Sugar Daddy (Completed)

By shanemann622

4.3M 324K 10K

အနိမ့္အျမင့္ အတက္အက် ေျပာင္းလဲေနတဲ့ ဘဝႀကီးမွာ ကံၾကမၼာရဲ႕ ႀကိဳးဆြဲရာကို က်ေနာ္ ခံႏိုင္ရည္႐ွိသမ်ွ ကခဲ့ရတယ္။ ဘဝတ... More

Author
part 1(Zawgyi +Uni)
part 2(zawgyi +uni)
part 3(zawgyi +uni)
part 4(zawgyi+uni)
part 5(zawgyi +uni)
part 6(zawgyi +uni)
part 7(zawgyi +uni)
part 8(Zawgyi +uni)
part 9(zawgyi +uni)
part 10(zawgyi +uni)
part 11(zawgyi +uni)
part 12(zawgyi +uni)
part 13 (Zawgyi + Uni)
part 14(zawgyi +uni)
part 15(Zawgyi + uni)
part 16(zawgyi +uni)
part 17(zawgyi +uni)
part 18(zawgyi +uni)
part 19(zawgyi +uni)
part 20(zawgyi+ uni)
part 21(zawgyi +uni)
part 22(zawgyi +uni)
Part 23(zawgyi +uni)
part 24(zawgyi +uni)
part 25(zawgyi +uni)
part 26(zawgyi +uni)
part 27(zawgyi +uni)
part 28(Zawgyi +uni)
part 29(zawgyi+uni)
part 30(zawgyi +uni)
part 31(zawgyi +uni)
part 32(zawgyi +uni)
part 33(zawgyi +uni)
part 34 (Zawgyi +uni)
ေနသစ္မာန္
႐ွိန္းေခတ္ေႏြ
part 35( zawgyi+ uni)
part 36(zawgyi + uni)
Part 37(Zawgyi + Uni)
part38 (Zawgyi +uni)
part 39(Zawgyi +Uni)
ေျဖ႐ွင္းခ်က္
Part 40 (Z+ U) Final
ေက်းဇူးတင္လႊာ
Extra (Z + U)
Extra 2(Z+U)
Extra 4(Z+U) end
special extra for covid-19
side story
back with newfic

Extra 3(Z+U)

66.3K 4.9K 450
By shanemann622

Extra 3

" ကိုကို သားအိပ္ခ်င္ၿပီ "

ကတၱီပါေကာ္ေဇာအိအိေပၚ ၌ အ႐ုပ္မ်ိဳးစုံျဖင့္ ေဆာ့ေနသည့္ ပူၾကဴးေလးသည္ ေဘး၌ထိုင္ကာ တီဗီြၾကည့္ေနသည့္ က်ြန္ေတာ့္ေပါင္ေပၚသို႔ ေခါင္းေလးလွဲခ်ကာ မ်က္ေတာင္ေလးမ်ားေကာ့ဆင္း၍ေျပာေလသည္။

"ဟုတ္ၿပီ ဒါဆို ကိုိကိုတို႔သြားအိပ္ၾကတာေပါ့......ေျသာ္..... ဘဘတိုး တံခါးေတြေသခ်ာေလးပိတ္ေပးပါေနာ္ သားတို႔ သြားအိပ္ေတာ့မယ္ ဘဘတိုးလည္းေစာေစာအိပ္ပါ "

ပူၾကဴးေလး၏ ဆံပင္ေကာက္ေကာက္ေလးမ်ားကို ဖြဖြသပ္ေပး၍ မလွမ္းမကမ္း ၌ထိုင္ကာ တီဗီြၾကည့္ေနသည့္ ဘဘတိုးအား ကြၽန္ေတာ္ လွမ္းေျပာလိုက္သည္။ဒီေန႔ေတာ့ အိမ္မွာ က်ြန္ေတာ္ရယ္ ပူၾကဴးရယ္ ဘဘတိုးရယ္ က်ြန္ေတာ္တို႔ ၃ေယာက္ပဲ႐ွိတာပါ။ ဦးမာန္က အလုပ္ကိစၥျဖင့္နယ္ဘက္ကိုဘက္ကို ခရီးသြားတာ...။

ပူၾကဴးအား ခ်ီပိုး၍ သူ႔အခန္းေလးထဲ ေခၚသြားကာ အိပ္ယာေပၚ အသာယာခ်ေပးလိုက္သည္။ ကေလးငယ္သည္ လိမၼာလြန္းသည္။ ဂ်ီလည္းမက်သလို အစားအေသာက္လည္းသိပ္ဂ်ီးမမ်ား ေျပာစကားလည္းနားေထာင္သည္။ သို႔ေပမယ့္ ေယာက်္ားေလး ေပမို႔ထင္သည္ အေဆာ့သန္သည္။ တစ္ေနကုန္ ေဆာ့သည္ ေက်ာင္းကျပန္လာလ်ွင္ ေက်ာင္းအၤက်ီ အျဖဴေလးမွာ အေရာင္မ်ိဳးစုံႏွင့္ပါလာတတ္သည္။ တျဖည္းျဖည္းႏွင့္ အရြယ္ထြားလာသည့္ ပူၾကဴးေလးသည္ ရြယ္တူသူငယ္ခ်င္းေတြၾကား အရပ္႐ွည္သည္ ။ ဦးမာန္က အစားေသာက္မွန္မွန္ႏွင့္ က်န္းမာေရးညီၫႊတ္ေအာင္ ေကြၽးေသာေၾကာင့္ ပူၾကဴးေလးမွာ လုံးကစ္ကစ္ႏွင့္ထြားထြားေလရယ္ပါ။ ယခုလည္း တစ္ေနကုန္ေဆာ့ထားသမ်ွပင္ပန္းသြား၍ ေခါင္းႏွင့္ ေခါင္းအုံးေလးထိလိုက္တာနဲ႔ အိပ္ေပ်ာ္သြားေလၿပီ။ အိပ္ေပ်ာ္ေနေသာ ပူၾကဴးေလးကို ၾကည့္၍ နဖူးျပင္မိုု႔မို႔ေလး အနမ္းေႁခြကာ အခန္းထဲမွ ျပန္ထြက္လာခဲ့သည္။

အခန္းထဲေရာက္ေတာ့ အားသြင္းခဲ့သည့္ ဖုန္းေလးက screen မီးလင္းေနသည္။ ဖုန္းအားယူၾကည့္လိုက္ရာ ဦးမာန္ ဖုန္းေခၚထားသည္မွာ မနည္းေပ။ ရဲရဲနီေနသည့္ miss callမ်ားကို ၾကည့္၍ က်ြန္ေတာ္ခ်က္ခ်င္းပင္ ျပန္ေခၚလိုက္သည္။

"Hello "

ခ်က္ခ်င္းဆိုသလို ကိုင္လာသည့္ ဖုန္းသံေၾကာင့္ ေပ်ာ္သြားေပမယ့္ တစ္ဖက္မွ အသံသည္ ဦးမာန္၏ အသံမဟုတ္...။ မိန္းမတစ္ေယာက္၏ အသံျဖစ္ေနသျဖင့္ ကြၽန္ေတာ္ စိတ္ထင့္သြားသည္။

" hello အဲ့ဘက္က အမက ဘယ္သူလဲမသိဘူး "

"ကြၽန္မက ကိုေနရဲ႕မိတ္ေဆြပါ ႐ွင္ကဘယ္သူလဲ "

မိတ္ေဆြဆိုေသာ မိန္းမ၏ ခပ္ဆာဆာအသံေၾကာင့္ ေခတ္ေႏြ ေဒါသထြက္သြားသည္။ အခုသူက ဘယ္သူ႔ကိုလာၿပီးျပန္ေမးေနတာလဲ။

" ကြၽန္ေတာ္ ဘယ္သူလဲဆိုတာ ခင္မ်ားသိဖို႔မလိုဘူး။ ဦးမာန္ကို ဖုန္းေပးလိုက္ "

" ဒီမွာ ႐ွင္ဘယ္လိုအသံနဲ႔ ကြၽန္မကို အမိန္႔လာေပးေနတာလဲ ။ ကိုေနေရခ်ိဳးေနတယ္ ဒါပဲ ၿပီးမွျပန္ဆက္ "

စြာက်ယ္က်ယ္အသံႏွင့္အတူ တီခနဲခ်သြားသည့္ ဖုန္းကို ၾကည့္ရင္း ေခတ္ေႏြ ေဒါသျဖစ္တာ ေတာက္ေခါက္လိုက္၏ ။ နာရီကို ၾကည့္ေတာ့ ည ၁၀နာရီပင္ ထိုးေနၿပီ။ ဒီအခ်ိန္ႀကီး ဦးမာန္က ဘယ္မိန္းမဆီကို ေရာက္ေနတာလဲ ။ ငါ့ကိုေျပာသြားေတာ့ နယ္ဘက္ကိုအလုပ္ကိစၥနဲ႔ခရီးသြားတာဆို ။ အခုေတာ့ ဒိအခ်ိန္ႀကီး ဘယ္ကမိန္းမနဲ႔အတူ႐ွိေနရတာလဲ ။ ဒါငါ့ေနာက္ကြယ္မွာ သူကေဖာက္ျပန္ေနတာလား..........ဟာကြာ.....ေတာက္!!!

အေတြးတ္ု႔ိႏွင့္ပင္ မြန္းက်ပ္လာကာ မ်က္ရည္မ်ားလည္း ဝဲတက္လာသည္။ ေဒါသစိတ္ႏွင့္ ဝန္တိုစိတ္ကပူးတြဲလာေတာ့ လက္ထဲ၌ကိုင္ထားသည့္ ဖုန္းအား ၾကမ္းေပၚသို႔ အားျပင္းျပင္းႏွင့္ ေပါက္ခြဲလိုက္သည္။

"ခလြမ္း!!!! "

ၾကမ္းျပင္၌ အစိတ္စိတ္အႁမႊာျမြာ ျဖစ္သြားသည့္ ဖုန္းကိုၾကည့္ရင္း သူ၏ရင္ေတြလည္း အစိတ္စိတ္အႁမႊာျမြာ ကြဲမတတ္ျဖစ္ေနၿပီ။ ရင္ထဲမွာ ပူေလာင္၍ေနၿပီ။ ခရီးသြားေနသည့္ သုံးရက္အတြင္း ဖုန္းတစ္ခ်က္ေတာင္မဆက္ပဲျပစ္ထားတာ အဲ့မိန္းမနဲ႔ အတူ႐ွိေနလို႔လား......အခုအခ်ိန္မွ ဖုန္းဆက္တာေရာ ဘာသေဘာလဲ.....ေရခ်ိဳးေနတယ္ဆိုတာေရာ..........ဦးမာန္ငါ့ကို ႐ိုးသြားလို႔ ေဖာက္ျပန္ခ်င္ေနၿပီလား.....သူငါ့ကိုမခ်စ္ေတာ့လို႔လား........စသည့္ အေတြးမ်ားႏွင့္အတူ ပါးျပင္ေပၚသို႔ စီးက်လာေသာ မ်က္ရည္မ်ားက အရင္လို ကူသုတ္ေပးမယ္ လက္တစ္စုံႏွင့္ ေႏြးေထြးလွေသာ ရင္ခြင္က်ယ္မ႐ွိေတာ့ မ်က္ရည္မ်ားက ပိုလို႔က်လာသည္။ ေသခ်ာသည္ သူဒီညေတာ့ အိပ္ေပ်ာ္မည္မဟုတ္ေတာ့ ။ ေနရာလပ္ေနသည့္ အၾကင္သူ၏ ေခါင္းအုံးေလးအား ရင္ဝယ္ပိုက္ရင္း ပို၍ ငိုေနမိသည္။

" ဦးမာန္ ငါ့ကို ထားသြားလို႔မျဖစ္ဘူး........."

.................

"ဟင္....မေဆြ! ! "

ေရခ်ိဳးခန္းမွ ကိုယ္တစ္ပိုင္းဗလာႏွင့္ ထြက္လာေသာ ေနသစ္သည္ သူ၏ အိပ္ယာေပၚ၌ ထိုင္ေနသည့္ မိန္းမအားျမင္ေသာ္ အလန္႔တၾကားျဖစ္သြားရသည္။

"ေျသာ္....ကိုေန ထြက္လာၿပီလား အဟင္းဟင္း "

အိစိစိ ခြၽဲတဲတဲအသံႏွင့္ ညဳ႕တုတုသူမရဲ႕မ်က္လုံးေတြက ေနသစ္၏ အဝတ္ကင္းေနေသာ ဗိုက္ႂကြက္သားတို႔ေပၚ၌ ယစ္ဝဲေန၏။ သူမ၏ မူမမွန္သည့္ အၾကည့္မ်ားကို ရိပ္မိေသာ ေနသည္ ခုံေပၚ၌ တင္ထားေသာ အၤက်ီႏွင့္ ေဘာင္းဘီအား ဆြဲယူ၍ ခ်က္ခ်င္းပင္ ေရခ်ိဳးခန္းထဲဝင္ကာ အဝတ္လဲလိုက္သည္။

" ဟြန္႔ ႐ွက္ေနေသးတယ္ ဒီမွာလဲလည္းရတာကို ဟီဟီ..."

သူမသည္ ႐ွက္ရိပ္ေလးသန္းသကဲ့သို႔ ရယ္ကာခပ္တိုးတိုးေျပာေလသည္ ။ ၿပီးေနာက္ ေနသစ္သည္ ခပ္ျမန္ျမန္ပင္အဝတ္လဲကာ ျပန္ထြက္လာၿပီး သူ႔ကုတင္ေပၚ၌ ထိုင္ေနသည့္ မိန္းမအား ခပ္စူးစူးၾကည့္ကာ

" ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ အိပ္ယာေပၚက ထေပးပါ "

" ဟြန္႔ တြန္႔တိုလိုက္တာ ကိုေနကလည္း "

" မေဆြႏိုင္ ဒီအခ်ိန္ႀကီး က်ြန္ေတာ့္အခန္းထဲကိုလာတာ ဘာကိစၥမ်ားလဲ "

ႏႈတ္ခမ္းအား ဆူကာ ခြၽဲေအာင္ေျပာသည့္ သူမ၏ စကားကို ေနသစ္ မၾကားခ်င္ေယာင္ေဆာင္ကာ မ်က္ႏွာတည္တည္ျဖင့္ ေမးေလသည္။

"အာ.....ကိစၥ႐ွိမွလာရမွာလား ကိုေနရဲ႕ ေဆြကေလ ႏွစ္ခ်ိဳ႕ ဝိုင္ပုလင္းလက္ေဆာင္ရထားလို႔ အဲ့ဒါ ကိုေနနဲ႔ တူတူေသာက္ရေအာင္ လာခဲ့တာ "

သူမသည္ ေျပာလည္းေျပာ စားပြဲေပၚ၌တင္ထားေသာ ဝိုင္ပုလင္းႀကီးအား ကိုင္ကာ ေျမႇာက္ျပသည္ ။

" စိတ္ေတာ့မ႐ွိပါနဲ႔ ကြၽန္ေတာ္ပင္ပန္းေနၿပီ။ဒါေၾကာင့္ အိပ္ေတာ့မွာမို႔ မေဆြႏိုင္ ကိုယ့္အခန္းကိုယ္ျပန္ပါေတာ့။ ၿပီးေတာ့ ဒီအခ်ိန္ႀကီး အမနဲ႔ကြၽန္ေတာ္ ႏွစ္ေယာက္တည္း႐ွိေနတာ မသင့္ေတာ္လို႔ပါ "

"အို.....ကိုေနကလည္း ဘာမသင့္ေတာ္စရာ႐ွိလို႔လဲ ဝိုင္ေလးေသာက္ရင္း ေဆြအပ္ထားသည့္ အလုပ္ကိစၥေလးေတြေျပာၾကရေအာင္ပါ "

သူမသည္ လက္မေလ်ွာ့ ခုံမွာေတာင္ ထိုင္ကာျဖင့္ ေျပာေလေတာ့ ေနသစ္ စိတ္႐ႈပ္သြားသည္။ ဒီမိန္းမက ဘယ္လိုမိန္းမလဲ....။

" အလုပ္ကိစၥသိခ်င္ရင္ မနက္မွ က်ြန္ေတာ္ေျပာပါ့မယ္ ကြၽန္ေတာ္ အျမန္ဆုံး ေဆာက္ေပးေနပါတယ္။ အမရဲ႕ shopping center က ေနာက္ႏွစ္ပတ္ဆို ၿပီးပါၿပီ။ မနက္မွ အေသးစိတ္႐ွင္းျပမွာမို႔ အမျပန္ပါေတာ့ "

" ကိုေနကလည္း အတင္းေတြႏွင္ေနတာပဲ ေဆြက ဒီတိုင္း ပစၥည္းေကာင္းေလးရလာလို႔ မိတ္ျဖစ္ေဆြျဖစ္ ေသာက္ေစခ်င္တာပါ "

" ျပန္လိုက္ပါ က်ြန္ေတာ့္ေယာက်္ားနဲ႔ ဖုန္းေျပာဖို႔ ခ်ိန္းထားလို႔ပါ "

" ဘယ္လို!! ေယာက်္ား? ? အဟင္း တစ္ခုခုေတာ့မွားေနသလိုပဲေနာ္ "

ေနသစ္၏စကားကို သူမသည္ နားမလည္သည့္ဟန္ျဖင့္ ေျပာေလသည္။

" မမွားပါဘူး အမၾကားတဲ့အတိုင္းပါပဲ က်ြန္ေတာ္က အိမ္ေထာင္သည္ပါ က်ြန္ေတာ္ယူထားတာ ေယာက်္ားေလး။ ၿပီးေတာ့ က်ြန္ေတာ္မိန္းမေတြကို စိတ္မဝင္စားဘူး။ အမျပန္ပါေတာ့ "

ယခုအခ်ိန္အထိ ေခတ္ေႏြႏွင့္လက္မထပ္ရေသးေသာ္လည္း ထိုမိန္းမ ထြက္သြားေစလိုျခင္းငွါ ပို၍ေျပာလိုက္သည္။ေနာက္လည္း သူ႔ေယာက်ၤားျဖစ္လာမွာပဲမဟုတ္လား...။

ထိုအခါ သူမသည္ မယုံႏိုင္သလိုျဖင့္ ေနသစ္မ်က္ႏွာအားၾကည့္ျပန္ေတာ့လည္း ေနသစ္သည္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ လိမ္ေျပာေနသည့္ပုံမဟုတ္တာေၾကာင့္ သူမ စိတ္ထဲအက်ပ္ေတြ႔သြားသည္။ အမွန္တိုင္းေျပာလ်ွင္ ခံျပင္းသြားသလို ဒီေယာက်ၤားကိုလည္း လိုခ်င္စိတ္က ပိုလာျပန္သည္။ သူမဘဝမွာ သူမလို အလွဘုရင္မကို လိုခ်င္ေနတဲ့သူေတြဘယ္ေလာက္မ်ားလိုက္သလဲ.....။ အိမ္ေထာင္႐ွိေတာ့လည္း ဘာျဖစ္လဲ ေယာက်္ားခ်င္းဆိုေတာ့ ညည္းေငြ႔ေကာင္းပါရဲ႕......... ။ သူမရဲ႕ ဆြဲေဆာင္မႈ႐ွိတဲ့ ေကာက္ေၾကာင္းေတြနဲ႔ ျမဴဆြယ္လိုက္ရင္ ဘယ္ေယာက်ာၤးက ခံႏိုင္႐ိုးလဲ.....။

" အဟင္း မထင္ရဘူးေနာ္ ဒါေပမယ့္လည္း တစ္ခါေလာက္ေတာ့ မိန္းမေတြနဲ႔ မပတ္သက္ခ်င္ဘူးလား ေဆြ႔ကိုၾကည့္ပါအုံး ေဆြကဆြဲေဆာင္မႈမ႐ွိဘူးလားဟင္ "

သူမသည္ ရဲတင္းစြာျဖင့္ ဝတ္ဆင္ထားေသာ ႀကိဳး တစ္လုံး အၤက်ီမွ ႀကိဳးကိုင္းကို ဆြဲခ်ျပသည္။ ထို႔ေနာက္ ဒူးေအာက္စကပ္အား ေပါင္အထိ ဆြဲတင္ျပသည္ ။ သူမမ်က္လုံးမ်ားက ေနသစ္အား ညိဳ႕ယူသလို ျငဳတုတုၾကည့္ေန၏ ။ ေနသစ္သည္ ဟက္ခနဲ ျပံဳးလိုက္ကာ သူမနားသို႔ ျဖည္းျဖည္းခ်င္းေလ်ွာက္လာ၏......။ သူမေ႐ွ႕၏ ရပ္၍

" အမ က်ြန္ေတာ့္ေ႐ွ႕မွာ တစ္ကိုယ္လုံးခြၽတ္ျပရင္မွ က်ြန္ေတာ့္ေကာင္ေလးရဲ႕ ေျခေခ်ာင္းေလးေတြေလာက္ေတာင္ အမက ဆြဲေဆာင္မႈမ႐ွိဘူး။ စိတ္ေတာ့မဆိုးနဲ႔ က်ြန္ေတာ့္အျမင္မွာေတာ့ အမကအညႇိတက္ေနတဲ့ ေက်ာက္တုံးႀကီးေတြလိုပဲ။ အဲ့ေတာ့ အမျပန္ပါေတာ့။ ကြၽန္ေတာ္ ေတာ္ေတာ္ေနာက္က်ေနလို႔ "

ေနသစ္၏ စကားေၾကာင့္ သူမသည္ မ်က္ႏွာပ်က္ယြင္းကာ ေဒါသအလြန္ထြက္သြား၏ ။ သူ႔ကိုမ်ား ေက်ာက္တုံးႀကီးနဲ႔ ႏိႈင္းလိုက္ေသး။

" ဒီမွာ က်ြန္မေအာ္လိုက္ရင္ ႐ွင္ဘာျဖစ္သြားမယ္ထင္လဲ။ ဒီအခ်ိန္ႀကီး ဒီအခန္းက ထြက္သြားရင္  ႐ွင္က က်ြန္မကို မတရားၾကံပါတယ္လို႔ က်ြန္မ ရဲတိုင္လိုက္မွာ "

အႏုနညး္မရေတာ့ အၾကမ္းနည္းသုံးေသာ သူမသည္ ႐ွဳး႐ွဴး႐ွဲ႐ွဲျဖင့္ ေဒါထြက္ကာ ေနသစ္အား ၿခိမ္းေျခာက္ေလသည္။

" ဟက္....အခ်ိန္မေတာ္ႀကီး သူစိမ္းေယာက်ာၤးတစ္ေယာက္ရဲ႕အခန္းထဲ အရက္တူတူေသာက္ရေအာင္ဆ္ုိျမဴဆြယ္ေနတဲ့ မင္းရဲ႕အဆင့္နဲ႔ စကားကို ဘယ္သူကယုံမွာလဲ.....ေနာက္ၿပီး........မင္း ရဲမတိုင္ခင္ ငါမင္းကို ဒီ hotelရဲ႕ တစ္ေနရာမွာ ဘိလပ္ေျမေလာင္းၿပီး  ျမႇဳပ္လို႔ရတယ္ဆ္ုိတာ မင္းသိရဲ႕လား ဒီhotle က ငါေဆာက္ခဲ့တာျဖစ္တဲ့အတြက္ မင္းကို ဘယ္သူမွ ႐ွာမေတြ႔ႏိုင္ဘူး ၿပီးေတာ့ ငါ့အခန္းဆီမင္းလာတာလည္း ဘယ္သူမွမသိဘူးမလား သိခဲ့ရင္လည္း ငါ့မွာ ေငြေပါတယ္ေလ မင္း ငါ့အေၾကာင္းကို ေသခ်ာမစုံစမ္းပဲ ငါနဲ႔ လာပတ္သပ္တာကို။အဟင္း ေသခ်ာလည္း စုံစမ္းလိုက္အုံး "

႐ုတ္ခ်ည္း ေျပာင္းလဲသြားသည့္ ေၾကာက္စရာအသံႏွင့္ ေအးစက္စက္ မ်က္ႏွာထားေၾကာင့္ သူမသည္ တုန္လႈပ္သြားရသည္။ အခုသူမကို သတ္မယ္လို႔ ၿခိမ္းေျခာက္ေနတာေတာင္ ေနသစ္မ်က္ႏွာသည္ ေၾကာက္စရာအျပံဳးတို႔ႏွင့္ပါ။ ၿခိမ္းေျခာက္တယ္ဟုမထင္ပါ တကယ္ပဲ လုပ္မည္ဆိုတာ သူမခံစားရ၍ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ အခန္းမွာ ေျပးထြက္သြားသည္။

သူမထြက္သြားေတာ့မွ အခန္းတံခါးေသခ်ာဂ်က္ခ်၍ သက္ျပင္းသဲ့သဲ့ခ်လိုက္သည္။ အ႐ႈပ္ေတြ.......။

ထို႔ေနာက့္ အိပ္ယာေပၚ႐ွိ ဖုန္းအားေကာက္ယူ၍ ၾကည့္လိုက္ရာ ေခတ္ေႏြ ဖုန္းေခၚထားသည္။ ၿပီးေတာ့ ဖုန္းေျပာထားသည္။ အခ်ိန္ကိုၾကည့္လိုက္ေတာ့ သူေရခ်ိဳးေနသည့္အခ်ိန္ ။ ဖုန္းျပန္ေခၚေတာ့ ဖုန္းက စက္ပိတ္ထားသည္။ ေနသစ္ဘယ္လိုပင္ ေခၚေခၚမရပါ။

"က်စ္!! ဒီလင္ဒါ႐ူးမကေတာ့ ငါ့ကိုေမႊသြားၿပီ ။ ငယ္ အထင္လြဲသြားၿပီထင္တယ္ ေတာက္!! အသံေလးၾကားခ်င္ပါတယ္ဆိုမွကြာ"

ေနသစ္ ေဒါသလည္းထြက္ စိတ္လည္း႐ႈပ္ကာ သူ၏ မန္ေနဂ်ာအား ခ်က္ခ်င္းပင္ ဖုန္းေခၚလိုက္၏။

"Hello ဆရာ ဒီအခ်ိန္ႀကီး ဘာကိစၥ႐ွိလို႔လဲမသိဘူး "

" ေအး အခုေဆာက္ေနတဲ့ မေဆြႏိုင္ရဲ႕ shopping center ကို အကုန္ျဖဳိလိုက္ေတာ့ ဘိုဒူဆာနဲ႔ ထိုးခ်ကြာ "

"ဗ်ာ!!!! ဆ...ဆရာ ဘာမ်ားျဖစ္လို႔..."

" မနက္ျဖန္ ၿဖိဳခ်လိုက္ ျဖစ္လာတဲ့ ျပသာနာငါ႐ွင္းမယ္။ ၿပီးေတာ့ ငါ့ကို မနက္ရန္ကုန္ျပန္ဖို႔ ေလယာဥ္ လက္မွတ္ မွာေပးထား မနက္ေစာေစာ ခ်က္ခ်င္းျပန္မယ္။ မင္း အဲ့အေဆာက္အဦးေတြ တစ္စၿပီး ၿဖိဳၿပီးမွ ေနာက္ကလိုက္လာခဲ့ "

"ဟုတ္ ဟုတ္..ကဲ့ ဆရာ "

မန္ေနဂ်ာသည္ အိပ္ခ်င္မူးတူးမွ အိပ္ခ်င္ေျပကာ မ်က္လုံးတို႔ျပဴးက်ယ္ကုန္သည္။ ၿပီးေတာ့မယ့္ အေဆာက္အဦးကို ဘာလို႔ ႐ုတ္တရက္ႀကီး ဘိုဒူဆာနဲ႔ထိုးခ်ခိုင္းရတာလဲ ဆိုတာ သူမသိေတာ့ အခုေတာ့ မနက္ျဖန္အတြက္ ေလယာဥ္လက္မွတ္မွာရအုံးေပမည္။

.........................................

မနက္ေစာေစာထကာ ပူၾကဴးေလး၏ ေဝယ်ာဝစၥလုပ္ေပး ထမင္းခ်ိဳင့္ထည့္ေပးၿပီး ေက်ာင္းပို႔လိုက္သည္။ ကေလးေက်ာင္းပို႔ၿပီးေနာက္ ေခတ္ေႏြ ေနသစ္၏ အိမ္ကိုမျပန္ခ်င္တာႏွင့္ ေမေမ့အိမ္သို႔သာျပန္လာခဲ့သည္။ အိမ္ေရာက္ေတာ့ ဆိုဖာေပၚတြင္ ေျခပစ္လက္ပစ္ လွဲခ်လိုက္၏ ။ ညကတည္းက တစ္ေရးမွ မအိပ္ရေသးပဲ ဦးမာန္အေၾကာင္းေတြ ေရာက္တတ္ရာရာ စဥ္းစားေနခဲ့တာ။ မို႔အစ္နီေနသည့္ မ်က္လုံးေဖာင္းေဖာင္းေတြက တစ္ညလုံး ငိုထားသည္ကို သိသာေစသည္ ။ မနက္ေရာက္ေတာ့ မ်က္လုံးေတြနာၿပီး ႀကိမ္းေနခဲ့တာ ဖ်ားခ်င္သလိုိလိုပင္ျဖစ္ေနသည္။

"သား ေနမေကာင္းဘူးလား "

"ေကာင္းပါတယ္ ေမေမ "

" ေကာင္းတယ္သာေျပာတယ္ ကိုယ္ေတြေႏြးေနတာပဲ "

အေမသည္ ေခတ္ေႏြ၏ နဖူးအား အသာအယာစမ္းရင္းေျပာေလသည္။

" ေခါင္းနဲနဲကိုက္ေနလို႔ပါ "

" ဒါဆို သံပုရာရည္ေတြေသာက္မလား အေမ မီးငယ္ကို ေဖ်ာ္ခိုင္းလိုက္မယ္ "

"မေသာက္ေတာ့ပါဘူး ေမ သားတစ္ေရးေလာက္အိပ္လိုက္အုံးမယ္ "

"ေအးကြယ္ ဒါနဲ႔ ဟိုအိမ္မွာ ေမာင္ေနသစ္ျပန္ေရာက္ေနၿပီလား အေမ့ေျမးေလးေရာ ေက်ာင္းပို႔ခဲ့လား "

"ကေလးကိုေက်ာင္းပို႔ခဲ့ပါတယ္။ ဟိုလူႀကီးကေတာ့ ျပန္မေရာက္ေသးဘူး "

ဆူပုတ္ပုတ္မ်က္ႏွာျဖင့္ ေျပာကာ အခန္းထဲဝင္သြားသည့္ သားျဖစ္သူကို ၾကည့္၍ ေဒၚေႏြဦး ျပံဳးလိုက္သည္။

" ေျသာ္...ဒီကေလးႏွယ့္ "

.................................

မွိတ္ထားသည့္ မ်က္ခြံႏွစ္ဖက္ေပၚ ခပ္ေႏြးေႏြးက်ေရာက္လာသည့္ အိိစက္စက္အရာေၾကာင့္ အိပ္ေပ်ာ္ေနရာမွ ႏိုးလာသလို။ ဘာမ်ားလဲလို႔ မ်က္လုံးဖြင့္မၾကည့္ခင္ ရင္းႏွီးၿပီးသား ကိုယ္သင္းရနံ႔ႏွင့္ ေရေမႊးအနံ႕ ၊ ၿပီးေတာ့ မိမိပါးျပင္ကိုထိကပ္ထားေသာ အိစက္စက္ ႏႈတ္ခမ္းတစ္စုံရဲ႕အထိအေတြ႕ေၾကာင့္ မည္သူဆိုတာ ေခတ္ေႏြ သိလိုက္သည္။

သို႔ေပမယ့္.......စိတ္ဆိုးေနတာမို႔ မ်က္ႏွာမျမင္ခ်င္တာေၾကာင့္ မ်က္လုံးမဖြင့္ဘဲ ပလက္အေနအထားမွ ေဘးေစာင္းလိုက္ကာ သူ၏အနမ္းမ်ားထဲမွ ႐ုန္းပစ္လိုက္သည္။

" ငယ္ ႏိုးေနတာ ကိုယ္သိတယ္ "

".........."

" မ်က္လုံးဖြင့္ၿပီး ကိုယ့္ကိုၾကည့္ပါအုံး ကိုယ္ ေလယာဥ္ဆိုက္ဆိုက္ျခင္း ငယ့္ဆီကို အေျပးလာခဲ့ရတာ ၄ရက္ႀကီးမ်ားေတာင္ လြမ္းေနတာ "

ေနသစ္၏ စကားမ်ားကို မၾကားခ်င္ေယာင္ေဆာင္ေနသည့္ ေခတ္ေႏြသည္ စကားလည္းမေျပာသလို မ်က္လုံးမ်ားမွိတ္ကာ ၿငိမ္ေနေသာေၾကာင့္ ေနသစ္သက္ျပင္းခ်လိုက္သည္။

" ငယ္ ကိုယ့္ကို တကယ္စိတ္ဆုိးေနတာပဲ။ ကိုယ္ထင္တယ္ ကိုယ္ထင္လို႔ ခ်က္ခ်င္းျပန္လာခဲ့တာ ။ ကိုယ္႐ွင္းျပမယ္ေလ ဟင္ ထပါ ငယ္ ရယ္ "

လက္ေလးကို ဆြဲ၍ ေခ်ာ့ေသာ္လည္း လက္မ်ားကိုပုတ္ခ်၍ ႐ုန္းျပန္သည္။ လ်စ္လ်ဴ႐ႈျခင္းခံရသည့္ ခံစားခ်က္ကို သေဘာမက်ေသာ ေနသစ္သည္ စိတ္မေကာင္းျဖစ္ေနသည္။ ထို႔ေနာက္ လြတ္ေနသည့္ ေနရာေလးတြင္ လွဲခ်၍ သူ႔အားေက်ာေပးထားသည့္ ေကာင္ေလး၏ ပခုံးစြန္းကို ႏႈတ္ခမ္းမ်ားျဖင့္ပြတ္ဆြဲရင္း ခါးသြယ္သြယ္ကိုဖက္လိုက္၏။

"မ႐ုန္းပါနဲ႔လား ငယ္ရာ..."

ခါးေပၚ႐ွိလက္မ်ားက္ုိအတင္းဆြဲခြာေနေသာေၾကာင့္ ေနသစ္ပိုတိုးဖက္ကာ ခပ္တိုးတိုးေလးေတာင္းဆိုလိုက္သည္။

" ငယ္..."

ေက်ာျပင္ငယ္သည္ တသိမ့္သိမ့္တုန္လာေသာအခါ ေနသစ္ပ်ာယာခပ္သြားသည္။

" ငယ္ ငိုေနတာလား "

ပခုံးမွေန၍ ဆြဲကာ ပလက္အေနအထား ႐ွိေစၿပီး ေနသစ္သည္ ေခတ္ေႏြအား အေပၚမွ အုပ္မိုး၍ မ်က္ရည္မ်ားစီးက်ေနသည့္ မ်က္ဝန္းေလးမ်ားကို စိုက္ၾကည့္လိုက္သည္။

"မငိုပါနဲ႔ကြာ ကိုယ္ေတာင္းပန္ပါတယ္ "

လက္တစ္ဖက္က အိပ္ယာျပင္ကိုေထာက္ထားရင္ တစ္ဖက္က တသြင္သြင္ စီးက်ေနသည့္ မ်က္ရည္မ်ားကို သုတ္ေပးေနသည္။

" ဦး~~က က်ြန္ေတာ့္ကို~~~စိတ္~~ကုန္ေနၿပီလား"

႐ႈိက္သံတစ္ခ်ိဳ႕ႏွင့္ ငိုသံေရာေနသည့္ စကားေၾကာင့္ ေနသစ္ျပံဳးလိုက္သည္။ မ်က္စိေအာက္က ေကာင္ေလးသည္ ငိုေနတာေတာင္ ဆြဲေဆာင္မႈ႐ွိလွစြာ

" ဘာရယ္ေနတာလဲ က်ြန္ေတာ့္ကိုေလွာင္တာလား ။ ဟုတ္ေနတာပဲ က်ြန္ေတာ့္ေနာက္ကြယ္မွာ ခင္မ်ားေဖာက္ျပန္ေနတာ ဖယ္ဗ်ာ "

စိတ္ဆိုးမာန္ဆိုးျဖင့္ ေနသစ္အား ေဆာင့္တြန္းပစ္ကာ အိပ္ယာေပၚမွာ ထထိုင္လိုက္သည္။ေနသစ္သည္ ေခတ္ေႏြအား ဖက္ရန္ျပဳေသာ္ စိတ္ျမန္ေသာေကာင္ေလးက ခ်က္ခ်င္းမွ ကုတင္ေပၚမွ ဆင္း၍ ထရပ္၏။

" လမ္းခြဲမယ္ "

မ်က္ေလးလႊဲကာ မ်က္ရည္မ်ားျဖင့္ေျပာလာေသာ စကားကို ေနသစ္သည္ မၾကားသလိုျပဳကာ သက္ျပင္းခ်၍ ေခတ္ေႏြဆီသို႔ေလ်ွာက္လာသည္။

" ကိုယ္႐ွင္းျပမယ့္ စကားကို ခဏေလးနားေထာင္ေပးပါ ငယ္ရာ ကိုယ့္ကို ယုံတယ္မလား ဘာမွမဟုတ္တာေလးနဲ႔ လမ္းခြဲစကားကိုလြယ္လြယ္မေျပာရဘူးေလ။ ေသြးဆူေနတဲ့အခ်ိန္မွာ စိတ္ထင္ရာမလုပ္ရဘူး အကုန္အမွားေတြျဖစ္ကုန္မွာေပါ့ ငယ္ရဲ႕။ ကိုယ္ေျပာနားလည္ရဲ႕လား မငိုနဲ႔ေတာ့ကြာ....လာပါအုံး ကို္ယ္ေသခ်ာ႐ွင္းျပပါ့မယ္ နားမထားခ်င္ဘူးမေျပာနဲ႔ ျပသာနာဆိုတာ ႏွစ္ဦးႏွစ္ဖက္ ေျဖ႐ွငး္မွ ေျပလည္တာ "

ေနသစ္သည္ ေခတ္ေႏြပါးျပင္ေပၚမွ မ်က္ရည္မ်ားကိုသုတ္ကာ ေခ်ာ့ေမာ့ဆုံးမေနသည္။ လမ္းခြဲစကားေျပာခံရတာေတာင္ ဖခင္ႀကီးလိုိ ေလေျပေအးျဖင့္ လာဆုံးမေနသည့္ ေနသစ္ကိုၾကည့္ရင္း ေခတ္ေႏြ အျမင္ကပ္လာသည္။သို႔ေပမယ့္ သူေျပာတာလည္း နားေထာင္ခ်င္ေသးသည္မို႔ ကုတင္ေပၚ ျပန္ထိုင္လိုက္ေလသည္။

" အင္း ဒီလိုမွေပါ့ "

"ကဲ....ကိုယ့္ကိုေျပာ ညက ငယ္ဖုန္းဆက္ေတာ့ အဲ့မိန္းမက ငယ့္ကိုဘာေတြေျပာလိုက္လဲ "

"........"

"ေျပာပါ ငယ္ရာ ကိုယ္ အကုန္႐ွင္းျပပါမယ္ဆို "

" အဲ့..အဲ့ မိန္းမကမိတ္ေဆြဆိုၿပီး ခင္မ်ားဖုန္းကို ဘာလို႔ကိုင္ရတာလဲ ညအခ်ိန္မေတာ္ႀကီး.... ။ၿပီးေတာ့ သူကေျပာေသးတယ္ခင္မ်ားေရခ်ိဳးေနတယ္ ေနာက္မွ ျပန္ဆက္တဲ့ ဒါကဘာသေဘာလဲ ခင္မ်ား က်ြန္ေတာ့္ေနာက္ကြယ္မွာ အဲ့မိန္းမနဲ႔ေဖာက္ျပန္ေနတာမလား "

ေဒါသထြက္ေနသည့္ ေၾကာင္ေပါက္ေလးလို မ်က္ေစာင္းရဲရဲႏွင့္ မာန္ဖီကာ စြတ္စြဲေနသည့္ ေခတ္ေႏြကိုၾကည့္ကာ ေနသစ္ အသဲယားလာ၍ ႏွာေခါင္း နီနီရဲရဲေလးအား ခပ္ဖြဖြေလး နမ္းလိုက္သည္။

" လာမနမ္းနဲ႔ "

ေၾကာင္ေပါက္ေလးသည္ ေနသစ္အား တြန္းထုတ္ကာ ငိုထား၍ထြက္ေနသည့္ ႏွာရည္တစ္ခ်ိဳ႕ကို လက္ျဖင့္ ဆြဲပြတ္၍ ေနသစ္ေဘာင္းဘီေပၚသို႔ သုတ္လိုက္၏ ။

" ညစ္ပတ္လိုက္တာ ငယ္ရာ ဟားဟား"

ေနသစ္သည္ သေဘာက်စြာ ရယ္ေမာေလေတာ့ ေခတ္ေႏြ မ်က္ေစာင္းခဲကာ အံႀကိတ္ေတာ့သည္။

" ခင္မ်ား စကားလမ္းေၾကာင္းမလြဲနဲ႔ ႐ွင္းမယ္ဆိုအခု႐ွင္း "

"ဟင္းးးး ဟုတ္ပါၿပီး ႐ွင္းပါ့မယ္ အဲ့ကိစၥက ဒီလို...................."

မေဆြႏိုင္နဲ႔ ျဖစ္ပ်က္သမ်ွအရာအာလုံးကို႐ွင္းျပရာ အစပိုင္းေတာ့ လူကို မယုံသလိုႏွင့္ၾကည့္ကာ နားေထာင္ေနၿပီး ေနာက္မွ ယုံသလိုလို႐ွိလာသည့္ မ်က္ဝန္းေတြေၾကာင့္ ေနသစ္ ရင္ထဲမွ လိႈက္ခနဲေပ်ာ္သြားရသည္။

"အဲ့ဒါ တကယ္ပဲလား "

"အင္း တကယ္ေပါ့ ငယ္ကကိုယ့္ကိုမယုံဘူးလား။ ဒါဆိုလည္း က်ိန္ျပမယ္။ အကယ္၍မ်ား အခုေျပာေသာ စကားမ်ားသည္ ငယ့္အားလိမ္ခဲ့သည္႐ွိေသာ္ ကိုယ္စားသမ်ွ အဆိပ္ျဖစ္ရပါေစဗ်ာ "

"ဟြန္း"

ထိုအခါ ေက်နပ္သြားသည့္ မ်က္ႏွာေလးသည္ တျဖည္းျဖည္းၾကည္လင္လာ၍ ေနသစ္အား ႏွာေခါင္း႐ႈံ့ျပသည္။ ေနသစ္သည္ စိတ္ၾကည္သြားဟန္႐ွိသည့္ ေခတ္ေႏြကို အရိပ္ေျခၾကည့္ကာ ရင္ခြင္ထဲဆြဲထည့္လိုက္သည္။

" ဘာလုပ္တာလဲ "

"ဖက္တာေလ ငယ္ကလည္း"

"ဘာငယ္ကလည္းလဲ ဖယ္စမ္းဗ်ာ။ ကြၽန္ေတာ္ ခင္မ်ားကို စိတ္ၾကည္ေသးတာမဟုတ္ဘူး "

ေခတ္ေႏြသည္ ေနသစ္ရင္ခြင္မွ ႐ုန္းထြက္၍ တံခါးနားသို႔ ေလ်ွာက္သြားသည္။

"ခ်စ္တယ္ ငယ္ ကိုယ္မင္းကိုသိပ္ခ်စ္တယ္ "

ခါးေပၚသို႔ ရစ္ပတ္လာေသာ လက္မ်ားႏွင့္ ေႏြးေထြးသည့္ ရင္ခြင္က်ယ္က ေခတ္ေႏြ၏ ရင္တစ္စုံကို တစ္ဒိန္းဒိန္းလႈပ္ခပ္သြားေစသည္။ ခပ္ျသျသအသံႏွင့္ နားဝင္ခ်ိဳခ်ိဳခ်စ္စကားက ေခတ္ေႏြ၏ အခန္းက်င္းေလးထဲ ရင္ခုန္သံမ်ား ျပန္႔က်ဲသြား၏။

......................................

ေနသစ္သည္ နားရြက္ေလးမ်ားရဲေနၿပီး ဂုတ္ပိုးေလးမ်ား ရဲေနေသာ ေကာင္ငယ္ေလးအား အခ်စ္တိုးရသည္။ ႐ွက္႐ွက္ႏွင့္ သူ႔ရင္ခြင္မွ႐ုန္းထြက္ၿပီး အခန္းျပင္ထြက္သြားသည့္ ေခတ္ေႏြကို ၾကည့္ကာ ေနသစ္ရင္ထဲ၌ လိပ္ျပာငယ္ေလးမ်ား တလူလူပ်ံသကဲ့သို႔.....။

"အေမ "

အိမ္ေ႐ွ႕ဆိုဖာ၌ ထိုင္ေနေသာ ေဒၚေႏြဦးေ႐ွ႕တြင္ ေနသစ္ဒူးေထာက္ လိုက္တာေၾကာင့္ ေဒၚေႏြဦးေဘးတြင္ ထိုင္ေနသည့္ ေခတ္ေႏြသည္ ကေယာင္းကတမ္းျဖင့္ ထိုင္ေနကာမွာ ထရပ္လိုက္သည္။

" ဘာလုပ္တာလဲ ေမာင္ေနသစ္ရယ္ "

"က်ြန္ေတာ္ငယ့္ကို လက္ထပ္ခ်င္ပါတယ္။ အေမ ကြၽန္ေတာ္ အေမ့ဆီမွာခြင့္ေတာင္းတာပါ။ အခုခ်ိန္ေလာက္ဆိုရင္ အေမ က်ြန္ေတာ္တို႔ကို လက္ခံႏိုင္ေလာက္ၿပီထင္လို႔ပါ။ က်ြန္ေတာ္တို႔ကို လက္ထပ္ခြင့္ျပဳပါ အေမ"

ေနသစ့္စကားေၾကာင့္ ေဒၚေႏြဦးသည္ မ်က္ရည္မ်ားၾကားမွ ျပံဳးေလသည္။ ထို႔ေနာက္ ေဘး၌ ရပ္ကာ မ်က္ရည္မ်ားဝဲေနသည့္ သားျဖစ္သူကိုလွမ္းၾကည့္သည္။ ေခတ္ေႏြ၍မ်က္ႏွာမွာ ဝမ္းသာျခင္း ၾကည္ႏူးျခင္း အံ႕ျသျခင္းႏွင့္ ေနသစ္အေပၚခ်စ္ျခင္းမ်ား ေရာင္စုံေန၏။

" အေမ ခြင့္ျပဳပါတယ္ သားတို႔ရယ္။ အေမ စိတ္ခ်ရပါၿပီ.....အေမ့သားေလးကို သားကိုအပ္ပါတယ္ "

ေဒၚေႏြဦး၏ စကားကိုၾကားေသာ္ ေနသစ္သည္ အလြန္ပင္ဝမ္းသာသြား၏။ ထို႔ေနာက္ ေခတ္ေႏြကိုၾကည့္ကာ သူ၏ ေဘာင္းဘီအိတ္ထဲမွ သစ္သားဘူးေသးေလးျဖင့္ ျပဳလုပ္ထားသည့္ လက္စြပ္ဘူးေလးအား ထုတ္ယူလိုက္သည္။ ဒူးတစ္ဖက္ေထာက္၍ မ်က္ရည္မ်ားက်ေနသည့္ ေခတ္ေႏြကိုၾကည့္ကာ လက္ဘူးေလးအား ဖြင့္၏။

" ကိုယ့္ကို လက္ထပ္ပါ ငယ္ "

"အီးဟီးးးး..ဦးးးး အီးဟီး...အဟင့္ "

ေကာင္ငယ္ေလးသည္ မ်က္ရည္မ်ားၾကားျပံဳး၍ ေခါင္းၿငိမ့္ရမည့္အစား အသဲက်ယ္ႀကီးျဖင့္ ေအာ္ငိုေလသည္။

" ဘာ...ဘာ...ျဖစ္တာလဲ ငယ္...ငယ္ "

အသံက်ယ္ႀကီးျဖင့္ေအာ္ငိုေနသည့္ ခ်စ္သူကို ေနသစ္ဒူးေထာက္ေနရာမွ ကပ်ာကယာ ထလိုက္၍ ပါးျပင္ႏုႏုက မ်က္ရည္မ်ားကို အလုအယက္သုတ္ေနသည္။

" မငိုပါနဲ႔ကြာ....ငယ္လက္မခံရင္ ကိုယ္မေျပာေတာ့ပါဘူး "

"ဘယ္သူက လက္မခံ...ဟင့္...ဘူးေျပာလို႔လဲ အ႐ူးႀကီးရဲ႕...ဟင့္..ဟင့္... လက္ခံတယ္။ လက္ထပ္မယ္။ ခင္မ်ားကို လက္ထက္မယ္။ ခင္မ်ားနဲ႔ပဲယူမွာ ဟင့္..ဟင့္ "

အငိုသဲၿပီး ခပ္စြာစြာေျပာေသာ စကားေလးေၾကာင့္ ေနသစ္ အလြန္ပင္ၾကည္ႏူးသြားကာ မ်က္ရည္မ်ားပင္ဝဲလာသည္။

လက္ေခ်ာင္းသြယ္သြယ္ျဖဴျဖဴေလးအေပၚ ေနရာယူထားေသာ ေရႊေရာင္ လက္စြပ္ေမာင္းကြင္းေလးကိုၾကည့္ကို ေကာင္ငယ္ေလး၏ လက္ေခ်ာင္းေလးအား ညင္သာစြာနမ္း႐ိႈက္လိုက္၏။

"ခ်စ္တယ္ ငယ္ "

" က်ြန္ေတာ္လည္း ခ်စ္တယ္ "

ေနသစ္လည္ပင္းအား သိုင္းဖက္၍ ေျခဖ်ားေလးေထာက္ကာ ႏႈတ္ခမ္းတို႔အား ေခတ္ေႏြ ဖိကပ္ပစ္လိုက္သည္။ ႐ုတ္တ႐ုက္ ႏႈတ္ခမ္းေပၚက်ဘာသည့္ အနမ္းေႏြးေႏြးကိုသေဘာက်ေသာ္လည္း ေဘးမွ ေယာကၡမျဖစ္သူႀကီး႐ွိေန၍ ေနသစ္သည္ ႐ွက္ကိုး႐ွက္ကန္းျဖစ္ေနသည္။

" ဟဲ့သား အေမ့ေ႐ွ႕မွာ! ! "

ေဒၚေႏြဦး အလန္႔တၾကားျဖင့္ ေခတ္ေႏြအား ေအာ္လိုက္ေပမယ့္ သားလိမၼာေလးကေတာ့ အေမ့စကားနားထဲမၾကား။ ေယာက်္ား ျဖစ္သူ၏ အနမ္းမ်ားအား ေပ်ာ္ဝင္ေနၿပီ။

" ေတာ္ၿပီေလငယ္ လာ ကိုယ္တို႔ အိမ္ျပန္ရေအာင္။ အေမ သား ငယ့္ကိုေခၚသြားမယ္ေနာ္ "

ေနသစ္သည္ အနမ္းမ်ားကိုရပ္ကာ ႐ွက္႐ွက္ႏွင့္ ေဒၚေႏြဦးကို မရဲတရဲၾကည့္ကာ ေျပာေလသည္။

" အမေလး ႂကြၾကပါ႐ွင္ ႂကြၾကပါ "

" ဟီးဟီး အေမသားဒီေန႔ အိမ္ျပန္မအိပ္ဘူးေနာ္ "

ေနသစ္လက္ကိုဆြဲကာ တံခါးဝမွ ေအာ္သြားသည့္ ေခတ္ေႏြကို ေဒၚေႏြဦး ေခါင္းတခါခါျဖင့္ ရယ္ေနေတာ့သည္။

" အင့္...ဟြင္း...ဦး "

ေၾကာင္သူေတာ္ႀကီးကေတာ့ ကားထဲေရာက္ေရာက္ခ်င္း ခါးပတ္ေတာင္ မပတ္ႏိုင္ပဲ ေခတ္ေႏြအား ဆြဲနမ္းေတာ့သည္။ ႏႈတ္ခမ္းမ်ားကို ဆြဲစုပ္လာသည့္ကို အားမရ၍ ေခတ္ေႏြ၍ ပါးျပင္အား လက္ႏွစ္ဖက္ျဖင့္ ဖ်စ္ညႇစ္ကာပြင့္ဟလာသည့္ ႏႈတ္ခမ္းေလးတြင္း လ်ွာပါးေလးအား ဆြဲယူကာ အနမ္းနယ္ခ်ဲ့ေတာ့၏။

" ေန...အြင့္....ႁပြတ္စ့္ေန....ပါ...အုံး...ဦး...ဟြင့္ "

အသက္႐ွဴက်ပ္လာ၍ ေျပာမရသည့္ဆုံး ေနသစ္၏ လ်ွာအား ကိုက္ခ်လိုက္သည္။

"အာ ဘာလို႔ကိုက္တာလဲ ငယ္ရာ "

" ေျပာလို႔မွမရတာ ဘာလို႔ အတင္းနမ္းေနရတာလဲ "

"ခ်စ္လို႔ေလ "

" ေတာ္ပါဗ်ာ ခုနတုန္းကေတာ့ အေမ့ေ႐ွ႕မွ မခုတ္တတ္တဲ့ေၾကာင္ႀကီးလို ႐ွက္ေနၿပီးေတာ့ အခုက်ေတာ့ သရဲစီးေနသလိုပဲ "

" ဟားဟား ကိုယ္ကလူႀကီးေလ ငယ္ရယ္ ဆနၵကိုသိကၡာနဲ႔ထိန္းရတာေပါ့ အဟင္းဟင္း "

" ဒါဆိုလည္း ဆက္ၿပီး ထိန္းလိုက္ပါအံုး ေမာင္းေတာ့ ပူၾကဴးေလးေက်ာင္းႀကိဳရမယ္ "

" ဟုတ္ကဲ့ပါခင္ဗ် ။ ခ်စ္လိုက္တာ "

ေနသစ္သည္ ေျပာင္ေခ်ာ္ေခ်ာ္ မ်က္ႏွာႏွင့္ ေခတ္ေႏြပါးႏွင့္ ႏႈတ္ခမ္းအား အနမ္းေႁခြ၍ သားငယ္ ေက်ာင္းသို႔ ကားေလး ဦးတည္သြားေတာ့သည္။

..........................................

Unicode

Extra 3

" ကိုကို သားအိပ်ချင်ပြီ "

ကတ္တီပါကော်ဇောအိအိပေါ် ၌ အရုပ်မျိုးစုံဖြင့် ဆော့နေသည့် ပူကြူးလေးသည် ဘေး၌ထိုင်ကာ တီဗွီကြည့်နေသည့် ကျွန်တော့်ပေါင်ပေါ်သို့ ခေါင်းလေးလှဲချကာ မျက်တောင်လေးများကော့ဆင်း၍ပြောလေသည်။

"ဟုတ်ပြီ ဒါဆို ကိုကိုတို့သွားအိပ်ကြတာပေါ့......သြော်..... ဘဘတိုး တံခါးတွေသေချာလေးပိတ်ပေးပါနော် သားတို့ သွားအိပ်တော့မယ် ဘဘတိုးလည်းစောစောအိပ်ပါ "

ပူကြူးလေး၏ ဆံပင်ကောက်ကောက်လေးများကို ဖွဖွသပ်ပေး၍ မလှမ်းမကမ်း ၌ထိုင်ကာ တီဗွီကြည့်နေသည့် ဘဘတိုးအား ကျွန်တော် လှမ်းပြောလိုက်သည်။ဒီနေ့တော့ အိမ်မှာ ကျွန်တော်ရယ် ပူကြူးရယ် ဘဘတိုးရယ် ကျွန်တော်တို့ ၃ယောက်ပဲရှိတာပါ။ ဦးမာန်က အလုပ်ကိစ္စဖြင့်နယ်ဘက်ကိုဘက်ကို ခရီးသွားတာ...။

ပူကြူးအား ချီပိုး၍ သူ့အခန်းလေးထဲ ခေါ်သွားကာ အိပ်ယာပေါ် အသာယာချပေးလိုက်သည်။ ကလေးငယ်သည် လိမ္မာလွန်းသည်။ ဂျီလည်းမကျသလို အစားအသောက်လည်းသိပ်ဂျီးမများ ပြောစကားလည်းနားထောင်သည်။ သို့ပေမယ့် ယောကျ်ားလေး ပေမို့ထင်သည် အဆော့သန်သည်။ တစ်နေကုန် ဆော့သည် ကျောင်းကပြန်လာလျှင် ကျောင်းင်္အကျီ အဖြူလေးမှာ အရောင်မျိုးစုံနှင့်ပါလာတတ်သည်။ တဖြည်းဖြည်းနှင့် အရွယ်ထွားလာသည့် ပူကြူးလေးသည် ရွယ်တူသူငယ်ချင်းတွေကြား အရပ်ရှည်သည် ။ ဦးမာန်က အစားသောက်မှန်မှန်နှင့် ကျန်းမာရေးညီညွှတ်အောင် ကျွေးသောကြောင့် ပူကြူးလေးမှာ လုံးကစ်ကစ်နှင့်ထွားထွားလေရယ်ပါ။ ယခုလည်း တစ်နေကုန်ဆော့ထားသမျှပင်ပန်းသွား၍ ခေါင်းနှင့် ခေါင်းအုံးလေးထိလိုက်တာနဲ့ အိပ်ပျော်သွားလေပြီ။ အိပ်ပျော်နေသော ပူကြူးလေးကို ကြည့်၍ နဖူးပြင်မိုု့မို့လေး အနမ်းခြွေကာ အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

အခန်းထဲရောက်တော့ အားသွင်းခဲ့သည့် ဖုန်းလေးက screen မီးလင်းနေသည်။ ဖုန်းအားယူကြည့်လိုက်ရာ ဦးမာန် ဖုန်းခေါ်ထားသည်မှာ မနည်းပေ။ ရဲရဲနီနေသည့် miss callများကို ကြည့်၍ ကျွန်တော်ချက်ချင်းပင် ပြန်ခေါ်လိုက်သည်။

"Hello "

ချက်ချင်းဆိုသလို ကိုင်လာသည့် ဖုန်းသံကြောင့် ပျော်သွားပေမယ့် တစ်ဖက်မှ အသံသည် ဦးမာန်၏ အသံမဟုတ်...။ မိန်းမတစ်ယောက်၏ အသံဖြစ်နေသဖြင့် ကျွန်တော် စိတ်ထင့်သွားသည်။

" hello အဲ့ဘက်က အမက ဘယ်သူလဲမသိဘူး "

"ကျွန်မက ကိုနေရဲ့မိတ်ဆွေပါ ရှင်ကဘယ်သူလဲ "

မိတ်ဆွေဆိုသော မိန်းမ၏ ခပ်ဆာဆာအသံကြောင့် ခေတ်နွေ ဒေါသထွက်သွားသည်။ အခုသူက ဘယ်သူ့ကိုလာပြီးပြန်မေးနေတာလဲ။

" ကျွန်တော် ဘယ်သူလဲဆိုတာ ခင်များသိဖို့မလိုဘူး။ ဦးမာန်ကို ဖုန်းပေးလိုက် "

" ဒီမှာ ရှင်ဘယ်လိုအသံနဲ့ ကျွန်မကို အမိန့်လာပေးနေတာလဲ ။ ကိုနေရေချိုးနေတယ် ဒါပဲ ပြီးမှပြန်ဆက် "

စွာကျယ်ကျယ်အသံနှင့်အတူ တီခနဲချသွားသည့် ဖုန်းကို ကြည့်ရင်း ခေတ်နွေ ဒေါသဖြစ်တာ တောက်ခေါက်လိုက်၏ ။ နာရီကို ကြည့်တော့ ည ၁၀နာရီပင် ထိုးနေပြီ။ ဒီအချိန်ကြီး ဦးမာန်က ဘယ်မိန်းမဆီကို ရောက်နေတာလဲ ။ ငါ့ကိုပြောသွားတော့ နယ်ဘက်ကိုအလုပ်ကိစ္စနဲ့ခရီးသွားတာဆို ။ အခုတော့ ဒိအချိန်ကြီး ဘယ်ကမိန်းမနဲ့အတူရှိနေရတာလဲ ။ ဒါငါ့နောက်ကွယ်မှာ သူကဖောက်ပြန်နေတာလား..........ဟာကွာ.....တောက်!!!

အတွေးတ်ု့ိနှင့်ပင် မွန်းကျပ်လာကာ မျက်ရည်များလည်း ဝဲတက်လာသည်။ ဒေါသစိတ်နှင့် ဝန်တိုစိတ်ကပူးတွဲလာတော့ လက်ထဲ၌ကိုင်ထားသည့် ဖုန်းအား ကြမ်းပေါ်သို့ အားပြင်းပြင်းနှင့် ပေါက်ခွဲလိုက်သည်။

"ခလွမ်း!!!! "

ကြမ်းပြင်၌ အစိတ်စိတ်အမြွှာမြွာ ဖြစ်သွားသည့် ဖုန်းကိုကြည့်ရင်း သူ၏ရင်တွေလည်း အစိတ်စိတ်အမြွှာမြွာ ကွဲမတတ်ဖြစ်နေပြီ။ ရင်ထဲမှာ ပူလောင်၍နေပြီ။ ခရီးသွားနေသည့် သုံးရက်အတွင်း ဖုန်းတစ်ချက်တောင်မဆက်ပဲပြစ်ထားတာ အဲ့မိန်းမနဲ့ အတူရှိနေလို့လား......အခုအချိန်မှ ဖုန်းဆက်တာရော ဘာသဘောလဲ.....ရေချိုးနေတယ်ဆိုတာရော..........ဦးမာန်ငါ့ကို ရိုးသွားလို့ ဖောက်ပြန်ချင်နေပြီလား.....သူငါ့ကိုမချစ်တော့လို့လား........စသည့် အတွေးများနှင့်အတူ ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များက အရင်လို ကူသုတ်ပေးမယ် လက်တစ်စုံနှင့် နွေးထွေးလှသော ရင်ခွင်ကျယ်မရှိတော့ မျက်ရည်များက ပိုလို့ကျလာသည်။ သေချာသည် သူဒီညတော့ အိပ်ပျော်မည်မဟုတ်တော့ ။ နေရာလပ်နေသည့် အကြင်သူ၏ ခေါင်းအုံးလေးအား ရင်ဝယ်ပိုက်ရင်း ပို၍ ငိုနေမိသည်။

" ဦးမာန် ငါ့ကို ထားသွားလို့မဖြစ်ဘူး........."

.................

"ဟင်....မဆွေ! ! "

ရေချိုးခန်းမှ ကိုယ်တစ်ပိုင်းဗလာနှင့် ထွက်လာသော နေသစ်သည် သူ၏ အိပ်ယာပေါ်၌ ထိုင်နေသည့် မိန်းမအားမြင်သော် အလန့်တကြားဖြစ်သွားရသည်။

"သြော်....ကိုနေ ထွက်လာပြီလား အဟင်းဟင်း "

အိစိစိ ချွဲတဲတဲအသံနှင့် ညု့တုတုသူမရဲ့မျက်လုံးတွေက နေသစ်၏ အဝတ်ကင်းနေသော ဗိုက်ကြွက်သားတို့ပေါ်၌ ယစ်ဝဲနေ၏။ သူမ၏ မူမမှန်သည့် အကြည့်များကို ရိပ်မိသော နေသည် ခုံပေါ်၌ တင်ထားသော င်္အကျီနှင့် ဘောင်းဘီအား ဆွဲယူ၍ ချက်ချင်းပင် ရေချိုးခန်းထဲဝင်ကာ အဝတ်လဲလိုက်သည်။

" ဟွန့် ရှက်နေသေးတယ် ဒီမှာလဲလည်းရတာကို ဟီဟီ..."

သူမသည် ရှက်ရိပ်လေးသန်းသကဲ့သို့ ရယ်ကာခပ်တိုးတိုးပြောလေသည် ။ ပြီးနောက် နေသစ်သည် ခပ်မြန်မြန်ပင်အဝတ်လဲကာ ပြန်ထွက်လာပြီး သူ့ကုတင်ပေါ်၌ ထိုင်နေသည့် မိန်းမအား ခပ်စူးစူးကြည့်ကာ

" ကျေးဇူးပြုပြီး ကျွန်တော့် အိပ်ယာပေါ်က ထပေးပါ "

" ဟွန့် တွန့်တိုလိုက်တာ ကိုနေကလည်း "

" မဆွေနိုင် ဒီအချိန်ကြီး ကျွန်တော့်အခန်းထဲကိုလာတာ ဘာကိစ္စများလဲ "

နှုတ်ခမ်းအား ဆူကာ ချွဲအောင်ပြောသည့် သူမ၏ စကားကို နေသစ် မကြားချင်ယောင်ဆောင်ကာ မျက်နှာတည်တည်ဖြင့် မေးလေသည်။

"အာ.....ကိစ္စရှိမှလာရမှာလား ကိုနေရဲ့ ဆွေကလေ နှစ်ချို့ ဝိုင်ပုလင်းလက်ဆောင်ရထားလို့ အဲ့ဒါ ကိုနေနဲ့ တူတူသောက်ရအောင် လာခဲ့တာ "

သူမသည် ပြောလည်းပြော စားပွဲပေါ်၌တင်ထားသော ဝိုင်ပုလင်းကြီးအား ကိုင်ကာ မြှောက်ပြသည် ။

" စိတ်တော့မရှိပါနဲ့ ကျွန်တော်ပင်ပန်းနေပြီ။ဒါကြောင့် အိပ်တော့မှာမို့ မဆွေနိုင် ကိုယ့်အခန်းကိုယ်ပြန်ပါတော့။ ပြီးတော့ ဒီအချိန်ကြီး အမနဲ့ကျွန်တော် နှစ်ယောက်တည်းရှိနေတာ မသင့်တော်လို့ပါ "

"အို.....ကိုနေကလည်း ဘာမသင့်တော်စရာရှိလို့လဲ ဝိုင်လေးသောက်ရင်း ဆွေအပ်ထားသည့် အလုပ်ကိစ္စလေးတွေပြောကြရအောင်ပါ "

သူမသည် လက်မလျှော့ ခုံမှာတောင် ထိုင်ကာဖြင့် ပြောလေတော့ နေသစ် စိတ်ရှုပ်သွားသည်။ ဒီမိန်းမက ဘယ်လိုမိန်းမလဲ....။

" အလုပ်ကိစ္စသိချင်ရင် မနက်မှ ကျွန်တော်ပြောပါ့မယ် ကျွန်တော် အမြန်ဆုံး ဆောက်ပေးနေပါတယ်။ အမရဲ့ shopping center က နောက်နှစ်ပတ်ဆို ပြီးပါပြီ။ မနက်မှ အသေးစိတ်ရှင်းပြမှာမို့ အမပြန်ပါတော့ "

" ကိုနေကလည်း အတင်းတွေနှင်နေတာပဲ ဆွေက ဒီတိုင်း ပစ္စည်းကောင်းလေးရလာလို့ မိတ်ဖြစ်ဆွေဖြစ် သောက်စေချင်တာပါ "

" ပြန်လိုက်ပါ ကျွန်တော့်ယောကျ်ားနဲ့ ဖုန်းပြောဖို့ ချိန်းထားလို့ပါ "

" ဘယ်လို!! ယောကျ်ား? ? အဟင်း တစ်ခုခုတော့မှားနေသလိုပဲနော် "

နေသစ်၏စကားကို သူမသည် နားမလည်သည့်ဟန်ဖြင့် ပြောလေသည်။

" မမှားပါဘူး အမကြားတဲ့အတိုင်းပါပဲ ကျွန်တော်က အိမ်ထောင်သည်ပါ ကျွန်တော်ယူထားတာ ယောကျ်ားလေး။ ပြီးတော့ ကျွန်တော်မိန်းမတွေကို စိတ်မဝင်စားဘူး။ အမပြန်ပါတော့ "

ယခုအချိန်အထိ ခေတ်နွေနှင့်လက်မထပ်ရသေးသော်လည်း ထိုမိန်းမ ထွက်သွားစေလိုခြင်းငှါ ပို၍ပြောလိုက်သည်။နောက်လည်း သူ့ယောကျၤားဖြစ်လာမှာပဲမဟုတ်လား...။

ထိုအခါ သူမသည် မယုံနိုင်သလိုဖြင့် နေသစ်မျက်နှာအားကြည့်ပြန်တော့လည်း နေသစ်သည် တည်တည်ငြိမ်ငြိမ်နှင့် လိမ်ပြောနေသည့်ပုံမဟုတ်တာကြောင့် သူမ စိတ်ထဲအကျပ်တွေ့သွားသည်။ အမှန်တိုင်းပြောလျှင် ခံပြင်းသွားသလို ဒီယောကျၤားကိုလည်း လိုချင်စိတ်က ပိုလာပြန်သည်။ သူမဘဝမှာ သူမလို အလှဘုရင်မကို လိုချင်နေတဲ့သူတွေဘယ်လောက်များလိုက်သလဲ.....။ အိမ်ထောင်ရှိတော့လည်း ဘာဖြစ်လဲ ယောကျ်ားချင်းဆိုတော့ ညည်းငွေ့ကောင်းပါရဲ့......... ။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းတွေနဲ့ မြူဆွယ်လိုက်ရင် ဘယ်ယောကျာၤးက ခံနိုင်ရိုးလဲ.....။

" အဟင်း မထင်ရဘူးနော် ဒါပေမယ့်လည်း တစ်ခါလောက်တော့ မိန်းမတွေနဲ့ မပတ်သက်ချင်ဘူးလား ဆွေ့ကိုကြည့်ပါအုံး ဆွေကဆွဲဆောင်မှုမရှိဘူးလားဟင် "

သူမသည် ရဲတင်းစွာဖြင့် ဝတ်ဆင်ထားသော ကြိုး တစ်လုံး င်္အကျီမှ ကြိုးကိုင်းကို ဆွဲချပြသည်။ ထို့နောက် ဒူးအောက်စကပ်အား ပေါင်အထိ ဆွဲတင်ပြသည် ။ သူမမျက်လုံးများက နေသစ်အား ညို့ယူသလို ငြုတုတုကြည့်နေ၏ ။ နေသစ်သည် ဟက်ခနဲ ပြုံးလိုက်ကာ သူမနားသို့ ဖြည်းဖြည်းချင်းလျှောက်လာ၏......။ သူမရှေ့၏ ရပ်၍

" အမ ကျွန်တော့်ရှေ့မှာ တစ်ကိုယ်လုံးချွတ်ပြရင်မှ ကျွန်တော့်ကောင်လေးရဲ့ ခြေချောင်းလေးတွေလောက်တောင် အမက ဆွဲဆောင်မှုမရှိဘူး။ စိတ်တော့မဆိုးနဲ့ ကျွန်တော့်အမြင်မှာတော့ အမကအညှိတက်နေတဲ့ ကျောက်တုံးကြီးတွေလိုပဲ။ အဲ့တော့ အမပြန်ပါတော့။ ကျွန်တော် တော်တော်နောက်ကျနေလို့ "

နေသစ်၏ စကားကြောင့် သူမသည် မျက်နှာပျက်ယွင်းကာ ဒေါသအလွန်ထွက်သွား၏ ။ သူ့ကိုများ ကျောက်တုံးကြီးနဲ့ နှိုင်းလိုက်သေး။

" ဒီမှာ ကျွန်မအော်လိုက်ရင် ရှင်ဘာဖြစ်သွားမယ်ထင်လဲ။ ဒီအချိန်ကြီး ဒီအခန်းက ထွက်သွားရင်  ရှင်က ကျွန်မကို မတရားကြံပါတယ်လို့ ကျွန်မ ရဲတိုင်လိုက်မှာ "

အနုနည်းမရတော့ အကြမ်းနည်းသုံးသော သူမသည် ရှုးရှူးရှဲရှဲဖြင့် ဒေါထွက်ကာ နေသစ်အား ခြိမ်းခြောက်လေသည်။

" ဟက်....အချိန်မတော်ကြီး သူစိမ်းယောကျာၤးတစ်ယောက်ရဲ့အခန်းထဲ အရက်တူတူသောက်ရအောင်ဆိုမြူဆွယ်နေတဲ့ မင်းရဲ့အဆင့်နဲ့ စကားကို ဘယ်သူကယုံမှာလဲ.....နောက်ပြီး........မင်း ရဲမတိုင်ခင် ငါမင်းကို ဒီ hotelရဲ့ တစ်နေရာမှာ ဘိလပ်မြေလောင်းပြီး  မြှုပ်လို့ရတယ်ဆိုတာ မင်းသိရဲ့လား ဒီhotle က ငါဆောက်ခဲ့တာဖြစ်တဲ့အတွက် မင်းကို ဘယ်သူမှ ရှာမတွေ့နိုင်ဘူး ပြီးတော့ ငါ့အခန်းဆီမင်းလာတာလည်း ဘယ်သူမှမသိဘူးမလား သိခဲ့ရင်လည်း ငါ့မှာ ငွေပေါတယ်လေ မင်း ငါ့အကြောင်းကို သေချာမစုံစမ်းပဲ ငါနဲ့ လာပတ်သပ်တာကို။အဟင်း သေချာလည်း စုံစမ်းလိုက်အုံး "

ရုတ်ချည်း ပြောင်းလဲသွားသည့် ကြောက်စရာအသံနှင့် အေးစက်စက် မျက်နှာထားကြောင့် သူမသည် တုန်လှုပ်သွားရသည်။ အခုသူမကို သတ်မယ်လို့ ခြိမ်းခြောက်နေတာတောင် နေသစ်မျက်နှာသည် ကြောက်စရာအပြုံးတို့နှင့်ပါ။ ခြိမ်းခြောက်တယ်ဟုမထင်ပါ တကယ်ပဲ လုပ်မည်ဆိုတာ သူမခံစားရ၍ ကြောက်ကြောက်လန့်လန့်ဖြင့် အခန်းမှာ ပြေးထွက်သွားသည်။

သူမထွက်သွားတော့မှ အခန်းတံခါးသေချာဂျက်ချ၍ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ အရှုပ်တွေ.......။

ထို့နောက့် အိပ်ယာပေါ်ရှိ ဖုန်းအားကောက်ယူ၍ ကြည့်လိုက်ရာ ခေတ်နွေ ဖုန်းခေါ်ထားသည်။ ပြီးတော့ ဖုန်းပြောထားသည်။ အချိန်ကိုကြည့်လိုက်တော့ သူရေချိုးနေသည့်အချိန် ။ ဖုန်းပြန်ခေါ်တော့ ဖုန်းက စက်ပိတ်ထားသည်။ နေသစ်ဘယ်လိုပင် ခေါ်ခေါ်မရပါ။

"ကျစ်!! ဒီလင်ဒါရူးမကတော့ ငါ့ကိုမွှေသွားပြီ ။ ငယ် အထင်လွဲသွားပြီထင်တယ် တောက်!! အသံလေးကြားချင်ပါတယ်ဆိုမှကွာ"

နေသစ် ဒေါသလည်းထွက် စိတ်လည်းရှုပ်ကာ သူ၏ မန်နေဂျာအား ချက်ချင်းပင် ဖုန်းခေါ်လိုက်၏။

"Hello ဆရာ ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲမသိဘူး "

" အေး အခုဆောက်နေတဲ့ မဆွေနိုင်ရဲ့ shopping center ကို အကုန်ဖြိုလိုက်တော့ ဘိုဒူဆာနဲ့ ထိုးချကွာ "

"ဗျာ!!!! ဆ...ဆရာ ဘာများဖြစ်လို့..."

" မနက်ဖြန် ဖြိုချလိုက် ဖြစ်လာတဲ့ ပြသာနာငါရှင်းမယ်။ ပြီးတော့ ငါ့ကို မနက်ရန်ကုန်ပြန်ဖို့ လေယာဉ် လက်မှတ် မှာပေးထား မနက်စောစော ချက်ချင်းပြန်မယ်။ မင်း အဲ့အဆောက်အဦးတွေ တစ်စပြီး ဖြိုပြီးမှ နောက်ကလိုက်လာခဲ့ "

"ဟုတ် ဟုတ်..ကဲ့ ဆရာ "

မန်နေဂျာသည် အိပ်ချင်မူးတူးမှ အိပ်ချင်ပြေကာ မျက်လုံးတို့ပြူးကျယ်ကုန်သည်။ ပြီးတော့မယ့် အဆောက်အဦးကို ဘာလို့ ရုတ်တရက်ကြီး ဘိုဒူဆာနဲ့ထိုးချခိုင်းရတာလဲ ဆိုတာ သူမသိတော့ အခုတော့ မနက်ဖြန်အတွက် လေယာဉ်လက်မှတ်မှာရအုံးပေမည်။

.........................................

မနက်စောစောထကာ ပူကြူးလေး၏ ဝေယျာဝစ္စလုပ်ပေး ထမင်းချိုင့်ထည့်ပေးပြီး ကျောင်းပို့လိုက်သည်။ ကလေးကျောင်းပို့ပြီးနောက် ခေတ်နွေ နေသစ်၏ အိမ်ကိုမပြန်ချင်တာနှင့် မေမေ့အိမ်သို့သာပြန်လာခဲ့သည်။ အိမ်ရောက်တော့ ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်၏ ။ ညကတည်းက တစ်ရေးမှ မအိပ်ရသေးပဲ ဦးမာန်အကြောင်းတွေ ရောက်တတ်ရာရာ စဉ်းစားနေခဲ့တာ။ မို့အစ်နီနေသည့် မျက်လုံးဖောင်းဖောင်းတွေက တစ်ညလုံး ငိုထားသည်ကို သိသာစေသည် ။ မနက်ရောက်တော့ မျက်လုံးတွေနာပြီး ကြိမ်းနေခဲ့တာ ဖျားချင်သလိုလိုပင်ဖြစ်နေသည်။

"သား နေမကောင်းဘူးလား "

"ကောင်းပါတယ် မေမေ "

" ကောင်းတယ်သာပြောတယ် ကိုယ်တွေနွေးနေတာပဲ "

အမေသည် ခေတ်နွေ၏ နဖူးအား အသာအယာစမ်းရင်းပြောလေသည်။

" ခေါင်းနဲနဲကိုက်နေလို့ပါ "

" ဒါဆို သံပုရာရည်တွေသောက်မလား အမေ မီးငယ်ကို ဖျော်ခိုင်းလိုက်မယ် "

"မသောက်တော့ပါဘူး မေ သားတစ်ရေးလောက်အိပ်လိုက်အုံးမယ် "

"အေးကွယ် ဒါနဲ့ ဟိုအိမ်မှာ မောင်နေသစ်ပြန်ရောက်နေပြီလား အမေ့မြေးလေးရော ကျောင်းပို့ခဲ့လား "

"ကလေးကိုကျောင်းပို့ခဲ့ပါတယ်။ ဟိုလူကြီးကတော့ ပြန်မရောက်သေးဘူး "

ဆူပုတ်ပုတ်မျက်နှာဖြင့် ပြောကာ အခန်းထဲဝင်သွားသည့် သားဖြစ်သူကို ကြည့်၍ ဒေါ်နွေဦး ပြုံးလိုက်သည်။

" သြော်...ဒီကလေးနှယ့် "

.................................

မှိတ်ထားသည့် မျက်ခွံနှစ်ဖက်ပေါ် ခပ်နွေးနွေးကျရောက်လာသည့် အိစက်စက်အရာကြောင့် အိပ်ပျော်နေရာမှ နိုးလာသလို။ ဘာများလဲလို့ မျက်လုံးဖွင့်မကြည့်ခင် ရင်းနှီးပြီးသား ကိုယ်သင်းရနံ့နှင့် ရေမွှေးအနံ့ ၊ ပြီးတော့ မိမိပါးပြင်ကိုထိကပ်ထားသော အိစက်စက် နှုတ်ခမ်းတစ်စုံရဲ့အထိအတွေ့ကြောင့် မည်သူဆိုတာ ခေတ်နွေ သိလိုက်သည်။

သို့ပေမယ့်.......စိတ်ဆိုးနေတာမို့ မျက်နှာမမြင်ချင်တာကြောင့် မျက်လုံးမဖွင့်ဘဲ ပလက်အနေအထားမှ ဘေးစောင်းလိုက်ကာ သူ၏အနမ်းများထဲမှ ရုန်းပစ်လိုက်သည်။

" ငယ် နိုးနေတာ ကိုယ်သိတယ် "

".........."

" မျက်လုံးဖွင့်ပြီး ကိုယ့်ကိုကြည့်ပါအုံး ကိုယ် လေယာဉ်ဆိုက်ဆိုက်ခြင်း ငယ့်ဆီကို အပြေးလာခဲ့ရတာ ၄ရက်ကြီးများတောင် လွမ်းနေတာ "

နေသစ်၏ စကားများကို မကြားချင်ယောင်ဆောင်နေသည့် ခေတ်နွေသည် စကားလည်းမပြောသလို မျက်လုံးများမှိတ်ကာ ငြိမ်နေသောကြောင့် နေသစ်သက်ပြင်းချလိုက်သည်။

" ငယ် ကိုယ့်ကို တကယ်စိတ်ဆိုးနေတာပဲ။ ကိုယ်ထင်တယ် ကိုယ်ထင်လို့ ချက်ချင်းပြန်လာခဲ့တာ ။ ကိုယ်ရှင်းပြမယ်လေ ဟင် ထပါ ငယ် ရယ် "

လက်လေးကို ဆွဲ၍ ချော့သော်လည်း လက်များကိုပုတ်ချ၍ ရုန်းပြန်သည်။ လျစ်လျူရှုခြင်းခံရသည့် ခံစားချက်ကို သဘောမကျသော နေသစ်သည် စိတ်မကောင်းဖြစ်နေသည်။ ထို့နောက် လွတ်နေသည့် နေရာလေးတွင် လှဲချ၍ သူ့အားကျောပေးထားသည့် ကောင်လေး၏ ပခုံးစွန်းကို နှုတ်ခမ်းများဖြင့်ပွတ်ဆွဲရင်း ခါးသွယ်သွယ်ကိုဖက်လိုက်၏။

"မရုန်းပါနဲ့လား ငယ်ရာ..."

ခါးပေါ်ရှိလက်များကိုအတင်းဆွဲခွာနေသောကြောင့် နေသစ်ပိုတိုးဖက်ကာ ခပ်တိုးတိုးလေးတောင်းဆိုလိုက်သည်။

" ငယ်..."

ကျောပြင်ငယ်သည် တသိမ့်သိမ့်တုန်လာသောအခါ နေသစ်ပျာယာခပ်သွားသည်။

" ငယ် ငိုနေတာလား "

ပခုံးမှနေ၍ ဆွဲကာ ပလက်အနေအထား ရှိစေပြီး နေသစ်သည် ခေတ်နွေအား အပေါ်မှ အုပ်မိုး၍ မျက်ရည်များစီးကျနေသည့် မျက်ဝန်းလေးများကို စိုက်ကြည့်လိုက်သည်။

"မငိုပါနဲ့ကွာ ကိုယ်တောင်းပန်ပါတယ် "

လက်တစ်ဖက်က အိပ်ယာပြင်ကိုထောက်ထားရင် တစ်ဖက်က တသွင်သွင် စီးကျနေသည့် မျက်ရည်များကို သုတ်ပေးနေသည်။

" ဦး~~က ကျွန်တော့်ကို~~~စိတ်~~ကုန်နေပြီလား"

ရှိုက်သံတစ်ချို့နှင့် ငိုသံရောနေသည့် စကားကြောင့် နေသစ်ပြုံးလိုက်သည်။ မျက်စိအောက်က ကောင်လေးသည် ငိုနေတာတောင် ဆွဲဆောင်မှုရှိလှစွာ

" ဘာရယ်နေတာလဲ ကျွန်တော့်ကိုလှောင်တာလား ။ ဟုတ်နေတာပဲ ကျွန်တော့်နောက်ကွယ်မှာ ခင်များဖောက်ပြန်နေတာ ဖယ်ဗျာ "

စိတ်ဆိုးမာန်ဆိုးဖြင့် နေသစ်အား ဆောင့်တွန်းပစ်ကာ အိပ်ယာပေါ်မှာ ထထိုင်လိုက်သည်။နေသစ်သည် ခေတ်နွေအား ဖက်ရန်ပြုသော် စိတ်မြန်သောကောင်လေးက ချက်ချင်းမှ ကုတင်ပေါ်မှ ဆင်း၍ ထရပ်၏။

" လမ်းခွဲမယ် "

မျက်လေးလွှဲကာ မျက်ရည်များဖြင့်ပြောလာသော စကားကို နေသစ်သည် မကြားသလိုပြုကာ သက်ပြင်းချ၍ ခေတ်နွေဆီသို့လျှောက်လာသည်။

" ကိုယ်ရှင်းပြမယ့် စကားကို ခဏလေးနားထောင်ပေးပါ ငယ်ရာ ကိုယ့်ကို ယုံတယ်မလား ဘာမှမဟုတ်တာလေးနဲ့ လမ်းခွဲစကားကိုလွယ်လွယ်မပြောရဘူးလေ။ သွေးဆူနေတဲ့အချိန်မှာ စိတ်ထင်ရာမလုပ်ရဘူး အကုန်အမှားတွေဖြစ်ကုန်မှာပေါ့ ငယ်ရဲ့။ ကိုယ်ပြောနားလည်ရဲ့လား မငိုနဲ့တော့ကွာ....လာပါအုံး ကိုယ်သေချာရှင်းပြပါ့မယ် နားမထားချင်ဘူးမပြောနဲ့ ပြသာနာဆိုတာ နှစ်ဦးနှစ်ဖက် ဖြေရှင်းမှ ပြေလည်တာ "

နေသစ်သည် ခေတ်နွေပါးပြင်ပေါ်မှ မျက်ရည်များကိုသုတ်ကာ ချော့မော့ဆုံးမနေသည်။ လမ်းခွဲစကားပြောခံရတာတောင် ဖခင်ကြီးလို လေပြေအေးဖြင့် လာဆုံးမနေသည့် နေသစ်ကိုကြည့်ရင်း ခေတ်နွေ အမြင်ကပ်လာသည်။သို့ပေမယ့် သူပြောတာလည်း နားထောင်ချင်သေးသည်မို့ ကုတင်ပေါ် ပြန်ထိုင်လိုက်လေသည်။

" အင်း ဒီလိုမှပေါ့ "

"ကဲ....ကိုယ့်ကိုပြော ညက ငယ်ဖုန်းဆက်တော့ အဲ့မိန်းမက ငယ့်ကိုဘာတွေပြောလိုက်လဲ "

"........"

"ပြောပါ ငယ်ရာ ကိုယ် အကုန်ရှင်းပြပါမယ်ဆို "

" အဲ့..အဲ့ မိန်းမကမိတ်ဆွေဆိုပြီး ခင်များဖုန်းကို ဘာလို့ကိုင်ရတာလဲ ညအချိန်မတော်ကြီး.... ။ပြီးတော့ သူကပြောသေးတယ်ခင်များရေချိုးနေတယ် နောက်မှ ပြန်ဆက်တဲ့ ဒါကဘာသဘောလဲ ခင်များ ကျွန်တော့်နောက်ကွယ်မှာ အဲ့မိန်းမနဲ့ဖောက်ပြန်နေတာမလား "

ဒေါသထွက်နေသည့် ကြောင်ပေါက်လေးလို မျက်စောင်းရဲရဲနှင့် မာန်ဖီကာ စွတ်စွဲနေသည့် ခေတ်နွေကိုကြည့်ကာ နေသစ် အသဲယားလာ၍ နှာခေါင်း နီနီရဲရဲလေးအား ခပ်ဖွဖွလေး နမ်းလိုက်သည်။

" လာမနမ်းနဲ့ "

ကြောင်ပေါက်လေးသည် နေသစ်အား တွန်းထုတ်ကာ ငိုထား၍ထွက်နေသည့် နှာရည်တစ်ချို့ကို လက်ဖြင့် ဆွဲပွတ်၍ နေသစ်ဘောင်းဘီပေါ်သို့ သုတ်လိုက်၏ ။

" ညစ်ပတ်လိုက်တာ ငယ်ရာ ဟားဟား"

နေသစ်သည် သဘောကျစွာ ရယ်မောလေတော့ ခေတ်နွေ မျက်စောင်းခဲကာ အံကြိတ်တော့သည်။

" ခင်များ စကားလမ်းကြောင်းမလွဲနဲ့ ရှင်းမယ်ဆိုအခုရှင်း "

"ဟင်းးးး ဟုတ်ပါပြီး ရှင်းပါ့မယ် အဲ့ကိစ္စက ဒီလို...................."

မဆွေနိုင်နဲ့ ဖြစ်ပျက်သမျှအရာအာလုံးကိုရှင်းပြရာ အစပိုင်းတော့ လူကို မယုံသလိုနှင့်ကြည့်ကာ နားထောင်နေပြီး နောက်မှ ယုံသလိုလိုရှိလာသည့် မျက်ဝန်းတွေကြောင့် နေသစ် ရင်ထဲမှ လှိုက်ခနဲပျော်သွားရသည်။

"အဲ့ဒါ တကယ်ပဲလား "

"အင်း တကယ်ပေါ့ ငယ်ကကိုယ့်ကိုမယုံဘူးလား။ ဒါဆိုလည်း ကျိန်ပြမယ်။ အကယ်၍များ အခုပြောသော စကားများသည် ငယ့်အားလိမ်ခဲ့သည်ရှိသော် ကိုယ်စားသမျှ အဆိပ်ဖြစ်ရပါစေဗျာ "

"ဟွန်း"

ထိုအခါ ကျေနပ်သွားသည့် မျက်နှာလေးသည် တဖြည်းဖြည်းကြည်လင်လာ၍ နေသစ်အား နှာခေါင်းရှုံ့ပြသည်။ နေသစ်သည် စိတ်ကြည်သွားဟန်ရှိသည့် ခေတ်နွေကို အရိပ်ခြေကြည့်ကာ ရင်ခွင်ထဲဆွဲထည့်လိုက်သည်။

" ဘာလုပ်တာလဲ "

"ဖက်တာလေ ငယ်ကလည်း"

"ဘာငယ်ကလည်းလဲ ဖယ်စမ်းဗျာ။ ကျွန်တော် ခင်များကို စိတ်ကြည်သေးတာမဟုတ်ဘူး "

ခေတ်နွေသည် နေသစ်ရင်ခွင်မှ ရုန်းထွက်၍ တံခါးနားသို့ လျှောက်သွားသည်။

"ချစ်တယ် ငယ် ကိုယ်မင်းကိုသိပ်ချစ်တယ် "

ခါးပေါ်သို့ ရစ်ပတ်လာသော လက်များနှင့် နွေးထွေးသည့် ရင်ခွင်ကျယ်က ခေတ်နွေ၏ ရင်တစ်စုံကို တစ်ဒိန်းဒိန်းလှုပ်ခပ်သွားစေသည်။ ခပ်သြသြအသံနှင့် နားဝင်ချိုချိုချစ်စကားက ခေတ်နွေ၏ အခန်းကျင်းလေးထဲ ရင်ခုန်သံများ ပြန့်ကျဲသွား၏။

......................................

နေသစ်သည် နားရွက်လေးများရဲနေပြီး ဂုတ်ပိုးလေးများ ရဲနေသော ကောင်ငယ်လေးအား အချစ်တိုးရသည်။ ရှက်ရှက်နှင့် သူ့ရင်ခွင်မှရုန်းထွက်ပြီး အခန်းပြင်ထွက်သွားသည့် ခေတ်နွေကို ကြည့်ကာ နေသစ်ရင်ထဲ၌ လိပ်ပြာငယ်လေးများ တလူလူပျံသကဲ့သို့.....။

"အမေ "

အိမ်ရှေ့ဆိုဖာ၌ ထိုင်နေသော ဒေါ်နွေဦးရှေ့တွင် နေသစ်ဒူးထောက် လိုက်တာကြောင့် ဒေါ်နွေဦးဘေးတွင် ထိုင်နေသည့် ခေတ်နွေသည် ကယောင်းကတမ်းဖြင့် ထိုင်နေကာမှာ ထရပ်လိုက်သည်။

" ဘာလုပ်တာလဲ မောင်နေသစ်ရယ် "

"ကျွန်တော်ငယ့်ကို လက်ထပ်ချင်ပါတယ်။ အမေ ကျွန်တော် အမေ့ဆီမှာခွင့်တောင်းတာပါ။ အခုချိန်လောက်ဆိုရင် အမေ ကျွန်တော်တို့ကို လက်ခံနိုင်လောက်ပြီထင်လို့ပါ။ ကျွန်တော်တို့ကို လက်ထပ်ခွင့်ပြုပါ အမေ"

နေသစ့်စကားကြောင့် ဒေါ်နွေဦးသည် မျက်ရည်များကြားမှ ပြုံးလေသည်။ ထို့နောက် ဘေး၌ ရပ်ကာ မျက်ရည်များဝဲနေသည့် သားဖြစ်သူကိုလှမ်းကြည့်သည်။ ခေတ်နွေ၍မျက်နှာမှာ ဝမ်းသာခြင်း ကြည်နူးခြင်း အံ့သြခြင်းနှင့် နေသစ်အပေါ်ချစ်ခြင်းများ ရောင်စုံနေ၏။

" အမေ ခွင့်ပြုပါတယ် သားတို့ရယ်။ အမေ စိတ်ချရပါပြီ.....အမေ့သားလေးကို သားကိုအပ်ပါတယ် "

ဒေါ်နွေဦး၏ စကားကိုကြားသော် နေသစ်သည် အလွန်ပင်ဝမ်းသာသွား၏။ ထို့နောက် ခေတ်နွေကိုကြည့်ကာ သူ၏ ဘောင်းဘီအိတ်ထဲမှ သစ်သားဘူးသေးလေးဖြင့် ပြုလုပ်ထားသည့် လက်စွပ်ဘူးလေးအား ထုတ်ယူလိုက်သည်။ ဒူးတစ်ဖက်ထောက်၍ မျက်ရည်များကျနေသည့် ခေတ်နွေကိုကြည့်ကာ လက်ဘူးလေးအား ဖွင့်၏။

" ကိုယ့်ကို လက်ထပ်ပါ ငယ် "

"အီးဟီးးးး..ဦးးးး အီးဟီး...အဟင့် "

ကောင်ငယ်လေးသည် မျက်ရည်များကြားပြုံး၍ ခေါင်းငြိမ့်ရမည့်အစား အသဲကျယ်ကြီးဖြင့် အော်ငိုလေသည်။

" ဘာ...ဘာ...ဖြစ်တာလဲ ငယ်...ငယ် "

အသံကျယ်ကြီးဖြင့်အော်ငိုနေသည့် ချစ်သူကို နေသစ်ဒူးထောက်နေရာမှ ကပျာကယာ ထလိုက်၍ ပါးပြင်နုနုက မျက်ရည်များကို အလုအယက်သုတ်နေသည်။

" မငိုပါနဲ့ကွာ....ငယ်လက်မခံရင် ကိုယ်မပြောတော့ပါဘူး "

"ဘယ်သူက လက်မခံ...ဟင့်...ဘူးပြောလို့လဲ အရူးကြီးရဲ့...ဟင့်..ဟင့်... လက်ခံတယ်။ လက်ထပ်မယ်။ ခင်များကို လက်ထက်မယ်။ ခင်များနဲ့ပဲယူမှာ ဟင့်..ဟင့် "

အငိုသဲပြီး ခပ်စွာစွာပြောသော စကားလေးကြောင့် နေသစ် အလွန်ပင်ကြည်နူးသွားကာ မျက်ရည်များပင်ဝဲလာသည်။

လက်ချောင်းသွယ်သွယ်ဖြူဖြူလေးအပေါ် နေရာယူထားသော ရွှေရောင် လက်စွပ်မောင်းကွင်းလေးကိုကြည့်ကို ကောင်ငယ်လေး၏ လက်ချောင်းလေးအား ညင်သာစွာနမ်းရှိုက်လိုက်၏။

"ချစ်တယ် ငယ် "

" ကျွန်တော်လည်း ချစ်တယ် "

နေသစ်လည်ပင်းအား သိုင်းဖက်၍ ခြေဖျားလေးထောက်ကာ နှုတ်ခမ်းတို့အား ခေတ်နွေ ဖိကပ်ပစ်လိုက်သည်။ ရုတ်တရုက် နှုတ်ခမ်းပေါ်ကျဘာသည့် အနမ်းနွေးနွေးကိုသဘောကျသော်လည်း ဘေးမှ ယောက္ခမဖြစ်သူကြီးရှိနေ၍ နေသစ်သည် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

" ဟဲ့သား အမေ့ရှေ့မှာ! ! "

ဒေါ်နွေဦး အလန့်တကြားဖြင့် ခေတ်နွေအား အော်လိုက်ပေမယ့် သားလိမ္မာလေးကတော့ အမေ့စကားနားထဲမကြား။ ယောကျ်ား ဖြစ်သူ၏ အနမ်းများအား ပျော်ဝင်နေပြီ။

" တော်ပြီလေငယ် လာ ကိုယ်တို့ အိမ်ပြန်ရအောင်။ အမေ သား ငယ့်ကိုခေါ်သွားမယ်နော် "

နေသစ်သည် အနမ်းများကိုရပ်ကာ ရှက်ရှက်နှင့် ဒေါ်နွေဦးကို မရဲတရဲကြည့်ကာ ပြောလေသည်။

" အမလေး ကြွကြပါရှင် ကြွကြပါ "

" ဟီးဟီး အမေသားဒီနေ့ အိမ်ပြန်မအိပ်ဘူးနော် "

နေသစ်လက်ကိုဆွဲကာ တံခါးဝမှ အော်သွားသည့် ခေတ်နွေကို ဒေါ်နွေဦး ခေါင်းတခါခါဖြင့် ရယ်နေတော့သည်။

" အင့်...ဟွင်း...ဦး "

ကြောင်သူတော်ကြီးကတော့ ကားထဲရောက်ရောက်ချင်း ခါးပတ်တောင် မပတ်နိုင်ပဲ ခေတ်နွေအား ဆွဲနမ်းတော့သည်။ နှုတ်ခမ်းများကို ဆွဲစုပ်လာသည့်ကို အားမရ၍ ခေတ်နွေ၍ ပါးပြင်အား လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ကာပွင့်ဟလာသည့် နှုတ်ခမ်းလေးတွင်း လျှာပါးလေးအား ဆွဲယူကာ အနမ်းနယ်ချဲ့တော့၏။

" နေ...အွင့်....ပြွတ်စ့်နေ....ပါ...အုံး...ဦး...ဟွင့် "

အသက်ရှူကျပ်လာ၍ ပြောမရသည့်ဆုံး နေသစ်၏ လျှာအား ကိုက်ချလိုက်သည်။

"အာ ဘာလို့ကိုက်တာလဲ ငယ်ရာ "

" ပြောလို့မှမရတာ ဘာလို့ အတင်းနမ်းနေရတာလဲ "

"ချစ်လို့လေ "

" တော်ပါဗျာ ခုနတုန်းကတော့ အမေ့ရှေ့မှ မခုတ်တတ်တဲ့ကြောင်ကြီးလို ရှက်နေပြီးတော့ အခုကျတော့ သရဲစီးနေသလိုပဲ "

" ဟားဟား ကိုယ်ကလူကြီးလေ ငယ်ရယ် ဆန္ဒကိုသိက္ခာနဲ့ထိန်းရတာပေါ့ အဟင်းဟင်း "

" ဒါဆိုလည်း ဆက်ပြီး ထိန်းလိုက်ပါအုံး မောင်းတော့ ပူကြူးလေးကျောင်းကြိုရမယ် "

" ဟုတ်ကဲ့ပါခင်ဗျ ။ ချစ်လိုက်တာ "

နေသစ်သည် ပြောင်ချော်ချော် မျက်နှာနှင့် ခေတ်နွေပါးနှင့် နှုတ်ခမ်းအား အနမ်းခြွေ၍ သားငယ် ကျောင်းသို့ ကားလေး ဦးတည်သွားတော့သည်။

..........................................

Continue Reading

You'll Also Like

2.5M 188K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်
2.4M 178K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
397K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
175K 11.8K 17
#Uni# တစ်နေ့ချစ်လာမလားဆို​ပြီး အတွေးလေးနဲ့ရူးခဲ့ရတာပါမောင်....ချစ်တယ်လို့တောင် သေချာမပြောခဲ့ရဘဲ မောင့်အဝေးကို ထွက်သွားခဲ့တဲ့ ကိုယ့်ကို နားလည်​ပေးပါ။ ...