(MDZS,SVSSS,HOB,2Ha) translat...

By may_chal

62.1K 2.1K 47

I'm not belong to this story.I'm full credit to original author. More

Jealous & shy Shizun(Zawgyi)
Jealous & shy ShiZun(Unicode)
Jealous Husky(Unicode)
သန့်ရှင်းရေး(Zawgyi)
သန့်ရှင်းရေး(Unicode)
အူတိုသော Lan Wang Ji(Zawgyi)
အူတိုသော Lang Wang Ji(Unicode)
တရုတ်နှစ်ကူးညလေးတစ်ည(Zawgyi)
တရုတ်နှစ်ကူးညလေးတစ်ည(Unicode)
2Ha fanfic(Zawgyi)
2Ha fanfic(Unicode)
ရစ်စိန်ဝေ့ နဲ့ Sugar daddy LanZhan(Zawgyi)
ရစ်စိန်ဝေ့ နဲ့ Sugar daddy LanZhan(Unocode)
ချစ်ခြင်းမေတ္တာ(Unicode)
ချစ်ခြင်းမေတ္တာ(Zawgyi)
HOB(Unicode)
HOB(Zawgyi)
အရှင်သခင်အတွက် မျက်ရည်နှစ်စက်(Zawgyi)
အရှင်သခင်အတွက် မျက်ရည်နှစ်စက်(Unicode)
အချစ်တတ်ဆုံးယောက်ျား(ZAWGYI)
အချစ်တတ်ဆုံးယောကျ်ား(Unicode)

Jealous Husky(Zawgyi)

15.3K 180 10
By may_chal

မနက်ခင်း Chu Wan Ning နဲ့ Mo Ran တို့တောင်အောက်ဆင်းပြီး စားစရာများကိုဝယ်ပြီး ပြန်လာခဲ့ကြသည်။
အပြန်လမ်းတွင် လမ်းဘေး၌ ခွေးသေးသေးလေးတစ်ကောင် လဲနေတာကိုတွေ့သည် ။
Chu Wan Ning တစ်ယောက်ခွေးလေးနားသို့သွားပြီး ပွေ့ချီလိုက်ရင်း "ဒဏ်ရာ ရထားတယ်...။ ခြေထောက်မှာ သွေးတွေနဲ့ ... " လို့ပြောပြီး သူ၏လက်ကိုင်ပဝါဖြင့် ခွေးခြေထောက်လေးကို အုပ်ပေးလိုက်သည်။
အနောက်က အထုပ်အပိုးတွေသယ်ထားသော Mo Ran ကိုလှည့်ကြည့်ရင်း "အိမ်ခေါ်သွားပြီး ဆေးကုပေးရအောင်" လို့လှမ်းပြောလိုက်သည်။
Mo Ran ကလည်း "Shi Zun သဘော..." လို့ပြောပြီး ပြုံးပြလိုက်တယ်။

အိမ်ပြန်ရောက်တော့ Chu Wan Ning ကခွေးလေးရဲ့ ဒဏ်ရာကို ဆေးထည့်သန့်စင်ပေးနေတယ်...။
Mo Ran က နေ့လည်စာအတွက် အိမ်နောက်ဖေးတွင် ခုနကဝယ်လာသော ဟင်းသီးဟင်းရွက် နှင့် အသားများကို ချက်ပြုတ်ဖို့ ပြင်ဆင်နေတယ်။
ငါးကို ချိုချဉ်လေးချက်မည်...၊ ဝက်သားကိုလည်း အတုံးလေးတွေလှီးပြီး အချိုလေးချက်မည်...၊
မှိုဟင်းရည်ထဲကိုလည်း ပြောင်းဖူးချိုချိုလေးထည့်ချက်ပေးမည်...။ Shi Zun အကြိုက် အရသာများကို ချက်ပေးဖို့ သူစဉ်းစားထားတယ်။

ဟင်းချက်ပြီးခါနီး Chu Wan Ning တစ်ယောက် မီးဖိုချောင်တံခါးဝမှာ ရစ်သီရစ်သီနဲ့ လုပ်နေတာ Mo Ran သတိထားမိလိုက်တယ်..။

"Shi Zun...ဗိုက်ဆာနေလို့လား?"

"မဟုတ်ပါဘူး...မင်းဘာတွေ ချက်နေလဲဆိုတာ လာကြည့်တာ.."

"မျိုးစုံပဲ..."

Mo Ran ကတူလေးတစ်စုံနဲ့ ချက်ထားတဲ့မျှစ်နုနုလေးကိုယူပြီး

"Shi Zun ဒါလေးမြည်းကြည့်ကြည့်"

"အင်း...စားကောင်းတယ်"

"ဒီမှာ ခရမ်းချဉ်သီး... ဒါလဲမြည်းကြည့်"

"အင်း..."

"ပြီးတော့ ဒီမှာ ဝက်သား...စားကောင်းလား?"

"အင်း...နည်းနည်း ငန်တယ်"

"?"

ဝက်သားကိုသူအချိုချက်ထားတာ Shi Zun ကငန်တယ်ဆိုတော့....။
Shi Zunမျက်စိက မီးဖိုပေါ်က မှိုဟင်းရည်လေးပေါ်ရောက်နေတော့ ဟင်းရည်မြည်းသောက်ချင်လို့ ငန်တယ်ပြောမှန်း သူရိပ်မိလိုက်သည်။

"ဒါဆို ကျွန်တော် ရေနည်းနည်းရောပြီး ပြန်ချက်လိုက်မယ်...။ ဒီမှာလည်း မှိုဟင်းရည်ရှိတယ်... နည်းနည်းသောက်ကြည့်"

"အင်း...မဆိုးဘူး..ကောင်းတယ်..ဆက်ချက်...ငါသွားတော့မယ်။"

"အင်း..."

ဗိုက်ဆာနေတာကို ဗိုက်ဆာနေတယ်မပြောပဲ ချက်ထားတာတွေကို တစ်လုတ်ချင်းစီ အကုန်မြည်းသွားသော Shi Zun....
Mo Ran တစ်ယောက် ပြုံးပြုံးလေးနဲ့ ခေါင်းခါပြီး ဟင်းများကို ပန်းကန်ထဲမြန်မြန် ထည့်လိုက်သည်။
သူ့ရဲ့ Shi Zun လေးဗိုက်ဆာနေပြီ။

ဟင်းပန်းကန်များကို ထမင်းစား စားပွဲသို့ယူဆောင်လာပြီးသောအခါ

"Shi Zun...ထမင်းစားလို့ရပြီ။"

Chu Wan Ning ထမင်းစားပွဲမှာထိုင်လိုက်တော့ သူ့ပန်းကန်ထဲမှာ ဟင်းတွေ Mo Ran ခတ်ပေးထားတာ အပြည့်...။
Chu Wan Ning ကဘေးက ပန်းကန်အလွတ်လေးတစ်လုံးကို ယူပြီး အသားများကို သေးသေးလေးဖြစ်အောင် ဖဲ့ပြီး ထည့်နေတယ်။

"Shi Zun...အသားတုံးတွေက အရမ်းကြီးလို့လား?"

မဟုတ်မှန်းသိသော်လည်း သူမေးလိုက်သည် ။
Shi Zun အသက်ပြန်ရှင်လာတုန်းကတောင် Shi Zun စားဖို့ မုန့်လုံးရေပေါ်ကို မကြီးလွန်း မသေးလွန်းပဲ အနေတော် Shi Zun ပါးစပ်ထဲထည့်ပြီး စားလို့ရအောင် သူကိုယ်တိုင်လုံးပေးခဲ့တာ...။
Chu Wan Ning ပါးစပ်ထဲကို အကြီးအသေးဘယ်လောက်ထိ ထည့်လို့ဆန့်တယ်ဆိုတာ သူကောင်းကောင်းကြီးသိသည်။
အခုလည်း အသားတုံးတွေကို Chu Wan Ning ပါးစပ်ထဲ တစ်လုတ်ထဲနဲ့ ထည့်ပြီးစားလို့ရအောင် သူလှီးထားတာ.... အဲဒါဘာလို့ အခု အသားတွေကို ဒီ့ထပ်သေးအောင် ထပ်ဖဲ့နေလည်း သူမသိ။

"ခွေးလေးအတွက်ပါ"

Mo Ran မျက်ခုံးမွှေးကို ကျုံ့လိုက်သည်။ ဒါ သူ့ Shi Zun စားဖို့ သူကိုယ်တိုင် ပင်ပင်ပန်းပန်းချက်ပေးထားတာ...။

"ခွေးအတွက်က အနောက်မှာ အိုးတွေ မဆေးရသေးဘူး...ထမင်းကိုအဲ့အိုးနဲ့နယ်ပြီး မနေ့က အသားဟင်းကျန်တာနည်းနည်းရှိသေးတယ်...အဲဒါ ကျွေးလိုက်လည်းရပါတယ်...။"

"ခွေးလေးက ဒဏ်ရာနဲ့လေ....ဘယ်လိုလုပ် ဟင်းကျန်ထမင်းကျန် ကျွေးလို့ဖြစ်မှာတုန်း"

Mo Ran တစ်ယောက် နှုတ်ခမ်းကြီး ဆူပုတ်ပြီး Chu Wan Ning အတွက်ချက်ပေးထားတဲ့ အသားတွေ ခွေးပန်းကန်ထဲ ရောက်သွားတာကို ဒီတိုင်းထိုင်ကြည့်နေရတယ်။

"ဟင်းကျန်တွေ ရှိသေးတယ်လား... သွားယူခဲ့...ငါစားပေးမယ်"

"Shi Zun ကဘယ်လိုလုပ် ဟင်းကျန်စားရမှာလဲ? ကျွန်တော်ပဲ စားလိုက်ပါ့မယ်"

ပြောပြီး အိမ်နောက်ဖေးက ဟင်းကျန်ခွက်ကို သွားယူကာ သူ့ပန်းကန်ထဲ လောင်းထည့်ပစ်လိုက်သည်။
အစကတည်းက ဟင်းကျန်ကို ခွေးကျွေးဖို့ သူအပူပြန်ပေးပြီး နွေးပြီးသားပါ.... ဒါပေမယ့် နောက်ဆုံး ခွေးမစားပဲ သူ့ပန်းကန်ထဲရောက်လာတာ...။

Chu Wan Ning က နွင်ပြီးသား အသားပန်းကန်လေးကို အခန်းထောင့်မှာ ရှိနေသောခွေးလေး ရှေ့ချပြီး ခေါင်းလေးကို အသာလေးပွတ်ပေးနေရှာတယ်။
Chu Wan Ning တစ်ယောက် Mo Ran ကိုကျောခိုင်းထားတဲ့အတွက် သူ့ရှေ့မှာရှိနေသောခွေးလေးကို Mo Ran အနောက်ကနေ မျက်လုံးနဲ့ အခါခါသတ်နေတယ်ဆိုတာ သူမသိချေ။

နေ့လည်ရောက်တော့ Mo Ran တစ်ယောက် အပြင်မှာထင်းခုတ်ရင်း ရေဆာလို့ အထဲပြန်ဝင်လာပြီး ရေလာသောက်တယ်။
Chu Wan Ning က စားပွဲခုံမှာထိုင်ပြီး တစ်ခုခုကိုထိုင်ချူပ်နေတာ တွေ့တော့ သူတောင်းထားတဲ့ လက်ကိုင်ပဝါလေး သူ့အတွက် ချူပ်ပေးနေတယ်ထင်ပြီး ပျော်သွားတယ်။

"Shi Zun ဘာတွေချူပ်?"
အဖြေကိုကြိုသိနေသော်လည်း Chu Wan Ning ပါးစပ်က သူ့အတွက်ချူပ်ပေးနေတယ်လို့ပြောတာ သူကြားချင်လို့ မေးလိုက်တယ်။

"ခွေးလေး ညဘက်အိပ်ရင် အောက်ကခံအိပ်ဖို့ အိပ်ယာခင်းလေး ချူပ်ပေးနေတာ"

"ဘာ?"

"ရာသီဥတုက အေးလာပြီလေ...ညဘက် ကြမ်းပြင်ကအေးတော့...."

"အဝတ်စုတ်တွေ ရှိတာပဲ"

Chu Wan Ning စကားမဆုံးခင် Mo Ran ဖြတ်ပြောလိုက်တယ်။

"အိမ်နောက်ဖေးမှာ အဝတ်စုတ်တွေမှ အများကြီးကို....တစ်ထည်မလောက်ရင် ၃-၄ထည် ခံပြီးအိပ်ခိုင်းလိုက်ပေါ့..."

"ခွေးလေးက ဒဏ်ရာနဲ့လေ... ဘယ်လိုလုပ် အဝတ်စုတ်နဲ့ အိပ်ခိုင်းရမှာတုန်း..."

Mo Ran ငြိမ်ခံ မနေနိုင်တော့... ဘယ်နှယ့် ရောက်တာ တစ်ရက်တောင်မပြည့်သေးတဲ့ ခွေးက ဘာလို့သူ့ထက်ပိုပြီး Chu Wan Ning ရဲ့ ပြုစုမှုတွေကို ရနေရတာလဲ...။
Chu Wan Ning ဘေးနားက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး

Mo Ran : ကျွန်တော့်အတွက်ကော?

Chu Wan Ning : ဟမ်?

Mo Ran : Shi Zun ကျွန်တော့်အတွက် လက်ကိုင်ပဝါလေးတစ်ထည် ချုပ်ပေးမယ်လို့ပြောထားတာမှတ်မိသေးလား?

Chu Wan Ning : ...

Mo Ran : ဒါဆိုလည်း ကျွန်တော့်ကို အိပ်ယာခင်းတစ်ထည် ချူပ်ပေး...

Chu Wan Ning : မင်းက အိပ်ယာခင်းကြီးယူပြီးဘာလုပ်မှာတုန်း... ခွေးမှမဟုတ်တာ...။

Mo Ran : ဝုတ်

Chu Wan Ning : 😳

Mo Ran : ဝုတ်...ဝုတ်...

Chu Wan Ning : 😐

Mo Ran : ဝုတ်...ဝုတ်...ဝုတ်...

Chu Wan Ning : ဘာလို့ တဝုတ်ဝုတ်နဲ့အော်နေရပြန်တာတုန်း

Mo Ran : ကျွန်တော်ခွေးဖြစ်သွားပြီ...ချူပ်ပေးတော့....

Chu Wan Ning သက်ပြင်းချလိုက်ပြီး "နောက်နေ့ လက်ကိုင်ပဝါ ချူပ်ပေးမယ်" လို့ပြောလိုက်မှ စောစောက ဆူပုတ်နေသော Mo Ran ရဲ့မျက်နှာလေး ပြုံးသွားတော့တယ်။
Chu Wan Ning ပါးလေးကို ရုတ်တရပ်လှမ်းနမ်းလိုက်တယ်...။ ရုတ်တရပ်ရောက်လာသော အနမ်းကြောင့် Chu Wan Ning မျက်နှာလေး ပန်းရောင်သန်းသွားခဲ့တယ်..။
ပြီးနောက် အပြင်မှာထင်းဆက်ခုတ်ဖို့ ပြန်ထွက်လာခဲ့တယ်။
အခန်းထောင့်မှာ ခွေခွေလေးအိပ်နေတဲ့ ခွေးလေးကိုလည်း အောင်နိုင်သူမျက်နှာနဲ့ပြုံးရင်း Mo Ran လှမ်းကြည့်လိုက်သေးတယ်။
ဟိုခွေးကတော့အိပ်နေတာ...သူ့ကိုပြုံးပြလို့ ပြုံးပြမှန်းကိုမသိလိုက် ။

နောက်နေ့မနက်....

Mo Ran နိုးလာတော့ Chu Wan Ning ကသူ့ဘေးမှာ အိပ်မောကျနေတုန်း...။
မျက်စိလေးမှိတ်ထားတဲ့ Chu Wan Ning ကိုသူကြည့်လို့မဝ...။ နှုတ်ခမ်းလေးကို နမ်းပြီး မနက်စာချက်ဖို့အတွက် အိပ်ယာထလိုက်တယ်။

အခန်းထောင့်လေးမှာ Chu Wan Ning ချူပ်ပေးထားတဲ့ အိပ်ယာခင်းလေးပေါ်မှာ အိပ်မောကျနေသော ခွေးကို သူမြင်တော့ ခွေးဆီလျှောက်သွားပြီး ဂုတ်ကလှမ်းဆွဲကာ အိပ်ယာခင်းဘေးမှာ ချပစ်လိုက်တယ်...။
အိပ်ယာခင်းပေါ်မှာ ပေနေတဲ့ခွေးမွှေးလေးတွေကို လက်နဲ့ပွတ်ချရင်း ခွေးနဲ့အဝေးဆုံး အခန်းထောင့်တစ်နေရာမှာ အိပ်ယာခင်းလေးကို သွားထားလိုက်ပြီး မနက်စာချက်ဖို့ အိမ်နောက်ဖေးကို ထွက်လာခဲ့တယ်။

Chu Wan Ning စားဖို့အတွက် မနက်စာကို ဆန်ပြုတ်လေးချက်ပေးမယ်။ ဆန်ကိုရေသေချာဆေး...အိုးထဲထည့်ပြီးတည်ထားလိုက်တယ်။
ဆန်ပြုတ်နဲ့တူတူစားရအောင် အရွက်ကြော်လေး တစ်ပွဲနဲ့ ဝက်သားလုံးကြော် တစ်ပွဲကိုလည်း ချက်မယ်လို့ စဉ်းစားထားတော့ အရွက်တွေကို ရေသေချာဆေး..
အသားကိုလည်း နှုတ်နှုတ်စဉ်းပြီး Chu Wan Ning ပါးစပ်ထဲ ထည့်လို့ရမယ့် အနေတော် အရွယ်လေးတွေဖြစ်အောင် လုံးထားလိုက်တယ်။
ဆန်ပြုတ်အိုးဆူတော့ အရွက်ဆက်ကြော်...ပြီးတော့ဝက်သားလုံးဆက်ကြော်တယ်..။
ဆန်ပြုတ်သောက်ပြီး သရေစာအနေနဲ့ စားလို့ရအောင် မနေ့ကဝယ်လာတဲ့ အချိုမုန့်များကိုလည်း ပန်းကန်ပေါ် သေသေသပ်သပ်တင်ထားလိုက်တယ်။

ဟိုခွေးစားဖို့လည်း သူပြင်ဆင်ရမယ်...။ မဟုတ်ရင် မနေ့ကလို Chu Wan Ning စားဖို့အတွက်ချက်ထားတာတွေ အဲ့ခွေးပန်းကန်ထဲရောက်သွားမှာစိုးလို့...
မနေ့က ထမင်းကျန်ကို ရေရောပြီး အိုးထဲထည့်ကာ မီးဖိုပေါ်တင်လိုက်တယ်...ပြီးတော့ အသားလေး ၂ဖတ် ၃ဖတ် ပစ်ထည့်...ဆားထည့်ပြီး အဖုံးဖုံးထားလိုက်တယ်။
ခဏနေဆူလာတော့ ခွေးပန်းကန်ထဲ လောင်းထည့်ထားလိုက်တယ်။

အရွက်ကြော်နဲ့ ဝက်သားလုံးကြော် အနံ့ကြောင့် Chu Wan Ning မျက်လုံးလေးပွင့်လာတယ်...။
အိပ်ယာပေါ်ကထကာ မျက်နှာသစ်သွားတိုက်ပြီး အခန်းထဲပြန်ဝင်လာတော့ စားပွဲပေါ်မှာ ပူပူနွေးနွေးဆန်ပြုတ်လေးနဲ့ ဟင်းတွေက အဆင်သင့်ရောက်လို့...။

"Shi Zun ...မင်္ဂလာနံနက်ခင်းပါ... မနက်စာစားလို့ရပြီ"

"အင်း...မင်္ဂလာနံနက်ခင်းပါ" လို့ပြောပြီး မနက်စာစားဖို့ထိုင်လိုက်တယ်...။
Mo Ranထည့်ပေးထားတဲ့ ဆန်ပြုတ်ကိုသောက်ရင်း မျက်လုံးက ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ခွေးလေးကို တွေ့သွားတယ်။
မနေ့ညက အိပ်ယာခင်းပေါ်မှာ အိပ်ခိုင်းလိုက်တာပါ... အခုဘယ်လိုလုပ် ကြမ်းပြင်ပေါ်ရောက်နေပါလိမ့်...။

အိပ်ယာခင်းလေးကိုလိုက်ရှာတော့ အခန်းထောင့်တစ်နေရာမှာ ရောက်နေတယ်...။
Chu Wan Ning သောက်လက်စ ဆန်ပြုတ်ပန်းကန်ကိုချ..အိပ်ယာခင်းလေးကိုသွားကောက်..ခွေးလေးကိုအိပ်ယာခင်းပေါ်ပြန်တင်ပေးလိုက်တယ်။
Mo Ran တစ်ယောက် မလုံမလဲနဲ့...
"ခွေးက တော်တော် အအိပ်ကြမ်းတယ်နော်"

Chu Wan Ning ဘာမှပြန်မပြောပဲ ထိုင်ခုံမှာပြန်ထိုင်ကာ ဆန်ပြုတ်ဆက်သောက်လိုက်တယ်။

"ခွေးလေးကို နာမည်ဘယ်လိုခေါ်ရင် ကောင်းမလဲ?"

"ဟမ်? Shi Zun က သူ့ကိုတသက်လုံးမွေးထားတော့မလို့လား? ပိုင်ရှင်ရှိရင်ဘယ်လိုလုပ်မလဲ?
ခွေးမွေးတာ အရမ်းအလုပ်ရှုပ်တယ်... သူတို့ကို ပြုစုရတာလည်း ပင်ပန်းတယ်... ပြီးတော့ အိမ်မှာလည်း ခွေးမွေးတွေနဲ့ ညစ်ပတ်ကုန်မှာ...
အိမ်ထဲမှာ ချီးပါ သေးပေါက်ဆို ပိုတောင် ဒုက္ခရောက်သေး.... ပြီးတော့ ခွေးတွေက ပစ္စည်းတွေလိုက်ကိုက်တတ်တယ် လို့လည်းပြောတယ်... မမွေးပါနဲ့...အလုပ်ရှုပ်တယ်။ "

သူက တစ်ခွန်းလေးပဲ မေးလိုက်တာကို စကားတွေ ဆက်တိုက်ပြောနေသော Mo Ran ကိုကြည့်လိုက်ပြီး

"မွေးမလို့မဟုတ်ပါဘူး... ဒါပေမယ့် အခုတလောဒီအိမ်မှာနေတဲ့အချိန် သူ့ကိုခေါ်ဖို့ နာမည်တစ်ခုခုတော့ ရှိရမယ်လေ...ခွေးလေး..ခွေးလေးလို့ပဲ ခေါ်နေလို့မှ မဖြစ်တာ"

ဆန်ပြုတ်လေးတစ်လုတ်ကို ဝက်သားလုံးကြော်တစ်လုံးနဲ့ စားလိုက်တယ်။

Chu Wan Ning : ငါ ချစ်စနိးနဲ့ နာမည်လှလှလေးတွေ မပေးတတ်ဘူး... အဲဒါကြောင့် မင်းကိုမေးတာ။

Mo Ran : ကျွန်တော်ကတော့ ခွေးလေးလို့ခေါ်တာပဲ ကောင်းတယ်လို့ထင်တယ်...။ သူကခွေးပဲကို... ခွေးကိုခွေးလို့ မခေါ်ပဲ ဘယ်လိုခေါ်ရမှာလဲ?

Chu Wan Ning : "ဝုတ်ဝုတ်"လို့ ခေါ်ရင်ကော.... ဒါမှမဟုတ် "ရှောင်ဝုတ်"

Mo Ran : Shi Zun....

Chu Wan Ning : အင်း...

Mo Ran : ကျွန်တော့်အတွက် ချစ်စနိုးနာမည်ကော...?

Chu Wan Ning : ?

Mo Ran : Shi Zun ကကျွန်တော့်ကိုဆို အမြဲတမ်း Mo Ran ဒါမှမဟုတ် Mo Wei Yu လို့ပဲခေါ်တယ်။

Chu Wan Ning : အဲဒါမင်းနာမည်ပဲလေ...

Mo Ran : ကျွန်တော်လည်း Shi Zun ကျွန်တော့်ကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်လိုချင်တယ်။

Chu Wan Ning : ဟမ်?

Mo Ran ဘာဖြစ်နေတာတုန်း...။
မနေ့ကတည်းက ခွေးနဲ့ အိပ်ယာခင်းလုတယ်... အခုလည်း နာမည်ထပ်လုပြန်ပြီ။

Mo Ran : Shi Zun က ကျွန်တော်ကို မနေ့ကမှ ကောက်လာတဲ့ ခွေးလောက်တောင် မချစ်ဖူးလား?

Chu Wan Ning : မဟုတ်ဘူး... ဒါချစ်တာ မချစ်တာနဲ့ ဘာဆိုင်လို့လဲ?

Mo Ran : Shi Zun ကကျွန်တော့်ကို အဲ့ခွေးလောက်တောင် ဂရုမစိုက်ဘူး...။ အဲ့ခွေးစားဖို့ အသားကိုလည်း ကိုယ်တိုင်နွံပေးတယ်...။ အိပ်ဖို့ကိုလည်း အိပ်ယာခင်း ကိုယ်တိုင်ချူပ်ပေးတယ်..။ အခုလည်း ချစ်စနိုးနဲ့ နာမည်ခေါ်ဖို့ လုပ်နေပြန်ပြီ။

Chu Wan Ning တစ်ယောက်ဘာဆက်ပြောရမှန်းမသိ...။
သူက ခွေးလေး နေမကောင်းဖြစ်နေလို့ အမှတ်မထင် ပြုစုပေးလိုက်တာ.... Mo Ran ခွေးတစ်ကောင်ရဲ့ သဝန်တိုမယ်လို့ သူလုံးဝ မထင်ခဲ့...။
သူသိလိုက်ပါပြီ... Mo Ran သူ့ကို စိတ်ကောက်နေပြီဆိုတာကို...။

"Mo Ran..."

ဝက်သားလုံးကြော်တစ်လုံးကို တူနဲ့လှမ်းယူပြီး Mo Ran ပါးစပ်ရှေ့ကို တေ့ပေးလိုက်တယ်။
Mo Ran က Chu Wan Ning ခွံ့ကျွေးသော ဝက်သားလုံးလေးကို စားလိုက်ရင်း

"Shi Zun ကျွန်တော့်ကို ဝက်သားလုံးတစ်လုံးနဲ့ပဲ ချော့လို့မရဘူး"

Chu Wan Ning ဘာဆက်ပြောပြီး ဘာဆက်လုပ်ရမလဲမသိ ။ အမြဲတမ်းသူ စိတ်ဆိုး စိတ်ကောက်ရင် Mo Ran ကပဲ ကလီကလာ စကားချိုလေးတွေပြောပြီး သူ့ကို ပြန်ချော့နေကျ...
အခု Mo Ran စိတ်ကောက်တော့ သူဘယ်လိုချော့ရမလဲဆိုတာ သူစဉ်းစားလို့မရ....

Mo Ran ကထိုင်ခုံလေးကို သူ့နားရွှေ့လာပြီး သူ့ကိုယ်နဲ့ကပ်လုနီးပါးဖြစ်အောင်လာထိုင် လိုက်သည်။
ပြီးတော့ ခေါင်းလေးရှေ့တိုးလာပြီး မျက်စိလေးကိုမှိတ်ထားလိုက်တယ်...။
ဘာလုပ်ခိုင်းတာလဲဆိုတာ Chu Wan Ning ချက်ချင်းသိလိုက်ပြီ။

"ထမင်းအရင်ပြီးအောင်စား"

Mo Ran ကခေါင်းလေးကို ရမ်းနေအောင်ခါပြီး "ဟင့်အင်း..." ဆိုပြီးပြောလိုက်တယ်...မျက်စိကတော့မှိတ်ထားစဲ...။
Chu Wan Ning လက်ထဲကတူလေးကို တင်းတင်းလေးဆုတ်ထားလိုက်တာ...တူလေးက ကျိုးတော့မယ်။
တစ်ဖြည်းဖြည်းနဲ့ ကိုယ်လေးစောင်းလိုက်ပြီး Mo Ran မျက်နှာနားလေးကို သူကပ်လာခဲ့တယ်။
Mo Ran ကိုအနီးကပ်ကြည့်နေရတော့ Chu Wan Ning ရင်တွေ တော်တော်ခုန်နေတယ်...။
Mo Ran မျက်လုံးမှိတ်ထားလို့တာ သူMo Ran မျက်နှာကို ဒီလို ရဲရဲဝံ့ဝံ့ကြည့်ရဲတာ...
မျက်ခုံးမွှေးထူထူလေး...နားတံစဉ်းစဉ်းလေး...ပန်းရောင်သန်းနေသော နှုတ်ခမ်းလေး...
Chu Wan Ning တံတွေးလေးမျိုချမိတယ်....။ အဲ့နှုတ်ခမ်းလေးကို နမ်းဖို့ သူ့ခေါင်းတဖြည်းဖြည်းရှေ့သို့ တိုးလာတယ်...။

Chu Wan Ning ရဲ့အသက်ရှုသံတွေ သူနဲ့ တဖြည်းဖြည်းနီးလာတာကို Mo Ran ကြားနေရတယ်...။
Chu Wan Ning သူ့ကို နမ်းတော့မယ်ဆိုတာသိတော့ အရမ်းပျော်နေတယ်....။
သူ့ကို တစ်ချက်လေးစနမ်းလိုက်တာနဲ့ သူစိတ်ဆိုးပြေမှာပါ... Chu Wan Ning ကိုသူအကြာကြီး စိတ်မကောက်နိုင်ဘူး...။
Chu Wan Ning ရဲ့နှုတ်ခမ်းလေး သူ့နှုတ်ခမ်းကိုလာထိပြီဆိုတာနဲ့ Chu Wan Ning ကိုတင်းတင်းလေးဖက်ထားဖို့ သူ့လက်တွေက အဆင်သင့်....။

"Shi Zun..... Mo Ran....နိုးပြီလား? အိမ်မှာရှိလား?"

Xue Meng အသံ...။
အသံလည်းကြားကော Chu Wan Ning ကိုယ်ကို တည့်တည့်ပြန်နေလိုက်ပြီး Mo Ran ကိုတွန်းထုတ်လိုက်သည်။
Mo Ran မျက်လုံးဖွင့်ပြီး တံခါးပေါက်က မမြင်ရတဲ့ Xue Meng ကိုအကြိမ်ကြိမ်ဆဲနေမိသည်...။

"Shi Zun.... Mo Ran...."

Mo Ran တံခါးဘက်သို့လမ်းလျှောက်သွားပြီး တံခါးကိုဝုန်းခနဲလှမ်းဖွင့်လိုက်ကာ အပြင်မှာ ရပ်နေတဲ့ Xue Meng ကို မျက်လုံးနီနီကြီးနဲ့ကြည့်လိုက်တယ်။
ဒေါသထွက်နေတဲ့မျက်လုံးနဲ့ အကြည့်ခံရတဲ့ Xue Meng ရုတ်တရပ်ကြောင်သွားပြီး

"မနက်စောစောစီးစီး ဘာတွေဒေါသထွက်နေတာလဲ..."

ပြောအပြီး အခန်းထဲက Chu Wan Ning ကိုလှမ်းကြည့်ကာ

"Shi Zun... မင်္ဂလာနံနက်ခင်းပါ" လို့ပြောပြီး အခန်းထဲဝင်သွားကာ Chu Wan Ning နဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံ မှာဝင်ထိုင်လိုက်တယ်။

Chu Wan Ning ကတော့ စောစောကဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရင်း သူ့ပန်းကန်ထဲက ဆန်ပြုတ်ကိုသောက်နေလိုက်တယ်။

Xue Meng : မနက်စာ စားနေကြတာလား?

Chu Wan Ning : အင်း...စားပြီးပြီလား? မစားရသေးရင် တစ်ခါတည်းစားသွားလေ...။

Mo Ran ခေါင်းကို ဇတ်ခနဲလှည့်ကြည့်လိုက်တယ်...။
ဘာလို့ သူ့ Shi Zun အတွက်ချက်ပေးတာတွေကို လာလာလုစားနေကြတာတုန်း...
မနေ့က လမ်းဘေးကကောက်လာတဲ့ခွေး.... ဒီနေ့ကျတော့ ခွေးကောင်Xue Meng...

"စားပြီးပြီ...တောင်အောက်မှာ စားလာခဲ့တယ်။"

Mo Ran တစ်ယောက် Xue Meng နဲ့ Chu Wan Ning ကြားက သူ့ထိုင်ခုံမှာ သူပြန်ထိုင်ကာ မျက်နှာကြီးဆူပုတ်နေတာကို Xue Meng ကတွေ့တော့

"Mo Ran ဘာဖြစ်နေတာလဲ? မျက်နှာကြီးက ရှုံ့တွနေတာပဲ... မနက်စောစောစီးစီး...ကျက်သရေတုံးလိုက်တာ..."

Mo Ran က Xue Meng ကိုခေါင်းတောင်မလှုပ်ပဲ မျက်လုံးလေးပဲရွှေ့ပြီးကြည့်ရင်း စိတ်ထဲကနေ
"ကျက်သရေတုံးအောင်လုပ်တာမင်း" ဆိုပြီးပြောနေသည်။

အခြေအနေအမှန်ကိုသိသော Chu Wan Ning က ချောင်းလေးဟတ်လိုက်ကာ

Chu Wan Ning : ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ?

Xue Meng : တောင်အောက်နားက ရွာလေးတစ်ရွာမှာ သရဲတစ္ဆေတွေလာရှင်းတာ...ကြီးကြီးမားမား သရဲတွေလည်း မဟုတ်တော့ ဂိုဏ်းထဲက ကလေးတွေလည်း အတွေ့အကြုံရအောင် ဆိုပြီး သူတို့ကိုပါခေါ်လာခဲ့တာ....

Chu Wan Ning : အခုရှင်းပြီးပြီလား?

Xue Meng : မနေ့တည်းကပြီးသွားတာ...

Mo Ran : ပြီးပြီဆိုလည်း အိမ်ပြန်လေ...ဒီကိုဘာလို့လာရတာတုန်း...

Xue Meng : မင်းဘာဖြစ်နေတာလဲ...မင်းကိုတွေ့ချင်လို့လာတယ်များထင်နေလား... ငါက Shi Zun ကိုလာတွေ့တာ...နော်...Shi Zun

ပြောရင်းနဲ့ Chu Wan Ning ကို Xue Meng ပြုံးပြလိုက်တယ်။
ဒီ၂ယောက်တွေ့ရင် အမြဲရန်ဖြစ်နေကြဆိုတာကို Chu Wan Ning သိတယ်...ဆက်ပြီးရန်မဖြစ်အောင် စကားလမ်းကြောင်းလွှဲလိုက်တယ်..။

Chu Wan Ning : အခုအကြီးအကဲလုပ်ရတာ အဆင်ပြေရဲ့လား?

Xue Meng : ပြေတော့ပြေပါတယ်...။ ကလေးတွေက တစ်ခါတစ်လေ စကားနားမထောင်တာ တစ်ခုပဲ...။
အခုတစ်ခေါက်လည်း တစ်ယောက်က သရဲလာရှင်းတာ သူ့ခွေးလေးကို တိတ်တိတ်လေးခေါ်လာတယ်လေ...။
အစက မနေ့ကတည်းကပြန်မလို့လုပ်ထားတာ...။ အခုအဲ့ခွေးလေး ပျောက်လို့ တောင်အောက်မှာ သူတို့ လိုက်ရှာနေကြတာ...။

Mo Ran ရဲ့ဆူပုတ်နေသောမျက်နှာ ရုတ်တရပ်ပြုံးသွားပြီး Xue Meng ကို ဝင်းလက်နေသောမျက်ဝန်းတစ်စုံနဲ့ လှမ်းကြည့်လိုက်တယ်။
ရုတ်တရပ်သူ့ကို ပြုံးပြီးကြည့်လိုက်သော Mo Ran ကို Xue Meng က "ဘာဖြစ်တာလဲ?" ဆိုပြီး မျက်ခုံးကျူံ့ရင်းပြန်ပြောလိုက်တယ်။

"အဲ့ကောင်လား?" ဆိုပြီး Xue Meng အနောက်က ထောင့်လေးတစ်နေရာမှာ ကွေးကွေးလေးအိပ်နေသော ခွေးလေးကို လက်ညှိုးထိုးပြလိုက်တယ်။

Xue Meng ကဝင်လာတည်းက အဲ့ခွေးလေးရှိတဲ့နေရာကို ကျောပေးပြီးထိုင်နေတော့ အနောက်မှာ ခွေးတစ်ကောင်ရှိမှန်းမသိဘူး။
Mo Ran လက်ညှိုးထိုးပြတော့မှ လှည့်ကြည့်လိုက်ရင်း

"ဟင်...ရှောင်အိုက်... ဟုတ်တယ်... သူကဘယ်လိုလုပ် ဒီရောက်နေတာလဲ?"

Mo Ran မျက်နှာပေါ်က ပါးစပ်ကြီးဘေးဘက်ကို ပိုလို့တောင်ကားသွားပြီး Chu Wan Ning ကိုလှမ်းကြည့်လိုက်သည်။
Chu Wan Ning ကသူ့ကိုလှမ်းကြည့်နေတယ်ဆိုတာကို သိတော့ Mo Ran ကိုမကြည့်မိအောင်မျက်နှာလွှဲလိုက်ရင်း

"မနေ့က မနက်ကတောင်အောက်မှာ တွေ့တာ...ဒဏ်ရာတွေလည်း ရှိနေတာနဲ့ ဆေးကုပေးဖို့ အိမ်ခေါ်လာလိုက်တာ"

Xue Meng ကခွေးလေးရှိရာကို လျှောက်သွားရင်း ခေါင်းလေးပွတ်ပေးနေတယ်။

Xue Meng : ဟုတ်လား? တော်သေးတာပေါ့... Shi Zun တို့နဲ့တွေ့လို့...

Mo Ran : မြန်မြန် ပြန်ခေါ်သွားတော့

Xue Meng : ခေါ်သွားမှာပါ...ဘယ်လိုဖြစ်နေတာလဲ?

Mo Ran ကို Xue Meng မျက်စောင်းထိုးကြည့်လိုက်တယ်။ ဒီကောင်ဒီနေ့ဘာဖြစ်နေမှန်းမသိ...ဒေါသထွက်လိုက်..ပျော်လိုက်နဲ့။

Xue Meng : Shi Zun...ဒါဆို ကျွန်တော်ပြန်တော့မယ်... တောင်အောက်မှာ ကလေးတွေစောင့်နေသေးတယ်။

Chu Wan Ning : အင်း...အစစအရာရာ ဂရုစိုက်ပါ။

Xue Meng : ဟုတ်။

Xue Meng က ခွေးနဲ့အတူ အောက်ကအိပ်ယာခင်းလေးကိုပါ ပွေ့ယူလိုက်တယ်။

Mo Ran : အောက်က အိပ်ယာခင်းထားခဲ့...

Xue Meng : ?

Chu Wan Ning : Mo Ran.....

Chu Wan Ning ပြောလိုက်တော့ Mo Ran တစ်ယောက် နှုတ်ခမ်းလေးဆူပြီး ခေါင်းငုံ့လိုက်တယ်။
Chu Wan Ning က Xue Meng ကို "ရတယ်..အရေးမကြီးဘူး..ယူသွား" လို့ပြောလိုက်တယ်...။
Xue Meng တစ်ယောက် ဘာဖြစ်မှန်းနားမလည်နိုင်....။
သူ့အစ်ကို Mo Ran တစ်ယောက် အရင်ကလည်း ဒီလောက် ကပ်စေးမနဲပါဘူး...။
အခု အိပ်ယာခင်းလေးတစ်ထည်ကိုတောင် ကပ်သပ်ပြီး ဖြစ်နေလိုက်တာ...
Shi Zun ကယူသွားခွင့်ပေးတဲ့အတွက် ခွေးလေးကို အိပ်ယာခင်းလေးနဲ့ပွေ့ပြီး တောင်အောက်ကိုဆင်းသွားတယ်...။

Xue Meng ပြန်သွားတော့ Mo Ran တစ်ယောက် Chu Wan Ning ဘေးနားပြန်ကပ်လာတယ်...
Chu Wan Ning က သောက်လို့မပြီးသေးတော့ သူ့ဆန်ပြုတ်ကို ဆက်သောက်နေတယ်။

"Shi Zun..."

"ဘာလဲ?"

"ကျွန်တော်တို့ စောစောက မပြီးသေးတဲ့ ကိစ္စလေးဆက်ရအောင်..."

"အဟွတ်...အဟွတ်...အဟွတ်..."

Chu Wan Ning သောက်နေတဲ့ဆန်ပြုတ်တောင် သီးသွားတယ်...။
Mo Ran မပြောရင် စောစောကဘာလုပ်နေလဲဆိုတာ သူတောင်မေ့နေပြီ...။
Mo Ran က Chu Wan Ning ကျောလေးကိုပွတ်ပေးရင်း...

"Shi Zun ...ကျေးဇူးပြုပြီး ကျွန်တော်ကလွဲရင် တခြားဘယ်သူ့ကိုမှ အရမ်းဂရုမစိုက်ပါနဲ့...ကျွန်တော် တကယ်မခံစားနိုင်လို့ပါ"

"ဟိုက ခွေးလေးလေ..."

"ခွေးလည်းမရဘူး...တကယ်လို့ Shi Zun ခွေးတွေကို ဂရုစိုက်ချင်တယ်ဆိုရင် ကျွန်တော် Shi Zun ရဲ့ခွေးလေးအဖြစ်နေပေးလို့ရတယ်..."
ပြောရင်း ခေါင်းလေးငုံ့ပြီး Chu Wan Ning ပခုံးလေးကို နဖူးနဲ့ ပွတ်သပ်နေတယ်...

"ကျွန်တော့်သခင်က Chu Wan Ning တစ်ယောက်တည်းပဲ ရှိတယ်....အဲတော့ Chu Wan Ning ရှိမှာလည်း ကျွန်တော် Mo Wei Yu ခွေးတစ်ကောင်ပဲ ရှိစေချင်တယ်"

Chu Wan Ning ပြုံးလိုက်မိတယ်....။ Mo Ran ကတော့ ခေါင်းလေးငုံ့နေတဲ့အတွက်ကြောင့် Chu Wan Ning အပြုံးလေးကို မတွေ့လိုက်ပေ။

Photo credit to Weibo user @-紧张的猫饼-
#2Ha
Original author-Fujoshi_camp

Continue Reading

You'll Also Like

855 154 7
𝐗𝐢𝐚 𝐙𝐡𝐢𝐆𝐮𝐚𝐧𝐠 𝐚𝐧𝐝 𝐇𝐮𝐚𝐧𝐠 𝐉𝐮𝐧𝐉𝐢𝐞 𝐅𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 1960 နှောင်းပိုင်းက ပုံပြင်လှလှလေးတစ်ပုဒ်ကိုပြောပြမယ်။ 𝐒𝐭𝐚𝐫𝐭 - �...
11.3K 114 14
There was a reason why Sonic only wanted to be Amy's best friend. He fears that if he begins to fall in love with Amy, he will become afraid and sta...
12.3K 465 49
Title : Desharow Merman(德萨罗人鱼) Author : 深海先生 Artist : Houby E Trans : Mosh Scans Genre : Yaoi, Sci-fic, Thriller, Romance, Fantasy
12.7K 751 23
Harry's relatives were shocked when the Hogwarts letters came. Not because Harry got into Hogwarts. They had expected that. But Dudley, on the other...