အဲ့ကောင်လေး ထွက်သွားတာနဲ့ ရေချိုးဖို့ပြင်လိုက်
သည်
တစ်ညလုံးကားစီးလာတော့ ခန္ဓာကိုယ်က နေရာအနှံ ့ကိုက်ခဲနေသည်
သူ့ကိုပေးထားတဲ့ အခန်းကလည်း ကျယ်တော့ကျယ်
သား
အခန်းအပြင်အဆင်မှာလည်း သပ်သပ်ရပ်ရပ်ပင်
အခန်းထဲတွင်လည်း ရေခဲသေတ္တာ TV အောက်စက်
Air-conditioner အားလုံးလိုလေသေးမရှိ
နှစ်ယောက်အိပ်ကုတင်ကြီးမှာလည်း သေချာသန့်
ရှင်းထားပုံရသည်
ပြောမှာသာ ပြောရသည်
ဒီကောင်လေးတို့အိမ်က တော်တော်တော့ မိုက်သည်
ကျယ်၀န်းလှသော ခြံထဲတွင်ပန်းပင်များစိုက်ထား
သည်မှာလည်းအပြည့်
ပန်းရနံ ့လေးများကလည်း လေအေ၀့ှမှာ
ထုံသင်းလျက်
ဒီလိုခြံအကျယ်ကြီးထဲတွင် အိမ်ကြီးရခိုင်နှင့်နေနိုင်
သော အဲ့ကောင်လေးရဲ့ ဖွားဖွားကိုလည်း လေးစား
မိသည်
ဒီကောင် အတင်းခေါ်ခဲ့လို့သာ
မဟုတ်ရင် သူ Hotel ပဲသွားဖြစ်မှာ ကျိန်းသေသည်
ရေကို အမြန်ချိုးလိုက်ပြီး အ၀တ်အစားလဲကာ အဲ့
ကောင်လေး လာအခေါ်ကို စောင့်နေလိုက်သည်
နာရီကြည့်လိုက်တော့ ၉ နာရီ
ဗိုက်ကတော့ ဆာနေပြီ
~~ဒီကောင် ဘာလို့ ဒီလောက်ကြာနေရတာလဲ~~
စောင့်ရင်း ၉ နာရီပင် ခွဲနေပေပြီ
မတတ်နိုင်တော့ ဗိုက်ထဲက သံစုံတီး၀ိုင်းတွေနှင့်
ဆန္ဒပြနေကြပြီ
ထပ်မစောင့်နိုင်တော့....
နောက်ဆုံး အဲ့ကောင်လေး အခန်းကိုသာ ထွက်လာခဲ့လိုက်သည်.....
************
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြားမှ ကျွန်တော်နိုးလာခဲ့သည်
သွားဖွင့်ကြည့်လိုက်တော့ ကိုရှင်းသန့်
"ငါ ဒီနေ့ မနက်စာ စားရဦးမှာလား"
~~ဟိုက် ငါသူ့ကို သွားခေါ်မယ်ဆိုပြီး မေ့နေတာပဲ
"Sorry ကိုရှင်းသန့် ကျွန်တော်ပြန်အိပ်ပျော်သွားလို့
ဟီးဟီး လာ~~အခုသွားမယ်"
အောက်ရောက်တော့ မနက်စာအတွက် အားလုံး
ပြင်ပြီးနေလေပြီ
"မြေးလေး ရှင်းသန့်ကိုကို ထည့်စားနော် အားမနာနဲ့"
ဖွားဖွားကပြောကာ ကြာဇံကြီး ဟင်းရည်တွေ
ထည့်ပေးနေသည်
ဖွားဖွားက သူလာမှာ သိ၍ ကြာဇံကြီးကို ကြိုပြီး
ချက် ထားပုံရသည်
ငယ်ငယ်ထဲက ဖွားဖွားရဲ့ ကြာဇံကြီးလက်ရာမှာ
ကျွန်တော့် အကြိုက်ဆုံး အစားအစာတစ်ခုပင်
ကျွန်တော်နဲ့အတူ ဘွားဘွားလက်ရာကို အသဲစွဲသူ
တစ်ယောက်ရှိသေးသည်
သူက ကိုကိုလင်းလက်သူရ
အခုလဲပဲ ကိုရှင်းသန့်က ဘွားဘွားလက်ရာကို ကြိုက်ပုံရသည်
"ကိုရှင်းသန့် ဒီနေ့ ဘယ်သွားစရာရှိသေးလဲ"
"အင်း စိုက်ခင်းတစ်ခု သွားရမယ်"
"ဟင် စိုက်ခင်း ဘာသွားလုပ်ရမှာလဲ"
"ငါ့အဒေါ်က စိုက်ခင်းစာရင်းတွေ စစ်ခိုင်းလိုက်လို့"
"အော် ဒါဆို ကျွန်တော်လဲ လိုက်လို့ရမလား
အိမ်မှာပဲနေရတာ ပျင်းလို့"
ကိုရှင်းသန့် တစ်ချက်စဉ်းစားနေပုံရသည်
ပြီးမှ
"အင်း လိုက်ချင်လဲ လိုက်ခဲ့ပေါ့"
"ဟုတ်"
ုဖြစ်နိုင်လျှင် ကိုရှင်းသန့် သွားရာ နောက်ကို
တကောက်ကောက် လိုက်နေချင်သည်
"မြေးလေးတို့ ဘယ်သွားကြမလို့လဲ"
"ကိုရှင်းသန့်တို့ စိုက်ခင်းကို လိုက်သွားမလို့
ဖွားဖွား"
"အော် အဲ့ဒါဆို ကားယူသွားလေ
ဒါနဲ့မြေးလေးရှင်းသန့် ကားမောင်းတတ်တယ်မလား
အိမ်ကမြေးကတော့ ကားမောင်းသင်ဆိုတာ အခုထိ မသင်ဘူးလေ ကြောက်တယ်တဲ့"
"ဟာ~~ဖွားဖွားကလဲ ဘာကိုကြောက်ရမှာလဲ
အဲ့တာက ကျွန်တော်ငယ်တုန်းကမို့ပါ"
ကိုရှင်းသန့်ရှေ့မှာမို့ အရှက်ပြေသာ
ပြောလိုက်ရသည်
သူကားမောင်းရမှာကိုတော့ အခုထိကြောက်နေဆဲ
မတော်တစ်ခုခုကို သွားတိုက်မိရင် ဒုက္ခ
"မောင်းတော့မောင်းတတ်ပါတယ် အဘွား
ဒါပေမဲ့ ရပါတယ် ကျွန်တော်တို့ Taxi နဲ့ပဲ သွားလိုက်
ပါ့မယ်"
"အိုမဟုတ်တာ မြေးလေးရယ် ဘွားဘွားမြေးတွေက
Taxi နဲ့ သွားစရာလား အိမ်ကကားသာ ယူသွား
ဟုတ်ပြီလား"
ငြင်းမရသည့်အဆုံး ကိုရှင်းသန့်လဲ လက်ခံလိုက်
ရလေသည်
***********
နေ့လည်စာ စားပြီးမှ သူတို့ထွက်လာခဲ့လိုက်သည်
ကိုရှင်းသန့်က ကားမောင်းပြီး ကျွန်တော်က
lover seat မှာထိုင်ရင်း လိုက်လာသည်
တောင်ပေါ်မြို့လေးဖြစ်သော ပြင်ဦးလွင် မြို့လေးကတော့ အေးချမ်းသာယာလျက်
လမ်းတလျှောက်မြင်ကွင်းများက နှစ်နှစ်ကျော်
ေ၀းကွာသွားတဲ့ ကျွန်တော့် အတွက်ကတော့
အပြောင်းလဲကြီး ပြောင်းလဲနေကြသည်
သိပ်တော့မကြာလိုက်
ကိုရှင်းသန့်ရဲ့ စိုက်ခင်းဆီသို့ ရောက်လာခဲ့သည်
"Butterfly (နေကြာစိုက်ခင်း)"
ဟူသော ဆိုင်းဘုတ်ကြီးက အ၀တွင် ကြိုဆိုနေလေသည်
ကားပေါ်က ဆင်းတော့
"မင်း လျှောက်ကြည့်ချင်ကြည့်နေလေ ငါ
စာရင်းတွေ သွားစစ်လိုက်ဦးမယ်"
"ဟုတ်"
ကိုရှင်းသန့်ကပြောပြီး စိုက်ခင်းထဲက
ရုံးခန်းလို့ယူဆရတဲ့တိုက်ပုလေးထဲသို့ ၀င်သွားသည်
ကျွန်တော်လဲ စိုက်ခင်းဘက်သို့ လျှောက်လာခဲ့လိုက်
သည်
"၀ိုး~~လှလိုက်တာ"
တွေ့လိုက်ရသည်က ဧကများစွာ ကျယ်၀န်းသော
စိုက်ခင်းကြီးထဲတွင် နေကြာပန်းကလေးများက
အစီအရီဖူးပွင့်နေကြသည်မှာ မျက်စိတစ်ဆုံးပင်
အဝါရောင်ဖန့်ဖန့် နေကြာပန်းလေးများမှာ နေရောင်အောက်တွင် လှချင်တိုင်းလှနေကြသည်
ဆယ်တန်းမှာသင်ခဲ့ရတဲ့ ဘုန်းနှင့်ကံနှင့်ရွှေသဇင်
ကဗျာလိုမျိုးပင်
နေကြာပန်းပင်လေးများက လေတိုက်လိုက်တိုင်း
ယိမ်းနွဲ့နေကြသည်မှာ ကိန္နရီငှက်မလေးများ
ကနေကြသည့်အတိုင်းပင်
အရောင်အသွေးစုံလင်တဲ့ လိပ်ပြာလေးများကလည်း ပန်းလေးများပေါ် နားခိုပျံသန်းနေကြသည်မှာ
တကယ် ကြည်နူးဖို့ကောင်းသည်
ငယ်ငယ်ထဲက ပြင်ဦးလွင်မှာ ကြီးပြင်းသော
ကျွန်တော့်အဖို့ ပန်းစိုက်ခင်းတွေနှင့် သိပ်မစိမ်းလှ
သော်လည်း ဒီနေကြာပန်းခင်းကြီးကိုတော့
တကယ်သဘောကျမိသည်
ပန်းခင်းကြီးထဲတွင် လေတဖြူ းဖြူ းတိုက်နေသည်မှာ
အလွန်နေလို့ကောင်းသည်
လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး လေကို အ၀ရှူသွင်း
လိုက်သည်
"ဘာတွေအဲ့လောက်တောင် သဘောကျနေတာလဲ"
တစ်ယောက်တည်း နေကြာပန်းခင်းကြီးအလှကိုခံစားနေခိုက် အသံကြားလို့ လှည့်ကြည့်လိုက်တော့
ကိုရှင်းသန့်
"နေကြာပန်းခင်းကြီးက အရမ်းလှတာပဲ ကိုရှင်းသန့်"
"အင်း"
"ဒါကိုရှင်းသန့်တို့် အပိုင်လားဟင်"
"ငါ့အပိုင်တော့ မဟုတ်ပါဘူး ဘိုးဘွားတွေ လက်ထက်ထဲက ငါ့အဒေါ်က ကြီးကြပ်ခဲ့ရတာ"
"အော်"
"ဒါဆိုပြန်မယ်လေ ငါလဲစာရင်းတွေစစ်ပြီးပြီ"
"ဟင် ပြန်တော့မလို့လား"
"မပြန်လို့ ဒီမှာ ညအိပ်မလို့လား"
နေကြာပန်းခင်းကြီးရဲ့အလှက မပြန်ချင်အောင်
ဖမ်းစားထားသည်
"ဒါဆိုရော့ ကျွန်တော့်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပေးဦး"
နေကြာပန်းခင်းကြီး နှင့် post အမျိုးမျိုးပေးကာ
ဓာတ်ပုံရိုက်နေလိုက်သည်
"ကိုရှင်းသန့် အတူတူရိုက်ရအောင်"
"ဘာလဲကွာ မင်းတစ်ယောက်ထဲနဲ့ မရသေးဘူးလား
မရိုက်ချင်ပါဘူး"
~~လုပ်ပြီ ဒီလူကြီးတော့ နေရာတကာ ထော်လော်ကန့်လန့်နဲ့~~
"ဟာဗျာ ဘာဖြစ်လဲ ဓာတ်ပုံလေး ရိုက်တဲ့ဟာကို
တွန့်တိုနေသေးတယ်
လာ ဒီကိုကြည့်
ဟာ~~ဘာလို့ နှုတ်ခမ်းကြီး ဆူထားတာလဲ
ပြုံးထားလေ
လက်ကိုလဲ ကျွန်တော့်လို နှစ်ချောင်းထောင်ထားလေ
အင်း ရပြီ ready 1 2 3"
"ဖြတ်!!"
"နောက်တစ်ပုံ"
**************
ကျွန်တော်လဲ ဒေါ်လေးမေ ပြောလိုက်တဲ့
စာရင်းတွေကို လိုက်စစ်လိုက်သည်
"တာ၀န်ကျေပါတယ်"
စိုက်ခင်းမန်နေဂျာကို စာရင်းတွေ ပြန်အပ်ပြီး
ထွက်လာခဲ့လိုက်သည်
သူ ဒီနေကြာခင်းကို မရောက်တာတောင် အတော်ကြာပေပြီ
စိုက်ခင်းထဲလဲ ရောက်ကော တွေ့လိုက်ရသည်က
Titanic ကားထဲကလို လက်နှစ်ဖက်လုံး ဆန့်ပြီး
ခေါင်းလေးမော့ကာ လေကို တ၀ကြီးရှူနေတဲ့
ကောင်လေးတစ်ယောက်
အရပ်ကလည်း အလယ်တန်းကလေးသာသာ အရပ်မို့ နေကြာပင်လေးတွေထက် ခေါင်းတစ်လုံးစာ
လောက်ပင် မြင့်တော့သည်
ကြည့်ရင်း ကြိတ်ရယ်လိုက်မိသည်
ဒီကောင် ကြည့်ရတာ ဒီပန်းခင်း ကြီးကို တော်တော်
သဘောကျနေပုံရသည်
ပြန်ကာနီးတောင် ဓာတ်ပုံတွေ ရိုက်ခိုင်းလိုက်သေး
ကျနော်ပဲ ဓာတ်ပုံရိုက်တာ တော်တာလားမသိ
ဓာတ်ပုံတွေထဲတွင် အဝါရောင် နေကြာပန်းခင်း
ကြီးထဲက အဖြူရောင်ကောင်လေးရဲ့ပုံမှာ
တကယ့်ကို ကလေးလေး တစ်ယောက်လိုချစ်စရာ
ကောင်းနေသည်
ကြည့်နေရင်း ရင်ခုန်သံတွေ မြန်လာသလိုလို
~~ဘာလဲဟ ဘယ်လိုခံစားချက်ကြီးလဲ~~
အဲ့အနှီကောင်လေးကတော့ ဘာမှမသိ
သူနဲ့တောင် ဓာတ်ပုံတွဲရိုက်ခိုင်းလိုက်သေး
Post တွေလဲ ပေးခိုင်းလိုက်တာ စုံနေရော
ဒါတောင် မပြန်ချင်သေးဘူးလုပ်နေလို့ မနည်းပြန်
ခေါ်ခဲ့ရတယ်
~~ဟူး ငါတော့ မိန်းမတောင်မယူရသေးပဲနဲ့
ကလေး အဖေဖြစ်နေပြီ~~
*************
ညနေက အပြန်"မိုးသောက်" လိမေ္မာ်ခြံ၀င်ပြီး
ဖွားဖွားအတွက်နဲ့
ရန်ကုန်အတွက် လိမေ္မာ်သီးများ ၀င်၀ယ်ခဲ့ကြသည်
"ဂျိန်း"
မိုးခြိမ်းသံကြားတိုင်း သူတစ်ချက် တစ်ချက် တုန်တက်သွားသည်
မတတ်နိုင်...
ငယ်ငယ်ထဲက ကျွန်တော်က ကြောက်ရလန့်ရတာ
များသည်...
အခုလဲ အပြင်မှာ မိုးတွေက တဂျိန်းဂျိန်း ခြိမ်းနေပေပြီ
ကောင်းကင်မှာ အသူရာနှင့် သိကြား စစ်ပွဲဖြစ်နေ
သည့်အလား..
တံခါးတွေ အကုန်လိုက်ပိတ်လိုက်သည်
"ဂျိန်း...ဂျိန်း...ဂျိန်း"
မိုးတွေက ပိုခြိမ်းလာသယောင်...
လေတွေလဲ အဆက်မပြတ်တိုက်လာသည်...
အိမ်မှာသာဆို သူ မေမေ့အခန်းထဲ ပြေး၀င်မိမှာ
ကျိန်းသေ
ဒီအရွယ်ကြီးထိအောင် မိုးခြိမ်းလျှင်ကြောက်တတ်သော သူ့ကို ကိုရှင်းသန့် မြင်လျှင် ရယ်မှာ ကျိန်းသေ
မိုးကတော့ စရွာလာပြီ....
"ဖတ်စ်"
"ဟင် မီးသေသွားပြီ"
တစ်ခန်းလုံး အမှောင်ကျသွားသည်
အဲဒါမှ ကွိုင်ပဲ ဒီအချိန် ဖွားဖွားကလည်း အိပ်လောက်
ပြီ
ကိုရှင်းသန့်ကလည်း ညစာစားပြီးထဲက သူ့အခန်းသူ
ပြန်သွားတာ အိပ်နေပြီလားမသိ
"ဖြတ် ဖြတ် ဖြတ်"
~~ဟင် ဘာအသံလဲဟ~~
အသံလာတာကတော့ ပြတင်းပေါက်ကနေ လာ
သည့်အသံ
သူလဲ ကြောက်ကြောက်နဲ့ ပြတင်းပေါက်နားကို
သွားကြည့်လိုက်သည်
ဘာမှမတွေ့..
အဲ့တာနဲ့ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့
တွေ့လိုက်ရသည်က.......
သူလဲ ဘာမှစဉ်းစားမနေတော့ဘဲ ကိုရှင်းသန့် အခန်း
ကိုသာ တစ်ချိုးတည်း ပြေးလာခဲ့တော့သည်
"အားးးး သရဲ သရဲ သရဲ"
ပါးစပ်ကလည်းအော်လျက်........