Mr.Xiao

By JustPiece

1.2M 87.3K 4.5K

He loves me so much . This feeling makes my heart 'Badump' ! 『 From 28.12.2019 To 22.4.2020 』 More

01
01 (Unicode)
02
02 (Unicode)
03
03 (Unicode)
04
04 (Unicode)
05
05 (Unicode)
06
06 (Unicode)
07
07 (Unicode)
08
08 (Unicode)
09
09 (Unicode)
10
10 (Unicode)
11
11 (Unicode)
12
12 (Unicode)
13
13 (Unicode)
14
14 (Unicode)
15
15 (Unicode)
16
16 (Unicode)
Side Story I
Side Story I (unicode)
Side Story II
Side Story II (unicode)
17
17 (unicode)
18
18 (unicode)
19
19 (unicode)
Side Story III
Side Story III (unicode)
Side Story IV
Side Story IV (unicode)
20
20 (unicode)
21
21 (unicode)
Side Story V
Side Story V (unicode)
Vday Special Part ♡. x ♡°°°
22
22 (unicode)
23
23 (unicode)
24
24 (unicode)
25
25 (unicode)
26
26 (unicode)
Side Story VI
Side Story VI (unicode)
Side Story VII
Side Story VII (unicode)
27
27 (unicode)
28
28 (unicode)
29
29 (unicode)
30
30 (unicode)
Side Story VIII
Side Story VIII (unicode)
31
31 (unicode)
- FINAL -
- FINAL - (unicode)
- Book Announcement -
- Book Order -

Vday Special Part ♡. x ♡°°° (unicode)

13K 857 29
By JustPiece

Vday Special Part ♡. x ♡°°°

[ယခုအပိုင်းသည် valentine's dayအတွက် လက်ဆောင်ေရးပေးထားသောအပိုင်းဖြစ်ပြီး အရှေ့ပိုင်းနဲ့ သက်ဆိုင်မှုမရှိပါ]
__________________________________

" ကျိုးလုံ ပြင်နေတာမပြီးသေးဘူးလား "

" ပြီးပါပြီ ကိုယ့်ရဲ့အချစ်ကြီးရဲ့ "

အသံနဲ့အတူ အခန်းထဲကထွက်လာတဲ့ကျိုးလုံက တော်တော်လေးကိုပြင်ဆင်ထားတဲ့အနေအထားမှာရှိသည်။ ကုဒ်နဲ့စတိုင်ပန့်က နက်ပြာရောင်ကိုမှ အထဲကတီရှပ်ကတော့ ပန်းရောင်ဖြစ်သည်။ Jackကတော့ အဲ့လိုမဟုတ်။ ကုဒ်နဲ့စတိုင်ပန့်က ပန်းရောင်အဖျော့လေးဖြစ်ပြီး တီရှပ်က နက်ပြာရောင်။

သူတို့နှစ်ယောက်ကိုဒီလိုတွေဆင်မြန်းပေးထားသူကတော့ "အချစ်ကဘာအရောင်လဲ" လို့မေးရင် "ပန်းရောင်" လို့ ပြန်ဖြေမယ့် ကောင်ငယ်လေးပဲဖြစ်သည်။ ဝမ်ရိပေါ်တစ်ယောက်ရဲ့ ပန်းရောင်အရူးထတဲ့ပြဇာတ်မှာ သူတို့နှစ်ယောက်ပါ ဝင်ရောက်ကပြရသည်ပေါ့။

" ကျနော်တို့နှစ်ယောက် တော်တော်ကိုလိုက်ဖက်တာနော်၊ ကြည့်ပါဦး "

ကိုယ်လုံးပေါ်မှန်ကြီးအရှေ့မှာ သူတစ်ယောက်တည်းကြည့်ရတာအားမရတဲ့ကျိုးလုံက ဆိုဖာပေါ်မှာထိုင်နေတဲ့Jackကိုပါ လက်မောင်းရင်းကဆွဲခေါ်ပြီး သူ့ဘေးရောက်စေသည်။ ဘယ်သူမှမချီးကျူးရင်တောင် မှန်ထဲကြည့်ပြီး ကိုယ့်ကိုကိုယ်ချီးကျူးနေမယ့်ကျိုးလုံပါပဲ။

" ငါလည်းဘယ်လိုအရူးကိုချစ်သူတော်ထားလဲမသိပါဘူး၊ ပြီးရင်လည်းလာ၊ သွားကြမယ်...နောက်ကျနေရင် ရှောင်းကျန့်ကလေးလေးက မျက်စောင်းတခဲခဲဖြစ်နေမှာ "

အနုအရွတွေဘာတွေကို Jackကစိတ်မဝင်စားတော့ ဒီလိုနေ့မျိုးမှာ ကျိုးလုံကလည်း ဘာပွဲမှမလုပ်ဘူး။ နှစ်ယောက်သားက မနက်ခင်းအနမ်းနဲ့တင်တင်းတိမ်ထားကြသည်။ တကယ်ဆို အခုလိုအားယားနေတဲ့ရက်မှာ နှစ်ယောက်သား အိပ်ရာထဲမှာကိုယ်လက်နှီးနှောရင်း ခွေနေချင်တာဆိုပေမယ့် ရှောင်းကျန့်ကလေးလေးကတော့ ရှောင်းကျန့်ကိုစပရိုက်တိုက်ချင်ပါသည်လို့ပြောလာတော့ သူတို့နှစ်ယောက်က အငြိမ်နေလို့မရတော့။ အဲ့ဒီချစ်စရာပန်းရောင်ကလေးလေးကို ကူညီရတော့မည်။

" သူလုပ်ခိုင်းထားတဲ့ဟာတွေ သေချာလုပ်ပြီးပြီလား "

" လုပ်ပြီးပြီ၊ ရိပေါ်ကတကယ်ကိုစေ့စပ်တာနော်၊ ကောတော့ တော်တော်ပျော်သွားမှာပဲ "

ပြောနေတဲ့စကားသံတို့မှာ အားကျခြင်းအရိပ်အယောင်တွေပါနေတော့ ကားမောင်းနေရာကနေ ဘေးကဖုန်းပွတ်နေတဲ့ကျိုးလုံကိုတစ်ချက်ကြည့်မိသည်။ ငယ်တဲ့သူတွေက အဲ့လိုပဲ ဘာမဟုတ်တာလေးကိုအလေးထားနေကြတာလား။ ဒီလိုနေ့မျိုးက ဘာမှလည်းအထူးတလည်မဟုတ်ဘဲနဲ့။

" အားကျလို့လား "

" စပရိုက်အတိုက်ခံရမှာလေ၊ အားမကျဘဲနေမလား၊ ကောက ငယ်ငယ်ရွယ်ရွယ်ချစ်သူလေးရထားတော့ အလိုက်သိပြီး စပရိုက်အတိုက်ခံရမှာ၊ ကျွန်တော်ကတော့ သက်ကြားအိုကြီးရထားပြီးဘာမှမဟုတ်ဘူး "

စိတ်ဆိုးဆိုးနဲ့ပြောနေတဲ့ကျိုးလုံက တော်ရုံဆိုမြင်ရခဲတဲ့ပုံစံမို့ Jackတစ်ယောက် လမ်းကိုတောင်ပြန်မကြည့်နိုင်တော့ဘဲ ကျိုးလုံမျက်နှာကိုပဲ သေချာကြည့်မိတော့သည်။ ပြောလိုက်တိုင်း ဆူဆူထွက်လာတဲ့နှုတ်ခမ်းကတော့ Jackအသည်းယားရဆုံးပေါ့။

" ဒီနေ့ စုံ နေ့နော် "

" ဟုတ်တယ် ဟုတ်တယ်၊ ၁၄လေ စုံနေ့ပေါ့၊ ဘာဖြစ်လဲ "

" မင်းငါနဲ့စမ်းကြည့်ချင်တဲ့နည်းတွေရှိတယ်မလား၊ ဒီညအကုန်လုပ်ခွင့်ပြုတယ် "

အံ့သြသွားတဲ့ကျိုးလုံက အံ့သြပြီးတာနဲ့ လှလှပပကြီးပြုံးချတော့သည်။ ပျော်လို့ပြုံးတဲ့အပြုံးထက် လူယုတ်မာအပြုံးလိုဖြစ်နေတာကြောင့် ကြည့်ရင်းကျောချမ်းလာတဲ့Jackက ခေါင်းကိုအသာယမ်းမိသည်။ ငါတော့ ကျားအမြှီးကိုသွားဆွဲမိတာပဲ။

" သက်ကြားအိုတွေကအကောင်းဆုံးပဲ၊ ကလေးတွေဘာလိုချင်လဲ သေချာသိတယ် "

စပရိုက်ဖြစ်သွားလား မဖြစ်သွားလားတော့မသိပေမယ့် ကျိုးလုံကတော့ ဖြီးနေတဲ့ပါးစပ်ကိုပြန်လို့ကိုစိမရတော့ဘူး။ ခေါင်းထဲမှာလည်း စမ်းရမယ့်နည်းတွေအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုဝယ်ဖို့တွက်ချက်ပြီးနေပြီ။ သူJackကိုတစ်ခါလောက်တော့ ကြောင်နားရွက်လေးနဲ့ ကြောင်အမှီးတပ်ထားတဲ့ပုံလေးမြင်ချင်မိသည်။ အဲ့လိုပုံစံကိုမျက်လုံးထဲမြင်ယောင်ကြည့်မိတော့ အောက်ကကောင်ကဒိန်းခနဲပဲ။ ဘုရားသခင်...! Jackတော်တော်ကို sexyကျနေတာပဲ။

" ဖြီးနေတာ သွားတွေလည်းအအေးပတ်ကုန်ဦးမယ် "

" ပတ်ပါစေ ဒီလိုကြောင့်ပတ်ရလို့ကတော့ အပတ်ခံနိုင်တယ် "

ဖြီးနေတဲ့ရုပ်ကနေ အကြည့်ကိုသွေဖယ်လိုက်တော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ကျိုးလုံရဲ့အောက်ကအကောင်ကို Jackအကြည့်ရောက်သွားသည်။ တကယ်ကိုပဲ...လူငယ်တွေကတော့ တကယ်ကိုအကောင်းဆုံးပဲ။ အခုချိန်မှာ ကျိုးလုံအတွေးကိုသူမဖတ်နိုင်ရင်တောင် သူကတော့သေချာပေါက်ကိုကျိုးလုံအတွေးထဲပါနေလိမ့်မယ်ဆိုတာ တပ်အပ်ပြောနိုင်ပါသည်။ အင်း...၁၈ယောက်လူစုပြီးကြည့်ပါဆိုတဲ့ညစ်ညစ်ညမ်ညမ်းပုံရိပ်တွေအဖြစ်နဲ့ပေါ့။

အတန်ကြာကားမောင်းပြီးတဲ့နောက်မှာတော့ ရိပေါ်ရှိနေတဲ့နေရာကို Jackတို့ရောက်သည်။ ပန်းခြံတစ်ခုလုံးကိုငှားပြီး အချိန်ယူ ပြင်ဆင်ထားတဲ့အရာတွေက Jackကိုအံ့အားတသင့်ဖြစ်စေသည်။ ဒီလိုပြင်ဆင်တဲ့နေရာမှာ ကျိုးလုံပါပါတယ်ဆိုတော့ ဘယ်သူ့ကိုမှဦးဆုံးမချီးကျူးရသေးခင် ကျိုးလုံကိုလက်မနှစ်ချောင်းထောင်ပြလိုက်သည်။

လမ်းတစ်လျှောက်မှာမြင်နေရတဲ့အရာတွေက တကယ်ကိုလှပလွန်းသည်။ ဒီလိုတွေကြောင့်လည်း ကျိုးလုံအားကျနေတာဖြစ်လိမ့်မည်။

" ကောတို့ကလည်းကြာလိုက်တာဗျာ "

" အချိန်မှီပါသေးတယ်ဟ၊ မင်းလူကြီးတောင် မရောက်သေးဘဲ "

ရိပေါ်ဝတ်ထားတာက Jackလိုပဲ ပန်းရောင်အနုကုဒ်လေးနဲ့ကိုမှ အောက်ကတီရှပ်ကတော့ နက်ပြာရောင်မဟုတ်ဘဲ အဖြူရောင်ဖြစ်သည်။ သူဝတ်ထားတာနဲ့ ရိပေါ်ဝတ်ထားတာက အရောင်တော့တူနေပေမယ့် နှစ်ယောက်သားရဲ့အရောင်အဝါကတူမနေတော့ Jackမှာရိပေါ်ကိုစိုက်မကြည့်နိုင်အောင်ပဲ။ တချို့လူတွေများ ကံကောင်းလိုက်ကြတာ။ အလှလေးကိုအောက်လှဲသိပ်နိုင်ထားတယ်။ သူကတော့.....။

" ခင်ဗျား ရိပေါ်ကိုငမ်းနေတာလား၊ အလှကြိုက်တာလည်းတော်ရုံကြိုက်ပေါ့၊ ကျွန်တော့်လက်သီးစာမိနေမယ် "

အင်းပေါ့ တစ်မျိုးစီပေါ့။ ဒီတုတ်ထိုးအိုးပေါက်သူ့ချစ်သူကတော့ သူ့ကိုဆိုလုပ်မယ်ကိုင်မယ်ချည်းပါပဲ။ ရန်ဖြစ်နေတဲ့နှစ်ယောက်သားကိုတော့ ရိပေါ်က ပြုံးလို့ကြည့်နေခဲ့သည်။

" ရိပေါ် ကောကိုဘယ်လိုစာပို့ထားလဲ "

" ကျွန်တော် (×××)ပန်းခြံမှာ စကိတ်စီးရင်းချော်လဲသွားတာ မထနိုင်ဖြစ်နေလို့ လာခေါ်ပါဦးလို့ ပို့ထားတယ် "

" စိတ်ပူပြီးကမန်းကတန်းတွေပြေးလာလို့ လျှောက်လမ်းမှာပြင်ထားတာတွေ မမြင်ရင်တော့ ဒုက္ခပါပဲ "

ကျိုးလုံရဲ့ငြင်းငြူသံကို Jackကလည်း ခေါင်းငြိမ့်ထောက်ခံမိသည်။ သူ့သူငယ်ချင်းရှောင်းကျန့် ဒီကလေးအပေါ်ဘယ်လောက်စိတ်ပူပြီး သည်းသည်းလှုပ်ဂရုစိုက်တယ်ဆိုတာ သူတို့အသိဆုံး။ စိတ်ပူလွန်းပြီး ပန်းခြံထဲအတင်းအတင်းတွေပြေးဝင်လာလို့ ပြင်ထားသမျှတွေမမြင်ရင်တော့ လုပ်ထားသမျှအလကားဖြစ်သွားလိမ့်မယ်။

______________________

တစ်ဖက်ကသုံးယောက် စိတ်ပူနေတဲ့အတိုင်း ရှောင်းကျန့်ဆီမှာ အမှန်အကန်ကိုဖြစ်ပါ၏။

သူ့ကလေးငယ်ဆီက messageကိုမြင်မြင်ချင်း ဒီနေ့အတွက်အစည်းအဝေးကိုဖျက်ပစ်လိုက်ပြီး ကားသော့ကိုကောက်ဆွဲကာ ကမန်းကတန်းပြေးထွက်လာမိသည်။ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်တဲ့ကလေးငယ်က သူ့စိတ်ပူမှုတွေကို အမြင့်ဆုံးအထိဖြစ်သွားစေသည်။ တော်တော်များထိခိုက်သွားလို့လား။

messageထဲက ပန်းခြံကိုရောက်တော့ ကားရပ်ရမယ့်နေရာမှာ ကားကိုသေချာမရပ်နိုင်တော့ဘဲ ဖြစ်သလိုရပ်ထားမိခဲ့သည်။ စကိတ်စီးပြီးထိရုံလောက်လေးကို ဒီလောက်အထိအသည်းအသန်ဖြစ်နေစရာလားလို့ ရှောင်းကျန့်ကိုမေးခွန်းမထုတ်ပါနဲ့။ ထိခိုက်မှုကြီးကြီးသေးသေး ကလေးထိခိုက်သွားတယ်ဆိုတည်းက ရှောင်းကျန့်ရဲ့ရင်ကို အပြင်းအထန်ပူလောင်စေပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီပူလောင်မှုတွေက ပန်းခြံထဲဝင်ဝင်ချင်းမှာ ဟုတ်ခနဲချုပ်ငြိမ်းသွားသည်။ အစိမ်းရောင်နှင်းဆီနဲ့အနီရောင်နှင်းဆီပန်းတွေကို အလှဆင်ထားတဲ့လမ်းတစ်လျှောက်က ရှောင်းကျန့်မထင်ထားလောက်အောင်ကို လှပနေတာတွေ့ရတယ်။ ပုံမှန်ဆို အဲ့ဒီအရောင်နှစ်ခုက မလိုက်ဖက်ဘူးမလား။

ပြီးတော့ ပင်စည်ကြီးတဲ့အပင်တွေမှာကျ မြှားဆွဲထားတဲ့စာရွက်ကလေးတွေကပ်ထားတာတွေ့ရသည်။ သစ်ကိုင်းတွေမှာတော့ ဓာတ်ပုံလေးတွေကို ကြိုးတွေနဲ့တွဲလောင်ချည်ထားသည်။ ဓာတ်ပုံတွေထဲမှာ ရိပေါ်တစ်ယောက်တည်းပုံတွေလည်းရှိသလို ရှောင်းကျန့်တစ်ယောက်တည်းပုံတွေလည်းရှိသည်။ အများစုကတော့ ရှောင်းကျန့်တစ်ယောက်တည်းပုံတွေ။ နှစ်ယောက်တွဲပုံတွေမှာတော့ ရိပေါ်နဲ့ရှောင်းကျန့်တို့ မီလန်မှာအတူလျှောက်လည်နေတဲ့ပုံတွေပါသည်။

ရှောင်းကျန့်က ရိပေါ်ကိုနမ်းနေတဲ့ပုံတွေအပြင် ရိပေါ်က ရှောင်းကျန့်ကိုနမ်းနေတဲ့ပုံတွေလည်းပါသည်။ ပြီးတော့ ရိပေါ်ကိုယ်လုံးလေးကိုပွေ့ချီထားတဲ့ရှောင်းကျန့်နဲ့ ပြုံးရယ်နေတဲ့ရိပေါ် အဲ့ဒီပုံလေးကတော့ ရှောင်းကျန့်အကြိုက်ဆုံးပါပဲ။

ရှေ့ဆက်လျှောက်တော့ အနီရောင်ကာနေရှင်းပန်းခင်းကြီးကို တွေ့ရသည်။ အဲ့ဒီပန်းခင်းကြီးရဲ့အလယ်မှာတော့ 'ကျန့်ကော တိတိအိုက်နီ' ဆိုတဲ့ bannerရှိနေသည်။ ရှောင်းကျန့်ဖြင့် မျက်ရည်တွေဝဲခနဲပါပဲ။

ပန်းခြံကိုရောက်တုန်းက စိုးရိမ်စိတ်တွေအပြည့်နဲ့မို့ သေချာသတိမထားမိပေမယ့် အခုသူရောက်နေတဲ့ပန်းခြံက လွန်ခဲ့တဲ့၆နှစ်ကျော်တုန်းက ကလေးနဲ့သူနဲ့စတင်တွေ့ခဲ့တဲ့ပန်းခြံလေးဖြစ်နေသည်။ ကလေးဟာ သူ့ကိုရင်အခုန်လွန်ပြီးသေအောင်ကြံရွယ်ထားတဲ့ပုံပါပဲ။ အစကတော့စိတ်ပူပြီးရောက်ချလာပေမယ့် အခုတော့ရင်ခုန်စိတ်လှုပ်ရှားတဲ့ခံစားချက်နဲ့ပဲ ရှောင်းကျန့်မှာမျက်ရည်တလည်လည်ဖြစ်နေရသည်။

လျှောက်လမ်းတစ်လျှောက်မှာ ပန်းရောင်ဇာပုဝါလေးက ဘေးတစ်ဖက်တစ်ချက်ဆီကို ကြိုးတားထားသလိုလုပ်ထားပြီး အောက်ဘက်မှာတော့ ခြေရာပုံစံကပ်ခွာလေးတွေက ဘယ်တစ်ဖက်ညာတစ်ဖက်ဆီရှိနေသည်။ ခြေရာပုံစံလေးအတိုင်း ရှောင်းကျန့်လျှောက်လာတော့ လမ်းအဆုံးလေးမှာ ပြုံးပြီးသူ့ကိုကြည့်နေတဲ့ကလေးငယ်ကိုတွေ့လိုက်ရသည်။

လူငယ်ဆန်မှုနဲ့ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းမှုကိုပိုင်ဆိုင်ထားတဲ့ ရိပေါ်က ရှောင်းကျန့်ကို အကြင်နာမျက်ဝန်တွေနဲ့ ပါးမို့လေးတွေမို့တက်တဲ့အထိပြုံးရယ်ပြီးကြည့်နေသည်။ ပြန်ပြုံးပြလိုက်တဲ့ရှောင်းကျန့်အပြုံးမှာ ချစ်မြတ်နိုးမှုတွေအပြည့်ရှိနေသည်။ 'ပျော်လွန်းလို့မျက်ရည်ပါကျတယ်'ဆိုတဲ့စကားကို ရှောင်းကျန့်တစ်ယောက် သေချာကိုနားလည်သွားခဲ့သည်။

ရိပေါ်ရှေ့ကိုရှောင်းကျန့်ရောက်သွားတော့ ကလေးငယ်ကသူ့ကိုလက်ကမ်းသည်။ ရှောင်းကျန့်ကထိုနွေးထွေးတဲ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်တော့ ဘယ်ကမှန်းမသိတဲ့ pianoသံတိုးတိုးက ချက်ချင်းဆိုသလိုထွက်ပေါ်လာသည်။

pianoက Beautiful in Whiteသံစဉ်ကို လှလှပပတီးခတ်သည်။
ရှောင်းကျန့်ကတော့ ပိုတိုးလို့မျက်ရည်ကျသည်။
အပျော်မျက်ရည်တွေကိုတော့ ရိပေါ်က နူးညံ့စွာသုတ်ပေးသည်။
အချစ်ဆိုတာဘာလဲလို့မေးခွန်းထုတ်မနေဘဲ
တစ်ယောက်မျက်ဝန်းတစ်ယောက်ကြည့်လို့
ညင်သာစွာသက်ဝင်ကြသည်။

" Happy Valentine's Dayပါ ကိုကို "

လက်ဖမိုးထက်ကအနမ်းတစ်ပွင့်က ရှောင်းကျန့်ရဲ့ဖေဖော်ဝါရီ၁၄ရက်နေ့ကို ပြီးပြည့်စုံသွားစေသည်။ တကယ်ဆို ဒီလိုနေ့ရက်မျိုးတွေက ရှောင်းကျန့်အတွက်ဘာမှမဟုတ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ကလေးငယ်ရဲ့ဖန်တီးပေးမှုတွေကြောင့် အမှတ်ရစရာနေ့လေးတစ်နေ့အဖြစ် မှတ်တမ်းတင်သွားခဲ့သည်။

" ကလေးရာ ဘယ်တည်းကပြင်ဆင်ထားခဲ့တာလဲ "

" လုံးဝစပရိုက်ပဲမလား၊ ကိုကိုပျော်အောင်လို့ "

" အင်း တော်တော်ကိုစပရိုက်ဖြစ်သွားတာ၊ ပြီးတော့ ဒီပန်းခြံက... "

" ဟုတ်တယ် ကလေးနဲ့ကိုကို စတွေ့တဲ့နေရာ "

ပြုံးရယ်နေတဲ့ကလေးက တုတ်ချောင်းလေးတစ်ချောင်းကို လှုပ်ယမ်းပြသည်။ ထို့နောက်မှာတော့ တုတ်ချောင်းလေးကနေ အနီရောင်ကာနေးရှင်းပန်းတစ်ပွင့်ဖြစ်သွားတာကို ရှောင်းကျန့် စိတ်လှုပ်ရှားစွာတွေ့မြင်လိုက်ရသည်။ ဘက်စုံတော်နေတဲ့သူ့ကလေးကိုတော့ ရှောင်းကျန့်ကအထင်ကြီးပြီးရင်း ကြီးရတာပါပဲ။

" အနီရောင်ကာနေရှင်းပန်းပွင့်လေးပေးခဲ့တဲ့ ၁၂နှစ်သားကောင်လေးကို ကိုကိုချစ်လာခဲ့တာ ၆နှစ်ကျော်လာပြီနော်၊ အခုအနီရောင်ကာနေရှင်းပန်းပွင့်လေးထပ်ပေးမယ့် ၁၉နှစ်အရွယ်ကောင်လေးကိုရော ကိုကိုသေတဖန်သက်တဆုံးချစ်သွားပေးနိုင်မလား "

ကမ်းပေးတဲ့ပန်းပွင့်လေးကိုလှမ်းယူလိုက်တဲ့ ရှောင်းကျန့်က ထပ်ငိုချင်လာတဲ့စိတ်ကိုမနည်းထိန်းရင်း ခေါင်းကိုအဆက်မပြတ်ငြိမ့်သည်။ ချစ်ဖို့ကောင်းလွန်းတဲ့ပုံရိပ်လေးတွေကိုတော့ နောက်ကွယ်ကနေ Jackကမှတ်တမ်းတင်ပေးနေသည်။ Jackနောက်မှာတော့ ကျိုးလုံက Jackရဲ့နောက်ကျောကိုမှတ်တမ်းတင်လျက်ရှိသည်။ သူ့ရဲ့ကိုယ်ပိုင်မျက်လုံးများဖြင့်။

" အရင်လိုပဲ ပန်းပန်ပေးချင်တယ် ကိုကို "

ရှောင်းကျန့်လက်ထဲကပန်းပွင့်လေးကိုပြန်ယူသွားတဲ့ရိပေါ်က ရိုးတံကိုချိုးလိုက်ပြီး ရှောင်းကျန့်နားရွက်ကြားထဲမှာ ပန်းပွင့်လေးကိုလှလှပပနေရာယူစေသည်။ ပြီးတော့ ပန်းပွင့်လေးကိုနမ်းသည်။ ထို့နောက် ရှောင်းကျန့်ပါးပြင်ကိုနမ်းသည်။ နဖူးကိုလည်းထိကပ်ရုံလေးနမ်းသည်။ ထောက်ထားတဲ့ခြေဖျားတို့ကြောင့် ရှောင်းကျန့်နဖူးထိ ရိပေါ်နှုတ်ခမ်းလေးက မှီနေလေသည်။

"အရမ်းကိုလှပတဲ့ ဇာတ်ကားတစ်ကားရဲ့ဇာတ်ဝင်ခန်းလေးလိုပါပဲ၊ ကျွန်တော်ဖြင့် အားတောင်ကျလာပြီ "

ကျိူးလုံကငိုသံကြီးနဲ့ တမင်ပြောတော့ Jackက ကင်မရာကိုင်ထားရလို့လက်မအားတာကြောင့် အားနေတဲ့ခြေထောက်နဲ့ပဲ ကျိုးလုံတင်ပါးကိုပိတ်ကန်လိုက်သည်။

" ဟာ ... ဟာ ... ! အိမ်ထောင်ဦးစီးကိုခြေထောက်နဲ့မကန်ရဘူးလေ၊ ငရဲကြီးလိမ့်မယ် Jackကိုကိုလေးရဲ့ "

Jackကစိတ်ဆိုးဆိုးနဲ့ ကျိုးလုံဘက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မျက်နှာပြောင်နေတဲ့ကျိုးလုံရုပ်ကြီးက မှတ်တမ်းတင်Videoထဲပါသွားလေသည်။ တကယ်ကိုအချိုးမကျသောပါပဲ။

" ခုနက pianoတီးတာ ကျိုးလုံလား "

" အင်း၊ ကောကလေးလေးက ကျွန်တော်တို့နှစ်ယောက်ကို အငြိမ်မနေခိုင်းဘူးလေ၊ ကိုယ်စီအလုပ်တွေပေးထားတာ "

ကျိုးလုံကရိပေါ်ကိုအစကကြိုက်တယ်ထင်မိပေမယ့် တကယ်တော့လည်း ကလေးလေးတစ်ယောက်လို အသည်းယားမိခြင်းပါပဲ။ ကြည့်လေ...ရိပေါ်ရဲ့ သူ့ကိုမျက်နှာချိုသွေးပြီး အခုလိုမျိုး'ဟီး'ခနဲရယ်ချလိုက်တာလေးက ဘယ်လိုလေးတောင်အသည်းယားဖို့ကောင်းလိုက်သလဲ။

ရိပေါ်ကအသည်းယားဖို့ကောင်းသည်။
သူ့ရဲ့ဟက်စကီးကြီးကတော့ လုပ်ရတဲ့အခါအရမ်းကောင်းသည်။

" ကိုယ့်မှာဘာမှတောင်မပြင်ဆင်လိုက်ရဘူး၊ ရုံးခန်းကနေ ချက်ချင်းထပြေးလာတာ "

" ဟင့်အင်း ချောတယ်၊ ကျွန်တော့်လူကြီးက အချောဆုံးပဲ "

ထောင်ပြလာတဲ့ လက်မလေးနှစ်ခုကြောင့် ရှောင်းကျန့်မှာ ပျော်မဆုံးဆုံး တပြုံးပြုံးဖြစ်သွားရသည်။ တကယ်မချောဘူးဆိုရင်တောင်ကိစ္စမရှိဘူး။ ကလေးလေးရဲ့မြှောက်ပင့်မှုနဲ့တင် သူover confidenceဖြစ်လိုက်နိုင်သည်။

" ချောကလက်ကတော့ ညကျမှကျွေးမယ်နော် "

ရှောင်းကျန့်ကသဘောရိုးနဲ့ပြောလိုက်တာမဟုတ်သလို ကလေးလေးကလည်း သဘောရိုးနဲ့နားလည်လိုက်တာမဟုတ်ပါဘူး။ ပြောပြီးမှရှက်သွားတဲ့ရှောင်းကျန့်က ရိပေါ်ရဲ့ပုခုံးနုနုတွေကိုသာ ဖျစ်ညှစ်နေမိတော့သည်။ ရိပေါ်ကတော့ ရှက်နေတဲ့ရှောင်းကျန့်မျက်နှာကို ပြုံးပြုံးကြီးနဲ့ကြည့်နေလေသည်။

" ကျွန်တော်လည်း ညကျကျွေးမယ်နော် Jackကိုကို "

ကျိုးလုံကရှောင်းကျန့်ဂိုက်ဖမ်းကာ စတိုင်လ်ကျကျပြောလိုက်ပြီး Jackကိုပြီတီတီကြည့်သည်။ Jackရှက်သွားစေဖို့သူတကယ်ရည်ရွယ်ပါသည်။ ဒါပေမယ့်လည်း မခေသူJackက သူ့ကိုပြီတီတီပြန်ကြည့်လို့ 'ကျွေးတော့လည်းအဝစားရမှာပေါ့' ဆိုပြီး ပြန်ပြောလေသည်။ မအီမလည်ဖြစ်သွားတဲ့ကျိုးလုံရုပ်ကို ကျန်သုံးယောက်ကကြည့်ပြီးရယ်ကြသည်။

အချစ်တိုင်းကလှပပါတယ်။
ချစ်သောမျက်စိနဲ့ကြည့်မယ်ဆိုရင်ပေါ့...။

__________________________________

🦊 လက်ဆောင်ပေးချင်လာလို့ ထိုင်ရေးမိသွားပါကြောင်း ~

[20200214/Fri]






Continue Reading

You'll Also Like

16.4K 626 21
A man always live in a dream. He always thinking of that's girl. He can smiles of his overthinking. Everything he did it's just alone :)
813K 18.6K 47
In wich a one night stand turns out to be a lot more than that.
1.5K 218 5
ကျွန်တော်သာ ငှက်တစ်ကောင်ဆိုရင် ခများက ကျွန်တော်အမြင့်ပျံနိုင်အောင် ထောက်ပံ့ပေးတဲ့ တောင်ပံတစ်စုံပဲ ဖြစ်လိမ့်မယ်။
1.3M 53.2K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...