Sugar Daddy (Completed)
By shanemann622
4.3M 323K 10K
အနိမ့်အမြင့် အတက်အကျ ပြောင်းလဲနေတဲ့ ဘဝကြီးမှာ ကံကြမ္မာရဲ့ ကြိုးဆွဲရာကို ကျနော် ခံနိုင်ရည်ရှိသမျှ ကခဲ့ရတယ်။ ဘဝတ... More
Author
part 1(Zawgyi +Uni)
part 2(zawgyi +uni)
part 3(zawgyi +uni)
part 4(zawgyi+uni)
part 5(zawgyi +uni)
part 6(zawgyi +uni)
part 7(zawgyi +uni)
part 8(Zawgyi +uni)
part 9(zawgyi +uni)
part 10(zawgyi +uni)
part 11(zawgyi +uni)
part 12(zawgyi +uni)
part 13 (Zawgyi + Uni)
part 14(zawgyi +uni)
part 15(Zawgyi + uni)
part 16(zawgyi +uni)
part 17(zawgyi +uni)
part 18(zawgyi +uni)
part 19(zawgyi +uni)
part 20(zawgyi+ uni)
part 21(zawgyi +uni)
part 22(zawgyi +uni)
Part 23(zawgyi +uni)
part 24(zawgyi +uni)
part 25(zawgyi +uni)
part 26(zawgyi +uni)
part 27(zawgyi +uni)
part 28(Zawgyi +uni)
part 29(zawgyi+uni)
part 30(zawgyi +uni)
part 31(zawgyi +uni)
part 32(zawgyi +uni)
part 33(zawgyi +uni)
part 34 (Zawgyi +uni)
နေသစ်မာန်
ရှိန်းခေတ်နွေ
part 35( zawgyi+ uni)
part 36(zawgyi + uni)
Part 37(Zawgyi + Uni)
part38 (Zawgyi +uni)
part 39(Zawgyi +Uni)
ဖြေရှင်းချက်
Part 40 (Z+ U) Final
ကျေးဇူးတင်လွှာ
Extra (Z + U)
Extra 3(Z+U)
Extra 4(Z+U) end
special extra for covid-19
side story
back with newfic
Extra 2(Z+U)
71.3K 4.6K 126
By shanemann622
"မင်း ............ခွေးကောင် "
Ring.....Ring......Ring......
" hello ဦးမာန်"
" အင်း ဒါပဲ "
" ဟာ.... ပြန်ပြောအုံးလေ "
" ဟင်းးးး ချစ်တယ်နော် "
" အင်း ဟုတ်တယ်"
" အစ်ကို အစ်ကို "
" အာ......ဟုတ်ကဲ့ ရပါတယ် "
" ယေးးးးး နိုင်သွားပြီ "
" ငယ်! ! ! ! "
" ယေးးးးး "
" အမလေး သေပါပြီတော် "
" ဦးမာန် "
" လိုက်ခဲ့ "
"ဝင် "
" ကျစ်! ! "
" မ..အော်..ပါနဲ့....အီးဟီးးးး "
" ဟင့် ဦးမာန်...."
"အားးးးးးးး ဦး နာ...နာတယ် "
" ဒူး.....အ့....အ...ဒူး...နာ...ဟ့..တယ်"
..................................
Unicode
" ငါမနေ့က နေသစ်ကို ရတနာဆိုင်တစ်ခုမှာ တွေ့ခဲ့တယ် "
ဟိန်းသူရ၏ ပြောစကားအရ နေသစ်သူ ခေတ်နွေအား လက်ထပ်ခွင့်တောင်းရန် သွားတာမည်ဟု ခေတ်နွေ တွေးတာ ပါးမို့မို့လေးများ ဖောင်းတက်သွားသည်အထိ ကြည်နူးစွာပြုံးလိုက်မိသည်။ ဒါကြောင့်မနေ့ကအလုပ်ချိန်ကြီး သူ့ကို ဘာမှမပြောပဲ အလောတကြီးထွက်သွားတာဖြစ်မည်။
" ခင်များကလဲ ဘာလို့ ပြောလိုက်တာလဲ ဘဲကြီးက သူ့ကို suprise လုပ်ဖို့လားမှမသိတာ "
" မင်းလျှာမရှည်စမ်းပါနဲ့ ငါက တွေ့ခဲ့တယ်ဆိုတာကိုပြောပြတာ ပြီးတော့ ငါ့ကို ရိုရိုသေသေခေါ်စမ်း ငါမွေးရင် ငါ့သားလောက်ကများ "
ဟိန်းသူရ၏ စကားကို ခေတ်နွေ ခွီခနဲ ရယ်လိုက်မိသလို အလင်းသည်လည်း မဲ့လိုက်၍ ဆိုသည်။
" ဟက်...ဟုတ်တာပေါ့ ခင်များက အိုစာနေပြီလေ အဲ့ဒါ မသေခင်လေး ကျွန်တော်နဲ့တွဲလို့ ပြောတာ "
"မင်း ............ခွေးကောင် "
သူရသည် ပြန်ချေပရန် စကားမရှိသဖြင့် ဒေါသထွက်ကာ ဆဲရန်ပြင်ပြီးမှ အရှိန်သတ်လိုက်သည်။ကြားမှ ထိုင်နေသော ခေတ်နွေသည် သူတို့နှစ်ယောက်ကို ကြည့်လိုက် ရယ်လိုက် ပန်းကန်ထဲမှ ဖရဲသီးအား ယူစားလိုက်ဖြင့် စကားပင်မပြောနိုင်။
Ring.....Ring......Ring......
ဘောင်းဘီ အိတ်ထဲမှ ဖုန်းတုန်ခါမှုကြောင့် ခေတ်နွေ ဖရဲသီးပန်းကန်ထဲလက်လှမ်းနေရာမှ ဖုန်းအား ထုတ်ယူလိုက်သည်။ ဖုန်း screen ပေါ်၌ ' ဦး ' ဆိုသော နာမည်လေးနဲ့တင် ခေတ်နွေ ပြုံးသွားစေခဲ့သည်။
" hello ဦးမာန်"
သကြားကို ပျားရည်လောင်းထားသကဲ့သို့ ချိုသာသည့် ခေတ်နွေအသံကြောင့် ဘေးမှ သူရနှင့် အလင်းတို့၏ မျက်နှာသည့် ချက်ချင်းပင် မဲ့သွားလေသည်။
"ငယ် အခုဘယ်မှာလဲ အမေ့အိမ်မှာလဲမရှိဘူး အိမ်မှာလဲမရှိဘူး "
" ကျွန်တော် ကိုသူရ အိမ်မှာ ၊ ဖရဲသီးတွေ ၅လုံးတောင် လက်ဆောင်ရတယ်ဆိုပြီးတော့ ကျွန်တော့်ကို ခေါ်ကျွေးလို့လေ အလင်းလည်းပါတယ် "
" အင်းပါ ပြန်မလာသေးဘူးလား "
" ဦးကဘယ်မှာလဲ ကျွန်တော်ပြန်လာမယ်လေ "
" အာ....ကိုယ်က အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတယ် ငယ်ရဲ့ "
"ပိတ်ရက်တောင် ဦးက အလုပ်လုပ်တုန်းနော် မနက်ကတည်းက ထွက်သွားလိုက်တာ နေ့လည်တောင်ရောက်တော့မယ်အလုပ်ကမပြီးသေးဘူးလား "
ခေတ်နွေသည် ဆူပုတ်ပုတ်ဖြင့် ပြောလေသည်။ လွတ်လပ်ရေးနေ့တောင် နေသစ်မာန်က အစောကြီးအလုပ်သွားတာမို့ ခေတ်နွေ သိပ်တော့မကြည်။ ပူကြူးလေးကလည်း ညကတည်းက အမေနဲ့ တူတူအိပ်သည်။ ဒါကြောင့်မို့ ခေတ်နွေ တစ်ယောက်တည်းပျင်းတာနဲ့ သူရဖုန်းဆက်ခေါ်တာနဲ့ အတော်ပင်ဖြစ်သွားသည်။ သူရအိမ်ရောက်တော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် အလင်းကိုတန်းမြင်ရတာကြောင့် ခေတ်နွေ ရှုံ့မဲ့သွားသည်။ သူလည်း ပိတ်ရက်လေး နေသစ်နဲ့ တူတူနေချင်တာပေါ့။
" အင်း ပြီးတော့မှာပါ ငယ်ရယ် ဒါပဲနော် ကိုယ် အလုပ်လေးရှိသေးလို့ ချစ်တယ် ကလေး အပြန် ဝင်ခေါ်မယ် "
သိမ့်ခနဲ နွေးသွားသည့် ရင်ခုန်သံတွေကြောင့် ခေတ်နွေ ဆူပုတ်နေသည့် ကြားက ပြုံးမိလိုက်ပါသေးသည်။
" အင်း ဒါပဲ "
" ဟာ.... ပြန်ပြောအုံးလေ "
" ဟင်းးးး ချစ်တယ်နော် "
သက်ပြင်းချသံလေးနှင့်အတူ အသံချိုချိုလေးကြောင့် နေသစ်၏ စိတ်တွေ လန်းသွားသလို ကြည်လင်သွား၏ ။ တစ်နေ့တာရဲ့ အားဆေးလေးက ငယ့်ရဲ့ ချစ်စကားလေးတွေပင် ။
" အမလေး......ရွံစရာကောင်းလိုက်တာ "
ရုတ်တရက်ထွက်လာသည့် သူရအသံကျယ်ကျယ်ကြောင့် ခေတ်နွေ သူရဘက်သို့ ဆက်ခနဲလှည့်ကြည့်လိုက်သည်။ ဖုန်းမပြောခင်က ခေတ်နွေဘေးမှာ ထိုင်နေသော အလင်းသည် အခုတော့ သူရ၏ ဘေးသို့ ပူးကပ်၍နေသည်။ လက်တစ်ဖက်က သူရပခုံးပေါ် တင်ထား၍ သူ၏ ခန္ဓာကိုယ်ကိုလည်း သူရ၏ ကိုယ်လုံးသေးသေး၌ မှီထားကာ ဖရဲသီးစားနေသည်။ သူရကတော့ မဲ့ရွဲ့ကာဖြင့် ခေတ်နွေကို စနေသေးသည်။
" အကို အားကျရင်ကျတယ်ပေါ့။ ဘာတွေ မနာလိုဖြစ်နေတာလဲ ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လုံးရှိတဲ့ဟာကို မနာလိုမဖြစ်ပါနဲ့ အကိုလည်း ro လို့ရပါသေးတယ် "
ကျွန်တော့် စကားကြောင့် အလင်းသည် ကိုသူရမျက်နှာအား ပြီတီတီကြည့်လာသည်။ ကိုသူရလည်း မလုံမလဲဖြင့် သူ၏ ပခုံး၌တင်ထားသည့် အလင်းလက်အား တွန်းထုတ်လိုက်၏ ။
"အရှေ့မှာ ဆူညံ့သံတွေကြားတယ်။ လွတ်လပ်ရေးနေ့ ကစားပွဲလုပ်နေကြတာလား "
သူရသည် ရှက်ကိုးရှက်ကန်းဖြင့် စကားလမ်းကြောင်းလွှဲကာ ခြံရှေ့အား လှမ်းကြည့်၍ ပြောလေသည်။ ကစားပွဲ ဟူသည့် အသံကြောင့် ခေတ်နွေမျက်လုံးများ ဖျက်ခနဲ အရောင်တောက်လာသည်။
" မနက်ကလာတော့ ဘာမှမတွေ့မိဘူး အခုမှ စဆော့ကြတာထင်တယ် "
အလင်းသည်လည်း မရိုးမယွဖြစ်လာ၍ လမ်းမရှိ လူများကို လှမ်းကြည့်ကာပြောလေသည်။
" အကို ကျွန်တော်တို့လည်း ဝင်ဆော့လို့ရလား "
မျက်လုံးအရောင် တောက်တောက်လေးများဖြင့် သူရအား မေးသည့် ခေတ်နွေ ။ ခေတ်နွေ၏ မေးခွန်းနဲ့ အတူ သူရအား ပြန်ကြည့်လာသည့် အလင်း။ မျက်လုံး လေးလုံး၏ တောက်ပနေသော အကြည့်များကြောင့် သူရသည် ဆွံ့အသွားသည်။
"ဟင်....အင်း....မသိဘူး ။ ငါတော့ တစ်ခုမှ ဝင်မဆော့ဘူး ညကအလှူလာခံတော့ ထည့်ထားတာပဲ "
" အလှူခံထည့်တယ်ဆိုရင်တော့ ရမှာပါ ကွန်ဒိုကိုပြောင်းပြီးကတည်းက ပျင်းလို့ကောင်းနေတာ သူ့ဟာသူနဲ့သူ သီးခြားနေကြတော့ ဒီလိုပွဲတွေဆို မလုပ်ကြဘူး ဦးမာန်တို့ လမ်းမှာလည်းတူတူပဲ "
" ဟုတ်တယ် ကျွန်တော်တို့လမ်းက သူဌေးရပ်ကွက်ဆိုပြီး လမ်းလူကြီးကအစ ဖင်ခေါင်းကျယ်ကြတော့ ဘာပျော်ပွဲရွှင်ပွဲမှ မလုပ်ဘူး။ အရင်က ကျွန်တော့်မှာ ဆော့ချင်ရင် ခေတ်နွေတို့ လမ်းကိုသွားပြီးဆော့ရတာ "
" အင်း ဟုတ်တယ်"
အင်တိုက် အားတိုက်ပြောကာ ထောက်ခံနေကြသည့် သူတို့နှစ်ယောက်မှာ ဖျက်ဖျက်လူးအောင် ဆော့ချင်နေမှန်းသိသာလှသည်။ မျက်လုံးအရောင်တောက်တောက်ကြီးတွေဖြင့် သူရအားကြည့်ကာ ပြောနေတော့ သူရလည်း မနေသာတော့။
" အေးပါ ဒါဆိုလည်း ငါသွားမေးကြည့်အုံးမယ်။ သူစိမ်းဝင်ဆော့လို့ရ မရ ၊ လမ်းမိသားစုပဲဆိုတော့ ငါသွားမေးကြည့်လိုက်မယ် ။ လာအနောက်ကလိုက်ခဲ့ကြ "
ထိုအခါ ပြုံးရွှင်သွားသော ယင်းတို့ နှစ်ယောက်သည် သူရနောက် ကောက်ကောက်ပါအောင် လိုက်သွား၏ ။
" အစ်ကို အစ်ကို "
သူရသည် ကစားရန်အတွက် နာမည်စရင်းကောက်ခံနေသည့် လူဆီသို့ သွား၍
" ဒီမှာ ကျွန်တော့် ညီလေးနှစ်ယောက်ကလည်း ဝင်ဆော့ချင်လို့တဲ့ဗျာ အဲ့ဒါ ဝင်ဆော့လို့ရမလားခင်မျ "
" အာ....ရပါတယ် ငါ့ညီရယ်။ ငါ့ညီရော ဝင်မဆော့ဘူးလား ။ဟိုဘက်က ညီလေးတို့ အစ်ကိုဆီမှာ နာမည်တွေသွားပေးလိုက်နော် "
အလင်းနဲ့ ခေတ်နွေသည် ပျော်ရွှင်ကာ ခေါင်းငြိမ့်၍ နာမည်စရင်း အပြေးသွားပေးသည်။
" မဆော့တော့ပါဘူး အစ်ကိုရယ်။ ကျွန်တော် ခါးနည်းနည်းနာနေလို့ သူတို့ဆော့တာပဲ ထိုင်ကြည့်တော့မယ် "
"အဲ့ဒါဆို ဒိုင်ဝင်လုပ်ပါလား ညီလေးရဲ့ ။အစ်ကိုတို့လည်း လူလိုနေလို့ "
" အာ......ဟုတ်ကဲ့ ရပါတယ် "
သူရသည် ဝီစီတစ်ခုအား လည်ပင်းဆွဲ၍ လမ်းမထပ်တွင် ရပ်ကာ အခြေနေကို အကဲခပ်နေသည်။
" ဟုတ်ကဲ့ခင်မျာ ကလေးငယ်များ မုန့်စားပြိုင်ပွဲအပြီးမှာတော့ ကျား(အကြီး)မုန့််စားပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် လူများ နေရာယူပေးကြပါ "
အသံချဲ့စက်မှ ကြေငြာသံပြီးသည်နှင့် တစ်ပြိုင်နက် အလင်းနဲ့ ခေတ်နွေသည် နေရာယူနေပြီးဖြစ်သည်။
မုန့်စားပြိုင်ပွဲဆိုလို့ မုန့်အများကြီး စားရမယ်မထင်ပါနှင့် မျက်နှာကိုမော့၍ ဘီစကွတ်မုန့်ကို နဖူးပေါ်တင်သွားပြီး လက်ကို နောက်ပစ်ကာ ပါးစပ်ထဲဝင်အောင် စားရမယ့် ဂိမ်းမျိုးပင်ဖြစ်သည်။ လူ၅ယောက် သည် တန်းစီရပ်၍ ဒိုင်သည် နှစ်ယောက်ရှိသည်။ ဒိုင်မှ ဝီစီမှုတ်သည်နှင့် ခေတ်နွေသည် နဖူးပေါ်မှ ဘီစကွတ်မုန့်အား ပါးစပ်ထဲရောက်ရန် ကြိုးပမ်းတော့သည်။ ဘေးမှ ဝိုင်းအားပေးနေကြသည့် လူများလည်း အများအပြား ။ ဒိုင်ဖြစ်သော သူရသည် ခေတ်နွေအား အကဲခတ်ကြည့်ရာ မုန့်သည် ပါးစပ်ထဲသို့ ဝင်ခါနီးနေပြီ။ သိူ့သော် အလင်းမှာမူ အခုထိ နဖူးပေါ်က မုန့်က ရှိမြဲအတိုင်း ။ သူရသည် အလင်းကိုကြည့်၍ အားမလိုအားမရဖြစ်ကာ ခေတ်နွေဆီ အကြည့်ရောက်နေသော လူများကို အခွင့်ကောင်းယူ၍ အလင်းနဖူးပေါ်မှ မုန့်အား ခပ်မြန်မြန်ယူကာ အလင်းပါးစပ်ထဲသို့ ထိုးထည့်လိုက်၏ ။
" ယေးးးးး နိုင်သွားပြီ "
ဦးစွာပေါ်ထွက်လာသည့် ခေတ်နွေအသံနှင့်အတူ အနောက်မှ အလင်း အသံသည်လည်း လိုက်ပါလာ၏ ။ မြင်လိုက်ရသည့် လူတစ်ချို့က သူရသည် ဘက်လိုက်သည့် ဒိုင်မျိုးပင်ဖြစ်လေသည်ဟု မကျေမနပ်ဖြင့် တီးတိုးပြောနေကြသည်။
ဒီလိုနှင့် တစ်နေကုန် ထမင်းစားဖို့ပင် မေ့နေသည်အထိ အလင်းနှင့်ခေတ်နွေတို့သည် လက်လက်စင်အောင်ဆော့ကြ၏ ၊ ဘောလုံးကန် ၊ မုန့်စားပြိုင် ၊ အာလူးကောက် ၊ လွန်ဆွဲ ၊ နောက်ဆုံး ချောတိုင်တက်သည့် ပွဲမှာပင် ဆော့လိုက်ကြသည်မှာ ဘေးမှ ကြည့်နေသည့် သူရပင် မောလာခဲ့သည်။ သူတို့ကတော့ ပြုံးရွှင်ပျော်မြူးနေသည်။ သူရသည် ချောဆီသုတ်ထားသော ဝါးလုံးတိုင်ကြီး၏ အပေါ်၌ တစ်ကိုယ်လုံး အမဲဆီများဖြင့် မဲသဲနေသည့် ခေတ်နွေအား မော့ကြည့်သည်။ လူအဆင့်ဆင့် နင်းတက်သွားပြီးနောက် ခေတ်နွေသည် အလင်း၏ ပခုံးပေါ်၌ မတ်တပ်ရပ်အနေအထားဖြင့် တိုင်လုံးကို လက်တစ်ဖက်ကဖက်လျက် ကျန်လက်တစ်ဖက် ချောတိုင် ထိပ်က တစ်သောင်းတန်တစ်ရွက်အား လက်လှမ်းနေ၍ အလင်းအောက်၌ နှစ်ကိုယ်စာထမ်းတင်ထားရသော လူမှာ မသက်သာလှ ၊ လူကောင်းသေးသော်လည်း အကုန်လုံးက ယောကျ်ားတွေချည်းပဲမို့ ဝိတ်ကမနည်းပေ။
" ငယ်! ! ! ! "
ရုတ်တရက် လူအုပ်ကြားမှ ဟိန်းထွက်လာသည့် နေသစ်မာန်၏ အသံကြောင့် ခေတ်နွေသည် အပေါ်မှ လှည့်အကြည့် ပိုက်ဆံအား လှမ်းယူခိုက် အလင်းပခုံးအား နင်းထားရာမှ ခြေချော်ကာ အောက်သို့ ကျတော့သည်။
" ယေးးးးး "
" ဟားးးဟား ပြုတ်ကျကုန်ပြီဟ "
" အမလေး သေပါပြီတော် "
" ဟိုကောင်လေး နိုင်သွားတာလား "
အောက်ရှိ သဲပုံ၍ စုပြုံကျနေသော လူအုပ်ကြီးကြားမှ ခေတ်နွေသည် အလင်းပေါ်၌ မှောက်ယက်လေးသာ။
" ဟေ့ကောင် ဖယ်အုံး ငါပိနေပြီဟ။ အ့ အားး သေပါပြီ ခြေထောက်ကိုနင်းထားတယ် အားး "
အလင်းအော်သံကြောင့် ခေတ်နွေ ကပျာကယာ ပင်ထလိုက်သည်။ ထို့နောက် ဘေး၌ လာရပ်သည့် သူကြည့်လိုက်ရာ နေသစ်၏ မျက်လုံးထဲ၌ ဒေါသမီးတို့သည် တဟုန်းဟုန်းတောက်လောက်နေသည်။
" ဦးမာန် "
" လိုက်ခဲ့ "
လက်ကောက်ဝတ်အား ခပ်ကြမ်းကြမ်းခံကာ ဆွဲခေါ်သွားသည့်နောက် ခေတ်နွေသည် ခပ်ကုတ်ကုတ်လေးလိုက်သွားရ၏ ။ အနောက်၌ ကျန်ခဲ့သည့် အလင်းနှင့် သူရကိုတောင် ခေတ်နွေလှည့်မကြည့်နိုင်အား။
"ဝင် "
ကားထဲသို့ ပစ်သွင်းခံလိုက်ရသည့် အရှိန်ကမသေး။ လူကအင့်ခနဲပင် အော်နိုင်သည်။ လူကိုတစ်ချက်မျှ မကြည့်ဘဲ အကြမ်းပတမ်း မောင်းထွက်သွားတာကြောင့် ခေတ်နွေ လန့်နေမိကာ အိမ်ကို ဘယ်လိုပင်ရောက်သွားမှန်းမသိ။ ကားပေါ်မှ ဆင်းတော့ အရင်လို ကားတံခါးလာမဖွင့်ပေးဘဲ အိမ်ထဲသို့ ဦးစွာဝင်သွားတာကြောင့် ခေတ်နွေ နောက်မှ မျက်နှာငယ်ဖြင့် လိုက်ရရှာသည် ။ အပေါ်ထပ်သို့ နေသစ်၏ ခြေလှမ်းများ ဦးတည် လိုက်ကတည်းက နေသစ်အခန်းသို့ ခေတ်နွေ ဝင်ရမည်ဆိုတာ သိလိုက်၏။ ထို့နောက် အခန်းထဲသို့ရောက်သော် တံခါးအား အလိုက်တသိလေးပြန်ပိတ်လိုက်သည်။ ဦးမာန်ပုံစံက အနောက်ကကြည့်ရင်တောင် ကျောချမ်းစရာကောင်းလှသည်။
" ဒါက ဘယ်လိုဖြစ်လာတာလဲ ပြော "
အဖြူရောင် ရှပ်င်္အကျီလေးမှာ အမဲရောင်အဖြစ်သို့ တစ်ကွက်တိတစ်ကွက်ကြား ပြောင်းလဲနေသည်။ င်္အကျီတစ်ခုလုံးနှင့် ဘောင်းဘီတစ်ခုလုံးသည် အမဲဆီများနှင့် ရစရာမရှိ။ ထိုအပြင် မျက်နှာတစ်ခုလုံးနှင့် ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပေကျန် မဲညစ်နေသည်မှာ ခေတ်နွေသည် အမဲဆီသုတ်ထားသည့် ကြွက်စုတ်ပမာဖြစ်နေသည်။ မျက်ခုံးနှစ်ဖက် ထိလုနီးပါး ကျုံ့ထားသည့် အကြည့်စူးစူးတို့ကို ခေတ်နွေရင်မဆိုင်နိုင်သဖြင့် မျက်လွှာလေးကို အသာချထားလိုက်၏ ။
" ဟမ် ကိုယ်မေးနေတယ်လေ ဒါက ဘာဖြစ်လာတာလဲလို့ "
ခပ်မာမာအသံကြောင့် ခေတ်နွေသည် တုန်သွားသည်။
" ဟို....ဆော့ချင်တာနဲ့ ဝင်ဆော့တာပါ "
" ဆော့တာပဲ တခြားဟာဆော့လို့မရဘူးလား ဟမ် ချောတိုင်တက်တာ ပြုတ်ကျရင် ခြေကျိုးလက်ကျိုးတတ်တယ် အခပ်မသင့်ရင်ဇက်ကျိုးပြီးသေတတ်တယ်ဆို မင်းမသိဘူးလား ဟမ် "
"ပြီးတော့ ကြည့်အုံး ဒူးခေါင်းမှာ ပွန်းထားတာ သွေးတွေစို့နေတယ် ခုနက ပြုတ်ကျတာ နာတယ်မလား ကျစ်! ! ငါဘယ်လောက်စိတ်ပူသွားလဲမင်းသိလား။ ငါ့အသက်ရှူတောင်ရပ်တော့မလိုလန့်သွားတာ ။အဲ့ဒါ မင်းသိလား "
တဖြည်းဖြည်းကျယ်လာသည့် ဒေါသသံကြောင့် ခေတ်နွေသည် မျက်ရည်များပင် ရစ်ဝိုင်းလာသည်။ နေသစ်သည် တစ်ခါမှ အခုလို မအော်ဘူး။ စကား မရင့်ဖူးဘူး။ လေသံပင်မမာဖူးသည့်သူပင် ။ အခုတော့ နေသစ်သည် သူ့ကို အော်ကာ စကားရင့်ရင့်တွေသုံးနေပြီ ။
" မေးနေတာ ဖြေလေ ရှိန်းခေတ်နွေ ကြည့် ငါ့ကိုကြည့်စမ်း "
ထိုအခါ ခေါင်းငုံ့ကာ အံကြိတ်ထားသည့် ခေတ်နွေသည် မျက်ရည် အဝိုင်းသားဖြင့် နေသစ်အား မော့ကြည့်လာသည်။
" ကျစ်! ! "
ကျစ်စုတ်သံနှင့်အတူ ဆွဲသွင်းလိုက်သည့် ရင်ခွင်ကျယ်ကျယ်ကြောင့် ခေတ်နွေ မငိုမိအောင် ထိန်းထားသမျှ လျော့ကာ တသိမ့်သိမ့်တုန်အောင် ငိုမိသည်။
"မငိုနဲ့လေကွာ ကိုယ်ဆူနေတာ စိတ်အရမ်းပူသွားလို့ဆိုတာ။ ငယ်သိတယ်မလား။ ကိုယ် အရမ်းလန့်သွားလို့ပါ တိတ် တိတ် မငိုပါနဲ့ "
ချော့ကာမှ ပိုသဲ၍ ငိုလာတာကြောင့် နေသစ်မှာ ပျာယာခတ်နေပြီ။ ရင်ခွင်ထဲမှ ကောင်ငယ်လေးသည် တအီးအီးငိုနေတော့သည်။
" မ..အော်..ပါနဲ့....အီးဟီးးးး "
"အင်းပါ အင်းပါ လာလာ ကိုယ်ရေချိုးပေးမယ် "
ဖက်ထားရက်အတိုင်းပင် ရေချိုးခန်းဆီသို့ ဦးတည်သွားတော့ ရင်ခွင်ထဲမှ ကောင်လေးသည် ဒီအတိုင်းပင်ပါလာသည်။ င်္အကျီများကို ချွတ်ပေး၍ လုံးတုံးလေးဖြစ်သွားသည့်တိုင် ကောင်လေးလေးသည် ခေါင်းငုံ့ထားတုန်း။
" မော့ပါအုံးကွာ တစ်ကိုယ်လုံး ညစ်ပတ်နေတာပဲ "
မေးမှတစ်ဆင့်ပင့်ကာ မော့စေပြီး မျက်ဝန်းအကြည့်များ ဖလှယ်တော့ ငိုမဲ့မဲ့ မျက်နှာလေးက နေသစ်အား အသဲယားစေပြန်သည်။ငုံ့ကာဖြင့် နှုတ်ခမ်းနုနုအား နမ်းရှိုက်လိုက်တော့ အသာတကြည်ဖြင့် လက်ခံယူသည့် ကောင်လေးကြောင့် နေသစ် အချစ်ပိုရပြန်သည်။နှုတ်ခမ်းသားလေးကို လျှာဖြင့်လျက်ယူတော့ အလိုက်တသိ ပွင့်ဟလာသည့်နှုတ်ခမ်းတွေကြောင့် နေသစ် ပိုတိုးနမ်းမိသည်။ မြတ်နိုးလိုက်တာ ချစ်လိုက်ရတာ ငယ်ရယ်......။
တဖွားဖွားကျနေသည့် ရေပန်းအောက် အဝတ်ဗလာနှင့် လူနှစ်ယောက်သည် ဆပ်ပြာများဖြင့် ပူးကပ်ပွတ်တိုက်နေကြသည်။ ရင်ဘတ်နှင့် ကျောပြင်ငယ်သည် လေတိုး၍ပင်မရအောင် ပူးကပ်နေ၏။ နေသစ်သည် ခေတ်နွေအား နောက်မှ သိုင်းဖက်လျက် လက်များက ခေတ်နွေ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တစ်လျှောက် ပြေးနေ၏။ ခေါင်းကိုမော့ကာ လည်တိုင်ပေါ် နှုတ်ခမ်းတွေက ခေတ်နွေအား ဆွဲဆောင်နိုင်လွန်းသည်။ သွားဖြင့် ကိုက်ရာသည် မနာဘဲ စိတ်များ ပိုကြွလာသလို။
" ဟင့် ဦးမာန်...."
ခေတ်နွေ၏ ကောင်ငယ်လေးသည် နေသစ်၏ လက်တွင်း ရောက်ရှိသွားခိုက် အသံထွက် ညည်းညူးမိသွားသည်။ ညည်းသံနှင့်အတူ မက်မွန်သီးကြား လာထောက်သည့် နေသစ်၏တစ်စုံတစ်ခုကြောင့် ခေတ်နွေ အောက်နှုတ်ခမ်းအား ယောင်ယမ်းကာ ကိုက်မိလိုက်၏။
" နံရံကို လက်ထောက်လိုက် ငယ် "
ရေစိုနေသည့် ပခုံးအား ခပ်ဖွဖွ နမ်း၍ ဆိုလာသော ချစ်ရသူ၏ အမိန့်ကြောင့် စေခိုင်းသည့်အတိုင်း နေပေးမိသည်။ ထို့နောက် ရုတ်တရက် အရှိန်ဖြင့် ဝင်လာမှုကြောင့်ပဲ ခေတ်နွေ ရှေ့ နံရံသို့ ကပ်သွား၏။
"အားးးးးးးး ဦး နာ...နာတယ် "
" မနာတော့အောင် လုပ်ပေးမယ် "
ထို့နောက် တရစပ်တိုးဝင်လာသည့် သူ့ကြောင့် ခေတ်နွေ အော်ဟာ ညည်းမိသည်။ အားပြင်းလှသည့်အချက်များက ဘယ်တုန်းကတည်းက အငြိုးတွေပါလိမ့်....။ တချက်ပင် အနားမပေးဘဲ ခရီးနှင်လိုက်ရာ...............ခေတ်နွေ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ဘဲ ဒူးထောက်ကျသွားရသည်။ ဒူးထောက်ကျသွားသည့် အနေအထားတိုင်းပင် လုပ်နေပြန်တော့ ပွန်းထားသည့် ဒူးက သွေးထွက်၍ နာလာသည်။
" ဒူး.....အ့....အ...ဒူး...နာ...ဟ့..တယ်"
မောဟိုက်တုန်ရီနေသည့် အသံကြောင့် နေသစ်အောက်သို့ ကြည့်လိုက်ရာ ရေစီးကြောင်းနှင့်အတူ မျောပါနေသည့် ခေတ်နွေဒူးမှ သွေးများကြောင့် ခေတ်နွေကို ကောက်ချီလိုက်ကာ မြန်မြန် ကိစ္စဖျက်လိုက်တော့သည်။
..................................
Continue Reading
You'll Also Like
648K 6.7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
267K 11.1K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.5M 87.5K 38
ဧက္ကရာဇ်မင်း... ဘ၀တစ်လျှောက်မင်းတစ်ပါးလုပ်လာသမျှ သူbabyရာဇသံနဲ့ကျမ ဒူးတွေလဲ့ထောက်လက်အုပ်တွေလဲ့ချီလိုရယ်.... baby..ကိုယ်ကဧက္ကရာဇ်မို့ မင်းလေးကိုယ်ရဲ့...
1.5M 104K 41
ချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်း...