♥Unicode♥
OMG... ဘုရားရေ အမြင်များမှားနေသလား မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့ပွတ်သပ်ပြီး ပြူးပြဲကြည့်မိသည်အထိ ပါးစပ်အဟောင်းသား....
ဘေးက Tae နဲ့ လူကြီးတွေကိုကြည့်တော့လဲ တအံ့တသြနဲ့ ပြုံးပြုံးကြီးတွေကြည့်လို့.....
မှိုရတဲ့မျက်နှာကြီးနဲ့ပြုံးဖီးပြီး Restaurant ထဲကိုခြေလှမ်းကျဲကြီးနဲ့လှမ်းလာသော Min Yoon Gi.... ကျွန်တော်တို့တင်မျက်လုံးပြူးကြီးနဲ့ငေးနေတာမဟုတ်ဘူးနော် တစ်ဆိုင်လုံးရဲ့မျက်လုံးတွေကသူ့ဆီမှာ....
ဘယ့်နှယ့်... တစ်သက်နဲ့တစ်ကိုယ် ဒီအစ်ကိုတစ်ယောက် နွားသိုးကြိုးပြတ် အိန္ဒြေမဆည်နိုင်ဖြစ်နေတာကြီး ခုမှမြင်ဖူးတာ.... Jiji ကိုပွေ့လာတာများ.....ဟင်း.... ခုမှရည်းစားစထားဖူးတဲ့သူငယ်နာမစင်တဲ့ကလေးကျနေတာပဲ.... အထူးအဆန်းဝိုင်းကြည့်နေကြတာကောသတိထားမိရဲ့လားမသိ.... နှစ်ယောက်တစ်ကမ္ဘာတည်နေတာကြီးကလေ.....
"သားရယ်.... Omma ကသားတို့ပြန်သွားပြီတောင်ထင်တာ"
အမလေး.... အဖြစ်သည်းနေချက်.... Omma ပြောတာတောင်ပြန်ဖြေမအားဘဲ Jiji ကိုခုံပေါ်တင်ပေးပြီး
"ကလေးဘာစားချင်လဲ ကိုယ်သွားယူပေးမယ်"
အမလေး ကလေးတဲ့.... ဘယ်အချိန်ကများ ဒီလိုသည်းသည်းလှုပ်သွားတာလဲ... ငါ့နှယ်နော်... ခုမှလတ်လတ်ဆတ်ဆတ်မင်္ဂလာဆောင်ထားရတဲ့လူကဘာမှမဖြစ်ရဘူး.... သူတို့က.... ဟင်း.... ထပြီး တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ပြီးသာ သေချင်တော့တယ်
"ရတယ်... Oppa ကြိုက်တာမှာလိုက်"
Jiji မကတော့.....အဟင်း.....သူ့တို့ကိုကြည့်ရင်း စိတ်ထဲကလိကလိနဲ့ ပြောချင်တာဆိုတာကိုလေ မနည်းပါးစပ်ပိတ်ထားရတယ်
"အဟမ်း.... လူကြီးတွေရှိတာလဲသတိထားကြဦး"
ချောင်းဟန့်လိုက်ပြီး အံကြိတ်ပြောလိုက်သော်လည်း ဘေးလူတွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်.... ဂရုမစိုက်ဘဲ.... သဲသဲလှုပ်ချစ်ပြနေလိုက်ကြတာ FA တွေမြင်ရင်သေချင်စိတ်ပါပေါက်သွားမယ်...။
လူကြီးတွေကလဲဘာမှမပြောတော့ဘဲ အစားသာဆက်စားနေလိုက်တယ်။ ဒါအကောင်းဆုံးပဲလေ...။ ပြောနေလဲအဖတ်လုပ်မှာမှမဟုတ်တာ...။
"Omma တို့မနက်ဖြန်ပြန်မှာလား"
"အင်း... သားကြီးတို့လဲ Omma တို့နဲ့အတူပြန်လိုက်မှာမဟုတ်ဘူးလား"
"အာ.... ဟုတ်တယ်.... သဘက်ခါ ဂျူတီပြန်ဝင်ရမယ်"
"အင်းအင်း... သားလည်းဝအောင်စားလေ Jiji သမီးလေးအားရှိအောင်များများစားနော်"
ပြောပြီး ပန်းကန်ထဲ ပုဇွန်ထည့်ပေးလိုက်တာကြောင့်
" Omma... Jiji ကပင်လယ်စာတွေအများကြီးစားလို့မရဘူး.... ကလေး.... ရော့ အသားပဲစားနော် ကြက်ဥလဲစား အသီးအရွက်ကောမျှအောင်စားရတယ်"
"အမလေး ကျွန်မမှားပါတယ်တော် တကယ်တမ်းမိန်းမကိုဂရုစိုက်ပြနေလိုက်တာ"
"သမီးလေးက အစတည်းကဆိုးချင်ပါတယ်ဆို မင်းအလိုလိုက်တာနဲ့ပိုဆိုးတော့မှာပဲ"
နှုတ်ခမ်းကြီးတစ်တောင်လောက်စူလာတဲ့ JIJI ကိုကြည့်ပြီး JIJI'APPA ပြောတာကိုဝင်ထောက်လိုက်သည်
"ဆိုးကိုဆိုးနေတာပါအန်ကယ်ရာ... ထိန်းမရတော့ဘူး ထိန်းပေးမလားလို့ ယုံယုံကြည်ကြည်နဲ့အပ်နှံထားတဲ့ လူကလဲ သူပါရောပြီးကြိုးလွတ်နေတော့ ပြီးပြီပေါ့"
"KOOK.... နင့်ကိုငါသတ်မယ် Oppa ကိုဘာမှပြောစရာမလိုဘူး"
နှစ်ယောက်သားကလေးတွေလို ထမင်းဝိုင်းကထပြေးသူကပြေး လိုက်ရိုက်သူကရိုက်နဲ့ ပွက်လောရိုက်သွားသည်။ ဆိုင်ပိုင်ရီင်ကစိတ်မရှည်ဘဲ ဆိုင်ပြင်ဆွဲထုတ်မှ.... ။ အားလုံးရယ်ရယ်မောမောစကားပြောနေကြရင်း....
"အ့...."
ဗိုက်ကလေးနှိပ်ပြီး လဲကျသွားတဲ့ Jiji ကြောင့်အားလုံးပျာယာခတ်ကုန်သည်။ Kook ကလဲခြေမကိုင်မိလက်မကိုင်မိ သူ့ကြောင့်ဖြစ်သွားတာလားဆိုတဲ့အတွေးနဲ့ ချွေးပျံလာသည်။
"Jiji.... ကလေးအဆင်ပြေရဲ့လား"
အပြေးတစ်ပိုင်းပွေ့ထူပြီး မေးနေတဲ့ Yoon Gi ကိုကြည့်ပြီး အားလုံးက ပိုလိုက်တာဆိုသည့်အကြည့်ဖြင့် ကိုယ့်နေရာကိုယ်ပြန်ထိုင်နေကြသည်
"အင်း... အဆင်ပြေပါတယ်.... Jiji နားချင်နေပြီ အခန်းပြန်ရအောင်"
"အင်း.... Omma.... အန်ကယ် အန်တီတို့ ကျွန်တော်တို့အရင်ပြန်နှင့်မယ်နော်"
"အေးအေး... သား.... Jiji ကိုဂရုစိုက်နော်"
"nae..."
ဆွေ့ခနဲကောက်ပွေ့ကာခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားပြန်ပေပြီ.... Omma ကခေါင်းရမ်းလိုက်ပြီး
"အဟင်း ဒီကလေးတွေကတော့လေ"
တစ်ခုခုကိုသိနေသလိုပြုံးပြီးပြောတဲ့ Omma စကားကြောင့် Kook တစ်ယောက်ကြောင်သွားပေပြီ (နင်တော်တော်တုံး)
..................................
ပြန်ရောက်ကတည်းက ဆေးရုံနဲ့အိမ်ပြေးလွှားပြီးအလုပ်ရှုပ်နေလိုက်ရတာ....တစ်နေ့တစ်နေ့ လူနာတွေကြည့်ရ ကလေးထိန်းရနဲ့ နားချိန်ကိုမရ... ဆေးရုံကလဲ ကိုးရီးယားတစ်နိုင်ငံလုံးဖျားနာနေရလားအောက်မေ့ရတယ် တစ်ရက်တစ်ရက်တိုးလာရတဲ့လူနာ လျော့သွားတယ်ကိုမရှိ....
တစ်နေကုန်ပြေးလွှားနေရတာ ညလဲထိုနည်းတူ... နည်းနည်းအနားရတုန်း Hosoke ဖုန်းဆက်ခေါ်တာကြောင့် NK club ကို ခြေဦးလှည့်လာလိုက်တယ်....
Club ထဲဝင်လာပြီး ဟိုကြည့်ဒီကြည့်လှည့်ပတ်ကြည့်နေတုန်း...
" Yoon Gi shi..."
မိန်းခလေးသံကြောင့်ကြည့်မိတော့ ကျောင်းတုန်းကစီနီယာအစ်မ....အော....ကျောင်းတစ်နှစ်နားလိုက်တော့ ကျွန်တော်တို့နဲ့တစ်တန်းတည်းပေါ့...
"အာ.... ဆန်းဘေး"
"အဟက်.... မင်းကအရင်လိုပဲ... ဘာမှမပြောင်းလဲဘူး တစ်အားတစ်စိမ်းဆန်တာပဲ"
"....."
"နူနာ.... လို့ခေါ်လို့ရပါတယ် ရင်းရင်းနှီးနှီးပေါ့"
အနားကပ်လာတဲ့သူမကြောင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ရင်း အကြပ်ရိုက်နေခိုက်
"ဟ.... ဟျောင့်.... ငါကအဝင်ဝကသွားစောင့်နေတာ....အယ်....ယူမီ"
"ဟယ်လို.... Hosoke shi... "
"hi..."
သုံးယောက်သား လွတ်နေတဲ့စားပွဲမှာဝင်ထိုင်ရင်း ကျောင်းတုန်းကအကြောင်းတွေပြောဖြစ်ကြလေရဲ့....
"ခဏ.... ကျွန်တော်သန့်စင်ခန်းခဏသွားလိုက်ဦးမယ်"
ထသွားတဲ့ Hosoke ကိုတားဖို့လက်ရွယ်ပြီးမှမတားဖြစ် လိုက်သွားလို့ကလဲမဖြစ်
..................................
ဟင့်.... ဂျယ်ဂျူကပြန်ရောက်ကတည်းက oppa ကနေ့တိုင်းအလုပ်ရှုပ်နေတော့တာပဲ... အိမ်မှာနေရတာပျင်းလို့သေတော့မယ်... Kook တို့လည်း ဂျပန်မှာ😒 Myung Soo ကလဲဘဲနဲ့တိတ်တိတ်ပုန်းသာယာနေတာ😫
အဟင်း.... ပျင်းနေတဲ့အတူ club ခဏသွားဦးမယ် စိတ်ပြေလက်ပျောက်😁 အရင်လည်းတစ်ယောက်တည်းခဏခဏသွားနေကျမို့ ကားသော့လေးကောက်ယူလာပြီး ထွက်လာလိုက်သည်....
တံခါးစောင့်ကောင်လေးကို ပါကင်ထိုးခိုင်းလိုက်ပြီး အထဲဝင်လာခဲ့သည်
အား.... စိတ်ချမ်းသာလိုက်တာ.... ဒါကမှစစ်မှန်တဲ့ဘဝကြီး.... စင်မြင့်က DJ ရယ် ရောင်စုံမီးတွေတလက်လက်နဲ့ ကခုန်နေတဲ့လူအုပ်ကြီးရယ်... တစ်နေ့တာပင်ပန်းထားသမျှ ဒီမှာလာစုပြီးအပန်းဖြေနေသလို.... တကယ်ပဲ fresh ဖြစ်တယ်...
Barmaid စပ်ပေးတဲ့အရက်ခွက်လေးယူပြီး ဟိုကြည့်ဒီကြည့် တီးလုံးတွေနဲ့စီးမျောနေခိုက်
"ဟင်.... Op... Oppa..."
ဒီအချိန်ကဆေးရုံမှာရှိနေရမှာမဟုတ်ဘူးလား... ပြောတော့ လူနာတွေအရမ်းများလွန်းလို့ နားချိန်တောင်မရှိဘူးဆို.... မနက်ပိုင်းပဲဂျူတီဇယားထားပေးတာကို အလုပ်ကိုချစ်တတ်လွန်းသူကြီးက တစ်ကမ္ဘာလုံးမှာ ဆရာဝန်ဆိုသူတစ်ယောက်ပဲရှိသလိုလိုနဲ့ နေ့ရောညပါ ဆေးရုံမှာပဲအချိန်ကုန်နေတဲ့လူက အဟင်း ဘားမှာ မိန်းမတစ်ယောက်နဲ့ပျော်မြူးနေလေရဲ့....
ရယ်မောနေတဲ့မျက်နှာတွေကိုမလှမ်းမကမ်းကစိုက်ကြည့်ပြီး... ခြေလှမ်းတွေကအိမ်ပြန်လမ်းဆီသို့....
........................................
"ဆောရီးကွာ.... အသိတစ်ယောက်နဲ့တွေ့နေလို့ နဲနဲကြာသွားတယ်"
"ရပါတယ်.... Yoon Gi ရှိနေတာပဲ"
"အယ်... ဟျောင့် မင်းဒီလာမယ်ဆိုတာ Jiji သိလား"
"မသိဘူး.... ငါဆေးရုံကတန်းလာတာဆိုတော့ ဖုန်းမဆက်ဖြစ်ဘူး"
"အော်ဟော်.... မင်းကတော့လုပ် ပြီ...."
"ခဏ... ငါဖုန်းဆက်လိုက်ဦးမယ်"
ဖုန်းနံပါတ်လေးတစ်ခုတည်းကိုအကြိမ်များစွာခေါ်ဆိုနေသော်လည်း ပြန်လည်ဖြေဆိုနိုင်ခြင်းမရှိနဲ့သာတိုးနေသည်....
"ဖုန်းမကိုင်ဘူး.... အိပ်ပျော်နေတာများလား... တစ်ခုခုများဖြစ်နေလားမသိဘူး ငါပြန်တော့မယ်ကွာ နောက်မှတွေ့မယ်"
တစ်ယောက်တည်းပြာယာခတ်နေတဲ့ Yoon Gi ကိုကြည့်ပြီး
"Jiji ဆိုတာက..."
"ဪ.... YoonGi မိန်းမလေ"
" ဟင်... Yoon ကအိမ်ထောင်ကျသွားပြီလား... တို့ကိုတောင်မဖိတ်ဘူးနော်"
"အာ... အဆက်သွယ်လဲသိပ်မရှိတာနဲ့ ဘယ်သူ့မှမဖိတ်ဖြစ်ဘူး ဆွေးမျိုးတွေလောက်နဲ့ပဲ ကျင်းပ ဆိုတော့"
"ဪ.... နှမြောလိုက်တာ..."
"ငါပြန်ပြီနော်"
"အေး... နောက်တစ်ပတ်ကျောင်းသားဟောင်းတွေ့ဆုံပွဲနော်... အချိန်နဲ့နေရာ ပို့ပေးမယ် Jiji ကိုပါခေါ်ခဲ့"
အပြေးတစ်ပိုင်းထွက်သွားပြီး လက်မနဲ့လက်ညှိုးကို ဝိုင်းပြခဲ့ကာ ပျောက်ကွယ်သွားလေရဲ့....
"အာ.... ဒီကောင်ကတော့ကွာ.... မိန်းမကိုချစ်တတ်တဲ့နေရာမှာဆရာတင်ရမယ်.... ဟားဟား"
"Hosoke ကော.... ချစ်သူတွေဘာတွေရှိနေပြီလား"
အဟင်း... Yoon Gi ကိုမရတော့ ကျွန်တော့်ဘက်လှည့်လာသည်ထင်ပါရဲ့
"အဟား.... ရှိတာပေါ့ နောက်လဆို မင်္ဂလာဆောင်တော့မှာ"
ဟုတ်တာမဟုတ်တာအသာထား.... ဒီလိုမိန်းမမျိုးနဲ့ဝေးဝေးနေလေကောင်းလေ... ဇယားတွေကပ်လွန်းလို့... အလကား ဂုဏ်မက်ပြီး ပိုက်ဆံကသာအရာရာဆိုတဲ့မိန်းမတွေ.... တစ်ရာဖိုးသုံးယောက် အဖိုးမတန်ဘူး....
.....................................
♥Zawgyi♥
ဘယ့်နှယ့်... တစ်သက်နဲ့တစ်ကိုယ် ဒီအစ်ကိုတစ်ယောက် နွားသိုးကြိုးပြတ် အိန္ဒမြေဆည်နိုင်ဖြစ်နေတာကြီး ခုမှမြင်ဖူးတာ.... Jiji ကိုပွေ့လာတာများ.....ဟင်း.... ခုမှရည်းစားစထားဖူးတဲ့သူငယ်နာမစင်တဲ့ကလေးကျနေတာပဲ.... အထူးအဆန်းဝိုင်းကြည့်နေကြတာကောသတိထားမိရဲ့လားမသိ.... နှစ်ယောက်တစ်ကမ္ဘာတည်နေတာကြီးကလေ.....
"အ့...."
"nae..."
..................................
" Yoon Gi shi..."
"အာ.... ဆန်းဘေး"
"....."
"ဟယ်လို.... Hosoke shi... "
"hi..."
..................................
"ဟင်.... Op... Oppa..."
........................................
"Jiji ဆိုတာက..."
"ဪ.... YoonGi မိန်းမလေ"
"ဪ.... နှမြောလိုက်တာ..."
"ငါပြန်ပြီနော်"
.....................................
Ep-27 End.
Ep-28 coming soon.....