13

13.8K 943 46
                                    

WARNING : This part may contain some sex appeal.
You can choose read or don't!

.....................

ရှောင်းကျန့်တို့ ဘေကျင်းကနေ နေ့လည်၂နာရီလောက်ကထွက်လာတာ။ လေယာဉ်က ၁၀နာရီကျော်လောက်စီးရတော့ အခုဆို မနက်၁၂နာရီတောင်ကျော်ပြီ။ ဒါပေမယ့် ဘေကျင်းနဲ့မီလန်နဲ့ အချိန်ကွာခြားမှုကြောင့် ဘေကျင်းမှာ မနက်၁၂နာရီဆို ဒီမှာ မနက်၇နာရီဖြစ်နေပြီ။

((:""မီလန်က ဘေကျင်းထက် ၇နာရီစောပါတယ်
12:00 AM in Beijing
7:00 AM in Milan :'D))

တစ်ရေးနိုးမုန့်ထစားပြီးတာနဲ့ ပြန်အိပ်နေတဲ့ကလေးလေးကို ရှောင်းကျန့်ဖြေးညှင်းစွာပဲပွေ့ချီလိုက်တယ်။ နှိုးလိုက်ရင်အိပ်ရေးမဝဖြစ်သွားမှာကို ရှောင်းကျန့်စိုးရိမ်မိပါတယ်။ သူ့ကိုတခုခုအစီရင်ခံမယ့်ပုံနဲ့ ဘေးကပ်လာတဲ့ သူ့လက်ထောက်ကိုစကားမပြောဖို့ရာအတွက် ခေါင်းအသာယမ်းလို့ အသံတိတ်ခိုင်းလိုက်ရတယ်။ စကားပြောလိုက်လို့ သူ့ကလေးလေးနိုးသွားမှဖြင့်။

လေဆိပ်ကနေထွက်တော့ အသင့်ကြိုနေတဲ့ကားကိုတွေ့ရတယ်။ ကလေးခေါင်းကိုကားနဲ့ မထိခိုက်မိအောင်ဂရုစိုက်ရင်း အထဲဝင်လိုက်ပြီး ရှောင်းကျန့်တင်ပလ္လင်ခွေထိုင်လိုက်ရင်း မိခင်တွေသူတို့ကလေးလေးကို ပေါင်ပေါ်တင်ပွေ့ထားသလိုမျိုး ရှောင်းကျန့်လည်းကလေးငယ်ကိုပေါင်ပေါ်တင်ပွေ့ထားလိုက်တယ်။

ရိပေါ်ဟာ သူ့ရဲ့မြတ်နိုးရသော ချစ်မဝရှုမဝကလေးလေး။

" ကျွတ် ကျွတ် ကျွတ် ကျွတ် "

လူးလွန့်သွားတဲ့ခန္ဓာကိုယ်လေးကြောင့် ရှောင်းကျန့် ကလေးလေးတင်ပါးကိုပုတ်လို့ ပါးစပ်ကလည်း ကလေးလေးတွေအိပ်ပျော်နေရင် ချော့မြူသလို တကျွတ်ကျွတ်လုပ်လိုက်တယ်။ ရှောင်းကျန့်ရင်ဘတ်ကို ခေါင်းတိုးဝှေ့လို့ နှုတ်ခမ်းလေးတဆူဆူနဲ့ပြန်အိပ်ပျော်သွားတဲ့ရိပေါ်လေးက တကယ့်ကိုအူယားစရာ။

ရှောင်းကျန့်စိတ်မထိန်းနိုင်တာနဲ့ တင်ပါးလေးကိုညှစ်လိုက်တယ်။ ပြီးတော့ မခွာရက်သလို တင်ပါးပေါ်လေးမှာပဲ လက်ကိုတင်ထားလိုက်တယ်။ ဟိုတခါတည်းက ကြိတ်ကြံနေခဲ့ရတဲ့ မက်မွန်သီးလေးပါပဲ။ ပြီးတော့ ဆံပင်လုံးလုံးလေးကိုမွှေးကြူလိုက်တယ်။ ရှောင်းကျန့်ခရီးစဉ်ကြီး ပိုအသက်ဝင်သွားတယ်။ ပိုလှပသွားတယ်။ ပိုပြီးရင်ခုန်စရာကောင်းသွားတယ်။

Mr.XiaoWhere stories live. Discover now