part 27(zawgyi +uni)

69.9K 6.3K 60
                                    

မနက်လင်းတော့..... ခေါင်းများက နောက်ကျိနေသည်။ ခပ်စူးစူးနေရောင်က မျက်နှာတောင် တည့်ထိုးနေသဖြင့် အလင်း မျက်လုံးတို့ကို မှိတ်ရင်း ကိုက်နေသည့် ခေါင်းကို လက်ဖြင့်ဖိလိုက်သည်။ ဖြည်းဖြည်းချင်း မျက်လုံးကို ပွင့်ရင်း ကိုယ်ရောက်နေသည့် ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကားပေါ်မှာ....။ ကားပေါ်မှာ တစ်ညလုံးခွေခေါက်အိပ်နေရသဖြင့် ဇက်တစ်ဖက်ကလည်း နာနေသည်။ သူဘယ်လိုဖြစ်ပြီး ကားပေါ်မှာ အိပ်ပျော်နေရတာလဲ။ ပြီးတော့ ဒါက သူ့ အိမ်ရှေ့မှာလဲ ဘယ်လိုဖြစ်ပြီး အိမ်ပြန်ရောက်နေတာလဲ။ ထိုးကိုက်နေတဲ့ခေါင်းကြောင့် သိပ်မစဉ်းစားတော့ဘဲ ကားဟွန်းတီးက ခြံတံခါးဖွင့်စေသည်။ အိမ်ထဲရောက်တော့ အလင်းအမေက

"သား ညက အိမ်ပြန်မအိပ်ဘူးလား ”

"ဟုတ် မေမေ သား သူငယ်ချက်းအိမ်မှာ အိပ်ပျော်သွားလို့”

"သြော် အင်းအင်း သွားရေချိုးတော့ ကျောင်းသွားရမယ်မလား နောက်ကျနေပြီ”

အလင်းအမေသည် သူ့သားဆီက အရက်နံ့ရသော်လည်း မနက်စောစောစီးစီး မဆူပူချင်တာမို့ လျော်လိုက်သည်။

"ဟုတ်ကဲ့ မေမေ”

အလင်း အခန်းထဲဝင်၍ ရေမိုးချိုးပြီး ဖီးလိမ်းပြင်ဆင်ကာ အောက်ပြန်ဆင်းလာတော့

"ရော့ ဒါလေးသောက်လိုက် ခေါင်းကိုက်နေတယ်မလား”

ပျားရည် နဲ့ သံပုရာရောဖျောထားသော ပူနွေးနေဖျော်ရည်ကို အလင်းမေမေသည် အလိုက်သိစွာ သားအားတိုက်သည်။ သူမက သူ့သားကိုသိပ်ချစ်တာ။

"မေမေက သိပ်တော်တာပဲ မွစ့် သွားပြီနော် မေမေ”

ဖျော်ရည်အားသောက်ပြီး အမေ့အားကို အနမ်းပေးပြီး အလင်းကျောင်းလို့ ချီတက်လာခဲ့သည်။ ကျောင်းကလည်း နောက်ကျနေပြီ ဖြစ်၍ ပထမ၂ချိန်ဟာအလွတ်ခံပြီး ကျောင်းသို့ ကားကို အေးဆေးမောင်းလာခဲ့သည်။ ကားမောင်းရင်း ညက သူ၏ အဖြစ်ပျက်များက ခေါင်းထဲ တစ်စစီ ပြန်မှတ်မိ၍လာသည်။ ရုတ်တရက် မျက်လုံးထဲ၌ သူရအား ချုပ်နမ်းသည့် ပုံကြီး မျက်လုံး မြင်ယောင်လာသောအခါ အလင်း အလန့်တကြားဖြင့် ကားဘရိတ်အုပ်လိုက်သည်။

Sugar Daddy (Completed)Where stories live. Discover now