KING

By _MyatHsu_

1.7M 65.2K 1.3K

ကံတရားကေနာက္တစ္ႀကိမ္လွည့္စားခဲ့ရင္ေတာင္ မင္းကကိုယ့္ဆီကိုပဲေရာက္လာဦးမွာ ကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တော... More

KING
KING
Intro
KING(1)
KING(2)
KING(3)
KING(4)
KING(5)
KING(6)
About KING
KING(8)
KING(9)
KING(10)
KING(11)
KING(12)
KING(13)
KING(14)
KING(15)
KING(16)
KING(17)
KING(18)
KING(19)
KING(20)
KING(21)
KING(22)
KING(23)
KING(24)
KING(25)
KING(26)
KING(27)
KING(28)
FINAL
New Year Special
Hello

KING(7)

34.6K 3.8K 65
By _MyatHsu_

KING- 7

Shar Security Service and Taekwondo Training School

အပြာရင့်ရောင်စာလုံးအကြီးကြီးတွေနဲ့ နာမည်ပုံဖော်ထားသည့် လေးထပ်အဆောက်အအုံရှေ့မှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေမိတာ ညနေစောင်းနေပြီဖြစ်သည်။ ခြေထောက်တွေညောင်းပြီး ဗိုက်လည်းဆာ၏။ အပြင်က လှမ်းမြင်နေရတဲ့ မြေညီထပ် reception မှာထိုင်နေသည့် ကောင်မလေးနှစ်ယောက်နှင့် တိုက်ကွမ်ဒိုဝတ်စုံဝတ် ကလေးပုစုခရု တွေအဝင်အထွက်မှလွဲပြီး ပီအိုက်နဲ့တူတာ တစ်ခုမှမတွေ့ရ။

အကြိမ်ကြိမ်ဝင်ဖို့ကြိုးစားပေမယ့် ဝင်သွားပြီးရင် ဘာပြောရမလဲ ဆိုတာလည်း စဉ်းစားမရ။ နေပူထဲတစ်နေကုန်နီးပါးနေမိ၍ အသားမကျသေးတဲ့ အသားအရည်က Hoodie ထူထူအောက်မှာ ပင် အနီကွက်တွေပေါ်နေပြီဖြစ်သည်။ ဆံပင်ရှည်တွေကြောင့်လည်း စိတ်အိုက်လာတာမို့ မျက်လုံးမှိတ်ခေါင်းမော့ကာ ဆံပင် တွေကိုခါပစ်ရ၏။

“ခင်ဗျား ဘယ်သူလဲ”

ရုတ်တရတ်အမေးနဲ့ လက်မောင်းတစ်ဖက်ကို ဆွဲချုပ်ခံလိုက်ရသည်။ ကျစ်ခနဲစုတ်သပ်ပြီး လက်ကိုခါချတော့ ပြန်လည်ဖမ်းချုပ်လာတဲ့လက်ကြောင့် ဒေါသကထွက်ရပြီ။

“ငါ့ကို မေးနေတဲ့မင်းကရော ဘယ်သူလဲ”

ဖမ်းချုပ်ထားတဲ့ အမျိုးသားက King ထက်အသက်ကြီးပုံရပြီး ကိုယ်လုံးကိုယ်ဖန်လည်း အတော်တောင့်သည်။

“အံမာ....သူခိုးကများတစ်ပြန်။ မင်း နေ့လယ်စာချိန်မတိုင်ခင်တည်းက ငါတို့တိုက်ရှေ့ ချောင်းနေတာ မမြင်ဘူးများ ထင်နေလား”

“ငါ ချောင်းတယ်ဆိုရင်တောင် မင်းကိုမဟုတ်တာတော့ သေချာတယ်”

ပြောပြီးတာနဲ့ ထိုလူ့လက်ကရုန်းထွက်တော့ ထိုလူကလည်းအကြမ်းပတမ်းမို့ ဒေါသထက်အရင် လက်သီးက ရောက်ပြီးသား။ ပြောပါတယ် King ဆိုတာ ပီအိုက်ကလွဲရင် သည်းခံစိတ်ဆိုတာမသိဘူးလို့။

ရုန်းရင်းဆန်ခတ်အခြေအနေ ကြောင့် တိုက်ထဲက လူကြီးအချို့ထွက်လာ ဖြန်ဖြေပေးပြီး King ကိုပါတစ်ပါတည်းအခန်းထဲဆွဲခေါ်သည်။ နဂိုဒဏ်ရာရှိရင်းစွဲ မို့ အထိခိုက်မခံဖြစ်နေတဲ့ မျက်နှာက သွေးစတို့ စီးကျသည်အထိ ထိရှလွယ်နေ၏။ ကလေးတွေရော reception က လူတွေပါ ဝိုင်းအုံကြည့်ပြီး တစ်ယောက်တစ်ပေါက်ဖြစ်နေကြတာမို့ အသံတွေကလည်း ကျွတ်စီကျွတ်စီ။

King နဲ့ ထိုးကြိတ်ခဲ့တဲ့လူက တော့ အဖြစ်အပျက်ကို လက်သီးလက်မောင်းတန်းပြီးပြောပြနေသည်။

“ဘာဖြစ်နေကြတာလဲ”

အသံကမာသည်။ မကျယ်ပေမယ့် ဆူညံနေတဲ့အသံတွေအကုန်တိတ်ကျကုန်၏။ ပီအိုက်...။

ရင်ထဲကခေါ်သံကိုအလိုမကျဖြစ်ပြီး ကျစ်ခနဲစုတ်သပ်မိတာက ပီအိုက်အကြည့်တွေကိုတော့ King ဆီ ရောက်စေခဲ့သည်။

*****

“ကျစ်”

ဒီတစ်နေ့တည်းနဲ့ပဲ ဘယ်နှကြိမ်မြောက်မှန်းမသိ စုတ်သပ်မိခြင်း။ ထိုင်း_မြန်မာ ချစ်ကြည်ရေးတိုက်ကွမ်ဒိုအဖွဲ့ အတွက် ရွှေတံဆိပ်ဆုရှင်ကစားသမားဟောင်းများ တွေ့ဆုံပွဲဖိတ်ကြားသည်ဆိုတော့လည်း သွားရသည်။

ဘန်ကောက်မြို့က Indoor Stadium Huamark အားကစားရုံမှာ ကျင်းပသည့် ကင်မရာရိုက်ချက် တဖျက်ဖျက်နဲ့ မီးရောင်စုံများကြောင့် ဒီပွဲ တက်ခဲ့ခြင်းအပေါ် နောင်တရမိသလိုပင်။

(၁၀) စုနှစ်တစ်ခုကြာ ကင်မရာရှေ့၊ ပရိသတ်ရှေ့ ကွယ်ပျောက်နေခဲ့သမျှ ဘန်ကောက်ရောက်မှ အတိုးချပြီးဖြေခဲ့ရသည့် မေးခွန်းများစွာကြောင့် သုံးရက်တာ ဘန်ကောက်ခရီးစဉ်က ဟန်စစ်အတွက် စိတ်ရှုပ်ခြင်းနဲ့သာ အဆုံးသတ်ခဲ့သည်။ ကိစ္စတွေက ဒီလောက်နဲ့မပြီး။

၂၀၁၉ခုနှစ် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲအတွက် တိုက်ကွမ်ဒိုပြိုင်ပွဲ အဖွင့် ကကွက်ကို ကစားပြရန်အထူးတလှယ် ဖိတ်ကြားခြင်းစာလွှာက ဟန်စစ်ထိုင်နေသည့် စားပွဲရှေ့မှာငြိမ်ငြိမ်သက်သက်နှင့် အသံတိတ်နှိပ်စက်နေ၏။ ကိုယ်တစ်ယောက်တည်းအတွက်ဆို တွေဝေစရာမရှိချက်ချင်းငြင်းမိမှာဖြစ်ပေမယ့် စာဝင်လာတဲ့ ယနေ့မနက်ခင်း မှာပဲ အားကစားဝန်ကြီးကိုယ်တိုင် ဖုန်းဆက်တောင်းဆိုတော့ အခုလိုသက်ပြင်းအခါခါချနေမိခြင်းဖြစ်သည်။

“နောက်နှစ်မှလုပ်ရမယ့်ကိစ္စအတွက်နဲ့ အရမ်းကြီး စိတ်ရှုပ်ခံမနေနဲ့ ဟန်စစ်။ မင်းမသွားချင်ရင်လည်း ဆရာ့နည်း ဆရာ့ဟန်နဲ့ ငြင်းကြည့်ပေးမယ်”

တစ်မနက်လုံးစားပွဲမှာထိုင်ပြီး သုန်မှုန်နေတဲ့ ဟန်စစ်စိတ်ကိုရိပ်မိသလိုမျိုး ဆရာဦးကျော်ဝင်းမှပြောလာခြင်းဖြစ် သည်။ ဒီကလေးရဲ့စိတ်ဒဏ်ရာအပေါက်တွေကို ဖာထေးဖို့ပေးဆပ်ခဲ့ရတဲ့အချိန်တွေက နည်းတာမဟုတ်။ အနာကျက်နေပြီ ဆိုပေမယ့် အမာရွတ်အထပ်ထပ်နဲ့ စိတ်ဝိဉာဉ်ကိုကွယ်ဝှက်ပြီး လူအများရှေ့ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်သေး။

ပညာရှင် အဆင့် တွေ့ဆုံနှုတ်ဆက်ပွဲမှာတောင် အနေထိုင်ကြပ်နေတဲ့ကလေး ငယ်ငယ်တည်းက ထိန်းကျောင်းခဲ့သည့် ဆရာသာမဟုတ် ရင် မြင်နိုင်မှာမဟုတ်သည့်သိုသိပ်မှုတွေနဲ့။

“မနက်ဖြန်တော့ အငယ်တန်းကလေးတွေ သင်တန်းချိန်ကို မင်းပြန်ဝင်မှဖြစ်မယ် ဟန်စစ်။ ဟိုကောင် သီဟဇော်က ကလေးတွေနဲ့ အစေးကပ်တာမဟုတ်ဘူး။ ကလေးတွေကလည်း ဆရာသျှားမဟုတ်တော့ ပုံမှန်မတက်။ ကြာရင် မိဘတွေက ပါ complain တက်လာလိမ့်မယ်”

စက္ကန့်ဝက်သာကြာသည့် ဟန်စစ်ရဲ့ခပ်ရေးရေးအပြုံးတစ်ခုကို ဦးကျော်ဝင်း မြင်ဖြစ်အောင်မြင်လိုက်သည်။ လူ အများရှေ့ ထွက်ဖို့ခဲယဉ်းပေမယ့် တိုက်ကွမ်ဒိုသင်တန်းကျောင်းရှိ သင်တန်းသားကလေးအားလုံးနဲ့ ပနံသင့်သူဆိုတာ ဟန်စစ်သျှားတစ်ယောက်သာ ရှိသည်။

ကလေးတွေကို ချော့မြှူဆက်ဆံတတ်သည် မဟုတ်သော်လည်း အငယ်တန်းကလေး များသင်တန်းချိန်ကိုသာ သင်လေ့ရှိတဲ့ ဟန်စစ်မျက်ဝန်းတွေထဲ ဖြူဖြူပိန်ပိန်ကောင်လေးရဲ့ပုံရိပ်တွေကို ဦးကျော်ဝင်း အမှတ်ရ မိသည်။

“သူခိုးမဟုတ်ရင်တောင် ရိုးရိုးသားသားမဟုတ်ဘူး ဒီကောင်။ မနက်တည်းက  သင်တန်းအဆောက်အဦရှေ့မှာ ချောင်းနေတာ ကျွန်တော်တွေ့တယ်”

“ကလေးအလစ်သုတ်သမားက ရုပ်မချောရဘူး။ နိုင်ငံခြားသားမဖြစ်ရဘူးဆိုတာမှမရှိတာ”

ဧည့်ခန်းမှထွက်ပေါ်လာတဲ့ ဆူဆူညံညံငြင်းခုန်သံတွေကြောင့် ဦးကျော်ဝင်းအတွေးစအချို့ ပြတ်တောက်သွားရ သည်။ သွက်လက်လှတဲ့ ဟန်စစ်ကတော့ အသံစကြားတည်းက နေရာမှထွက်သွားလိုက်တာ တံခါးနားပင်ရောက်နေပြီ ဖြစ်သည်။ သင်တန်းကျောင်းနည်းပြများထဲမှာ စိတ်ဆတ်သည့် အငယ်ဆုံးနည်းပြဇွဲရန်ကို ဆရာအချို့ ဝိုင်းချုပ်ထားပြီး

တစ်ယောက်တစ်ခွန်းပြောဆိုနေကြသည်။ ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်လျက် လက်မောင်းများကို ဖမ်းဆုပ်ကိုင်ခံထားရသည့် လူတစ်ယောက်ကိုတော့ ဘေးတိုက်အနေအထားနှင့်သာမြင်ရ၏။

“ဘာဖြစ်နေကြတာလဲ”

ငြင်းခုန်သံ၊ ဖြန်ဖြေသံတွေနဲ့ ဆူညံနေတဲ့အသံကို ကျော်လွှားဖို့ ဟန်စစ် ခပ်ဆတ်ဆတ်အော်လိုက်ခြင်းဖြစ်သည်။ အနည်းငယ် တိုးတိတ်သွားတဲ့အသံတွေနောက်မှာ ကပ်ငြိပါလာသည့် မျက်ဝန်းတစ်စုံ။ မှေးကျဉ်းတဲ့မျက်လုံးအိမ်ကြားက ပြာလဲ့နေတဲ့မျက်ဝန်းတို့ဆီက အကြည့်စူးစူး။ အကြည့်လွှဲသည်မရှိဘဲ ဦးနှောက်ကိုအလုပ်ပေးလိုက်တော့ ထွက်ကျလာသည့် မှတ်ဉာဏ်အပိုင်းအစတွေထဲ ကပ်ငြိနေခဲ့သည့် ဒီမျက်ဝန်းတွေ။

အများနဲ့ဆယ်ယောက်ဖြစ်ကြတဲ့ပွဲမှာ တွေဝေမှုမရှိ ဟန်စစ် ရပ်တည်ပေးခဲ့မိတဲ့ ထိုသူ။ မြေပြင်ပေါ် လှဲမချခင် မြင်လိုက်ရတဲ့ မျက်ဝန်းပြာပြာတွေက သတိမေ့သည်မဟုတ်မှန်း အတည်ပြုခဲ့သေးသည်။ လှည့်ထွက်လာမိတဲ့ ခြေလှမ်းတွေ ကို ကပြောင်းကပြန်ဖြစ်စေတဲ့ ထိုလူကို ဟန်စစ်ကိုယ်တိုင် ကိုင်ပေါက်ချထားခဲ့ခြင်း။

မေးခွန်းတွေတွေးဖို့၊ မေးဖို့ အားနည်းတဲ့ ဟန်စစ်ကို ထိုလူသည်လည်း မှတ်မိနေပုံ။ ဟန်စစ်ကို အကြည့်မလွှဲဘဲ ကပိုကရိုကျနေတဲ့ ဆံပင်ရွှေရောင်တွေကို ခါထုတ်လိုက်တော့ မေးရိုးချွန်ချွန်က ထင်းခနဲ ပေါ်လာသည်။ နှုတ်ခမ်းထောင့်စွန်းက တစိမ့်စိမ့်စီးကျနေတဲ့ သွေးတို့က ဖြောင့်စင်းနေတဲ့ လည်တိုင်တစ်လျှောက် တလိမ့်လိမ့် စီးဆင်းနေ၏။

“အဲ့မျက်လုံးပြာကောင် မရိုးဘူး ကိုစစ်”

တိတ်ဆိတ်မှုကို ဖြိုခွဲပစ်တဲ့ ဇွဲရန်အသံနောက်မှာ ဟန်စစ်မျက်ခုံးတို့ ပိုမိုတွန့်ချိုးလိုက်မိသည်။ ဟန်စစ်နောက်မှာ ရောက်နေသည့် ဆရာဦးကျော်ဝင်းရှေ့ထွက်လာသည်နှင့် ဇွဲရန်အသံက တဖန်ပြန်လည်ဆူညံလာသည်။

“ဆရာကျော် အဲ့မျက်လုံးပြာကောင်ကို ရဲလက်အပ်။ ဒီကောင်ရိုးကိုမရိုးတာ။ နိုင်ငံခြားသားသာဆိုတယ် မြန်မာ စကား လည်းပြောတတ်တယ်”

ဇွဲရန်စကားကြောင့် ဆရာဦးကျော်ဝင်းပင် အံ့ဩသွားပုံနဲ့ မျက်ခုံးတွေ ပင့်တက်သွားသည်။ ဇွဲရန်ပြောတဲ့ မျက်လုံး ပြာကောင်ဆိုသူကတော့ နည်းပြတွေချုပ်ထားတဲ့ကြားက နှုတ်ခမ်းထောင့်စွန်းတစ်ဖက်တည်း အားပြုမဲ့ပြနေတာက ဇွဲရန်ကို ပိုမိုဆွပေးနေသလိုဖြစ်၏။ နည်းပြဆရာတို့ကလည်း မျက်လုံးပြာကောင်ကိုသာ အကဲခတ်နေကြတာမို့ အခန်းတွင်း အေးစက် စက်လေထုတစ်ခု ဖြစ်ပေါ်နေလျက်။

“စိတ်ကိုအေးအေးထား ဇွဲရန်။ ဆရာမေးစမ်းကြည့်ပါဦးမယ်။ ဒီဘက်က ကလေး မြန်မာစကားပြောတတ်တယ် ဆိုတော့ မြန်မာလိုပဲပြောပါ့မယ်။ မင်းဘယ်သူလဲ ကောင်လေး။ ဘာကိစ္စရှိလို့ ဆရာတို့သင်တန်းရှေ့...”

“King ပါ”

ဆရာဦးကျော်ဝင်း မေးခွန်းမဆုံးခင် ထွက်လာတဲ့ ဖြေသံ။

“ကျွန်တော် King။ K(ကေ)- I (အိုင်)- N(အန်)-G(ဂျီ)King(ကင်း)။ I am King”

ပီအိုက်မျက်လုံးတို့ကို တည့်တည့်ကြည့်ပြီးဖြေလိုက်တော့ မျက်ခုံးတန်းနှစ်ဖက် ထိလုမတက် တွန့်ချိုးသွားသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်တာကိုလည်း သတိထားမိပြီး အဝတ်စတစ်စလို ဆောင့်ဆွဲခံလိုက်တဲ့ အင်္ကျီ လည်ပင်းစက ပီအိုက် လက်ထဲရောက်နှင့်နေခဲ့ပြီဖြစ်သည်။ အံကြိတ်ပစ်လိုက်တဲ့ ပီအိုက်မျက်နှာက ခက်ထန်လွန်း၏။ King ကိုစိုက်ကြည့်နေတဲ့ ပီအိုက်မျက်ခမ်းစပ်တွေက နီကျင်လာပြီး အကြည့်တွေက စူးရဲလွန်းသည်။

နီးကပ်လွန်းတဲ့မျက်ဝန်းတွေထဲမှာ အဖြေတစ်ချို့ရှာဖွေကြည့်ပေမယ့် ဗလာ သက်သက်မျက်ဝန်းတွေကိုပဲ King ဖမ်းဆုပ်မိသည်။ ဘေးနားရှိ လူတွေက လက်ကားယားခြေကားယားနဲ့ ပီအိုက်လက်တွေ ကို ဆွဲခွာဖို့ပြင်သည်။

“သား...ဟန်စစ် စကားနဲ့မေးလို့ရတယ်။ ဆရာတို့ရှင်းလိုက်မယ်၊ မင်းပြန်မယ်ဆို ပြန်တော့”

ဆွဲဆုပ်ခံထားရတဲ့အင်္ကျီလည်ပင်းစ ပိုမိုကြပ်တည်းသွားသည်။ အသက်ရှူဖို့တစ်ဆို့လာသလို ခံစားလိုက်ရပြီး အင်္ကျီ စရှိ လက်ချောင်းတွေအားက လည်တိုင်ကိုသက်ရောက်လာသည်။ စကားပြောဖို့ကြိုးစားလိုက်ပေမယ့် လည်ချောင်းဝမှာပဲ ပြန်လည်ပျောက်ရှသွားပြီး ခန္ဓာကိုယ်က အားတစ်ခုနဲ့ဆောင့်တွန်းခြင်းခံလိုက်ရ၏။ အလဲအလဲအပြိုပြို လွင့်ကျသွားတဲ့ကိုယ် က ကြမ်းပြင်နဲ့မိတ်ဆက်သွားပြီး နာကျင်မှုက ပြောဖွယ်ရာမရှိ။

“Shar Security Service and Taekwondo Training School ကပါ။ ကျွန်တော်တို့သင်တန်းကျောင်းကို သူခိုးဝင် တာ ဖမ်းမိထားလို့ နယ်မြေစခန်းမှူးကိုယ်တိုင် လက်ထိပ်လာခတ်ပေးပါ”

နာကျင်မှုကြောင့် မျက်လုံးတွေတင်းတင်းမှိတ်ထားမိပေမယ့် တင်းမာနေတဲ့အသံကိုတော့ ကြားနိုင်သေးသည်။ ခွေခေါက်ကျိုးကျေသွားသလားမသိတဲ့ ခန္ဓာကိုယ်ထက် စိုးထိတ်ကြောင့်ကြမိတဲ့ ရင်တွင်းဝေဒနာက လှိုင်းပိုထန်၏။

“ဒီဘက်က မစ္စတာ King ရဲ့ passport နဲ့ ID တွေအကုန်မှန်ကန်ပါတယ်။ ဟိုတယ်ကိုရော နိုင်ငံဖြတ်ကျော်ဌာနကိုပါ ဖုန်းဆက်အတည်ပြုပြီးပါပြီ ကိုဟန်စစ်။ စိုးရိမ်စရာမရှိပါဘူး။ ဟိုတယ် မန်နေဂျာကလည်း အခုပဲ မစ္စတာ King ကို လာခေါ်ဖို့ ကားလွှတ်လိုက်ပါပြီလို့ ပြောပါတယ်။ ကျွန်တော်တို့နိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရုံရှိသေးတာကို အခုလို အားနာစရာတွေ ဖြစ်သွားရတာ တောင်းပန်ပါတယ်ဗျာ”

မိနစ်ပိုင်းအတွင်းပြောင်းလဲသွားတဲ့ အခြေအနတွေထဲမှာ King တစ်ယောက် Sharr သင်တန်းကျောင်းရဲ့ ဧည့်ခန်း မှာအကျအနနေရာယူပြီး ဖမ်းချုပ်ကိုင်ခဲ့တဲ့ လူတစ်ယောက်ချင်းစီကို ခပ်ထေ့ထေ့လိုက်ကြည့်ပစ်လိုက်သည်။

ယောက်ျား ဖြစ်ပြီး အာကျယ်အာကျယ်လုပ်လွန်းသည့် ဇွဲရန်ဆိုတဲ့ကောင်ကတော့ ဆောရီးတစ်ခွန်းနှင့် ဘယ်ဆီပျောက်သွားလဲ မသိ။ နယ်မြေစခန်းမှူးနဲ့ စကားလက်ဆုံကျပြီး King ကိုတောင်းပန်စကားဆိုလာတဲ့ ဦးကျော်ဝင်းဆိုသူကတော့ အမှန်တကယ် အားနာနေပုံရသည်။

ကွဲပြဲသွားတဲ့နှုတ်ခမ်းထောင့်စွန်းကို လက်မနဲ့ဖိရင်း ဒဏ်ရာတွေကိုမေ့တဲ့အထိ ပြုံးမိသည်။ နယ်မြေစခန်းမှူး အကူ အညီနဲ့ King ဖြစ်ကြောင်း သက်သေပြခဲ့ပေမယ့် အကြည့်လွှဲပြီးထိုင်နေတဲ့ ပီအိုက်ကို အသေးစိတ်အကဲခတ်မိ၏။ မဆုံဖြစ် တဲ့မျက်ဝန်းတွေရော အလိုမကျတဲ့မျက်ခုံးတန်းတွေရော၊ ဒူးခေါင်းပေါ်တင်ပြီး တင်းတင်းဆုပ်ထားတဲ့လက်သီးကရော အရာ အားလုံးက King အလွမ်းဖြေစရာတွေချည်း။

“ကျွန်တော်ရော ဒီမှာ တိုက်ကွမ်ဒိုသင်တန်းတက်လို့ရမလား”

“ရပါတယ်”

“မရဘူး”

ရပါတယ်ဆိုတဲ့ဖြေသံက ဦးကျော်ဝင်းထံကဖြစ်ပြီး မရဘူးဆိုတာကတော့ ပီအိုက်ဆီမှထွက်လာသံဖြစ်သည်။

“ဟန်စစ်”

ဦးကျော်ဝင်းရဲ့ ဟန့်တားသံကိုအရေးမစိုက်သလို ထိုင်နေရာမှထရပ်ပြီး နယ်မြေစခန်းမှူးဆီ အကြည့်တို့ရောက် သည်။ တိုက်ရိုက်မဟုတ်တဲ့ အကြောင်းပြချက်တစ်ခုကို စခန်းမှူးဆီကနေ သတင်းပါး၏။

“ကျွန်တော်တို့ သင်တန်းကျောင်းက မြန်မာနိုင်ငံသားမဟုတ်ဘဲ မြန်မာစကားပြောတတ်ရုံနဲ့ အရူးရော၊ သူခိုးရောကို ကိုယ်ခံပညာသင်ပေးနေတဲ့ကျောင်းမဟုတ်ဘူး စခန်းမှူး။ ကိစ္စမရှိတော့ရင် ခွင့်ပြုပါဦး”

နှုတ်ခမ်းထောင့်စွန်းကိုလက်ညှိုးနဲ့ဖွဖွဖိကိုင်ရင်း လက်သည်းနဲ့ခြစ်မိသွားသည်။ နာကျင်မှုက အသည်းခိုက်မတတ် ဖြစ်ပေမယ့် ဒါက မတော်တဆလို့ တွေးပစ်ခွင့်ရှိသည်။ နောက်ပြီး မတော်တဆနဲ့ မသိချင်ယောင်ဆောင်ခွင့်လည်းရှိ၏။

*****

“ပီအိုက်က မင်းကိုမမှတ်မိတာလား။ မှတ်မိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာလား”

တစ်လျှောက်လုံးငြိမ်ငြိမ်သက်သက်နဲ့ နားထောင်ပေးနေတဲ့ ဦးငယ် ပထမဆုံးမေးလာတဲ့ မေးခွန်းကြောင့် King တွေဝေရသည်။ ဒီမေးခွန်းရဲ့အဖြေကို King ကိုယ်တိုင်လည်း သိချင်နေတာ ဆိုပေမယ့်။ ထွက်လာမည့်အဖြေကိုလည်း မတွေးရဲပြန်။

“ဆယ်နှစ်နော် စိုင်းစက်။ ဆယ်နှစ်။ ဆယ်နှစ်ဆိုတဲ့အချိန်က လူတစ်ယောက်ကို မေ့သွားမယ်ဆိုလည်း ဖြစ်သင့်တဲ့အပိုင်းအခြားတစ်ခုပဲ။ မမေ့ဘူးပဲထားပါဦး။ မင်းက King သူက ပီအိုက် မင်းအဆင်ပြေနေလား သူလည်းအဆင်ပြေ တယ် ဒီလောက်ပဲပေါ့။ အကြာကြီးနေမှ ပြန်တွေ့ရတဲ့ ယောက်ျားလေးနှစ်ယောက်ကြားက ရင်းနှီးမှုကို ဘယ်လောက် အတိုင်းအတာထိ မျှော်လင့်နေတာလဲ စက်။ ဦးနှောက်သေအောင် ခံစားချက်တွေ ထည့်မနေနဲ့။ စွဲလမ်းစိတ်တစ်ခုနဲ့ လျှောက်လုပ်နေတဲ့အရာက မင်းကို နောက်ဘဝထိဆွဲချသွားလိမ့်မယ်။ မင်းသွားတဲ့နေရာမှာ ခြေရာတွေချန်ခဲ့လို့မဖြစ်ဘူး ဆိုတာ အမြဲအမှတ်ရနေ။ စွမ်ခမ်းဒီလောက်ပဲပြောချင်တယ်”

End Call ဖြစ်သွားပြီဖြစ်တဲ့ Video ခေါ်ဆိုမှုကို ငေးကြည့်ရင်း သက်ပြင်းချမိသည်။ စွဲလမ်းစိတ်၊ ခံစားချက်၊ ပီအိုက်အကြောင်းပြောတိုင်း ဦးငယ်ဆီကထွက်လာတတ်တဲ့ မှတ်ချက်တွေ။ ခါးသီးတဲ့အတိတ်မှာ အနွေးထွေးဆုံး ပွေ့ပိုက်ပေး ခဲ့တဲ့ တစ်ဦးတည်းသော လူသားကိုတော့ အနားမှာရှိစေချင်ရုံလေးတင်။ ကိုယ်ချစ်ရတဲ့ လူတွေနဲ့ အကျိုးပေးနည်းပါးလွန်း တဲ့ကံက ပီအိုက်နဲ့တော့ ချွင်းချက်ပဲ ဖြစ်ရမည်။

*****

ရေ၊ မြေ အပြောင်းအလဲနဲ့ ရောက်တည်းကနွှဲနေရတဲ့ ပွဲဆက်တွေကြောင့် စိတ်ဆောင်သော်လည်း လူကမပါ။ အဖျား ဝင်ပြီး သုံးရက်လောက်က

ဟိုတယ်ခန်းထဲမှာပဲ အချိန်ကုန်နေခဲ့ပြီး အပြင်ပြန်ထွက်တဲ့နေ့ကျတော့လည်း မိုးက တဖြောက်ဖြောက်။ မှောင်ရီပျိုးစအချိန်မှာ တဖွဲဖွဲကျဆင်းနေတဲ့ မိုးစက်တွေက ထီးကိုင်းကတစ်ဆင့် ဖိနပ်ထိပ်ဖျားကို စုစည်းသက်ဆင်း နေကြသည်။ မိုးစက်တွေကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေထုက အေးစိမ့်နေသလို ထီးပေါ်ကိုကြွေကျနေတဲ့ မိုးကျသံ တဖြောက်ဖြောက်ကြောင့်လည်း နားရွက်ဖျားကတဆင့် အေးစက်ခြင်းတွေပျံ့နှံ့လာနေသလို။

တံခါးပိတ်သံဂျိန်းခနဲနောက်မှာ ဆက်တိုက်ထွက်ပေါ်လာတဲ့ သော့ခလောက်ချိတ်သံ၊ သော့တံကိုဆွဲဖြုတ်လိုက်သံ ခြေထောက်ကိုလှည့်သည်ဆိုရုံလေး ကြွလိုက်ပုံတို့ကို အဆောက်အဦ၏နံရံအကွယ်ရောက်နေပေမယ့် အားစိုက်နားထောင်ရင်း ပုံဖော်နေမိသည်။

မကြာလိုက်သည့်မိနစ်ပိုင်းလေးမှာတင် ကျောပိုးအိတ်ကိုပုခုံးတစ်ဖက်မှာလွယ်ပြီး အားကစားဝတ်စုံပြည့်နဲ့ ထွက်လာတဲ့လူတစ်ယောက်ရဲ့ ကျောပြင်ကျယ်ကြီးကို ငေးကြည့်ရင်း တည်ငြိမ်ခြင်းတွေကွယ်ပျောက်ရပြန်၏။ ဒီတစ်ကြိမ်တော့ အထာပါးနပ်စွာနဲ့ပဲ မိုးရေထဲ ခြေသံမြည်အောင်လျှောက်ရင်း ကျောပိုးအိတ်ကိုလှမ်းဆွဲလိုက်သည်။ ခြေလှမ်းတွေ တုံ့ခနဲရပ်သွားပေမယ့် ချက်ချင်းတော့လှည့်ကြည့်မလာ။ အုပ်မိုးထားတဲ့ ထီးနှစ်လက်၏ထိစပ်မှုကနေ ပေါင်းဆုံ လာတဲ့ မိုးစက်ပွင့်တွေရဲ့ အင်အားက ကျောပိုးအိတ်ကို ကိုင်ဆွဲထားသည့် လက်ပေါ်သို့ခုန်ဆင်းကျတာ အရှိန်ပြင်းပြင်း။

မျက်စိရှေ့တင်ပဲ မိုးရေစက်တို့ကျဆင်းမှုက အင်္ကျီလက်ရှည်ရဲ့ လက်မောင်းရင်းနားရောက်လုနီးနီးမှာ ကံကောင်းထောက်မစွာ ပြန်လှည့်ကြည့်လာတဲ့သူ။

King ဆန့်တန်းထားမိတဲ့လက်ကို ပြုတ်ကျသွားစေဖို့ ကျောပိုးအိတ်ကို ခပ်ကြမ်းကြမ်းဆွဲပစ်ပြီး မလိုလားတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လာခဲ့သည်။ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ Bordeaux မြို့ထဲ လက်အိတ်မပါ၊ မာဖလာမပါဘဲ ပေါင်မုန့်ဝယ်ဖို့ထွက်လာမိချိန် လက်ဖျားကိုရိုက်ခတ်လာတဲ့ အအေးဒဏ်တွေက တစ်ကိုယ်လုံးရှိအပူတွေကို စုပ်ယူဝါးမြိုသွားခြင်းကြောင့် မေးဖျားပါ မခိုင် တော့အောင် အေးစက်တတ်လာသလို ခံစားမှုမျိုး။ အကြည့်တစ်ခုကနေ ဖြာကျလာတဲ့ အေးစက်မှုတွေက မျက်ဝန်းတွေမှ တဆင့် ဦးနှောက်ကအမိန့်ပေးနေတဲ့ ခန္ဓာကိုယ်ရဲ့ ချိတ်ဆက်မှုတွေကို ရပ်တန့်စေသည်အထိ စွမ်းဆောင်နိုင်ပါသည်။

သက်ရှိလောကရဲ့အချိန်ရွေ့လျားမှုပမာဏ စက္ကန့်ဝက်လောက်က King အတွက်တော့ ဆယ်စုနှစ်လောက် ကြာရှည် နေသလို။ ကံတရားကို လက်ဖဝါးထဲပြီး မှောက်ချည်လှန်ချည်လုပ်ဖို့ဆိုတာ King နဲ့ပီအိုက်ကြားမှာ မဖြစ်နိုင်သေးသည့် အရာတစ်ခုအဖြစ်ရှိနေတုန်းလား။

“ကျွန်တော်...”

“မပြောနဲ့”

တစ်လုံးချင်း ပီပီသသထွက်ပေါ်လာတဲ့ ပီအိုက်အသံ။

“ကျွန်တော်...”

မနာခံတဲ့ King ရဲ့ လည်တိုင်ကိုအားနဲ့ဆွဲညှစ်ပစ်လိုက်တော့ အသံတွေက ရှောရှောရှူရှူထွက်မလာနိုင်တော့။

ဒုတ်!

နှစ်ယောက်လက်ထဲက ထီးနှစ်လက်က မြေပြင်ပေါ် သက်ဆင်းသွားကြသည်။ King အင်္ကျီလည်ပင်းစကတော့ ပီအိုက်လက်ထဲမှာ ဒုတိယအကြိမ် အပြစ်ပေးခံနေရ၏။

“ဘာမှမပြောနဲ့။ ငါ့ရှေ့လည်းပေါ်မလာနဲ့။ နောက်တစ်ခါဆို စကားနဲ့ပြောနေမှာမဟုတ်ဘူး”

နားရွက်ဖျားနားကိုကပ်ပြောလာတဲ့အသံ။ ဖမ်းဆုပ်ခွင့်မရပြန်တဲ့ ထွက်ခွာသွားသူရဲ့ ကျောပြင်ကိုကြည့်ပြီး ကြည်နူး စိတ်တွေလှိုက်တက်လာတယ်ဆိုတာ ထူးဆန်းသည်တော့မဟုတ်။ ဘာကြောင့်လဲဆိုတော့ ပီအိုက် King ကိုမမေ့သေးဘူး။

*****
January 15.2020.(Wednesday)

🎞

KING- 7

Shar Security Service and Taekwondo Training School

အျပာရင့္ေရာင္စာလုံးအႀကီးႀကီးေတြနဲ႔ နာမည္ပုံေဖာ္ထားသည့္ ေလးထပ္အေဆာက္အအုံေရွ႕မွာ ေခါက္တုံ႔ ေခါက္ျပန္ေလွ်ာက္ေနမိတာ ညေနေစာင္းေနၿပီျဖစ္သည္။ ေျခေထာက္ေတြေညာင္းၿပီး ဗိုက္လည္းဆာ၏။ အျပင္က လွမ္းျမင္ေနရတဲ့ ေျမညီထပ္ reception မွာထိုင္ေနသည့္ ေကာင္မေလးႏွစ္ေယာက္ႏွင့္ တိုက္ကြမ္ဒိုဝတ္စုံဝတ္ ကေလးပုစုခ႐ု ေတြအဝင္အထြက္မွလြဲၿပီး ပီအိုက္နဲ႔တူတာ တစ္ခုမွမေတြ႕ရ။

အႀကိမ္ႀကိမ္ဝင္ဖို႔ႀကိဳးစားေပမယ့္ ဝင္သြားၿပီးရင္ ဘာေျပာရမလဲ ဆိုတာလည္း စဥ္းစားမရ။ ေနပူထဲတစ္ေနကုန္နီးပါးေနမိ၍ အသားမက်ေသးတဲ့ အသားအရည္က Hoodie ထူထူေအာက္မွာ ပင္ အနီကြက္ေတြေပၚေနၿပီျဖစ္သည္။ ဆံပင္ရွည္ေတြေၾကာင့္လည္း စိတ္အိုက္လာတာမို႔ မ်က္လုံးမွိတ္ေခါင္းေမာ့ကာ ဆံပင္ ေတြကိုခါပစ္ရ၏။

“ခင္ဗ်ား ဘယ္သူလဲ”

႐ုတ္တရတ္အေမးနဲ႔ လက္ေမာင္းတစ္ဖက္ကို ဆြဲခ်ဳပ္ခံလိုက္ရသည္။ က်စ္ခနဲစုတ္သပ္ၿပီး လက္ကိုခါခ်ေတာ့ ျပန္လည္ဖမ္းခ်ဳပ္လာတဲ့လက္ေၾကာင့္ ေဒါသကထြက္ရၿပီ။

“ငါ့ကို ေမးေနတဲ့မင္းကေရာ ဘယ္သူလဲ”

ဖမ္းခ်ဳပ္ထားတဲ့ အမ်ိဳးသားက King ထက္အသက္ႀကီးပုံရၿပီး ကိုယ္လုံးကိုယ္ဖန္လည္း အေတာ္ေတာင့္သည္။

“အံမာ....သူခိုးကမ်ားတစ္ျပန္။ မင္း ေန႔လယ္စာခ်ိန္မတိုင္ခင္တည္းက ငါတို႔တိုက္ေရွ႕ ေခ်ာင္းေနတာ မျမင္ဘူးမ်ား ထင္ေနလား”

“ငါ ေခ်ာင္းတယ္ဆိုရင္ေတာင္ မင္းကိုမဟုတ္တာေတာ့ ေသခ်ာတယ္”

ေျပာၿပီးတာနဲ႔ ထိုလူ႔လက္က႐ုန္းထြက္ေတာ့ ထိုလူကလည္းအၾကမ္းပတမ္းမို႔ ေဒါသထက္အရင္ လက္သီးက ေရာက္ၿပီးသား။ ေျပာပါတယ္ King ဆိုတာ ပီအိုက္ကလြဲရင္ သည္းခံစိတ္ဆိုတာမသိဘူးလို႔။

႐ုန္းရင္းဆန္ခတ္အေျခအေန ေၾကာင့္ တိုက္ထဲက လူႀကီးအခ်ိဳ႕ထြက္လာ ျဖန္ေျဖေပးၿပီး King ကိုပါတစ္ပါတည္းအခန္းထဲဆြဲေခၚသည္။ နဂိုဒဏ္ရာရွိရင္းစြဲ မို႔ အထိခိုက္မခံျဖစ္ေနတဲ့ မ်က္ႏွာက ေသြးစတို႔ စီးက်သည္အထိ ထိရွလြယ္ေန၏။ ကေလးေတြေရာ reception က လူေတြပါ ဝိုင္းအုံၾကည့္ၿပီး တစ္ေယာက္တစ္ေပါက္ျဖစ္ေနၾကတာမို႔ အသံေတြကလည္း ကြၽတ္စီကြၽတ္စီ။

King နဲ႔ ထိုးႀကိတ္ခဲ့တဲ့လူက ေတာ့ အျဖစ္အပ်က္ကို လက္သီးလက္ေမာင္းတန္းၿပီးေျပာျပေနသည္။

“ဘာျဖစ္ေနၾကတာလဲ”

အသံကမာသည္။ မက်ယ္ေပမယ့္ ဆူညံေနတဲ့အသံေတြအကုန္တိတ္က်ကုန္၏။ ပီအိုက္...။

ရင္ထဲကေခၚသံကိုအလိုမက်ျဖစ္ၿပီး က်စ္ခနဲစုတ္သပ္မိတာက ပီအိုက္အၾကည့္ေတြကိုေတာ့ King ဆီ ေရာက္ေစခဲ့သည္။

*****

“က်စ္”

ဒီတစ္ေန႔တည္းနဲ႔ပဲ ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိ စုတ္သပ္မိျခင္း။ ထိုင္း_ျမန္မာ ခ်စ္ၾကည္ေရးတိုက္ကြမ္ဒိုအဖြဲ႕ အတြက္ ေ႐ႊတံဆိပ္ဆုရွင္ကစားသမားေဟာင္းမ်ား ေတြ႕ဆုံပြဲဖိတ္ၾကားသည္ဆိုေတာ့လည္း သြားရသည္။

ဘန္ေကာက္ၿမိဳ႕က Indoor Stadium Huamark အားကစား႐ုံမွာ က်င္းပသည့္ ကင္မရာ႐ိုက္ခ်က္ တဖ်က္ဖ်က္နဲ႔ မီးေရာင္စုံမ်ားေၾကာင့္ ဒီပြဲ တက္ခဲ့ျခင္းအေပၚ ေနာင္တရမိသလိုပင္။

(၁၀) စုႏွစ္တစ္ခုၾကာ ကင္မရာေရွ႕၊ ပရိသတ္ေရွ႕ ကြယ္ေပ်ာက္ေနခဲ့သမွ် ဘန္ေကာက္ေရာက္မွ အတိုးခ်ၿပီးေျဖခဲ့ရသည့္ ေမးခြန္းမ်ားစြာေၾကာင့္ သုံးရက္တာ ဘန္ေကာက္ခရီးစဥ္က ဟန္စစ္အတြက္ စိတ္ရႈပ္ျခင္းနဲ႔သာ အဆုံးသတ္ခဲ့သည္။ ကိစၥေတြက ဒီေလာက္နဲ႔မၿပီး။

၂၀၁၉ခုႏွစ္ အေရွ႕ေတာင္အာရွဆီးဂိမ္းၿပိဳင္ပြဲအတြက္ တိုက္ကြမ္ဒိုၿပိဳင္ပြဲ အဖြင့္ ကကြက္ကို ကစားျပရန္အထူးတလွယ္ ဖိတ္ၾကားျခင္းစာလႊာက ဟန္စစ္ထိုင္ေနသည့္ စားပြဲေရွ႕မွာၿငိမ္ၿငိမ္သက္သက္ႏွင့္ အသံတိတ္ႏွိပ္စက္ေန၏။ ကိုယ္တစ္ေယာက္တည္းအတြက္ဆို ေတြေဝစရာမရွိခ်က္ခ်င္းျငင္းမိမွာျဖစ္ေပမယ့္ စာဝင္လာတဲ့ ယေန႔မနက္ခင္း မွာပဲ အားကစားဝန္ႀကီးကိုယ္တိုင္ ဖုန္းဆက္ေတာင္းဆိုေတာ့ အခုလိုသက္ျပင္းအခါခါခ်ေနမိျခင္းျဖစ္သည္။

“ေနာက္ႏွစ္မွလုပ္ရမယ့္ကိစၥအတြက္နဲ႔ အရမ္းႀကီး စိတ္ရႈပ္ခံမေနနဲ႔ ဟန္စစ္။ မင္းမသြားခ်င္ရင္လည္း ဆရာ့နည္း ဆရာ့ဟန္နဲ႔ ျငင္းၾကည့္ေပးမယ္”

တစ္မနက္လုံးစားပြဲမွာထိုင္ၿပီး သုန္မႈန္ေနတဲ့ ဟန္စစ္စိတ္ကိုရိပ္မိသလိုမ်ိဳး ဆရာဦးေက်ာ္ဝင္းမွေျပာလာျခင္းျဖစ္ သည္။ ဒီကေလးရဲ႕စိတ္ဒဏ္ရာအေပါက္ေတြကို ဖာေထးဖို႔ေပးဆပ္ခဲ့ရတဲ့အခ်ိန္ေတြက နည္းတာမဟုတ္။ အနာက်က္ေနၿပီ ဆိုေပမယ့္ အမာ႐ြတ္အထပ္ထပ္နဲ႔ စိတ္ဝိဉာဥ္ကိုကြယ္ဝွက္ၿပီး လူအမ်ားေရွ႕ရပ္တည္ႏိုင္ဖို႔ဆိုတာ မလြယ္ေသး။

ပညာရွင္ အဆင့္ ေတြ႕ဆုံႏႈတ္ဆက္ပြဲမွာေတာင္ အေနထိုင္ၾကပ္ေနတဲ့ကေလး ငယ္ငယ္တည္းက ထိန္းေက်ာင္းခဲ့သည့္ ဆရာသာမဟုတ္ ရင္ ျမင္ႏိုင္မွာမဟုတ္သည့္သိုသိပ္မႈေတြနဲ႔။

“မနက္ျဖန္ေတာ့ အငယ္တန္းကေလးေတြ သင္တန္းခ်ိန္ကို မင္းျပန္ဝင္မွျဖစ္မယ္ ဟန္စစ္။ ဟိုေကာင္ သီဟေဇာ္က ကေလးေတြနဲ႔ အေစးကပ္တာမဟုတ္ဘူး။ ကေလးေတြကလည္း ဆရာသွ်ားမဟုတ္ေတာ့ ပုံမွန္မတက္။ ၾကာရင္ မိဘေတြက ပါ complain တက္လာလိမ့္မယ္”

စကၠန႔္ဝက္သာၾကာသည့္ ဟန္စစ္ရဲ႕ခပ္ေရးေရးအၿပဳံးတစ္ခုကို ဦးေက်ာ္ဝင္း ျမင္ျဖစ္ေအာင္ျမင္လိုက္သည္။ လူ အမ်ားေရွ႕ ထြက္ဖို႔ခဲယဥ္းေပမယ့္ တိုက္ကြမ္ဒိုသင္တန္းေက်ာင္းရွိ သင္တန္းသားကေလးအားလုံးနဲ႔ ပနံသင့္သူဆိုတာ ဟန္စစ္သွ်ားတစ္ေယာက္သာ ရွိသည္။

ကေလးေတြကို ေခ်ာ့ျမႇဴဆက္ဆံတတ္သည္ မဟုတ္ေသာ္လည္း အငယ္တန္းကေလး မ်ားသင္တန္းခ်ိန္ကိုသာ သင္ေလ့ရွိတဲ့ ဟန္စစ္မ်က္ဝန္းေတြထဲ ျဖဴျဖဴပိန္ပိန္ေကာင္ေလးရဲ႕ပုံရိပ္ေတြကို ဦးေက်ာ္ဝင္း အမွတ္ရ မိသည္။

“သူခိုးမဟုတ္ရင္ေတာင္ ႐ိုး႐ိုးသားသားမဟုတ္ဘူး ဒီေကာင္။ မနက္တည္းက  သင္တန္းအေဆာက္အဦေရွ႕မွာ ေခ်ာင္းေနတာ ကြၽန္ေတာ္ေတြ႕တယ္”

“ကေလးအလစ္သုတ္သမားက ႐ုပ္မေခ်ာရဘူး။ ႏိုင္ငံျခားသားမျဖစ္ရဘူးဆိုတာမွမရွိတာ”

ဧည့္ခန္းမွထြက္ေပၚလာတဲ့ ဆူဆူညံညံျငင္းခုန္သံေတြေၾကာင့္ ဦးေက်ာ္ဝင္းအေတြးစအခ်ိဳ႕ ျပတ္ေတာက္သြားရ သည္။ သြက္လက္လွတဲ့ ဟန္စစ္ကေတာ့ အသံစၾကားတည္းက ေနရာမွထြက္သြားလိုက္တာ တံခါးနားပင္ေရာက္ေနၿပီ ျဖစ္သည္။ သင္တန္းေက်ာင္းနည္းျပမ်ားထဲမွာ စိတ္ဆတ္သည့္ အငယ္ဆုံးနည္းျပဇြဲရန္ကို ဆရာအခ်ိဳ႕ ဝိုင္းခ်ဳပ္ထားၿပီး

တစ္ေယာက္တစ္ခြန္းေျပာဆိုေနၾကသည္။ ထိုင္ခုံတစ္ခုေပၚမွာ ထိုင္လ်က္ လက္ေမာင္းမ်ားကို ဖမ္းဆုပ္ကိုင္ခံထားရသည့္ လူတစ္ေယာက္ကိုေတာ့ ေဘးတိုက္အေနအထားႏွင့္သာျမင္ရ၏။

“ဘာျဖစ္ေနၾကတာလဲ”

ျငင္းခုန္သံ၊ ျဖန္ေျဖသံေတြနဲ႔ ဆူညံေနတဲ့အသံကို ေက်ာ္လႊားဖို႔ ဟန္စစ္ ခပ္ဆတ္ဆတ္ေအာ္လိုက္ျခင္းျဖစ္သည္။ အနည္းငယ္ တိုးတိတ္သြားတဲ့အသံေတြေနာက္မွာ ကပ္ၿငိပါလာသည့္ မ်က္ဝန္းတစ္စုံ။ ေမွးက်ဥ္းတဲ့မ်က္လုံးအိမ္ၾကားက ျပာလဲ့ေနတဲ့မ်က္ဝန္းတို႔ဆီက အၾကည့္စူးစူး။ အၾကည့္လႊဲသည္မရွိဘဲ ဦးေႏွာက္ကိုအလုပ္ေပးလိုက္ေတာ့ ထြက္က်လာသည့္ မွတ္ဉာဏ္အပိုင္းအစေတြထဲ ကပ္ၿငိေနခဲ့သည့္ ဒီမ်က္ဝန္းေတြ။

အမ်ားနဲ႔ဆယ္ေယာက္ျဖစ္ၾကတဲ့ပြဲမွာ ေတြေဝမႈမရွိ ဟန္စစ္ ရပ္တည္ေပးခဲ့မိတဲ့ ထိုသူ။ ေျမျပင္ေပၚ လွဲမခ်ခင္ ျမင္လိုက္ရတဲ့ မ်က္ဝန္းျပာျပာေတြက သတိေမ့သည္မဟုတ္မွန္း အတည္ျပဳခဲ့ေသးသည္။ လွည့္ထြက္လာမိတဲ့ ေျခလွမ္းေတြ ကို ကေျပာင္းကျပန္ျဖစ္ေစတဲ့ ထိုလူကို ဟန္စစ္ကိုယ္တိုင္ ကိုင္ေပါက္ခ်ထားခဲ့ျခင္း။

ေမးခြန္းေတြေတြးဖို႔၊ ေမးဖို႔ အားနည္းတဲ့ ဟန္စစ္ကို ထိုလူသည္လည္း မွတ္မိေနပုံ။ ဟန္စစ္ကို အၾကည့္မလႊဲဘဲ ကပိုက႐ိုက်ေနတဲ့ ဆံပင္ေ႐ႊေရာင္ေတြကို ခါထုတ္လိုက္ေတာ့ ေမး႐ိုးခြၽန္ခြၽန္က ထင္းခနဲ ေပၚလာသည္။ ႏႈတ္ခမ္းေထာင့္စြန္းက တစိမ့္စိမ့္စီးက်ေနတဲ့ ေသြးတို႔က ေျဖာင့္စင္းေနတဲ့ လည္တိုင္တစ္ေလွ်ာက္ တလိမ့္လိမ့္ စီးဆင္းေန၏။

“အဲ့မ်က္လုံးျပာေကာင္ မ႐ိုးဘူး ကိုစစ္”

တိတ္ဆိတ္မႈကို ၿဖိဳခြဲပစ္တဲ့ ဇြဲရန္အသံေနာက္မွာ ဟန္စစ္မ်က္ခုံးတို႔ ပိုမိုတြန႔္ခ်ိဳးလိုက္မိသည္။ ဟန္စစ္ေနာက္မွာ ေရာက္ေနသည့္ ဆရာဦးေက်ာ္ဝင္းေရွ႕ထြက္လာသည္ႏွင့္ ဇြဲရန္အသံက တဖန္ျပန္လည္ဆူညံလာသည္။

“ဆရာေက်ာ္ အဲ့မ်က္လုံးျပာေကာင္ကို ရဲလက္အပ္။ ဒီေကာင္႐ိုးကိုမ႐ိုးတာ။ ႏိုင္ငံျခားသားသာဆိုတယ္ ျမန္မာ စကား လည္းေျပာတတ္တယ္”

ဇြဲရန္စကားေၾကာင့္ ဆရာဦးေက်ာ္ဝင္းပင္ အံ့ဩသြားပုံနဲ႔ မ်က္ခုံးေတြ ပင့္တက္သြားသည္။ ဇြဲရန္ေျပာတဲ့ မ်က္လုံး ျပာေကာင္ဆိုသူကေတာ့ နည္းျပေတြခ်ဳပ္ထားတဲ့ၾကားက ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္တည္း အားျပဳမဲ့ျပေနတာက ဇြဲရန္ကို ပိုမိုဆြေပးေနသလိုျဖစ္၏။ နည္းျပဆရာတို႔ကလည္း မ်က္လုံးျပာေကာင္ကိုသာ အကဲခတ္ေနၾကတာမို႔ အခန္းတြင္း ေအးစက္ စက္ေလထုတစ္ခု ျဖစ္ေပၚေနလ်က္။

“စိတ္ကိုေအးေအးထား ဇြဲရန္။ ဆရာေမးစမ္းၾကည့္ပါဦးမယ္။ ဒီဘက္က ကေလး ျမန္မာစကားေျပာတတ္တယ္ ဆိုေတာ့ ျမန္မာလိုပဲေျပာပါ့မယ္။ မင္းဘယ္သူလဲ ေကာင္ေလး။ ဘာကိစၥရွိလို႔ ဆရာတို႔သင္တန္းေရွ႕...”

“King ပါ”

ဆရာဦးေက်ာ္ဝင္း ေမးခြန္းမဆုံးခင္ ထြက္လာတဲ့ ေျဖသံ။

“ကြၽန္ေတာ္ King။ K(ေက)- I (အိုင္)- N(အန္)-G(ဂ်ီ)King(ကင္း)။ I am King”

ပီအိုက္မ်က္လုံးတို႔ကို တည့္တည့္ၾကည့္ၿပီးေျဖလိုက္ေတာ့ မ်က္ခုံးတန္းႏွစ္ဖက္ ထိလုမတက္ တြန႔္ခ်ိဳးသြားသည္။ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္တာကိုလည္း သတိထားမိၿပီး အဝတ္စတစ္စလို ေဆာင့္ဆြဲခံလိုက္တဲ့ အက်ႌ လည္ပင္းစက ပီအိုက္ လက္ထဲေရာက္ႏွင့္ေနခဲ့ၿပီျဖစ္သည္။ အံႀကိတ္ပစ္လိုက္တဲ့ ပီအိုက္မ်က္ႏွာက ခက္ထန္လြန္း၏။ King ကိုစိုက္ၾကည့္ေနတဲ့ ပီအိုက္မ်က္ခမ္းစပ္ေတြက နီက်င္လာၿပီး အၾကည့္ေတြက စူးရဲလြန္းသည္။

နီးကပ္လြန္းတဲ့မ်က္ဝန္းေတြထဲမွာ အေျဖတစ္ခ်ိဳ႕ရွာေဖြၾကည့္ေပမယ့္ ဗလာ သက္သက္မ်က္ဝန္းေတြကိုပဲ King ဖမ္းဆုပ္မိသည္။ ေဘးနားရွိ လူေတြက လက္ကားယားေျခကားယားနဲ႔ ပီအိုက္လက္ေတြ ကို ဆြဲခြာဖို႔ျပင္သည္။

“သား...ဟန္စစ္ စကားနဲ႔ေမးလို႔ရတယ္။ ဆရာတို႔ရွင္းလိုက္မယ္၊ မင္းျပန္မယ္ဆို ျပန္ေတာ့”

ဆြဲဆုပ္ခံထားရတဲ့အက်ႌလည္ပင္းစ ပိုမိုၾကပ္တည္းသြားသည္။ အသက္ရႉဖို႔တစ္ဆို႔လာသလို ခံစားလိုက္ရၿပီး အက်ႌ စရွိ လက္ေခ်ာင္းေတြအားက လည္တိုင္ကိုသက္ေရာက္လာသည္။ စကားေျပာဖို႔ႀကိဳးစားလိုက္ေပမယ့္ လည္ေခ်ာင္းဝမွာပဲ ျပန္လည္ေပ်ာက္ရွသြားၿပီး ခႏၶာကိုယ္က အားတစ္ခုနဲ႔ေဆာင့္တြန္းျခင္းခံလိုက္ရ၏။ အလဲအလဲအၿပိဳၿပိဳ လြင့္က်သြားတဲ့ကိုယ္ က ၾကမ္းျပင္နဲ႔မိတ္ဆက္သြားၿပီး နာက်င္မႈက ေျပာဖြယ္ရာမရွိ။

“Shar Security Service and Taekwondo Training School ကပါ။ ကြၽန္ေတာ္တို႔သင္တန္းေက်ာင္းကို သူခိုးဝင္ တာ ဖမ္းမိထားလို႔ နယ္ေျမစခန္းမႉးကိုယ္တိုင္ လက္ထိပ္လာခတ္ေပးပါ”

နာက်င္မႈေၾကာင့္ မ်က္လုံးေတြတင္းတင္းမွိတ္ထားမိေပမယ့္ တင္းမာေနတဲ့အသံကိုေတာ့ ၾကားႏိုင္ေသးသည္။ ေခြေခါက္က်ိဳးေက်သြားသလားမသိတဲ့ ခႏၶာကိုယ္ထက္ စိုးထိတ္ေၾကာင့္ၾကမိတဲ့ ရင္တြင္းေဝဒနာက လႈိင္းပိုထန္၏။

“ဒီဘက္က မစၥတာ King ရဲ႕ passport နဲ႔ ID ေတြအကုန္မွန္ကန္ပါတယ္။ ဟိုတယ္ကိုေရာ ႏိုင္ငံျဖတ္ေက်ာ္ဌာနကိုပါ ဖုန္းဆက္အတည္ျပဳၿပီးပါၿပီ ကိုဟန္စစ္။ စိုးရိမ္စရာမရွိပါဘူး။ ဟိုတယ္ မန္ေနဂ်ာကလည္း အခုပဲ မစၥတာ King ကို လာေခၚဖို႔ ကားလႊတ္လိုက္ပါၿပီလို႔ ေျပာပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံကို ပထမဆုံးအႀကိမ္ေရာက္႐ုံရွိေသးတာကို အခုလို အားနာစရာေတြ ျဖစ္သြားရတာ ေတာင္းပန္ပါတယ္ဗ်ာ”

မိနစ္ပိုင္းအတြင္းေျပာင္းလဲသြားတဲ့ အေျခအနေတြထဲမွာ King တစ္ေယာက္ Sharr သင္တန္းေက်ာင္းရဲ႕ ဧည့္ခန္း မွာအက်အနေနရာယူၿပီး ဖမ္းခ်ဳပ္ကိုင္ခဲ့တဲ့ လူတစ္ေယာက္ခ်င္းစီကို ခပ္ေထ့ေထ့လိုက္ၾကည့္ပစ္လိုက္သည္။

ေယာက္်ား ျဖစ္ၿပီး အာက်ယ္အာက်ယ္လုပ္လြန္းသည့္ ဇြဲရန္ဆိုတဲ့ေကာင္ကေတာ့ ေဆာရီးတစ္ခြန္းႏွင့္ ဘယ္ဆီေပ်ာက္သြားလဲ မသိ။ နယ္ေျမစခန္းမႉးနဲ႔ စကားလက္ဆုံက်ၿပီး King ကိုေတာင္းပန္စကားဆိုလာတဲ့ ဦးေက်ာ္ဝင္းဆိုသူကေတာ့ အမွန္တကယ္ အားနာေနပုံရသည္။

ကြဲၿပဲသြားတဲ့ႏႈတ္ခမ္းေထာင့္စြန္းကို လက္မနဲ႔ဖိရင္း ဒဏ္ရာေတြကိုေမ့တဲ့အထိ ၿပဳံးမိသည္။ နယ္ေျမစခန္းမႉး အကူ အညီနဲ႔ King ျဖစ္ေၾကာင္း သက္ေသျပခဲ့ေပမယ့္ အၾကည့္လႊဲၿပီးထိုင္ေနတဲ့ ပီအိုက္ကို အေသးစိတ္အကဲခတ္မိ၏။ မဆုံျဖစ္ တဲ့မ်က္ဝန္းေတြေရာ အလိုမက်တဲ့မ်က္ခုံးတန္းေတြေရာ၊ ဒူးေခါင္းေပၚတင္ၿပီး တင္းတင္းဆုပ္ထားတဲ့လက္သီးကေရာ အရာ အားလုံးက King အလြမ္းေျဖစရာေတြခ်ည္း။

“ကြၽန္ေတာ္ေရာ ဒီမွာ တိုက္ကြမ္ဒိုသင္တန္းတက္လို႔ရမလား”

“ရပါတယ္”

“မရဘူး”

ရပါတယ္ဆိုတဲ့ေျဖသံက ဦးေက်ာ္ဝင္းထံကျဖစ္ၿပီး မရဘူးဆိုတာကေတာ့ ပီအိုက္ဆီမွထြက္လာသံျဖစ္သည္။

“ဟန္စစ္”

ဦးေက်ာ္ဝင္းရဲ႕ ဟန႔္တားသံကိုအေရးမစိုက္သလို ထိုင္ေနရာမွထရပ္ၿပီး နယ္ေျမစခန္းမႉးဆီ အၾကည့္တို႔ေရာက္ သည္။ တိုက္႐ိုက္မဟုတ္တဲ့ အေၾကာင္းျပခ်က္တစ္ခုကို စခန္းမႉးဆီကေန သတင္းပါး၏။

“ကြၽန္ေတာ္တို႔ သင္တန္းေက်ာင္းက ျမန္မာႏိုင္ငံသားမဟုတ္ဘဲ ျမန္မာစကားေျပာတတ္႐ုံနဲ႔ အ႐ူးေရာ၊ သူခိုးေရာကို ကိုယ္ခံပညာသင္ေပးေနတဲ့ေက်ာင္းမဟုတ္ဘူး စခန္းမႉး။ ကိစၥမရွိေတာ့ရင္ ခြင့္ျပဳပါဦး”

ႏႈတ္ခမ္းေထာင့္စြန္းကိုလက္ညႇိဳးနဲ႔ဖြဖြဖိကိုင္ရင္း လက္သည္းနဲ႔ျခစ္မိသြားသည္။ နာက်င္မႈက အသည္းခိုက္မတတ္ ျဖစ္ေပမယ့္ ဒါက မေတာ္တဆလို႔ ေတြးပစ္ခြင့္ရွိသည္။ ေနာက္ၿပီး မေတာ္တဆနဲ႔ မသိခ်င္ေယာင္ေဆာင္ခြင့္လည္းရွိ၏။

*****

“ပီအိုက္က မင္းကိုမမွတ္မိတာလား။ မွတ္မိလ်က္နဲ႔ မသိခ်င္ေယာင္ေဆာင္ေနတာလား”

တစ္ေလွ်ာက္လုံးၿငိမ္ၿငိမ္သက္သက္နဲ႔ နားေထာင္ေပးေနတဲ့ ဦးငယ္ ပထမဆုံးေမးလာတဲ့ ေမးခြန္းေၾကာင့္ King ေတြေဝရသည္။ ဒီေမးခြန္းရဲ႕အေျဖကို King ကိုယ္တိုင္လည္း သိခ်င္ေနတာ ဆိုေပမယ့္။ ထြက္လာမည့္အေျဖကိုလည္း မေတြးရဲျပန္။

“ဆယ္ႏွစ္ေနာ္ စိုင္းစက္။ ဆယ္ႏွစ္။ ဆယ္ႏွစ္ဆိုတဲ့အခ်ိန္က လူတစ္ေယာက္ကို ေမ့သြားမယ္ဆိုလည္း ျဖစ္သင့္တဲ့အပိုင္းအျခားတစ္ခုပဲ။ မေမ့ဘူးပဲထားပါဦး။ မင္းက King သူက ပီအိုက္ မင္းအဆင္ေျပေနလား သူလည္းအဆင္ေျပ တယ္ ဒီေလာက္ပဲေပါ့။ အၾကာႀကီးေနမွ ျပန္ေတြ႕ရတဲ့ ေယာက္်ားေလးႏွစ္ေယာက္ၾကားက ရင္းႏွီးမႈကို ဘယ္ေလာက္ အတိုင္းအတာထိ ေမွ်ာ္လင့္ေနတာလဲ စက္။ ဦးေႏွာက္ေသေအာင္ ခံစားခ်က္ေတြ ထည့္မေနနဲ႔။ စြဲလမ္းစိတ္တစ္ခုနဲ႔ ေလွ်ာက္လုပ္ေနတဲ့အရာက မင္းကို ေနာက္ဘဝထိဆြဲခ်သြားလိမ့္မယ္။ မင္းသြားတဲ့ေနရာမွာ ေျခရာေတြခ်န္ခဲ့လို႔မျဖစ္ဘူး ဆိုတာ အၿမဲအမွတ္ရေန။ စြမ္ခမ္းဒီေလာက္ပဲေျပာခ်င္တယ္”

End Call ျဖစ္သြားၿပီျဖစ္တဲ့ Video ေခၚဆိုမႈကို ေငးၾကည့္ရင္း သက္ျပင္းခ်မိသည္။ စြဲလမ္းစိတ္၊ ခံစားခ်က္၊ ပီအိုက္အေၾကာင္းေျပာတိုင္း ဦးငယ္ဆီကထြက္လာတတ္တဲ့ မွတ္ခ်က္ေတြ။ ခါးသီးတဲ့အတိတ္မွာ အေႏြးေထြးဆုံး ေပြ႕ပိုက္ေပး ခဲ့တဲ့ တစ္ဦးတည္းေသာ လူသားကိုေတာ့ အနားမွာရွိေစခ်င္႐ုံေလးတင္။ ကိုယ္ခ်စ္ရတဲ့ လူေတြနဲ႔ အက်ိဳးေပးနည္းပါးလြန္း တဲ့ကံက ပီအိုက္နဲ႔ေတာ့ ခြၽင္းခ်က္ပဲ ျဖစ္ရမည္။

*****

ေရ၊ ေျမ အေျပာင္းအလဲနဲ႔ ေရာက္တည္းကႏႊဲေနရတဲ့ ပြဲဆက္ေတြေၾကာင့္ စိတ္ေဆာင္ေသာ္လည္း လူကမပါ။ အဖ်ား ဝင္ၿပီး သုံးရက္ေလာက္က

ဟိုတယ္ခန္းထဲမွာပဲ အခ်ိန္ကုန္ေနခဲ့ၿပီး အျပင္ျပန္ထြက္တဲ့ေန႔က်ေတာ့လည္း မိုးက တေျဖာက္ေျဖာက္။ ေမွာင္ရီပ်ိဳးစအခ်ိန္မွာ တဖြဲဖြဲက်ဆင္းေနတဲ့ မိုးစက္ေတြက ထီးကိုင္းကတစ္ဆင့္ ဖိနပ္ထိပ္ဖ်ားကို စုစည္းသက္ဆင္း ေနၾကသည္။ မိုးစက္ေတြကိုျဖတ္သန္းတိုက္ခတ္လာတဲ့ ေလထုက ေအးစိမ့္ေနသလို ထီးေပၚကိုေႂကြက်ေနတဲ့ မိုးက်သံ တေျဖာက္ေျဖာက္ေၾကာင့္လည္း နား႐ြက္ဖ်ားကတဆင့္ ေအးစက္ျခင္းေတြပ်ံ႕ႏွံ႔လာေနသလို။

တံခါးပိတ္သံဂ်ိန္းခနဲေနာက္မွာ ဆက္တိုက္ထြက္ေပၚလာတဲ့ ေသာ့ခေလာက္ခ်ိတ္သံ၊ ေသာ့တံကိုဆြဲျဖဳတ္လိုက္သံ ေျခေထာက္ကိုလွည့္သည္ဆို႐ုံေလး ႂကြလိုက္ပုံတို႔ကို အေဆာက္အဦ၏နံရံအကြယ္ေရာက္ေနေပမယ့္ အားစိုက္နားေထာင္ရင္း ပုံေဖာ္ေနမိသည္။

မၾကာလိုက္သည့္မိနစ္ပိုင္းေလးမွာတင္ ေက်ာပိုးအိတ္ကိုပုခုံးတစ္ဖက္မွာလြယ္ၿပီး အားကစားဝတ္စုံျပည့္နဲ႔ ထြက္လာတဲ့လူတစ္ေယာက္ရဲ႕ ေက်ာျပင္က်ယ္ႀကီးကို ေငးၾကည့္ရင္း တည္ၿငိမ္ျခင္းေတြကြယ္ေပ်ာက္ရျပန္၏။ ဒီတစ္ႀကိမ္ေတာ့ အထာပါးနပ္စြာနဲ႔ပဲ မိုးေရထဲ ေျခသံျမည္ေအာင္ေလွ်ာက္ရင္း ေက်ာပိုးအိတ္ကိုလွမ္းဆြဲလိုက္သည္။ ေျခလွမ္းေတြ တုံ႔ခနဲရပ္သြားေပမယ့္ ခ်က္ခ်င္းေတာ့လွည့္ၾကည့္မလာ။ အုပ္မိုးထားတဲ့ ထီးႏွစ္လက္၏ထိစပ္မႈကေန ေပါင္းဆုံ လာတဲ့ မိုးစက္ပြင့္ေတြရဲ႕ အင္အားက ေက်ာပိုးအိတ္ကို ကိုင္ဆြဲထားသည့္ လက္ေပၚသို႔ခုန္ဆင္းက်တာ အရွိန္ျပင္းျပင္း။

မ်က္စိေရွ႕တင္ပဲ မိုးေရစက္တို႔က်ဆင္းမႈက အက်ႌလက္ရွည္ရဲ႕ လက္ေမာင္းရင္းနားေရာက္လုနီးနီးမွာ ကံေကာင္းေထာက္မစြာ ျပန္လွည့္ၾကည့္လာတဲ့သူ။

King ဆန႔္တန္းထားမိတဲ့လက္ကို ျပဳတ္က်သြားေစဖို႔ ေက်ာပိုးအိတ္ကို ခပ္ၾကမ္းၾကမ္းဆြဲပစ္ၿပီး မလိုလားတဲ့ မ်က္ဝန္းေတြနဲ႔ စိုက္ၾကည့္လာခဲ့သည္။ ဆီးႏွင္းေတြဖုံးလႊမ္းေနတဲ့ Bordeaux ၿမိဳ႕ထဲ လက္အိတ္မပါ၊ မာဖလာမပါဘဲ ေပါင္မုန႔္ဝယ္ဖို႔ထြက္လာမိခ်ိန္ လက္ဖ်ားကို႐ိုက္ခတ္လာတဲ့ အေအးဒဏ္ေတြက တစ္ကိုယ္လုံးရွိအပူေတြကို စုပ္ယူဝါးၿမိဳသြားျခင္းေၾကာင့္ ေမးဖ်ားပါ မခိုင္ ေတာ့ေအာင္ ေအးစက္တတ္လာသလို ခံစားမႈမ်ိဳး။ အၾကည့္တစ္ခုကေန ျဖာက်လာတဲ့ ေအးစက္မႈေတြက မ်က္ဝန္းေတြမွ တဆင့္ ဦးေႏွာက္ကအမိန႔္ေပးေနတဲ့ ခႏၶာကိုယ္ရဲ႕ ခ်ိတ္ဆက္မႈေတြကို ရပ္တန႔္ေစသည္အထိ စြမ္းေဆာင္ႏိုင္ပါသည္။

သက္ရွိေလာကရဲ႕အခ်ိန္ေ႐ြ႕လ်ားမႈပမာဏ စကၠန႔္ဝက္ေလာက္က King အတြက္ေတာ့ ဆယ္စုႏွစ္ေလာက္ ၾကာရွည္ ေနသလို။ ကံတရားကို လက္ဖဝါးထဲၿပီး ေမွာက္ခ်ည္လွန္ခ်ည္လုပ္ဖို႔ဆိုတာ King နဲ႔ပီအိုက္ၾကားမွာ မျဖစ္ႏိုင္ေသးသည့္ အရာတစ္ခုအျဖစ္ရွိေနတုန္းလား။

“ကြၽန္ေတာ္...”

“မေျပာနဲ႔”

တစ္လုံးခ်င္း ပီပီသသထြက္ေပၚလာတဲ့ ပီအိုက္အသံ။

“ကြၽန္ေတာ္...”

မနာခံတဲ့ King ရဲ႕ လည္တိုင္ကိုအားနဲ႔ဆြဲညႇစ္ပစ္လိုက္ေတာ့ အသံေတြက ေရွာေရွာရႉရႉထြက္မလာႏိုင္ေတာ့။

ဒုတ္!

ႏွစ္ေယာက္လက္ထဲက ထီးႏွစ္လက္က ေျမျပင္ေပၚ သက္ဆင္းသြားၾကသည္။ King အက်ႌလည္ပင္းစကေတာ့ ပီအိုက္လက္ထဲမွာ ဒုတိယအႀကိမ္ အျပစ္ေပးခံေနရ၏။

“ဘာမွမေျပာနဲ႔။ ငါ့ေရွ႕လည္းေပၚမလာနဲ႔။ ေနာက္တစ္ခါဆို စကားနဲ႔ေျပာေနမွာမဟုတ္ဘူး”

နား႐ြက္ဖ်ားနားကိုကပ္ေျပာလာတဲ့အသံ။ ဖမ္းဆုပ္ခြင့္မရျပန္တဲ့ ထြက္ခြာသြားသူရဲ႕ ေက်ာျပင္ကိုၾကည့္ၿပီး ၾကည္ႏူး စိတ္ေတြလႈိက္တက္လာတယ္ဆိုတာ ထူးဆန္းသည္ေတာ့မဟုတ္။ ဘာေၾကာင့္လဲဆိုေတာ့ ပီအိုက္ King ကိုမေမ့ေသးဘူး။

*****
January 15.2020.(Wednesday)

🎞

Continue Reading

You'll Also Like

878K 100K 59
The contents of this fiction are purely the author's imagination.
141K 10.3K 57
🚉Cover Artist By Akiko Ak🚉-Romance×Drama Theme- 🚉🚉ပျော်ရွှင်မှုတွေကိုအပြည့်အနှက်သယ်ဆောင်လာပြီးအရှိန်ပြင်းပြင်းနဲ့ခုတ်မောင်းလာတဲ့ အိမ်ထောင်ရေးရထား...
60.8K 4.8K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...
741K 76.9K 98
Neither love nor be loved........ Art : @CitaminArt❣️