(Baby Don't Cry)

By AeriYeon_DiKa_8812

41.8K 2.4K 95

Fb မှာတင်​ဖူးတဲ့ fic​လေးပါ Rape ​လေး​တွေပါတာ​ကြောင့်​ဆုံးဖြတ်​ပီးမှဖတ်​ပါ။ More

1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23 (Final)

13

1.4K 105 0
By AeriYeon_DiKa_8812

"Yeollie,  Kyunggie.. "

လူမ​ရောက်​ခင်​အသံကအရင်​​ရောက်​လာသည့်​ ​ဆောင်းဟာနာ။
ဟာနာ ဖိနပ်​ကြိုး​ဖြေရင်း အိမ်​ထဲကိုလှမ်းကြည့်​လိုက်​တယ်​။

ဟာနာ

"ဟင်​..တစ်​​ယောက်​မှလဲမရှိဘူး"

ပြောပီးအိမ်​ထဲဝင်​လိုက်​တယ်​။ မျက်​လုံး​တွေက​ဝေ့ဝဲရှာရင်း

"မမ​လေးကျွန်​မတို့ဘာပြင်​​ပေးရမလဲ?
ဘာ​သောက်​မလဲ?"

ဘေးမှာလာရပ်​ပီး​မေး​နေတဲ့အိမ်​အကူ​တွေကိုမတူမတန်​သလိုတစ်​ချက်​ကြည့်​လိုက်​ပီး

ဟာနာ

"ရတယ်​..အဆင်​​ပြေ မယ့်​ မုန့်​တစ်​ခုခုနဲ့​ကော်​ဖီဘဲပြင်​​ပေး။"

"Nae!"

အိမ်​အကူအချို့ထွက်​သွားပီး​တော့ဟာနာကျန်​ရှိ​နေ​သေးတဲ့အိမ်​အကူ​တွေကိုကြည့်​လိုက်​ပီး

ဟာနာ

"Yeollie ​ရော.."

"အ​ပေါ်ထပ်​မှာပါ မမ​လေး"

ဟာနာ

"ငါ​ရောက်​​နေတယ်​လို့​သွား​ပြော​ပေး"

"Nae !"

ကောင်​မ​လေးနှစ်​​ယောက်​တက်​သွားပီး​တော့ ဟာနာ ကျန်​တဲ့ ​ကောင်​မ​လေး​တွေကိုကြည့်​ပီး

ဟာနာ

"Kyunggie က​ရော.."

"Training ရှိပါတယ်​ရှင့်​"

ဟာနာ

"အာ..ဟုတ်​သား"

ပြောပီးဆံပင်​အလိပ်​​လေး​တွေကိုဖွ​နေလိုက်​တယ်

ထိုစဉ်

"ဒီမှာ သုံး​ဆောင်​လို့ရပါပြီရှင့်​"

အိမ်​အကူမ​လေး​တွေ စားပွဲ​ပေါ်မုန့်​နဲ့​ကော်​ဖီလာချ​ပေးတယ်

ဟာနာခုထိမထိုင်​ရ​သေး။
ထိုင်​အုံးမှာလဲမဟုတ်​။

အ​ပေါ်ထပ်​ကိုသာ​ငေးကာ​ငေးကာဖြစ်​​နေသည်​။

အ​ပေါ်ထပ်​ကိုကြည့်​ရင်း ​ကော်​ဖီ ခွက်​ကိုလှမ်းယူလိုက်​တယ်​။

ကော်​ဖီခွက်​​အောက်​ကပန်းကန်​ခံပီးမကိုင်​သဖြင့်​ ရုတ်​တရက်​ လက်​ပူသွားတယ်​။

ဟာနာ
"အား..ပူတယ်​။"

အော်​ပီး ​ကော်​ဖီခွက်​နဲ့ပန်းကန်​ကိုလွှတ်​ချလိုက်​မိတယ်

"ခွမ်း.."

"အား...Omma.."

ကော်​ဖီခွက်​မှာကျကွဲသွားပီးသူမ​ခြေ​တောက်​ကိုအပူ​လောင်​ကုန်​သည်​။

💔
💔
💔

Baekhyun အပြင်​မှာ ပန်း​တွေ​ရေ​လောင်းပီး​တော့အိမ်​ထဲပြန်​ဝင်​လာတယ်​။

ဒါသူ့အလုပ်​မဟုတ်​​ပေမယ့်​လို့လဲ ပန်း​တွေကိုပြုစုရတာဝါသနာပါသူမို့ သူ့ကိုမခိုင်းလဲလုပ်​တယ်​​လေ။

အိမ်​ ထဲဝင်​ဝင်​ချင်း

"ခွမ်း.."

"အား..Omma.."

အော်​သံ​ကြောင့်​​ပြေးဝင်​လိုက်​​တော့ သူသိပ်​ကြည့်​မရပါဘူးဆိုတဲ့ ဟာနာ​လေ..

ကော်​ဖီ​တွေနဲ့အပူ​လောင်​ပီးနာကျင်​စွာ​အော်​ငို​နေတယ်​။

ဘေးကအိမ်​အကူမ​လေး​တွေလဲဘာလုပ်​လို့လုပ်​ရမှန်းမသိဖြစ်​​နေကြ​တော့

"ဟာနာ"

ကျ​နော်​ ​အော်​ပီးသူမ​ဘေး​ပြေးသွားလိုက်​တယ်​။

ကျ​နော်​ ဘယ်​​လောက်​ပဲမုန်းမုန်း ကျ​နော့်​ရှေ့မှာဒီလိုဖြစ်​​နေတာကို​တော့သနားတယ်​​လေ။
ကြည့်​မ​နေနိုင်

Baekhyun

"ဟာနာ အဆင်​​ပြေ ရဲ့လား?"

ဟာနာ

"ဟအင်း "

မျက်​ရည်​ ​လေး​တွေနဲ့​ခေါင်းခါပြ​တော့ ကျ​နော်​ ​တော်​​တော်​သနားသွားမိတယ်​။

ကျ​နော်​ လဲဘာလုပ်​လို့လုပ်​ရမှန်းမသိဖြစ်​သွားတယ်​။§

Baekhyun

"​ဆေး ​ဆေးသွားယူ"

ဘေးကအိမ်​အကူ​တွေကိုသတိ​ပေးလိုက်​မှသူတို့က အသိဝင်​လာသလို​ခေါင်းကို အဆက်​မပြတ်​ငြိမ့်​ပြပီး ​ပြေးလွှားကုန်​တယ်​။

ထိုစဉ်

"ဘာဖြစ်​ကြတာလဲ?"

ကျ​နော်​ နဲ့ရင်းနှီးပီးသားအသံတစ်​ခုကကျ​နော့်​​နောက်​​ကျောမှထွက်​​ပေါ်လာတယ်​။

လှည့်​ကြည့်​လိုက်​​တော့ ​လှေကား ​အောက်​ဆုံးထစ်​ က​နေလှမ်းကြည့်​​နေတဲ့ ကျ​နော့်ရဲ့တစ်​ချိန်​က ချစ်​သူ။

Chanyeol

"​ပြော​လေ..ဘာဖြစ်​ကြတာလဲလို့"

ဟာနာ

"အဟင့်​..yeollie.. "

ချက်​ချင်ူပြို​တော့မယ့်​မိုးလိုဖြစ်​သွားတဲ့ဟာနာ့မျက်​နှာကိုကြည့်​ပီး Chanyeol အနည်းငယ်​​တော့စိတ်​ပူသွားသလိုပါဘဲ။

ကျ​နော်​ တို့ရှိရာ ​ခြေလှမ်းကျဲ​တွေနဲ့​လျှောက်​လာတယ်​။

Chanyeol

"ဘာဖြစ်​ကြတာလဲ? "

ပြောပီး​ခွေလဲ​နေတဲ့ဟာနာကိုဆွဲထူလိုက်​​တော့ ဟာနာလဲမတ်​တပ်​ဖြစ်​သွားပီး ကျ​နော်​ လဲလိုက်​ထလိုက်​တယ်​။

ဘယ်​​လောက်​ပဲ ဒီမိန်းက​လေးကိုသနား​နေပါ​စေ။

ကိုယ့်​​ရှေ့မှာကိုယ်​ချစ်​တဲ့သူရဲ့ ဂရုစိုက်​ မှုရ​နေတာ​တော့ စိတ်​ထဲခံပြင်းမိတယ်​။

ဟာနာ က chanyeol ကိုမရဲတစ်​ရဲ​မော့ကြည့်​ပီး

"Yeollie na ..
Baekhyun ငါ့ကို ​ကော်​ဖီနဲ့ပက်​ပီး ခွက်​ပါ ချခွဲတာ"

ကျ​နော်​ ကြားလိုက်​ရတဲ့စကားကို ရုတ်​တရက်​နားမလည်​။

သူမဘာ​ပြောလိုက်​တာလဲ?

ကျ​နော်​ သာနားမလည်​​သေးတာ chanyeolက ကျ​နော့်ကိုမီး​တောက်​မတက်​မျက်​ဝန်း​တွေနဲ့ကြည့်​​နေ​လေရဲ့။

ဟာနာ

"အရမ်းနာတယ်​ အပူ​ပါ​လောင်​သွားတာ"

ချက်​ချင်း ကို ကျ​နော်​ သူမကိုရွံရှာပီးလန့်​သွားမိတယ်​။
အခုနကသနားတဲ့စိတ်​ကဘယ်​ဆီ​ရောက်​သွားမှန်းမသိ။

သူမနဲ့စ​တွေ့ကာစကလဲ kyungsooကိစ္စနဲ့သူမ ကျ​နော့်ကို ​ချောက်​ချခဲ့ဖူးတယ်​။

အမှတ်​မရှိသည့်​ကျ​နော်​ကသူမကိုကူညီ​ပေးချင်​မိပြန်​တယ်​။

ယခု ကျ​နော်​ သည်​ ကျားအ​ရှေ့​မှောက်​ယက်​လဲ​နေ​လေပီ။

ဟာနာကို အိမ်​အကူ​တွေကိုတွဲ​စေပီးကျ​နော့်​​ရှေ့လာရပ်​တဲ့သူ။

ကျ​နော့်ကိုမုန်းတီးစွာစိုက်​ကြည့်​​နေတဲ့သူ။

Chanyeol

"မင်းဘာ​ကြောင့်လုပ်​တာလဲငါသိတယ်​။"

ကျ​နော်​ သူ့ကို​မော့ကြည့်​လိုက်​သည်​။
သူကဘာကိုသိတာလဲ?

Chanyeol

"ငါတို့ dating​ကြောင့်​မင်းလုပ်​တယ်​ဆိုတာ"

စွပ်​စွဲရက်​လိုက်​တာ Chanyeolရယ်​..
ငါ ခံစားရတာမှန်​​ပေမယ့်​ အားနွဲ့တဲ့မိန်းက​လေးကိုအနာတရဖြစ်​​အောင်​လုပ်​ပီးမင်းကိုလုမှာ​တော့ မဟုတ်​ပါဘူး

Chanyeol

"သိလား..?
မင်းသိပ်​​အောက်​တန်းကျတယ်​။"

ဟင်!!!
ဒါဆို မင်း​ဘေးက မင်းလက်​ထပ်​မယ့်​ မိန်းက​လေး က​ရော..

ကျ​နော်​ သူ့ကို​မော့ကြည့်​​နေခိုက်​သူ့လက်​တစ်​​ဖက်​အ​ပေါ်​မြှောက်​တက်​သွားသည်​။

ပီး​တော့ ကျ​နော့်ပါးကိုအားပြင်းပြင်းနဲ့လွှဲရိုက်​လိုက်​သည်​။

"ဖျန်း..."

ကျ​နော်​ ​ကြောင်​အ သွားပီး ​ကြွေခင်း​ပေါ်လဲကျသွားသည်​။

လက်​​ထောက်​မိသွားတာက ​ကော်​ဖီပန်းကန်​နဲ့​ကော်​ဖီခွက်​ရဲ့အကွဲအစ​တွေ..

နာတယ်​..
ရင်​ထဲကလား?
ပါးကလား?
လက်​ကလား?

မသဲကွဲ​ပေမယ့်​နာတာ​သေချာတယ်​။

ကျ​နော်​ သူနဲ့ဟာနာကို​မော့ကြည့်​လိုက်​တယ်​။

သူက​အေးစက်​စွာငုံ့ကြည့်​​နေပီးဟာနာက မဲ့ပြုံးပြုံး ပြ​နေတယ်​။

မုန်းတယ်​..
သူ့ကိုလား?
ဟာနာကိုလား?

မ​သေချာ​ပေမယ့်
မုန်းတာ​သေချာတယ်​။

ကျ​နော်​ သူတို့ ကိုမကြည့်​ချင်​​တော့ဘူး။

ကျ​နော်​ ထပီး​ပြေးထွက်​လာမိတယ်​။

Chanyeol..
ငါမင်းကို မမုန်းချင်​ဘူးကွာ..

အခု​လော​လောဆယ်​ ​တော့ မင်းကို ​ကျောခိုင်းခွင့်​​ပေးပါ​နော်​။

ငါအရမ်းပင်​ပန်း​နေလို့။

💔
💔
💔
💔
💔
💔
💔

"Hyung ကျ​နော်​ သည်းမခံနိုင်​​တော့ဘူး"

Baekhyun လက်​ကို Luhan ပတ်​တီးစည်း​ပေး​နေတာကြည့်​ရင်း Kai လက်​သီးဆုပ်​ ကာ​ပြောမိသည်​။

Kai

"ဟာနာဆိုတဲ့​ကောင်​မ ကျ​နော့်ကိုပြစမ်းပါ။
ကျ​​ကျ​နော်​ ကားနဲ့တိုက်​သတ်​ပစ်​မယ်​။"

Luhan

"ဟာ..Kai မလုပ်​ရဘူး​လေ"

Kai

"ကျစ်​..Hyungကဘာလို့ဘာမှပြန်​မလုပ်​တာလဲ​ဗျာ"

Baekhyun

"မိန်းက​လေးနဲ့ပြိုင်​မငြင်းချင်​ဘူး​လေ Kaiရယ်​"

Kai

"ဒါဆို ကျ​နော်​ Kyungsooကို ပြန်​နှိပ်​စက်​ရမယ်​ထင်​တယ်​"

Sehun

"Arrnyyi Kai ဒီကိစ္စ က အဲ့​ကောင်​​လေးနဲ့မဆိုင်​ဘူး​လေ။"

Kai

"မင်းဘာဖြစ်​​နေတာလဲ Sehun
အခုတ​လော ငါအဲ့​ကောင်​​လေးကိုထိရင်​မင်းအမြဲကာကွယ်​​ပေး​နေတာ မဟုတ်​မှလွဲ​ရော မင်းကြိုက်​​နေတာ Luhan Hyung မဟုတ်​ဘဲ Kyungsooလား?"

Kaiစကား​ကြောင့်​Sehun​ဒေါသထွက်​သွားသည်​။
သူ Luhan Hyung ကိုဘယ်​​လောက်​ချစ်​လဲမသိလို့ Kai ဒီစကားကို​ပြောထွက်​တာလား?

Sehun

"မင်း.."

Kai

"ဟက့်​..မှန်​​နေတာဘဲ..."

Sehun ဝုန်းခနဲထရပ်​​တော့ Luhanက Sehun လက်​ကို​စောင့်​ဆွဲလိုက်​တယ်​။

Luhan

"ငြိမ်​ငြိမ်​​နေစမ်း။
Sehunnie..
Kai Hyung​ပြောပြမယ်​။
Kyungsooကအပြစ်​မရှိဘူး။"

Kai

"Hyungတို့အကုန်​ တူတူပဲ ။
Kyungsooဘက်​ကဘဲကာကွယ်​​နေကြတာ။
တော်​ပီ ဘာမှမ​ပြောချင်​​တော့ဘူး"

Kaiထရပ်​လိုက်​ပီး

"ဝုန်း.."

ခုံတစ်​လုံးကိုကန်​ကာအပြင်​ထွက်​သွားသည်​။

Sehun , Luhan နဲ့ Baekhyun က​တော့ စိတ်​ပိုညစ်​ယုံမှအခြား..

💔
💔
💔
💔
💔
💔
💔

ဟာနာကို​ဆေးခန်းသွားပို့​ပေးပီး အိမ်​ပါပြန်​ပို့​ပေးလိုက်​သည်​။

သူ့စိတ်​​တွေ​လေး​နေသည်​။
သူရိုက်​လိုက်​တာလွန်​သွားလားဆိုပီး ​နောင်​တရ​နေသည်​။

"ဘာဖြစ်​လဲ ကွာ..သူ​တောင်​​ယောကျာ်းဖြစ်​ပီး မိန်းက​လေးတစ်​​ယောက်​အ​ပေါ်လက်​ပါ​သေးတာဘဲ"

ပြောပီး​ရေခဲ​သေတ္တာထဲက​ရေတစ်​​ဗူးထုတ်​​သောက်​လိုက်​သည်​။

ထိုစဉ်​သူ့အနားမဝံ့မရဲချဉ်းကပ်​လာ​သော အိမ်​အကူမ​လေး။

Chanyeolကြည့်​လိုက်​ပီး

"ငါ့ကို​ပြောစရာရှိလို့လား"

"ဟုတ်​ကဲ့ သခင်​​လေး စိတ်​မဆိုးရင်​ ကျွန်​မ​ပြောချင်​ပါတယ်​။"

Chanyeol

"​ပြော​လေ."

"တကယ်​​တော့ ​နေ့လည်​က မမ​လေး ဟာနာကို သခင်​​လေး Baekhyun ဘာမှမလုပ်​ဘူး"

Chanyeol

"ဘာ.."

အံ့သြလွန်းလို့လက်​ထဲက​ရေဗူး​တောင်​လွတ်​ကျသွားသည်​။

အိမ်​အကူမ​လေးက​တော့လန့်​သွားဟန်

"Nae. ! Nae!
မမ​လေးဟာနာကသူ့ဘာသူ​ကော်​ဖီခွက်​လွတ်​ကျတာ။
သခင်​​လေး Baekhyunကဘာမှ​တောင်​မသိဘူး။

အပြင်​ကပြန်​ဝင်​လာပီး မမ​လေး ဟာနာ အနား​ပြေးသွားတာ။

ဘာဖြစ်​တာလဲ​မေးပီး ​ဆေးသွားယူဖို့လဲကျွန်​မတို့ကို သခင်​လေးကဘဲသတိ​ပေးတာ။"

Chanyeol

"အဲ့ဒါကို..အဲ့ဒါကို.."

Chanyeol ယူကြုံးမရဖြစ်​သွားသည်​။
ကျ​နော်​ အရမ်းမှားသွားပြန်​ပီမလား?

Chanyeol

"Shit..
အဲ့ဒါ ကိုဘာလို့ခုမှ​ပြောတာလဲ?"

"မမ​လေးဟာနာကို​ကြောက်​လို့"

Chanyeol

"ဟာနာကမင်းတို့မိ​ထွေးမို့လို့လား?
Baekhyun..."

ကျ​နော်​ ​တော်​​တော်​ စိတ်​ထိခိုက်​သွားသည်​။

ကျ​နော်​ ကသူ့ကိုပါး​တောင်​ရိုက်​ခဲ့တာ...

ကျ​နော်​ ကသူ့ကို ရက်​ရက်​စက်​စက်​.. ....

Park Chanyeol...

Fuck..

💔
💔
💔
💔
💔
💔
💔
💔

ဒီ​နေ့ training ​စော ဆင်းလို့ Kaiကို​စော​စောလာဖို့ message ပို့ထား​သော်​လည်​အ​ကြောင်းပြန်​မလာ။

ဖုန်းဆက်​​တော့လဲမကိုင်​။

ထားပါ​လေ..
သူအိပ်​​ပျော်​​နေလားမှမသိတာ။

Kyungsoo​တွေးပီးထိုင်​​စောင့်​​နေလိုက်​သည်​။

မနက်​က Kai တိုက်​ခန်းကသာ entertainment ကိုလာရသည်​။

Hyungနဲ့စိမ်းသွားသလိုခံစားရ​တော့ဝမ်းနည်းမိပြန်​သည်​။

Kaiကလဲ ညက ဘဲ ပထမဆုံး ကိုအရယူထားပီးခုကြပစ်​ထားပြန်​သည်​။

မျက်​ဝန်းဝိုင်းတို့မှာ မျက်​ရည်​ စ ​တွေအလိုလိုရစ်​သီလာရသည်​။

ရင်​ဘတ်​ထဲကနာလာတာကိုလက်​သီးဆုပ်​ပီး​ဖြေရင်း မျက်​​တောင်​တို​ကိုပုတ်​ခတ်​ ပုတ်​ခတ်​ လုပ်​လိုက်​သည်​။

ငို​နေတာလူသိလို့မဖြစ်​။

Manly မှန်းလူသိ​စေရမယ်​​လေ။

💔
💔
💔
💔

Baekhyun SM entertainment ​ရှေ့ကားရပ်​ပီး Kyungsooကိုရှာလိုက်​သည်​။

Kaiပစ်​ထားခဲ့မယ်​မှန်းကြိုသိ​နေလို့ လာရှာတာ။

ဟုတ်​​နေတာဘဲ။

က​လေးခမျာ တစ်​ယောက်​ထဲထိုင်​​နေတယ်​။

ခပ်​လှမ်းလှမ်းမှာ​တော့ Kyungsooကိုဓာတ်​ပုံရိုက်​​နေတဲ့မိန်းက​လေးအချို့ကို​တွေ့ရသည်​။

Baekhyun ပြုံးရင်းကား​ပေါ်ကဆင်းပီး Kyungsooဆီသွားလိုက်​သည်​။

Kyungsoo

"ဟင်​...
Baekhyun.."

Baekhyunပြုံးပြရင်း

"အင်း..Kaiက မအားလို့ ငါလာကြိုတာ။"

မုသားဆိုလိုက်​ရပြန်​ပီ။

Kyungsoo

"ထင်​သား..
သူငါ့ကိုအ​ကြောင်းမဲ့မပစ်​ထားဘူးဆိုတာ။"

ပြောပီး​ပျော်​​နေတဲ့ထို​ကောင်​​လေးကိုကြည့်​ရင်းသနားမိသည်​။

Kim Kai မင်း ​တော့လား?

Baekhyun

"သွားရ​အောင်​​လေ.."

ပြောပီး သူ့ပုခုံးကိုဖတ်​လိုက်​​တော့ ကျ​နော့်လက်​ကိုကြည့်​ပီး

Kyungsoo

"လက်​ကဘာဖြစ်​တာလဲ?"

ဖြေရခက်​တာသူ​မေးပီ​လေ..

Baekhyun

"Arr..ငုတ်​ထိုးမိတာ။"

Kyungsoo

"ဂရုစိုက်​ မှ​ပေါ့ မင်းကလဲ?
က​လေးလဲမဟုတ်​ဖဲ"

သူ​ပြော​တော့ကျ​နော်​ရယ်​မိသည်​။

ဒီ​လောက်​ရုပ်​​ရော အ​ပြော​ရော ချစ်​ဖို​​ကောင်းတဲ့​ကောင်​​လေးကို Kai ဘယ်​လို​တောင်​ရက်​စက်​​နေတာလဲ?

"Kyungsoo na..ဒါဘယ်​သူလဲ?"

"သူငယ်​ချင်း ဘဲလား?"

"အရမ်း​ချောတာဘဲ training အသစ်​လား?"

မေးခွန်း​တွေနဲ့အတူ အနားစုအုံလာတဲ့မဒီပျိုတစ်​သိုက်​။

Kyungsooကကျ​နော့်​ကိုကြည့်​ပီးမျက်​စ​လေးပစ်​ပြ​လေရဲ့။

ပီး​တော့ မိန်းက​လေး ​တွေကိုပြန်​ကြည့်​ပီး

Kyungsoo

"ဒါ ကျ​နော့်အကို Park Baekhyun ​ဗျာ့"

"Wow..."

"So .cute.."

ကောင်​မ​လေး​တွေရဲ့အသံ​တွေကျ​နော့်​နားထဲမဝင်​​တော့ဘဲ Kyungsoo​ပြောလိုက်​တဲ့ Park Baekhyun ဆိုတာ​လေးသာနားထဲထပ်​​နေသည်​။

"အမွှာ​တွေလား.."

"ချစ်​စရာ​လေး​တွေ"

ပြောပီးဓာတ်​ပုံ​တွေရိုက်​​နေကြသည့်​ ​ကောင်​မ​လေး​​တွေကို Kyungsooပြုံးပြရငိး

Kyungsoo

"Nae nae အမွှာ​တွေ မဟုတ်​ပါဘူး ​ဗျာ့"

ကျ​နော်​ လဲ သူ့ fan​တွေကိုပြူံးပြရင်း Kyungsooနဲ့တူတူ ပိုစ့်​ ​ပေးရိုက်​ပီး ​နောက်​ဆုံးမှ ကားထဲဝင်​ခဲ့ကြသည်​။

သေချာပါတယ်​..

မနက်​ဖြန်

Instergram ​တွေ Twitter ​တွေ Face Book ​တွေ စတဲ့ လူမှုကွန်​ရက်​​တွေမှာ

ကျ​နော်​ နဲ့ Kyungsooရဲ့ ပုံ​လေး​တွေ ပျံ့နှံ့​နေ​တော့မယ်​ဆိုတာ...

Chanyeol​ကြောင့်​ရတဲ့အနာတရ​တွေက Kyungsooနဲ့ဖြူစင်​တဲ့ သံ​ယောဇဉ်​ကြားမှာ အနည်းငယ်​သက်​သာလာပါရဲ့

Kyungsoo သာ ကျ​နော့်ညီ​လေး အရင်း ဆိုရင်​​ကောင်းမယ်​။

💔
💔
💔
💔
💔
💔

အိမ်​ထဲကိုစကားတစ်​​ပြော​ပြောနဲ့ရယ်​​မောပီးဝင်​လာတဲ့က​လေးနှစ်​​ယောက်​ က ကျ​နော့်ကိုမြင်​​တော့ သရဲဘီလူး​တွေ့လိုက်​ရသလို့ ချက်​ချင်း မျက်နှာငယ်​ပီးတိတ်​သွားကြကုန်​သည်​။

ကျ​နော်​ လဲဘာ​ပြောရမလဲမသိ။

Baekhyunကိုက အားနာပီး သနားတယ်​။

Kyungsooကိုကပြန်​​ခေါ်ချင်​တယ်​။

သို့​သော်​ကျ​နော်​စဉ်းစား​​နေစဉ်​ သူတို့ နှစ်​​ယောက်​ကအ​ပေါ်ထပ်​တက်​သွားပီ။

Baekhyunကစပီး​ပြေးတက်​သွားတဲ့ပုံဘဲ။
Kyungsooက အ​နောက်​က​ပြေး လိုက်​ရိုက်​ရင်း​တက်​သွားသည်​။

ကျ​နော်​ ပြုံးမိသွားသည်​။

ကျ​နော်​ ချစ်​ရတဲ့သူနှစ်​​ယောက်​ရဲ့​ပျော်​ရွှင်​မှုကိုကျ​နော်​မ​တွေ့ရတာကြာပီ​လေ။

ဟအင်း..
အဲ့​ပျော်​ရွှင်​မှု​တွေကျ​နော်​ဘဲ​ဖျောက်​ပစ်​တာ..

မဟုတ်​ဘူး..
သူတို့ ကမှားတာ..

သူတို့ နှစ်​​ယောက်​​ပေါင်းတာ​တော့ ကျ​နော်​ မ​ပြော​တော့။

မ​ပြောရဲတာဆိုပိုမှန်​မယ်​။

Baekhyun မင်း Kyungsooနဲ့ မပက်​သက်​နဲ့​ပြောရင်း
Baekhyun ကပြန်​​ပြောလိမ့်​မယ်​။

မင်းညီကငါ့ကိုမကြိုက်​ဘူး စိတ်​ချ Kim Kaiကိုကြိုက်​တာလို့။

Kyungsoo ကို Baekhyunနဲ့မပက်​သက်​နဲ့လို​​ပြောရင်​ Kyungsooကပြန်​​ပြောလိမ့်​မယ်​။

Hyungနဲ့မဆိုင်​ဘူးလို့။

အား....

ကျ​နော်​ ဘယ်​တုန်းက ရူး​ကြောင်​​ကြောင်​​တွေးမိသွားတာလဲ?

သေချာတာက​တော့ ​နေ့​လည်​က Baekhyun အ​ပေါ်လုပ်​လိုက်​တဲ့လုပ်​ရက်​​ကြောင့်​ဘဲဖြစ်​ပါလိမ့်​မယ်​....

~Baekkie ya...
ငါ​တောင်းပန်​ပါတယ်​...~

.
.
.
.
/////////
Sugar Boy ​ကို​မျှော်​​နေတာရှိကြလား?
မနက်​ဖြန်​ ​နော်​..😘

Continue Reading

You'll Also Like

1.3M 56.6K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
298K 7.6K 22
"So i'll just give you a rundown of what your job is going to be here. So I know you signed up for secretary, but you'll be more like Jungkook's pers...
189K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1M 64.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...