ex - Boyfriend ထံတွင်ထပ်မံကျရ...
By ninetyfour_wx
940K 91.4K 4.3K
တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချ... More
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
ZG + Unicode
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Epi - 16
Epi - 17
Epi - 18
Epi - 19
Hello
Epi - 20
Rest
Hello
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Final
Extra Part-1
Extra Part-2
Cover
Hello
New fic
Epi - 21
33.2K 3.2K 194
By ninetyfour_wx
" မတွေ့တာကြာပြီ အန်တီ "
" ခင်ဗျားက ဘယ်လိုလုပ် ??! "
" ဘာကြီး ? "
" အဲ့တော့ ? "
" မင်းကိုလွမ်းလို့ကွာ ! ရပြီလား . . မနက်စာဝယ်လာတယ် အင်္ကျီသွားလဲပြီးလာခဲ့ . . တူတူစားကြမယ် "
" အော် . . အင်း ~~ "
" ....... "
" အာ. . အင်း သိတယ်လေ . . ဒါနဲ့ ... "
" ဘာလဲ "
" မဟုတ်ပါဘူး . . "
__________________________________________________________________________________
" ဟိုမှာလေ "
စေ့စပ်ပွဲတဲ့ ။
" ရှောင်းကျန့် !!! "
ရိပေါ် ?
စေ့စပ်ပွဲကရော ?
" အဲ့လိုမဟုတ် . . "
" ရိပေါ် . . "
" . ... . "
" ဟမ် ? "
" အခုတောင်းမယ်လေ ရလား "
" နမ်းမယ်နော် "
မှတ်ထားကြဦး ။
TBC .....
[ Unicode ]
ဒီနေ့ကပိတ်ရက်ဆိုပေမဲ့ အကျင့်ဖြစ်နေတာကြောင့် ရှောင်းကျန့် ခပ်စောစောပဲရှိသေး နိုးလာခဲ့သည် ။ ဒါတောင် ညကအိပ်ရာအစောဝင်ခဲ့တာလဲ မဟုတ်ဘဲကို ။ ညကဆိုမှ မနေ့ညက ရိပေါ်နဲ့သူ မြစ်ကမ်းဘေးမှာ အချိန်အတော်ကြာအတူရှိနေခဲ့တဲ့အကြောင်း တွေးမိပြီး ရှောင်းကျန့်ပြုံးမိရသေး ။
* ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှမမေ့ခဲ့ဘူးထင်တယ် *
ဆိုတဲ့ ရိပေါ်ကိုစကားကို ရှောင်းကျန့်နားနဲ့ကိုယ်တိုင် ကြားခဲ့ရသည် ။ သူအိပ်နေပြီအထင်နဲ့ ဒီကောင်လေးပြောခဲ့သလားဆိုပေမဲ့ ရိပေါ်နဲ့အတူရှိနေချိန်တိုင်းကို ရှောင်းကျန့်က အိပ်ပြီးအချိန်ကုန်မယ်လို့များ ထင်နေသလားလေ ။
ဟင့်အင်း ။ တစ်စက္ကန့်ဆိုလဲ တစ်စက္ကန့် ၊ တစ်မိနစ်ဆိုလဲ တစ်မိနစ်က ရှောင်းကျန့်အတွက် သိပ်အရေးကြီးတာကို သူကအိပ်နေပါ့မလား ။ ဒါပေမဲ့လည်း အဆိုးထဲကအကောင်းပဲမလား ၊ သူ ရိပေါ်ရဲ့ စိတ်ကိုသေချာသိခဲ့ရပြီထင်သည် ။
ဒီကောင်လေး ရှက်သွားမှာစိုးတာကြောင့် သူချက်ချင်းမျက်လုံးမဖွင့်ခဲ့ပေမဲ့ တကယ်ပဲတစ်ခုခုထလုပ်ပစ်ချင်စိတ်ကိုတော့ သူဘယ်လောက်ထိန်းချုပ်ခဲ့ရလဲ သူသာသိတယ် ။ အခွင့်ရေးယူတိုင်းမကောင်းပေမဲ့ ယူချင်နေတာလဲ တစ်ဒုက္ခ ။
အရင်ကပိတ်ရက်တိုင်း ဘယ်လိုကုန်ဆုံးခဲ့လဲမစဉ်းစားချင်တော့ပေမဲ့ ဒီတစ်ခေါက်ပိတ်ရက်ကတော့ တကယ်ပျင်းစရာကောင်းတယ်လို့ ထင်မိသည် ။ အပေါင်းအသင်းနည်းသည့် ရှောင်းကျန့်မှာ ပိတ်ရက်ဆိုလုပ်စရာက အိမ်တွင်းအောင်ရုံအပြင်မရှိ ။
ဟိုကောင်လေးရော ပိတ်ရက်မှာ ဘာလုပ်နေမလဲ ?
ရိပေါ်အကြောင်းတွေးမိတဲ့နောက်မှာ ရှောင်းကျန့် ကုတင်ပေါ်ကနေ ကုန်းထလိုက်တယ် ။ အကြံရသွားသလိုပဲ ။ ရှောင်းကျန့် လူမိုက်လေးလို ပြီတီတီပြုံးပြီး ရေချိုးခန်းထဲဝင်လိုက်တယ် ။ ပျင်းစရာကောင်းတဲ့နေ့ရက်ကို ပျော်စရာလေးတွေ ဖန်တီးလို့ရပါတယ် ။ ဟိုး ဟိုး ။
ရေစိုနေတဲ့ ဆံပင်ကိုခြောက်အောင်သုတ် ၊ ဗီရိုအကန့်လေးထဲက လွတ်လပ်ပေါ့ပါးလောက်မယ်ထင်ရတဲ့ အဝါရောင်တီရှပ်လေးကို ခေါင်းကနေစွပ်ချရင်း ဂျင်းဘောင်းဘီပါ တစ်ခါတည်းလဲချလိုက်တယ် ။ ကုမ္ပဏီသွားတဲ့ရက်တိုင်း လှန်ဖြီးသင်ရတဲ့ဆံပင်တွေကို ဒီနေ့တော့ နဖူးပေါ်လွတ်လွတ်လပ်လပ်ချထားလိုက်တယ် ။
ကိုယ်လုံးပြည့်မှန်ထဲမှာပေါ်နေတဲ့ သူ့တစ်ကိုယ်လုံးက လူငယ်တစ်ယောက်လိုပဲ လွတ်လပ်ပေါ့ပါးဟန်အပြည့် ။
" ဒီလောက်ဆို မင်းကြွေဖို့ လုံလောက်ပြီ ရိပေါ် "
ရှောင်းကျန့် သူ့စကားသူ သဘောတကျပြန်လည်ရယ်မောလိုက်ပြီး အိမ်ထဲကထွက်ဖို့ပြင်လိုက်သည် ။ မနက်စာကတော့ ရိပေါ်ကိုပေါင်းစားလိုက်မယ် ။
ဟိတ် ဆောတီး ။ စကားမှားသွားလို့ ။ ရိပေါ်နဲ့မှ တူတူပေါင်းစားလိုက်မယ်ပြောတာ ။ အများကြီးတွေးမိသွားကြပြီလား ?
၈နာရီဆိုတဲ့အချိန်က စောနေသေးတာမို့ ရှောင်းကျန့် တစ်မျိုးတွေးရပြန်သည် ။ ပိတ်ရက်လေး ကောင်းကောင်းအနားယူရမှာကို ငါကအစောကြီးရောက်သွားရင် အိပ်ရေးပျက်မည်လား ။ ဘတ်စ်ကားဂိတ်မှာထိုင်ရင်း ရှောင်းကျန့် အတွေးများရပြီ ။ နောက်တော့ ရိပေါ်နဲ့ ဆန့်ကျင်ဘက်အရပ်ဖြစ်တဲ့ နေရာကိုအရင်သွားဖို့ ဘတ်စ်ကားပြောင်းစီးလိုက်ရသည် ။
" မတွေ့တာကြာပြီ အန်တီ "
အနီးမှုန်နေသည့် ဖက်ထုတ်ပြုတ်ဆိုင်ပိုင်ရှင်အန်တီက မျက်မှန်ကိုပင့်ကာ ရှောင်းကျန့်ကိုကြည့်လာသည် ။
" ကျွန်တော် ကျန့်ကျန့်လေ "
" အာ . . ကျန့်ကျန့်လား ? ဝမ်ပေါ်လေးရဲ့ ကျန့်ကျန့် ?! "
ဝမ်ပေါ်ဆိုတဲ့အသုံးလေးကြောင့် ရှောင်းကျန့်မျက်လုံးတွေမှိတ်သွားတဲ့အထိ ပြုံးပြမိပြီး ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြမိလိုက်တယ် ။
" မတွေ့တာကြာပြီကျန့်ကျန့်ရယ် ဘယ်တွေပျောက်နေတာလဲ . . . "
ဆိုင်ပိုင်ရှင်အန်တီကြီးက ရှောင်းကျန့်လက်ကိုမဆွဲသွားရုံတမယ် ဆိုင်အတွင်းထဲခေါ်သွားသည် ။ ဒီအတောအတွင်း မလာဖြစ်တဲ့အကြောင်း ထွေရာလေးပါးပြောရင်း ရှောင်းကျန့်ဆိုင်ကထွက်လာတော့ ၉နာရီထိုးသွားပြီဖြစ်၏ ။
ဒီတစ်ခါတော့ ဘတ်စ်ကားမစီးတော့ပဲ Taxi ကိုပဲ ငှားလိုက်သည် ။
အိမ်ရှေ့က ဘဲလ်သံကြောင့် ရိပေါ် ခေါင်းသုတ်နေရာက မျက်မှောင်ကုတ်မိသွားသည် ။ ပိတ်ရက်မှာ သူ့ဆီလာမည့်သူ ဘယ်သူမှမရှိ ။ ဖြစ်နိုင်ခြေကတော့ မာမား ? ဒါမှမဟုတ် ကျိုးချန် ။
တစ်ယောက်ကိုမှ တွေ့ချင်မနေ၍ ရိပေါ် မကြားချင်ယောင်ဆောင်ကာ ထမင်းစားခန်းထဲဝင်လိုက်သည် ။ ဗိုက်ကဆာနေတာပေမဲ့ တစ်ယောက်တည်းနေတဲ့ ယောက်ျားလေးတစ်ယောက်အိမ်မှာ မနက်စာစားဖို့တောင် ပေါင်မုန့်တစ်ချပ်ရှိမနေဘူး ။ ဂရုမစိုက်မိပုံများပေါ့လေ ။
ဗိုက်ဆာရတဲ့အထဲ အိမ်ရှေ့ကဘဲလ်သံက မဖွင့်မချင်းတီးနေတာကြောင့် အာရုံနောက်လာပြီ ။ ရိပေါ် တဘတ်ကို ဆိုဖာပေါ်လှမ်းပစ်လိုက်ရင်း တံခါးဆွဲဖွင့်လိုက်သည် ။
" ဟိုင်း မောနင်း ကိုကို့ကောင်လေး "
လက်ထဲက ဖက်ထုပ်ပြုတ်ကို မြှောက်ပြရင်း ရပ်နေသူက ရင်အေးစေတဲ့အပြုံးနဲ့ ပြုံးပြနေသည် ။ မထင်မှတ်ထားတဲ့သူမို့ ရိပေါ်မျက်ခုံးတွေ ပင့်တက်သွား၏ ။
" ခင်ဗျားက ဘယ်လိုလုပ် ??! "
" လာပြီး စောင့်ကြည့်ခံတာလေ "
" ဘာကြီး ? "
ဇိုးဇိုးဇွတ်ဇွတ်နဲ့ အိမ်ရှင်ကဝင်ပါမပြောရသေးဘူး အိမ်ထဲဇွတ်ဝင်သွားသော ရှောင်းကျန့်က ရိပေါ်အိမ်ကို ခေါင်းကစားကြည့်ရင်း ထမင်းစားခန်းမြင်တာနဲ့ တန်းခနဲဝင်သွားတာမို့ ရိပေါ် အနောက်ကနေ လိုက်ရသည် ။
" ခင်ဗျား စကားကိုရှင်းအောင် ပြောစမ်းပါ "
" အော် . . အဲ့တာက မင်းကကိုကို့ကို စောင့်ကြည့်မယ်ဆိုပြောတယ်လေ . . အဲ့တာ ပိတ်ရက်လဲစောင့်ကြည့်ရမှာပေါ့ မဟုတ်ဘူးလား ? မဟုတ်ရင် ကိုကိုက တစ်ယောက်ယောက်နဲ့ တစ်နေရာရာ သွားနေရင် ဘယ်လိုလုပ်မလဲ ? "
" အဲ့တော့ ? "
" အဲ့တော့ မင်းဆီလာပြီး စောင့်ကြည့်ခံတာလေ . . ကိုကိုဘယ်သူနဲ့ ဘယ်မှမသွားကြောင်း "
ရိပေါ်က နှုတ်ခမ်းတင်းတင်းစေ့သွားကာ ခါးထောက်လိုက်သည် ။
" ခင်များ ဘာဖြစ်ချင်တာလဲ စကားကိုဒဲ့ပြော ! "
" မင်းကိုလွမ်းလို့ကွာ ! ရပြီလား . . မနက်စာဝယ်လာတယ် အကျႌသွားလဲပြီးလာခဲ့ . . တူတူစားကြမယ် "
" ဘယ်သူက စားမယ်ပြောလို့လဲ . . အလကားသူများအိမ်ကို ရှုပ်ရှုပ်ရှက်ရှက်နဲ့ "
ရိပေါ်ပြောပြီး ရှောင်းကျန့်ကို ကျောပေးထွက်ခဲ့လိုက်သည်နှင့် ပွစိစိပြောနေသည့်နှုတ်ခမ်းတွေက ဘေးကိုအနည်းငယ်ကွေးလို့ ပြေလျော့သွားသည် ။
သူရယ်လိုက်တာမဟုတ်ပါ ။ မှန်မှန်လိမ်ပါသည် ။ ပြုံးလိုက်ခြင်းသာဖြစ်၏ ။
" ဒီအိမ်မှာနေတာ ကြာပြီလား "
ရိပေါ်ရဲ့ ပန်းကန်ထဲ ဖက်ထုတ်ပြုတ်ထည့်ပေးရင်း ရှောင်းကျန့်မေးလိုက်သည် ။ အနည်းငယ်တိတ်ဆိတ်သွားပုံရသည့် ရိပေါ်က အတော်ကြာမှ ပြန်ဖြေလာခဲ့တယ် ။
" ကြာပြီ ၊ ခင်ဗျားထွက်သွားတည်းက "
" အော် . . အင်း ~~ "
" ....... "
" အန်တီကွေ့ကတောင် မေးနေသေးတယ် မင်းဆိုင်ကိုမလာတာကြာပြီဆို "
" ဟုတ်တယ် သတိမရချင်တဲ့သူရှိခဲ့ဖူးတဲ့ နေရာတိုင်း မသွားချင်လို့ "
အရည်ထည့်နေသည့် ရှောင်းကျန့်လက်ဟာ ရုတ်တရက်တန့်သွားပြီး မျက်နှာလည်းပျက်သွားခဲ့ပါသည် ။
" အင်္ဂါနေ့ ကုမ္ပဏီနှစ်ပတ်လည်ရှိတာ သိတယ်မလား "
နာကျင်ပါစေလို့ မရည်ရွယ်ပေမဲ့ နာကျင်သွားပုံရတဲ့ တစ်စုံတစ်ယောက်မျက်နှာကို ဆက်ပြီးမကြည့်ချင်၍ ရိပေါ် စကားလမ်းကြောင်းပြောင်းလိုက်၏ ။
" အာ. . အင်း သိတယ်လေ . . ဒါနဲ့ ... "
မေးရခက်နေရပုံရတဲ့ ရှောင်းကျန့်ကို ရိပေါ်ကြည့်လိုက်တယ် ။
" ဘာလဲ "
" ဒါနဲ့လေ . . အဲ့နေ့က မာမားတို့ရော တက်မှာမလား "
" ဘာလဲ တွေ့မှာကြောက်လို့လား "
" မဟုတ်ပါဘူး . . "
" ခင်ဗျားပြောတယ်မလား ကြောက်စရာမလိုဘူးဆို ? အာရုံစိုက်မနေနဲ့ ငါရှိနေမှာပဲ "
" မကြောက်ပါဘူးဆို . . ဘယ်မှာကြောက်တယ်ပြောလို့လဲ "
" မကြောက်ဘူးဆိုလဲ ပြီးတာပဲ "
မကြောက်ဘူးဆိုပေမဲ့လည်းပေါ့ တွေ့ရမှာနည်းနည်းတော့ တစ်မျိုးပါပဲ ။ ပြန်တွေ့ကြတဲ့အခါ ဘယ်လိုနှုတ်ဆက်ကြမလဲ ၊ အရင်တစ်ခါလိုပဲ ထွက်သွားခိုင်းဦးမှာလား ။ ဒီတစ်ခါတော့ သူမိုက်ရူးရဲမဆန်တော့ဘူးဆိုတာ ရှောင်းကျန့်သူ့ကိုယ်သူ အတပ်ယုံကြည်မိပါသည် ။
__________________________________________________________________
" ရှောင်းကျန့် မလာသေးဘူးလား ပွဲစတော့မယ် "
" ခုလာနေပြီ စီနီယာ ရောက်တော့မယ် "
စီနီယာကျူးစုန် ဖုန်းဆက်လာတော့ ရှောင်းကျန့်ပိုလောရတော့သည် ။ ပွဲနဲ့သင့်တော်တဲ့ ဝတ်စုံမရှိသဖြင့် လာရင်းလမ်းမှာ အကျႌဆိုင်ဝင်ပြီးဝယ် ၊ ဆံပင်ဆိုင်ပါသွားပြီး အနည်းငယ်ရှည်နေသည့် ဆံပင်ကိုပါညှပ်နေ၍ အချိန်ကားကြာနေခြင်းဖြစ်၏ ။
နို့နှစ်ရောင်ဝတ်စုံပြည့့်ဖြင့် ရှောင်းကျန့်က ဆံပင်ပါညှပ်ထားသည်ကြောင့် လမ်းသွားလမ်းလာသူတွေပင် ငေးကြည့်ရလောက်အောင် ပြည့်စုံနေသည် ။ အရိုးရှင်းဆုံးက အလှပဆုံးပဲတဲ့ ။ ဘာအရောင်အဝါမှ ထည့်မထားပေမဲ့ အလိုလိုလင်းလက်နေသလိုပေါ့ ။ ရှောင်းကျန့်က ဒီနေ့ပွဲမှာ တအားကြည့်ကောင်းနေ၍ စီနီယာအစ်မကတောင် သဘောကျချင်နေပြီဟု စနောက်လာသည် ။
( media မှာ ပုံထည့်ပေးထားပါတယ်နော် )
" ဒါရိုက်တာဝမ်ရော ရောက်ပြီလား စီနီယာ "
" ဟိုမှာလေ "
စီနီယာလှမ်းပြသည်ကို ရှောင်းကျန့်ကြည့်မိတော့ သူ့ကိုကြည့်တေသည့် ရိပေါ်နဲ့ မျက်လုံးချင်းဆုံသွားသည် ။ ရှောင်းကျန့်ရယ်ပြလိုက်ပေမဲ့ ရိပေါ်က မသိသလိုပင် မျက်နှာလွှဲသွားသည် ။
ခဲရောင် siut အပြည့်နဲ့ ရိပေါ်က အကျႌအတိုင်း ဘလင်းဘလင်းနဲ့ ပွဲထဲထင်ပေါ်နေ၏ ။ အနောက်ဆံပင်ကိုအရှည်ဆက်ထားပုံရသည့် ကောင်ကလေးက သိပ်ကိုကြည့်ကောင်းနေတော့တာပဲ ။
ပွဲစပြီးသည်နှင့် ရှောင်းကျန့် တကြည့်ကြည့်လိုက်ကြည့်တေမိသည့် အရိပ်ကလေးက ပွဲထဲပျောက်သွား၏ ။ ရှောင်းကျန့်လဲ လိုက်ရှာမနေတော့ပဲ စီနီယာတွေနဲ့ စကားလက်ဆုံကျနေရင်း စင်ပေါ်ကနေ မိုက်ခရိုဖုန်းနဲ့ နှုတ်ဆက်သည့်အသံ ထွက်ပေါ်လာသည် ။
မာမား ။ ရိပေါ်ရဲ့ မာမားက အများကြီးမပြောင်းလဲသွားဘူး ။ အရင်လို လှပကျော့မော့နေတုန်းပဲ ။ အလိုလိုလူရှိန်စေသည့် သူ့မျက်နှာအသွင်အပြင်ကတော့ ဘုရားပေးတဲ့ဆု ဖြစ်ပါလိမ့်မယ် ။
" ဒီနေ့အတွက် အထူးကြေငြာချက် တစ်ခုရှိပါတယ် . . လူကြီးမင်းတို့ အားလုံးကို အသိပေးချင်တာမို့ ဒီလိုလူစုံတဲ့ပွဲလေးမှာပဲ ပြောပြဖို့ စီစဉ်လိုက်ရတယ် "
ဝမ်မာမားရဲ့အသံက ပြတ်သားလှတယ် ။
" အဲ့တာကတော့ ကျွန်မရဲ့သား ဒါရိုက်တာဝမ်ရိပေါ် နဲ့ DS group ရဲ့ တစ်ဦးတည်းသောသမီး ရှောင်ကျွင့်တို့ရဲ့ စေ့စပ်ပွဲပဲ ဖြစ်ပါတယ် "
တသောသော ထွက်လာတဲ့ လက်ခုပ်သံတွေနဲ့အတူ စင်အောက်တစ်ဖက်တစ်ချက်စီမှာရပ်နေတဲ့ ရိပေါ်နဲ့ ရှောင်ကျွင့် ကို မီးစလိုက်တွေက ထိုးလာခဲ့သည် ။
လူအများရှေ့မှာ သူ့ကိုချောင်ပိတ်ဖမ်းလိုက်သည်ကြောင့် ရိပေါ် အံတင်းတင်းကြိတ်ထားမိသည်မှာ ပါးရိုးတွေပင် ထောင်တက်လာသည်အထိ ။ ပွဲတစ်လျှောက် သူကြည့်နေခဲ့သော စားပွဲဝိုင်းဆီ လှမ်းအကြည့် ပွဲထဲကထွက်ခွာသွားသည့် နို့နှစ်ရောင်ကောင်လေး၏ ကျောပြင်ကို တွေ့လိုက်ရသည် ။
စေ့စပ်ပွဲတဲ့ ။
တကယ်ပဲ သူ့အတွက်အခွင့်ရေးမရှိတော့ဘူးလား ။ ရှောင်းကျန့် ဓာတ်လှေကားနံပါတ်ကိုနှိပ်လိုက်ရင်း နံရံကိုကျောမှီထားမိသည် ။ သူက ခန္တီပါရမီပြည့်ဝတဲ့သူမဟုတ်တော့ ကိုယ်ချစ်တဲ့သူရဲ့ စေ့စပ်ပွဲကို မကြည့်နိုင်တာ မမှားဘူးမဟုတ်လား ။
ဓာတ်လှေကားက ၆ထပ်ကနေ ground အထိ ဆင်းသွားသည် ။ ဟိုတယ်အောက်ဆုံးထပ် ကျယ်ကျယ်မှာ တရိပ်ရိပ်သွားနေတဲ့ ရှောင်းကျန့်နောက် ခြေသံပြင်းပြင်းတွေက ကပ်ပါလာ၏ ။
" ရှောင်းကျန့် !!! "
ရိပေါ် ?
ရှောင်းကျန့် အနောက်ကိုလှည့်ကြည့်မိတော့ တာဝေးပြေးလာသည့်လူတစ်ယောက်လို ရိပေါ်က သူဒူးတွေကို လက်နဲ့ဖိထားရင်း ခါးကိုင်းကာအမောဖြေနေသည် ။ ပြေးလာရ၍ အသက်ရှုသံတွေကမြန်နေသည် ။ ချွေးကနဖူးကနေစီးကျနေပြီး မျက်နှာကလဲ နီနေခဲ့သည် ။
စေ့စပ်ပွဲကရော ?
" စေ့ . . စပ် ပွဲ . . . ဒီအကြောင်းတွေ . . ငါဘာမှမသိဘူး "
ရိပေါ်အသံက မောဟိုက်မှုတွေနဲ့ မပီမသထွက်လာသည် ။
" ငါတကယ်မသိဘူး . . မာမား ငါ့ကိုမပြောဘဲ . . "
" ရိပေါ် . . . ငါအထင်မလွဲပါဘူး ၊ ငါ့ကိုရှင်းမပြလဲရပါတယ် "
" အဲ့လိုမဟုတ် . . "
" ရိပေါ် . . "
" . ... . "
" မင်းငါ့ကိုချစ်တယ်မလား ? ငါ . . မင်းကိုရော မင်းနှလုံးသားကိုရော ယုံတယ် "
ရိပေါ်က ခနတာတိတ်ဆိတ်သွားသည် ။ ထို့နောက် ရှောင်းကျန့်ကို အကြာကြီး စိုက်ကြည့်ပြီးမှ ရယ်လာသည် ။
" ခင်ဗျားက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတဲ့ ဘဝင်ရူးပဲ "
သူရော ရှောင်းကျန့်ရော တူတူရယ်ဖြစ်ကြသည် ။ နဖူးကနေစီးကျနေတဲ့ ချွေးကို ရိပေါ်လက်ညိုးနဲ့ အသာသုတ်ဖယ်လိုက်သည်ကို ရှောင်းကျန့်က အသေးစိတ်စိုက်ကြည့်ပြီးနောက် . . .
" ရိပေါ် . . မထူးဘူး လာလက်စနဲ့ ငါတို့တစ်ခုခုလုပ်ကြမလား "
" ဟမ် ? "
ရိပေါ် ဆုံးအောင်တောင် မအံ့ဩလိုက်ရဘူး ရှောင်းကျန့်က ရိပေါ်လက်ကိုဆွဲပြေးကာ လှေကားတွေဘက်ဦးတည်လိုက်သည် ။
အရေးပေါ်လှေကားတံခါးကို တွန်းဖွင့်လိုက်ရင်း ရှောင်းကျန့် ရိပေါ်ကို နံရံဆီကပ်ပစ်လိုက်သည် ။
" ခင်ဗျား ဘာလုပ်မလို့လဲ "
ရှောင်းကျန့်က ပြန်မဖြေပါ ။ သည့်အစား ရိပေါ်ရဲ့မျက်နှာတစ်ခုလုံးကို သူ့လက်နဲ့ ထိတွေ့ကာ အကြည့်မလွှဲပဲ ရှိနေ၏ ။ ထို့နောက် နောက်ဆုံးရပ်သွားသည်က ရိပေါ်ရဲ့ နှုတ်ခမ်းပါးပါးဆီမှာဖြစ်ပြီး ထိုနှုတ်ခမ်းသားပေါ် လက်မနဲ့ ထိတွေ့ကာ ရိပေါ်မျက်လုံးတွေကို စိုက်ကြည့်လာသည် ။
" မှတ်မိသေးလား ငါတို့နှစ်ယောက်ရဲ့ အကြွေးအကြောင်း "
မြစ်ကမ်းဘေးမှာ ထားခဲ့တဲ့အကြွေး ။ လိုအပ်မှ တောင်းမယ်ဆိုတာ ။
" အခုတောင်းမယ်လေ ရလား "
ရှောင်းကျန့်က ထိုနှုတ်ခမ်းကိုပဲ လက်မနဲ့ဖိလိုက်ပြန်ခွာလိုက် လုပ်နေသည် ။ ရိပေါ် လက်နှစ်ဖက်မှာ တင်းတင်းဆုပ်ထားမိပြီး အသက်ကိုအောင့်ထားမိသည် ။ တဒိုင်းဒိုင်းဆောင့်ခုန်နေတဲ့ ရင်ခုန်သံက တိတ်ဆိတ်နေတဲ့ အရေးပေါ်လှေကားအတွင်းမှာ ကျယ်လောင်စွာပဲ ထွက်ပေါ်လာသည် ။
စိတ်ကျေနပ်စရာကတော့ ထိုရင်ခုန်သံတွေက သူတို့နှစ်ယောက်လုံးဆီမှ ဖြစ်ပေသည် ။
" နမ်းမယ်နော် "
ရိပေါ်မျက်လုံးကို မှိတ်ချလိုက်သည် ။ ရယ်သံခပ်သေးသေးလေးတစ်ခုကို ရှောင်းကျန့်ဆီက ကြားရပေမဲ့ သူဖွင့်မကြည့်မိတော့ဘူး ။
နှုတ်ခမ်းပါးဆီ ဖွဖွထိကပ်လာတဲ့ နှုတ်ခမ်းတစ်ခုက ယစ်မူးဖွယ်ပဲ ။ ဖွဖွကလေးထိတွေ့နေရာကနေ အောက်နှုတ်ခမ်းကို ဆွဲယူပြီးငုံထွေးလိုက်တဲ့အခါ ရိပေါ်ခြေထောက်တွေ ညွှတ်ကျသွားချင်သည် ။
ဒီအနမ်း ၊ ဒီအထိအတွေ့ ၊ ဒီခံစားချက် နဲ့ သူဘယ်လောက်အထိ ဝေးကွာနေခဲ့မှန်း သိရသည့်အချိန်မှာ သူ့နှုတ်ခမ်းကို ထိတွေ့နေတဲ့ ထိုလူရဲ့နှုတ်ခမ်းကို အငမ်းမရဆွဲယူမိတော့သည် ။ ရိပေါ် . . ရှောင်းကျန့်ရဲ့ ပါးနှစ်ဖက်ကို လက်အပြည့်ကိုင်ထားပြီး အနမ်းကိုပိုပြီးမွတ်သိပ်အောင် အရှိန်မြင့်လိုက်၏ ။
ပြင်းထန်နေတဲ့ အသက်ရှုသံတွေအကြား ဘေးပတ်ဝန်းကျင် ၊ လက်ရှိရောက်နေတဲ့နေရာ ၊ အတိတ်ကအကြောင်းအရာတွေ အားလုံးကိုမေ့ပစ်လိုက်ပြီး လေးနှစ်ကြာကြာ တိုင်အောင် ဝေးကွာခဲ့ရတဲ့အနမ်းတွေကို ပုံဖော်မိခဲ့သည် ။
စ၍နမ်းသူက ကိုယ်ဖြစ်ပေမဲ့လို့ ဦးဆောင်သွားသူက ရိပေါ်ဖြစ်နေသည့်အခါ ရှောင်းကျန့် ပြုံးမိရတော့တာပါပဲ ။ နှုတ်ခမ်းနှစ်ခု ပူထူလာပြီး အသက်ရှုမဝတော့သည့်အခါမှ သူတို့အနမ်းကို ရပ်မိကြသည် ။
" ကိုကို့ကို ချစ်တယ်မလား ရိပေါ် "
မက်မက်မောမော ပြန်နမ်းခဲ့သည့် ရိပေါ်က ရှောင်းကျန့်ကို မကျေမနပ်လေး စိုက်ကြည့်သည် ။
" ခင်ဗျား တအားလည်တာပဲ ကျန့်ကော "
ရှောင်းကျန့်က အသံထွက်၍ပင် ရယ်လာသည် ။
မင်းတို့သိလား ။ ငါ ထပ်ပြီးချစ်ရမှာကြောက်ပေမဲ့ ချစ်မိခဲ့ပြန်တယ် ငါသိပ်ချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို ။
အဲ့ဒီတူညီတဲ့ တစ်ယောက်တည်းကိုပဲ ပုံစံမတူဘဲ နှစ်ခါထပ်ချစ်မိခဲ့တယ် ။
အချစ်က သိပ်ဆန်းကြတယ်နော် ။
ဒါနဲ့ ..... ဒီနေ့က ငါ့ရည်းစားဟောင်းနဲ့ ချစ်သူပြန်ဖြစ်ခဲ့တဲ့ ပထမဆုံးနေ့နော် ။
မှတ်ထားကြဦး ။
TBC .....
အဟမ်း ပြန်ချစ်သွားကြပြီ ။ ဟိဟိ ။
အချိုစားဖို့ အသင့်ပဲလား ဗျို့ !!
ဒါနဲ့လေ ကျန်းမာရေးတော့ကောင်းကြတယ်မလား :3
Continue Reading
You'll Also Like
12.3K 1.6K 7
"လမိုက်ညဆို ရွာမြောက်ဘက်က တောင်နား ယောင်လို့တောင် မသွားမိစေနဲ့" "မိစ္ဆာက လူကို ဖမ်းစားတယ်လို့ ပြောကြတာပဲ" သည်လို ပြောစမှတ်ပြုကြတဲ့ ကိုမိုရီ ရွာလေးရဲ့...
286K 24.9K 56
Red is the ultimate cure for sadness ❤
106K 5.6K 90
631K 54.8K 30
(Unicode) ကျွန်တော် ရူးနေတာ မဟုတ်ဘူး။ ဒါ ရူးသွပ်မှု မဟုတ်ဘူး။ ဒါ ကျွန်တော်ချစ်တဲ့ နည်းလမ်းပဲ။ မင်းအချစ်ခံရတဲ့သူကတော့ အင်မတန်ကံဆိုးတာပဲ Wang Yibo။ ငါ...
Wattpad App - Unlock exclusive features