|| FLY AWAY : BEAUTIFUL ||《CO...

De Sariomine

300K 40.1K 3.6K

CHANBAEK FAN FICTION [ UNICODE + ZAWGYI ] Mai multe

FA:B [ 01 ]
FA:B [ 02 ]
FA:B [ 03 ]
FA:B [ 04 ]
FA:B [ 05 ]
FA:B [ 06 ]
FA:B [ 07 ]
FA:B [ 08 ]
FA:B [ 09 ]
FA:B [ 10 ]
FA:B [ 11 ]
FA:B [ 12 ]
FA:B [ 13 ]
FA:B [ 14 ]
FA:B [ 15 ]
FA:B [ 16 ]
FA:B [ 17 ]
FA:B [ 18 ]
FA:B [ 19 ]
FA:B [ 20 ]
FA:B [ 21 ]
FA:B [ 22 ]
FA:B [ 23 ]
FA:B [ 24 ]
FA:B [ 25 ]
FA:B [ 26 ]
FA:B [ 27 ]
FA:B [ 28 ]
FA:B [ 29 ]
FA:B [ 30 ]
FA:B [ 31 ]
FA:B [ 32 ]
FA:B [ 34 ]
FA:B [ 35 ]
FA:B [ 36 ]
FA:B [ 37 ]
FA:B [ 38 ]
FA:B [ 39 ]
FA:B [ 40 ]
FA:B [ 41 ]
FA:B [ 42 ]
FA:B [ 43 ]
FA:B [ 44 ] ( Final )
FA:B Season - 2 ?
FA:B S2 Here

FA:B [ 33 ]

6.5K 917 177
De Sariomine

" ပါးပါး "

" ဗျာဗျ "

ကျောင်းအင်္ကျီလဲပေးနေသည့် ဘတ်ခ်ဟွန်းပါးပြင်လေး
နှစ်ဖက်ကို လက်ကလေးသေးသေးလေးတွေဖြင့် အုပ်
မိုးကိုင်ပြီး ခေါ်လာသောသားအား ဘတ်ခ်ဟွန်း အပြုံး
လေးတွေနှင့်သာ ပြန်ထူးလိုက်လေသည် ။

" ညကအိပ်မပျော်ဝူးယား ဟင် ဟူးဟူးလေး ပါးပါးကို
ကြည့်ရတာ မျက်နှာကသိပ်မလန်းသလိုပဲ "

" မဟုတ်ပါဘူးသားရဲ့ ပါးပါးအိပ်ပျော်ပါတယ် "

အပြုံးတွေနှင့် ဘတ်ခ်ဟွန်း မုသားတွေသာဆိုလိုက်
မိသည် ။ အမှန်တိုင်းပြောရရင် သူ ညကတစ်ညလုံး
ကောင်းကောင်း အိပ်မပျော်ခဲ့ပါ ။

သူ့ကို ဂျုံအင်ပြောခဲ့သောဘယ်လောက်ပဲဖုံးကွယ်ထား
ဖုံးကွယ်ထားပါစေ ။ တစ်ချိန်ချိန်မှာ အမှန်တရားတွေ
အားလုံးက မပေါ်ချင်ဘဲပေါ်သွားခဲ့မှာကို သူတွေးပူပြီး
စိုးရိမ်စိတ်တို့ဖြစ်မိသည် ။

ဒါ့အပြင် သူ့သားကိုသူ့အနားက ခွဲထုတ်သွားမှာကို
လည်း သူတွေးကြောက်မိသည် ။

" ........... သိလား ပါးပါး . . ပါးပါးလို့ "

အမှတ်မထင် အတွေးပင်လယ်ထဲ ရွက်လွှင့်မိပြန်တော့
သူ့လက်မောင်းကိုလှုပ်ခါပြီးခေါ်နေသော သားရဲ့ခေါ်သံ
လေးကြောင့် သူ့အတွေးတို့ ရပ်တန့်သွားခဲ့သည် ။

" ဟင် သားပါးပါးကိုဘာပြောလိုက်တာလဲ
ပါးပါးမကြားလိုက်လို့ "

" ဟူးဟူးလေးကို ဒီနေ့တီတီလှလှကကျောင်းအသစ်ကို
လိုက်ပို့ပေးမယ်တဲ့ "

" တီတီလှလှ ? ဘယ်ကတီတီလှလှလဲ သားရဲ့ "

" ဟင် ပါးပါးမသိပြန်ဝူးယား ဖွားလေးနဲ့ညတုန်းက
အတူလာအိပ်ပေးတဲ့ တီတီလှလှလေ "

ဟူးဟူးလေးစကားကြောင့် တွေးမိတွေးရာတွေးမိတော့
အတွေးထဲဘွားခနဲပေါ်လာသောသူ့တီလေးနှင့်အတူည
က အဖော်လာအိပ်ပေးတဲ့ ဒါယောင်းကိုမြင်ယောင်မိပြီး
ဘတ်ခ်ဟွန်း ဟက်ခနဲအသံထွက်၍ရယ်လိုက်မိသည် ။

သူ့သားပြောတဲ့ တီတီလှလှက သူ့ရဲ့ မမဒါယောင်းကို
ရည်ညွှန်းတာတဲ့လား  ။  ချက်ချင်းကို ဒါယောင်းတို့ကို
နာမည်တွေကိုယ်စီလိုက်ပေးပြီးမှတ်ထားတဲ့ သိပ်လည်
ပြီး သိပ်ကိုစကားကြွယ်လွန်းသောသားကို ဘတ်ခ်ဟွန်း
တစ်နေ့တစ်ခြား အချစ်တိုးရတယ်လို့ပြောရင်ပိုရာမကျ
ပေ ။

" ဒါဆို သားကပါးပါးနဲ့အရင်ကလိုကျောင်းကိုအတူတူ
မသွားတော့ဘူးပေါ့ ကျောင်းလိုက်ပို့ပေးမယ့်သူအသစ်
ကို တွေ့လို့ ပါးပါးကိုဝဲပစ်လိုက်တယ်ပေါ့လေ "

ငိုမဲ့မဲ့မျက်နှာပေးလေးနှင့်လုပ်ပြောလိုက်တဲ့ သူ့စကား
အဆုံးဝယ် သားမှာလက်ကလေးသေးသေးလေးတွေ
နှင့်ခေါင်းလေးကိုအတင်းအသည်းအသန်ခါရမ်းပြကာ ...

" မဟုတ်ဝူး ပါးပါး မဟုတ်ဝူး ဟူးဟူးလေးက အာ့လို
သဘောနဲ့ပြောတာမဟုတ်ရပါဝူး ဟူးဟူးလေးကဒီနေ့
တစ်ရက်တည်း တီတီလှလှနဲ့ ကျောင်းသွားချင်တာပါ
နောက်နေ့ကျရင် ဟူးဟူးလေးသိပ်သိပ်ချစ်ရတဲ့ပါးပါးနဲ့
ပဲ အရင်လိုကျောင်းအတူတူပြန်သွားမှာပါ ဟူးဟူးလေး
ပါးပါးကို ကတိပေးပါတယ် "

ပါးလှပ်လှပ်နှုတ်ခမ်းလေးကို တထော်ထော်ထော်၍
ပြောပြီး လက်သန်းသေးသေးလေးကို ထောင်ပြပြီး
ကတိပေးနေသော သားရဲ့ လက်သန်းလေးကို သူ့
လက်သန်းနဲ့လှမ်းချိတ်လိုက်ကာ ...

" တကယ် ကတိနော် သား "

" ဟုတ် ပါးပါး ကတိ "

" လာပါဦးပါးပါးဆီ မွှေးမွှေးပေးရအောင် "

ပါးမို့မို့လေးကိုဘတ်ခ်ဟွန်းနှာတံလေးနစ်မြှုပ်သွားသည်
အထိ မြတ်မြတ်နိုးနိုး နမ်းလိုက်တော့ ထွက်ပေါ်လာတဲ့
ချစ်စရာရယ်သံသေးသေးလေးမှာသားဖနှစ်ယောက်သာ
ရှိသော အိပ်ခန်းငယ်လေးထဲဝယ်သာယာစွာပျံ့လွှင့်လို့နေ
လေသည် ။

" ပါးပါး တာ့တာ "

" တာ့တာ သား ကျောင်းမှာသူများတွေနဲ့တည့်အောင်
နေရမယ်နော် "

" ဟုတ်ကဲ့ ပါးပါး "

ဘတ်ခ်ဟွန်းကို တာ့တာလေးပြကာ ဒါယောင်းနှင့်အတူ
ဟူးဟူးလေး ကျောင်းသို့ ထွက်သွားခဲ့ပြီဖြစ်သော်လည်း
ဘတ်ခ်ဟွန်းမှာတော့ အရှေ့ကမောင်းထွက်သွားခဲ့ပြီဖြစ်
သော ဒါယောင်း၏ကားလေးကိုအကြည့်မခွာနိုင်လောက်
အောင် ရပ်ကြည့်နေမိဆဲ ။

ကိုရီးယားလိုတတ်ကျွမ်းပေမယ့် မွေးကင်းစကတည်းက
ဂျပန်မှာပဲကြီးပြင်းလာခဲ့ရတာကြောင့် စကားပြောရာတွင်
ဂျပန်အသံနည်းနည်းဝဲပြီး ထွက်နေတာကြောင့် ကျောင်း
အသစ်တွင်သူ့သားလေးတစ်ယောက် သူငယ်ချင်းတွေနဲ့
အဆင်ပြေ မပြေကိုတွေးပြီးအနည်းငယ်တော့စိုးရိမ်စိတ်
ဖြစ်မိသည် ။

" ဟူးဟူးလေးကိုစိတ်မချဖြစ်နေတာလား ဟွန်းငယ် "

ထွက်ပေါ်လာသော နောက်ကျောဘက်က သူလှည့်
မကြည့်ဘဲအလွတ်ရနေပြီဖြစ်သောစကားသံကြောင့်
ဘတ်ခ်ဟွန်း မျက်နှာပြင်ထက်ရှိ အပြုံးလေးတွေမှာ
ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့သည် ။

" အစောကြီးပဲ ဘာကိစ္စရှိလို့လဲအစ်ကိုချန်းယောလ် "

" ကိုကို "

" ................. "

" အစ်ကိုချန်းယောလ်မဟုတ်ဘူး ကိုကို ဟွန်းငယ် "

" ကျွန်တော်က အစ်ကိုချန်းယောလ်ကို ကိုကိုလို့
ဘာလို့ခေါ်ရမှာလဲ ဘာအကြောင်းပြချက်နဲ့လဲ ?
ဘာပတ်သတ်မှုနဲ့လဲ ? "

အရယ်အပြုံးလုံးဝမရှိတဲ့ အေးစက်စက် မျက်နှာထား
တည်တည်နဲ့ ချန်းယောလ်အား ဘတ်ခ်ဟွန်းအမေး
ပြန်ထုတ်လိုက်သည် ။

သဘောကျရုံ ၊ ကြိုက်ရုံ မဟုတ်ခဲ့သည့် ။ ၎င်းထက်ပိုခဲ့
သောစစ်မှန်တဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းကြီးသိခဲ့
ရလို့ နှလုံးသားကတောင်းတတဲ့ ဘတ်ခ်ဟွန်းအနားကို
ချန်းယောလ် နည်းမျိုးစုံတို့ဖြင့် ပြန်နီးစပ်နိုင်ဖို့ ကြိုးစားခဲ့
သော်လည်း အကြည့်ချင်းဆုံတိုင်း သူ့လိုချင်တဲ့ အဖြေ
အပြင် ။

တစ်ခြားဘာခံစားချက်ဆိုဘာခံစားချက်တို့မှထုတ်ပြခြင်း
မရှိသော ခံစားချက်တို့အလျဉ်းမဲ့နေသော ဘတ်ခ်ဟွန်း
၏မျက်ဝန်းတို့ကြောင့် နှလုံးသားတည့်တည့်သို့ လာထိုး
စိုက်ဘိသော် ဥပေက္ခာပြုမြှားတစ်စင်း ။  နာကျင်မှုမှာ
အသည်းခိုက်ရ ။

" ကိုယ်တရားဝင်ကြော်ငြာတယ်ဟွန်းငယ် "

" .................... "

" ကိုယ်ဟွန်းငယ်နှလုံးသားကိုအရင်လို ပြန်စိုးမိုးနိုင်
အောင် ကိုယ်ပြန်ကြိုးစားပြမယ် ဟွန်းငယ် ကိုယ့်ကို
ပြန်ချစ်ကိုချစ်လာစေရမယ် "

" အချစ်! .. အဟက် .. အစ်ကိုချန်းယောလ်က
ဆယ်ကျော်သက်လား ? "

" ................... "

" စိတ်မကောင်းစရာပဲ အစ်ကိုချန်းယောလ်ပြောတဲ့
အချစ်က ကျွန်တော့်အတွက်တစ်ထောင့်တစ်ညပုံပြင်
နားထောင်ရသလောက်တောင် စိတ်ဝင်စားမှုမရှိဘူး "

" ကိုယ်ဟွန်းငယ်ကို နားလည်တယ် သိတယ် ဟွန်းငယ်
အခုကိုယ့်ကိုမုန်းနေတုန်းပဲမလား မုန်းပါ ဟွန်းငယ်
ကိုယ့်ကိုစိတ်ကြိုက်မုန်းနိုင်တယ် ဟွန်းငယ်သိလား အမုန်း
ဆိုတာအချိန်ကြာလာရင်အချစ်ကိုဖြစ်ပေါ်လာစေတယ်တဲ့ "

" အစ်ကိုချန်းယောလ်က ကျွန်တော့်ကိုသိတယ် ? "

" ................ "

" အဟက် ရယ်စရာပဲ  အစ်ကိုချန်းယောလ်က ကျွန်တော့်
ကိုတကယ်သိလို့လား ? ဘယ်လောက်တောင်သိလို့လဲ ?
ဘာကိုသိလို့ကျွန်တော့်ကိုစိတ်တိုင်းကျလာပြောနေရအောင်
ကျွန်တော်က အစ်ကို့ အပိုင်မလို့လား ? "

" .................. "

" ကျွန်တော့်ကို တစ်စက်ကလေးမှမသိဘဲ သိသလိုလို
မျိုးတွေလာလိမ်ပြီး သရုပ်ဆောင်မပြပါနဲ့လား မြင်ရတာ
မုန်းဖို့ကောင်းလွန်းလို့ "

ခတ်ထန်သော စကား ။ ကျောခိုင်း ထွက်သွားခဲ့သော
ကျောပြင်ငယ်လေး ။ ဇာတ်ကြောင်းမပြောင်းလဲဘူးလို့
ထင်ထားခဲ့တဲ့ပြောင်းလဲသွားတဲ့ ပြဇာတ်လေး ။

တဖြေးဖြေးတိုးလေလေ တဖြေးဖြေးဝေးဝေးသွားတဲ့
နှလုံးသားလေး ။ တိုးတိုးလေးသာကြားရသောလမ်း
ပျောက်နေတဲ့ ရင်ခုန်သံလေး ။ ပြန်စရာ အိမ်လေး
ပျောက်ဆုံးလို့ ။

------------------------------------------

ဖိနပ်ခွာသံလေးသာကြားရသည့်ဆိတ်ငြိမ်လွန်းသော
အရိုးပြာအိုးလေးတွေ များစွာထားရှိသော အဆောက်
အဦးအတွင်း ပန်းစည်းအသေးလေးနှစ်စည်းကို ကိုင်
လျက် ဘတ်ခ်ဟွန်းခြေတစ်လှမ်းချင်း လျှောက်လှမ်း
လာခဲ့ရာ နောက်ဆုံးသူ့အမေနှင့်အဖေအရိုးပြာအိုးတို့
ထားရှိရာနေရာသို့ရောက်သည်နှင့်သူ့ခြေလှမ်းတို့အား
ခြေစုံရပ်၍ ရပ်တန့်လိုက်သည် ။

ထို့နောက် သူ့လက်ထဲက ပန်းစည်းလေးနှစ်စည်းကို
မိဘနှစ်ပါး၏အရိုးပြာအိုးလေးထားရာအကန့်လေး
ထဲသို့ ရှေ့ဆင့်နောက်ဆင့်ထားပေးလိုက်သည် ။

သိသည့်အတိုင်း သူ့အမေ၏အရိုးပြာတို့ကိုသူ့အမေဆန္ဒ
အတိုင်း လေထဲလွှင့်လိုက်ပြီဖြစ်သော်လည်းသူ့အမေနှင့်
သူ့အဖေတို့အားမခွဲထားချင်သောသူ့အတ္တကြောင့် အရိုး
ပြာမရှိတော့သည့်သူ့အမေအရိုးပြာအိုးလေးကိုသူ့အဖေ
၏အရိုးပြာအိုးလေးထားရာ အကန့်၏ဘေးတွင်လွတ်နေ
သော အကန့်လေးကိုငှါး၍ထိုကဲ့သို့သူအတူတူထားထား
ပေးချင်သာဖြစ်သည် ။

" သားလာတယ် မားမားနဲ့ပါးပါး အဆင်ပြေကြရဲ့လား "

တစ်နှစ်တစ်ခေါက်ဘယ်သူမှမသိအောင်အဖေနဲ့အမေ
ကို  လာနှုတ်ဆက်ပြီး သူ့အကြောင်းတွေကို ပြောတတ်
သောဘတ်ခ်ဟွန်းဟာအရင်လိုပါပဲ ။ မပြောင်းလဲသော
သူ့အမေးကို ပြန်ဖြေပေးခြင်းမရှိ ။ အပြုံးတွေဖြင့်သာသူ့
ကို စိုက်ကြည့်နေသလိုလိုခံစားရသောအရိုးပြာအိုးလေး
တွေ၏ အရှေ့တွင်ရှိကြသော သူ့အဖေနှင့်အမေဓာတ်ပုံ
လေးတို့သည် ယခုထိတိုင်ပင်  သူ့အားဝမ်းနည်းစိတ်တို့
လှိုက်တက်စေပြီး အသက်ရှူကြပ်စေနေတုန်း ။

" သားအိမ်ပြန်ရောက်ပြီ မားမားနဲ့ပါးပါး ဒီတစ်ခါတော့
ဘယ်သူမှမသိအောင် သားခဏခိုးပြန်လာရုံ မဟုတ်ဘဲ
အပြီးပြန်လာခဲ့တာ  နောက်ပြီး  ပါးပါးတို့ မားမားတို့ရဲ့
မြေးလေးလည်းပါလာတယ် သားလေးဟူးဟူးက အခု
မူကြိုသွားလို့ နောက်တစ်ခါမှ သားခေါ်လာပြီး မားမား
တို့နဲ့ မိတ်ဆက်ပေးမယ် သားရဲ့သားလေးဟူးဟူးလေး
ကလိမ္မာတယ် သားငယ်ငယ်တုန်းကလို တစ်ပုံစံတည်း
မိဘရဲ့မျက်နှာရိပ်မျက်နှာကဲကို ဖတ်တတ်တဲ့ ဘယ်သူ
နဲ့မှမသက်ဆိုင်တဲ့ သားတစ်ယောက်တည်းရဲ့သားလိမ္မာ
လေးပေါ့ "

အစဉ်အလာမပျက် ။ နှစ်စဉ်အပြုံးမပျက်သော အရိုးပြာ
အိုးလေးတွေအရှေ့က မိဘနှစ်ပါးရဲ့ဓာတ်ပုံလေးတို့ကို
ကြည့်ပြီးသူ့နှင့်သူ့သားလေးအကြောင်းတို့ကိုပြောပြရင်း
ထုံးစံအတိုင်း မိဘနှစ်ပါးအရှေ့တွင် ဖုံးကွယ်ထားသော
မျက်နှာဖုံးတို့ချွတ်ကာပျော့ညံ့မှုတို့ အထင်သားပေါ်လွင်
ကာ အငိုသန်သော ကလေးလေး တစ်ယောက်အလား
ဘတ်ခ်ဟွန်း ငိုမိတုန်း ။

------------------------------------------

" ကဲ ဒီနေ့တော့ ဒီလောက်ပဲ "

အတန်းချိန်ပြည့်လို့သင်လက်စစာကိုရပ်ကာ နှုတ်ဆက်
စကားဆိုသော တက္ကသိုလ်၌စာသင်ပေးသောပါမောက္ခ
ထဲတွင် အငယ်ဆုံးဖြစ်သည့် ပါမောက္ခအိုဆယ်ဟွန်း ။

" မင်္ဂလာပါ ပါမောက္ခအို "

အတန်းပြီးသည်နှင့် လွယ်အိတ်လေးကို ဘေးစောင်း
လွယ်ကာ စတိတ်ပေါ်တွင်ရပ်နေသော ဆယ်ဟွန်းဆီ
သို့ ဘတ်ခ်ဟွန်းလျှောက်သွားကာ အပြုံးလေးတွေဖြင့်
တလေးတစား နှုတ်ဆက် စကားဆိုလိုက်တော့ ...

" အားရီးဂူး ဒါကဘယ်သူပါလိမ့် အပုန်းကောင်းနေတဲ့
ချာတိတ်လေး နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီပေါ့ "

အချိန်တွေသာကုန်လွန်လို့ ။ အသက်နှင့်နေရာ အနေ
အထားတို့သာ ပြောင်းလဲသွားပေမယ့် ။ မပြောင်းလဲ
သေးသော ဆယ်ဟွန်းရဲ့ နောက်ရွှတ်ရွှတ်နဲ့ဆိုလာတဲ့
စကားလေးအဆုံး ဘတ်ခ်ဟွန်း ပြုံးလျက် ...

" အဆင်ပြေတယ်မလား စီနီယာ အယ် .. ပါမောက္ခအို "

နှုတ်ကျိုးနေတဲ့ စီနီယာဆိုတဲ့နာမ်စားလေးကို လွှတ်ခနဲ
နှုတ်ကထွက်မိရာမှပါမောက္ခဆိုသည့်နာမ်စားလေးအား
ဘတ်ခ်ဟွန်းအလျင်အစားပြန်ထိုးခေါ်လိုက်တော့ ဆယ်
ဟွန်း ခေါင်းတခါခါနှင့် ပြုံးရယ်လျက် ...

" အရင်လိုပဲ ခေါ်တတ်သလိုပဲခေါ်ပါ ချာတိတ်ရယ် "

" အဲ့လိုခေါ်နေလို့တော့ဘယ်ဖြစ်မလဲ ပါမောက္ခအိုရဲ့
အခု ပါမောက္ခအိုက အရင်လိုကျွန်တော့် စီနီယာမှမ
ဟုတ်တော့ဘဲ  ကျွန်တော့်ကိုစာသင်ပေးနေတဲ့ပါမော
က္ခဖြစ်နေပြီပဲ အရင်တုန်းက ဘယ်လောက်ပဲခင်မင်ခဲ့
ခင်မင်ခဲ့ လက်ရှိပါမောက္ခဆိုတဲ့ image လေးကို
နည်းနည်းပါးပါး ဂရုစိုက်မှပေါ့ မဟုတ်ဘူးလား "

သူ့အရှေ့တွင် မျက်နှာ emotion အမျိုးမျိုးနှင့်
သူနှင့် စကားအပြန်အလည်ပြောနေသော ချာတိတ်
သည် ။ သူ့ချစ်သူ လုဟန်နှင့် ဒါယောင်းတို့ ပြောပြ
သော အရယ်အပြုံးမရှိ ပြောင်းလဲသွားပြီး ရင့်ကျက်
သွားသော ဘတ်ခ်ဟွန်းဆိုတာ ဆယ်ဟွန်းအတွက်
ယုံချင်စရာတစ်စက်မှမရှိပါ ။

ဘတ်ခ်ဟွန်း သူ့နောက်ကွယ်မှာ ဘယ်သူတွေကို
ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာတော့ ဆယ်ဟွန်း
မသိရပေမယ့် ။

အခု သူ့အရှေ့မှာ မျက်လုံးမှေးမှေးလေးတွေ မှိတ်
သည်အထိ ပြုံးရယ်ရင်းစကားပြောနေသော ဘတ်ခ်
ဟွန်းသည် ။ သူနှင့် ကျောင်းတုန်းက ခင်မင်လာတဲ့
ချာတိတ်လေးအစစ်အမှန်ဖြစ်သည်ဆိုတာသူရဲရဲကြီး
ကို အာမခံပြီး ပြောရဲသည် ။

------------------------------------------

* တီ *

ဖုန်းထဲဝင်လာတဲ့ ဒါယောင်းဆီက စာတစ်စောင်ကြောင့်
မပြီးပျက်သေးတဲ့အလုပ်တို့ကိုခဏပစ်ထားခဲ့ပြီး အပေါ်
အင်္ကျီလေးကိုဆွဲယူကာ ဂျွန် ရုံးခန်းထဲက ပြေးထွက်လာ
ခဲ့သည် ။

စီးနေသော ဓာတ်လှေကားတံခါးပွင့်သည်နှင့် ဓာတ်လှေ
ကား အပြင်ဘက်သို့အတင်းပြေးထွက်ပြီး ကိုယ့်အာရုံနဲ့
ကိုယ် ကုမ္ပဏီအပြင်ဘက်ကိုပြေးထွက်ဖို့ဟန်အပြင် ။

" ဒါကဘယ်လဲ ဂျွန်လေး "

" အမေ့ ! "

ရုတ်တရက် ကုမ္ပဏီအဝင်ဝတွင် သူ့လက်မောင်းကို
လှမ်းဖမ်းဆွဲဆုပ်ကိုင်ကာမေးလာသော သင်တန်းမှ
ပြန်လာသော ဘတ်ခ်ဟွန်းကြောင့် သူခိုးလူမိသလို
ဂျွန်တစ်ယောက် အလန့်ကြီးလန့်သွားခဲ့ရသည် ။

" ဘာဖြစ်တာလဲ ငါ့ကိုတွေ့တာ သရဲတွေ့တာကျလို့
ဒါကဘယ်လဲ အလုပ်ချိန်ကို အလုပ်ထဲမှာမနေဘဲ
ဘယ်ကိုသွားမလို့လဲ ! "

" ဆေး .. ဆေးရုံကို အစ်ကိုလေးဗြောင် "

အကြောင်းအရင်းမရှိ ရုတ်တရက်ကြီး စကားထထစ်တဲ့
ဂျွန်ကို ဘတ်ခ်ဟွန်းမျက်မှောင်ကြုတ်လေးဖြင့်စိုက်ကြည့်
လျက် ...

" ဆေးရုံကို !  ..  ဘာအတွက်လဲ! "

" ဗျာ ! "

" ဆေးရုံကို ဘာကိစ္စအတွက်သွားမှာလဲလို့ ! "

စိတ်မရှည်ကာပိတ်အော်လိုက်တဲ့ အစ်ကိုအရင်းတစ်
ယောက်လိုချစ်ကြောက်ရိုသေရသောဘတ်ခ်ဟွန်းကို
ဂျွန်အတော်ကြောက်သည် ။

သို့သော်လည်း သူ အခုဆေးရုံသွားမယ့် အကြောင်း
အရင်းအမှန်ကိုဘတ်ခ်ဟွန်းကိုသူပြောပြလို့မဖြစ်တာ
ကြောင့် တစ်ခါမှဘတ်ခ်ဟွန်းကိုမလိမ်ညာဖူးခဲ့သော
သူ့အတွက်တော့ ဘတ်ခ်ဟွန်း သိပ်မုန်းသော မုသား
စကားတို့အားပထမဆုံးနှင့်နောက်ဆုံးအကြိမ်သုံးနှုန်း
ပြောဆိုမိခြင်းသာ ဖြစ်သည် ။

" တီတီလေးအတွက် သောက် .. သောက်ဆေးကို
မမဒါယောင်းကလာယူလို့ဖုန်းဆက်ပြောလို့ .. အဲ့
အဲ့ဒါ ကျွန်တော် သွား သွားယူပေးမို့ပါ အစ်ကိုလေး
ဗြောင် "

ထစ်ထစ်အအနှင့်ဆိုနေသော ဂျွန်ရဲ့စကားတို့အား
ဘတ်ခ်ဟွန်းသိပ်ယုံချင်ပုံမပေါက်ပေမယ့် ။

သူ့ကိုတော့ ဂျွန်က လိမ်မယ့်လူတစ်ယောက် မဟုတ်
လောက်ပါဘူးလေလို့တွေးမိပြီးစိတ်ထဲဖြစ်ပေါ်မိသော
သံသယစိတ်တို့အားအလျင်အမြန်ပြန်ဖျောက်ဖျတ်ပစ်
လိုက်လျက် ...

" မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ "

" ဟုတ် ဟုတ်ကဲ့ အစ်ကိုလေးဗြောင် "

" သွားတော့ "

ဘတ်ခ်ဟွန်းဆီမှသွားခွင့်အမိန့်ကျသည်နှင့် ဂျွန်
တစ်ယောက် ဆေးရုံသို့လှစ်ခနှင့်ပင် ပြေးသွားခဲ့
သည် ။

ဆေးရုံအတွင်းသို့ရောက်သည်နှင့် ဒါယောင်းရုံးခန်းဆီ
အပြေးသွားကာ ဒါယောင်း ရုံးခန်းရှေ့သို့ရောက်သည်
နှင့် အခန်းတံခါးကိုနှစ်ချက်ဆင့်ခေါက်ပြီးဝင်သွားလိုက်
တော့ ဒါယောင်းနှင့်အတူ သူတွေ့လိုက်ရသော ...

" အစ်ကိုချန်းယောလ် ! "

" ပြော "

ဆက်စပ်မှုမရှိသော ကြားလိုက်ရသော စကားသံနှင့်
အတူ သူ့မျက်နှာအရှေ့သို့ ကိုင်မြှောက်ပြလာသော
DNA ဆေးစစ်ချက် အဖြေလွှာ ။

ထိုအဖြေအလွှာထဲတွင် တွေ့လိုက်ရသော ပတ်ချန်း
ယောလ်နှင့်ဗြောင်ဘတ်ခ်ဂဟူးတို့နှစ်ဦး၏သွေးသား
တော်စပ်မှု 99.99999% တူညီကြောင်း ပြသနေ
သော အဖြေကြောင့် မျက်ဝန်းတစ်စုံမှာ တဖြေးဖြေး
ကျယ်ပြန့်သွားခဲ့သည် ။

ဒါ့ကြောင့် မနက်ကဟူးဟူးလေးကို ဒါယောင်း
ကျောင်းလိုက်ပို့ခဲ့တာပေါ့ ! ။

အစက " ဟူးဟူးလေးက ချန်းယောလ်ရဲ့သား မဟုတ်
လား "လို့ ဖုန်းနှင့်စာလှမ်းပို့ပြီးမေးလာသော ဒါယောင်း
ကိုအမှန်မဟုတ်ကြောင်းလိမ်ပြောဖို့ ဂျွန် ဆေးရုံကိုပြေး
လာခဲ့သော်လည်း အခုတော့ သူ့အတွေးတို့အားလုံးမှာ
ချန်းယောလ်လက်ထဲက DNA အဖြေလွှာလေးကြောင့်
အချည်းအနှီးဖြစ်ခဲ့ရပြီ ။

DNA အဖြေ စာရွက်နှင့်တကွ လေးလေးနက်နက်
မေးလာသော ချန်းယောလ်ကြောင့်  ဘတ်ခ်ဟွန်းနှင့်
သူ နှစ်ယောက်တည်းသာ  သိထားသော ။ ဘယ်သူ့
ဘယ်သူမှ မသိခဲ့ ၊ မရိပ်မိခဲ့သော တစ်ခုတည်းသော
လျှို့ဝှက်ချက်လေး ။ နောက်ဆုံးတော့ အဓိက ဇာတ်
ဆောင်ဖြစ်သော ချန်းယောလ်သိဖို့ အချိန်တန်ခဲ့ပြီ ။

" မမဒါယောင်းပြောတာဟုတ်တယ် တကယ်တော့
ဟူးဟူးလေးက အစ်ကိုချန်းယောလ်ရဲ့ သားပဲ "

" ဘာ ! "

ဘယ်လောက်ပဲ မုသားခြယ်သပြီး လိမ်ညာ ၊
လိမ်ညာ ။

ဘယ်လောက်ပဲ ဖုံးကွယ်ထား ၊ ဖုံးကွယ်ထား ။

အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်
အမှတ်မထင်ပေါ်လာတတ်သောအရာတည်းပင် ။

" ဘာ မင်းဘာပြောတယ် ဂျွန်လေး ဟူးဟူးလေးက
ငါ့သားဟုတ်လား ? မဖြစ်နိုင်တာ .. ဟူးဟူးလေးက
ငါ့သားပါလို့အခိုင်အမာပြောရအောင်ဟွန်းငယ်နဲ့ငါက
ဘယ်တုန်းက .... "

ပြောရင်း စကားသံတိမ်ဝင်သွားတဲ့ ချန်းယောလ် ။

" ဟုတ်ပါတယ် အစ်ကိုချန်းယောလ် အခုမေးလာသလို
ဟူးဟူးလေးဖြစ်တည်လာပုံအဖြစ်မှန်တွေအားလုံးသိရတဲ့
တစ်နေ့ အစ်ကိုချန်းယောလ်မှမဟုတ်ဘူး မမဒါယောင်းနဲ့
တီလေးတို့အပါအဝင် တစ်ချိန်ချိန်မှာ ကျွန်တော့်ကို မေး
ကောင်းမေးလာကြလိမ့်မယ်လို့ ကျွန်တော်ကြိုတွေးထား
ပြီးသားပါ ဟူးဟူးလေးကို အစ်ကိုလေးဗြောင်က အစ်ကို
ချန်းယောလ်နဲ့ဘယ်လိုလုပ်ရလာတာလဲဆိုတဲ့အကြောင်း
ကို အစ်ကိုချန်းယောလ်က ဘယ်သိမှာလဲ အဲ့လို အစ်ကို
ချန်းယောလ်မသိရအောင်လည်း လုပ်ထားခဲ့တဲ့ တရားခံ
ကလည်း တစ်ခြားသူမဟုတ်ဘူး ကျွန်တော်ကိုယ်တိုင်ပါပဲ "

" စကားကို ငါနားလည်အောင်ပြောပြစမ်း ဂျွန်လေး "

" အစ်ကိုချန်းယောလ် ဒါတော့ မှတ်မိလောက်မှာပါ
ဒေါ်လေးမင်ရီမဆုံးခင်နှစ်ပတ်လောက်က ကျွန်တော်
တို့ အပျော်ခရီးမထွက်ခင် BBQ Party လုပ်ပြီး
တဲ့နောက်နှစ်ရက်အကြာမှာထပ်ဆင့်လုပ်ခဲ့တဲ့အစ်ကို
လေး ဂျုံအင်ရဲ့မွေးနေ့ .. ကျွန်တော်တို့တွေ အားလုံး
အစ်ကိုလေးဗြောင်အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်မွေးနေ့ပွဲ
ကျင်းပပြီး မူးအောင်သောက်ခဲ့ကြတဲ့နေ့ကို "

" အင်း မမမှတ်မိတယ် ဂျွန်လေး အဲ့နေ့ကချန်းယောလ်
က အောက်ထပ်က ဧည့်သည်အိပ်ခန်းထဲမှာ အိပ်ခဲ့တာ
မဟုတ်လား မမတောင် မနက်စာစားဖို့ ဧည့်သည်အခန်း
ထဲက အိပ်ချင်မှုန်ဝါးနဲ့ ထွက်လာတဲ့ သူ့ကျောကိုတစ်ချက်
ရိုက်ပြီးတောင် ပြောလိုက်ပါသေးတယ် "

" တကယ်တော့ အဲ့ဒါကအပြည့်မမှန်ဘူး မမဒါယောင်း "

" ................... "

" အမှန်တော့ အဲ့နေ့က ကျွန်တော်တို့ အားလုံး မူးပြီး
ဧည့်ခန်းထဲမှာပဲ ကိုယ်စီမှောက်သွားခဲ့ကြတယ် အဲ့ဒီ
နောက်  ညနှစ်နာရီထိုးတဲ့အချိန် ကျွန်တော် အမူးပြေ
ပြီးနိုးလာတဲ့အချိန် အစ်ကိုလေးဗြောင်ကို ဧည့်ခန်းထဲ
မှာမတွေ့လို့စိတ်ပူပြီးလိုက်ရှာတော့အစ်ကိုလေးဗြောင်
အခန်းထဲမှာအစ်ကိုချန်းယောလ်နဲ့အတူတွေ့ခဲ့ရတယ်
ပြီးတော့ နှစ်ယောက်စလုံးရဲ့ကိုယ်မှာအဝတ်အစားတွေ
ကပ်မနေကြတော့ဘူး "

တစ်ဖြတ်ဖြတ်ချလိုက်တဲ့ ဂျွန်အပြောစကားကြောင့်
ချန်းယောလ်ရောဒါယောင်းပါမယုံကြည်နိုင်လောက်
အောင် အံ့အားသင့်ခဲ့ရသည် ။

အထူးသဖြင့် ချန်းယောလ် ။  မူးအောင်သောက်ပြီးလို့
နောက်တစ်နေ့မနက်အမူးပြေသည့်အချိန်ဘာဆိုဘာမှ
ကို ပြန်မမှတ်မိဘဲအကုန်မေ့သွားတတ်သော သူရဲ့အ
ကျင့်ဆိုးတွေနှင့် သူ့ကိုယ်သူသာအပြစ်တွေ ပြန်တင်မိ
လေသည် ။

" အဲ့အခါတုန်းက အစ်ကိုလေးဗြောင်က မသောက်တတ်
သေးတဲ့သူမို့မူးမနေပေမယ့် အစ်ကိုချန်းယောလ်ကတော့
အမူးလွန်ပြီးမှောက်အိပ်နေတယ် နောက်ပြီး အစ်ကိုလေး
ဗြောင်ကမမြင်သင့်တဲ့သူနဲ့အစ်ကိုချန်းယောလ်တို့ကိုတွေ့
သွားတဲ့ ကျွန်တော့်ကိုအကူအညီလှမ်းတောင်းတယ် အစ်
ကိုချန်းယောလ်ကို အောက်ထပ်က ဧည့်သည့်အိပ်ခန်းထဲ
ကိုရွေ့ပေးဖို့သူ့ကိုရေချိုးခန်းထဲထည့်ပေးပြီး သူ့အိပ်ရာပေါ်
က မြင်မကောင်းအောင်သွေးတွေနှင့်ညစ်ပေနေတဲ့အိပ်ရာ
ခင်းတွေကိုဘယ်သူမှမမြင်ခင် လွှတ်ပစ်ပြီး အသစ်ပြန်လဲ
ပေးပြီး အဲ့ဒီအကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောပါနဲ့ဆိုပြီး
ကတိတောင်းခဲ့တယ် အဲ့ဒါကြောင့်ကျွန်တော်လည်းအစ်ကို
လေးဗြောင်ကိုပေးထားတဲ့ကတိကိုတည်နိုင်အောင်ကြိုးစား
ပြီး  အဲ့ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပြ
ဘဲ လျှိုဝှက်ထားခဲ့တာ ဒီနေ့အထိပဲဆိုပါတော့ "

သူပြောပြသောရှင်းပြချက်အကြောင်းလေး ဆုံးခန်းတိုင်
သွားခဲ့သော်လည်းတုံ့ပြန်စကားသံလေးတစ်ခွန်းတောင်
ပြန်ထွက်မလာဘဲ အံ့အားသင့်လို့နေဆဲဖြစ်သော ချန်း
ယောလ်ကို ဂျွန်ကြည့်ပြီး သက်ပြင်းခပ်တိုတိုလေးတစ်
ချက်ချကာ ...

" အစ်ကိုချန်းယောလ် မယုံကြည်နိုင်သေးဘူး မဟုတ်
လား ကျွန်တော်လည်းပဲ အစ်ကိုလေးဗြောင်ကိုယ်ဝန်ရှိ
နေပြီလို့ စသိရတဲ့အချိန်ဖြစ်တဲ့ ဒေါ်လေးမင်ရီဈာပနပြီး
တဲ့နေ့မှာ အခုအစ်ကိုချန်းယောလ်လိုပဲ အံ့သြခဲ့ရတယ်
ကျွန်တော်တို့အစ်ကိုလေးဗြောင်ကအစ်ကိုချန်းယောလ်
ကို မုန်းတယ်လို့နှုတ်ကသာပြောပေမယ့် သူ့ဗိုက်ထဲက
အစ်ကိုချန်းယောလ်ရဲ့ရင်သွေးလေးကိုတော့တစ်စုံတစ်
ခုနဲ့မှအထိခိုက်မခံနိုင်လောက်အောင်ကို တန်ဖိုးထားပြီး
ချစ်တာ ကိုယ်ဝန်လရင့်လာလေလေ ဒုက္ခရောက်ရလေ
လေဖြစ်ပေမယ့်စိတ်ဓာတ်တစ်ချက်မပျော့ညံ့ခဲ့ဘူး တစ်
ကြိမ်တစ်ခါလေးတောင်ဝမ်းနည်းစိတ်မဖြစ်ခဲ့ဘူးအစ်ကို
ချန်းယောလ် "

" ................... "

" ဟူးဟူးလေးကိုမွေးပြီး လအတော်ကြာတော် အစ်ကို
လေးဗြောင်ကသူ့ခြေထောက်တွေ အရင်လိုပြန်ကောင်း
လာအောင်လို့ ဆေးကုသမှုကို ခံယူခဲ့တယ် အဲ့ဒီနောက်
မှာလည်း သေမင်းနဲ့ သူနောက်တစ်ကြိမ် ရင်ဆိုင်ဖို့ စိန်
ခေါ်ခဲ့ပြီး ရာခိုင်နှုန်းအချိုးမညီမျှတဲ့ခက်ခဲတဲ့ နှလုံးအစား
ထိုး ခွဲစိတ်ကုသမှုကိုခံယူခဲ့ပြီးနောက်ဆုံးအနိုင်ရခဲ့တယ်
အဲ့ဒါကြောင့်လည်း  အခုလို လူကောင်းတစ်ယောက်လို
ကျန်းကျန်းမာမာနဲ့စိတ်သွားတိုင်းကိုယ်ပါနေနိုင်ခဲ့တာ "

" .................... "

" တကယ်တော့  အစ်ကိုလေးဗြောင်က  အစ်ကိုချန်း
ယောလ်ကိုမုန်းတာမဟုတ်ပါဘူး အစ်ကိုချန်းယောလ်
ကိုဘယ်လိုမှမုန်းလို့မရတဲ့သူ့ကိုယ်သူမုန်းပြီးအဲ့အမုန်း
တွေကို အစ်ကိုချန်းယောလ်ကိုမုန်းတယ်ဆိုတဲ့ ခေါင်း
စဉ်အောက်မှာ သူ့ကိုယ်သူလိမ်ပြီးမြှုပ်ထားပြီးနေနေခဲ့
တာပါ တကယ်တော့အစ်ကိုလေးဗြောင်ကအစ်ကိုချန်း
ယောလ်ကို တစ်နေ့မှမေ့မရခဲ့ဘူး အစ်ကိုချန်းယောလ်
မွေးနေ့ရောက်တိုင်းကိုရီးယားကိုဘယ်သူမှမသိအောင်
တိတ်တိတ်လေးပြန်သွားတတ်ပြီး အစ်ကိုချန်းယောလ်
အတွက် သူကိုယ်တိုင်ရွေးပြီးဝယ်ထားတဲ့မွေးနေ့လက်
ဆောင်လေးတွေကို အစ်ကိုချန်းယောလ်ရဲ့လက်ထဲကို
မရောက်ရောက်အောင်ပို့ပေးနေတတ်တုန်းပဲအခုအစ်ကို
ချန်းယောလ်လက်မှာဝတ်ထားတဲ့ Rolex နာရီလေး
က မနှစ်ကသူကိုယ်တိုင်ကုန်တိုက်မှာနှစ်နာရီကြာတဲ့အ
ထိသွားရွေးပြီးဝယ်ထားတဲ့ အစ်ကိုချန်းယောလ် မွေးနေ့
အတွက် အစ်ကိုလေးဗြောင်ပေးတဲ့ မွေးနေ့လက်ဆောင်
လေးပေါ့ "

နာရီများစွာရှိသည့်အထဲမှ အနှစ်သက်ဆုံးလို့ ပြောရတဲ့
မနှစ်က သူ့မွေးနေ့တွင် ပေးပို့သူအမည်မပါဘဲ လက်ခံ
ရလိုက်တဲ့ အခုသူ့လက်တွင် ဝတ်ထားသော Rolex
နာရီလေးကို ချန်းယောလ်ဆွေးတမြေ့မြေ့လေးသာငေး
ကြည့်မိသည် ။

- ကိုယ် အခု ကိုယ်အချစ်တွေ အားလုံးကို
မင်းဆီမှာပဲပျော်ဝင်နေချင်ပြီ ပတ်ဟွန်းငယ် -

------------------------------------------

ဆက်ရန် ...

19.2.2020
REN JO JO

------------------------------------------

" ပါးပါး "

" ဗ်ာဗ် "

ေက်ာင္းအကၤ်ီလဲေပးေနသည့္ ဘတ္ခ္ဟြန္းပါးျပင္ေလး
ႏွစ္ဖက္ကို လက္ကေလးေသးေသးေလးေတြျဖင့္ အုပ္
မိုးကိုင္ၿပီး ေခၚလာေသာသားအား ဘတ္ခ္ဟြန္း အၿပဳံး
ေလးေတြႏွင့္သာ ျပန္ထူးလိုက္ေလသည္ ။

" ညကအိပ္မေပ်ာ္ဝူးယား ဟင္ ဟူးဟူးေလး ပါးပါးကို
ၾကည့္ရတာ မ်က္ႏွာကသိပ္မလန္းသလိုပဲ "

" မဟုတ္ပါဘူးသားရဲ႕ ပါးပါးအိပ္ေပ်ာ္ပါတယ္ "

အၿပဳံးေတြႏွင့္ ဘတ္ခ္ဟြန္း မုသားေတြသာဆိုလိုက္
မိသည္ ။ အမွန္တိုင္းေျပာရရင္ သူ ညကတစ္ညလုံး
ေကာင္းေကာင္း အိပ္မေပ်ာ္ခဲ့ပါ ။

သူ႕ကို ဂ်ဳံအင္ေျပာခဲ့ေသာဘယ္ေလာက္ပဲဖုံးကြယ္ထား
ဖုံးကြယ္ထားပါေစ ။ တစ္ခ်ိန္ခ်ိန္မွာ အမွန္တရားေတြ
အားလုံးက မေပၚခ်င္ဘဲေပၚသြားခဲ့မွာကို သူေတြးပူၿပီး
စိုးရိမ္စိတ္တို႔ျဖစ္မိသည္ ။

ဒါ့အျပင္ သူ႕သားကိုသူ႕အနားက ခြဲထုတ္သြားမွာကို
လည္း သူေတြးေၾကာက္မိသည္ ။

" ........... သိလား ပါးပါး . . ပါးပါးလို႔ "

အမွတ္မထင္ အေတြးပင္လယ္ထဲ ႐ြက္လႊင့္မိျပန္ေတာ့
သူ႕လက္ေမာင္းကိုလႈပ္ခါၿပီးေခၚေနေသာ သားရဲ႕ေခၚသံ
ေလးေၾကာင့္ သူ႕အေတြးတို႔ ရပ္တန႔္သြားခဲ့သည္ ။

" ဟင္ သားပါးပါးကိုဘာေျပာလိုက္တာလဲ
ပါးပါးမၾကားလိုက္လို႔ "

" ဟူးဟူးေလးကို ဒီေန႕တီတီလွလွကေက်ာင္းအသစ္ကို
လိုက္ပို႔ေပးမယ္တဲ့ "

" တီတီလွလွ ? ဘယ္ကတီတီလွလွလဲ သားရဲ႕ "

" ဟင္ ပါးပါးမသိျပန္ဝူးယား ဖြားေလးနဲ႕ညတုန္းက
အတူလာအိပ္ေပးတဲ့ တီတီလွလွေလ "

ဟူးဟူးေလးစကားေၾကာင့္ ေတြးမိေတြးရာေတြးမိေတာ့
အေတြးထဲဘြားခနဲေပၚလာေသာသူ႕တီေလးႏွင့္အတူည
က အေဖာ္လာအိပ္ေပးတဲ့ ဒါေယာင္းကိုျမင္ေယာင္မိၿပီး
ဘတ္ခ္ဟြန္း ဟက္ခနဲအသံထြက္၍ရယ္လိုက္မိသည္ ။

သူ႕သားေျပာတဲ့ တီတီလွလွက သူ႕ရဲ႕ မမဒါေယာင္းကို
ရည္ၫႊန္းတာတဲ့လား  ။  ခ်က္ခ်င္းကို ဒါေယာင္းတို႔ကို
နာမည္ေတြကိုယ္စီလိုက္ေပးၿပီးမွတ္ထားတဲ့ သိပ္လည္
ၿပီး သိပ္ကိုစကားႂကြယ္လြန္းေသာသားကို ဘတ္ခ္ဟြန္း
တစ္ေန႕တစ္ျခား အခ်စ္တိုးရတယ္လို႔ေျပာရင္ပိုရာမက်
ေပ ။

" ဒါဆို သားကပါးပါးနဲ႕အရင္ကလိုေက်ာင္းကိုအတူတူ
မသြားေတာ့ဘူးေပါ့ ေက်ာင္းလိုက္ပို႔ေပးမယ့္သူအသစ္
ကို ေတြ႕လို႔ ပါးပါးကိုဝဲပစ္လိုက္တယ္ေပါ့ေလ "

ငိုမဲ့မဲ့မ်က္ႏွာေပးေလးႏွင့္လုပ္ေျပာလိုက္တဲ့ သူ႕စကား
အဆုံးဝယ္ သားမွာလက္ကေလးေသးေသးေလးေတြ
ႏွင့္ေခါင္းေလးကိုအတင္းအသည္းအသန္ခါရမ္းျပကာ ...

" မဟုတ္ဝူး ပါးပါး မဟုတ္ဝူး ဟူးဟူးေလးက အာ့လို
သေဘာနဲ႕ေျပာတာမဟုတ္ရပါဝူး ဟူးဟူးေလးကဒီေန႕
တစ္ရက္တည္း တီတီလွလွနဲ႕ ေက်ာင္းသြားခ်င္တာပါ
ေနာက္ေန႕က်ရင္ ဟူးဟူးေလးသိပ္သိပ္ခ်စ္ရတဲ့ပါးပါးနဲ႕
ပဲ အရင္လိုေက်ာင္းအတူတူျပန္သြားမွာပါ ဟူးဟူးေလး
ပါးပါးကို ကတိေပးပါတယ္ "

ပါးလွပ္လွပ္ႏႈတ္ခမ္းေလးကို တေထာ္ေထာ္ေထာ္၍
ေျပာၿပီး လက္သန္းေသးေသးေလးကို ေထာင္ျပၿပီး
ကတိေပးေနေသာ သားရဲ႕ လက္သန္းေလးကို သူ႕
လက္သန္းနဲ႕လွမ္းခ်ိတ္လိုက္ကာ ...

" တကယ္ ကတိေနာ္ သား "

" ဟုတ္ ပါးပါး ကတိ "

" လာပါဦးပါးပါးဆီ ေမႊးေမႊးေပးရေအာင္ "

ပါးမို႔မို႔ေလးကိုဘတ္ခ္ဟြန္းႏွာတံေလးနစ္ျမႇုပ္သြားသည္
အထိ ျမတ္ျမတ္နိုးနိုး နမ္းလိုက္ေတာ့ ထြက္ေပၚလာတဲ့
ခ်စ္စရာရယ္သံေသးေသးေလးမွာသားဖႏွစ္ေယာက္သာ
ရွိေသာ အိပ္ခန္းငယ္ေလးထဲဝယ္သာယာစြာပ်ံ့လႊင့္လို႔ေန
ေလသည္ ။

" ပါးပါး တာ့တာ "

" တာ့တာ သား ေက်ာင္းမွာသူမ်ားေတြနဲ႕တည့္ေအာင္
ေနရမယ္ေနာ္ "

" ဟုတ္ကဲ့ ပါးပါး "

ဘတ္ခ္ဟြန္းကို တာ့တာေလးျပကာ ဒါေယာင္းႏွင့္အတူ
ဟူးဟူးေလး ေက်ာင္းသို႔ ထြက္သြားခဲ့ၿပီျဖစ္ေသာ္လည္း
ဘတ္ခ္ဟြန္းမွာေတာ့ အေရွ႕ကေမာင္းထြက္သြားခဲ့ၿပီျဖစ္
ေသာ ဒါေယာင္း၏ကားေလးကိုအၾကည့္မခြာနိုင္ေလာက္
ေအာင္ ရပ္ၾကည့္ေနမိဆဲ ။

ကိုရီးယားလိုတတ္ကြၽမ္းေပမယ့္ ေမြးကင္းစကတည္းက
ဂ်ပန္မွာပဲႀကီးျပင္းလာခဲ့ရတာေၾကာင့္ စကားေျပာရာတြင္
ဂ်ပန္အသံနည္းနည္းဝဲၿပီး ထြက္ေနတာေၾကာင့္ ေက်ာင္း
အသစ္တြင္သူ႕သားေလးတစ္ေယာက္ သူငယ္ခ်င္းေတြနဲ႕
အဆင္ေျပ မေျပကိုေတြးၿပီးအနည္းငယ္ေတာ့စိုးရိမ္စိတ္
ျဖစ္မိသည္ ။

" ဟူးဟူးေလးကိုစိတ္မခ်ျဖစ္ေနတာလား ဟြန္းငယ္ "

ထြက္ေပၚလာေသာ ေနာက္ေက်ာဘက္က သူလွည့္
မၾကည့္ဘဲအလြတ္ရေနၿပီျဖစ္ေသာစကားသံေၾကာင့္
ဘတ္ခ္ဟြန္း မ်က္ႏွာျပင္ထက္ရွိ အၿပဳံးေလးေတြမွာ
႐ုတ္ခ်ည္းပင္ ေပ်ာက္ကြယ္သြားခဲ့သည္ ။

" အေစာႀကီးပဲ ဘာကိစၥရွိလို႔လဲအစ္ကိုခ်န္းေယာလ္ "

" ကိုကို "

" ................. "

" အစ္ကိုခ်န္းေယာလ္မဟုတ္ဘူး ကိုကို ဟြန္းငယ္ "

" ကြၽန္ေတာ္က အစ္ကိုခ်န္းေယာလ္ကို ကိုကိုလို႔
ဘာလို႔ေခၚရမွာလဲ ဘာအေၾကာင္းျပခ်က္နဲ႕လဲ ?
ဘာပတ္သတ္မႈနဲ႕လဲ ? "

အရယ္အၿပဳံးလုံးဝမရွိတဲ့ ေအးစက္စက္ မ်က္ႏွာထား
တည္တည္နဲ႕ ခ်န္းေယာလ္အား ဘတ္ခ္ဟြန္းအေမး
ျပန္ထုတ္လိုက္သည္ ။

သေဘာက်႐ုံ ၊ ႀကိဳက္႐ုံ မဟုတ္ခဲ့သည့္ ။ ၎ထက္ပိုခဲ့
ေသာစစ္မွန္တဲ့ခံစားခ်က္ကိုရွင္းရွင္းလင္းလင္းႀကီးသိခဲ့
ရလို႔ ႏွလုံးသားကေတာင္းတတဲ့ ဘတ္ခ္ဟြန္းအနားကို
ခ်န္းေယာလ္ နည္းမ်ိဳးစုံတို႔ျဖင့္ ျပန္နီးစပ္နိုင္ဖို႔ ႀကိဳးစားခဲ့
ေသာ္လည္း အၾကည့္ခ်င္းဆုံတိုင္း သူ႕လိုခ်င္တဲ့ အေျဖ
အျပင္ ။

တစ္ျခားဘာခံစားခ်က္ဆိုဘာခံစားခ်က္တို႔မွထုတ္ျပျခင္း
မရွိေသာ ခံစားခ်က္တို႔အလ်ဥ္းမဲ့ေနေသာ ဘတ္ခ္ဟြန္း
၏မ်က္ဝန္းတို႔ေၾကာင့္ ႏွလုံးသားတည့္တည့္သို႔ လာထိုး
စိုက္ဘိေသာ္ ဥေပကၡာျပဳျမႇားတစ္စင္း ။  နာက်င္မႈမွာ
အသည္းခိုက္ရ ။

" ကိုယ္တရားဝင္ေၾကာ္ျငာတယ္ဟြန္းငယ္ "

" .................... "

" ကိုယ္ဟြန္းငယ္ႏွလုံးသားကိုအရင္လို ျပန္စိုးမိုးနိုင္
ေအာင္ ကိုယ္ျပန္ႀကိဳးစားျပမယ္ ဟြန္းငယ္ ကိုယ့္ကို
ျပန္ခ်စ္ကိုခ်စ္လာေစရမယ္ "

" အခ်စ္! .. အဟက္ .. အစ္ကိုခ်န္းေယာလ္က
ဆယ္ေက်ာ္သက္လား ? "

" ................... "

" စိတ္မေကာင္းစရာပဲ အစ္ကိုခ်န္းေယာလ္ေျပာတဲ့
အခ်စ္က ကြၽန္ေတာ့္အတြက္တစ္ေထာင့္တစ္ညပုံျပင္
နားေထာင္ရသေလာက္ေတာင္ စိတ္ဝင္စားမႈမရွိဘူး "

" ကိုယ္ဟြန္းငယ္ကို နားလည္တယ္ သိတယ္ ဟြန္းငယ္
အခုကိုယ့္ကိုမုန္းေနတုန္းပဲမလား မုန္းပါ ဟြန္းငယ္
ကိုယ့္ကိုစိတ္ႀကိဳက္မုန္းနိုင္တယ္ ဟြန္းငယ္သိလား အမုန္း
ဆိုတာအခ်ိန္ၾကာလာရင္အခ်စ္ကိုျဖစ္ေပၚလာေစတယ္တဲ့ "

" အစ္ကိုခ်န္းေယာလ္က ကြၽန္ေတာ့္ကိုသိတယ္ ? "

" ................ "

" အဟက္ ရယ္စရာပဲ  အစ္ကိုခ်န္းေယာလ္က ကြၽန္ေတာ့္
ကိုတကယ္သိလို႔လား ? ဘယ္ေလာက္ေတာင္သိလို႔လဲ ?
ဘာကိုသိလို႔ကြၽန္ေတာ့္ကိုစိတ္တိုင္းက်လာေျပာေနရေအာင္
ကြၽန္ေတာ္က အစ္ကို႔ အပိုင္မလို႔လား ? "

" .................. "

" ကြၽန္ေတာ့္ကို တစ္စက္ကေလးမွမသိဘဲ သိသလိုလို
မ်ိဳးေတြလာလိမ္ၿပီး သ႐ုပ္ေဆာင္မျပပါနဲ႕လား ျမင္ရတာ
မုန္းဖို႔ေကာင္းလြန္းလို႔ "

ခတ္ထန္ေသာ စကား ။ ေက်ာခိုင္း ထြက္သြားခဲ့ေသာ
ေက်ာျပင္ငယ္ေလး ။ ဇာတ္ေၾကာင္းမေျပာင္းလဲဘူးလို႔
ထင္ထားခဲ့တဲ့ေျပာင္းလဲသြားတဲ့ ျပဇာတ္ေလး ။

တေျဖးေျဖးတိုးေလေလ တေျဖးေျဖးေဝးေဝးသြားတဲ့
ႏွလုံးသားေလး ။ တိုးတိုးေလးသာၾကားရေသာလမ္း
ေပ်ာက္ေနတဲ့ ရင္ခုန္သံေလး ။ ျပန္စရာ အိမ္ေလး
ေပ်ာက္ဆုံးလို႔ ။

------------------------------------------

ဖိနပ္ခြာသံေလးသာၾကားရသည့္ဆိတ္ၿငိမ္လြန္းေသာ
အရိုးျပာအိုးေလးေတြ မ်ားစြာထားရွိေသာ အေဆာက္
အဦးအတြင္း ပန္းစည္းအေသးေလးႏွစ္စည္းကို ကိုင္
လ်က္ ဘတ္ခ္ဟြန္းေျခတစ္လွမ္းခ်င္း ေလွ်ာက္လွမ္း
လာခဲ့ရာ ေနာက္ဆုံးသူ႕အေမႏွင့္အေဖအရိုးျပာအိုးတို႔
ထားရွိရာေနရာသို႔ေရာက္သည္ႏွင့္သူ႕ေျခလွမ္းတို႔အား
ေျခစုံရပ္၍ ရပ္တန႔္လိုက္သည္ ။

ထို႔ေနာက္ သူ႕လက္ထဲက ပန္းစည္းေလးႏွစ္စည္းကို
မိဘႏွစ္ပါး၏အရိုးျပာအိုးေလးထားရာအကန႔္ေလး
ထဲသို႔ ေရွ႕ဆင့္ေနာက္ဆင့္ထားေပးလိုက္သည္ ။

သိသည့္အတိုင္း သူ႕အေမ၏အရိုးျပာတို႔ကိုသူ႕အေမဆႏၵ
အတိုင္း ေလထဲလႊင့္လိုက္ၿပီျဖစ္ေသာ္လည္းသူ႕အေမႏွင့္
သူ႕အေဖတို႔အားမခြဲထားခ်င္ေသာသူ႕အတၱေၾကာင့္ အရိုး
ျပာမရွိေတာ့သည့္သူ႕အေမအရိုးျပာအိုးေလးကိုသူ႕အေဖ
၏အရိုးျပာအိုးေလးထားရာ အကန႔္၏ေဘးတြင္လြတ္ေန
ေသာ အကန႔္ေလးကိုငွါး၍ထိုကဲ့သို႔သူအတူတူထားထား
ေပးခ်င္သာျဖစ္သည္ ။

" သားလာတယ္ မားမားနဲ႕ပါးပါး အဆင္ေျပၾကရဲ႕လား "

တစ္ႏွစ္တစ္ေခါက္ဘယ္သူမွမသိေအာင္အေဖနဲ႕အေမ
ကို  လာႏႈတ္ဆက္ၿပီး သူ႕အေၾကာင္းေတြကို ေျပာတတ္
ေသာဘတ္ခ္ဟြန္းဟာအရင္လိုပါပဲ ။ မေျပာင္းလဲေသာ
သူ႕အေမးကို ျပန္ေျဖေပးျခင္းမရွိ ။ အၿပဳံးေတြျဖင့္သာသူ႕
ကို စိုက္ၾကည့္ေနသလိုလိုခံစားရေသာအရိုးျပာအိုးေလး
ေတြ၏ အေရွ႕တြင္ရွိၾကေသာ သူ႕အေဖႏွင့္အေမဓာတ္ပုံ
ေလးတို႔သည္ ယခုထိတိုင္ပင္  သူ႕အားဝမ္းနည္းစိတ္တို႔
လွိုက္တက္ေစၿပီး အသက္ရႉၾကပ္ေစေနတုန္း ။

" သားအိမ္ျပန္ေရာက္ၿပီ မားမားနဲ႕ပါးပါး ဒီတစ္ခါေတာ့
ဘယ္သူမွမသိေအာင္ သားခဏခိုးျပန္လာ႐ုံ မဟုတ္ဘဲ
အၿပီးျပန္လာခဲ့တာ  ေနာက္ၿပီး  ပါးပါးတို႔ မားမားတို႔ရဲ႕
ေျမးေလးလည္းပါလာတယ္ သားေလးဟူးဟူးက အခု
မူႀကိဳသြားလို႔ ေနာက္တစ္ခါမွ သားေခၚလာၿပီး မားမား
တို႔နဲ႕ မိတ္ဆက္ေပးမယ္ သားရဲ႕သားေလးဟူးဟူးေလး
ကလိမၼာတယ္ သားငယ္ငယ္တုန္းကလို တစ္ပုံစံတည္း
မိဘရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကို ဖတ္တတ္တဲ့ ဘယ္သူ
နဲ႕မွမသက္ဆိုင္တဲ့ သားတစ္ေယာက္တည္းရဲ႕သားလိမၼာ
ေလးေပါ့ "

အစဥ္အလာမပ်က္ ။ ႏွစ္စဥ္အၿပဳံးမပ်က္ေသာ အရိုးျပာ
အိုးေလးေတြအေရွ႕က မိဘႏွစ္ပါးရဲ႕ဓာတ္ပုံေလးတို႔ကို
ၾကည့္ၿပီးသူ႕ႏွင့္သူ႕သားေလးအေၾကာင္းတို႔ကိုေျပာျပရင္း
ထုံးစံအတိုင္း မိဘႏွစ္ပါးအေရွ႕တြင္ ဖုံးကြယ္ထားေသာ
မ်က္ႏွာဖုံးတို႔ခြၽတ္ကာေပ်ာ့ညံ့မႈတို႔ အထင္သားေပၚလြင္
ကာ အငိုသန္ေသာ ကေလးေလး တစ္ေယာက္အလား
ဘတ္ခ္ဟြန္း ငိုမိတုန္း ။

------------------------------------------

" ကဲ ဒီေန႕ေတာ့ ဒီေလာက္ပဲ "

အတန္းခ်ိန္ျပည့္လို႔သင္လက္စစာကိုရပ္ကာ ႏႈတ္ဆက္
စကားဆိုေသာ တကၠသိုလ္၌စာသင္ေပးေသာပါေမာကၡ
ထဲတြင္ အငယ္ဆုံးျဖစ္သည့္ ပါေမာကၡအိုဆယ္ဟြန္း ။

" မဂၤလာပါ ပါေမာကၡအို "

အတန္းၿပီးသည္ႏွင့္ လြယ္အိတ္ေလးကို ေဘးေစာင္း
လြယ္ကာ စတိတ္ေပၚတြင္ရပ္ေနေသာ ဆယ္ဟြန္းဆီ
သို႔ ဘတ္ခ္ဟြန္းေလွ်ာက္သြားကာ အၿပဳံးေလးေတြျဖင့္
တေလးတစား ႏႈတ္ဆက္ စကားဆိုလိုက္ေတာ့ ...

" အားရီးဂူး ဒါကဘယ္သူပါလိမ့္ အပုန္းေကာင္းေနတဲ့
ခ်ာတိတ္ေလး ေနာက္ဆုံးေတာ့ အိမ္ျပန္ေရာက္ၿပီေပါ့ "

အခ်ိန္ေတြသာကုန္လြန္လို႔ ။ အသက္ႏွင့္ေနရာ အေန
အထားတို႔သာ ေျပာင္းလဲသြားေပမယ့္ ။ မေျပာင္းလဲ
ေသးေသာ ဆယ္ဟြန္းရဲ႕ ေနာက္႐ႊတ္႐ႊတ္နဲ႕ဆိုလာတဲ့
စကားေလးအဆုံး ဘတ္ခ္ဟြန္း ၿပဳံးလ်က္ ...

" အဆင္ေျပတယ္မလား စီနီယာ အယ္ .. ပါေမာကၡအို "

ႏႈတ္က်ိဳးေနတဲ့ စီနီယာဆိုတဲ့နာမ္စားေလးကို လႊတ္ခနဲ
ႏႈတ္ကထြက္မိရာမွပါေမာကၡဆိုသည့္နာမ္စားေလးအား
ဘတ္ခ္ဟြန္းအလ်င္အစားျပန္ထိုးေခၚလိုက္ေတာ့ ဆယ္
ဟြန္း ေခါင္းတခါခါႏွင့္ ၿပဳံးရယ္လ်က္ ...

" အရင္လိုပဲ ေခၚတတ္သလိုပဲေခၚပါ ခ်ာတိတ္ရယ္ "

" အဲ့လိုေခၚေနလို႔ေတာ့ဘယ္ျဖစ္မလဲ ပါေမာကၡအိုရဲ႕
အခု ပါေမာကၡအိုက အရင္လိုကြၽန္ေတာ့္ စီနီယာမွမ
ဟုတ္ေတာ့ဘဲ  ကြၽန္ေတာ့္ကိုစာသင္ေပးေနတဲ့ပါေမာ
ကၡျဖစ္ေနၿပီပဲ အရင္တုန္းက ဘယ္ေလာက္ပဲခင္မင္ခဲ့
ခင္မင္ခဲ့ လက္ရွိပါေမာကၡဆိုတဲ့ image ေလးကို
နည္းနည္းပါးပါး ဂ႐ုစိုက္မွေပါ့ မဟုတ္ဘူးလား "

သူ႕အေရွ႕တြင္ မ်က္ႏွာ emotion အမ်ိဳးမ်ိဳးႏွင့္
သူႏွင့္ စကားအျပန္အလည္ေျပာေနေသာ ခ်ာတိတ္
သည္ ။ သူ႕ခ်စ္သူ လုဟန္ႏွင့္ ဒါေယာင္းတို႔ ေျပာျပ
ေသာ အရယ္အၿပဳံးမရွိ ေျပာင္းလဲသြားၿပီး ရင့္က်က္
သြားေသာ ဘတ္ခ္ဟြန္းဆိုတာ ဆယ္ဟြန္းအတြက္
ယုံခ်င္စရာတစ္စက္မွမရွိပါ ။

ဘတ္ခ္ဟြန္း သူ႕ေနာက္ကြယ္မွာ ဘယ္သူေတြကို
ဘယ္လိုဆက္ဆံခဲ့သလဲဆိုတာေတာ့ ဆယ္ဟြန္း
မသိရေပမယ့္ ။

အခု သူ႕အေရွ႕မွာ မ်က္လုံးေမွးေမွးေလးေတြ မွိတ္
သည္အထိ ၿပဳံးရယ္ရင္းစကားေျပာေနေသာ ဘတ္ခ္
ဟြန္းသည္ ။ သူႏွင့္ ေက်ာင္းတုန္းက ခင္မင္လာတဲ့
ခ်ာတိတ္ေလးအစစ္အမွန္ျဖစ္သည္ဆိုတာသူရဲရဲႀကီး
ကို အာမခံၿပီး ေျပာရဲသည္ ။

------------------------------------------

* တီ *

ဖုန္းထဲဝင္လာတဲ့ ဒါေယာင္းဆီက စာတစ္ေစာင္ေၾကာင့္
မၿပီးပ်က္ေသးတဲ့အလုပ္တို႔ကိုခဏပစ္ထားခဲ့ၿပီး အေပၚ
အကၤ်ီေလးကိုဆြဲယူကာ ဂြၽန္ ႐ုံးခန္းထဲက ေျပးထြက္လာ
ခဲ့သည္ ။

စီးေနေသာ ဓာတ္ေလွကားတံခါးပြင့္သည္ႏွင့္ ဓာတ္ေလွ
ကား အျပင္ဘက္သို႔အတင္းေျပးထြက္ၿပီး ကိုယ့္အာ႐ုံနဲ႕
ကိုယ္ ကုမၸဏီအျပင္ဘက္ကိုေျပးထြက္ဖို႔ဟန္အျပင္ ။

" ဒါကဘယ္လဲ ဂြၽန္ေလး "

" အေမ့ ! "

႐ုတ္တရက္ ကုမၸဏီအဝင္ဝတြင္ သူ႕လက္ေမာင္းကို
လွမ္းဖမ္းဆြဲဆုပ္ကိုင္ကာေမးလာေသာ သင္တန္းမွ
ျပန္လာေသာ ဘတ္ခ္ဟြန္းေၾကာင့္ သူခိုးလူမိသလို
ဂြၽန္တစ္ေယာက္ အလန႔္ႀကီးလန႔္သြားခဲ့ရသည္ ။

" ဘာျဖစ္တာလဲ ငါ့ကိုေတြ႕တာ သရဲေတြ႕တာက်လိဳ႕
ဒါကဘယ္လဲ အလုပ္ခ်ိန္ကို အလုပ္ထဲမွာမေနဘဲ
ဘယ္ကိုသြားမလို႔လဲ ! "

" ေဆး .. ေဆး႐ုံကို အစ္ကိုေလးေျဗာင္ "

အေၾကာင္းအရင္းမရွိ ႐ုတ္တရက္ႀကီး စကားထထစ္တဲ့
ဂြၽန္ကို ဘတ္ခ္ဟြန္းမ်က္ေမွာင္ၾကဳတ္ေလးျဖင့္စိုက္ၾကည့္
လ်က္ ...

" ေဆး႐ုံကို !  ..  ဘာအတြက္လဲ! "

" ဗ်ာ ! "

" ေဆး႐ုံကို ဘာကိစၥအတြက္သြားမွာလဲလို႔ ! "

စိတ္မရွည္ကာပိတ္ေအာ္လိုက္တဲ့ အစ္ကိုအရင္းတစ္
ေယာက္လိုခ်စ္ေၾကာက္ရိုေသရေသာဘတ္ခ္ဟြန္းကို
ဂြၽန္အေတာ္ေၾကာက္သည္ ။

သို႔ေသာ္လည္း သူ အခုေဆး႐ုံသြားမယ့္ အေၾကာင္း
အရင္းအမွန္ကိုဘတ္ခ္ဟြန္းကိုသူေျပာျပလို႔မျဖစ္တာ
ေၾကာင့္ တစ္ခါမွဘတ္ခ္ဟြန္းကိုမလိမ္ညာဖူးခဲ့ေသာ
သူ႕အတြက္ေတာ့ ဘတ္ခ္ဟြန္း သိပ္မုန္းေသာ မုသား
စကားတို႔အားပထမဆုံးႏွင့္ေနာက္ဆုံးအႀကိမ္သုံးႏႈန္း
ေျပာဆိုမိျခင္းသာ ျဖစ္သည္ ။

" တီတီေလးအတြက္ ေသာက္ .. ေသာက္ေဆးကို
မမဒါေယာင္းကလာယူလို႔ဖုန္းဆက္ေျပာလို႔ .. အဲ့
အဲ့ဒါ ကြၽန္ေတာ္ သြား သြားယူေပးမို႔ပါ အစ္ကိုေလး
ေျဗာင္ "

ထစ္ထစ္အအႏွင့္ဆိုေနေသာ ဂြၽန္ရဲ႕စကားတို႔အား
ဘတ္ခ္ဟြန္းသိပ္ယုံခ်င္ပုံမေပါက္ေပမယ့္ ။

သူ႕ကိုေတာ့ ဂြၽန္က လိမ္မယ့္လူတစ္ေယာက္ မဟုတ္
ေလာက္ပါဘူးေလလို႔ေတြးမိၿပီးစိတ္ထဲျဖစ္ေပၚမိေသာ
သံသယစိတ္တို႔အားအလ်င္အျမန္ျပန္ေဖ်ာက္ဖ်တ္ပစ္
လိုက္လ်က္ ...

" ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာခဲ့ "

" ဟုတ္ ဟုတ္ကဲ့ အစ္ကိုေလးေျဗာင္ "

" သြားေတာ့ "

ဘတ္ခ္ဟြန္းဆီမွသြားခြင့္အမိန႔္က်သည္ႏွင့္ ဂြၽန္
တစ္ေယာက္ ေဆး႐ုံသို႔လွစ္ခႏွင့္ပင္ ေျပးသြားခဲ့
သည္ ။

ေဆး႐ုံအတြင္းသို႔ေရာက္သည္ႏွင့္ ဒါေယာင္း႐ုံးခန္းဆီ
အေျပးသြားကာ ဒါေယာင္း ႐ုံးခန္းေရွ႕သို႔ေရာက္သည္
ႏွင့္ အခန္းတံခါးကိုႏွစ္ခ်က္ဆင့္ေခါက္ၿပီးဝင္သြားလိုက္
ေတာ့ ဒါေယာင္းႏွင့္အတူ သူေတြ႕လိုက္ရေသာ ...

" အစ္ကိုခ်န္းေယာလ္ ! "

" ေျပာ "

ဆက္စပ္မႈမရွိေသာ ၾကားလိုက္ရေသာ စကားသံႏွင့္
အတူ သူ႕မ်က္ႏွာအေရွ႕သို႔ ကိုင္ျမႇောက္ျပလာေသာ
DNA ေဆးစစ္ခ်က္ အေျဖလႊာ ။

ထိုအေျဖအလႊာထဲတြင္ ေတြ႕လိုက္ရေသာ ပတ္ခ်န္း
ေယာလ္ႏွင့္ေျဗာင္ဘတ္ခ္ဂဟူးတို႔ႏွစ္ဦး၏ေသြးသား
ေတာ္စပ္မႈ 99.99999% တူညီေၾကာင္း ျပသေန
ေသာ အေျဖေၾကာင့္ မ်က္ဝန္းတစ္စုံမွာ တေျဖးေျဖး
က်ယ္ျပန႔္သြားခဲ့သည္ ။

ဒါ့ေၾကာင့္ မနက္ကဟူးဟူးေလးကို ဒါေယာင္း
ေက်ာင္းလိုက္ပို႔ခဲ့တာေပါ့ ! ။

အစက " ဟူးဟူးေလးက ခ်န္းေယာလ္ရဲ႕သား မဟုတ္
လား "လို႔ ဖုန္းႏွင့္စာလွမ္းပို႔ၿပီးေမးလာေသာ ဒါေယာင္း
ကိုအမွန္မဟုတ္ေၾကာင္းလိမ္ေျပာဖို႔ ဂြၽန္ ေဆး႐ုံကိုေျပး
လာခဲ့ေသာ္လည္း အခုေတာ့ သူ႕အေတြးတို႔အားလုံးမွာ
ခ်န္းေယာလ္လက္ထဲက DNA အေျဖလႊာေလးေၾကာင့္
အခ်ည္းအႏွီးျဖစ္ခဲ့ရၿပီ ။

DNA အေျဖ စာ႐ြက္ႏွင့္တကြ ေလးေလးနက္နက္
ေမးလာေသာ ခ်န္းေယာလ္ေၾကာင့္  ဘတ္ခ္ဟြန္းႏွင့္
သူ ႏွစ္ေယာက္တည္းသာ  သိထားေသာ ။ ဘယ္သူ႕
ဘယ္သူမွ မသိခဲ့ ၊ မရိပ္မိခဲ့ေသာ တစ္ခုတည္းေသာ
လွ်ို႔ဝွက္ခ်က္ေလး ။ ေနာက္ဆုံးေတာ့ အဓိက ဇာတ္
ေဆာင္ျဖစ္ေသာ ခ်န္းေယာလ္သိဖို႔ အခ်ိန္တန္ခဲ့ၿပီ ။

" မမဒါေယာင္းေျပာတာဟုတ္တယ္ တကယ္ေတာ့
ဟူးဟူးေလးက အစ္ကိုခ်န္းေယာလ္ရဲ႕ သားပဲ "

" ဘာ ! "

ဘယ္ေလာက္ပဲ မုသားျခယ္သၿပီး လိမ္ညာ ၊
လိမ္ညာ ။

ဘယ္ေလာက္ပဲ ဖုံးကြယ္ထား ၊ ဖုံးကြယ္ထား ။

အမွန္တရားဆိုတာ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္တြင္
အမွတ္မထင္ေပၚလာတတ္ေသာအရာတည္းပင္ ။

" ဘာ မင္းဘာေျပာတယ္ ဂြၽန္ေလး ဟူးဟူးေလးက
ငါ့သားဟုတ္လား ? မျဖစ္နိုင္တာ .. ဟူးဟူးေလးက
ငါ့သားပါလို႔အခိုင္အမာေျပာရေအာင္ဟြန္းငယ္နဲ႕ငါက
ဘယ္တုန္းက .... "

ေျပာရင္း စကားသံတိမ္ဝင္သြားတဲ့ ခ်န္းေယာလ္ ။

" ဟုတ္ပါတယ္ အစ္ကိုခ်န္းေယာလ္ အခုေမးလာသလို
ဟူးဟူးေလးျဖစ္တည္လာပုံအျဖစ္မွန္ေတြအားလုံးသိရတဲ့
တစ္ေန႕ အစ္ကိုခ်န္းေယာလ္မွမဟုတ္ဘူး မမဒါေယာင္းနဲ႕
တီေလးတို႔အပါအဝင္ တစ္ခ်ိန္ခ်ိန္မွာ ကြၽန္ေတာ့္ကို ေမး
ေကာင္းေမးလာၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ႀကိဳေတြးထား
ၿပီးသားပါ ဟူးဟူးေလးကို အစ္ကိုေလးေျဗာင္က အစ္ကို
ခ်န္းေယာလ္နဲ႕ဘယ္လိုလုပ္ရလာတာလဲဆိုတဲ့အေၾကာင္း
ကို အစ္ကိုခ်န္းေယာလ္က ဘယ္သိမွာလဲ အဲ့လို အစ္ကို
ခ်န္းေယာလ္မသိရေအာင္လည္း လုပ္ထားခဲ့တဲ့ တရားခံ
ကလည္း တစ္ျခားသူမဟုတ္ဘူး ကြၽန္ေတာ္ကိုယ္တိုင္ပါပဲ "

" စကားကို ငါနားလည္ေအာင္ေျပာျပစမ္း ဂြၽန္ေလး "

" အစ္ကိုခ်န္းေယာလ္ ဒါေတာ့ မွတ္မိေလာက္မွာပါ
ေဒၚေလးမင္ရီမဆုံးခင္ႏွစ္ပတ္ေလာက္က ကြၽန္ေတာ္
တို႔ အေပ်ာ္ခရီးမထြက္ခင္ BBQ Party လုပ္ၿပီး
တဲ့ေနာက္ႏွစ္ရက္အၾကာမွာထပ္ဆင့္လုပ္ခဲ့တဲ့အစ္ကို
ေလး ဂ်ဳံအင္ရဲ႕ေမြးေန႕ .. ကြၽန္ေတာ္တို႔ေတြ အားလုံး
အစ္ကိုေလးေျဗာင္အိမ္မွာပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေမြးေန႕ပြဲ
က်င္းပၿပီး မူးေအာင္ေသာက္ခဲ့ၾကတဲ့ေန႕ကို "

" အင္း မမမွတ္မိတယ္ ဂြၽန္ေလး အဲ့ေန႕ကခ်န္းေယာလ္
က ေအာက္ထပ္က ဧည့္သည္အိပ္ခန္းထဲမွာ အိပ္ခဲ့တာ
မဟုတ္လား မမေတာင္ မနက္စာစားဖို႔ ဧည့္သည္အခန္း
ထဲက အိပ္ခ်င္မႈန္ဝါးနဲ႕ ထြက္လာတဲ့ သူ႕ေက်ာကိုတစ္ခ်က္
ရိုက္ၿပီးေတာင္ ေျပာလိုက္ပါေသးတယ္ "

" တကယ္ေတာ့ အဲ့ဒါကအျပည့္မမွန္ဘူး မမဒါေယာင္း "

" ................... "

" အမွန္ေတာ့ အဲ့ေန႕က ကြၽန္ေတာ္တို႔ အားလုံး မူးၿပီး
ဧည့္ခန္းထဲမွာပဲ ကိုယ္စီေမွာက္သြားခဲ့ၾကတယ္ အဲ့ဒီ
ေနာက္  ညႏွစ္နာရီထိုးတဲ့အခ်ိန္ ကြၽန္ေတာ္ အမူးေျပ
ၿပီးနိုးလာတဲ့အခ်ိန္ အစ္ကိုေလးေျဗာင္ကို ဧည့္ခန္းထဲ
မွာမေတြ႕လို႔စိတ္ပူၿပီးလိုက္ရွာေတာ့အစ္ကိုေလးေျဗာင္
အခန္းထဲမွာအစ္ကိုခ်န္းေယာလ္နဲ႕အတူေတြ႕ခဲ့ရတယ္
ၿပီးေတာ့ ႏွစ္ေယာက္စလုံးရဲ႕ကိုယ္မွာအဝတ္အစားေတြ
ကပ္မေနၾကေတာ့ဘူး "

တစ္ျဖတ္ျဖတ္ခ်လိဳက္တဲ့ ဂြၽန္အေျပာစကားေၾကာင့္
ခ်န္းေယာလ္ေရာဒါေယာင္းပါမယုံၾကည္နိုင္ေလာက္
ေအာင္ အံ့အားသင့္ခဲ့ရသည္ ။

အထူးသျဖင့္ ခ်န္းေယာလ္ ။  မူးေအာင္ေသာက္ၿပီးလို႔
ေနာက္တစ္ေန႕မနက္အမူးေျပသည့္အခ်ိန္ဘာဆိုဘာမွ
ကို ျပန္မမွတ္မိဘဲအကုန္ေမ့သြားတတ္ေသာ သူရဲ႕အ
က်င့္ဆိုးေတြႏွင့္ သူ႕ကိုယ္သူသာအျပစ္ေတြ ျပန္တင္မိ
ေလသည္ ။

" အဲ့အခါတုန္းက အစ္ကိုေလးေျဗာင္က မေသာက္တတ္
ေသးတဲ့သူမို႔မူးမေနေပမယ့္ အစ္ကိုခ်န္းေယာလ္ကေတာ့
အမူးလြန္ၿပီးေမွာက္အိပ္ေနတယ္ ေနာက္ၿပီး အစ္ကိုေလး
ေျဗာင္ကမျမင္သင့္တဲ့သူနဲ႕အစ္ကိုခ်န္းေယာလ္တို႔ကိုေတြ႕
သြားတဲ့ ကြၽန္ေတာ့္ကိုအကူအညီလွမ္းေတာင္းတယ္ အစ္
ကိုခ်န္းေယာလ္ကို ေအာက္ထပ္က ဧည့္သည့္အိပ္ခန္းထဲ
ကိုေ႐ြ႕ေပးဖို႔သူ႕ကိုေရခ်ိဳးခန္းထဲထည့္ေပးၿပီး သူ႕အိပ္ရာေပၚ
က ျမင္မေကာင္းေအာင္ေသြးေတြႏွင့္ညစ္ေပေနတဲ့အိပ္ရာ
ခင္းေတြကိုဘယ္သူမွမျမင္ခင္ လႊတ္ပစ္ၿပီး အသစ္ျပန္လဲ
ေပးၿပီး အဲ့ဒီအေၾကာင္းကို ဘယ္သူ႕ကိုမွျပန္မေျပာပါနဲ႕ဆိုၿပီး
ကတိေတာင္းခဲ့တယ္ အဲ့ဒါေၾကာင့္ကြၽန္ေတာ္လည္းအစ္ကို
ေလးေျဗာင္ကိုေပးထားတဲ့ကတိကိုတည္နိုင္ေအာင္ႀကိဳးစား
ၿပီး  အဲ့ဒီအေၾကာင္းေတြကို ဘယ္သူ႕ကိုမွ ျပန္မေျပာျပ
ဘဲ လွ်ိုဝွက္ထားခဲ့တာ ဒီေန႕အထိပဲဆိုပါေတာ့ "

သူေျပာျပေသာရွင္းျပခ်က္အေၾကာင္းေလး ဆုံးခန္းတိုင္
သြားခဲ့ေသာ္လည္းတုံ႕ျပန္စကားသံေလးတစ္ခြန္းေတာင္
ျပန္ထြက္မလာဘဲ အံ့အားသင့္လို႔ေနဆဲျဖစ္ေသာ ခ်န္း
ေယာလ္ကို ဂြၽန္ၾကည့္ၿပီး သက္ျပင္းခပ္တိုတိုေလးတစ္
ခ်က္ခ်ကာ ...

" အစ္ကိုခ်န္းေယာလ္ မယုံၾကည္နိုင္ေသးဘူး မဟုတ္
လား ကြၽန္ေတာ္လည္းပဲ အစ္ကိုေလးေျဗာင္ကိုယ္ဝန္ရွိ
ေနၿပီလို႔ စသိရတဲ့အခ်ိန္ျဖစ္တဲ့ ေဒၚေလးမင္ရီဈာပနၿပီး
တဲ့ေန႕မွာ အခုအစ္ကိုခ်န္းေယာလ္လိုပဲ အံ့ၾသခဲ့ရတယ္
ကြၽန္ေတာ္တို႔အစ္ကိုေလးေျဗာင္ကအစ္ကိုခ်န္းေယာလ္
ကို မုန္းတယ္လို႔ႏႈတ္ကသာေျပာေပမယ့္ သူ႕ဗိုက္ထဲက
အစ္ကိုခ်န္းေယာလ္ရဲ႕ရင္ေသြးေလးကိုေတာ့တစ္စုံတစ္
ခုနဲ႕မွအထိခိုက္မခံနိုင္ေလာက္ေအာင္ကို တန္ဖိုးထားၿပီး
ခ်စ္တာ ကိုယ္ဝန္လရင့္လာေလေလ ဒုကၡေရာက္ရေလ
ေလျဖစ္ေပမယ့္စိတ္ဓာတ္တစ္ခ်က္မေပ်ာ့ညံ့ခဲ့ဘူး တစ္
ႀကိမ္တစ္ခါေလးေတာင္ဝမ္းနည္းစိတ္မျဖစ္ခဲ့ဘူးအစ္ကို
ခ်န္းေယာလ္ "

" ................... "

" ဟူးဟူးေလးကိုေမြးၿပီး လအေတာ္ၾကာေတာ္ အစ္ကို
ေလးေျဗာင္ကသူ႕ေျခေထာက္ေတြ အရင္လိုျပန္ေကာင္း
လာေအာင္လို႔ ေဆးကုသမႈကို ခံယူခဲ့တယ္ အဲ့ဒီေနာက္
မွာလည္း ေသမင္းနဲ႕ သူေနာက္တစ္ႀကိမ္ ရင္ဆိုင္ဖို႔ စိန္
ေခၚခဲ့ၿပီး ရာခိုင္ႏႈန္းအခ်ိဳးမညီမွ်တဲ့ခက္ခဲတဲ့ ႏွလုံးအစား
ထိုး ခြဲစိတ္ကုသမႈကိုခံယူခဲ့ၿပီးေနာက္ဆုံးအနိုင္ရခဲ့တယ္
အဲ့ဒါေၾကာင့္လည္း  အခုလို လူေကာင္းတစ္ေယာက္လို
က်န္းက်န္းမာမာနဲ႕စိတ္သြားတိုင္းကိုယ္ပါေနနိုင္ခဲ့တာ "

" .................... "

" တကယ္ေတာ့  အစ္ကိုေလးေျဗာင္က  အစ္ကိုခ်န္း
ေယာလ္ကိုမုန္းတာမဟုတ္ပါဘူး အစ္ကိုခ်န္းေယာလ္
ကိုဘယ္လိုမွမုန္းလို႔မရတဲ့သူ႕ကိုယ္သူမုန္းၿပီးအဲ့အမုန္း
ေတြကို အစ္ကိုခ်န္းေယာလ္ကိုမုန္းတယ္ဆိုတဲ့ ေခါင္း
စဥ္ေအာက္မွာ သူ႕ကိုယ္သူလိမ္ၿပီးျမႇုပ္ထားၿပီးေနေနခဲ့
တာပါ တကယ္ေတာ့အစ္ကိုေလးေျဗာင္ကအစ္ကိုခ်န္း
ေယာလ္ကို တစ္ေန႕မွေမ့မရခဲ့ဘူး အစ္ကိုခ်န္းေယာလ္
ေမြးေန႕ေရာက္တိုင္းကိုရီးယားကိုဘယ္သူမွမသိေအာင္
တိတ္တိတ္ေလးျပန္သြားတတ္ၿပီး အစ္ကိုခ်န္းေယာလ္
အတြက္ သူကိုယ္တိုင္ေ႐ြးၿပီးဝယ္ထားတဲ့ေမြးေန႕လက္
ေဆာင္ေလးေတြကို အစ္ကိုခ်န္းေယာလ္ရဲ႕လက္ထဲကို
မေရာက္ေရာက္ေအာင္ပို႔ေပးေနတတ္တုန္းပဲအခုအစ္ကို
ခ်န္းေယာလ္လက္မွာဝတ္ထားတဲ့ Rolex နာရီေလး
က မႏွစ္ကသူကိုယ္တိုင္ကုန္တိုက္မွာႏွစ္နာရီၾကာတဲ့အ
ထိသြားေ႐ြးၿပီးဝယ္ထားတဲ့ အစ္ကိုခ်န္းေယာလ္ ေမြးေန႕
အတြက္ အစ္ကိုေလးေျဗာင္ေပးတဲ့ ေမြးေန႕လက္ေဆာင္
ေလးေပါ့ "

နာရီမ်ားစြာရွိသည့္အထဲမွ အႏွစ္သက္ဆုံးလို႔ ေျပာရတဲ့
မႏွစ္က သူ႕ေမြးေန႕တြင္ ေပးပို႔သူအမည္မပါဘဲ လက္ခံ
ရလိုက္တဲ့ အခုသူ႕လက္တြင္ ဝတ္ထားေသာ Rolex
နာရီေလးကို ခ်န္းေယာလ္ေဆြးတေျမ့ေျမ့ေလးသာေငး
ၾကည့္မိသည္ ။

- ကိုယ္ အခု ကိုယ္အခ်စ္ေတြ အားလုံးကို
မင္းဆီမွာပဲေပ်ာ္ဝင္ေနခ်င္ၿပီ ပတ္ဟြန္းငယ္ -

------------------------------------------

ဆက္ရန္ ...

19.2.2020
REN JO JO

Continuă lectura

O să-ți placă și

363K 44.7K 41
Nostalgia ဆိုတာ အတိတ်ကို တမ်းတလွမ်းဆွတ်ခြင်းတဲ့ ~! ပြန့်ကြဲနေတဲ့ အတွေးတွေကို ပုံဖော်ထားတာမို့ စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းလိမ့်မည်။ ကြည်နူးဆွတ်...
56.2K 3.8K 7
ChanBaek Shortstory (Zawgyi +Unicode)
251K 24.4K 31
We are not married . But we have baby. Her name is AERI. {Marrige life but no marrige life} When the baby came between us ,we all changed. ChanBaek Y...
275K 30.2K 41
ငယ္​ငယ္​​ေလးတုန္​းက..ပညာ​ေရးမွာၿပိဳင္​ခဲ့ၾကတယ္​.....အရြယ္​​ေရာက္​​ေတာ့...ႏွလံုးသားခ်င္​းၿပိဳင္​ၾကည္​့ရ​ေအာင္​......?? Cover by @byunasunapark00