေပြီးမှ ဆေးလိပ်ငွေ့လို
ပျော်ရွှင်မှု တစ်ခုကို မက်မော မိလို့ အခု ဘာဖြစ်နေပြီ
လဲ ။ ဘာပြန်ရခဲ့သလဲ ။တဆတ်ဆတ် တုန်ယင်
မောဟိုက် ကျန်ခဲ့တဲ့ သူ့နှလုံးသား ။

" ကောင်းစစ်ပိုင် "

အနားမှာ စီးကရက်လာသောက်တဲ့ ကိုစိုင်း
ကို ကြည့်ရင်း နှစ်ယောက်လုံး ပြိုင်တူ ပြုံးမိသည် ။
အပြုံးများက သိပ်တော့အသက်မဝင်လှ ။

" သူငယ်ချင်းကိုသတိရနေတာလား "

ကိုစိုင်းက ဆေးလိပ်ဖွာနေရင်းမှ
ကောင်းစစ်ပိုင်ကို မကြည့်ဘဲ လှမ်းပြောသည် ။
တမင်မေးတာမျိုးမဟုတ်ဘဲ အာလာပ သဘာပ
သဘောမျိုးမို့ ကောင်းစစ်ပိုင် ပြုံးရုံသာ ပြုံးမိသည် ။

" ဒီလိုပါပဲ ကိုစိုင်းရာ
သူတို့ကို သတိရနေလို့ ကျွန်တော့် ထမင်းလာကျွေး
တာကြလို့ ဗျာ "

"ဟားဟား အေးကွာ တွေ့ကြုံဆုံကွဲ တဲ့ ကွ
လွမ်းနေလို့လည်း ဝမ်းဝမှာမှ မဟုတ်ပဲ "

ဟုတ်ပါရဲ့ လွမ်းနေလို့ ဝမ်းမဝ သော်လည်း
ရင်ဘတ်ကတော့ တကယ် ဟာ နေတာပါ ။

" အော်ဒါနဲ့
မင်း ဘွဲ့ သွားယူမှာမဟုတ်လား
ဘယ်တော့လဲ "

ကိုစိုင်းက အပြင်ကို ငေးနေရင်းမှ
တည့်တည့်ကြည့်ကာ မေးသည် ။
ကိုစိုင်းက ကိုသက်ဝေလို အပိုပြောတတ်သူ
မဟုတ်ဘဲ အေးဆေးသမားမို့ စနောက်ကာ
မပြောဝံ့ ။

" အခြေ နေ အရပဲ ဗျာ
မယူဖြစ်ဖို့က များတယ် အဝေးကပဲ
ယူ ဖြစ် လိမ့်မယ်ထင်တယ် "

ကိုစိုင်းက အော်တစ်လုံးထဲသာ ပြောပြီး
ငြိမ်နေလေတော့ ကောင်းစစ်ပိုင်
နှုတ်ဆက်ပြီး အထဲ ဝင်ခဲ့ သည် ။

အင်း သူလည်း ဘွဲ့ ယူရမှာပေါ့ ။
အခုလက်ရှိ မြန်မာနိုင်ငံမှာပဲလား
စကော်လားရှစ်များလျှောက်ထားလေသလား ။
ကိုစိုင်းတို့များ သိ နေလေမလား ဟု
မေးချင်ပေမဲ့ လုံးဝမသိရသည်က ပိုကောင်း
သည်ဟု စိတ်ကို တားမြစ်လိုက်၏ ။

.......................................

" ကျွန်တော် အဝေးက ယူမယ် မေ "

စိတ်ကိုဆုံးဖြတ်ထားပုံနဲ့ ပြတ်ပြတ်သားသား
ပြောတဲ့ ထူးထိန်လင်းကို အဖေ က
စိတ်ပျက်လက်ပျက် လှမ်းကြည့်သည် ။

" ဒီအထိတောင် ပညာ သင်ပြီးမှကွယ်
ဘွဲ့ တစ်ခု က သူများတွေတက်ယူချင်တိုင်း
ယူလို့ရတာမဟုတ်ဘူး သားထူး "

အမေကတော့ နယ်သူနယ်သားပီပီ ပညာတတ် ဘွဲ့ရ
အလေးထား သူမို့ ဘွဲ့ကို တက်ရောက်ယူစေချင်တာ
နားလည်သော်လည်း ကျွန်တော် မယူချင် ။

" လူစုလူဝေးမကြိုက်ဘူးဗျ "

အဖေက ဟွန့်ကနဲမဲ့သည် ။
အဖေ့ရဲ့ အမဲ့အရွဲ့ တွေက ဘယ်တော့များမှ
ပြီးဆုံးမှာမဟုတ်တဲ့ အီရန်စစ်ပွဲတွေလိုပင် ။

တစ်နေ့က ကြားမိတဲ့ သတင်းတစ်ခု က
ကျွန်တော့ကို တက်ရောက်မယူစေဖို့
သက်ရောက်မှု ရှိခဲ့သည် ။

သူ့မိဘ အခြေအနေအရ ဘွဲ့ ယူဖို့ မဖြစ်နိုင်မှန်း
သိ တာမို့ ကျွန်တော့မိဘ နဲ့ အတူတူ မျက်နှာပြောင်
တိုက်ပြီး ကျွန်တော် ပွဲ မတက် ချင်ပါ ။

သူ့မိဘနဲ့ အဆင်မပြေတာ ကျွန်တော့်ကြောင့်
ဆို သော် ကျွန်တော့မိဘ က ကျွန်တော့်ကို မကြည်တာ
သူ့ကြောင့်တစ်စွန်းတစ်စ ပါသည်မို့ ဒီလို ကျွန်တော်
ဆုံးဖြတ်လိုက်သည်က မှန်တယ်ထင်ပါသည်။

ဒါနောက်ဆုံး သံယောဇဉ်ကို ငဲ့ကြည့်ခြင်းဖြစ်သည် ။

သံယောဇဉ်ဆိုတဲ့အတွေးကြောင့် ဖျတ်ကနဲ
သူ့မျက်နှာကို မြင်ယောင်လာသည် ။

ဟိုဆရာ ဦးဝိုင်းမော်ဆိုသူရဲ့အကူအညီ
နဲ့ ကျောင်းတက်ခဲ့ တာ က မင်း ယောကျာ်း
မဟုတ်ဘူးလားလို့မေးလိုက်ချင်သည် ။

ပြီးတော့ကောင်းစစ်ပိုင်လက်ချောင်းတွေက
ခပ် သွယ်သွယ်။ တစ်ခုခု ဟိုက ပေးကမ်းတာတွေ
ယူရင် အဲ့ဒီလက်သွယ်သွယ်နဲ့ ဘယ်လောက်များ
ဟိုလူ့ကို ထိတွေ့ခဲ့ပြီးပြီလဲ ။

ခပ်ကျဉ်းကျဉ်းပုခုံးသားကို ဟိုလူက
ပုခုံးပုတ်သလိုလိုနဲ့ ဘယ်နှကြိမ်များ အသားယူ
ပြီးပြီလဲ ။

အဆိုးဆုံးက အဲ့ဒီညက ဘယ်အခြေအနေ
ရောက်သွားခဲ့ကြတာလဲ ။

အတွေးစုံတို့က တောင်စဉ်ရေမရ
စုပြုံ ပြီး တိုးဝင်လာတော့ အံကြိတ်ကာ
ခပ်ထောင်ထောင် ဆံပင် ထူထဲထဲကို
ဆွဲဖွမိသည် ။

ကောင်းစစ်ပိုင် ကအဲ့ဒီလူရဲ့ အတွေ့အထိမှာ
သာယာခဲ့သလား ဆိုတဲ့ အတွေးမျိုး တွေကြောင့်
တချို့ အိပ်ပျက်ရက်တွေကို အိပ်ဆေးနဲ့ မျှောချခဲ့ရသည် ။

ကောင်းစစ်ပိုင် က အရင်က သူ့ကိုအဲ့ဒီလူလောက်တောင်
် မှီခိုခဲ့တာမဟုတ်ဘူးဆို တဲ့ အတွေးက ရင်ဝကို
မတင်မကျ ဖြစ်စေသည် ။

ညစ်ညူး လာတဲ့ စိတ်ကြောင့်
မျှော်လင့်တကြီး ကြည့်နေတဲ့ အမေနဲ့
စိတ်ပျက်နေတဲ့ အဖေ့ကို ထားခဲ့ပြီး
ထထွက်လာခဲ့ သည် ။

ကြားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
" မျိုးမစစ်ကောင် " လို့လှမ်းအော်တာကိုတော့
မကြားချင်ယောင်ဆောင် လိုက်သည် ။

ကျွန်တော် မျိုးမစစ်ဆို အဲ့ဒါ တစ်ယောက်ယောက်က
မစစ်လို့ပဲ ။

....................................

ကောင်းစစ်ပိုင် ဒီ ကုမ္ပဏီမှာပဲ ရရာ လစာနဲ့
ဆက်လုပ်နေသည် ဟု တစ်နေ့က
ကိုစိုင်း ဖုန်းဆက်ပြီးလှမ်းပြောသည် ။

နေစရိတ်နဲ့ စားစရိတ်ပဲပေးထားတာဖြစ်ပြီး
perminant မဖြစ်သေးသူမို့ လစာ
နည်း နည်းနဲ့ ပေကပ် လုပ်နေ သည် တဲ့ ။

ဒီတော့ မင့်အားကိုးတဲ့ဆရာ ကို ဘာလို့
အကူအညီ မတောင်းဘဲ ဒုပေဒဏ်ပေ ခံနေသလဲ ။

ထူးထိန်လင်း သည် ကော်ရစ်တာ ထောင့်ချိုးမှာ
ရပ်လျက် စိတ်တိုင်းမကျ ဖြစ်နေသည် ။
ကိုစိုင်းက ကောင်းစစ်ပိုင်ကို နေစရိတ်ငြိမ်းစေရန်
ထူးထိန်လင်းရဲ့တိုက်ခန်းမှာ ခေါ်ထားပေးဖို့
အကူအညီ လှမ်းတောင်းသည် ။
နေစရာမပူရရင် ဒီကောင်ကြီး အပိုဝင်ငွေ
ထွက်လာမှာပေါ့တဲ့ ။

ငါ သူငယ်ချင်းသံယောဇဉ်ကိုထောက်ပြီး
နောက်ဆုံး ကူညီခြင်းပဲ ကောင်းစစ်ပိုင် ။

လက်သီးဆုပ် ကိုတင်းနေအောင် ထပ်ဆုပ်လျက်
အဆောင်အဦးထဲချိုးကွေ့ ဝင်လိုက်သည် ။

ရိပ်ကနဲ မြင်လိုက်ရတဲ့ ဖြူ ဖြူ ပိန်ပိန် ကောင်လေးက
ကောင်းစစ်ပိုင်မှန်း သေချာသည်မို့ အနောက်က
လိုက်သွား တော့ ထောင့်အကွယ်မှာ ဖုန်းပြောနေသည်မို့
ခနရပ်စောင့်နေ မိ၏။

" အမေ ရာ ကျွန်တော့် မှာ အပို တစ်ပြားမှ
မရှိတော့ ဘူး ဟိုတစ်နေ့က ပဲ ပို့လိုက်သေးတာ
ဘယ်ရောက်သွားလဲ "

" ကျွန်တော်အခုအခန်းခ လည်းပေးရဦးမယ်
အဲ့ဒါ ဘယ်မှာ သွားရှာရမလဲ ကျွန်တော်လမ်းဘေးမှာ
နေရမှာလား "

တုန်ခါနေတဲ့ တဲ့ အသံကို ထိန်ူးးပြီး ပြော
နေရမှန်း သိသာ လှ သည် ။

" ကျွန်တော်ကသားအကြီး မှန်ပေမဲ့ အခု
perminant ဖြစ်သေးတာမဟုတ်ဘူး
လစာတစ်သိန်း ခွဲမှာ တစ်သိန်းလုံး အိမ်ပြန်ပို့ ပေး
လိုက်တာ မလောက်ဘူးလား အမေ "

"နင့် ကို ပညာသင်ပေးထားတာလေ
ဒီလောက်တော့ ပြန်ပို့ ရမှာပဲ
နင့်အဖေက လည်း သူ့ကောင်မဆီပဲပို့နေတာ
ငါမသိဘူးမှတ်နေလား
နင်လည်းအတူတူပဲ ဟို ရောက်သွားတာနဲ့
အခြေတွေ ကြီးနေလိုက်တာ
အိမ်မှာ ဘယ်လို နေ ........"

ကောင်းစစ်ပိုင် speakerမှားနှိပ်မိသွားပြီးမှ
ကမန်းကတန်းပြန်ပိတ်လိုက် သည်ဖြစ်မည် ။
လား မသိ ကောင်းစစ်ပိုင် အမေ အသံက
စူးပြီးထွက်လာသည် ။

"ဟုတ်ပြီ အမေရာ ကျန်တဲ့ ငါးသောင်း
ကျွန်တော်ထပ်ပို့ပေးမယ် ရ...
ဟင!် ထူးထိန်လင်း "

အကွယ်နားက ရုတ်တရက်ထွက်လာတဲ့
ထူးထိန်လင်းကိုကောင်းစစ်ပိုင် ကြောင်ငေးကြည့်
နေသည် ။

လက်ကောက်ဝတ်ကို ဆုပ်ကိုင် ပြီး ဆွဲခေါ်
သွားတဲ့ ထူးထိန်လင်းနောက် အမှီလိုက်နေရတဲ့
ခြေထောက်တွေက မသွက်လက် ။

" ဟေ့ မင်း .. "

ကောင်းစစ်ပိုင် ခြေကန်ပြီး ရုန်းသလောက်
အရာမထင်တဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်
လာတာကတစ်ကြောင်း ။ရုတ်ကနဲပေါ် လာတဲ့
ထူးထိန်လင်းကြောင့် ထူပူနေတာကတစ်ကြောင်းမို့
သူ့ကားပေါ်ရောက်မှ လူက ဒေါသ ထွက်ရကောင်းမှန်း
သိသည်။

" ပါးစပ်ပိတ်နေလိုက် "

ကိုယ်က မပြောရသေးခင် သူအရင်ပြောပြီး
ကားကိုဆောင့်ကနဲထွက်သွားသည်မို့
လူက ယိုင်ထွက်သွားသည် ။

" ဟေ့ကောင်
ရပ် ကားကို ရပ်
ငါ့ကို ဘယ်ခေါ်သွားမလို့လဲ
ငါ့ကိုအထင်သေးပြီး မင်းလုပ်ချင် ရာလုပ်ဖို့
မစဉ်းစားနဲ့"

" ရူးနေလား
ဘော ပဲ
မင်းကို ငါက ဘာလုပ်ရမလဲ
မင့်ရဲ့ အပုန်းဆရာ မဟုတ်ဘူး
အေးဆေးနေလိုက် "

ကား ပေါ်မှာ ထုရိုက် ချင်သော်လည်း
ကားမောင်းနေတဲ့ ထူးထိန်လင်းကြောင့်
ကားတံခါးကို ပိတ်ပိတ်ပြီး သာကန်ပစ် လိုက်သည် ။

" ဟေး မင်းယောက္ခမ ကား မဟုတ်ဘူး
ငါတောင် ငါ့အဖေဆီက ငှားလာတာ
လာကန်မနေနဲ့ "

ပြောလည်းပြော
ဘယ်ဆီမှန်းလည်း မသိတဲ့နေရာကို
မောင်းနေတဲ့ ထူးထိန်လင်းကြောင့် လူက
စိတ်တိုလာ သည် ။

ငြိမ်ကျသွားတဲ့ ကောင်းစစ်ပိုင်ကိုကြည့်ပြီး
လမ်းထဲကိုကွေ့ ဝင်ကာ ပါကင်ထိုးလိုက်သည် ။

" ဆင်းတော့ "

ဆင်းဆိုတော့လည်း ဆင်းသည်။
စကားတစ်ခွန်းမဆို ။

"ငါးထပ်မြောက်မှာ ငါ့တိုက်ခန်း
တက်သွား နေစရိတ်စားစရိတ်အပြီးငြိမ်း
သန့်ရှင်းရေးလုပ်ပြီး ထမင်းချက်ပေးရုံပဲ
နေမယ်မနေဘူး ငြင်းစရာမလို ဘူး
ငါ့ဆန္ဒက ငါ့အမိန့်ပဲ "

ခပ်မာမာ မျက်နှာထားနဲ့ ပြောပြီးမှ
ပြန်လှည့်လာသည် ။

" မင်းအလုပ်ကို မင်းဘာသာမင်းခွင့်တိုင်လိုက်
လွှဲ ရမဲ့ ငွေ အပြီးလွှဲခဲ့ "

အပြတ်ပြောပြီး တိုက်ပေါ် တက်သွားတဲ့
ထူးထိန်လင်းမျက်နှာသည် မာထန်နေပေမဲ့
အနည်းငယ် ကျေနပ်နေပုံပေါ်သည် ။
ပြတ် သားခွင့်မပေးတဲ့ ကောင်းစစ်ပိုင်
မင်းမျက်နှာ မြင်ရုံနဲ့ စိတ်ပြေချင်လာတာ က
သူငယ်ချင်းသံယောဇဉ်ရဲ့ထုထည် ကြီးမား
သောကြောင့်ထင်ပါသည် ။ထင်ခွင့်ပေးပါ ။

တို့နှစ်ယောက်ထားခဲ့ကြတဲ့ မေတ္တာ ထုထည်က
သေးမှ မသေးခဲ့ပဲလေ ။

###.#.#................#####

နောက်တစ်ပိုင်း က Coming Saturdayကျရင်
ထပ်လာမယ်နော်
























Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
218K 16.5K 37
📣( Season 1 + 2 ) Completed. Boy's Love Story . Own Creation . Thin Zar Moe Oo.
69.2K 3.6K 32
Another name is ""Awaken kiss"" How a love can heal someone's life? You can find pure loves in this fic. Teenagers,Romance,First love & other feeling...
50.1K 6.5K 36
ကိုကိုသာလျှင် ကျွန်တော့်ကမ္ဘာ ကိုကိုသာလျှင် ကျွန်တော့်အသက် ကိုကိုသာလျှင် ကျွန်တော့်ဘဝရဲ့ အားနည်းချက်.... ကိုကိုသာလွ်င္ ကြၽန္ေတာ့္ကမာၻ ကိုကိုသာလွ်င္ က...