Part - 11

27.2K 3K 130
                                    

" ကျန့်ကော .... သားကို အာဘွားပေးဦး "

မျက်လုံးလေးမှိတ်လျက် ပါးဖောင်းပြနေသော ရိပေါ်က သူလိုချင်တာရှိလျှင် သားဟုသုံးနှုန်းလျက် ချွှဲသည် ။

" ရိပေါ် ... ကျောင်းရောက်နေပြီလေ လူတွေရှိတယ် "

ကားပေါ်မှမဆင်းရသေးသော သူတို့နှစ်ယောက်က ကျောင်းဝင်းထဲက ကားပါကင်မှာဖြစ်သည် ။ အခုထိ ထိုငိခုံခါးပတ်မချွတ်ရသေးသော ရိပေါ်က မျက်လုံးလေးတွေ ဖွင့်လာကာ နှုတ်ခမ်းဆူချင်နေသည် ။

" ကျန့်ကောက ကျောင်းရောက်တော့လဲ လူတွေရှိတယ်ဆိုပြီး ကျွန်တော့ကို လက်တောင်ပေးမကိုင်ဘူး ။ ပုခုံးလဲဖက်ခွင့်မပေးဘူး ။ အခု ကားပေါ်မှာမို့ အာဘွားပေးခိုင်းတော့လဲမပေးဘူး ။ ဘာလဲ ကျန့်ကော ကျွန်တော့ကို အချစ်တွေပေါ့သွားပြီလား "

ရိပေါ် ကားပြတင်းပေါက်ဖက် လှည့်သွားကာ လက်နှစ်ဖက်ပိုက်လျက် နှုတ်ခမ်းကြီးတတောင်လောက် ထော်ထားသေးပုံက သူစိတ်ကောက်သွားပြီပေါ့ ။

" ဆိုးလိုက်တာ ဒီကောင်လေးကွာ "

" ဆိုးတော့ မချစ်တော့ဘူးမလား . . သွားတော့ ကားပေါ်ကဆင်းတော့ ! "

အတည်ကြီး စိတ်ကောက်နေတဲ့ ကောင်လေးကို ရှောင်းကျန့် အသည်းယားစွာပဲ ပြုံးကြည့်နေတယ် ။ သူလိုချင်တာ မရမချင်း အော်ငေါက်ဂျစ်ကျတတ်တဲ့ အကျင့်လေးက မပျောက် ။ အခုချိန် ရှောင်းကျန့်ကတော့ သူ့ကို အာဘွားပေးချင်သည့်အစား ခေါင်းလေးပဲခေါက်ချင်တော့သည် ။

ကားရပ်လာပြီး ကားပေါ်က မဆင်းသေးတဲ့ သူတို့နှစ်ယောက်ကို လူတွေက တကြည့်ကြည့်နဲ့ ။ ဘေးကမှန်တွေကို အကုန်အနက်ပဲတပ်ထားပေမဲ့ ရှေ့ကမှန်ကတော့ ရိုးရိုးအဖြူပဲမို့ ကားထဲက သူတို့နှစ်ယောက်ကို ကျောင်းသူ ၊ ကျောင်းသားတွေက သိသိသာသာရော မသိမသာရော ကြည့်နေကြသည် ။

ဂျစ်နေတဲ့ကောင်လေးကို ရှောင်းကျန့် နမ်းပေးလိုက်ချင်ပေမဲ့ လူတွေရဲ့အပြောကို သူကြောက်တယ် ။ ရှောင်းကျန့်ကလွဲ လူမထင်တဲ့ ရိပေါ်ကို ကျောင်းကလူတွေက သို့လောသို့လော ပြောကြတဲ့စကားတွေ သူကြားခဲ့ရပြီးပြီ ။ သူကတော့ နဂိုတည်းက ဘာမှဂရုမစိုက်တဲ့သူပေမဲ့ ရိပေါ်ကိုတော့ သူစိုးရိမ်သည် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now