part42

4.2K 310 16
                                    

Unicode&Zawgyi

(Zawgyi )

"အရူးမလေး ပေါက်တတ်ကရတွေ..... "

ရှောင်းလွီ အနည်းငယ် ဆူငေါက်လိုက်သည်....

"ဟွန့် ဘာပေါက်တတ်ကရလဲ....ကိုကြီးတောင် ရှင်းအာကြောင့် ယောက်ျား ကောင်းရတာနော်..."

"ရှောင်းရှင်းအာ .... ထပ်ပြောပါဦး....."

"သိသားပဲ ကိုကြီး ဒါကို ထပ်ကြားချင်မယ်ဆိုတာ...."

"ကြားချင်လွန်းလို့မဟုတ်ဘူး အဲ့ဒီပေါက်တတ်ကရလေးတွေ ပြောတဲ့ အရူးမလေးကို ရိုက်ချင်လို့....."

ရှောင်းလွီ ပြောလည်းပြော... သူကိုင်ထားသည့်ဘောပင်ဖြင့် ရှောင်းရှင်းအာ ခေါင်းကို ခေါက်လိုက်သည်.....

"အဟင့်...ဟင့်... ကိုကြီး...ရှင်းအာကို အနိုင်ကျင့်တယ်... အကိုချိုးနဲ့ ပြန်တိုင်ပြောမယ်....
ပြီးရင် ကိုကြီးကို ရှင်းအာ အစား ပြန် အနိုင်ကျင့်ခိုင်းမယ်...."

ရှောင်းရှင်းအာ ပထမက ငို၍ ပြောနေသော်လည်း စကားအဆုံးတွင် ရှောင်းလွီ နှင့် ဝေးရာကို ထပြေးလိုက်သည်....ထို့နောက် ရှောင်းရှင်းအာက ရှောင်းလွီ ကို လျှာထုတ်ပြောင်ပြရင်း ထွက်ပြေးသွားသည်.....

"ငါလည်း ဒီကောင်မလေးကို ဘယ်လိုမှ မနိုင်ဘူး...."

ရှောင်းလွီ ရေရွတ်လိုက်သည်.....

Xiao Zhan ....Wang Yi Bo နဲ့အတူ သူ၏ အိမ်ကို ပြန်လာခဲ့သည်......

ဟွာဖန်းကမူ လုယွီ ဘေး၌ ပက်ကျိလို တွယ်ကပ်ရင်း ကျန်နေခဲ့သည်....

"Ge Ge.... အိမ်ကြီးက ခမ်းနားလိုက်တာ...."

Wang Yi Bo... Xiao Zhan အိမ်ကို ကြည့်ပြီး ပြောလိုက်သည်....

"အကိုလေး......"

အိမ်က အလုပ်သမား မိန်းကလေးက နှုတ်ဆက်လိုက်သည်....

"အင်း....မေမေတို့ရော....."

Xiao Zhan မေးလိုက်သည်....

"သူဋ္ဌေးကတော်တို့က ဧည့်ခန်းမှာပါ အကိုလေး...."

"ကောင်းပြီ... မင်းလုပ်စရာရှိတော့လေ....."

Xiao Zhan ပြောလိုက်သည်...

ထိုမိန်းကလေးက ဟုတ်ကဲ့ ဟုဆိုရင်း သူလုပ်စရာရှိသည်များကို ဆက်လုပ်ရန် ထွက်သွားသည်....

Dream 's Lover(completed) Where stories live. Discover now