ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgy...
By maylapyaepyae
39.9K 3.9K 992
Chansoo bl chanyeol Dokyungsoo More
Intro 1
Intro 2
Ch-1
updated မဟုတ်
Ch-3
ခွင့်တောင်းခြင်း
တောင်းပန်ခြင်း
Ch-4
Ch-5
Ch-6
Ch-7
No update
Ch-8
Ch-9
no update
😭😭😭
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-19(အဆက်)
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch -32
Ch-33
Ch-34
Ch-34(အဆက်)
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-17
Ch-41
Ch-41(အဆက်)
Ch-42
Ch 43
Ch 44
Ch-45
Final
Ch-2
1.1K 97 10
By maylapyaepyae
ထုံးစံအတိုင်းပဲ အင်းလျားကန်က အမြဲစည်ကားနေတက်တာ ။ KS တို့သုံးယောက်ကတော့ အမြဲလိုလိုထိုင်ဖြစ်ကြတယ် ။ ဒါပေမဲ့ထိုင်လိုက်တိုင်း KS အတွက်လွတ်လပ်တယ်ဆိုတာမရှိခဲ့ပါ။ စိတ်ရှုပ်စရာတွေက အနားမှာအမြဲရှိနေတတ်တာ။ အခုလည်းကြည့်အနားမှာလာရှုပ်ပြန်ပြီ။
Boy : "Soo "
ဘာလဲဆိုပြီးမေးငေါ့ပြတော့
Boy : "Soo ရက်စက်တယ်ကွာ"
KS : "ဟင်..ဘာ"
KS ကြောင်သွားတာ ဘာလဲပေါ့ ဘာတွေလာပြောနေတာလဲပေါ့ ကောင်လေးကဆက်ပြောတယ်
Boy : "Soo coffee ဆိုင်လာမယ်ဆိုပြီး ရောက်မလာဘူး ကျွန်တော် မနေ့က ညနေထိထိုင်စောင့်နေတာ မိုးချုပ်ခါးနီးတော့မှ မလာတော့ဘူးထင်ပြီးပြန်သွားတာ Soo ကျွန်တော့်ကို သက်သက်ပညာပြတာလား"
KS သဘောပေါက်လိုက်ပါပြီ မနေ့က coffee ဆိုင်မှာ မလာမချင်းစောင့်မယ်ဆိုတဲ့တစ်ယောက်ပဲ။ KS ပညာပြတဲ့သူက အများသားဆိုတော့ သူတို့က သာကိုယ့်ကိုသိတာ ကိုယ်က သိတာမဟုတ် အခုတောင် စဉ်းစားလိုက်ရတာ
KS : "ပညာပြတယ်။ ဟုတ်လား ။ ဟက် (မဲ့ပြုံးပြုံးတာပါ)  ငါလာချင်လာမယ် မလာချင်မလာဘူး‌ လို့ငါပြောခဲ့သားပဲ။ မင်းဘာသာစောင့်နေတာ။ ငါလာမယ်လို့ကတိမပေးခဲ့ဘူး။ Ok? မင်းဘာသာအရူးထပြီးစောင့်‌နေတာ ငါ့လာပြီး အာရုံလာမစားနဲ့ မင်း လစ်လိုက်တော့ "
Boy : "အဲ့လိုတော့မလုပ်ပါနဲ့ ကျွန်တော် Soo ကိုပြောစရာတွေရှိနေလို့ ခနလောက်တော့စကားပြောခွင့်ပေးပါ"
KS(pov) : 'ကျစ်.....ခံရပြီးလဲမမှတ်နိုင်သေးဘူး‌ပဲ တုံးတယ် ပြောတော့လည်းမကြိုက်ချင် သတ္တိကောင်းသားပဲ ရှေ့ဆက်တိုးရဲတာ'
KS မဲ့ပြုံး ပြုံးရင်းပြောလိုက်တယ်။
KS : "Ok... အဲ့တာဆိုရင် ငါခိုင်းတာမင်းလုပ်နိုင်ရင် စဉ်းစားပေးမယ်"
ကောင်လေးမျက်ဝန်းတွေက လက်ခနဲအရောင်တောက်လာပြီခေါင်းတွေလည်းငြိမ့်ပါးစပ်ကလည်း
Boy : "Soo ခိုင်းတာမှန်သမျှလုပ်ပါ့မယ်" ပြောလေရဲ့။
KS : "Ok‌...အရင်ဆုံးရေကန်ထဲဆင်း"
Boy : "ဗျာ"
ကောင်လေး နည်းနည်းတွန့်သွားတယ်။ လူတွေကလည်းဝိုင်းကြည့်နေတော့နောက်ထပ်အရူးလုပ်ခံရမှာစိုးနေတာ။ ‌တွန့်လည်းတွန့်စရာပါ ကြည့်‌နေကြတာက တစ်နေရာထဲမှမဟုတ်တာ ။နေရာရှုထောင့်ပေါင်းစုံကကြည့်နေတော့ရှုက်မှာပေါ့။ KS သက်သက်မဲ့လုပ်တာပါ။ နားအေးပါးအေးနေချင်ပါတယ်‌ဆိုတာကို လာပွားတာလေ ။ KS မဆင်းဘူးလားဆိုပြီး မကြည် ကြည့်နဲ့ ကြည့်လိုက်တော့ ကျေးဇူးရှင်က ဆင်းမယ်ဆိုပြီး ဆင်းသွားလေရဲ့။သူဆင်းတော့လည်း ခိုင်းရတော့ပေါ့ ။
KS က နေရာက ထပြီး
KS : "ငါရေကန်ထဲမှာပျောက်သွားတဲ့ ပစ္စည်းတစ်ခုရှိတယ် မင်းရအောင်ရှာခဲ့" ဆိုပြီးလှည့်မကြည့်ဘဲထွက်လာခဲ့တယ် ။
Chen နဲ့ Beak တောင် လွယ်အိတ်ဆွဲပြီး နောက်ကနေမနည်းလိုက်ခဲ့ရတယ်။ ကောင်လေးကတော့ ကြောင်ပြီးကျန်ခဲ့လေရဲ့ ။ဟုတ်တယ်လေ ဘယ်ပစ္စည်းပျောက်တာလဲမသိ။ ဘယ်နားကျမှန်းမသိ ။သူဘာမှလုပ်လို့မရတော့ဘူးလေ။
Chen နဲ့ Beak ကတော့
Chen : "မင်းကွာ လုပ်ခဲ့ပြန်ပြီ။
Beak : "အေးလေကွာ ဟိုကရေကန်ထဲကပဲပြန်တက်ရတော့မလို ဆက်ပဲရှာရတော့မလိုနဲ့ မင်းကွာ"
KS : "ဘာလဲ မင်းတို့ကသနားနေတာလား ငါကသူ့ကိုဇွတ်တင်းဆင်းခိုင်းတာလဲမဟုတ်ဘူး။ ငါကန်ချတာလဲမဟုတ်ဘူး ။သူ့သဘောနဲ့သူဆင်းတာကိုကွာ။ အနေသာကြီးပါ မင်းတို့ကလည်း"
Chen : "မင်း အဆိပ်က တစ်နေ့တစ်ခြား ပိုပြင်းလာပြီ။ မင်း မချစ်ရင်မချစ်ဘူးလို့ပြတ်ပြတ်သားသားငြင်းသင့်တယ်။ အခုလိုကြီးက မကောင်းဘူးကွ"
Beak : " ဟုတ်တယ် KS မင်းကြိုက်ဘူးဆိုရင် ပြတ်ပြတ်သားသားငြင်း။ ဒီအတိုင်း ဆိုရင် နတ်ဆိုးတစ်ပါးလို အမည်တွင်သွားလိမ့်မယ် "
KS : "တွင်ချင်တွင်ပေါ့ကွာ။ အဲ့ဒါကပတ်ဝန်းကျင်ကသတ်မှတ်တာ။  ငါနဲ့မဆိုင်ဘူး။ နောက်ပြီး ငါက ဂရုစိုက်နေမှာလဲမဟုတ်ဘူး ။ငါ့အနားဘယ်သူမှမရှိလေ ကောင်းလေ မျက်စိနောက်ပြီး အာရုံတွေနောက်လွန်းလို့"
C & B (pov) : 'မင်း အမြန်ဆုံးချစ်တက်ပါစေ ဆုတောင်းတယ် သယ်ချင်း ငါ့တို့သယ်ချင်းကို ရက်စက်တဲ့ပုံစံမျိုး မမြင်ချင်တော့ဘူး......'
KS ကတော့ပုံစံမပျက်ဆက်လျှောက်မြဲ သူ့ရင်ထဲမှာဘာခံစားမှုမှကိုမရှိတာ။
xxxxxxxxxxxxxxxxxxxxxxxxx
Chanyeol ကတော့ သူတို့ပြောသမျှအလေးအနက်နားထောင်နေမိတယ်။ သူဆီလာပြောတာ သုံးလေးယောက် မကတော့ ။ ကြားရသမျှ ခံလာရတဲ့အကြောင်းတွေချည်းပဲ။ အင်မတန် သွေးအေးပြီ ရက်စက်တဲ့ ယောက်ျားချင်းတောင် ကြိုက်ရတဲ့အထိ ချောလွန်းတဲ့ ကောင်လေးလို့ YUFL ထဲမှာ သတင်းကြီးနေပေမဲ့ သွားကြည့်ဖို့ဆိုဆိုတာစိတ်တောင်မကူးမိ။ ဘယ်လောက်ချောတယ်ဆိုတာကိုစိတ်မဝင်စား။ ကိုယ်နဲ့လည်းဆိုင်တာမဟုတ်တော့ English အတန်းဘက်ကိုသူမသွားမိတော့ သူ့ကိုမမြင်ဖူးပါ ။
Chan က France ဘာသာ ယူထားမိသူ။ အဲ့တော့ တွေ့ချင်ရင်သွားကြည့်မှပဲရမည်။ ကျောင်းချင်းတူပေမဲ့ တကူးတကသွားမကြည့်ရင် ဆုံဖို့ဆိုတာ မလွယ် ။ ကိုယ်နဲ့မပတ်သတ်ရင်တော့ ဘာမှမဆိုင်သလိုနေတက်ပေမဲ့ ကိုယ့်နဲ့ပတ်သတ်တဲ့လူတွေကိုထိလာရင် ငြိမ်ခံမနေတက်တာက Chan အကျင့်။
အခုခံလာရတာက အချစ်ဆုံးသယ်ချင်းကြီး Jongin ။သူကိုက အနေထိုင်မတက်သွားပက်သတ်ခဲ့တာ။ ခံရပြီ‌ဆိုတော့မှ လာပြီးရင်ဖွင့်နေတာ။
Kai : "သူက အရမ်းချောတယ်လို့ နာမည်ကြီးနေတော့ ငါသွားကြည့်မိ‌တာပေါ့ အဲ့မှာတင်ကွာ ငါမြင်မြင်ချင်းအသက်ရှုတောင်မှားတယ်ကွာ ရက်ရက်စက်စက်ချောတာ တကယ်ကွာ angle တစ်ပါးလိုပဲ ငါသူ့ကိုပဲကြည့်နေမိတာ ငါသတိဝင်တော့ ငါသူ့ကိုအသည်းအသန်လိုက်မိတယ်ကွာ။ လိုက်မိတော့ခံရတာပေါ့ကွာ။ ငါသူ့အသံလေးကြားချင်လို့ ph ဆက်မိတာကိုကွာ။ သူနဲ့စကားအေးဆေးထိုင်ပြောချင်တယ်လို့ခွင့်တောင်းတော့ ငါ့ကိုခိုင်းတာ။ မင်း စဉ်းစားကြည့်ကွာ။ စာရွက်တွေနဲ့ အသည်းပုံ 500 တောင်ခေါက်ခိုင်းတယ်။ ဒါတောင်အဖြူရောင်မဟုတ်ဖူးတဲ့ကွာ။ ရောင်စုံတဲ့။ တကယ်ပါကွာ မနေ့ကတစ်ညလုံးမအိပ်လိုက်ရဘူး။ ညတွင်းချင်းလုပ်ရတာ အဲ့တာ ဒီနေ့သွားပေးတော့ အတန်းမတက်ဘူးတဲ့ကွာ။ ဒါသက်သက်ပညာပြခံလိုက်ရတာကွာ"
‌Chan : "မင်းကရက်စက်တက်မှန်းသိရဲ့သွား နွယ်မိတာကိုး။ မင်း serious မဖြစ်ခင် ဖြတ်လိုက်တာ အကောင်းဆုံးပဲ ။ မင်းမှမဟုတ်ဘူး ။ မိန်းကလေးတောင် ပညာပြခံလိုက်ရတာ မင်းလည်းသိသားနဲ့ ။သူက ယောကျာ်းလေး မိန်းကလေးတောင်မခွဲဘဲ ပညာပြတာ ငါတို့လည်းကြားနေသားပဲ ။ သူ့ဘာသာဘယ်လောက်ချောချော အဲ့လောက်ရက်စက်တက်တဲ့နှလုံးသားရှိတယ် ဆိုရင်မချစ်သင့်ဘူးကွ အဲ့တာကအဆိပ်ပဲ အဆိပ်ဆိုရင်ရှောင်ရတယ်ကွ"
Kai : "မရှောင်နိုင်‌လို့ခက်နေတာပေါ့ကွ ငါသူ့ကိုတကယ်ရူးနေမိတာကွ"
Chan : "ရူးလည်း သေလိုက်ကွာ။ ငါ့ကိုဘာလို့လာပြောနေသေးလဲ။ ကိုယ့်ဘာသာ ရအောင်လိုက်ပေါ့ ။ ဟိုက ပညာပြလည်းခံပေါ့ကွာ မင်းဝဋ်ရှိတယ်လို့မှတ်လိုက်....."
Kai : " မင်း အဲ့လောက်မရင့်စမ်းနဲ့။ ငါ အတည်ခံစားနေရတာကွ"
Chan : "အဲ့တာ ငါဘာလုပ်ပေးရမှာလဲ"
Kai : " မင်း  ငါခံရလာတာကို ဒီအတိုင်းထိုင်ကြည့်နေမှာလား။ ငါမင်းကို အားကိုးတကြီး လာပြီးရင်ဖွင့်နေတာလေကွာ ။မင်းနည်းနည်းလောက် ကူညီဖို့ စိတ်ကူးမရှိဘူးလား"
Chan : "မင်း angle က ပညာတွေစွတ်တက်နေတာကို ငါက ဘာကိုကူညီရမှာလဲ "
Kai : " မင်းက ဆရာကြီးလေကွာ။ အဲ့တော့ မင်းသူ့ကိုနိုင်မဲ့နည်းလေးတော့စဉ်းစားပေးပါကွာ ။မင်းက ငါတို့ထက် IQ မြင့်တယ်လေကွာ။ အတွေးခေါ်ရှိ‌ပြီးသားဆိုတော့ ပွဲကြမ်းနေတဲ့ကောင်လေးကို ယဉ်ကျေးလာအောင် လုပ်ပေးပါကွာ။ မင်းကျွမ်းပါတယ် အဲ့တာမျိုးတွေ။ ကျောင်းတုန်းကလည်း မင်းပညာပြခဲ့တာတွေနည်းတာမှမဟုတ်တာ ကူညီပါကွာ"
Chan : "လုပ်ကုန်ပြီ မင်းကတော့ ကျောင်းတုန်းက ငါတော်တာမဟုတ်ဘူး သူတို့ညံတာလေကွာ ။ အခုဟာက လေ‌ပြင်းအကြီးစားကို လေ‌ပြေလေညှင်းဖြစ်အောင် မန်းမှုတ်ခိုင်းနေတာနဲ့တူနေပြီ"
Kai : "မင်းလုပ်နိုင်ပါတယ်ကွာ ။ကူညီပါကွာ မင်းပညာပြဖို့လိုနေလို့ကွ။ သူ့ကိုနိုင်မယ့် ပညာရှင်အဆင့် ဘယ်သူ့မှမရှိ‌သေးဘူး။ သူပညာပြတာကိုပဲခံလိုက်ရတာကွ။ သူကသာအောင်ပွဲခံနေတာ။ သူကိုရင်ပေါင်တန်း ပြီး စိန်ခေါ်မဲ့သူတောင်မရှိဘူး။ပေါ်လည်းမလာသေးဘူး ။ အဲ့တာကြောင့်မင်းကိုစစ်ကူတောင်းတဲ့သဘောပါ Yeolli ရာ ။ မင်းနဲ့ငါလောင်းကြေးစားကြေးတောင်ချလိုက်ချင်သေးတယ် ။ မင်းသူ့ကိုမတွေ့ဖူးသေးလို့ တွေ့ရင် မင်းလည်း သူ့ကြိုးဆွဲရာ က မယ့်သူတွေထဲပါလာအုံးမှာ ငါမြင်ယောင်သေးတယ်"
Jongin က သူ့ကို တမင်ပြောနေတာဖြစ်‌မှာပါ။ သူမခံချင် ဖြစ်အောင်။ သူကတော့ပြုံးမိတယ် ကိုယ့်ကိုယ်ကိုယုံကြည်တဲ့အပြုံးမျိုးပါ။ တစ်ခုတော့ရှိတယ်။ သူက ဦးနှောက်သုံးပြီး ဆော့ရတဲ့ပွဲ‌တွေ ပညာချင်းယှဉ်တဲ့ စိန်ခေါ်ပွဲတွေ ဆော့ရတာ ဝါသနာပါတယ် ။
ဒီလောက်ပွဲဆူနေတဲ့ အပြင်းစား angle လေးနဲ့ နှလုံးရည်ချင်း ယဉ်ဖို့ စိတ်ဝင်စားလာမိတယ်။ နောက်ပြီး အဲ့ ရက်စက်တက်တဲ့ angle လေးကို ချစ်ခြင်းနဲ့ပက်သတ်တဲ့ယဉ်ကျေးမှုတွေကို ပြဌာန်း ပေးချင်တာမိတာလဲ ပါ ပါတယ်...............။
T.B.C
Up ပေးတယ်နော် မနက်ဖြန် Tutorial ရှိတာတောင်မကျက်ဘဲနဲ့တင်ပေးထားတာပါ စာလုံးပေါင်းပြန်မစစ်ထားပါဘူး အမှားပါရင် တောင်းပန်ပါတယ်
                        Ch-2
     ထုံးစံအတိုင်းပဲ ညနေခင်း အင်းလျားကန်ဘောင်က အမြဲစည်ကားနေတက်တာ။ KS တို့ သုံးယောက်ကတော့ အမြဲလိုလို သွားထိုင်ဖြစ်တယ်။ KS အတွက်ကန်ရေပြင်ကြီးကို ငေးရတာက တစ်ခါတစ်လေ စိတ်ထွက်ပေါက်ဖြစ်စေပါတယ် ။ ဒါပေမဲ့ သူထိုင်လိုက်တိုင်းအနားမှာ အနှောင့်အယှက်ကတော့ ရှိတက်မြဲပါ။ အခုလည်းအနားမှာ လာရှုပ်နေပြန်ပါပြီ။
Boy : " Soo ...... Soo ကွာတစ်ရက်စက်တယ်ကွာ "
KS ကြောင်သွားတယ် ။ ဘလိုင်းကြီးလာပြောတာဆိုတော့ ။
KS : " ဟေ့ကောင် စကားကို ရှင်းရှင်းပြော အစမရှိအဆုံးမရှိ နဲ့"
Boy : "Soo ပဲ မနေ့က coffee ဆိုင်မှာ စောင့်နေဆိုလို့ စောင့်နေတာ Soo ရောက်မလာဘူးလေ။ ကျွန်တော့မှာ Soo လာမလားဆိုပြီး စောင့်လိုက်ရတာ ညနေ စောင်းတဲ့ အထိ Soo ရယ် မှောင်ခါးနီးတော့ မှ Soo မလာတော့ဘူး ဆိုပြီး ကျွန်တော် ပြန်သွားတာ Soo ကျွန်တော့ကို ပညာပြလိုက်တာလား Soo "
KS က
KS : " မင်းဘယ်လိုထင်လို့လဲ "
လို့ပြန်မေးတော့ ကောင်လေးမှာပြန်ပြောဖို့တောင် ဆွံအ သွားပါတယ်။ဘာလို့ ဆို KS ရဲ့ ညှို့မျက်ဝန်းတွေကြောင့် ကောင်လေးမှာ ကြော့ကွင်းမှာ သားကောင်အဖြစ် မိနေပြီလေ။
KS ကဆက်ပြောတယ်။
KS : " မင်းကို ငါလာမယ်လို့ ကတိပေးဖူးဘူးလား။ မင်းကို စောင့်ပါလို့ပြောဖူးလား။ မင်းသဘောနဲ့ မင်းစောင့်ပြီး ငါမလာတော့မှ မင်းငါ့ကို အပြစ်လာပြောနေတာလား။ မင်းသဘောဆန္ဒအတိုင်းလုပ်ခွင့်ရှိသလို ငါမှာလည်း ငါ့ဆန္ဒ အတိုင်း နေပိုင်ခွင့်ရှိတယ် ။ မင်းပြောချင်တဲ့ စကားတွေကို နားမထောင်ချင်လို့ ငါမလာတာ ငါ့လုပ်ပိုင်ခွင့်‌ပဲ ။ Ok ..?။"
Boy : " ဒါပေမဲ့ ကျွန်တော် Soo ကိုပြောစရာတွေရှိနေလို့ပါဗျာ"
KS : " ပြောပေါ့ တစ်ယောက်ထဲပြောနေ။ "
Boy : " ဟာ.....ကျွန်တော်အရူးမှမဟုတ်တာ ။ "
KS : " သိတယ် မင်းမရူးမှန်း။"
Boy : " ကျွန်တော် Soo ကို ပြောစရာတွေရှိနေလို့ပါဗျာ ကျွန်တော့်အတွက် အချိန်နည်းနည်းပေး ပေးပါဗျာ "
KS : " ကျစ် ..... အဲ့လောက်ပြောချင်နေတာလား ။ ok လေ ငါခိုင်းတာလုပ်မယ်ဆိုရင်ပေါ့။"
ကောင်လေး မျက်လုံးတွေအရောင်တောက်သွားတာကိုတွေ့လိုက်သား။ KS စိတ်ထဲကနေပဲပြောမိတယ် ။ တော်တော် ဦးနှောက်မရှိတာပဲလို့ ။ ဒီလောက်ပြောထားတာတောင် အမှတ်မရှိသေးဘူးပဲ။ သတ္တိ‌တော့ကောင်းသား။ မင်းသတ္တိဘယ်လောက်ကောင်းလဲငါကြည့်မယ်။ ကောင်လေးက တော့ ခေါင်းတောင် ကျွတ်သွားမလားမသိဘူး။ ငြိမ့်ပြနေတာ။ ‌ပြောလည်းပြောသေးတာ ဘာတဲ့
Boy : " Soo ပါးစပ်ကထွက်လာတဲ့စကားတိုင်းက ကျွန်တော့်အတွက်တော့ မလိုက်နာပဲမနေနိုင်တဲ့ ဥပဒေ တစ်ခုလိုပါပဲ"
တဲ့။ 
KS (pov) : 'KS ကတော့ အော်သာရယ်ပစ်ချင်တော့တယ် ။ အဲ့စကားဘယ်အချိန်ထိ ပြောနိုင်မလဲ စောင့်ကြည့်မယ်။'
KS : " Ok ! အခုချက်ချင်းရေကန်ထဲဆင်းလိုက်။"
မမျှော်လင့်ထားလို့လားတော့မသိဘူး ။ ကောင်လေးက အလန့်တကြားနဲ့မော့ကြည့်ပြီး ပြောတယ်။
Boy : " ဗျာ ရေကန်ထဲဆင်းရမယ်။"
KS : " ဟုတ်တယ် ဆင်းဆိုဆင်း အမြန် ငါ မအားဘူး ။"
KS တမင်လုပ်တာပါ။ အဲ့ကောင်လေး မဆင်းရင်လည်းနာငြီးသက်သာသွားမယ်။ ဆင်းသွားမယ်ဆိုရင် အဲ့ကောင်လေး သူပညာပြတာခံရအုံးမှာပါ။ Beak နဲ့ Chen က တော့ ခေါင်းတစ်ခါခါနဲ့ ကြည့်နေကြတယ်။ သူတို့တင်မဟုတ် အ‌ဝေးရောအနီးမှာပါရှိတဲ့သူတွေကလည်း ဘာဆက်ဖြစ်မလဲစောင့်ကြည့်နေကြတယ်။ KS ကတော့ဂရုမစိုက်ချေ။ အရေးကြီးတာ အဲ့ အရှုပ်ထုတ်ကို ရှင်းပစ်ဖို့ပါ။ KS က‌ ကောင်လေးမဆင်းတော့ဘူးထင်တာ ဇွတ်တရွတ်နိုင်တဲ့ကျေးဇူးရှင်လေးက ဆင်းသွားလေရဲ့။ ဆင်းသွားပြီး KS ကို လှမ်းကြည့်တော့ KS လွယ်အိတ်ယူပြီးထလိုက်တယ် ။ နောက်တော့ အဲ့ကောင်လေးမကြားနိုင်တဲ့အသံနဲ့ လုပ်ရမဲ့ကိစ္စကို ပြောပြီးထွက်လာခဲ့လိုက်တယ်။ နောက်ကနေ Beak နဲ့ Chan က နောက်ကနေငွေရှင်းပြီး အသည်းအသန် လိုက်လာကြတယ် ။ KS ဘာပြောသွားတယ်ဆိုတာ သူတို့တောင်မကြားလိုက်ပါဘူး။
လို့ Chen ကပြောတော့Beak ကလည်း
Beak : " ဟုတ်တယ် Kyung လေး အဲ့လိုတော့မလုပ်သင့်ဘူး။ ဟိုမှာရုပ်ပျက်ဆင်းပျက်ကျန်ခဲ့တာ။ "
(KS က Beak နဲ့ Chen ထက် လငယ်ရပါတယ် သုံးယောက်ထဲမှာ အငယ်ဆုံးပါ ။ အဲ့တာကြောင့် Kyung လေး လို့ ခေါ်တာပါ။ မရှင်းမှာစိုးလို့။ 😁 ဒါပေမဲ့ KSက မင်းနဲ့ ငါလို့ပဲပြောပါတယ် အငယ်ဆုံးဆိုတော့ လိမ္မာတယ်လေ။😂 ကြော်ငြာကရှည်သွားတယ်😅)
Chen : " မင်းရဲ့ အဆိပ်တစ်နေ့တစ်ခြားပိုပြင်းလာပြီ ။ မင်းမချစ်ဘူးဆိုရင်ပြတ်ပြတ်သားသားငြင်းသင့်တယ်။ အခုလိုလုပ်တာတွေကမကောင်းဘူး။"
Beak : " ပြီးတော့ မင်းအဲ့လိုတွေဆက်လုပ်မယ်ဆိုရင်မင်းကိုရက်စက်တက်တဲ့ နတ်ဆိုးတစ်ပါး(bad angle လေး😍) လို နာမည်တွင်သွားလိမ့်မယ်။"
KS : " တွင်ပါစေပေါ့။ ဂရုစိုက်ရမှာလား။ ဘယ်သူမှငါ့အနားမရှိတော့လည်း နာငြီးသက်သာတာပေါ့။"
KS ကတော့ ပုံစံမပျက်‌ဆက်လျှောက်နေတယ်။ သူ့မှာ ဘာခံစားချက်မှကိုမရှိတာ။
Chen နဲ့ Beak ရဲ့ ရင်ထဲမှာတော့
Chen & Beak(pov) : ' အမြန်ဆုံးချစ်တက်ပါစေ Kyung လေးရယ် ။ငါတို့ အငယ်ဆုံးလေးရဲ့ မရက်စက်တက် ဘဲ ရက်စက်‌နေတဲ့ပုံစံတွေ ကိုမမြင်ချင်တော့ဘူး ...... ' ဆိုတဲ့အတွေးကတော့ထပ်တူညီနေမှာမှာပါ......
အခုလည်း ခံလာရတာ သူရဲ့ အချစ်ဆုံးသူငယ်ချင်းကြီး Kim Jongin ခေါ် Kim Kai ငမဲကောင်လေ။ သူကိုကအနေထိုင်မတက်သွားနွယ်မိတာလေ။ ဟိုက ပြန်ချေမှ ခံလာရပြီးရင်ဖွင့်နေတာ ။
Chan : "မင်းက ရက်စက်တက်မှန်းသိရက်နဲ့ သွားပက်တာလေ။ မင်း serious မဖြစ်ခင် ဖြတ်လိုက်တော့ ။ ဟိုက မင်းတင်မဟုတ်ဘူး။ ယောက်ျားလေးရော မိန်းကလေးရောပညာပြလာတာ ။ ဘယ်လောက်ချောချော ရက်စက်တက်တဲ့နှလုံးသားရှိတယ်ဆိုရင် မချစ်သင့်ဘူး။ အဲ့တာအဆိပ်ပဲ။ အဆိပ်ကို အဆိပ်မှန်းသိရင် ရှောင်ရတယ်ကွ။"
Kai : "ငါမှာမရှောင်နိုင်တာကွာ။ ငါသူ့ကို အရမ်းရူးမိနေတာကွ။"
Kai : "မင်းအဲ့လောက် မရင့်နဲ့ Yeolli ငါအတည်ခံစားနေရတာ"
Chan : "အဲ့တော့ငါဘာလုပ်ပေးရမှာလဲ "
Chan : " ငါက ဘာကူညီရမှာလဲ မင်း angle က ပညာတွေစွတ်တက်နေတာကို "
Kai : " အဲ့တာကြောင့် မင်းကို အကူညီတောင်းတာလေကွာ ။ မင်းက ပညာရှိလေကွာ ။ပြီးတော့မင်းကIQမြင့်တယ်လေ။ ပွဲကြမ်းနေတဲ့ angle လေးကို ယဉ်ကျေးလာအောင်လုပ်ပေးပါကွာ။ အဲ့တာမျိုးတွေ မင်းလုပ်နိုင်ပါတယ် ။မင်းကျွမ်းပါတယ် state ကျောင်းတုန်းကတောင် လုပ်ခဲ့သေးတာကွာ"။
Chan : "အဲ့တာတွေကကျောင်းတုန်းက။ ပြီးတော့ ငါတော်တာမဟုတ်ဘူး သူတို့ညံတာ ။ အခုဟာက လေပြင်းအကြီးစားကို လေပြေလေညင်း ဖြစ်အောင် ပြောင်းခိုင်းနေတာ မင်းက "
T.B.C.
အရှည်ကြီးလို့တော့ထင်တာပဲ😁နောက်ပိုင်းကျ KS နဲ့ Cy တွေ့ပြီ
စာလုံးပေါင်းမစစ်ထားပါဘူး။
အမှားပါရင်ခွင့်လွှတ်ပါ။ ရေးသာရေးနေတာ ကြိုက်ပါ့မလား လို့တွေးမိတာ အခါခါ ပါ။ စာဖတ်သူတစ်ယောက်ခြင်းဆီကိုကျေးဇူးတင်ပါတယ်။
#Love you all😍😘
#Thwe Thitsar
ပုံတွေက ဒီအခန်းမှာသူတို့လေးယောက်အကြောင်းက များတာမို့ပါ
#Love you all so much ❤️😘
Continue Reading
You'll Also Like
62.2K 8.4K 33
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
105K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
87K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
11.1K 1K 21
မတော်တဆတွေ့ဆုံမှုတစ်ခုဆိုပေမဲ့ မင်းလေးကိုကိုယ်တစ်ကယ်ချစ်မြတ်နိုးတယ် ဘေဘီ။ မင်းလေးသာကိုယ့်ဘဝ ကိုယ့်အသက်ပါ။ Park Chanyeol. ွချစ်တယ် Chan...တစ်ဘဝလုံးစာပ...