Jealous & shy Shizun(Zawgyi)

4.6K 109 2
                                    

Warning ပေးပါတယ်။ 🔞🔞
Read ur own risk!

Chu Wan Ning နဲ့ Mo Ranတို့ တောင်အောက်က ရွာလေးတစ်ရွာမှာ တစ္ဆေသရဲတွေ သောင်းကျန်းနေတယ်ကြားလို့ တောင်အောက်ဆင်းလာပြီး လာဖြေရှင်းပေးဖို့ဆုံးဖြတ်လိုက်သည်။
တစ္ဆေသရဲများကိုတိုက်ခိုက်ပြီးသောအခါ မိုးလည်းတော်တော်ချူပ်နေတာနဲ့ တောင်အောက်က တည်းခိုခန်းလေးတစ်ခုမှာပဲ ညစာစားပြီး အနားယူဖို့ဆုံးဖြတ်လိုက်ကြသည်။

လူတွေက သူတို့ကို ကယ်တင်ခဲ့တဲ့ Chuဆရာတော်နဲ့ Moဆရာတော်ဆိုပြီး သူတို့နာမည်သာကြားဖူးတာ...
သူတို့၂ယောက်ရုပ်ကို မမြင်ဖူးတော့ ဆရာတော်၂ပါးက ဘယ်လိုပုံရှိတယ်ဆိုတာ မသိဘူး...။
အဲဒါကြောင့် အခုလို သူတို့၂ယောက်က ပုံမှန်ရိုးရိုး လင်မယား (အဲ..မှားလို့...)ပုံမှန်ရိုးရိုး လင်လင်၂ယောက်လို အပြင်ထွက်လည်း ဘယ်သူမှ သူတို့ကို မသိကြဘူး....။

တည်းခိုခန်းရောက်တော့ Mo Ran က Chu Wan Ning ကြိုက်သောဟင်းများကို တစ်ပွဲပြီးတစ်ပွဲမှာနေတော့ Chu Wan Ning က

"တော်ပြီလေ...အများကြီးမမှာနဲ့...တော်ကြာစားလို့မကုန်ရင် နှမြောစရာကြီး..."

"Wan Ning..ဗိုက်ဆာနေမှာစိုးလို့ပါ... ဒီနေ့တစ်နေကုန် ပင်ပန်းထားတာဆိုတော့.."

ခဏကြာတော့ မှာထားသောဟင်းများ တစ်ပွဲပြီးတစ်ပွဲရောက်လာသည်...
Chu Wan Ningကြိုက်သော ပိန်းဥအချိုမုန့်လေး စားပွဲပေါ်ရောက်လာသောအခါ Chu Wan Ning မျက်လုံးလေး လင်းလက်သွားတာ Mo Ran တွေ့လိုက်သည်...။
အလိုက်သိသိနဲ့ အချိုမုန့်ပန်းကန်‌လေးကို Chu Wan Ning ရှေ့သို့တိုးပေးရင်း ပြုံးပြလိုက်သည်။

Chu Wan Ning ဘယ်လောက်တောင်ဗိုက်ဆာနေမှန်း မသိ...တစ်လုတ်ပြီးတစ်လုတ်စားနေတာ...
Mo Ran သူ့ကို မေးလေးထောက်ပြီးပြုံးကြည့်နေတာကိုတောင် သတိမထားမိ...နောက်ပိုင်းသိသွားတော့မှ..

"စားလေ...ဗိုက်မဆာဘူးလား?"

"ဆာတယ်..."

"အဲဒါဆို စားလေ..ဘာကြည့်နေတာလဲ?"

"Shi Zun ကအရမ်းကြည့်ကောင်းလို့... Shi Zun ကိုကြည့်နေတာနဲ့တင် ကျွန်တော်ဗိုက်ဝနေပြီ။"

"MO RAN!!!"

"ဟားဟားဟား....အင်းပါ..စားမယ်.."

အဲ့အချိန်မှာ ဆိုင်ပိုင်ရှင်သမီးလေးက ရုက်ကိုးရှက်ကန်းနဲ့ တို့ဖူးချဉ်စပ်ပန်းကန်လေးကို သူတို့ဝိုင်းသယ်လာရင်း
"ဒါ...ဒါ..ဒါဆိုင်က လက်ဆောင်ကျွေးတာပါ" ဆိုပြီးလှမ်းပေးတယ်...။
Mo Ran လည်းအစက ကြောင်သွားတယ်... ဒါပေမယ့် နောက်တော့ အားနာနာနဲ့လှမ်းယူလိုက်တယ်။
အဲ့မှာ မတော်တဆ သူ့လက်ချောင်းလေးတွေက ဆိုင်ပိုင်ရှင်သမီးရဲ့လက်ထိပ်လေးကို ထိမိသွားတာ...ဆိုင်ပိုင်ရှင်သမီးလေးရဲ့ လက်ကလေးတွန့်ခနဲ ဖြစ်သွားပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြေးတာတန်းနေတာပါပဲ...။

(MDZS,SVSSS,HOB,2Ha) translation fanfics(Z+U)[COMPLETED]Where stories live. Discover now