Mr.Xiao

By JustPiece

1.2M 87.3K 4.5K

He loves me so much . This feeling makes my heart 'Badump' ! 『 From 28.12.2019 To 22.4.2020 』 More

01
01 (Unicode)
02
02 (Unicode)
03
03 (Unicode)
04
04 (Unicode)
05
05 (Unicode)
06
06 (Unicode)
07
07 (Unicode)
08
08 (Unicode)
09
09 (Unicode)
10
10 (Unicode)
11
11 (Unicode)
12
13
13 (Unicode)
14
14 (Unicode)
15
15 (Unicode)
16
16 (Unicode)
Side Story I
Side Story I (unicode)
Side Story II
Side Story II (unicode)
17
17 (unicode)
18
18 (unicode)
19
19 (unicode)
Side Story III
Side Story III (unicode)
Side Story IV
Side Story IV (unicode)
20
20 (unicode)
21
21 (unicode)
Side Story V
Side Story V (unicode)
Vday Special Part ♡. x ♡°°°
Vday Special Part ♡. x ♡°°° (unicode)
22
22 (unicode)
23
23 (unicode)
24
24 (unicode)
25
25 (unicode)
26
26 (unicode)
Side Story VI
Side Story VI (unicode)
Side Story VII
Side Story VII (unicode)
27
27 (unicode)
28
28 (unicode)
29
29 (unicode)
30
30 (unicode)
Side Story VIII
Side Story VIII (unicode)
31
31 (unicode)
- FINAL -
- FINAL - (unicode)
- Book Announcement -
- Book Order -

12 (Unicode)

17.7K 1.4K 61
By JustPiece

" ဝါး..ခဗျားက ကိုယ်ပိုင်လေယာဉ်တောင်ရှိတယ်ပေါ့ "

ရိပေါ်မှာ ဆာလာအိတ်ကြီးကိုတောင် ချမထားနိုင်ဘဲ လေယာဉ်ထဲကို နေရာအနှံ့လိုက်ကြည့်နေမိတယ်။ လေယာဉ်ကစီးဖူးတယ်။ ခုကလေယာဉ်ကို မစီးဖူးသလိုပုံစံနဲ့ လိုက်ပတ်ကြည့်နေတာမဟုတ်ဘူး။ ရှောင်းလူကြီးမှာ လေယာဉ်ရှိတာကို မယုံနိုင်သလိုပုံစံမျိုးနဲ့လိုက်ကြည့်နေတာ။ ဒီလူကြီးတအားချမ်းသာတာတော့ သူသိပါတယ်။ ဒါပေမယ့် ဒါကြီးကတော့ များလွန်းတယ်လေ။ ဟုတ်တယ်မလား။

" အိတ်ကြီးချထားပါလားကွာ "

မနေနိုင်တဲ့ရှောင်းကျန့်ကပဲ ရိပေါ်လက်မောင်းကအိတ်ကြီးကိုယူပြီး သူ့ဝန်ထမ်းတစ်ယောက်ကိုပေးလိုက်တယ်။ ကလေးလေးကတော့ ပါးစပ်လေးတဟဟနဲ့ ဟိုဟိုဒီဒီလျှောက်သွားနေတုန်း။

" သူဌေး..ဒါကအခုခရီးစဉ်အတွက် အချိန်စာရင်းပါ "

" အင်း၊ အဲ့ပေါ်ထားထားခဲ့လိုက်၊ ပြီးတော့ အစားအသောက်တွေ လာပို့ခိုင်းလိုက်ဦး၊ အဲ့ဒါတွေပြီးရင်တော့ ဒီအထူးခန်းဘက်ဘယ်သူမှမလာနဲ့တော့၊ ကိုယ်ခေါ်မှလာခဲ့ကြ "

လက်ထောက်ထွက်သွားတာနဲ့ ရှောင်းကျန့်တစ်ယောက် အပေါ်ကုဒ်ကိုချွတ်ပြီး ကလေးနောက်လိုက်ရပြန်တယ်။ ကလေးတစ်ယောက်ကောက်ရပြီး ကလေးထိန်းနေရသလိုအခြေအနေမျိုးဆိုပေမယ့်လည်း ရှောင်းကျန့်ကျေနပ်နေမိတယ်။ အဲ့ကလေးက ရိပေါ်ဖြစ်နေသရွေ့ကတော့ သူကြည်ကြည်ဖြူဖြူနဲ့ကို ထိန်းပေးဦးမှာပဲ။

" ဘေဘီ...ထိုင်ခုံမှာထိုင်တော့၊ လေယာဉ်ထွက်တော့မှာ "

" မိုက်တယ်ခဗျားရာ၊ တအားမိုက်၊ ကျွန်တော်လည်းခဗျားအရွယ်ကျရင် ဒီလိုမျိုးတွေပိုင်ဆိုင်နိုင်အောင် ကြိုးစားရမယ် "

လေယာဉ်ကအခုတစ်စီးအပြင် နောက်နှစ်စီးပါရှိသေးတယ်လို့ပြောလိုက်ရင် ကလေးတစ်ယောက် ဘယ်လောက်များအံ့သြသွားမလဲမသိဘူး။ အခုလည်း လက်မလေးတထောင်ထောင်နဲ့ပြောနေပုံက ရှောင်းကျန့်ကို အူတွေအသည်းတွေယားစေတယ်။ စိတ်ရှိတိုင်းသာလုပ်ပစ်လိုက်လို့ကတော့ ဒီကလေး သူ့မြင်တာနဲ့ထွက်ပြေးတော့မှာ။

" ကိုယ့်အရွယ်ထိစောင့်စရာတောင်မလိုဘူး၊ ဘေဘီ အခုအရွယ်နဲ့တင် ဒါတွေပိုင်အောင်လုပ်နိုင်ပါတယ် ... "

မျက်လုံးကိုစွေပြီးကြည့်လာတဲ့ဘေဘီ.. နှုတ်ခမ်းလေးကလည်း ခပ်ဆူဆူအနေအထား။ ရှောင်းကျန့်ကိုအသေသတ်နေလေသောဘေဘီက စကားရဲ့အဓိပ္ပါယ်ကိုသိရဲ့နဲ့ မသိချင်ယောင်ဆောင်နေသူပဲ။

" ကိုယ့်ကိုသာလက်ထပ်လိုက်မယ်ဆိုရင်ပေါ့... "

" ခဗျားဟာလေ မပြောရဲတာဘာမှမရှိတော့ဘူး၊ မရှက်ဘူးလား "

" မရှက်နိုင်ပါဘူး၊ ဘေဘီ့ကိုကိုယ်ကလိုက်နေရတာလေ၊ ဒါတွေကပြောနေရမှာပေါ့၊ လာ ထိုင်ခုံမှာသွားထိုင်ကြမယ် "

ဘေဘီကသူ့ထက်သာလူကောင်သေးတာ လက်တွေကတော့ သူ့ထက်ကြီးတယ်။ ဒါလည်းရှောင်းကျန့်မမှုပါဘူး။ ကလေးလက်ခပ်ကြီးကြီးလေးကို သူ့လက်နဲ့ဆွဲဆုပ်ကိုင်ပစ်လိုက်တာပဲ။ နုနုအိအိအထိအတွေ့လေးက ကလေးလက်ဖဝါးဆီမှသည် သူ့လက်ဖဝါးဆီသို့ ကူးပြောင်းလာ၏။

ဟုတ်လားတော့မသိပေမယ့် ဒီနေရာမှာ ရှောင်းကျန့် ညစ်ညစ်ပတ်ပတ်ဟာကို သွားတွေးမိသွားတယ်။ လက်sizeကိုကြည့်ပြီး D**k sizeကို ခန့်မှန်းလို့ရတယ်ဆိုလား။ ဒါဆို ကလေးရဲ့ဟာလေးက .. အဟင်း .. ရှောင်းကျန့်အတွေးတွေကို ခပ်မြန်မြန်ပဲရပ်ပစ်လိုက်တယ်။ သူကကလေးထက်အသက်ကြီးသလို အလုပ်အကိုင်အားဖြင့်ရော တခြားအရာတွေကြောင့်ရော သူကသာ ကလေးထက်ပိုတည်ငြိမ်တယ်မလား။ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် သူကအပေါ်ထပ်ကိုရသင့်တယ်။ (အသက်ကြီး)အိုပေမယ့်လည်း သူစွမ်းပါသေးတယ်။ အပေါ်ထပ်မှာမရမကနေမယ့် Sugar Daddyပေါ့။

" ခဗျား ကျွန်တော့်ကိုဘယ်ကနေဘယ်လိုချစ်သွားတာလဲ "

သူ့အရှေ့မှာ ချောကလက်ကိတ်အသေးလေးကို ပါးတလှုပ်လှုပ်နဲ့စားနေတဲ့ကောင်လေးက စိတ်ကူးပေါက်ရင်ပေါက်သလို ထထမေးတတ်တဲ့မေးခွန်းကိုထပ်မေးလာပြန်တယ်။ အဲ့တော့ ရှောင်းကျန့်ကလည်း အရင်အကြိမ်တွေတုန်းကလိုပဲ အတူတူထပ်ဖြေတယ်။

" မပြောနိုင်ပါဘူးနော် "

" ခင်ဗျားကလေ ကျွန်တော်မဆဲဆဲအောင်လုပ်နေတာ၊ ပြောလို့မရဘူးလေ ကျွန်တော့်ကိုခဗျားဘယ်လိုစချစ်လဲဆိုတာ ပြောပြနေတဲ့အချိန် ခင်ဗျားကိုကျွန်တော် ပြန်ချစ်သွားနိုင်တာပဲ "

" အဲ့ဒါတွေမပြောပြလည်း မင်းလေးကိုယ့်ကိုချစ်နေပါပြီ "

" ချစ်တဲ့အဆင့်ထိမရောက်သေးပါဘူးနော် "

ရိပေါ်က ကပြာကယာငြင်းပြီး ရေခဲမုန့်ခွက်ကိုကောက်ကိုင်ပြန်တယ်။ အချိုတွေသိပ်မကြိုက်ဘူး သရေစာတွေမကြိုက်ဘူးလို့ ပြောခဲ့ဖူးတာ ဘယ်ကကောင်လေးများပါလိမ့်။ ဖြူဆင်းနေတဲ့ပါးနုနုလေးကလည်း မွှေးကြူချင်စရာလေး။ နီရဲရဲနှုတ်ခမ်းနှစ်လွှာကလည်း အသက်ရှူမှားချင်စရာ။

အရှေ့တည့်တည့်မှာထားထားပြီး ထိုင်ပစ်မှားနေခွင့်ရတာ ရှောင်းကျန့်အတွက် အကျိုးနည်းကံကောင်းမှုကြီးပဲ။ ဟုတ်ကဲ့..ရိပေါ်မို့လို့ကိုပစ်မှားတာပါ။ တခြားသူတွေအတွက်ဆို အကြည့်သေးသေးလေးတောင် မစွန့်ကြဲဘူး။

တခါတလေ ဒီကလေးလေးကိုချစ်ဖို့အတွက် ရှောင်းကျန့်တည်ရှိနေတာလို့တောင်ထင်မိတယ်။ ဘာမှမက်မောစရာမရှိတဲ့ သူ့ဘဝကြီးထဲ ကလေးရဲ့ဖြစ်တည်မှုကသာ သူ့အတွက်အသက်ဆက်ရှင်ချင်စရာအကြောင်းပြချက်ပဲ။

.............

March 5, 2013 - လှပတဲ့နွေရာသီရဲ့နေ့တစ်နေ့။

ရှောင်းကျန့်မိဘတွေရဲ့နှစ်ပတ်လည်နေ့။ အိမ်မှာဒီနေ့အတွက်ပြင်ဆင်ထားပေမယ့် အမျိုးတွေဆုံတဲ့နေရာမှာဆို ရှောင်းကျန့်မနေနိုင်ဘူး။ လောင်းကစားလုပ်လွန်းပြီး လောဘကြီးလွန်းတဲ့သူ့ဦးလေးက ပါးဆုံးသွားတဲ့အချိန်မှာ ပါး(သူ့အကို)နေရာကို ရနိုင်မယ်လို့မျှော်လင့်ထားတာ။ ဒါပေမယ့် အဖိုးက groupကြီးတစ်ခုလုံးကို သူ့သားအငယ်(ဦးလေး)ဆီမလွှဲပေးဘဲ မြေးဦးဖြစ်တဲ့ရှောင်းကျန့်ဆီကိုပဲ လွှဲပေးခဲ့တယ်။ ကျန်တဲ့မြေးတွေအတွက်တော့ တခြားလုပ်ငန်းတွေကို အညီအမျှခွဲပေးလိုက်ပေမယ့် အကုန်လုံးက ရှောင်းကျန့်ရတဲ့ XZ Groupကိုပဲ လိုချင်နေကြတာ။

အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးလေးနဲ့အဖိုးက ခဏခဏစကားများကြတယ်။ ရှောင်းအိမ်တော်မှာ အဖိုးနဲ့သူပဲနေတာဆိုပေမယ့် ဒီနေ့လိုနေ့မျိုးဆိုရင် လူစုံသွားတတ်ကြတယ်။ လူစုံတိုင်းလည်းဖြစ်ကြတာပဲ။ XZ Groupကို ရှောင်းကျန့်လွှဲယူတာ ၂နှစ်လောက်ရှိပြီဆိုပေမယ့် ဦးလေးကအခုထိဇွဲမလျှော့ဘူး။ ရှောင်းကျန့်သဘောအရဆို အကုန်လုံးကိုထိုးပေးပစ်လိုက်ချင်တာ။ ဒါပေမယ့် အဖိုးခဏခဏပြောတဲ့ 'မင်းအဖေကဒီအလုပ်ကိုအရမ်းလေးစားတာ'ဆိုတဲ့ စကားတစ်ခွန်းကြောင့် သူဒီအချိန်ထိတင်းခံနေခဲ့ရတာ။

၁၈နှစ်နဲ့ လုပ်ငန်းတွေလွှဲပြောင်းယူတုန်းကလည်း အခက်အခဲတွေကြုံခဲ့ရတာအများကြီး။ ရှယ်ယာရှင်တွေက သူ့လိုကလေးသာသာလူငယ်တစ်ယောက်ကို မယုံကြည်နိုင်ကြဘူး။ အဲ့အချိန်တုန်းက ရှယ်ယာတွေထိုးကျသွားသေးတယ်။ သူ့လုပ်နိုင်စွမ်းကိုယုံကြည်တဲ့ ပြည်ပကရင်းနှီးမြှပ်နှံသူတွေကြောင့်သာမဟုတ်ရင် ရှောင်းအိမ်တော်ရဲ့စီးပွားရေးက အဲ့တည်းကပျက်မှာ။ ဒါပေမယ့်လည်း ရှောင်းကျန့် ကြံ့ကြံ့ခိုင်ပြီးပြန်ကာကွယ်နိုင်ခဲ့တယ်။

တစ်ခါတစ်ခါကျတော့လည်း အတွေးတွေကဝင်လာရော။ ငါဘာ့ကြောင့်ဒါတွေကိုလုပ်နေရတာလဲဆိုပြီးတော့။ ရှောင်းကျန့်မှဒါတွေမမက်တာ။ သူဘာလို့များကြိုးစားပမ်းစားနဲ့ အပင်ပန်းခံပြီးလုပ်နေရသေးတာလဲ။ ရှောင်းကျန့် အရမ်းမွန်းကြပ်တယ်။ ဘဝကြီးကိုအဆုံးသတ်ပစ်လိုက်ချင်တဲ့အထိ။ ဒီလိုနေ့မျိုးဆိုပိုဆိုးတယ်။

" သခင်လေး.. ဥက္ကဌကြီး ဖုန်းတွေဆက်နေပါတယ် "

" ခဗျားတို့ပြန်ရင်ပြန်လိုက်၊ ကျွန်တော်ခဏနေမှပြန်လာခဲ့မယ် "

" ရပါတယ်၊ ကျွန်တော်တို့စောင့်နေပေးပါ့မယ် "

" ဒါဆိုကားထဲမှာပဲသွားစောင့်နေပါလား၊ ကျွန်တော်ဒီမှာတစ်ယောက်တည်း နေချင်လို့ "

ပန်းခြံလေးထဲကခုံမှာ ရှောင်းကျန့်ထိုင်နေရင်း ဟိုဟိုဒီဒီမှာရှိနေကြတဲ့ မိသားစုတွေကိုလိုက်ငေးကြည့်နေမိတယ်။ ကလေးလေးတွေ မိစုံဖစုံနဲ့ ကံကောင်းလိုက်ကြတာ။ ချွဲနေတဲ့ကလေးတွေကို သူတို့မိဘတွေကလည်း ချစ်မဝသောအကြည့်ကြီးတွေနဲ့။ ရှောင်းကျန့်ကြည့်နေရင်းနဲ့ငိုချင်လာတာပဲ။

မိသားစုပိုင်ဆိုင်ဖို့အခွင့်အရေး ရှောင်းကျန့်မှာ ဘာလို့များမရှိခဲ့ရတာလဲ။ မားမားရင်ခွင်ထဲ တိုးဝင်ပြီးချွဲနေခွင့်လေးရော.. စက်ဘီးမစီးတတ်တဲ့သားလေးကို စက်ဘီးစီးသေချာသင်ပေးတဲ့ ပါးပါးရဲ့နွေးထွေးမှုကိုရရှိခွင့်လေးရော.. ရှောင်းကျန့်မှာ ဘာဆိုဘာအခွင့်အရေးမှကို မရှိခဲ့ဘူး။ မေ့ပျောက်လုဆဲဆဲဖြစ်နေတဲ့ ပါးနဲ့မားနဲ့မျက်နှာတွေကို ရှောင်းကျန့်မှာ ဓာတ်ပုံတွေအကူအညီတွေနဲ့ မမေ့အောင်မပျောက်ပျက်အောင်ကြိုးစားနေရတယ်။

ပင်ပန်းလိုက်တာ။

" ကိုကို .. ဘာလို့ငိုနေတာလဲ "

ခပ်သြသြအသံလေးကြောင့် ရှောင်းကျန့်မော့ကြည့်မိတော့ အလယ်တန်းကျောင်းဝတ်စုံလေးနဲ့ သူ့ရှေ့မှာရပ်နေတဲ့ကလေးလေး။ ပါးလေးတွေကလည်း ပေါင်းအိုးထဲကအခုမှထုတ်ထားတဲ့ ပေါက်စီလုံးလေးတွေလိုပဲ။ ဖောင်းဖောင်းလုံးလုံးလေး။

" မငိုပါနဲ့.. ငိုတာပင်ပန်းတယ် ကိုကိုရဲ့ "

လက်ဖောင်းဖောင်းလေးတွေက ရှောင်းကျန့်ပါးကိုတို့ထိလာတယ်။ အခုချိန်ထိ ရှောင်းကျန့်ကြောင်အနေတုန်းပဲ။ ငြိမ်သက်နေတဲ့ရှောင်းကျန့်ကို ကလေးလေးက မျက်လုံးပြူးပြူးလေးနဲ့ကြည့်လာတယ်။

" ကိုကို့မျက်လုံးတွေကတအားလှတာပဲ၊ မျက်ရည်တွေနဲ့မလိုက်ဘူးသိလား.. မငိုနဲ့ "

ရှောင်းကျန့်ခေါင်းငြိမ့်လိုက်မိလားတော့မသိဘူး။ ကလေးလေးက ဖြူဖြူစင်စင်လေးပြုံးတယ်။ အပြုံးကလှလွန်းလို့ ရှောင်းကျန့်မှာငေးခနဲပဲ။ ကလေးလေးရဲ့ ခပ်ပျော့ပျော့ဆံနွယ်လေးတွေက ပုခုံးနားမရောက်တရောက်။ ကလေးလေးက တကယ့်ကိုနုနုထွတ်ထွတ်လေး။

" ကိုကိုကလိမ္မာလို့ သားကကဆုချမယ်၊ ဒါလေဟိုနားက 'မခူးရ၊မနှုတ်ရ'လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့နားကနေ ဘယ်သူမှမမြင်တုန်း ဗြုတ်ခနဲဆွဲဖြုတ်လာတာသိလား "

အနီရောင်ကာနေရှင်းပန်းပွင့်တစ်ပွင့်က ကလေးလေးလက်ထဲမှာ ဝံ့ဝံ့ကြွားကြွားလှလှပပ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှောင်းကျန့်ကြိုက်တဲ့ပန်းအမျိုးအစားဖြစ်နေတယ်။

" သိရင်ဆူခံရဦးမယ်ကလေးလေး "

" အယ် အဆူမခံရပါဘူးနော်၊ ဝယ်လာတာလို့ပြောမှာပေါ့ "

လိမ်တာညာတာတွေနဲ့ တားမြစ်ထားတာတွေကိုချိုးဖောက်တာတွေ ရှောင်းကျန့်လုံးဝမကြိုက်ပေမယ့် ကလေးလေးကိုတော့ အပြစ်မြင်လို့မရဖြစ်နေတယ်။ နှုတ်ခမ်းပိစိလေးကထွက်လာတဲ့ စကားလုံးတွေက အရမ်းကိုချစ်ဖို့ကောင်းနေတော့တာ။

" ကိုကို့ကိုပန်ပေးမယ် ခေါင်လေးနည်းနည်းငုံ့ "

ရှောင်းကျန့်အလိုလိုက်စွာနဲ့ပဲ ကလေးလေးမျက်နှာရှေ့ကို ခေါင်းထိုးပေးလိုက်တယ်။ ရိုးတံကိုနည်းနည်းချိုးလိုက်ပြီး နားရွက်ကြားထဲရောက်လာတဲ့ပန်းပွင့်လေးကို ကလေးငယ်ကလှမ်းနမ်းတော့ ရှောင်းကျန့်မှာ အူလည်လည်နဲ့ရင်ထိတ်သွားရသေးတယ်။

" ကိုကိုနဲ့တအားလိုက်တာပဲ၊ လှတယ်ကိုကို "

" ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့မပြောရဘူးလေကလေးလေးရဲ့ "

" ဒါပေမယ့် ကိုကိုကတကယ်လှနေတာလေ "

" မဟုတ်... "

" ဟုတ်ပါတယ်၊ ကိုကိုကတကယ်လှ! "

ပြောလို့မရတော့တာကြောင့် ကလေးလေးဆံပင်တွေကိုလှမ်းဖွရင်းနဲ့ပဲ ရှောင်းကျန့်ရယ်လိုက်မိတယ်။ ဒီကလေးလေးကြောင့် သူစိတ်ညစ်နေတာတွေ တခဏတော့ပျောက်သွားတာပဲ။ လွတ်နေတဲ့သူ့ဘေးနေရာကိုကလေးလေးကဝင်ထိုင်ရင်း ရှောင်းကျန့်ဘက်ကို ကိုယ်လုံးလေးစောင်းမှီထားတယ်။ ငပျင်းလေး။

" အတန်းထဲကမိန်းကလေးတွေလေ တအားစိတ်ပျက်ဖို့ကောင်းတာပဲ၊ သားကိုပဲ မုန့်တွေအတင်းကျွေးနေကြတယ်၊ အဲ့ဒါကြောင့်ထွက်လာတာ၊ ဒီဘက်ရောက်တော့ အလှလေးကိုကို့ကိုတွေ့ရတာပဲ "

" ကျောင်းပျော်ပွဲစားလား၊ ကလေးလေးဘယ်နှနှစ်လဲ "

" 12နှစ်ပါ၊ အလယ်တန်းပထမနှစ်ပဲရှိသေးတယ် "

သူနဲ့၈နှစ်တောင်ကွာတဲ့ကလေးလေးက စကားပြောနေတာလူကြီးလေးလိုပဲ။ ကလေးလေးနဲ့စကားပြောနေရင်းနဲ့ နားကြားထဲကပန်းပွင့်ကို ဖြုတ်ပစ်လိုက်ဖို့ ရှောင်းကျန့်မေ့နေခဲ့တယ်။ တောင်စဉ်ရာရောက်လျှောက်ပြောနေတဲ့ ကလေးလေးစကားတွေကို သူကလည်းသေချာနားထောင်ရင်း ခေါင်းတညိတ်ညိတ်။

" အယ် ကိုကိုရေ၊ သားထွက်လာတာ တော်တော်ကြာနေပြီ၊ သွားတော့မယ် .. အာ.. မေ့တော့မလို့ ခဏလေး... "

လက်ကလေးယပ်လို့အနားကိုခေါ်တော့ ရှောင်းကျန့်ဘုမသိဘမသိနဲ့တိုးသွားလိုက်တယ်။ ရှောင်းကျန့်အတွက် တစ်သက်လုံးစာတန်ဖိုးထားရတော့မယ် ဖြူဖြူစင်စင်အချစ်တစ်ခု အဲ့အချိန်မှာအစပျိုးလာတော့တာပဲ။

၁၂နှစ်အရွယ် ကလေးလေးဆီကရတဲ့ ပါးပေါ်ကအနမ်းနွေးနွေးက အသက်၂၀ရှောင်းကျန့်ကို ရင်ခုန်စေတယ်။ အချစ်ကိုကလေးကြောင့်သိရတယ်။ လေတွေတိုက်ခတ်နေတဲ့နွေရာသီရဲ့နေ့လည်ခင်းမှာ ရှောင်းကျန့် ကောင်လေးတစ်ယောက်ကိုချစ်မိသွားတယ်။

" ပါးပါးကတော့ သားနမ်းပေးလိုက်ရင် ပျော်သွားတာပဲ၊ ကိုကို့ကိုလည်းပျော်စေချင်လို့ နမ်းပေးတာ၊ မငိုနဲ့တော့နော်.. သားသွားပြီ၊ တာ့တာ... "

လုံးလုံးလုံးလုံးနဲ့ပြေးသွားတဲ့ ကလေးလေးက ရှောင်းကျန့်ရဲ့အချစ်ဦးလေး။ ရင်ဘတ်က name tagလေးက ဝမ်ရိပေါ်တဲ့။ အဲ့အချိန်တည်းက ရှောင်းကျန့် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချခဲ့တာပဲ။

ရှောင်းကျန့်အတွက်လက်တွဲဖော်က ရိပေါ်လေးပဲဖြစ်ရမယ်။ အဲ့လိုပဲ ရိပေါ်လေးရဲ့လက်တွဲဖော်ကလည်း ရှောင်းကျန့်ပဲဖြစ်ရမယ်။

...........

အနမ်းတစ်ပွင့်ကြောင့် ရှောင်းကျန့်မှာ ခွန်အားတွေအပြည့်။ ဘဝကိုစိတ်ကုန်လာတဲ့သူက ကလေးလေးကြောင့်ပဲ ဘဝကိုအခုထက်ပိုပြီး သေချာတည်ဆောက်ချင်လာတယ်။

ဝမ်ရိပေါ်နာမည်နဲ့ ပတ်သက်တာမှန်သမျှ အကုန်စုံစမ်းတယ်။ Wang Groupရဲ့ တစ်ဦးတည်းသောသားလေးဆိုတာ သိပြီးနောက်ပိုင်း သူနဲ့ပူးပေါင်းဖို့ကမ်းလှမ်းထားတဲ့ Wang Groupရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံပစ်လိုက်တယ်။ သူဌေးဝမ်နဲ့ဆက်ဆံရေးတိုးတက်အောင်လုပ်တယ်။

သူ့အနေနဲ့ အချစ်ရေးကိစ္စတွေ ဘာတွေညာတွေနဲ့ ကလေးလေးကို စိတ်မကျဉ်းကျပ်စေချင်တာကြောင့် အဝေးကနေပဲအရိပ်တကြည့်ကြည့်နေခဲ့တယ်။ ဒီကြားထဲကလေးလေးလိုအပ်တာမှန်သမျှကိုလည်း အကုန်ဖြည့်ဆည်းပေးဖြစ်သေးတယ်။

ဥပမာ-ဂိမ်းဆော့လို့အကြွေတွေကုန်သွားတဲ့အချိန် မဲပေါက်သလိုမျိုးနဲ့ အကြွေတွေဒလဟောပေးပစ်လိုက်တာမျိုး။ ဘတ်စကတ်ဘောကစားချင်လွန်းတဲ့ရိပေါ်လေးကြောင့် ကျောင်းမှာ အားကစားကွင်းကြီးဖန်တီးပစ်ပေးလိုက်တာမျိုး။ လမ်းကြားလေးထဲမှာ ကျောင်းအသားအချင်းချင်းရန်ဖြစ်ပြီး အထိုးခံရမလိုဖြစ်နေတဲ့ ကလေးလေးရဲ့ရှေ့မှာ သူ့ကိုယ်ရံတော်ခေါင်းဆောင်ကို မားမားမတ်မတ်ရပ်တည်ပစ်စေလိုက်တာမျိုး။

ဘာပဲဖြစ်ဖြစ် သူ့ကလေးပျော်နေရင် ရှောင်းကျန့်အတွက်အဆင်ပြေတယ်။

အခုတော့ ကလေးလေးက တက္ကသိုလ်လည်းရောက်ပြီ။ လူလားလည်းမြောက်ပြီ။ ရုပ်လုံးလည်းပိုကြွလာပြီ။ ပိုလည်းချောလာတာဆိုတော့ ရှောင်းကျန့်စိတ်မချနိုင်တော့တာကြောင့် ပေါ်တင်ထွက်ပြဖြစ်ခဲ့တာ။ အခုတော့ ပေါ်တင်လိုက်နေတယ်ပေါ့။

အရှေ့ကကလေးကိုကြည့်လိုက်တော့ အိပ်ပျော်ပြီးဟောက်သံလေးတွေတောင် ထွက်နေပြီ။ ရှောင်းကျန့် ခုံပြောင်းထိုင်လိုက်ပြီး ကလေးလက်ထဲက မုန့်တွေကို ရှေ့စားပွဲပေါ်တင်လိုက်တယ်။ အိပ်တာအဆင်ပြေအောင်လို့ ခုံကိုကုတင်ပုံစံပြောင်းလိုက်ပြီး သူပါကလေးဘေးဝင်လှဲလိုက်တယ်။

ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ကလေးကြောင့် ရှောင်းကျန့်မှာသဘောတကျပဲ။ အလိုက်သင့်လေးနေပေးလို့ ကိုယ်လုံးသေးသေးလေးကို ပြန်သိုင်းဖက်ထားလိုက်တယ်။

6နှစ်ကျော်ချစ်လာရတဲ့ အချစ်ကလေးက အခုတော့သူ့ရင်ခွင်ထဲမှာ။ ရှောင်းကျန့် ဒီပီတိကိုဘာနဲ့မှမလဲနိုင်ဘူး။ ဆံပင်လေးတွေကိုပွတ်သပ်လို့ နားထင်စပ်ကို ခပ်ဖွဖွနမ်းမိတယ်။

နွေရာသီတုန်းက ကိုယ့်ရင်ဘတ်ထဲရောက်လာတဲ့ကလေးလေး အိပ်မက်လှလှမက်ပါစေ.....။

.......................

🦊 yo~yo ! This part is very long...long....long.....!

20200114/Tue

Continue Reading

You'll Also Like

1.3M 53.2K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
112K 2.8K 33
Jaden And Michelle met a long time ago when they were six, they used to live next to each other and over the time became best friends. Michelle and...
1M 39.4K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...