Unicode&Zawgyi
(Zawgyi )
"Yi Bo.... "
"အင်း...."
"အန်တီ ရော အဆင်ပြေလား...."
"အိမ်မှာ မနေတော့တာ....!"
တွေးဆဆ ဖြစ်သွားသည်....
"ဒီး...ဒီး..."
"ကိုကို..."
"အိမ်ကိုလား....."
နောက်၆ရက်ဆိုရင်ရော....."
"ဘယ်တုန်းက လဲ...."
"မျက်နှာရူး... "
လုယွီ ပြောလိုက်သည်....
.............................................................
(Unicode)
"ယွီယုံလုံ သူက မင်းလုပ်ချင်တိုင်း လုပ်လို့ ရနိုင်တဲ့ မိသားစုက မဟုတ်ဘူး...."
"လုပ်ချင်တိုင်း လုပ်လို့မရနိုင်တဲ့ မိသားစု.... Hk..ရယ်ရတယ်.... တစ်မိုးအောက် ယွီယုံလုံ တို့က တစ်ခါဆုံးဖြတ်ပြီးရင် ရအောင်လုပ်တတ်တယ်....."
"ရယ်ရတယ် ဟုတ်လား....သူက ဘယ်သူလဲ ဆိုတာ မင်းသိရင် ရယ်နိုင်ပါဦးမလား...."
"သူ ဘယ်သူဖြစ်ဖြစ် ဂရု မစိုက်ဘူး....."
"Xiao Group ကကွ... Xiao Groupက
မင်းရူးနေရင်လည်း အေးအေးသက်သာ တခြားမှာ သွားရူး Xiao Groupကို သွားထိပြီး ပြသနာထဲ ငါ့ကို ဆွဲမထည့်နဲ့.... ငါ့ ကုမ္ပဏီ ဆက်ရှင်သန်ဖို့ Xiao Groupကိုလိုအပ်တယ်....
နားလည်လား.....မင်းကြောင့် ငါ့အစီအစဉ်တွေ လွဲချော် မခံနိုင်ဘူး....."
ဝမ်မော့ စိတ်အလိုအတိုင်း အော်ဟစ်ပြောဆိုလိုက်သည်.....
"Xiao Groupလည်း ဂရုမစိုက်ဘူး....လိုအပ်တာ ရှင်လေ... ကျွန်မမှ မဟုတ်တာ.....တော်ပြီ....ရှင်နဲ့ ပြောစရာ မရှိတော့ဘူး....."
ယွီယုံလုံ စိတ်တိုပြီး ဖုန်းချလိုက်သည် ....
ယွီယုံလုံ Wang Yi Bo နဲ့ Xiao Zhanတို့ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေမိသည်...
ထို့နောက်တွင် ထိုနေရာမှ ထွက်ခွာသွားသည်....
"Yi Bo.... "
"အင်း...."
"အန်တီ ရော အဆင်ပြေလား...."
Xiao Zhan ဆိုလိုသည်က စုချင်းယွဲ့ ပင်....
"အဆင်ပြေပါတယ် အိမ်မှာ မနေတော့တာပဲ ရှိတာ...."
"အိမ်မှာ မနေတော့တာ....!"
Xiao Zhan မေးခွန်းတို့ဖြင့်
တွေးဆဆ ဖြစ်သွားသည်....
"ဟုတ်တယ်.... အဲ့ဒီနေ့က Ge Ge ထွက်သွားပြီးတော့ မေမေက ကျွန်တော်တို့ကို လက်ခံပေးဖို့ အဖေ့ကို ပြောခဲ့တယ်....ပြီးတော့ သူတို့ အကြီးအကျယ် ပြသနာတက်ပြီး မေမေ အိမ်ပေါ်က ဆင်းသွားပြီး သူ့သူငယ်ချင်း အိမ်မှာ သွားနေတယ် အခုထိပဲ...."
Xiao Zhan... Wang Yi Bo စကား ကြားပြီး သူ့ပယောဂ မကင်းသလိုခံစားရသည့်အတွက် မျက်နှာ မကောင်းတော့ပေ.....
"ဒီး...ဒီး..."
Xiao Zhan ဖုန်းမှ အသံမြည်လာခြင်းပင်....
"ကိုကို..."
Xiao Zhan..ရှောင်းလွီ ကို ပြောလိုက်သည်...
ထို့နောက် Xiao Zhan... ရှောင်းလွီ နှင့် စက္ကန့်အနည်းငယ်စကားပြောပြီးသည့်နောက်တွင် ဖုန်းချလိုက်သည်....
"Yi Bo...မင်း ညနေ အိမ်လိုက်ခဲ့ပါလား..."
"အိမ်ကိုလား....."
Wang Yi Bo ဘာအတွက်ကြောင့်ဆိုတာ မသိသည့်အတွက် ပြန်မေးလိုက်သည်.......
"ရှင်းအာ....ငါတို့အကြောင်း မေမေတို့ကို ပြောပြလိုက်ပြီ... အဲ့ဒါ အိမ်မှာ ညစာစားရင်း မင်းနဲ့တွေ့ချင်လို့တဲ့....မင်းလိုက်ခဲ့လို့ အဆင်ပြေမလား.... "
"အမ်...မြန်လိုက်တာ... ကျွန်တော် ဘာမှ အဆင်သင့် မဖြစ်သေးဘူးရယ်..."
"စိုးရိမ်စရာ မလိုပါဘူး....ဒီအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ထမင်းစားပြီး စကားပြောရုံပါပဲ မေမေတို့က သဘောကောင်းပါတယ်...."
"ဒါပေမယ့်.... ယောက္ခမလောင်းကြီးတွေနဲ့ တွေ့ရမှာ စိတ်လှုပ်ရှားတာပေါ့...."
Wang Yi Bo ပြုံးစိစိ မျက်နှာပေးဖြင့်ပြောလိုက်သည်....
"အသေးလေး....သူများတွေ က မိဘတွေနဲ့တောင်တွေ့ပေးနေပြီ....ကိုယ့်ကိုရော ဘယ်တော့တွေ့ပေးမှာလဲ....ဟင်....."
"နောင် နှစ်ပေါင်း၆၀ ကြာပြီးရင်..."
လုယွီကား မျက်နှာသေနှင့်ပင်....
"အာ နောင်နှစ်ပေါင်း၆၀ဆို ကိုယ် နတ်ပြည်မှာ နတ်သမီးလေးတွေ ခြံရံပြီး ရှိနေရတော့မှာလေ.....ဒီလိုလုပ်လုပ်လေ....
နောက်၆ရက်ဆိုရင်ရော....."
"ခင်ဗျားကို နတ်ပြည်မပြောနဲ့ ငရဲပြည်က လက်ခံပါစေလို့ပဲ အရင် ဆုတောင်းဦး တော်ကြာ သွားစရာမရှိ လေလွင့် ဝိညာဉ် ဖြစ်နေဦးမယ်.... ပြီးတော့ ခင်ဗျားကို ကျွန်တော် ဘယ်တုန်းက လက်ခံတယ် ပြောမိလို့ ကျွန်တော် ့မိဘနဲ့ တွေ့ပေးရမှာလဲ....."
"အသေးလေး ခုန ပြောလိုက်တယ်လေ....."
"ဘယ်တုန်းက လဲ...."
"ခုနတုန်းက ကိုယ့်နှလုံးသားနားလေးကပ်ပြီး တိုးတိုးလေးပြောသွားတာ ကိုယ့်ကို လက်ခံတယ်လို့...."
"မျက်နှာရူး... "
လုယွီ ပြောလိုက်သည်....
"ငါ ဟွာဖန်း ကို ဒီလောက် အရှက်မရှိမှန်းမသိခဲ့ဘူး...."
Xiao Zhan.... ဟွာဖန်းကိုကြည့်လျှက်
စိတ်ညစ်ညူ းနေသည့်လေသံဖြင့် ပြောလိုက်သည်....
တစ်ဖက်မှ ရှောင်းလွီ ကတော့ သူ့ချစ်ညီမလေး....ရှောင်းရှင်းအာ ၏ စနက်ကြောင့် စိတ်လေနေသည်....
ရှောင်းလွီ အနေဖြင့် Xiao Zhan တို့ ကိစ္စကို သူ့မိဘတွေကို မသိစေချင်သေးပေ.....
Wang Yi Bo အကြောင်းကို ထဲထဲဝင်ဝင် စုံစမ်းချင်သေးသောကြောင့်ပင်....
သို့သော် သူ၏ ချစ်ညီမလေးက ထိုသို့ အဖြစ်မခံ....
ရှောင်းလွီ....Xiao Zhan ကို ဖုန်းဆက်ပြီးနောက်...
"ရှင်းအာ...အရှုပ်မလေး...နင် ငါ့အစီအစဉ်ကို ဖျက်စီးတယ်...."
ရှောင်းရှင်းအာ ကို ပြောလိုက်သည်....
"ကိုကြီး ကလည်း....ရှင်းအာ က ဘာဖျက်စီးလို့လဲ...."
"ဒါဆိုသူ့ကို ကိုကြီးရဲ့ အချစ်ရဆုံး ညီလေးကို လွယ်လွယ်ပေးလိုက်ရမှာလား ...သူ့ကို lessonပေးမလို့ဟာ အခု ရှင်းအာက ဖျက်စီးလိုက်ပြီ...."
ရှောင်းလွီ စိတ်ပျက်စွာ ပြောလိုက်သည်....
"သြော်....ဒါလား....ရှင်းအာရဲ့ လက်စွဲဆောင်ပုဒ်ကြောင့် မြန်မြန်စီစဉ်လိုက်ရတာ...."
"လက်စွဲဆောင်ပုဒ်ကြောင့်.....!..."
ရှောင်းလွီ အနည်းငယ် ကြောင်သွားသည်...
"အင်း...ဟုတ်တယ်....အဲ့ဒါက ဘာလဲဆိုတော့
ငါ fa ဖြစ်တာ ကိစ္စ မရှိဘူး....ဒါပေမယ့် ငါရွက်လွင့်လိုက်တဲ့ couple တွေတော့ လက်ကို လက်ထပ်ရမယ် မြန်နိုင်သမျှ မြန်မြန်ပေါ့....."
.............................................................