му ℓιттℓє ωσℓƒ (Completed)

By Aries_M

114K 10.9K 564

KIMTAEHYUNG X JEONJUNGKOOK • completed More

1
2
3
4
5
6
7
8
9
10
12
13
14 [ FINAL]

11

6.3K 701 26
By Aries_M

Both with Uni & Zawgyi

[ UNICODE]

Dark ရဲ့စကားက JungKook ကိုအတွေးပေါင်းများစွာနဲ့ နှိပ်ဆက်နေသလိုခံစားနေရသည် ။ အခုကိစ္စက သူမမွေးဖွားခင်က TaeHyung နဲ့ သူ့အဖေ ကြားကပြသနာတွေ ပြီးတော့ Dark ! ... Dark ကလည်း သူတို့အကြောင်းတွေကို သိတယ်ဆိုတဲ့အချက်ကလည်း သူ့ကိုဝေခွဲမရဖြစ်စေပြန်တယ် ။  Dark ပြောသွားတဲ့အကြောင်းအရာကိုပဲ TaeHyung ကိုတိုက်ရိုက်မေးလိုက်ရမလား ? ...Dark ဆီကိုပဲသူသွားပြီးမေးရမလားဆိုတာပင် ။

အခုတော့ သူ့စိတ်တွေကိုအေးချမ်းသွားအောင် ရေပန်းအောက်အကြာကြီးရပ်နေမိတယ်။ ရေချိုးခန်းထဲ အတော်ကြာအောင် အချိန်ဖြုန်းပြီးတော့မှ သူထွက်လာခဲ့တယ် ... bathrobe အနက်ရောင်ကို ဝတ်ပြီး ရေစိုနေတဲ့ဆံပင်တွေကိုထိုင်သုတ်နေတုန်း TaeHyung ကသူ့အတွေးထဲဝင်လာတာနဲ့ တပြိုင်နက် သူ့ရင်တွေအဆက်မပြတ်ခုန်လာတော့သည်။

"Tae..."

JungKook နှုတ်ခမ်းကနေတိုးတိုးရေရွှတ်လိုက်ပြီး TaeHyung ရဲ့အခန်းဆီသို့ထွက်လာလိုက်သည်။ သူအခန်းထဲဝင်သွားတော့ TaeHyung ကရှိမနေ ။ ရေချိုးခန်း အိမ်သာ တံခါးတွေဆွဲဖွင့်ပြီး ခေါ်မိသည်

"Tae...Tae! ..အာ Tae ..."

အခန်းထဲဝင်လာတဲ့ TaeHyung ကိုတွေ့တော့မှ သူအနားကိုလျှောက်သွားလိုက်ပြီး ပခုံးနှစ်ဖက်ကိုဖိကိုင်လိုက်ရင်း

" Tae ကိုယ့်ကိုစိတ်ဆိုးနေသေးလားဟင် ..."

" ဖယ်စမ်းပါ "

TaeHyung ကသူ့ပခုံးက JungKook လက်တွေဆိုဆွဲဖယ်ရင်း ခုတင်ပေါ်တွင်လှဲအိပ်လိုက်သည်။ စောင်ကိုခေါင်းထိလုံအောင် ဆွဲခြုံလိုက်ရင်း

"ငါ အိပ်တော့မယ် "

TaeHyung ရဲ့အသံက ပြတ်သားပြီး သူ့ကိုအခန်းထဲကထွက်သွားစေချင်တဲ့သဘောဖြစ်တယ် ။ ဒါပေမယ့် Jeon JungKook ဆိုတဲ့သူကတော့ TaeHyung နဲ့ပတ်သတ်ရင် အမြဲတမ်းတဇွတ်ထိုးဆန်မြဲ ။

"အား.. ကိုယ်လုံးလေးကနွေးနေတာပဲကွာ "

TaeHyung က JungKook သူ့အခန်းထဲကထွက်သွားပြီလို့ထင်နေပေမယ့် အိကျသွားတဲ့သူ့အိပ်ယာနဲ့ စောင်ကြားထဲတိုးဝင်ကာ သူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ JungKook ကြောင့် ရင်တွေခုန်လာတော့သည် ။

"မင်း...မင်း ဘာလုပ်လဲ ဆင်းစမ်း !!"

TaeHyung ကအတင်းထကာ JungKook ရဲ့ကိုယ်ကို ခြေထောက်နဲ့ကန်ထုတ်ရင်းအော်လိုက်တော့သည်။

" Tae ကိုယ်ဒီနေ့ ဒီမှာအိပ်မယ်နော်"

JungKook ကကုတင်ပေါ်ပြန်လှဲလိုက်ရင်း အပြုံးတပွင့်နဲ့ပြောတော့ TaeHyung ဘက်မှ မျက်စောင်းသာထိုးလိုက်ရင်း အခန်းထဲမှထွက်သွားရန်ပြင်လိုက်တော့သည်။  လျင်မြန်တဲ့ JungKook ကတော့ သူထွက်သွားမည်ကိုသိလို့  အနောက်ကနေခါးကိုတင်းကြပ်နေအောင်ဆွဲဖက်ထားကာ ပခုံးပေါ်ခေါင်းပါတင်ထားသည် ။ JungKook ရဲ့ဆံပင်နက်နက်တွေသူ့လည်ပင်းနာစတိုးဝှေ့လာတော့မှ ခေါင်းခြေက်အောင်မသုတ်ထားမှန်း TaeHyung သတိထားမိတော့တယ်

"မင်း ဆံပင်တွေစိုနေသေးတယ် ဘာလို့ခြောက်အောင်မသုတ်တာလဲ ပြီးတော့ bathrobe ကြီး သွားမလဲတော့ဘူးလား "

"ဟုတ်သားပဲ သုတ်ပေးပါလား နော်...နော်လို့ "

"မင်းမှာလက်မပါဘူးလား ဖယ်စမ်းပါ မင်းကိုငါအခဲမကြေသေးဘူး "

" ချစ်လို့ ...ချစ်လို့ပါ ခင်ဗျားကို "

"မင်း...မင်း ဘာတွေပြောနေတာလဲ ခေါင်းကိုသုတ် "

"ရော့ သုတ်ပေး "

Jungkook ကကြမ်းပြင်တွင် ထိုင်ချလိုက်ရင်း မျက်လုံးတို့ကိုမှိတ်ချထားလိုက်သည် ။ ခဏနေတော့ TaeHyung ရဲ့လက်ချောင်းရှည်တွေ သူ့ဆံပင်ကိုထိကိုင်လာချိန်မှာတော့ သူ့ပါးချိုင့်ရေးရေးပေါ်သည်အထိ ပြုံးမိတော့သည် ။




- My Little Wolf-





JungKook တရေးနိုးတော့ သူအိပ်ပျော်နေတာ TaeHyung အိပ်ယာပေါ်တွင်ဖြစ်သည် ။ TaeHyung ကတော့ရှိမနေ ။ စားပွဲပေါ်တင်ထားတဲ့ နာရီကိုလှမ်းကြည့်မိတော့ မနက် ၃ နာရီစွန်းစွန်းပဲရှိသေးတယ် ။ TaeHyung ကဘယ်ရောက်သွားတာလဲ ?

သူကုတင်ပေါ်ကနေအမြန်ဆင်းလိုက်ရင်း အောက်ထပ်ကိုဆင်းပြီးရှာကြည့်တော့ တိတ်ဆိတ်မှု့သာကြီးစိုးနေပြီး Hoseok Hyung တို့လည်းအိပ်ပျော်နေကြပြီဖြစ်သည် ။ သူအပေါ်ကိုသာပြန်တက်လာပြီး စာကြည့်ခန်းဖက်ထွက်လာတော့ တခန်းလုံးတွင် မီးအိမ်သေးသေးလေးရဲ့အလင်းရောင်သာရှိပြီး ထိုအလင်းရောင်သေးသေးလေးကြားတွင် မီးခိုးငွေ့တွေတွေ့နေရသည်။ ပြီးတော့ သူ့နှာခေါင်းထဲတိုးဝင်လာတာက TaeHyung ရဲ့အနံ့ 

"Tae ! Tae ...ဘာလုပ်နေတာလဲ "

TaeHyung ဆီမှပြန်ဖြေသံမရတော့ သူအနားလျှောက်သွားလိုက်ပြီး TaeHyung ရဲ့အရှေ့တွင်ဝင်ထိုင်လိုက်သည် ။ TaeHyung ကမျက်လုံးတွေကိုမှိတ်ချထားပြီး သူ့လက်ချောင်းသွယ်သွယ်တွေကြားထဲ မီးမသေသေးတဲ့ စီးကရက်ကနေရာယူထားသည်။
သူ TaeHyung လက်ကြားထဲက စီးကရက်တိုကို လှမ်းယူလိုက်ပြီး စားပွဲပေါ်တွင်ဖိချေလိုက်သည်။ ပြီးနောက် မတ်တပ်ရပ်လိုက်ရင်း TaeHyung ရဲ့နဖူးပြေပြေကိုသူ့နှုတ်ခမ်းနဲ့ဖိကပ်နေတုန်း TaeHyung ရဲ့စကားကြောင့် သူတုန်လှုပ်သွားရတော့သည် ။

"ငါက တချိန်က မင်း အဖေရဲ့ချစ်သူ ဆိုရင်ကော မင်းဘယ်လိုလုပ်မလဲ ချစ်သေးရဲ့လား "

" ကျွန်တော် ဘယ်လိုလုပ်သင့်လဲ "

" ငါမေးတာသာ မင်းဖြေပါ "

"ဒါတွေက အတိတ်တွေပဲ ကျွန်တော်ဂရုစိုက်မယ်ထင်လား "

" ငါက သံယောဇဥ်မကုန်သေးလို့ မင်းကိုကယ်တင်ခဲ့တာဆိုရင်ကော "

TaeHyung ရဲ့စကားကို JungKook ကပြန်မဖြေပဲ TaeHyung ရဲ့မျက်လုံးတွေကိုသာသေချာစိုက်ကြည့်နေသည် ။ တဖြေးဖြေးနဲ့ အနားတိုးကပ်သွားပြီး သူ့လက်ချောင်းတွေနဲ့ TaeHyung မျက်နှာကို ဆုပ်ကိုင်လိုက်သည်။

"အခု Tae ချစ်တာက ကျွန်တော်ပါ "

JungKook စကားအဆုံးတွင် TaeHyung မျက်လုံးတွေဝိုင်းစက်သွားတော့သည် ။

"ကျွန်တော်က ဘယ်သူလဲ ? ကျွန်တော်က ဘယ်သူဆိုတာ Tae မေ့သွားတာလား ကျွန်တော်က အနာဂတ်မှာ ဒီမျိုးနွယ်စုကိုအုပ်ချုပ်ရမယ့်သူပါ ပြီးတော့ မင်းကိုရော ...."

"မင်း ...အွတ်.."

JungKook ရဲ့နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းတွေနဲ့ ငြင်ငြင်သာသာထိတွေ့လိုက်တော့သည် ။ ကြောင်အနေသေးတဲ့ TaeHyung ကြောင့် JungKook ပြုံးလိုက်ရင်း သူ့နှုတ်ခမ်းတွေကိုပိုမိုတိုးကပ်ကာ လက်ချောင်းတွေဖြင့် TaeHyung ကျောပြင်ကိုပွတ်သတ်နေမိသည် ။ TaeHyung ရဲ့နှုတ်ခမ်းတွေက သူ့စိတ်ကိုအစိုးမရစေတာတော့ အမှန်ပဲ ။ အခုတောင် TaeHyung အပေါ်အကြင်နာတွေခြွေချင်စိတ်ကို ချိုးနှိမ်ရင်း နှုတ်ခမ်းလှလှကို သွေးထွက်တဲ့အထိ စုပ်ယူနေမိတယ် ။

*တကယ်ပါ မင်းကကိုယ့်အတွက်တော့ တကယ့် Little wolf လေးပဲ *

" အွန်း....တော်တော့ !"

TaeHyung က သူ့ရင်ဘက်ကိုတွန်းထုတ်လိုက်တော့မှ သူတို့ကြားက အကြည်ရောင်အမျှင်တန်းကိုကြည့်လိုက်ရင်း သူနှစ်နှစ်ခြိုက်ခြိုက်ရယ်မိတော့သည် ။ TaeHyung ကတော့ မျက်နှာတပြင်လုံးရဲကာ သူ့မျက်နှာကို လက်သီးနဲ့ပိတ်ထိုးလိုက်တော့သည်။

*ခွပ်!*

"A! ,,, Tae ...ရှက်သွားတာလား "

" ဘာ...ဘာလို့ရှက်ရမှာလဲ မင်းကိုအခု လက်သီးနဲ့ပဲထိုးတာ အသေမသတ်တာပဲကံကောင်းတယ်မှတ်!"

TaeHyung အခန်းထဲမှထွက်သွားတော့မှ JungKook ကျေနပ်နပ်ကြီးထပ်ရယ်မိတော့သည် ။

"မင်းလည်း ကိုယ့်ကို သဘောကျနေပါပြီ "




-My Little Wolf-






စားပွဲပေါ်တွင် စာအုပ်တပုံတပင်ဖြင့် JungKook အလုပ်ရှုပ်နေမိတယ် ။ ဒီစာအုပ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်လောက်ကတည်းက တည်ရှိနေတဲ့ သူတို့မျိုးနွယ်စုတွေနဲ့ပတ်သတ်တဲ့စာအုပ်တွေဖြစ်သည် ။  သူအဓိကရှာချင်နေတာကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဖြစ်ခဲ့တဲ့ မျိုးနွယ်စုပြသနာဖြစ်သည်။ တစ်စုံတစ်ခုများ သိလိုသိငှားသူ့ဘာသာသူရှာနေမိတယ် ... သူ့မိသားစုဝင်တွေသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး Dark ကိုနိုင်မည့် နည်းလမ်းတွေလည်း သူရှာကြည့်နေမိတယ် ။ 

များပြားလှတဲ့စာအုပ်တွေထဲတွင် တချို့တလေဆို အချိန်ကြာပြီဖြစ်၍ မှင်တွေပျက်နေပြီး တချို့စာအုပ်တွေက ဖုန်တက်နေသေးသည်။ ဖုန်တက်နေတဲ့စာအုပ်အချို့ကို သူဆွဲယူရင်းဖုန်ခါလိုက်တော့ စာရွက်တွေပြုတ်ကျလာတော့သည်။ ဝါကျင့်ကျင့်စာရွက်တွေကိုပြန်ကောက်ယူရင်း အဖြူရောင်ကတ်အထူလေးတစ်ရွက်ပါလာသည်။ သူကြည့်လိုက်တော့  12 . 30 .1..... ဆိုတဲ့ date တစ်ခုကိုရေးထားသည် ။ အနောက်က သက္ကရာဇ်ကိုတော့ မမြင်ရတော့ ။ သူလှန်ကြည့်လိုက်တော့ အဖြူအမဲဓာတ်ပုံ ဖြစ်နေသည် ။ ပုံထဲကလူတွေကတော့ သူ့အဖေ TaeHyung Hoseok ပြီးတော့ Dark ...

ကျန်တဲ့သူတွေကိုတော့မအံ့သြမိပေမယ့် Dark ပါနေတာတော့ အံ့သြမိသည် ။ ဓာတ်ပုံအတူတူတွဲရိုက်ထားပုံထောက်ရင် Dark နဲ့က အရင်ကကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ခဲ့တာလား ?

"ဒါဆို ဘာလို့ Dark က ငါ့မိဘတွေကိုသတ်ခဲ့ရတာလဲ
Hoseok Hyung ကိုမေးမှရတော့မယ် "

JungKook စာအုပ်တွေကိုသေချာပြန်စီလိုက်သည်။ ပြီးနောက် ထိုဓာတ်ပုံကို သူ့ကုတ်အင်္ကျီထဲထည့်လိုက်ရင်း အခန်းထဲမှထွက်လာတော့သည် ။

YoonHo လေးအပါအဝင် သူတို့ငါးယောက် ထမင်းဝိုင်းတွင်နေရာယူပြီးကြပြီဖြစ်သည်။ Yoongi Hyung ကတော့ သူ့သား YoonHo ကိုထမင်းသေချာခွံ့ကျွေးနေရင်း YoonHo ရဲ့ စကားကြောင့် အားလုံးရဲ့မျက်လုံးတွေက TaeHyung ဆီရောက်သွားတော့သည်။

" TaeTae ရဲ့နှုတ်ခမ်းမှာအနာဖြစ်နေတာလား "

ကလေးက လက်ညိှုးထိုးပြီးပြောတော့ TaeHyung မျက်အိမ်တွေဂနာမငြိမ်ဖြစ်သွားသည် ။ JungKook ဆီကိုလည်း ဒေါသအကြည့်နဲ့ကြည့်လိုက်ရင်း

" အဲ့တာလား ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ YoonHo မင်း ထမင်းသာဆက်စားစမ်းပါ ..."

TaeHyung  ဒီအခြေအနေတွင် တော်တော်ကြီးကြီးကိုအငွေ့ဖြစ်ချင်သွားသည် ။ Hoseok Hyung နဲ့ Yoongi Hyung တို့ကိုလည်းရှက်သည် ။ ပြီးတော့ သူ့ကိုလူယုတ်မာ အပြုံးကြီးနဲ့ ထိုင်ကြည့်နေတဲ့ JungKook ကြောင့်လည်း ဒေါသဖြစ်ရပြန်တယ် ။

" ကျွန်တော် စားလို့ဝပြီ အပေါ်တက်တော့မယ် "

"တော်ပြီလား မင်းနေကောင်းသွားပြီမလား "

Hoseok Hyung ရဲ့အမေးကို မကြားချင်ယောင်ဆောင်ရင်း TaeHyung ထိုနေရာကနေ ခပ်မြန်မြန်လျှောက်လာခဲ့တော့တယ် ။ မဟုတ်ရင် သူတကယ်ကြီး အငွေ့ဖြစ်သွားလောက်တယ် ...

ထမင်းဝိုင်းတွင် TaeHyung ထသွားတော့မှ သူလည်း  Hoseok Hyung အားကြည့်လိုက်ပြီး

"  Hyung ကို ကျွန်တော် မေးစရာရှိတယ် ပြီးရင် အချိန်ခဏလောက်ပေးလို့ရမလား "

"ကောင်းပြီ "

JungKook လည်းထမင်းကိုဆက်စားလိုက်ပြီး စောစောက နှုတ်ခမ်းရဲရဲလေးအကြောင်းတွေးရင်း ပြုံးမိတော့သည် ။ 

"ဒါက ?. မင်းဆီဘာလို့ရောက်နေတာလဲ "

စားပွဲပေါ်က ဓာတ်ပုံကို Hoseok ကလှမ်းယူရင်း မေးလိုက်တယ် ။

"ကျွန်တော်မေးချင်တာ ဘာလဲဆိုတာ Hyung သိမှာပါ "

"အဲ့ဒီပုံက TaeHyung မွေးနေ့တုန်းက ငါမှတ်မိသလောက်တော့ အဲ့အချိန်တွေကအရမ်းပျော်ဖို့ကောင်းခဲ့တယ်ထင်တာပဲ "

"Dark က ကျွန်တော်တို့နဲ့ ဘာရန်ညှိုးရှိလို့လဲ "

"သူက သခင်ကြီးရဲ့ အားအထားရဆုံးလက်ထောက်ပဲ Dark ရဲ့အမေနဲ့ သခင်ကြီးက ငယ်သူငယ်ချင်းတွေတဲ့ သူ့အမေ Sofia ဆုံးသွားတော့ dark ကငဟ်ငယ်လေးရှိသေးတာ မင်းအဖေနဲ့ရွယ်တူပေါ့  အဲ့တာနဲ့ သခင်ကြီးက မွေးစားလိုက်တယ်ဆိုပါတော့ Dark ကငါတို့နဲ့မျိုးနွယ်မတူဘူး သူကထက်မြက်သလောက် ကောက်ကျစ်တယ် မင်းအဖေနဲ့ အရမ်းရင်းနှီးတယ်ထင်ပေမယ့် သူတို့ကပြိုင်ဘက်တွေပဲ ..."

"သူတို့ရဲ့ မနာလိုမှု့တွေကြောင့် မျိုးနွယ်စုတွေခွဲထွက်ပြီး ဒီလိုအခြေအနေတွေဖြစ်လာရတယ်ပေါ့ "

"အဲ့တာပဲရှိတယ်လေ "

"ဒါဆို Tae နဲ့ကရော ဘယ်လိုပတ်သတ်လဲ "

"အဲ့တာကတော့... သူ့ဘက်က တဖက်သတ်အခြေအနေကြီးပါ  TaeHyung နဲ့ မင်းအဖေရဲ့ ပတ်သတ်မှု့ကို သူပဲသခင်ကြီးကိုပြောလိုက်တာ ဒါကြောင့် ငါတို့ညီအစ်ကိုက အခြေအနေတွေငြိမ်းသွားတော့ ကိုယ့်နေရာကိုယ်ပြန်လာခဲ့ကြတာပဲ  ခေါင်းဆောင်နဲ့ TaeHyung လည်း အဆက်အသွယ်ပြတ်သွားတယ် ။ မင်းအမေနဲ့ လက်ထပ်သွားပြီဆိုတဲ့သတင်းပဲ ငါတို့ကြားရတယ် နောက်ပိုင်း သခင်ကြီးကွယ်လွန်သွားပြီဆိုတဲ့သတင်းကြားတော့ ငါတို့လိုက်သွားခဲ့တယ် အဲ့တာ Dark ရဲ့လက်ချက်ပဲ "

" Dark က အဖိုးကိုဘာလို့လဲ "

" သူနဲ့ ခေါင်းဆောင်ကို ခွဲခြားဆက်ဆံလွန်းလို့လို့ထင်တာပဲ "

"ဒါဖြစ်သင့်တာပဲလေ "

"သူ့ရဲ့စိတ်ကို မကောင်းမှု့တွေဖုံးလွှမ်းသွားလို့နေမှာပေါ့ သူက ခေါင်းဆောင်ထက် အရာရာသာနေမှကြိုက်တဲ့လူမျိုး "

" အဲ့တာနဲ့ Hyung တို့ ဒီကိုပြန်ရောက်ခဲ့တယ်ပေါ့ "

"ငါတို့ ဇာပနပြီးတာနဲ့ ပြန်လာခဲ့တာပဲ ဒါပေမယ့် ငါတို့ ခေါင်းဆောင်နဲ့ပြန်ဆက်သွယ်ဖြစ်ပါတယ် မိတ်ဆွေတွေအဖြစ်နဲ့ပေါ့ ... ဒါပေမယ့် TaeHyung က ခေါင်းဆောင်အသတ်ခံရမှု့မှာ သူ့အမှားတွေလည်းပါတယ်ထင်နေတုန်းပဲ "

"ဘာဖြစ်လို့လဲ Tae အခုချိန်ထိ ကျွန်တော့်ကိုစောင့်ရှောက်ပေးခဲ့တာ အဲ့တာတွေကြောင့်လား ဒါမှမဟုတ် သူအဖေ့အပေါ်မှာ...."

"မဟုတ်ဘူး JungKook ! Dark ရဲ့ခြိမ်းခြောက်မှု့တွေကြောင့် သူဒီလို ဖြစ်နေတာပါ မင်းကိုစောင့်ရှောက်ဖို့က ငါတို့နှစ်ယောက်လုံးနဲ့ဆိုင်ပါတယ် ခေါင်းဆောင်အသတ်မခံရခင် နှစ်ရက်အလို ငါတို့ဆီစာရောက်လာတယ် မင်းကိုစောင့်ရှောက်ဖို့ပေါ့ အချိန်အကြာကြီး အဆက်သွယ်ပြတ်ပြီးသွားမှ ငါတို့ဆီစာတစောင်ရောက်လာလို့ အံ့သြခဲ့ရသေးတယ် ငါတို့လိုက်သွားတဲ့အချိန်မှာတော့ သူတို့အသတ်မရှိတော့ဘူး မင်းမှတ်မိတယ်မဟုတ်လား "

"အင်း..."

"မင်း ဘာသိချင်သေးလဲ "

"အကုန်လုံးရှင်းလင်းသွားပါပြီ "

"TaeHyung အပေါ်မှာရောလား "

"သူကတော့ အရေးကြီးဆုံး ချွင်းချက်လေးပေါ့ "

"ဟား ဟား..."

သူ HoseokHyung ကို နှုတ်ဆက်ပြီး TaeHyung အခန်းဆီထွက်လာခဲ့တယ် ။ စောစောက ထမင်းဝိုင်းမှာကတည်းက သူ့အတွေးကိုစိုးမိုးနေတာက TaeHyung ရဲ့နှုတ်ခမ်းဖူးဖူးတွေဖြစ်သည် ။ ဒါကလည်း သူ့ကြောင့်ဆိုတဲ့ အချက်ကြောင့် ရင်တွေအဆက်မပြတ်ခုန်လာပြန်တယ် ....။

"Tae "

"မင်းအားနေ ငါ့အခန်းပဲလာနေတယ် "

TaeHyung ကမကျေမနပ်ပြောတော့  JungKook အနားကိုတိုးသွားလိုက်သည် ။ ရှပ်ပွပွယောင်းယောင်း နဲ့ TaeHyung က ဒီနေ့မှပိုပြီးကြည့်ကောင်းနေသလားလို့ သူတွေးမိတယ် ။  သူတိုးလာတိုင်း နောက်ဆုတ်သွားတဲ့ ခြေလှမ်းတွေကြားအမှီလိုက်ရင်း ရက်ခွင်ထဲဆွဲသွင်းလိုက်တော့သည် ။ ရင်ခွင်ထဲက မြေခွေးပေါက်လေးကတော့ Kim TaeHyung ပီသစွာရုန်းနေတော့သည် ။

"ချစ်တယ် အရမ်းချစ်တယ် "

ဆံပင်အခွေလေးတွေကြားထဲ သူ့လက်ချောင်းရှည်တွေ ထိုးဖွရင်းပြောတော့ ရင်ခွင်ထဲကအကောင်လေးကငြိမ်ကျသွားတော့တယ် ။


#####

Hello! Readers Nim

Sorry for long time no update😭

I'm Back😂

#L  VE    💜



[ZAWGYI]

Dark ရဲ႕စကားက JungKook ကိုအေတြးေပါင္းမ်ားစြာနဲ႕ ႏွိပ္ဆက္ေနသလိုခံစားေနရသည္ ။ အခုကိစၥက သူမေမြးဖြားခင္က TaeHyung နဲ႕ သူ႕အေဖ ၾကားကျပသနာေတြ ၿပီးေတာ့ Dark ! ... Dark ကလည္း သူတို႔အေၾကာင္းေတြကို သိတယ္ဆိုတဲ့အခ်က္ကလည္း သူ႕ကိုေဝခြဲမရျဖစ္ေစျပန္တယ္ ။  Dark ေျပာသြားတဲ့အေၾကာင္းအရာကိုပဲ TaeHyung ကိုတိုက္ရိုက္ေမးလိုက္ရမလား ? ...Dark ဆီကိုပဲသူသြားၿပီးေမးရမလားဆိုတာပင္ ။

အခုေတာ့ သူ႕စိတ္ေတြကိုေအးခ်မ္းသြားေအာင္ ေရပန္းေအာက္အၾကာႀကီးရပ္ေနမိတယ္။ ေရခ်ိဳးခန္းထဲ အေတာ္ၾကာေအာင္ အခ်ိန္ျဖဳန္းၿပီးေတာ့မွ သူထြက္လာခဲ့တယ္ ... bathrobe အနက္ေရာင္ကို ဝတ္ၿပီး ေရစိုေနတဲ့ဆံပင္ေတြကိုထိုင္သုတ္ေနတုန္း TaeHyung ကသူ႕အေတြးထဲဝင္လာတာနဲ႕ တၿပိဳင္နက္ သူ႕ရင္ေတြအဆက္မျပတ္ခုန္လာေတာ့သည္။

"Tae..."

JungKook ႏႈတ္ခမ္းကေနတိုးတိုးေရ႐ႊတ္လိုက္ၿပီး TaeHyung ရဲ႕အခန္းဆီသို႔ထြက္လာလိုက္သည္။ သူအခန္းထဲဝင္သြားေတာ့ TaeHyung ကရွိမေန ။ ေရခ်ိဳးခန္း အိမ္သာ တံခါးေတြဆြဲဖြင့္ၿပီး ေခၚမိသည္

"Tae...Tae! ..အာ Tae ..."

အခန္းထဲဝင္လာတဲ့ TaeHyung ကိုေတြ႕ေတာ့မွ သူအနားကိုေလွ်ာက္သြားလိုက္ၿပီး ပခုံးႏွစ္ဖက္ကိုဖိကိုင္လိုက္ရင္း

" Tae ကိုယ့္ကိုစိတ္ဆိုးေနေသးလားဟင္ ..."

" ဖယ္စမ္းပါ "

TaeHyung ကသူ႕ပခုံးက JungKook လက္ေတြဆိုဆြဲဖယ္ရင္း ခုတင္ေပၚတြင္လွဲအိပ္လိုက္သည္။ ေစာင္ကိုေခါင္းထိလုံေအာင္ ဆြဲၿခဳံလိုက္ရင္း

"ငါ အိပ္ေတာ့မယ္ "

TaeHyung ရဲ႕အသံက ျပတ္သားၿပီး သူ႕ကိုအခန္းထဲကထြက္သြားေစခ်င္တဲ့သေဘာျဖစ္တယ္ ။ ဒါေပမယ့္ Jeon JungKook ဆိုတဲ့သူကေတာ့ TaeHyung နဲ႕ပတ္သတ္ရင္ အၿမဲတမ္းတဇြတ္ထိုးဆန္ၿမဲ ။

"အား.. ကိုယ္လုံးေလးကေႏြးေနတာပဲကြာ "

TaeHyung က JungKook သူ႕အခန္းထဲကထြက္သြားၿပီလို႔ထင္ေနေပမယ့္ အိက်သြားတဲ့သူ႕အိပ္ယာနဲ႕ ေစာင္ၾကားထဲတိုးဝင္ကာ သူ႕ကိုရင္ခြင္ထဲဆြဲသြင္းလိုက္တဲ့ JungKook ေၾကာင့္ ရင္ေတြခုန္လာေတာ့သည္ ။

"မင္း...မင္း ဘာလုပ္လဲ ဆင္းစမ္း !!"

TaeHyung ကအတင္းထကာ JungKook ရဲ႕ကိုယ္ကို ေျခေထာက္နဲ႕ကန္ထုတ္ရင္းေအာ္လိုက္ေတာ့သည္။

" Tae ကိုယ္ဒီေန႕ ဒီမွာအိပ္မယ္ေနာ္"

JungKook ကကုတင္ေပၚျပန္လွဲလိုက္ရင္း အၿပဳံးတပြင့္နဲ႕ေျပာေတာ့ TaeHyung ဘက္မွ မ်က္ေစာင္းသာထိုးလိုက္ရင္း အခန္းထဲမွထြက္သြားရန္ျပင္လိုက္ေတာ့သည္။  လ်င္ျမန္တဲ့ JungKook ကေတာ့ သူထြက္သြားမည္ကိုသိလို႔  အေနာက္ကေနခါးကိုတင္းၾကပ္ေနေအာင္ဆြဲဖက္ထားကာ ပခုံးေပၚေခါင္းပါတင္ထားသည္ ။ JungKook ရဲ႕ဆံပင္နက္နက္ေတြသူ႕လည္ပင္းနာစတိုးေဝွ႕လာေတာ့မွ ေခါင္းေျခက္ေအာင္မသုတ္ထားမွန္း TaeHyung သတိထားမိေတာ့တယ္

"မင္း ဆံပင္ေတြစိုေနေသးတယ္ ဘာလို႔ေျခာက္ေအာင္မသုတ္တာလဲ ၿပီးေတာ့ bathrobe ႀကီး သြားမလဲေတာ့ဘူးလား "

"ဟုတ္သားပဲ သုတ္ေပးပါလား ေနာ္...ေနာ္လို႔ "

"မင္းမွာလက္မပါဘူးလား ဖယ္စမ္းပါ မင္းကိုငါအခဲမေၾကေသးဘူး "

" ခ်စ္လို႔ ...ခ်စ္လို႔ပါ ခင္ဗ်ားကို "

"မင္း...မင္း ဘာေတြေျပာေနတာလဲ ေခါင္းကိုသုတ္ "

"ေရာ့ သုတ္ေပး "

Jungkook ကၾကမ္းျပင္တြင္ ထိုင္ခ်လိဳက္ရင္း မ်က္လုံးတို႔ကိုမွိတ္ခ်ထားလိုက္သည္ ။ ခဏေနေတာ့ TaeHyung ရဲ႕လက္ေခ်ာင္းရွည္ေတြ သူ႕ဆံပင္ကိုထိကိုင္လာခ်ိန္မွာေတာ့ သူ႕ပါးခ်ိဳင့္ေရးေရးေပၚသည္အထိ ၿပဳံးမိေတာ့သည္ ။




- My Little Wolf-





JungKook တေရးနိုးေတာ့ သူအိပ္ေပ်ာ္ေနတာ TaeHyung အိပ္ယာေပၚတြင္ျဖစ္သည္ ။ TaeHyung ကေတာ့ရွိမေန ။ စားပြဲေပၚတင္ထားတဲ့ နာရီကိုလွမ္းၾကည့္မိေတာ့ မနက္ ၃ နာရီစြန္းစြန္းပဲရွိေသးတယ္ ။ TaeHyung ကဘယ္ေရာက္သြားတာလဲ ?

သူကုတင္ေပၚကေနအျမန္ဆင္းလိုက္ရင္း ေအာက္ထပ္ကိုဆင္းၿပီးရွာၾကည့္ေတာ့ တိတ္ဆိတ္မႈ႕သာႀကီးစိုးေနၿပီး Hoseok Hyung တို႔လည္းအိပ္ေပ်ာ္ေနၾကၿပီျဖစ္သည္ ။ သူအေပၚကိုသာျပန္တက္လာၿပီး စာၾကည့္ခန္းဖက္ထြက္လာေတာ့ တခန္းလုံးတြင္ မီးအိမ္ေသးေသးေလးရဲ႕အလင္းေရာင္သာရွိၿပီး ထိုအလင္းေရာင္ေသးေသးေလးၾကားတြင္ မီးခိုးေငြ႕ေတြေတြ႕ေနရသည္။ ၿပီးေတာ့ သူ႕ႏွာေခါင္းထဲတိုးဝင္လာတာက TaeHyung ရဲ႕အနံ႕ 

"Tae ! Tae ...ဘာလုပ္ေနတာလဲ "

TaeHyung ဆီမွျပန္ေျဖသံမရေတာ့ သူအနားေလွ်ာက္သြားလိုက္ၿပီး TaeHyung ရဲ႕အေရွ႕တြင္ဝင္ထိုင္လိုက္သည္ ။ TaeHyung ကမ်က္လုံးေတြကိုမွိတ္ခ်ထားၿပီး သူ႕လက္ေခ်ာင္းသြယ္သြယ္ေတြၾကားထဲ မီးမေသေသးတဲ့ စီးကရက္ကေနရာယူထားသည္။
သူ TaeHyung လက္ၾကားထဲက စီးကရက္တိုကို လွမ္းယူလိုက္ၿပီး စားပြဲေပၚတြင္ဖိေခ်လိဳက္သည္။ ၿပီးေနာက္ မတ္တပ္ရပ္လိုက္ရင္း TaeHyung ရဲ႕နဖူးေျပေျပကိုသူ႕ႏႈတ္ခမ္းနဲ႕ဖိကပ္ေနတုန္း TaeHyung ရဲ႕စကားေၾကာင့္ သူတုန္လႈပ္သြားရေတာ့သည္ ။

"ငါက တခ်ိန္က မင္း အေဖရဲ႕ခ်စ္သူ ဆိုရင္ေကာ မင္းဘယ္လိုလုပ္မလဲ ခ်စ္ေသးရဲ႕လား "

" ကြၽန္ေတာ္ ဘယ္လိုလုပ္သင့္လဲ "

" ငါေမးတာသာ မင္းေျဖပါ "

"ဒါေတြက အတိတ္ေတြပဲ ကြၽန္ေတာ္ဂ႐ုစိုက္မယ္ထင္လား "

" ငါက သံေယာဇဥ္မကုန္ေသးလို႔ မင္းကိုကယ္တင္ခဲ့တာဆိုရင္ေကာ "

TaeHyung ရဲ႕စကားကို JungKook ကျပန္မေျဖပဲ TaeHyung ရဲ႕မ်က္လုံးေတြကိုသာေသခ်ာစိုက္ၾကည့္ေနသည္ ။ တေျဖးေျဖးနဲ႕ အနားတိုးကပ္သြားၿပီး သူ႕လက္ေခ်ာင္းေတြနဲ႕ TaeHyung မ်က္ႏွာကို ဆုပ္ကိုင္လိုက္သည္။

"အခု Tae ခ်စ္တာက ကြၽန္ေတာ္ပါ "

JungKook စကားအဆုံးတြင္ TaeHyung မ်က္လုံးေတြဝိုင္းစက္သြားေတာ့သည္ ။

"ကြၽန္ေတာ္က ဘယ္သူလဲ ? ကြၽန္ေတာ္က ဘယ္သူဆိုတာ Tae ေမ့သြားတာလား ကြၽန္ေတာ္က အနာဂတ္မွာ ဒီမ်ိဳးႏြယ္စုကိုအုပ္ခ်ဳပ္ရမယ့္သူပါ ၿပီးေတာ့ မင္းကိုေရာ ...."

"မင္း ...အြတ္.."

JungKook ရဲ႕ႏႈတ္ခမ္းေတြက သူ႕ႏႈတ္ခမ္းေတြနဲ႕ ျငင္ျငင္သာသာထိေတြ႕လိုက္ေတာ့သည္ ။ ေၾကာင္အေနေသးတဲ့ TaeHyung ေၾကာင့္ JungKook ၿပဳံးလိုက္ရင္း သူ႕ႏႈတ္ခမ္းေတြကိုပိုမိုတိုးကပ္ကာ လက္ေခ်ာင္းေတြျဖင့္ TaeHyung ေက်ာျပင္ကိုပြတ္သတ္ေနမိသည္ ။ TaeHyung ရဲ႕ႏႈတ္ခမ္းေတြက သူ႕စိတ္ကိုအစိုးမရေစတာေတာ့ အမွန္ပဲ ။ အခုေတာင္ TaeHyung အေပၚအၾကင္နာေတြေႁခြခ်င္စိတ္ကို ခ်ိဳးႏွိမ္ရင္း ႏႈတ္ခမ္းလွလွကို ေသြးထြက္တဲ့အထိ စုပ္ယူေနမိတယ္ ။

*တကယ္ပါ မင္းကကိုယ့္အတြက္ေတာ့ တကယ့္ Little wolf ေလးပဲ *

" အြန္း....ေတာ္ေတာ့ !"

TaeHyung က သူ႕ရင္ဘက္ကိုတြန္းထုတ္လိုက္ေတာ့မွ သူတို႔ၾကားက အၾကည္ေရာင္အမွ်င္တန္းကိုၾကည့္လိုက္ရင္း သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္မိေတာ့သည္ ။ TaeHyung ကေတာ့ မ်က္ႏွာတျပင္လုံးရဲကာ သူ႕မ်က္ႏွာကို လက္သီးနဲ႕ပိတ္ထိုးလိုက္ေတာ့သည္။

*ခြပ္!*

"A! ,,, Tae ...ရွက္သြားတာလား "

" ဘာ...ဘာလို႔ရွက္ရမွာလဲ မင္းကိုအခု လက္သီးနဲ႕ပဲထိုးတာ အေသမသတ္တာပဲကံေကာင္းတယ္မွတ္!"

TaeHyung အခန္းထဲမွထြက္သြားေတာ့မွ JungKook ေက်နပ္နပ္ႀကီးထပ္ရယ္မိေတာ့သည္ ။

"မင္းလည္း ကိုယ့္ကို သေဘာက်ေနပါၿပီ "




-My Little Wolf-






စားပြဲေပၚတြင္ စာအုပ္တပုံတပင္ျဖင့္ JungKook အလုပ္ရႈပ္ေနမိတယ္ ။ ဒီစာအုပ္ေတြက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ရာေက်ာ္ေလာက္ကတည္းက တည္ရွိေနတဲ့ သူတို႔မ်ိဳးႏြယ္စုေတြနဲ႕ပတ္သတ္တဲ့စာအုပ္ေတြျဖစ္သည္ ။  သူအဓိကရွာခ်င္ေနတာကေတာ့ လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ေလာက္က ျဖစ္ခဲ့တဲ့ မ်ိဳးႏြယ္စုျပသနာျဖစ္သည္။ တစ္စုံတစ္ခုမ်ား သိလိုသိငွားသူ႕ဘာသာသူရွာေနမိတယ္ ... သူ႕မိသားစုဝင္ေတြသတ္ခံရတဲ့ ကိစၥနဲ႕ ပတ္သတ္ၿပီး Dark ကိုနိုင္မည့္ နည္းလမ္းေတြလည္း သူရွာၾကည့္ေနမိတယ္ ။ 

မ်ားျပားလွတဲ့စာအုပ္ေတြထဲတြင္ တခ်ိဳ႕တေလဆို အခ်ိန္ၾကာၿပီျဖစ္၍ မွင္ေတြပ်က္ေနၿပီး တခ်ိဳ႕စာအုပ္ေတြက ဖုန္တက္ေနေသးသည္။ ဖုန္တက္ေနတဲ့စာအုပ္အခ်ိဳ႕ကို သူဆြဲယူရင္းဖုန္ခါလိုက္ေတာ့ စာ႐ြက္ေတြျပဳတ္က်လာေတာ့သည္။ ဝါက်င့္က်င့္စာ႐ြက္ေတြကိုျပန္ေကာက္ယူရင္း အျဖဴေရာင္ကတ္အထူေလးတစ္႐ြက္ပါလာသည္။ သူၾကည့္လိုက္ေတာ့  12 . 30 .1..... ဆိုတဲ့ date တစ္ခုကိုေရးထားသည္ ။ အေနာက္က သကၠရာဇ္ကိုေတာ့ မျမင္ရေတာ့ ။ သူလွန္ၾကည့္လိုက္ေတာ့ အျဖဴအမဲဓာတ္ပုံ ျဖစ္ေနသည္ ။ ပုံထဲကလူေတြကေတာ့ သူ႕အေဖ TaeHyung Hoseok ၿပီးေတာ့ Dark ...

က်န္တဲ့သူေတြကိုေတာ့မအံ့ၾသမိေပမယ့္ Dark ပါေနတာေတာ့ အံ့ၾသမိသည္ ။ ဓာတ္ပုံအတူတူတြဲရိုက္ထားပုံေထာက္ရင္ Dark နဲ႕က အရင္ကေကာင္းမြန္တဲ့ဆက္ဆံေရးျဖစ္ခဲ့တာလား ?

"ဒါဆို ဘာလို႔ Dark က ငါ့မိဘေတြကိုသတ္ခဲ့ရတာလဲ
Hoseok Hyung ကိုေမးမွရေတာ့မယ္ "

JungKook စာအုပ္ေတြကိုေသခ်ာျပန္စီလိုက္သည္။ ၿပီးေနာက္ ထိုဓာတ္ပုံကို သူ႕ကုတ္အကၤ်ီထဲထည့္လိုက္ရင္း အခန္းထဲမွထြက္လာေတာ့သည္ ။

YoonHo ေလးအပါအဝင္ သူတို႔ငါးေယာက္ ထမင္းဝိုင္းတြင္ေနရာယူၿပီးၾကၿပီျဖစ္သည္။ Yoongi Hyung ကေတာ့ သူ႕သား YoonHo ကိုထမင္းေသခ်ာခြံ႕ေကြၽးေနရင္း YoonHo ရဲ႕ စကားေၾကာင့္ အားလုံးရဲ႕မ်က္လုံးေတြက TaeHyung ဆီေရာက္သြားေတာ့သည္။

" TaeTae ရဲ႕ႏႈတ္ခမ္းမွာအနာျဖစ္ေနတာလား "

ကေလးက လက္ညိႈးထိုးၿပီးေျပာေတာ့ TaeHyung မ်က္အိမ္ေတြဂနာမၿငိမ္ျဖစ္သြားသည္ ။ JungKook ဆီကိုလည္း ေဒါသအၾကည့္နဲ႕ၾကည့္လိုက္ရင္း

" အဲ့တာလား ဘာမွမဟုတ္ပါဘူး ဒီအတိုင္းပဲ YoonHo မင္း ထမင္းသာဆက္စားစမ္းပါ ..."

TaeHyung  ဒီအေျခအေနတြင္ ေတာ္ေတာ္ႀကီးႀကီးကိုအေငြ႕ျဖစ္ခ်င္သြားသည္ ။ Hoseok Hyung နဲ႕ Yoongi Hyung တို႔ကိုလည္းရွက္သည္ ။ ၿပီးေတာ့ သူ႕ကိုလူယုတ္မာ အၿပဳံးႀကီးနဲ႕ ထိုင္ၾကည့္ေနတဲ့ JungKook ေၾကာင့္လည္း ေဒါသျဖစ္ရျပန္တယ္ ။

" ကြၽန္ေတာ္ စားလို႔ဝၿပီ အေပၚတက္ေတာ့မယ္ "

"ေတာ္ၿပီလား မင္းေနေကာင္းသြားၿပီမလား "

Hoseok Hyung ရဲ႕အေမးကို မၾကားခ်င္ေယာင္ေဆာင္ရင္း TaeHyung ထိုေနရာကေန ခပ္ျမန္ျမန္ေလွ်ာက္လာခဲ့ေတာ့တယ္ ။ မဟုတ္ရင္ သူတကယ္ႀကီး အေငြ႕ျဖစ္သြားေလာက္တယ္ ...

ထမင္းဝိုင္းတြင္ TaeHyung ထသြားေတာ့မွ သူလည္း  Hoseok Hyung အားၾကည့္လိုက္ၿပီး

"  Hyung ကို ကြၽန္ေတာ္ ေမးစရာရွိတယ္ ၿပီးရင္ အခ်ိန္ခဏေလာက္ေပးလို႔ရမလား "

"ေကာင္းၿပီ "

JungKook လည္းထမင္းကိုဆက္စားလိုက္ၿပီး ေစာေစာက ႏႈတ္ခမ္းရဲရဲေလးအေၾကာင္းေတြးရင္း ၿပဳံးမိေတာ့သည္ ။ 

"ဒါက ?. မင္းဆီဘာလို႔ေရာက္ေနတာလဲ "

စားပြဲေပၚက ဓာတ္ပုံကို Hoseok ကလွမ္းယူရင္း ေမးလိုက္တယ္ ။

"ကြၽန္ေတာ္ေမးခ်င္တာ ဘာလဲဆိုတာ Hyung သိမွာပါ "

"အဲ့ဒီပုံက TaeHyung ေမြးေန႕တုန္းက ငါမွတ္မိသေလာက္ေတာ့ အဲ့အခ်ိန္ေတြကအရမ္းေပ်ာ္ဖို႔ေကာင္းခဲ့တယ္ထင္တာပဲ "

"Dark က ကြၽန္ေတာ္တို႔နဲ႕ ဘာရန္ညွိုးရွိလို႔လဲ "

"သူက သခင္ႀကီးရဲ႕ အားအထားရဆုံးလက္ေထာက္ပဲ Dark ရဲ႕အေမနဲ႕ သခင္ႀကီးက ငယ္သူငယ္ခ်င္းေတြတဲ့ သူ႕အေမ Sofia ဆုံးသြားေတာ့ dark ကငဟ္ငယ္ေလးရွိေသးတာ မင္းအေဖနဲ႕႐ြယ္တူေပါ့  အဲ့တာနဲ႕ သခင္ႀကီးက ေမြးစားလိုက္တယ္ဆိုပါေတာ့ Dark ကငါတို႔နဲ႕မ်ိဳးႏြယ္မတူဘူး သူကထက္ျမက္သေလာက္ ေကာက္က်စ္တယ္ မင္းအေဖနဲ႕ အရမ္းရင္းႏွီးတယ္ထင္ေပမယ့္ သူတို႔ကၿပိဳင္ဘက္ေတြပဲ ..."

"သူတို႔ရဲ႕ မနာလိုမႈ႕ေတြေၾကာင့္ မ်ိဳးႏြယ္စုေတြခြဲထြက္ၿပီး ဒီလိုအေျခအေနေတြျဖစ္လာရတယ္ေပါ့ "

"အဲ့တာပဲရွိတယ္ေလ "

"ဒါဆို Tae နဲ႕ကေရာ ဘယ္လိုပတ္သတ္လဲ "

"အဲ့တာကေတာ့... သူ႕ဘက္က တဖက္သတ္အေျခအေနႀကီးပါ  TaeHyung နဲ႕ မင္းအေဖရဲ႕ ပတ္သတ္မႈ႕ကို သူပဲသခင္ႀကီးကိုေျပာလိုက္တာ ဒါေၾကာင့္ ငါတို႔ညီအစ္ကိုက အေျခအေနေတြၿငိမ္းသြားေတာ့ ကိုယ့္ေနရာကိုယ္ျပန္လာခဲ့ၾကတာပဲ  ေခါင္းေဆာင္နဲ႕ TaeHyung လည္း အဆက္အသြယ္ျပတ္သြားတယ္ ။ မင္းအေမနဲ႕ လက္ထပ္သြားၿပီဆိုတဲ့သတင္းပဲ ငါတို႔ၾကားရတယ္ ေနာက္ပိုင္း သခင္ႀကီးကြယ္လြန္သြားၿပီဆိုတဲ့သတင္းၾကားေတာ့ ငါတို႔လိုက္သြားခဲ့တယ္ အဲ့တာ Dark ရဲ႕လက္ခ်က္ပဲ "

" Dark က အဖိုးကိုဘာလို႔လဲ "

" သူနဲ႕ ေခါင္းေဆာင္ကို ခြဲျခားဆက္ဆံလြန္းလို႔လို႔ထင္တာပဲ "

"ဒါျဖစ္သင့္တာပဲေလ "

"သူ႕ရဲ႕စိတ္ကို မေကာင္းမႈ႕ေတြဖုံးလႊမ္းသြားလို႔ေနမွာေပါ့ သူက ေခါင္းေဆာင္ထက္ အရာရာသာေနမွႀကိဳက္တဲ့လူမ်ိဳး "

" အဲ့တာနဲ႕ Hyung တို႔ ဒီကိုျပန္ေရာက္ခဲ့တယ္ေပါ့ "

"ငါတို႔ ဇာပနၿပီးတာနဲ႕ ျပန္လာခဲ့တာပဲ ဒါေပမယ့္ ငါတို႔ ေခါင္းေဆာင္နဲ႕ျပန္ဆက္သြယ္ျဖစ္ပါတယ္ မိတ္ေဆြေတြအျဖစ္နဲ႕ေပါ့ ... ဒါေပမယ့္ TaeHyung က ေခါင္းေဆာင္အသတ္ခံရမႈ႕မွာ သူ႕အမွားေတြလည္းပါတယ္ထင္ေနတုန္းပဲ "

"ဘာျဖစ္လို႔လဲ Tae အခုခ်ိန္ထိ ကြၽန္ေတာ့္ကိုေစာင့္ေရွာက္ေပးခဲ့တာ အဲ့တာေတြေၾကာင့္လား ဒါမွမဟုတ္ သူအေဖ့အေပၚမွာ...."

"မဟုတ္ဘူး JungKook ! Dark ရဲ႕ၿခိမ္းေျခာက္မႈ႕ေတြေၾကာင့္ သူဒီလို ျဖစ္ေနတာပါ မင္းကိုေစာင့္ေရွာက္ဖို႔က ငါတို႔ႏွစ္ေယာက္လုံးနဲ႕ဆိုင္ပါတယ္ ေခါင္းေဆာင္အသတ္မခံရခင္ ႏွစ္ရက္အလို ငါတို႔ဆီစာေရာက္လာတယ္ မင္းကိုေစာင့္ေရွာက္ဖို႔ေပါ့ အခ်ိန္အၾကာႀကီး အဆက္သြယ္ျပတ္ၿပီးသြားမွ ငါတို႔ဆီစာတေစာင္ေရာက္လာလို႔ အံ့ၾသခဲ့ရေသးတယ္ ငါတို႔လိုက္သြားတဲ့အခ်ိန္မွာေတာ့ သူတို႔အသတ္မရွိေတာ့ဘူး မင္းမွတ္မိတယ္မဟုတ္လား "

"အင္း..."

"မင္း ဘာသိခ်င္ေသးလဲ "

"အကုန္လုံးရွင္းလင္းသြားပါၿပီ "

"TaeHyung အေပၚမွာေရာလား "

"သူကေတာ့ အေရးႀကီးဆုံး ခြၽင္းခ်က္ေလးေပါ့ "

"ဟား ဟား..."

သူ HoseokHyung ကို ႏႈတ္ဆက္ၿပီး TaeHyung အခန္းဆီထြက္လာခဲ့တယ္ ။ ေစာေစာက ထမင္းဝိုင္းမွာကတည္းက သူ႕အေတြးကိုစိုးမိုးေနတာက TaeHyung ရဲ႕ႏႈတ္ခမ္းဖူးဖူးေတြျဖစ္သည္ ။ ဒါကလည္း သူ႕ေၾကာင့္ဆိုတဲ့ အခ်က္ေၾကာင့္ ရင္ေတြအဆက္မျပတ္ခုန္လာျပန္တယ္ ....။

"Tae "

"မင္းအားေန ငါ့အခန္းပဲလာေနတယ္ "

TaeHyung ကမေက်မနပ္ေျပာေတာ့  JungKook အနားကိုတိုးသြားလိုက္သည္ ။ ရွပ္ပြပြေယာင္းေယာင္း နဲ႕ TaeHyung က ဒီေန႕မွပိုၿပီးၾကည့္ေကာင္းေနသလားလို႔ သူေတြးမိတယ္ ။  သူတိုးလာတိုင္း ေနာက္ဆုတ္သြားတဲ့ ေျခလွမ္းေတြၾကားအမွီလိုက္ရင္း ရက္ခြင္ထဲဆြဲသြင္းလိုက္ေတာ့သည္ ။ ရင္ခြင္ထဲက ေျမေခြးေပါက္ေလးကေတာ့ Kim TaeHyung ပီသစြာ႐ုန္းေနေတာ့သည္ ။

"ခ်စ္တယ္ အရမ္းခ်စ္တယ္ "

ဆံပင္အေခြေလးေတြၾကားထဲ သူ႕လက္ေခ်ာင္းရွည္ေတြ ထိုးဖြရင္းေျပာေတာ့ ရင္ခြင္ထဲကအေကာင္ေလးကၿငိမ္က်သြားေတာ့တယ္ ။


#####

Hello! Readers Nim

Sorry for long time no update😭

I'm Back😂

#L  VE    💜

Continue Reading

You'll Also Like

259K 21.2K 33
Kim Taehyung Jeon Jungkook Park Jimin Min Yoongi Kim RM Jung Hoseok Kim Namjoon Kim Seokjin Rewrite Start date...[22-11-2022] Rewrite End date...[15...
1.2K 58 11
Toru just moved to South Korea with his sister after his parents died. What happens when he finally finds happiness in his life again after meeting a...
224K 7.4K 40
Alexi is your average high school junior. He gets good enough grades, he has an amazing best friend, and his family is super caring. But, there is a...
1.5K 126 5
story between ACP and a teacher 💖 When a man who never afraid of his life , who only love for his country meet his moon light ❣️ Then value his lif...