Unicode
ဖြုးမိုးတစ်ယောက် ၂ရက်လောက်နေမကောင်းဖြစ်လိုက်သည်။စနေတနင်္ဂနွေရုံးပိတ်ရက်ဖြစ်နေသဖြင့် အေးဆေးနားလ်ို့ရ၍သာ တော်သေးသည်။ နေမကောင်းသည့်အကြောင်း အိမ်ကိုမပြောဘူးလုပ်ထားသည်။ ဒါပေမယ့် အိမ်နှင့် ဖုန်းပြောတော့ ဖုန်းထဲမှာမြင်နေရတာ ဆိုသော်လည်း မျက်နှာမလန်းတာကြည့်ပီးမမက ချက်ချင်းတန်းသိသည်။ ပျာပျာသလဲ စိတ်ပူတာတွေမရှိပေမယ့် မေမေကတော့ ထုံးစံအတိုင်း ထမင်းသေချာစားဖို့၊ ဖုန်းမကြည့်ဖို့၊ စာတွေလည်းသိပ်မဖတ်ဖို့ မှာနေသည်။ သူဟာ အိမ်မှာတော့ အငယ်ဆုံးလေးဆိုပြီး အားလုံးရဲ့ ဖူးဖူးမှုတ်အလိုလိုက်ချင်းခံရသည်။ ငယ်ငယ်ကတည်းက ကျန်းမာရေးလည်းချုချာတော့ ဂရုစိုက်ပေးကြသည်။ အစားအသောက်လည်း အမှားမခံသူမို့ မမကဆိုအပြင်စာတွေသိပ်စားခိုင်း။ စားချင်တာမှန်သမျှ အိမ်မှာပဲလုပ်ကျွေးသည်။ ခက်တာက သူ။ သူက အာ့လို အခွင့်ထူးခံလူတန်းစားဖြစ်ရတာမကြိုက်ပါ။ သာမာန်လူတစ်ယောက်လိုသာ နေလိုသည်။ မွေးရာပါ သွေးလေးဖက်နာ ရှိသူမို့ ပင်ပန်းတာဘာမှမလုပ်နိုင်၊ လမ်းလေးနည်းနည်လျှောက်မိရင်တောင် ခြေထောက်တွေယောင်လာတတ်သည့်သူက တက္ကသိုလ်တက်တုန်းကလည်း ခြေလျင်တောင်တက်အသင်းဝင်လိုက်သေးသည်။Hiking tripတွေ မစခင်မှာဆို အမြဲထရိန်နင်ဆင်းရသည်။ ထရိန်နင်ဆင်းရသည့်ကာလေတွမှာ ခြေထောက်တောင်မ မနိုင်လောက်တဲ့အထိ ဒဏ်ခံရပေမယ့် သူဘယ်တော့မှ နောက်မဆုတ်ခဲ့။ တောင်တက်ခရီးစဥ်တွေမှာလည်း အနေအစားဆင်းရဲဒါတွေရှိလည်း အများနည်းတူ သတ်မှတ်ထားသည့် တောင်ထိပ်ထိတော့ ရအောင်တက်သည်။ တောင်ထိပ်ကိုရောက်မှ ခံစားနိုင်သည့် လက်ဆက်သည့် လေအေးများကိုသဘောကျသည်။ တောင်ပေါ်ကနေကြည့်ရသည့် ရှုခင်းတွေကိုလည်း နှစ်ခြိုက်သည်။ ထို့ကြောင့် တောင်တက်ရတာကို သူအလွန်သဘောကျသည်။ တောင်တက်ခရီးစဉ်ကပြန်လာရင်တော့ တစ်ပတ်လောက် ဆေးထိုးဆေးသောက်ရသည်တော့ မပြောလိုတော့ပါ။
အိမ်ကတော့ သူစိတ်ချမ်းသာရင်ပြီးရောဆိုပြီး အမြဲအလိုလိုက်ထားသည်။ အလိုလိုက်ထားလို့ အခွင့်အရေးပိုယူတာမျိုး သူမလုပ်ပါ။ အခုအချိန်ထိ သူကလည်း မဟုတ်တာ ဘာတစ်ခုမှမလုပ်ဖူးပေ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် အိမ်ကို အရင်ဦးဆုံး ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီးမှသာ လုပ်သည်။ လူကြီးတွေပေးထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိ။ သူ့ကိုအမြဲနားလည်ပေးသော မိသားစုရှိတာ သူ့ဘဝရဲ့ အကြီးမားဆုံးကံကောင်းမှုတစ်ခုပဲမဟုတ်လား။ ထိုကံကောင်းမှုကို သူတန်ဖိုးထားသည်။
ထို့ကြောင့် ယခုကဲ့သို့ တစ်ယောက်တည်း နေမကောင်းဖြစ်သည့်အခါမျိုးတွေမှာ အိမ်ကိုလွမ်းမိသည်။ ဂျီကျချင်သည်။ ဒါပေမယ့် အမြဲဆိုင်တစ်ဖက်နှင့်အလုပ်ရှုပ်နေကြသည့် သူ့အိမ်သားတွေအကြောင်းသိ၍ မဆိုးမိတော့။
ဒါ့ကြောင့် ဆိုးလို့ရသည့်သူကိုပဲ အမိအရ ဂျီကျလိုက်သည်။ ကံဆိုးသူက မောင်ပြည့်သူလေးဖြစ်သွားသည်။
"ဆေးသောက်ပီးပီလား"
ကလေးက သူ့ကို စိတ်ပူလို့မေးလည်း
"မသောက်ဘူး" ဟု ဂျီသည်။
"သောက်လေ အကိုရဲ့"
"မသောက်ချင်ဘူး
ဒီအတိုင်းကောင်းသွားမှာပါ"
"ဆေးသောက်တော့ မြန်မြန်နေကောင်းတာပေါ့"
"အာ
နားငြီးတယ်"
"ကဲ
ဒါဆိုလည်း သဘော
မသက်သာရင်တော့ သောက်ရမယ်နော်"
"အင်း"
ကလေးက သူတောင်းဆိုသမျှကိုလည်း ငြင်းလေ့မရှိ။ ထို့ပြင် စိတ်ရှည်နားလည်ပေးတတ်သော ကလေးကို ရစ်ရတာ အလွန်ကောင်းသည်။ ထို့ကြောင့် ကိုယ်တိုင်က အသက်ကြီးတာကိုပင် တစ်ခါတစ်လေမေ့နေတတ်သည်။ အငယ်ဆုံးပီပီ ဆိုးတတ်၊ ဂျီကျတတ်တဲ့သူ့ပုံစံကို သိတဲ့သူက အရင်ကဆို သူ့မိသားစုနဲ့ သူ့သူငယ်ချင်းအချို့သာရှိသည်။ သူ့ရဲ့ ရည်းစားဟောင်းပင်လျှင် တည်ကြည်အေးဆေးသောသူ့ပုံစံသာသိသည်။ သူ့ရဲ့ဒီလိုပုံစံကို လူတိုင်းကိုချမပြတတ်။ အခုမှဘယ်လိုဖြစ်ပြီး ဒီကလေးပေါက်စကို ချပြမိနေလည်း သူကိုယ်တိုင်လည်းမသိတော့ပေ။
နားနေရင်း အေးအေးလူလူ ဇာတ်ကားကြည့်နေခဲ့သည်။ဇာတ်ကားက Call me by your name.. လူတစ်ယောက်ကို ချစ်မိလွန်းလို့ ကိုယ်ဆိုတာ သူဖြစ်သွားပီး၊ သူက ကိုယ်ဖြစ်လာစေချင်တဲ့အထိ ရုပ်ရော နာမ်ရော ထပ်တူကျသွားချင်တဲ့ခံစားချက်ကို လှလှပပလေး ရိိုက်ပြထားသည်။အင်း boy loveဇာတ်ကားဖြစ်ပေမယ့် အချစ် ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘယ်လို အချစ်ဖြစ်ဖြစ် လှပတာပါလား။ ဒါပေမယ့် Oliver ဟာ Elioကိုမဟုတ်ပဲ တခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားတဲ့ ဇာတ်သိမ်းကြီးကိုတော့မကြိုက်ပါ။ အထားခံခဲ့ရတဲ့ ခံစားချက်ကြီးကို သူလည်း ခံစားဖူးသူမို့ Elioလေးကို ပိုသနားမိသည်။ သူကတော့ ဆုံးဖြတ်ထားပီးသား၊ ဒီတစ်ခါ ထပ်ချစ်မိရင် အဲ့လူဆီကနေ ကိုယ်ကလည်း ထွက်မသွားဘူး၊ ကိုယ့်ဆီကနေလည်း ထွက်မသွားအောင်ဆွဲထားမယ်လို့။ ဘယ်လိုအခက်အခဲတွေရှိရှိ ကိုယ်ဆုပ်ကိုင်ထားတဲ့ လက်ကို လွှတ်မချချင်ပါ။
ဇာတ်ကားကြည့်ပီးတော့ ပျင်းလာတာနဲ့ သူ့ရဲ့ ကလေးဆီဖုန်းခေါ်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် လိုင်းပေါ်မှာမရှိ။
ထို့ကြောင့် ဖုန်းမခေါ်တော့ပဲ
"ဘာတွေလုပ်နေလဲ"ဆိုပြီး စာပို့ထားလိုက်သည်။ အတော်ကြာသည်အထိ သူ့ထံ စာအဝင်မရှိသဖြင့် ပြန်ဝင်ကြည့်မှ လိုင်းတက်သွားသည့် active 30 min ago ဆိုတာကို တွေ့သည်။သူ့စာကို seenပြသွားသော်လည်း reply မပြန်။အစကတော့ မအားသေးလို့နေမှာပါလို့ထင်ခဲ့သည်။ သူ့စာက်ို seen ဖြစ်ပီးတာနဲ့ လိုင်းပေါ်က ပြန်ဆင်းသွားတာနေမှာပါဟုလည်း ဖြည့်တွေးလိုက်သည်။
ထိုတနင်္ဂနွေနေ့က တစ်နေ့လုံး ကလေးနှင့် စကားမပြောလိုက်ရပါ။ အရင်တစ်ခါကလို ဖုန်းဘေလ်ကုန်နေတာများလားလို့ တွေးလိုက်မိသေးသည်။ မဟုတ်ရင် နေကောင်းခါစ သူ့ကို ပစ်ထားမယ်မထင်ဘူးလေ။ နောက်ရက်သူရုံးဖွင့်လို့ ရုံးပြန်တက်တော့လည်း မောင်ပြည့်သူတစ်ယောက်ပျောက်ချက်သားကောင်းနေသည်။ အင်း တစ်ခုခုတော့ တစ်ခုခုပဲ။ နှစ်ရက်တောင်ရှိပီဆိုတော့ ဖုန်းများပျက်သွားလို့လား ဟု ဖြည့်တွေးလိုက်သည်။ ပုံမှန်စကားပြောနေကျ စကားပြောဖော်လေးမရှိတော့ သူ့မှာယောင်ချာချာ။ ဖုန်းပြင်ပီးရင်တော့ လိုင်းတက်လာမှာပါလေဆိုပီး စိတ်မပူဖြစ်ခဲ့။ အင်္ဂါနေ့တစ်နေ့လုံးလည်း လိုင်းမတက်လာပီးတဲ့နောက်မှာတော့ သူ့မှာ တွေးစရာတွေများလာပီ။ တကယ်ပဲဖုန်းပျက်နေလို့လား။ နေမကောင်းဖြစ်နေလို့လား။ မန္တလေးကိုပြန်သွားတာလား။ မဟုတ်မှ ရန်ဖြစ်လို့ အချုပ်ခန်းများရောက်နေတာလားအထိ တွေးမိပီး စိတ်ပူလာသည်။ တခြားဆက်သွယ်ရမည့် ဖုန်းနံပါတ်လည်းမသိ။ လိပ်စာသိပေမယ့်လည်း နေပြည်တော်မှာက သူ့အသိမိတ်ဆွေကမရှိ။ အသိရှိရင်တော့ ဒီလိပ်စာကို သွားပီး ပြည့်သူရှိမရှိ သွားကြည့်ပေးပါလား ဆိုပီး အကူအညီတောင်းရသေးသည်။ အခုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ။ ဘာမှလည်းလုပ်မရ။ မင်းဘယ်တွေရောက်နေတာလဲ ကလေးရယ်။ ကိုယ်စိတ်ပူနေပီမို့၊ အမြန်လိုင်းတက်ခဲ့ပါတော့.......
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>
Zawgyi
ျဖဳးမိုးတစ္ေယာက္ ၂ရက္ေလာက္ေနမေကာင္းျဖစ္လိုက္သည္။စေနတနဂၤေႏြ႐ုံးပိတ္ရက္ျဖစ္ေနသျဖင့္ ေအးေဆးနားလ္ို႔ရသျဖင့္ေတာ္ေသးသည္။ ေနမေကာင္းတာ အိမ္ကိုမေျပာဘူးလုပ္ထားေသာ္လည္း အိမ္နဲ႔ဖုန္းေျပာေတာ့ ဖုန္းထဲမွာေပမယ့္ မ်က္ႏွာမလန္းတာၾကည့္ပီးမမက ခ်က္ခ်င္းတန္းသိသည္။ ပ်ာပ်ာသလဲ စိတ္ပူတာေတြမရွိေပမယ့္ ေမေမကေတာ့ ထုံးစံအတိုင္း ထမင္းေသခ်ာစားဖို႔၊ ဖုန္းမၾကည့္ဖို႔၊ စာေတြလည္းသိပ္မဖတ္ဖို႔ မွာေနသည္။ သူဟာ အိမ္မွာေတာ့ အငယ္ဆုံးေလးဆိုၿပီး အားလုံးရဲ႕ ဖူးဖူးမႈတ္အလိုလိုက္ခ်င္းခံရသည္။ ငယ္ငယ္ကတည္းက က်န္းမာေရးလည္းခ်ဳခ်ာေတာ့ ဂ႐ုစိုက္ေပးၾကသည္။ အစားအေသာက္လည္း အမွားမခံသူမို႔ မမကဆိုအျပင္စာေတြသိပ္စားခိုင္း။ စားခ်င္တာမွန္သမွ် အိမ္မွာပဲလုပ္ေကြၽးသည္။ ခက္တာက သူ။ သူက အာ့လို အခြင့္ထူးခံလူတန္းစားျဖစ္ရတာမႀကိဳက္ပါ။ သာမာန္လူတစ္ေယာက္လိုသာ ေနလိုသည္။ ေမြးရာပါ ေသြးေလးဖက္နာ ရွိသူမို႔ ပင္ပန္းတာဘာမွမလုပ္ႏိုင္၊ လမ္းေလးနည္းနည္ေလွ်ာက္မိရင္ေတာင္ ေျခေထာက္ေတြေယာင္လာတတ္သည့္သူက တကၠသိုလ္တက္တုန္းကလည္း ေျခလ်င္ေတာင္တက္အသင္းဝင္လိုက္ေသးသည္။Hiking trip မစင္ခင္မွာဆို ထရိန္နင္ဆင္းရသည္။ ထရိန္နင္ဆင္းရသည့္ကာေလတြမွာ ေျခေထာက္ေတာင္မ မႏိုင္ေလာက္တဲ့အထိ ဒဏ္ခံရေပမယ့္ သူဘယ္ေတာ့မွ ေနာက္မဆုတ္ခဲ့။ ေတာင္တက္ခရီးစဥ္ေတြမွာလည္း အေနမစားဆင္းရဲေပမယ့္ အမ်ားနည္းတူ သတ္မွတ္ထားသည့္ ေတာင္ထိပ္ထိေတာ့ ရေအာင္တက္သည္။ ေတာင္ထိပ္ကိုေရာက္သည့္အခါ ခံစားရသည့္ ေလေအးမ်ားကိုသေဘာက်သည္။ ေတာင္ေပၚကေနၾကည့္ရသည့္ ရႈခင္းေတြကိုလည္း ႏွစ္ၿခိဳက္သည္။ ေတာင္တက္ခရီးစဥ္ကျပန္လာရင္ေတာ့ တစ္ပတ္ေလာက္ ေဆးထိုးေဆးေသာက္ရသည္ေတာ့ မေျပာလိုေတာ့ပါ။ အိမ္ကေတာ့ သူစိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီး အၿမဲအလိုလိုက္ထားသည္။ သူကလည္း မဟုတ္တာ ဘာတစ္ခုမွမလုပ္ဖူးေပ။ ဘာပဲျဖစ္ျဖစ္
အိမ္ကို အရင္ဦးဆုံး ပြင့္ပြင့္လင္းလင္းတိုင္ပင္ၿပီးမွသာ လုပ္သည္။ လူႀကီးေတြေပးထားတဲ့ ယုံၾကည္မႈကို အလြဲသုံးစားလုပ္ဖို႔ ဘယ္တုန္းကမွ စိတ္ကူးမရွိ။ သူ႔ကိုအၿမဲနားလည္ေပးေသာ မိသားစုရွိတာ သူ႔ဘဝရဲ႕ အႀကီးမားဆုံးကံေကာင္းမႈတစ္ခုပဲမဟုတ္လား။
ထို႔ေၾကာင့္ ယခုကဲ့သို႔ တစ္ေယာက္တည္း ေနမေကာင္းျဖစ္သည့္အခါမ်ိဳးေတြမွာ အိမ္ကိုလြမ္းမိသည္။ ဂ်ီက်ခ်င္သည္။ ဒါေပမယ့္ အၿမဲဆိုင္တစ္ဖက္ႏွင့္အလုပ္ရႈပ္ေနၾကသည့္ သူ႔အိမ္သားေတြအေၾကာင္းသိ၍ မဆိုးမိေတာ့။
ဒါ့ေၾကာင့္ ဆိုးလို႔ရသည့္သူကိုပဲ အမိအရ ဂ်ီက်လိုက္သည္။ ကံဆိုးသူ ေမာင္ျပည့္သူေလးျဖစ္သြားသည္။ ကေလးက သူေတာင္းဆိုသမွ်ကိုလည္း ျငင္းေလ့မရွိ။ စိတ္ရွည္နားလည္ေပးတတ္ေသာ ကေလးကို ရစ္ရတာလည္းႀကိဳက္သည္။ ကိုယ္က အသက္ႀကီးတာကိုပင္ တစ္ခါတစ္ေလေမ့ေနတတ္သည္။ အငယ္ဆုံးပီပီ ဆိုးတတ္၊ ဂ်ီက်တတ္တဲ့သူ႔ပုံစံကို သိတဲ့သူက အရင္ကဆို သူ႔မိသားစုနဲ႔ သူ႔သူငယ္ခ်င္းအခ်ိဳ႕သာရွိသည္။ သူ႔ရဲ႕ exေတာင္မွ တည္ၾကည္ေအးေဆးေသာသူ႔ပုံစံသာသိသည္။ သူ႔ရဲ႕ဒီလိုပုံစံကို လူတိုင္းကိုခ်မျပတတ္။ အခုမွဘယ္လိုျဖစ္ၿပီး ဒီကေလးေပါက္စကို ခ်ျပမိေနလည္း သူကိုယ္တိုင္လည္းမသိေတာ့။
ပိတ္ရက္ဆိုေတာ့ ေအးေအးလူလူ ဇာတ္ကားၾကည့္ေနသည္။ဇာတ္ကားက Call me by your name.. လူတစ္ေယာက္ကို ခ်စ္မိလြန္းလို႔ ကိုယ္ဆိုတာ သူျဖစ္သြားပီး၊ သူက ကိုယ္ျဖစ္လာေစခ်င္တဲ့အထိ ႐ုပ္ေရာ နာမ္ေရာ ထပ္တူက်သြားခ်င္တဲ့ခံစားခ်က္ကို လွလွပပေလး ရိိုက္ျပထားသည္။အင္း boy loveဇာတ္ကားျဖစ္ေပမယ့္ အခ်စ္ ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ဘယ္လို အခ်စ္ျဖစ္ျဖစ္ လွပတာပါလား။ ဒါေပမယ့္ Oliver ဟာ Elioကိုမဟုတ္ပဲ တျခားမိန္းကေလးတစ္ေယာက္နဲ႔ လက္ထပ္သြားတဲ့ ဇာတ္သိမ္းႀကီးကိုေတာ့မႀကိဳက္ပါ။ အထားခံခဲ့ရတဲ့ ခံစားခ်က္ႀကီးကို သူလည္း ခံစားဖူးသူမို႔ Elioေလးကို ပိုသနားမိသည္။ သူကေတာ့ ဆုံးျဖတ္ထားပီးသား၊ ဒီတစ္ခါ ထပ္ခ်စ္မိရင္ အဲ့လူဆီကေန ကိုယ္ကလည္း ထြက္မသြားဘူး၊ ကိုယ့္ဆီကေနလည္း ထြက္မသြားေအာင္ဆြဲထားမယ္လို႔။ ဘယ္လိုအခက္အခဲေတြရွိရွိ ကိုယ္ဆုပ္ကိုင္ထားတဲ့ လက္ကို လႊတ္မခ်ခ်င္ပါ။
ဇာတ္ကားၾကည့္ပီးေတာ့ ပ်င္းလာတာနဲ႔ သူ႔ရဲ႕ ကေလးဆီဖုန္းေခၚဖို႔ျပင္လိုက္သည္။ ဒါေပမယ့္ လိုင္းေပၚမွာမရွိ။
အဲ့ဒါနဲ႔ပဲမေခၚျဖစ္ေတာ့ဘူး။
"ဘာေတြလုပ္ေနလဲ"ဆိုၿပီး စာပဲပို႔ထားလိုက္သည္။
ထိုေန႔က သူ႔စာကို seenျပသြားေသာ္လည္း reply မျပန္။
အစကေတာ့ မအားေသးလို႔ေနမွာပါလို႔ထင္ခဲ့သည္။ ဒါေပမယ့္ သူ႔စာက္ို seen ျဖစ္ပီးတာနဲ႔ လိုင္းေပၚက ျပန္ဆင္းသြားပုံရသည္။ ထို တနဂၤေႏြတစ္ေန႔လုံး ကေလးႏွင့္ စကားမေျပာလိုက္ရပါ။ အရင္တစ္ခါကလို ဖုန္းေဘလ္ကုန္ေနတာမ်ားလားလို႔ ေတြးလိုက္သည္။ မဟုတ္ရင္ ေနေကာင္းခါစ သူ႔ကို ပစ္ထားမယ္မထင္ဘူးေလ။ ေနာက္ရက္သူ႐ုံးဖြင့္လို႔ ႐ုံးျပန္တက္သည္။ ထိုေန႔လည္း ေမာင္ျပည့္သူတစ္ေယာက္ေပ်ာက္ခ်က္သားေကာင္းေနသည္။ အင္း တစ္ခုခုေတာ့ တစ္ခုခုပဲ။ ႏွစ္ရက္ေတာင္ရွိပီဆိုေတာ့ ဖုန္းမ်ားပ်က္သြားလို႔လား ဟု ကြကိုယ္ျဖည့္ေတြးလိုက္သည္။ ပုံမွန္စကားေျပာေနက် စကားေျပာေဖာ္ေလးမရွိေတာ့ သူ႔မွာေယာင္ခ်ာခ်ာ။ ဖုန္းျပင္ပီးရင္ေတာ့ လိုင္းတက္လာမွာပါေလဆိုပီး စိတ္မပူျဖစ္ခဲ့။ အဂၤါေန႔တစ္ေန႔လုံးလည္း လိုင္းမတက္လာပီးတဲ့ေနာက္မွာေတာ့ သူ႔မွာ ေတြးစရာေတြမ်ားလာပီ။ တကယ္ပဲဖုန္းပ်က္ေနလို႔လား။ ေနမေကာင္းျဖစ္ေနလို႔လား။ မန္းေလးကိုျပန္သြားတာလား။
မဟုတ္မွ ရန္ျဖစ္လို႔ အခ်ဳပ္ခန္းမ်ားေရာက္ေနတာလားအထိ ေတြးမိပီး စိတ္ပူလာသည္။ တျခားဆက္သြယ္ရမည့္ ဖုန္းနံပါတ္လည္းမသိ။ လိပ္စာသိေပမယ့္လည္း ေနျပည္ိတာ္မွာက သူ႔အသိမိတ္ေဆြကမရွိ။ အသိရွိရင္ေတာ့ ဒီလိပ္စာကို သြားပီး ျပည့္သူရွိမရွိ သြားၾကည့္ေပးပါလား ဆိုပီး အကူအညီေတာင္းရေသးသည္။ အခုေတာ့ ဘာလုပ္လို႔လုပ္ရမွန္းမသိ။ ဘာမွလည္းလုပ္မရ။ မင္းဘယ္ေတြေရာက္ေနတာလဲ ကေလးရယ္....... ကိုယ္စိတ္ပူေနပီမို႔၊ အျမန္လိုင္းတက္ခဲ့ပါေတာ့.......