Zawgyi
Love create u and me(50)
ခ်ီလာတဲ့တေလ်ွာက္လံုး ရီေပၚက အရင္လိုရန္ေတြ႔ျခင္းမျပဳဘဲ ၿငိမ္ေနတာေၾကာင့္ ငု႔ံၾကည့္လိုက္ေတာ့.....
ေ႐ွာင္က်န္႔အကႌ်ေကာ္လံစရဲ႕အနားသားကုိ အံႀကိတ္ၿပီးကုိက္ေနေလရဲ႕။အယ္ က်ေနာ္မ်က္စိမွားတာမ်ားလား။
က်ေနာ္ကုိယ္တိုင္လဲ ရီေပၚရဲ႕ထူးဆန္းတဲ့ပံုစံေလးေၾကာင့္ လမ္းေလ်ွာက္တာကုိ ခဏရပ္လိုက္ၿပီး ရင္ခြင္ထဲကေကာင္ေလးကုိျပန္ၾကည့္မိသည္။
တကယ္ကုိ က်ေနာ့္ရဲ႕ေကာ္လံစကုိကုိက္ေနေသာ ရီေပၚ။ေကာ္လံစကုိလက္ႏွစ္ဖက္နဲ႔ကုိင္ရင္း အံတႀကိတ္ႀကိတ္နဲ႔ကုိက္ေနတဲ့ေကာင္ေလးက ေ႐ွာင္က်န္႔ရပ္လိုက္တာကုိလဲသတိျပဳမိပံုမေပၚဘဲ ေကာ္လံစကုိသာအၿငိဳးတႀကီးသြားနဲ႔ကုိက္ဆြဲေနေတာ့သည္။
တကယ္႔ကုိ ေခြးေပါက္ေလးအတိုင္းပဲ။
ရီေပၚ ကေလးေလးေ႐ွ႕မွာ အနမ္းခံလိုက္ရတာကုိေတြးၿပီး မ်က္ႏွာလဲပူ ေဒါသလဲထြက္လာသည္။အခုေနာက္ပိုင္း အသားယူလာလြန္းတဲ့လူကုိ ထု႐ိုက္ၿပီးရန္ေတြ႔လိုက္ခ်င္ေပမဲ့ တကယ္တမ္းက်ေတာ့လဲ ရီေပၚမလုပ္ႏိုင္။သူ႔အသားနာသြားရင္ ဘယ္လိုလုပ္မလဲ။
အာ က်ေနာ္ ေျပာတာသူ႔အသားနာရင္ သူ က်ေနာ့္ကုိေဒါသထြက္ၿပီး ႐ုိက္ရင္ဘယ္လိုလုပ္မလဲလို႔ေျပာတာ။ဟုတ္တယ္။
အဲ့ေတာ့ သူ႔ကုိ႐ုိက္လို႔မရေတာ့ ရီေပၚ့မ်က္စိေ႐ွ႕မွာ ႐ွိေနတဲ့ေကာ္လံစကုိ ေ႐ွာင္က်န္႔အမွတ္နဲ႔ ႐ွိသမ်ွေဒါသေတြအကုန္စုပံုၿပီး ကုိက္ခ်ေနလိုက္သည္။
သိတယ္ က်ေနာ္အရမ္းကေလးဆန္ေနမိတယ္ဆိုတာ။
ခင္မ်ားက အက်င့္မေကာင္းတဲ့လူ။အသားယူတဲ့လူ။အ႐ွက္မ႐ွိတဲ့လူ ေ႐ွာင္က်န္႔။ေတစမ္း ေတစမ္း။
"ရီေပၚ.....ဘာလုပ္ေနတာလဲ....."
က်ေနာ္ေမးလိုက္ေတာ့ ေကာ္လံကုိကုိက္ေနတဲ့ေကာင္ေလးက အကႌ်စကုိလႊတ္လိုက္ကာ ရန္လိုတဲ့အၾကည့္ေတြနဲ႔ၾကည့္လာသည္။ပါးျပင္ႏွစ္ဖက္က ခုထိနီရဲေနပံုေထာက္ရင္ ေခြးေပါက္ေလးကအ႐ွက္မေျပေသးပံုပင္။
"မျမင္ဘူးလား ကုိက္ေနတာေလ....."
ေကာ္လံစကုိဆြဲယူၿပီး အားနဲ႔ကုိက္ေနတဲ့ပံုလုပ္ျပရင္း ေျပာလာတဲ့ရီေပၚက တကယ့္ကုိမာန္ဖီေနတဲ့ေခြးေပါက္ေလးပဲ။
"ျမင္တယ္ေလ ဒါမဲ့ဘာလို႔ကုိက္ေနတာလဲ အကႌ်ကုိ..."
ေ႐ွာင္က်န္႔ နားမလည္တဲ့ပံုစံနဲ႔ေမးမိေတာ့ ရီေပၚ့မ်က္ႏွာကေဒါသအ႐ွိန္ေၾကာင့္ ပိုပိုနီရဲလာေတာ့သည္။
"ခင္မ်ားကုိ မကုိက္ရလို႔ အ႐ွက္မ႐ွိတဲ့လူႀကီးရဲ႕...အကႌ်စကုိခင္မ်ားအမွတ္နဲ႔မွတ္ေလာက္သားေလာက္ေအာင္ ကုိက္ၿပီးဆံုးမေနတာ ...သိလား"
ရီေပၚ့စကားအဆံုး ေ႐ွာင္က်န္႔ရဲ႕ေျဖာင့္တန္းေနတဲ့မ်က္ေမွာင္ႏွစ္ခုက သိသိသာသာတြန္႔က်ိဳးသြားသည္။ရီေပၚထင္မိတာက မိမိစကားၾကားရင္ ဒီလိုကေလးဆန္တဲ့အျပဳအမူႀကီးကုိ ေလွာင္ရယ္ေနမယ္ေပါ့။သုိ႔ေပမဲ့ တည္တ့ံသြားတဲ့ေ႐ွာင္က်န္႔မ်က္ႏွာက အလိုမက်မႈေတြပိုလို႔ေတာင္ကိန္းေအာင္းလာဟန္။
က်ေနာ္အမွတ္နဲ႔ အကႌ်စကုိကုိက္ေနတာေပါ့။က်ေနာ့္ကုိေတာင္ အရင္တခါလက္ကုိကုိက္တာကလြဲရင္ မထိေတြ႔ခဲ့ဖူးတဲ့သြားေသးေသးေလးေတြက အကႌ်ကုိထိေတြ႔ခဲ့တယ္တဲ့လား။
က်ေနာ္ေတာင္မရဖူးေသးတဲ့အခြင့္အေရးတခုကုိ ဘာမဟုတ္တဲ့အကႌ်စကရသြားတာေပါ့ေလ။ထိုသို႔အေတြးဝင္လာသည္ႏွင့္ က်ေနာ့္ရင္ထဲအလိုမက်မႈေတြဝုန္းခနဲဝင္ေဆာင့္သည္။
ဒီေလာက္ေလးကုိ ေဒါသမျဖစ္သင့္မွန္းသိေပမဲ့လဲ ရီေပၚ့အေပၚထားတဲ့ကုိယ့္အခ်စ္က အနစ္နာခံမႈနဲ႔အတၱအခ်ိဳးမ်ွတစြာပါဝင္ၿပီးသားမို႔ စိတ္ကုိမထိန္းခ်ဳပ္ႏိုင္။
ရီေပၚ မိမိကုိစိတ္တိုသြားၿပီလားဟု ေတြးမိကာ ေခါင္းကုိတြင္တြင္ငု႔ံထားမိသည္။သူ႔အကႌ်စကုိဆြဲကုိင္ထားတဲ့လက္တို႔ကုိလႊတ္လိုက္ကာ သူ႔လည္ပင္းကုိသာျပန္သိုင္းဖက္ထားလိုက္သည္။
အရင္လို သူနဲ႔နီးနီးကပ္ကပ္ေနရမွာမေၾကာက္ေတာ့ေပမဲ့ အခုလိုၾကံဳရေတာ့လဲ ထိတ္လန္႔မိတာအမွန္ပဲ။က်ေနာ့္ကုိ ေဒါသထြက္ၿပီး စိတ္ပ်က္သြားမွာကုိေၾကာက္တာ။
ဘာစကားမွပင္မေျပာေတာ့ဘဲ ရီေပၚ့ကုိခ်ီလ်က္နဲ႔အခန္းဆီေလ်ွာက္လာတဲ့ ေ႐ွာင္က်န္႔ေၾကာင့္ ရီေပၚကုိယ္တိုင္လဲ အသံပင္မထြက္ရဲ။
ရီေပၚ မဝ့ံမရဲအေပၚကုိေမာ့ၾကည့္မိေတာ့ ႏူးည့ံျခင္းမ႐ွိတဲ့မ်က္ဝန္းတစုံနဲ႔တည့္တည့္တိုးသည္။ထိုမ်က္ဝန္းေတြကုိၾကည့္ရင္းနဲ႔ ေ႐ွာင္က်န္႔စိတ္ဆိုးေနမွန္းခံစားမိသည္မို႔ ရီေပၚ့မ်က္ဝန္းထဲ မ်က္ရည္စေလးေတြရစ္သုိင္းလာေတာ့သည္။
ထို႔ျပင္ ဘာကုိစိတ္ဆိုးသြားမွန္း မသိေသာအေျခအေနႀကီးက ရီေပၚ့ကုိပိုမိုဝမ္းနည္းလာေစသည္။
အခန္းေ႐ွ႕ေရာက္ေတာ့ ေစ့႐ုံေစ့ထားတဲ့အခန္းတံခါးက ႐ွည္လ်ားတဲ့ေျခတံတစုံေၾကာင့္ အသံက်ယ္ႀကီးနဲ႔ပြင့္ဟသြားေတာ့သည္။အလားတူ ေ႐ွာင္က်န္႔လက္ထဲက ရီေပၚ့ကုိယ္လံုးေလးမွာလဲတုန္ယင္သြားလ်က္။
ေ႐ွာင္က်န္႔က ရီေပၚ့ကုိကုတင္ေပၚအသာခ်ေပးလိုက္ေတာ့ ရီေပၚကအလိုက္မသိစြာေနာက္ဆုတ္သြားသည္။
"ေ႐ွာင္ ေ႐ွာင္က်န္႔....."
ကုတင္ေခါင္းရင္းကုိအတင္းဆုတ္သြားတဲ့ရီေပၚ့လက္ကုိဖမ္းဆြဲထားလိုက္ေတာ့ မ႐ုန္းကန္ေသာ္လည္း ထစ္ထစ္အအ ထြက္ေပၚလာတဲ့အသံေလးေတြ။
"အင့္ ဘာလုပ္...."
ေ႐ွာင္က်န္႔ ေၾကာက္ရြ႔ံသလိုျဖစ္ေနတဲ့ ရီေပၚကုိ လက္ကေဆာင့္ဆြဲလိုက္ေတာ့ ရင္ခြင္ထဲတန္းေရာက္လာသည္။ရင္ခြင္ထဲကေန ေခါင္းျပန္ေမာ့မလာဘဲ အတုန္တုန္အရီရီျဖစ္ေနတဲ့ေကာင္ေလးကုိ ၾကည့္ၿပီး ေ႐ွာင္က်န္႔ပိုလို႔ပင္ၾကမ္းတမ္းခ်င္မိလာသည္။
"...ေ႐ွာင္.....အ....ခင္မ်ား...."
ရင္ခြင္ထဲကရီေပၚ့ကုိယ္ေလးကုိ ခါးကေနထိန္းဖက္ရင္း ေမြ႔ယာေပၚတြန္းလွဲလိုက္ကာ အေပၚကအုပ္မိုးလိုက္ေတာ့ အ့ံျသသြားပုံရတဲ့ေကာင္ေလးက ေ႐ွာင္က်န္႔ရင္ဘတ္ကုိတြန္းထုတ္ဖို႔ေတာ့မေမ့။
"ေ႐ွာင္က်န္႔ ခင္ ခင္မ်ား... ဘာလုပ္မလို႔လဲ.... "
ရီေပၚ့ရဲ႕ရန္လိုစြာတြန္းထုတ္ေနတဲ့လက္ကေလးႏွစ္ဖက္ကုိေရွာင္က်န့္လက္တဖက္တည္းနဲ့ခ်ုပ္ကုိင္ကာ ေခါင္းရင္းဘက္ပို႔ထားလိုက္ရင္း မိမိအကႌ်အေပၚၾကယ္သီးကုိျဖဳတ္လိုက္ေတာ့ မ်က္စိႏွစ္ဖက္စုံမွိတ္ခ်လိုက္ၿပီး ရီေပၚကထေအာ္တယ္။
ခုနကေခြးေပါက္ေလးကုိက္သြားတဲ့ အကႌ်ေကာ္လံက ျပဲရာေလးေတြဟုိတစသည္တစရယ္ တံေတြးတခ်ိဳ႕နဲ႔စိုရြဲေနတာျမင္ေတာ့ ေ႐ွာင္က်န္႔သေဘာတက်ျပံဳးလိုက္မိတယ္။
ဒီအကႌ်ကုိလံုးဝမေလ်ွာ္ေတာ့ဘူး။ဒီတိုင္းသိမ္းထားမယ္။
အကႌ်အေပၚၾကယ္သီးသုံးလံုးေလာက္ျဖဳတ္ၿပီးေတာ့မွ ဟျပဲေနတဲ့ရင္ဘတ္ကုိလ်စ္လ်ဴ႐ႈရင္း မ်က္စိစုံမွိတ္ထားတဲ့ရီေပၚရဲ႔ နားရြက္ဖ်ားနီနီေလးဆီကုိ ငု႔ံသြားလိုက္တယ္။
"ကုိယ့္ကုိကုိက္...."
"ဗ်ာ....."
နားနားကုိတိုးတိုးကပ္ေျပာလိုက္ေတာ့ ရီေပၚကမ်က္လံုးေတြပြင့္လာၿပီး အာေမဋိတ္သံေလးျပဳသည္။
"ကုိယ့္ကုိမေက်နပ္လို႔ဆံုးမခ်င္တယ္ဆုိ ကုိယ့္ကုိပဲကုိက္ ဘာမဟုတ္တဲ့အကႌ်ကုိမကုိက္နဲ႔...."
ထပ္မံေျပာလာတဲ့ေ႐ွာင္က်န္႔စကားေတြေၾကာင့္ ရီေပၚပူထူသြားေတာ့သည္။ဒါဆိုဘာလဲ သူကငါ့ကုိစိတ္ပ်က္ၿပီးေဒါသထြက္သြားတာမဟုတ္ဘူးေပါ့ေလ။ရီေပၚ ကုိယ့္အထင္နဲ႔ကုိယ္ေၾကာက္စိတ္ေတြဝင္ေနမိတာကုိေတြးရင္း မ်က္ႏွာတခုလံုးနီရဲလာေတာ့သည္။
ၿပီးေတာ့ မိမိေပၚကေန အုပ္မိုးထားတဲ့သူရဲ႕ျဖဴေဖြးေဖြးရင္ဘတ္က်ယ္က်ယ္တို႔ေၾကာင့္ ပိုလို႔ပင္႐ွက္လာရသည္။
"မကုိက္ဘူးဗ်ာ... က်ေနာ့္ကုိလႊတ္ေတာ့...."
"မရဘူး ကုိယ့္ကုိမေက်နပ္ရင္ ကုိက္ၿပီးဆံုးမရမွာေပါ့.... ကုိက္ကုိကုိက္သင့္တယ္...."
"က်ေနာ္ ခင္မ်ားကုိမေက်နပ္တာမ႐ွိေတာ့ဘူးလို႔ အာ့တာေၾကာင့္ မကုိက္ပါဘူးဆိုေန..."
ရီေပၚ ေ႐ွာင္က်န္႔မ်က္လံုးကုိစုိက္ၾကည့္ကာ အေသအေၾကျငင္းေနမိသည္။သူ႔ရဲ႕ရီေဝေဝမ်က္လံုးေတြေၾကာင့္ က်ေနာ့္ရင္ေတြခုန္ေနေပမဲ့ သူ႔ရင္ဘတ္ကုိအၾကည့္ပုိ႔မိရင္ ပိုေၾကာက္ဖို႔ေကာင္းလိမ့္မယ္။
ကုိက္စရာလားဗ်ာ။႐ွက္စရာႀကီးကုိ။
"မကုိက္ရင္ မလႊတ္ေပးေတာ့ဘူး....."
"ဘာ...ခင္မ်ား....."
အရယ္အျပံဳးမ႐ွိေျပာေနတဲ့ေ႐ွာင္က်န္႔ပံုစံက ေနာက္ေနတဲ့အရိပ္အေယာင္စိုးစဥ္းမ်ွမ႐ွိ။တကယ္ပဲ ဘာျဖစ္ခ်င္ေနတာလဲ။
"မရဘူး မကုိက္ဘူး.. က်ေနာ္လံုးဝမကုိက္ဘူး... အ့ေၾကာင့္ အခုက်ေနာ့္ကုိလႊတ္ဗ်ာ.....အခုလႊတ္....."
ရီေပၚ လစ္လပ္ေနတဲ့ေျခေထာက္ႏွစ္ေခ်ာင္းကုိ ႐ုန္းကန္လိုက္ေပမဲ့ ဘယ္အခ်ိန္တည္းက ခ်ဳပ္ေႏွာင္ခ်င္ေနမွန္းမသိတဲ့ ေ႐ွာင္က်န္႔ရဲ႕ဒူးႏွစ္ဖက္က ရီေပၚ့ေျခတံသြယ္သြယ္ေတြကုိညႇပ္ခ်ဳပ္လိုက္သည္။
"ရတယ္ေလ ရီေပၚမကုိက္ရင္ ကုိယ္ကုိက္မယ္...."
ေျပာၿပီးတာနဲ႔လည္ပင္းဆီငု႔ံကုိင္းလာတဲ့ေ႐ွာင္က်န္႔ေခါင္းေၾကာင့္ ရီေပၚအသံကုန္ထေအာ္မိသည္။
"အား မလုပ္နဲ႔ ခင္မ်ားမလုပ္နဲ႔... က်ေနာ္....က်ေနာ္ကုိက္မယ္ ဟုတ္ၿပီလား......"
ေ႐ွာင္က်န္႔ မိမိေအာက္ကအူယားဖားယားျဖစ္ေနတဲ့ေကာင္ေလးကုိၾကည့္ကာ စိတ္ထဲမွာအသဲတယားယား။ဟိြဳက္ခြမ္းလုပ္ခိုင္းတဲ့ ပထမဆံုးစမ္းသပ္ခ်က္ေတာ့ ေအာင္ျမင္သြားၿပီ။
က်ေနာ့္ရဲ႕ၾကမ္းတမ္းတဲ့ပံုကုိျမင္တာေတာင္ အရင္ကေလာက္မေၾကာက္ေတာ့ဘူးဆိုေတာ့ ရီေပၚ့စိတ္အေျခအေနကသိသိသာသာေကာင္းလာၿပီပဲ။
ေ႐ွာင္က်န္႔မ်က္ႏွာမွာ လူျမင္မေကာင္းတဲ့အျပံဳးႀကီးျဖစ္ထြန္းလာၿပီး ရီေပၚ့ဗိုက္ကေလးကုိထိမိမွာစိုးလို႔ ကုန္းကြကြလုပ္ထားတဲ့ ခႏၶာကုိယ္ကုိ ရီေပၚ့ေဘးနားလွဲခ်လိုက္သည္။
ရီေပၚ့လက္ေတြကုိလား မလႊတ္ေပးပါဘူး။ေျခေထာက္ေတြကုိလဲ ဒူးနဲ႔ညႇပ္ခ်ဳပ္ထားေတာ့ ေ႐ွာင္က်န္႔နဲ႔မ်က္ႏွာခ်င္းဆိုင္လွဲအိပ္မိေနတဲ့ေကာင္ေလးက လက္ေရာေျခေရာအေၾကာပိတ္ခံထားရသလိုပဲ။မလႈပ္ႏိုင္မ႐ုန္းႏိုင္ပဲ ဆူပုတ္ပုတ္နဲ႔ခ်စ္စရာေလးရယ္။
"ကုိယ္အဆင္သင့္ပဲ လာကုိက္......"
ေ႐ွာင္က်န္႔လိုရင္းတန္းေျပာလိုက္ေပမဲ့ မ်က္ႏွာကေတာ့ျပံဳးၿဖီးေနမွာအေသခ်ာပင္။ႏႈတ္ခမ္းဆူပြပြနဲ႔ ရီေပၚက ေ႐ွာင္က်န္႔ကုိျကည့္ရင္း မ်က္ေစာင္းျမႇားတစ္စင္းကုိ လွလွေလးပစ္ခြင္းတယ္။
အစကတည္းက ဦးတည္ခ်က္တိက်လြန္းတဲ့ျမႇားေလးက ေ႐ွာင္က်န္႔ရင္ဘတ္ကုိတန္းစိုက္တယ္။အရင္တည္းက အႀကိမ္ႀကိမ္က်႐ွံုးၿပီးသားႏွလံုးသားတစုံက စုေဆာင္းထားတဲ့အလံျဖဴေတြ တခုၿပီးတခုေထာင္ျပေတာ့တာပဲ။
အနားကုိတေရြ႔ေရြ႔တိုးလာတဲ့ ရီေပၚကေ႐ွာင္က်န္႔ရဲ႕ပြင့္ဟေနတဲ့ရင္ဘတ္ျဖဴျဖဴကုိမွင္ေသေသစိုက္ၾကည့္တယ္။ထိုေနရာကေန အၾကည့္မခြာေတာ့တဲ့ေကာင္ေလးေၾကာင့္ ေ႐ွာင္က်န္႔ရင္ဘတ္ကအကႌ်စကုိပိုဟလိုက္တယ္။မျမင္ရမွာစိုးလို႔ပါ။
အတန္ၾကာစိုက္ၾကည့္ၿပီးမွ ရီေပၚကေ႐ွာင္က်န္႔ကုိေမာ့ၾကည့္လာတယ္။
" ဟြန္႔ ျပားကပ္ေနတာပဲ....."
ႏႈတ္ခမ္းကုိမဲ့ကာရြဲ႔ကာေျပာလာတဲ့ရီေပၚ့စကားေၾကာင့္ ေ႐ွာင္က်န္႔ခဏတာနင္သြားရေပမဲ့ ဘုကန္႔လန္႔ေလးရဲ႕ပါးႏွစ္ဖက္နီရဲေနတာျမင္ေတာ့ စိတ္ထဲႀကိတ္ျပံဳးလိုက္တယ္။
ညာေနျပန္ၿပီ အဆိုးေလးရာ။
"ျပားကပ္ေနတာအသာထားပါ ကုိက္ဖို႔အေရးကုိအခ်ိန္ေတြဆြဲေနတာလား ဘာလဲ မင္းေလး႐ွက္ေနတာမလား..."
ေအာင္ႏိုင္သူတေယာက္လိုခပ္စစရယ္ရင္း ေျပာေနတဲ့ကုိယ့္ကုိကုိယ္ျပန္ျမင္ေယာင္ၾကည့္လိုက္တယ္။ငါဘယ္တုန္းကမ်ား ဒီေလာက္မ်က္ႏွာ႐ူးသြားရတာလဲ။
"႐ူးေနလား ဘယ္သူက႐ွက္ေနလို႔လဲ.....အဲ့ေလာက္အကုိက္ခံခ်င္ေနတာ ခင္မ်ားရင္ဘတ္ႀကီး ျပားကပ္ရာကေနခ်ိဳင့္ဝင္သြားေအာင္ကုိကုိက္ပစ္မယ္..."
ေျပာၿပီးတာနဲ႔ ေ႐ွာင္က်န္႔ဆီပစ္ဝင္လာတဲ့ရီေပၚ။ရင္ၫြန္႔က စူးခနဲျဖစ္သြားတာေၾကာင့္ ေ႐ွာင္က်န္႔ မိမိခ်ဳပ္ထားတဲ့ရီေပၚ့လက္ေလးေတြကုိလႊတ္ေပးလိုက္တယ္။ထိုကုိက္ခ်က္ေလးနဲ႔တင္ မိမိေဘာင္းဘီမွာစိုရြဲသြားတာကုိေတာ့ မသိခ်င္ေယာင္ေဆာင္ရင္း။
ၿပီးေတာ့ မိမိရင္ဘတ္ထဲေခါင္းစိုက္ေနတဲ့ေကာင္ေလးရဲ႕ကုိယ္ေလးကုိတိုးဖက္လိုက္ရင္း ဆံပင္ကုိပြတ္သပ္ေနလိုက္တယ္။
ရင္ၫႊန္႔တေနရာတည္းကုိပဲ အၿငိဳးႀကီးစြာ ထပ္ခါထပ္ခါကုိက္ေနတဲ့ေခြးေပါက္ေလးေၾကာင့္ မဆိုသေလာက္ေလးနာက်င္သြားေပမဲ့ ေ႐ွာင္က်န္႔အံကုိႀကိတ္ထားလိုက္တယ္။
နာလားဆိုေတာ့ နာတာေပါ့။ဒါေပမဲ့ က်ေနာ့္အသားထဲရီေပၚ့သြားေသးေသးေလးေတြစူးဝင္လာတိုင္း ရီေပၚရဲ႕အရာတိုင္းက က်ေနာ့္အတြက္ပဲဆိုတဲ့အသိက က်ေနာ့္ႏွလံုးသားကုိေပ်ာ္ရႊင္ေစတယ္။
ပထမစမ္းသပ္ခ်က္ကအဆင္ေျပေပမဲ့ ေနာက္ဆံုးစမ္းသပ္ခ်က္ကုိလုပ္ဖို႔ေတြးမိေတာ့ ေ႐ွာင္က်န္႔ရင္ထဲစိုးရိမ္စိတ္တို႔က ငလ်င္လိုအေၾကာင္းမၾကားပဲဝင္ေရာက္လာသည္။
ေအာင္ျမင္ရင္ ကုိယ္နဲ႔မင္းရဲ႕အနာဂတ္ကသာယာသြားႏိုင္သလို က်႐ွံုးခဲ့ရင္လဲ ကုိယ့္အတြက္ေပးဆပ္မႈအႀကီးႀကီးၾကံဳရဦးမယ္။မင္းဆီကထြက္သြားျခင္းဆိုတဲ့ ေပးဆပ္မႈေပါ့။
အခုလဲ ေပ်ာ္ရႊင္ေနရေပမဲ့ ကုိယ္မင္းႏွလံုးသားကုိဒီထက္ပိုနားလည္ခ်င္တယ္ ကေလးရယ္။
"အား....နာတာကြာ......."
အေတြးလြန္ေနမိတဲ့ေ႐ွာင္က်န္႔က ရီေပၚရဲ႕အားျပင္းျပင္းကုိက္ခ်မႈကုိခံစားလိုက္ရမွသာ သတိျပန္ဝင္လာသည္။
"ကုိက္ပါတယ္ဆိုမွေတာ့ နာမွာေပါ့....."
အခုမွေက်နပ္သြားဟန္ ေခါင္းေဖာ္ရန္ေတြ႔လာတဲ့ရီေပၚက ႏႈတ္ခမ္းေထာင့္မွာေသြးစေလးတခ်ိဳ႕ေတာင္ေပေနေသးသည္။
ေ႐ွာင္က်န္႔ မိမိရင္ဘတ္ကုိျပန္ငု႔ံၾကည့္လိုက္တယ္။သြားရာေလးေတြအကြင္းလိုက္ထၿပီး ေသြးစို႔ေနတာနီရဲလို႔။
"ေတာ္ၿပီ အိပ္ေတာ့မယ္ ခင္မ်ားကုိကုိက္ရတာ က်ေနာ့္သြားေတြနာတယ္....."
ေျပာၿပီးတာနဲ႔ ခ်က္ခ်င္းဟုိဘက္လွည့္ၿပီး ေစာင္ျခံဳအိပ္သြားတဲ့ရီေပၚကုိၾကည့္ရင္း ေ႐ွာင္က်န္႔မိမိအကႌ်ၾကယ္သီးေတြျပန္တပ္လိုက္တယ္။ေျခတံ႐ွည္႐ွည္ေတြက ရီေပၚ့ေစာင္ထဲတိုးဝင္ဖို႔မေမ့သလို လက္ေတြကလဲရီေပၚ့ခါးေလးကုိဖက္ဖို႔မေမ့ဘူး။
အသက္႐ႈသံတမ်ွင္းမ်ွင္းထြက္လာတဲ့ရီေပၚက အိပ္ေပ်ာ္ႏိုင္ပံုရေပမဲ့ မအိပ္ေပ်ာ္ႏိုင္ဘဲျပံဳးၿဖီးေနမိတာ ေ႐ွာင္က်န္႔။
မနက္က်ရင္ ဟိြဳက္ခြမ္းနဲ႔က်ိဳးခ်န္ကုိ ရင္ဘတ္က အကြက္ႀကီးကုိ Love bite ဆိုၿပီး သြားႂကြားဖို႔စဥ္းစားရင္း။
...........................................................................
Unicode
Love create u and me(50)
ချီလာတဲ့တလျှောက်လုံး ရီပေါ်က အရင်လိုရန်တွေ့ခြင်းမပြုဘဲ ငြိမ်နေတာကြောင့် ငု့ံကြည့်လိုက်တော့.....
ရှောင်ကျန့်အင်္ကီျကော်လံစရဲ့အနားသားကို အံကြိတ်ပြီးကိုက်နေလေရဲ့။အယ် ကျနော်မျက်စိမှားတာများလား။
ကျနော်ကိုယ်တိုင်လဲ ရီပေါ်ရဲ့ထူးဆန်းတဲ့ပုံစံလေးကြောင့် လမ်းလျှောက်တာကို ခဏရပ်လိုက်ပြီး ရင်ခွင်ထဲကကောင်လေးကိုပြန်ကြည့်မိသည်။
တကယ်ကို ကျနော့်ရဲ့ကော်လံစကိုကိုက်နေသော ရီပေါ်။ကော်လံစကိုလက်နှစ်ဖက်နဲ့ကိုင်ရင်း အံတကြိတ်ကြိတ်နဲ့ကိုက်နေတဲ့ကောင်လေးက ရှောင်ကျန့်ရပ်လိုက်တာကိုလဲသတိပြုမိပုံမပေါ်ဘဲ ကော်လံစကိုသာအငြိုးတကြီးသွားနဲ့ကိုက်ဆွဲနေတော့သည်။
တကယ့်ကို ခွေးပေါက်လေးအတိုင်းပဲ။
ရီပေါ် ကလေးလေးရှေ့မှာ အနမ်းခံလိုက်ရတာကိုတွေးပြီး မျက်နှာလဲပူ ဒေါသလဲထွက်လာသည်။အခုနောက်ပိုင်း အသားယူလာလွန်းတဲ့လူကို ထုရိုက်ပြီးရန်တွေ့လိုက်ချင်ပေမဲ့ တကယ်တမ်းကျတော့လဲ ရီပေါ်မလုပ်နိုင်။သူ့အသားနာသွားရင် ဘယ်လိုလုပ်မလဲ။
အာ ကျနော် ပြောတာသူ့အသားနာရင် သူ ကျနော့်ကိုဒေါသထွက်ပြီး ရိုက်ရင်ဘယ်လိုလုပ်မလဲလို့ပြောတာ။ဟုတ်တယ်။
အဲ့တော့ သူ့ကိုရိုက်လို့မရတော့ ရီပေါ့်မျက်စိရှေ့မှာ ရှိနေတဲ့ကော်လံစကို ရှောင်ကျန့်အမှတ်နဲ့ ရှိသမျှဒေါသတွေအကုန်စုပုံပြီး ကိုက်ချနေလိုက်သည်။
သိတယ် ကျနော်အရမ်းကလေးဆန်နေမိတယ်ဆိုတာ။
ခင်များက အကျင့်မကောင်းတဲ့လူ။အသားယူတဲ့လူ။အရှက်မရှိတဲ့လူ ရှောင်ကျန့်။တေစမ်း တေစမ်း။
"ရီပေါ်.....ဘာလုပ်နေတာလဲ....."
ကျနော်မေးလိုက်တော့ ကော်လံကိုကိုက်နေတဲ့ကောင်လေးက အင်္ကီျစကိုလွှတ်လိုက်ကာ ရန်လိုတဲ့အကြည့်တွေနဲ့ကြည့်လာသည်။ပါးပြင်နှစ်ဖက်က ခုထိနီရဲနေပုံထောက်ရင် ခွေးပေါက်လေးကအရှက်မပြေသေးပုံပင်။
"မမြင်ဘူးလား ကိုက်နေတာလေ....."
ကော်လံစကိုဆွဲယူပြီး အားနဲ့ကိုက်နေတဲ့ပုံလုပ်ပြရင်း ပြောလာတဲ့ရီပေါ်က တကယ့်ကိုမာန်ဖီနေတဲ့ခွေးပေါက်လေးပဲ။
"မြင်တယ်လေ ဒါမဲ့ဘာလို့ကိုက်နေတာလဲ အင်္ကီျကို..."
ရှောင်ကျန့် နားမလည်တဲ့ပုံစံနဲ့မေးမိတော့ ရီပေါ့်မျက်နှာကဒေါသအရှိန်ကြောင့် ပိုပိုနီရဲလာတော့သည်။
"ခင်များကို မကိုက်ရလို့ အရှက်မရှိတဲ့လူကြီးရဲ့...အင်္ကီျစကိုခင်များအမှတ်နဲ့မှတ်လောက်သားလောက်အောင် ကိုက်ပြီးဆုံးမနေတာ ...သိလား"
ရီပေါ့်စကားအဆုံး ရှောင်ကျန့်ရဲ့ဖြောင့်တန်းနေတဲ့မျက်မှောင်နှစ်ခုက သိသိသာသာတွန့်ကျိုးသွားသည်။ရီပေါ်ထင်မိတာက မိမိစကားကြားရင် ဒီလိုကလေးဆန်တဲ့အပြုအမူကြီးကို လှောင်ရယ်နေမယ်ပေါ့။သို့ပေမဲ့ တည်တ့ံသွားတဲ့ရှောင်ကျန့်မျက်နှာက အလိုမကျမှုတွေပိုလို့တောင်ကိန်းအောင်းလာဟန်။
ကျနော်အမှတ်နဲ့ အင်္ကီျစကိုကိုက်နေတာပေါ့။ကျနော့်ကိုတောင် အရင်တခါလက်ကိုကိုက်တာကလွဲရင် မထိတွေ့ခဲ့ဖူးတဲ့သွားသေးသေးလေးတွေက အင်္ကီျကိုထိတွေ့ခဲ့တယ်တဲ့လား။
ကျနော်တောင်မရဖူးသေးတဲ့အခွင့်အရေးတခုကို ဘာမဟုတ်တဲ့အင်္ကီျစကရသွားတာပေါ့လေ။ထိုသို့အတွေးဝင်လာသည်နှင့် ကျနော့်ရင်ထဲအလိုမကျမှုတွေဝုန်းခနဲဝင်ဆောင့်သည်။
ဒီလောက်လေးကို ဒေါသမဖြစ်သင့်မှန်းသိပေမဲ့လဲ ရီပေါ့်အပေါ်ထားတဲ့ကိုယ့်အချစ်က အနစ်နာခံမှုနဲ့အတ္တအချိုးမျှတစွာပါဝင်ပြီးသားမို့ စိတ်ကိုမထိန်းချုပ်နိုင်။
ရီပေါ် မိမိကိုစိတ်တိုသွားပြီလားဟု တွေးမိကာ ခေါင်းကိုတွင်တွင်ငု့ံထားမိသည်။သူ့အင်္ကီျစကိုဆွဲကိုင်ထားတဲ့လက်တို့ကိုလွှတ်လိုက်ကာ သူ့လည်ပင်းကိုသာပြန်သိုင်းဖက်ထားလိုက်သည်။
အရင်လို သူနဲ့နီးနီးကပ်ကပ်နေရမှာမကြောက်တော့ပေမဲ့ အခုလိုကြုံရတော့လဲ ထိတ်လန့်မိတာအမှန်ပဲ။ကျနော့်ကို ဒေါသထွက်ပြီး စိတ်ပျက်သွားမှာကိုကြောက်တာ။
ဘာစကားမှပင်မပြောတော့ဘဲ ရီပေါ့်ကိုချီလျက်နဲ့အခန်းဆီလျှောက်လာတဲ့ ရှောင်ကျန့်ကြောင့် ရီပေါ်ကိုယ်တိုင်လဲ အသံပင်မထွက်ရဲ။
ရီပေါ် မဝ့ံမရဲအပေါ်ကိုမော့ကြည့်မိတော့ နူးည့ံခြင်းမရှိတဲ့မျက်ဝန်းတစုံနဲ့တည့်တည့်တိုးသည်။ထိုမျက်ဝန်းတွေကိုကြည့်ရင်းနဲ့ ရှောင်ကျန့်စိတ်ဆိုးနေမှန်းခံစားမိသည်မို့ ရီပေါ့်မျက်ဝန်းထဲ မျက်ရည်စလေးတွေရစ်သိုင်းလာတော့သည်။
ထို့ပြင် ဘာကိုစိတ်ဆိုးသွားမှန်း မသိသောအခြေအနေကြီးက ရီပေါ့်ကိုပိုမိုဝမ်းနည်းလာစေသည်။
အခန်းရှေ့ရောက်တော့ စေ့ရုံစေ့ထားတဲ့အခန်းတံခါးက ရှည်လျားတဲ့ခြေတံတစုံကြောင့် အသံကျယ်ကြီးနဲ့ပွင့်ဟသွားတော့သည်။အလားတူ ရှောင်ကျန့်လက်ထဲက ရီပေါ့်ကိုယ်လုံးလေးမှာလဲတုန်ယင်သွားလျက်။
ရှောင်ကျန့်က ရီပေါ့်ကိုကုတင်ပေါ်အသာချပေးလိုက်တော့ ရီပေါ်ကအလိုက်မသိစွာနောက်ဆုတ်သွားသည်။
"ရှောင် ရှောင်ကျန့်....."
ကုတင်ခေါင်းရင်းကိုအတင်းဆုတ်သွားတဲ့ရီပေါ့်လက်ကိုဖမ်းဆွဲထားလိုက်တော့ မရုန်းကန်သော်လည်း ထစ်ထစ်အအ ထွက်ပေါ်လာတဲ့အသံလေးတွေ။
"အင့် ဘာလုပ်...."
ရှောင်ကျန့် ကြောက်ရွ့ံသလိုဖြစ်နေတဲ့ ရီပေါ်ကို လက်ကဆောင့်ဆွဲလိုက်တော့ ရင်ခွင်ထဲတန်းရောက်လာသည်။ရင်ခွင်ထဲကနေ ခေါင်းပြန်မော့မလာဘဲ အတုန်တုန်အရီရီဖြစ်နေတဲ့ကောင်လေးကို ကြည့်ပြီး ရှောင်ကျန့်ပိုလို့ပင်ကြမ်းတမ်းချင်မိလာသည်။
"...ရှောင်.....အ....ခင်များ...."
ရင်ခွင်ထဲကရီပေါ့်ကိုယ်လေးကို ခါးကနေထိန်းဖက်ရင်း မွေ့ယာပေါ်တွန်းလှဲလိုက်ကာ အပေါ်ကအုပ်မိုးလိုက်တော့ အ့ံသြသွားပုံရတဲ့ကောင်လေးက ရှောင်ကျန့်ရင်ဘတ်ကိုတွန်းထုတ်ဖို့တော့မမေ့။
"ရှောင်ကျန့် ခင် ခင်များ... ဘာလုပ်မလို့လဲ.... "
ရီပေါ့်ရဲ့ရန်လိုစွာတွန်းထုတ်နေတဲ့လက်ကလေးနှစ်ဖက်ကိုရှောင်ကျန့်လက်တဖက်တည်းနဲ့ချုပ်ကိုင်ကာ ခေါင်းရင်းဘက်ပို့ထားလိုက်ရင်း မိမိအင်္ကီျအပေါ်ကြယ်သီးကိုဖြုတ်လိုက်တော့ မျက်စိနှစ်ဖက်စုံမှိတ်ချလိုက်ပြီး ရီပေါ်ကထအော်တယ်။
ခုနကခွေးပေါက်လေးကိုက်သွားတဲ့ အင်္ကီျကော်လံက ပြဲရာလေးတွေဟိုတစသည်တစရယ် တံတွေးတချို့နဲ့စိုရွဲနေတာမြင်တော့ ရှောင်ကျန့်သဘောတကျပြုံးလိုက်မိတယ်။
ဒီအင်္ကီျကိုလုံးဝမလျှော်တော့ဘူး။ဒီတိုင်းသိမ်းထားမယ်။
အင်္ကီျအပေါ်ကြယ်သီးသုံးလုံးလောက်ဖြုတ်ပြီးတော့မှ ဟပြဲနေတဲ့ရင်ဘတ်ကိုလျစ်လျူရှုရင်း မျက်စိစုံမှိတ်ထားတဲ့ရီပေါ်ရဲ့ နားရွက်ဖျားနီနီလေးဆီကို ငု့ံသွားလိုက်တယ်။
"ကိုယ့်ကိုကိုက်...."
"ဗျာ....."
နားနားကိုတိုးတိုးကပ်ပြောလိုက်တော့ ရီပေါ်ကမျက်လုံးတွေပွင့်လာပြီး အာမေဋိတ်သံလေးပြုသည်။
"ကိုယ့်ကိုမကျေနပ်လို့ဆုံးမချင်တယ်ဆို ကိုယ့်ကိုပဲကိုက် ဘာမဟုတ်တဲ့အင်္ကီျကိုမကိုက်နဲ့...."
ထပ်မံပြောလာတဲ့ရှောင်ကျန့်စကားတွေကြောင့် ရီပေါ်ပူထူသွားတော့သည်။ဒါဆိုဘာလဲ သူကငါ့ကိုစိတ်ပျက်ပြီးဒေါသထွက်သွားတာမဟုတ်ဘူးပေါ့လေ။ရီပေါ် ကိုယ့်အထင်နဲ့ကိုယ်ကြောက်စိတ်တွေဝင်နေမိတာကိုတွေးရင်း မျက်နှာတခုလုံးနီရဲလာတော့သည်။
ပြီးတော့ မိမိပေါ်ကနေ အုပ်မိုးထားတဲ့သူရဲ့ဖြူဖွေးဖွေးရင်ဘတ်ကျယ်ကျယ်တို့ကြောင့် ပိုလို့ပင်ရှက်လာရသည်။
"မကိုက်ဘူးဗျာ... ကျနော့်ကိုလွှတ်တော့...."
"မရဘူး ကိုယ့်ကိုမကျေနပ်ရင် ကိုက်ပြီးဆုံးမရမှာပေါ့.... ကိုက်ကိုကိုက်သင့်တယ်...."
"ကျနော် ခင်များကိုမကျေနပ်တာမရှိတော့ဘူးလို့ အာ့တာကြောင့် မကိုက်ပါဘူးဆိုနေ..."
ရီပေါ် ရှောင်ကျန့်မျက်လုံးကိုစိုက်ကြည့်ကာ အသေအကြေငြင်းနေမိသည်။သူ့ရဲ့ရီဝေဝေမျက်လုံးတွေကြောင့် ကျနော့်ရင်တွေခုန်နေပေမဲ့ သူ့ရင်ဘတ်ကိုအကြည့်ပို့မိရင် ပိုကြောက်ဖို့ကောင်းလိမ့်မယ်။
ကိုက်စရာလားဗျာ။ရှက်စရာကြီးကို။
"မကိုက်ရင် မလွှတ်ပေးတော့ဘူး....."
"ဘာ...ခင်များ....."
အရယ်အပြုံးမရှိပြောနေတဲ့ရှောင်ကျန့်ပုံစံက နောက်နေတဲ့အရိပ်အယောင်စိုးစဉ်းမျှမရှိ။တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။
"မရဘူး မကိုက်ဘူး.. ကျနော်လုံးဝမကိုက်ဘူး... အ့ကြောင့် အခုကျနော့်ကိုလွှတ်ဗျာ.....အခုလွှတ်....."
ရီပေါ် လစ်လပ်နေတဲ့ခြေထောက်နှစ်ချောင်းကို ရုန်းကန်လိုက်ပေမဲ့ ဘယ်အချိန်တည်းက ချုပ်နှောင်ချင်နေမှန်းမသိတဲ့ ရှောင်ကျန့်ရဲ့ဒူးနှစ်ဖက်က ရီပေါ့်ခြေတံသွယ်သွယ်တွေကိုညှပ်ချုပ်လိုက်သည်။
"ရတယ်လေ ရီပေါ်မကိုက်ရင် ကိုယ်ကိုက်မယ်...."
ပြောပြီးတာနဲ့လည်ပင်းဆီငု့ံကိုင်းလာတဲ့ရှောင်ကျန့်ခေါင်းကြောင့် ရီပေါ်အသံကုန်ထအော်မိသည်။
"အား မလုပ်နဲ့ ခင်များမလုပ်နဲ့... ကျနော်....ကျနော်ကိုက်မယ် ဟုတ်ပြီလား......"
ရှောင်ကျန့် မိမိအောက်ကအူယားဖားယားဖြစ်နေတဲ့ကောင်လေးကိုကြည့်ကာ စိတ်ထဲမှာအသဲတယားယား။ဟွိုက်ခွမ်းလုပ်ခိုင်းတဲ့ ပထမဆုံးစမ်းသပ်ချက်တော့ အောင်မြင်သွားပြီ။
ကျနော့်ရဲ့ကြမ်းတမ်းတဲ့ပုံကိုမြင်တာတောင် အရင်ကလောက်မကြောက်တော့ဘူးဆိုတော့ ရီပေါ့်စိတ်အခြေအနေကသိသိသာသာကောင်းလာပြီပဲ။
ရှောင်ကျန့်မျက်နှာမှာ လူမြင်မကောင်းတဲ့အပြုံးကြီးဖြစ်ထွန်းလာပြီး ရီပေါ့်ဗိုက်ကလေးကိုထိမိမှာစိုးလို့ ကုန်းကွကွလုပ်ထားတဲ့ ခန္ဓာကိုယ်ကို ရီပေါ့်ဘေးနားလှဲချလိုက်သည်။
ရီပေါ့်လက်တွေကိုလား မလွှတ်ပေးပါဘူး။ခြေထောက်တွေကိုလဲ ဒူးနဲ့ညှပ်ချုပ်ထားတော့ ရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်လှဲအိပ်မိနေတဲ့ကောင်လေးက လက်ရောခြေရောအကြောပိတ်ခံထားရသလိုပဲ။မလှုပ်နိုင်မရုန်းနိုင်ပဲ ဆူပုတ်ပုတ်နဲ့ချစ်စရာလေးရယ်။
"ကိုယ်အဆင်သင့်ပဲ လာကိုက်......"
ရှောင်ကျန့်လိုရင်းတန်းပြောလိုက်ပေမဲ့ မျက်နှာကတော့ပြုံးဖြီးနေမှာအသေချာပင်။နှုတ်ခမ်းဆူပွပွနဲ့ ရီပေါ်က ရှောင်ကျန့်ကိုကြည့်ရင်း မျက်စောင်းမြှားတစ်စင်းကို လှလှလေးပစ်ခွင်းတယ်။
အစကတည်းက ဦးတည်ချက်တိကျလွန်းတဲ့မြှားလေးက ရှောင်ကျန့်ရင်ဘတ်ကိုတန်းစိုက်တယ်။အရင်တည်းက အကြိမ်ကြိမ်ကျရှုံးပြီးသားနှလုံးသားတစုံက စုဆောင်းထားတဲ့အလံဖြူတွေ တခုပြီးတခုထောင်ပြတော့တာပဲ။
အနားကိုတရွေ့ရွေ့တိုးလာတဲ့ ရီပေါ်ကရှောင်ကျန့်ရဲ့ပွင့်ဟနေတဲ့ရင်ဘတ်ဖြူဖြူကိုမှင်သေသေစိုက်ကြည့်တယ်။ထိုနေရာကနေ အကြည့်မခွာတော့တဲ့ကောင်လေးကြောင့် ရှောင်ကျန့်ရင်ဘတ်ကအင်္ကီျစကိုပိုဟလိုက်တယ်။မမြင်ရမှာစိုးလို့ပါ။
အတန်ကြာစိုက်ကြည့်ပြီးမှ ရီပေါ်ကရှောင်ကျန့်ကိုမော့ကြည့်လာတယ်။
" ဟွန့် ပြားကပ်နေတာပဲ....."
နှုတ်ခမ်းကိုမဲ့ကာရွဲ့ကာပြောလာတဲ့ရီပေါ့်စကားကြောင့် ရှောင်ကျန့်ခဏတာနင်သွားရပေမဲ့ ဘုကန့်လန့်လေးရဲ့ပါးနှစ်ဖက်နီရဲနေတာမြင်တော့ စိတ်ထဲကြိတ်ပြုံးလိုက်တယ်။
ညာနေပြန်ပြီ အဆိုးလေးရာ။
"ပြားကပ်နေတာအသာထားပါ ကိုက်ဖို့အရေးကိုအချိန်တွေဆွဲနေတာလား ဘာလဲ မင်းလေးရှက်နေတာမလား..."
အောင်နိုင်သူတယောက်လိုခပ်စစရယ်ရင်း ပြောနေတဲ့ကိုယ့်ကိုကိုယ်ပြန်မြင်ယောင်ကြည့်လိုက်တယ်။ငါဘယ်တုန်းကများ ဒီလောက်မျက်နှာရူးသွားရတာလဲ။
"ရူးနေလား ဘယ်သူကရှက်နေလို့လဲ.....အဲ့လောက်အကိုက်ခံချင်နေတာ ခင်များရင်ဘတ်ကြီး ပြားကပ်ရာကနေချိုင့်ဝင်သွားအောင်ကိုကိုက်ပစ်မယ်..."
ပြောပြီးတာနဲ့ ရှောင်ကျန့်ဆီပစ်ဝင်လာတဲ့ရီပေါ်။ရင်ညွန့်က စူးခနဲဖြစ်သွားတာကြောင့် ရှောင်ကျန့် မိမိချုပ်ထားတဲ့ရီပေါ့်လက်လေးတွေကိုလွှတ်ပေးလိုက်တယ်။ထိုကိုက်ချက်လေးနဲ့တင် မိမိဘောင်းဘီမှာစိုရွဲသွားတာကိုတော့ မသိချင်ယောင်ဆောင်ရင်း။
ပြီးတော့ မိမိရင်ဘတ်ထဲခေါင်းစိုက်နေတဲ့ကောင်လေးရဲ့ကိုယ်လေးကိုတိုးဖက်လိုက်ရင်း ဆံပင်ကိုပွတ်သပ်နေလိုက်တယ်။
ရင်ညွှန့်တနေရာတည်းကိုပဲ အငြိုးကြီးစွာ ထပ်ခါထပ်ခါကိုက်နေတဲ့ခွေးပေါက်လေးကြောင့် မဆိုသလောက်လေးနာကျင်သွားပေမဲ့ ရှောင်ကျန့်အံကိုကြိတ်ထားလိုက်တယ်။
နာလားဆိုတော့ နာတာပေါ့။ဒါပေမဲ့ ကျနော့်အသားထဲရီပေါ့်သွားသေးသေးလေးတွေစူးဝင်လာတိုင်း ရီပေါ်ရဲ့အရာတိုင်းက ကျနော့်အတွက်ပဲဆိုတဲ့အသိက ကျနော့်နှလုံးသားကိုပျော်ရွှင်စေတယ်။
ပထမစမ်းသပ်ချက်ကအဆင်ပြေပေမဲ့ နောက်ဆုံးစမ်းသပ်ချက်ကိုလုပ်ဖို့တွေးမိတော့ ရှောင်ကျန့်ရင်ထဲစိုးရိမ်စိတ်တို့က ငလျင်လိုအကြောင်းမကြားပဲဝင်ရောက်လာသည်။
အောင်မြင်ရင် ကိုယ်နဲ့မင်းရဲ့အနာဂတ်ကသာယာသွားနိုင်သလို ကျရှုံးခဲ့ရင်လဲ ကိုယ့်အတွက်ပေးဆပ်မှုအကြီးကြီးကြုံရဦးမယ်။မင်းဆီကထွက်သွားခြင်းဆိုတဲ့ ပေးဆပ်မှုပေါ့။
အခုလဲ ပျော်ရွှင်နေရပေမဲ့ ကိုယ်မင်းနှလုံးသားကိုဒီထက်ပိုနားလည်ချင်တယ် ကလေးရယ်။
"အား....နာတာကွာ......."
အတွေးလွန်နေမိတဲ့ရှောင်ကျန့်က ရီပေါ်ရဲ့အားပြင်းပြင်းကိုက်ချမှုကိုခံစားလိုက်ရမှသာ သတိပြန်ဝင်လာသည်။
"ကိုက်ပါတယ်ဆိုမှတော့ နာမှာပေါ့....."
အခုမှကျေနပ်သွားဟန် ခေါင်းဖော်ရန်တွေ့လာတဲ့ရီပေါ်က နှုတ်ခမ်းထောင့်မှာသွေးစလေးတချို့တောင်ပေနေသေးသည်။
ရှောင်ကျန့် မိမိရင်ဘတ်ကိုပြန်ငု့ံကြည့်လိုက်တယ်။သွားရာလေးတွေအကွင်းလိုက်ထပြီး သွေးစို့နေတာနီရဲလို့။
"တော်ပြီ အိပ်တော့မယ် ခင်များကိုကိုက်ရတာ ကျနော့်သွားတွေနာတယ်....."
ပြောပြီးတာနဲ့ ချက်ချင်းဟိုဘက်လှည့်ပြီး စောင်ခြုံအိပ်သွားတဲ့ရီပေါ်ကိုကြည့်ရင်း ရှောင်ကျန့်မိမိအင်္ကီျကြယ်သီးတွေပြန်တပ်လိုက်တယ်။ခြေတံရှည်ရှည်တွေက ရီပေါ့်စောင်ထဲတိုးဝင်ဖို့မမေ့သလို လက်တွေကလဲရီပေါ့်ခါးလေးကိုဖက်ဖို့မမေ့ဘူး။
အသက်ရှုသံတမျှင်းမျှင်းထွက်လာတဲ့ရီပေါ်က အိပ်ပျော်နိုင်ပုံရပေမဲ့ မအိပ်ပျော်နိုင်ဘဲပြုံးဖြီးနေမိတာ ရှောင်ကျန့်။
မနက်ကျရင် ဟွိုက်ခွမ်းနဲ့ကျိုးချန်ကို ရင်ဘတ်က အကွက်ကြီးကို Love bite ဆိုပြီး သွားကြွားဖို့စဉ်းစားရင်း။
...........................................................................