Part-7(Unicode)

3K 236 2
                                    

"ငါ့​ကောင်​​လေး နဲ့ နင်​့ကို တစ်​​ရက်​​တော့ မိတ်​ဆက်​
​ပေးအုန်​းမယ်​"

"သူက ငါ့​လောက်​​တော့ ​​ချောမှာမဟုတ်​ပါဘူး
ငါ​ပြောတာ ဟုတ်​တယ်​မလား"

"အမ​လေးဟယ်​ ကိုယ်​့ကိုကိုယ်​လဲ အဲ့​လောက်​ထိ
အမွှန်​းတင်​မ​နေစမ်​းပါနဲ့

ဒါနဲ့ နင်​​ကော ရည်​းစား​တွေဘာ​တွေ ရ​နေပြီလား

ဟဲ့! ငါ့လဲ မိတ်​ဆက်​​ပေး​နော်​
လိျုှမထားနဲ့ ငါ​တောင်​နင်​့ကိုအကုန်​​ပြောပြတာ ဟွန်​း"

"မရှိ​သေးပါဘူးဟာ ကို့အလုပ်​နဲ့ကို​ယ်​​တောင်​ ရှုပ်​​နေ
တာ ​ဆေး​ကျောင်​းကစာ​တွေက များပါတယ်​ဆိုမှ
​Guide ကလဲသွားသင်​​ပေး​နေရ​သေးတယ်​လေ"

"နင်​ Guide သင်​​နေတာလား"

"အင်​း​လေ တစ်​ပတ်​​တောင်​ပြည်​့​တော့မယ်​ ​​နောက်​မို့
ဆိုလဲ မသင်​ပါဘူး

အခုဟာက ​ဒေါ်​လေး​မေနဲ့အရမ်​းရင်​းနှီးတဲ့ လူတစ်​​
​ယောက်​က လာသင်​​ပေးပါဆိုလို့ ငါလဲ သွားသင်​​ပေး​နေရတာ

Guide သင်​တာသာ​ပြောတယ်​ တခါတ​လေကြရင်​ က​လေးသွားထိန်​း​နေရသလိုပဲ

အဲ့​ကောင်​​လေးက ဆယ်​တန်​းသာ​ပြောတယ်​ အခုထိ က​လေးစိတ်​မ​ပျောက်​​သေးဘူး အရပ်​ကလဲပုတုတုနဲ့ တကယ်​့က​လေးပုံစံ"

ရှင်​းသန်​့​ပြောရင်​း ကို့ဟာကိုယ်​ ပြုံးမိသည်​~~~

"နင်​့ကို​ကော သူက​ကြောက်​လားဟ"

"​ကြောက်​တယ်​လို့ထင်​တာပဲ ငါကသူ့​ရှေ့မှာဆို
ပုံမှန်​ထက်​ ပိုပြီး ခပ်​တည်​တည်​​နေတာ"

"မလုပ်​ပါနဲ့ဟယ်​ နင်​ကပုံမှန်​​တောင်​ ခပ်​တည်​တည်​နဲ့
​ကြောက်​ဖို့​ကောင်​းတာ ပိုပြီးတည်​လိုက်​ရင်​ က​လေးလန်​့​နေပါဦးမယ်​ဟ"

လ၀န်​း​ပြောမှ သူသတိရသည်​ တခါတ​လေ
အဲ့​ကောင်​​လေး ပုံစံ​ကြောင်​့ သူရယ်​ချင်​​သော်​လည်​း
မနည်း​ထိန်​းထားခဲ့ရသည်​

လ၀န်​း​သော်​တာ ဆိုသည်​မှာ ရှင်​းသန်​့ရဲ့ တစ်​ဦး
တည်​း​သော သူငယ်​ချင်​း~~~

Butterfly(Completed)Tahanan ng mga kuwento. Tumuklas ngayon