ကျနော့်ယောက်ျား အမျိုးကောင်းသ...

By KrishunExol4

29.1K 3.3K 183

NoRen💚 BL JaeJun💚 Normal More

🥂 ၁ 🥂
🥂 ၂ 🥂
🥂 ၃ 🥂
🥂၄🥂
🥂၅🥂
🥂၇🥂
🥂၈🥂
🥂၉🥂
🥂၁၀🥂
🥂၁၁🥂
🥂၁၂🥂
🥂၁၃🥂
🥂၁၄🥂
🥂၁၅🥂
🥂၁၆🥂
🥂၁၇🥂
Attention Pls
🥂၁၈🥂
🥂၁၉🥂
🥂၂၀🥂
🥂၂၁🥂
🥂၂၂🥂
🥂၂၃🥂
🥂၂၄🥂
🥂25🥂
🥂၂၆🥂
🥂၂၇🥂
🥂၂၈🥂
🥂၂၉🥂
🥂Final🥂
ကြော်ငြာ💜 [ ကြော်ငြာ💜 ]
💛ကြေငြာ{ကွငွော}💛

🥂၆🥂

990 99 4
By KrishunExol4

Unicode

အခမ်းအနားစတင်ရတော့မည့် အချိန်မို့
Waiting Roomထဲမှာ စောင့်နေသည့်
သူ့အား ပါးပါးကလာခေါ်သည် ။

' Injun '

' ဗျာ '

ရုတ်တရက်မို့ ထူးနေကျအတိုင်း ယောင်ယမ်းကာ ထူးမိပြီးမှ ကိုယ့်ပါးစပ်ကို ပြန်ပိတ်လိုက်ရသည် ။

' ရှင် ပါးပါး '

' ပါးပါး သမီးလေး '

ဖအေတွေရဲ့အသည်းကျော်က သမီးဆိုတာ မှန်သည် ။

မျက်ရည်တွေဝေ့သီကာ သူ့ကိုInjunအမှတ်နှင့် ဖက်လာသည့် ပါးပါးရင်ခွင်က နွေးထွေးသည် ။

' ပါးပါး '

' ကောင်းကောင်းနေတော့နော် Renjun '

တီးတိုးမှာကြားလိုက်သည့် ပါးပါးကြောင့် သူအံ့သြရပြန်သည် ။

' ပါးပါး '

' မင်းကိုငါမွေးထားတာပါ Renjun ၊ ငါ့သားနဲ့သမီးကို ထိလိုက်တာနဲ့ ဘယ်သူက ဘယ်သူမှန်း ပါးပါးသိပါတယ် '

' ပါးပါး ကျနော် '

' မင်းမားမား မသိစေရပါဘူး Renjun ၊ ဘာကြောင့် မင်းတို့မောင်နှမတွေ နေရာလဲကျလည်း ပါးပါးမသိပေမဲ့ Lee Jeno  '

' မပူပါနဲ့ပါးပါး ၊ သူကိုယ်တိုင်လက်ခံပြီးသားပါ '

သူ့ဖြေရှင်းချက်ကြောင့် ပါးပါးခေါင်းညိတ်သည် ။

' ပါးပါးထင်ပါတယ် ၊ မင်းတို့ရဲ့ရွေးခြယ်မှုမှာ Lee Jeno ဆန္ဒလည်း တစိတ်တဒေသ ပါမယ်ဆိုတာ ၊ ဖိတ်စာပေါ်က Huang Ren Junဆိုကတည်းက သူမင်းကိုသဘောကျမှန်း ပါးပါးရိပ်မိတယ် '

' ပါးပါး '

' အဆင်သင့်ဖြစ်ရင် သွားရအောင် '

ပါးပါးလက်ကိုချိတ်ကာ လှမ်းနေရတဲ့ ခြေလှမ်းတွေက Dressကြောင့် စိတ်ရှုပ်ဖို့တော့ ကောင်းပါသည် ။

စီးထားတဲ့ ဒေါက်ကလည်း အသားမကျ ။

ဝတ်စုံကလည်း ဝတ်စမရှိတော့ အတော်လေးတော့ အကျပ်ရိုက်သည် ။

ဒီကြားထဲ ခေါင်းပေါ်က ဆံထုံးအတုနဲ့ မျက်နှာက မိတ်ကပ်တွေမပါသေး ။

' Renjun ငြိမ်ငြိမ်နေလေ '

တီးတိုး ပါးပါးသတိပေးတာမို့ ဟန်မပျက် လျှောက်နေရသည် ။

ခမ်းမထိပ်ရှိ ဖာသာရှေ့မှာရပ်နေသည့် Lee Jenoကတော့ အပြုံးတို့နှင့် ။

အေးပေါ့ သူမှမပူတာ ။

ပြုံးနိုင်မှာပေါ့ ။

ပန်းခင်းထားသည့် လျှောက်လမ်းမက နည်းနည်းချော်တာမို့ သတိထားကာ လျှောက်နေရသည် ။

ဒီကြားထဲ ခုံမှာထိုင်ကာ လက်ခုတ်လက်ဝါးတီးနေတဲ့ Hyuckကို မျက်နှာရိပ် မျက်နှာကဲနဲ့ အသံတတ်ကြိတ်ဆဲရသေး ။

ပါးပါးဆုတ်ကိုင်ထားသည့် လက်အား လွှဲပြောင်းကာ Jenoထံကမ်းပေးလိုက်တော့ နူးညံ့စွာဆုတ်ကိုင်လာသည် ။

ဒီလိုကျတော့လည်း ကြည်နူးစရာအကောင်းသား ။

' သတို့သား Lee Jeno '

' ဟုတ်ကဲ့ '

' သင်၏ကြင်ယာဘက်အပေါ် သက်ဆုံးတိုင် ချစ်ခင်ဆုံမက် မြတ်နိုးပါမည်လော '

' ဟုတ်ကဲ့ မြတ်နိုးပါမည် '

တည်ငြိမ်စွာ ဖြေကြားနေသည့် Jenoကို သူငေးစိုက်ကြည့်ဖြစ်သည် ။

Lee Jenoတကယ် ဒီကောင် သရုပ်ဆောင်ကောင်းတယ် ။

' သတို့သမီး Huang Ren Jun ၊ သင်၏ကြင်ယာဘက်အပေါ် သက်ဆုံးတိုင် ချစ်ခင်ဆုံမက် မြတ်နိုးပါမည်လော '

' …………… '

' Huang Ren Jun မြတ်နိုးပါမည်လော '

' ဗျာ '

အတွေးလွန်နေတုန်း ခေါ်လိုက်တာမို့ ပုံမှန်သံထွက်လာတဲ့ သူ့ကို Jenoက မျက်လုံးအနားတိုးကပ်ကာ သတိပေးသည် ။

' မေးနေတယ်လေ '

' ဟုတ်ကဲ့ ၊ မြတ်နိုးပါ့မယ် '

' သေတဖန်သက်တစ်ဆုံး ပေါင်းသင်းပါမည်လော '

' ဟုတ်ကဲ့ '

ရှေ့ကနေ Lee Jenoဖြေပြီးပြီမို့ နောက်ကနေ followလိုက်လိုက်သည် ။

' ဟုတ် ဟုတ်ကဲ့ '

' ဤအကြင်သူနှစ်ဦးသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကတိသစ္စာပြု၍ ထိမ်းမြားသည်ဖြစ်သဖြင့် ဘုရားသခင် ကောင်းချီးပေးပါစေ အာမင် '

လက်ထပ်လက်စွပ်အား စွပ်ပေးနေသည့် Jenoက လုံးဝကို တည်ငြိမ်လို့နေသည် ။

Jenoဘာတွေတွေးနေမလဲ ။

သူမတွေးတောတတ်ပေမဲ့ အံ့သြစရာကောင်းလောက်က Jenoအမူအယာက အေးစက်သည် ။

' Renjun '

' ဟမ် '

' ငါမင်းကိုခဏနမ်းမယ်နော် '

ခွင့်တောင်းသလိုနဲ့ အသိပေးသည့် Jenoအနမ်းတွေက နှုတ်ခမ်းပါးပေါ် အလည်ရောက်လာတာမို့ သူကြောက်ရွံ့စွာ Jenoလက်မောင်းအား ဆုတ်ကိုင်ထားမိသည် ။

သူကလိမ္မာတဲ့လူတစ်ယောက်မဟုတ်သလို ကြောက်ရွံ့တတ်တဲ့ လူတစ်ယောက်လည်း မဟုတ်ပေမဲ့ ဒီအခြေအနေကတော့ သူ့ကို တကယ်တုတ်လှုပ်စေသည် ။

မိန်းကလေးချောချောလှလှမြင်ရင် အကုန်သဘောကျတတ်တဲ့ သူက အခုယောက်ျားလေးတစ်ယောက်ရဲ့ အေးစက်တဲ့အနမ်းမှာ ရှက်ရွံ့နေမိတာ ခေါင်းပင်မဖော်နိူင် ။

ကျယ်လောင်စွာ ထွက်ပေါ်လာသည့် လက်ခုတ်သံတွေနဲ့အတူ အနမ်းတွေဟာ ကွာဝေးသွားပေမဲ့ မျက်လုံးကိုတောင် သူမဖွင့်ရဲသေး ။

' Renjun '

' ဟင် '

' နည်းနည်းတော့ပြုံးလေကွာ ၊ မင်းမားမားကြည့်နေတယ် '

မားမားဆိုတာနဲ့ မီးသေနေတဲ့ သူ့အသွေးအသားတွေက Jenoလက်ကို ချက်ချင်းဆွဲလေပြီ ။

' Jenoငါ့ကိုကွယ်ထားပေး ၊ မားမားသိရင် သတ်မှာ '

' မင်းသာဟန်မပျက်စေနဲ့ မသိဘူး ၊ လာ '

မားမားအကြည့်စက်ဝန်းအောက်က ရှောင်ဖယ်ကာ Jenoဆွဲရာသို့ သူပါသွားသည် ။

' ကွန်ကရစ်ခင်း သားကြီး '

ပခုံးအားဖက်ကာ ဂုဏ်ပြုနေတဲ့ Hyuckအား စိုက်ကြည့်လိုက်သည့် Jenoအကြည့်တွေက ကြောက်ခမန်းလိလိ ။

' ကျေးဇူးပြုပြီး ဒါမင်္ဂလာပွဲဆိုတာလေး သတိရပေးပါ လူကြီးမင်း '

အေးစက်တဲ့ Jenoစကားလုံးတွေနောက် Hyuckလက်ကလေး ပခုံးပေါ်က ကျသွားသည် ။

' Renjunမင်းဘဲကြီး အကြည့်တွေက ဖျားသွားမယ် ၊ ဘရိတ်ဓားအစင်းတစ်ရာလောက် ထည့်ထားသလိုပဲ '

မကြားနိူးနားနဲ့ Hyuckက အတင်းတုတ်ကာ Injunတို့နား လျှောက်သွားသည် ။

' ငါ့သူငယ်ချင်းတွေကို အဲ့လိုမပြောနဲ့ Lee Jeno '

' မင်းအပေါင်းသင်းတွေက သိပ်ကိုခမ်းနားရှာတာကို '

အထင်သေးတဲ့စကားလုံး အသွားအလာတွေက သူ့ကိုဒေါသထွက်စေသည် ။

' ငါကလည်း အဲ့လိုကောင်ပဲလေ Lee Jeno ၊ မင်းလက်ထပ်ထားတာလဲ လမ်းဘေးကကောင်ပဲ '

' တိုးတိုးပြောRenjun ၊ မလိုအပ်ပဲ ပြဿနာမရှာချင်စမ်းနဲ့ '

' မင်းငါ့ကိုအမိန့်မပေးနဲ့ '

' Renjunမင်းနားလည်စမ်းပါ ၊ အခု မင်းက မင်းသွားနေကျ လောင်းကစားဝိုင်းတွေမှာ အာပေါင်အာရင်းသန်သန်နဲ့ အော်နေတဲ့ Huang Ren Junမဟုတ်ဘူး ၊ အားလုံးရဲ့အမြင်မှာ မင်းက ပညာတက်ပြီး အိနြေ္ဒရှိတဲ့ မင်းညီမ Huang In Junလေ ၊ စောစောက မင်းသူငယ်ချင်း မင်းကိုဖက်လိုက်ပုံကိုကြည့် ၊ အခြားလူတွေအမြင်ဘယ်လိုထင်မလဲ ၊ နားလည်မှုရှိစမ်းပါ '

' Injunဘာတွေဖြစ်နေတာလဲ '

အနားရောက်လာတဲ့ မားမားကြောင့် သူထိတ်လန့်သွားမိသည် ။

' ဘာမှမဖြစ်ပါဘူး ယောက္ခမကြီး ၊ လူတွေများတော့ နေရတာ ခေါင်းနည်းနည်းမူးလို့ ကျနော့်ကိုပြောပြနေတာပါ '

Jenoလျှောက်လွှဲချက်အား မားမားက ကျေနပ်သွားပုံရသည် ။

' Injunက အဲ့လိုပဲ လူရှုပ်ရှုပ်နဲ့ မနေတတ်ဘူး ၊ ဟိုကောင် Renjunသာကြည့် ညီမမင်္ဂလာဆောင်မှာတောင် မဝတ်တတ်မစားတတ်ဘူး '

Jaeminဘေးမှာရယ်ပြုံးနေသည့် Injunကိုကြည့်ပြီး စိတ်မသက်မသာဆိုကာ ထွက်သွားသည် ။

' Congratulation Jeno '

ချိုသာတဲ့အသံနှင့်အတူ အနားသို့ လှမ်းလာသည့် သူမက စောစောက Jenoနဲ့စကားပြောနေတဲ့သူ ။

' တို့ပြန်တော့မယ် '

' ကောင်းပါပြီ '

' ညီမလေး ၊ Jenoကိုမယုံနဲ့ '

' Jung Hae Jin '

' တို့ပြောတာမှားလို့လား ၊ တို့အတည်ပြောတာနော် မယုံနဲ့ ၊ သူ့စိတ်က တိမ်စိမ်လိုပဲ လေနှင်ရာကို လွင့်တတ်တာ '

' ကျနော့်စိတ်က လေနှင်ရာကိုရွေ့တာလား ၊ ခင်ဗျားကပဲ မရွေ့ရွေ့အောင် လုပ်သွားတာလား '

' မင်းနားလည်မှုလွဲနေတာပဲ Jeno '

' ထားလိုက်ပါတော့ အဲ့လိုပဲ '

' ဒီအချိန်မှာ တို့နှစ်ယောက် ဒီကိစ္စကို မဆွေးနွေးသင့်သေးဘူး ၊ Renjunကိုလည်း အားနာရမယ်လေ '

' အားနာရကောင်းမှန်းသာ ခင်ဗျားသိရင် အစကတည်းက သံသယမရှင်းမယ့်စကားတွေ Renjunကို ခင်ဗျားမပြောခဲ့သင့်ဘူး '

' Jeno မင်းက မင်းဇနီးအသစ်စက်စက်ရှေ့မှာ တို့ကိုအရှက်ခွဲနေတာပဲ '

' အမှန်ကိုပြောတာလေ '

' မင်းပြောတိုင်း တို့ငြိမ်ခံနေရအောင် Jung Hae Jinက အဆိပ်မရှိတဲ့မြွေမဟုတ်ဘူးနော် '

' ကျနော်ကလည်း အစွယ်မဲ့တဲ့ကျားမှမဟုတ်တာ Jung Hae Jin '

' မင်းစကားကို မင်းမှတ်ထား Jeno ၊ Renjun တို့ကိုခွင့်ပြုအုန်း '

' ဟုတ် '

ဘုမသိဘမသိနဲ့ ခေါင်းညိတ်ကာ လှမ်းထွက်သွားသည့် Jung Hae Jinအား လှမ်းကြည့်လိုက်ပြီး နှုတ်မှခပ်တိုးတိုးရေရွတ်မိသည် ။

' တအားလှတာပဲ '

ခုံမှာထိုင်ချကာ ပေါင်နှစ်ဖက်ပေါ် တံတောင်ထောက်ပြီး လက်သီးဆုတ်ပေါ် ခေါင်းငိုက်စိုက်ကျနေသည့် Jenoအား နားမလည်စွာ သူကြည့်လိုက်သည် ။

ဘာဖြစ်သွားတာလဲ ။

မင်္ဂလာပွဲပြီးပြီမို့ သူမအချိန်ကောင်းကို စောင့်နေလိုက်သည် ။

အဝတ်တွေအားအိတ်ထဲထည့်လိုက်ပြီး အပြင်ထွက်ခဲ့တော့ မားမားက မျက်စောင်းဒိုင်းခနဲ ။

' အဲ့ဒါက ဘယ်အလေလိုက်အုန်းမလဲ Huang Ren Jun '

' ကျ ကျနော် နိုင်ငံခြားမှာ အလုပ်သွားလုပ်မလို့ '

' အဓိပ္ပာယ်မရှိတာတွေ '

' ဟုတ်တယ် '

' Huang Ren Jun နင်ဘယ်အချိန်အထိ ဒုက္ခပေးနေအုန်းမှာလဲ ၊ Injunအတွက် စိတ်အေးရပေမဲ့ နင့်အတွက်တော့ ငါ့မှာနေ့စဉ်ရက်ဆက် ပူပန်နေရတယ် '

' မင်းသားက ကလေးမဟုတ်တော့ဘူး '

' ကလေးမဟုတ်လို့ ပူပန်နေရတာပေါ့ Xuxi ၊ Renjun ah ! တစ်ခါလောက်ပဲ မားမားစိတ်ကျေနပ်အောင် သားနေပေးပါလား '

' မားမားစိတ်ချပါ သားမဆိုးတော့ပါဘူး ၊ အခုဟာကလည်း Jaeminနဲ့သွားနေပြီး အလုပ်လုပ်မလို့ပါ '

' Vitamin အဲ Jaeminနဲ့ '

' အင်း '

' အဲ့ကောင်လေးက သိပ်တော့မဆိုးရှာပါဘူး '

' Jaeminအဖေက ဆောက်လုပ်ရေးCompanyပိုင်ရှင် မားမား ၊ ကျနော့်အတွက် အလုပ်တစ်ခုပေးမယ်လို့ ဦးလေးကပြောတယ် '

' အဲ့လိုလည်းမဆိုးပါဘူး ၊ ဒါပေမဲ့ Renjun တစ်ပတ်တစ်ခါ အိမ်ပြန်လာ '

' စိတ်ချမားမား '

' အခု ဘာနဲ့သွားမှာလဲ '

' Jaemin အပြင်မှာစောင့်နေတယ် '

' အေး အေး သွား '

' ခဏလေး ပါးပါးနဲ့စကားပြောရအောင် '

' ရှင်ကဘာရှည်အုန်းမလို့လဲ '

' မင်းသာလျှာမရှည်နဲ့ ၊ ဒါငါတို့ကိစ္စ '

သူမလက်အားဆွဲကာ ပါးပါးထွက်လာခဲ့သည် ။

' Jaemin '

အေးစက်တဲ့ပါးပါးခေါ်သံကြောင့် Jaeminခေါင်းငုံ့ကာ နှုတ်ဆက်သည် ။

' Injunကို မင်းလက်ထဲကိုထည့်လိုက်တာ မင်းကိုယုံကြည်လို့နော် Jaemin '

ပါးပါးစကားကြောင့် သူမရော Jaeminပါ အံ့သြရပြန်သည် ။

ပါးပါးက သူမကိုသိနေတာလား ။

' ပါးပါး '

' အဖေတွေရဲ့အသည်းက သမီးတဲ့ Injun ၊ ပါးပါးအတွက်တော့ Renjun Injunဆိုတာ အတူတူပဲ ၊ ပါးပါးသမီးလေးက လိမ္မာပြီးသားပဲ ရွေးချယ်မှုမမှားနိုင်ဘူးဆိုတာ ပါးပါးသိတယ် '

' စိတ်ချပါ ဦးလေး ၊ ကျနော် Injunကို သက်ဆုံးတိုင်စောင့်ရှောက်မှာပါ '

' အင်း ကဲ သွားကြတော့ အရစ်ရှည်ထွက်လာရင် အကုန်ပေါ်ကုန်မယ် '

' ဟုတ်ပါးပါး ၊ ဝေါ်အိုက်နီ '

ငေးစိုက်ကြည့်ကာ ကျန်ခဲ့သည့် ပါးပါးအား Backမှန်မှ လှမ်းကြည့်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည် ။

မားမားကတင်းကျပ်သလောက် အမြဲလမ်းဖွင့်ပေးတဲ့ ပါးပါးကြောင့် သူမတို့ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရခဲ့တာလေ ။

' လာ Injun '

တင်းတင်းဆုတ်ကိုင်ကာ ခေါ်လာတဲ့လက်တွေကြောင့် ကြောက်စိတ်တို့ရှိပေမဲ့ အားအင်တော့ဖြစ်စေသည် ။

' ဒယ်ဒီ '

ခေါ်သံကြောင့် လှည့်ကြည့်လာသည့် အပြုံးတွေက နွေးထွေးပါသည် ။

' ဒါ ကျနော့်ချစ်သူ Injunပါ '

' လာ သမီး ထိုင်လေ ၊ သားရယ် သမီးကိုထိုင်ခိုင်းတာမဟုတ်ဘူး '

လှိုက်လှိုက်လှဲလှဲကြိုဆိုနေသည့် Jaeminမာမီကလည်း အတော်လေးချောသည် ။

' သမီးအကြောင်းကို သားအကုန်ပြောပြထားလို့ ဦးတို့သိပြီးပါပြီ '

' ဟုတ်တယ် သမီး ၊ အမှန်တော့ မာမီတို့က သားမင်္ဂလာပွဲကို ခမ်းခမ်းနားနားဖြစ်စေချင်ပေမဲ့ အခြေအနေတစ်ခုကြောင့် ဒီလိုဆိုတော့လည်း သားဘွဲ့ရပြီးမှပဲ လက်ထပ်ပွဲလုပ်ကြတာပေါ့ '

' ဟုတ်ကဲ့ အန်တီ ၊ အဆင်ပြေသလိုပဲ လုပ်ပါ '

' မဟုတ်တာ သမီးရယ် ၊ သမီးဆန္ဒကလည်း အရေးပါတယ်လေ '

' Jaeminသဘောပါပဲ အန်တီ '

' Xiuရေ မင်းသားကတော့ အလိမ္မာအိမ်ပါလေး ခေါ်လာတာပဲ '

' ဒယ်ဒီ့သားပဲကို '

' ကဲ သားတို့သွားနားကြတော့ ၊ မနက်ကျမှ လက်ထပ်မှတ်ပုံတင်ဖို့ကိစ္စတွေ လုပ်ကြတာပေါ့ '

' ဟုတ် မာမီ ၊ လာ Injun '

ပြောင်းလဲသွားတဲ့ ဖြစ်ရပ်အသစ်တွေကြောင့် သူမရင်ခုန်နေတာတော့အမှန် ။

ရင်ခွင်ထဲထည့်ကာ တစ်ချိန်လုံးပြုံးပြီးကြည့်နေတဲ့ Jaeminအကြည့်တွေကြောင့် နေရခက်တာလည်းပါသည် ။

' Jaeminတော်တော့ '

' ဘာလုပ်လို့လဲ '

' ကြည့်နေတာလေ ရပ်တော့လို့ '

' ကြည့်တာရပ်ပြီး ဘာလုပ်ရမလဲ '

' Jaemin နင်နော် '

' ဘာလဲ '

' Jaemin '

' အင်း '

' အခုလောက်ဆို Renjunတို့ ဘယ်လိုနေမယ်ထင်လဲ '

' မသိဘူးလေ '

' နင်ပြောကြည့် Jenoက Renjunကို သဘောကျတယ်လို့ထင်လား '

' မပြောတတ်ဘူး '

' Jenoအကြည့်တွေကို နင်မဖတ်တက်ဘူးလား '

' ဟင့်အင်း '

' Na Jaemin နင်ငါဘာပြောပြော ငြင်းနေတော့မှာလား '

' ဘာလို့အခြားအကြောင်းတွေကို စိတ်ဝင်စားနေတာလဲ Injun '

' ငါ့အစ်ကိုကိုစိတ်ပူလို့ပေါ့ '

' ကိုယ့်ကိုယ်ကိုရော စိတ်မပူဘူးလား '

' ဘာကိစ္စနဲ့ ပူရမှာတုန်း '

' မိန်းကလေးပဲ ပူရမှာပေါ့ '

' Jaemin နင်နော် '

' ဟောကြည့် မျက်စောင်းတွေထိုးပြန်ပြီ ၊ မောင်နှမတွေက လိုက်တယ်နော် ၊ အကိုကလည်း စကားနည်းနည်းမှားတာနဲ့ လက်သီးက ပါပြီးသား ၊ ညီမကလည်း လက်မြန်ချက်ပဲ '

' ဒါကတော့ ငါတို့အမေကိုလည်း ကြည့်လိုက်အုန်းလေ '

' ဒေါသအိုးကွဲတွေ '

' အဲ့ဒါဆို မချစ်နဲ့လေ '

' ဟင့်အင်း ချစ်တယ် '

' နင်ငါမို့လို့ Renjunသာဆို သေလောက်ပြီ '

' Injun '

' ဘာလဲ '

' ထူးတာကြီးကလည်းကွာ ကဗျာမဆန်တာ '

' ကဗျာဆန်အောင်ပဲ ငါကထူးပေးရအုန်းမယ် '

' နင်တွေ ငါတွေအစား အခြားတစ်ခုခုသုံးပါလား '

' နင်ကငါ့ထက်ငယ်တာကို ငါကအကိုတို့ ကိုကိုတို့ခေါ်ရမှာလား '

' မောင်လောက်တော့ လုပ်ပါကွာ '

' မောင် '

' ဗျာ '

' နင့်ကိုခေါ်တာမဟုတ်ဘူး ၊ ငါ့ဘာသာရွတ်ကြည့်တာ '

' ဟာ Injun '

' Na Jaemin နင့်ပုံစံကလေ ကလေးဂျစ်တိုက်နေတာနဲ့တူတယ် '

' မသိဘူးကွာ ခေါ်ကွာ '

' အေးပါဟယ် ၊ မောင် မောင် ဟုတ်ပြီလား '

' ဆောင့်ကြီးအောင့်ကြီးနဲ့ '

' မောင် '

' ဗျာ '

' ကျေနပ်ပြီလား '

' ဟင့်အင်း '

' Na Jaemin '

စိမ်းညှို့အုံ့မှိုင်းနေသော သစ်ပင်လေးတွေ အမြောက်အမြား ရှိနေသည့်ကြားက လှေကားထစ်လေးတွေ၏ အဆုံးသတ် ကုန်းမြင့်၌ လှပစွာတည်ရှိနေသည့် အိမ်လေးက ကဗျာတော့ဆန်သည် ။

ကောင်းကင်နဲ့နီးကပ်သလို ခံစားစေတာမို့ သူကတော့ အတော်လေးသဘောကျသည် ။

' ဝင်လေ '

အရှေ့မှလှမ်းကာဝင်လိုက်တော့ အလုပ်သမားတွေက တန်းစီကာ အရိုအသေပေး ဦးညွှတ်သည် ။

' ဒါ အိမ်မှာရှိတဲ့ ဝန်ထမ်းအကုန်ပဲ ၊ မင်းခိုင်းချင်တာ ခိုင်းလို့ရတယ် '

' အင်း '

' Jeno အပေါ်ထပ်မှာ သားတို့အခန်းပြင်ပေးထားတယ် '

ငယ်ငယ်ကတည်းက ထိန်းကျောင်းခဲ့သည့် ဦးလေးJungwooက သူ့စိတ်ကိုအသိဆုံးသူ ။

' ကျေးဇူး ၊ Renjun သွားရအောင် '

Renjunအား လက်ဆွဲကာ သူတက်ခဲ့လိုက်သည် ။

Renjunစိတ်ကြိုက် အဝါရောင်တွေနဲ့ပဲ အလှဆင်ထားသည့် အခန်းလေးက တစ်မျိုးတော့ အမြင်ဆန်းနေသည် ။

' ဗီရိုထဲမှာ ငါ့အဝတ်တွေရှိတယ် ၊ အရင်ဆုံး မင်းရေချိုးလိုက်အုန်း ၊ ဒီပုံနဲ့အဆင်ပြေမှာ မဟုတ်ဘူး '

' သိရင်ပြီးတာပဲ '

Sofaပေါ်ထိုင်ကာ Coatကိုချွတ်နေသည့် သူ့အားကျောခိုင်းကာ အကျီင်္ဇစ်ကို မမှီမကမ်း လှမ်းဆွဲနေတဲ့ Renjun ။

စိတ်မရှည်စွာထွက်လာတဲ့ ဆဲနည်းကလည်း မျိုးစုံထွက်နေသည် ။

' Shit '

' ခါးမတ်မတ်နေ '

အမြင်မတော်သည့်အဆုံး ထကာ သူဇစ်သွားဖြုတ်ပေးရသည် ။

စိတ်ရှည်လက်ရှည် အတော်နိုင်ပုံရသည့် Renjunက သူ့ရှေ့မှာတင်ပဲ ဂါဝန်ကိုချွတ်ချနေသည် ။

' Jeno '

တံခါးခေါက်သံကြောင့် အကျီင်္ချွတ်နဲ့ Renjunအား စောင်နဲ့လှမ်းအုပ်ကာ မွေ့ယာပေါ်ဖိချလိုက်ပြီး…

' ဝင် ဝင်ခဲ့ ဦးလေး '

တံခါးဖွင့်ကာ ဝင်လာသည့် ဦးလေး Jungwooက အခြေအနေအားကြည့်ကာ ကျောခိုင်းပြီးရပ်နေသည် ။

' မလာသင့်တဲ့အချိန်ကို လာမိသွားတာပဲ '

' ဦးလေး ဘာပြောမလို့လဲ '

' သား လေးလေးမနက်ဖြန် နိုင်ငံခြားက ပြန်လာမယ်ဆိုတာ လာပြောတာ ၊ အမှန်တော့ မနက်ကျမှ ပြောလည်းရပါတယ် ၊ ဦးက အချိန်စောသေးတော့ ဒီလိုမျိုးလို့မထင်မိလို့ လာလိုက်မိတာ ၊ ဆောရီးပါ '

' ရပါတယ် '

' ဒါဆို ခွင့်ပြုအုန်း ၊ အော် Jeno တံခါးLockချထား ၊ တော်ကြာ ကလေးမလေးတွေ တက်လာလို့ ရမ်းသမ်းပြီးဝင်လာရင် မကောင်းဘူး '

' ဟုတ်ကဲ့ '

မျက်နှာတစ်ပြင်လုံးနီရဲပြီးထွက်သွားသည့် ဦးလေးJungwoo တံခါးပြန်ပိတ်သွားမှ စောင်ပုံထဲက Renjunထလာသည် ။

' ဘောကိုပူတာကွာ '

' မင်းစည်းမရှိကမ်းမရှိ ချွတ်ချင်တိုင်းမချွတ်နဲ့ '

' ငါ့ဘာသာဘယ်လိုနေနေ ဘာဖြစ်လဲ ၊ ဖင်ပြောင်နဲ့လမ်းလျှောက်တော့ရော ဘာထူးဆန်းလဲ တူတူပဲကို '

ဘုကန့်လန့်တွေပြောပြီး ရေချိုးခန်းထဲဝင်သွားသည် ။

ဒီအရှက်မရှိနဲ့တော့ သေမှာပဲ ။

Towelကို ပတ်ထားသည်က အောက်ပိုင်းတစ်ပိုင်းမျှသာ ။

ခပ်လျှော့လျှော့ပတ်ထားပုံက လက်ကြောတင်းလားမတင်းသလား ဇက်ခနဲဆွဲချွတ်ရင်တောင် ကျွတ်ကျနိုင်သည် ။

' မင်းငါ့ကိုဘာကြည့်နေတာလဲ '

လူမိုက်အကြည့်နဲ့ မေးခွန်းထုတ်နေသည့် Renjunအားကြည့်ကာ Jenoခေါင်းကိုသာခါထုတ်ပစ်လိုက်သည် ။

ဘယ်လိုလူကိုများ သူရွေးချယ်မိထားတာပါလိမ့် ။

' ဘာဖြစ်နေတာလဲ '

' မင်းကတကယ့်ဗရုတ်ပဲ Huang Ren Jun '

ရေရွတ်ကာ Renjunဘေးမှရှောင်ထွက်ပြီး ရေချိုးခန်းထဲသို့ သူဝင်ခဲ့လိုက်သည် ။

တဖွားဖွားကျဆင်းနေသည့် ရေစက်တွေနှင့်အတူ လက်မောင်းပေါ်က ဒဏ်ရာကိုမြင်တိုင်း နာကျင်မိတာက ဝဲဘက်ရင်အုံ ။

ငါမင်းကိုသိပ်ချစ်ခဲ့တာပဲ Jung Hae Jin ။

တိုးတိတ်စွာရေရွတ်ပြီး နာကျင်စွာ သူပြုံးလိုက်သည် ။

' ရော့ ဖတ် '

မွေ့ယာပေါ်ပစ်ချလိုက်သည့် စာချုပ်နှစ်ခုအား ယူကာ သူကြည့်လိုက်သည် ။

စာချုပ်ပါအချက်အလက်တွေအား အသေအချာ အာရုံစိုက်ဖတ်ရှုဖြစ်သည် ။

' တစ်လုံးမကျန်သေချာဖတ်ပြီး မရှင်းရင် ငါ့ကိုမေးလို့ရတယ် '

' မရှင်းတာကတော့ အကုန်လုံးပဲ '

' မင်းအဲ့လောက်ထူလား Huang Ren Jun ၊ ကောင်းပြီ ငါဖတ်ပြမယ် ၊ Lee Jeno Huang Ren Jun လက်ထပ်ထိမ်းမြားခြင်း သဘောတူစာချုပ် ၊ စာချုပ်ပါအချက်များမှာ အောက်ပါအတိုင်းဖြစ်သည် ၊ ( ၁ ) Huang Ren Jun သည် Lee Jeno ၏ ဟန်ဆောင်ဇနီးအဖြစ် ( ၁ )နှစ်တိတိ လုပ်ဆောင်ရမည် '

' ဘောကိုဇနီး '

' မင်းကိုInjunလို့ပဲသိထားတာလေ ၊ ဇနီးမဟုတ်လို့ ဘာဖြစ်ရမှာလဲ '

' ဆက်ဖတ် '

' ( ၂ ) ဟန်ဆောင်မှုအတွက် လုပ်ခကြေးငွေအဖြစ် တစ်လကို $ million 500 ရရှိမည် '

' million 500 ? '

' ( ၃ ) တစ်နှစ်မပြည့်ခင် အကြောင်းအမျိုးမျိုးကြောင့် စာချုပ်ရပ်စဲလိုပါက တန်ဖိုးငွေ၏ ၅ ဆ ပြန်လည်ပေးလျှော်ရမည် '

' ၅ ဆ မများဘူးလား '

' ဒါကတော့ အလုပ်သဘောအရပဲ ၊ မင်းကိုငါပေးထားတာ နည်းနည်းလေးမှ မဟုတ်တာ ၊ ( ၄ ) Huang Ren Junသည် Lee Jenoခိုင်းသမျှကို မငြီးမညူ လုပ်ဆောင်ရမည် '

' ငါ့ကိုလူသတ်ခိုင်းရင် ငါကသတ်ရမှာလား '

' ငါအဲ့လောက်အထိ စိတ်မဝင်စားဘူး ၊ ( ၅ ) ထိုကိစ္စအား ကာယကံရှင် နှစ်ဦးမှလွဲပြီး အပြင်လူထံမပေါက်ကြားစေရ ၊ ဒါအကုန်ပဲ မင်းလက်ခံနိုင်ရင် လက်မှတ်ထိုးလို့ရတယ် '

' လက်မခံနိုင်ရင်ရော '

' မင်းသဘောပဲလေ ၊ အခု ငါ့အိမ်ပေါ်က ဆင်းသွားနိုင်တယ် ၊ မင်းအမေကို ရင်ဆိုင်ရဲတယ်ဆိုရင်ပေါ့ '

' ငါတစ်ခုမေးလို့ရမလား '

' ပြောကြည့် '

' ဘာအတွက်လဲ Lee Jeno ၊ တစ်နှစ်စာ စာချုပ်လေးနဲ့ ငါ့ကိုချည်ပြီး ဟန်ဆောင်လက်ထပ်ရအောင်အထိ မင်းမှာ ဖြစ်နေတဲ့အခက်အခဲက ဘာလဲ Lee Jeno '

' အချိန်တန်ရင် မင်းသိလာလိမ့်မယ်
Huang Ren Jun '

' ငါအခုသိချင်တယ် ၊ ငါ့ညီမမဟုတ်ပဲနဲ့ ငါ့ကိုမင်းရွေးခြယ်ခဲ့တဲ့အကြောင်းအရင်း '

' အဲ့ဒါက ရှင်းပါတယ် ၊ Injunဆိုရင် မိန်းကလေးဖြစ်တဲ့အတွက် အရှက်တရားတွေ သိက္ခာတွေ ငါငဲ့ကွက်နေရအုန်းမယ် ၊ မင်းက ခြောက်လုံးပတ်လေ ၊ ဘယ်ဗုံနဲ့တွဲတွဲ အသံမြည်နေတဲ့ကောင်ဆိုတော့ ငါကွာရှင်းလိုက်လည်း မင်းအတွက် ဘာတစ်ခုမှ ထူးခြားမသွားနိုင်ဘူး ၊ ငါလွယ်လွယ်လေး ပစ်ချလိုက်လို့ရတယ် '

Jenoစကားကြောင့် သူခေါင်းမော့ကာ ခြောက်ကပ်ကပ်ရယ်လိုက်သည် ။

လူတွေ လူတွေ ဘာလို့ သူ့ကိုအခွံလို့ပဲ မြင်မှတ်နေကြတာလဲ ။

' မင်းဘာရယ်တာလဲ Renjun '

' မင်းမေ့နေတာလား Jeno ၊ ငါလည်းလူတွေထဲက လူတစ်ယောက်ပဲလေ '

' ငါမမေ့ပါဘူး ၊ မင်းကလူတော့လူပဲ ဒါပေမဲ့ မင်းကငွေကိုကိုးကွယ်တဲ့လူ ၊ မင်းစိတ်ကြိုက်သုံးဖို့ ပိုက်ဆံလေးများရရင် မင်းက မင်းညီမကိုတောင် '

' Lee Jeno '

Jenoအကျီင်္ရင်ဘတ်အား ဆွဲယူဆုတ်ကိုင်ကာ သူအံကြိတ်လိုက်သည် ။

' ငါပြောတာမှားလို့လား '

' ငါပိုက်ဆံမက်တယ် ၊ အပျော်အပါးမက်တယ် ၊ ဒါပေမဲ့ ငါ့ညီမကို မရောင်းစားဘူး '

' $ 5000နဲ့ Na Jaemin
လက်ထဲထည့်ပေးလိုက်တာ ငါမသိဘူးလို့ မင်းထင်နေတာလား '

' Lee Jeno '

' ဟားဟား Huang Ren Jun မင်းက ခြင်္သေ့ကို မာန်ဖီချင်နေတဲ့ ကျားပေါက်လေး တစ်ကောင်ပဲ ၊ မင်းကိုငါရွေးခြယ်ကတည်းက မင်းနဲ့ပတ်သတ်တဲ့ Dataတွေအကုန် ငါယူပြီးသား ၊ မင်းဘယ်သူ့ကို ပေးဖို့အကြွေး ဘယ်လောက်ရှိတယ်ဆိုတာကအစ ငါအကုန်သိတယ် ၊ ငါပေးတဲ့ amountက နည်းလို့လား ၊ တစ်လစာတောင်မဟုတ်ဘူး တစ်ဖဲ့စာလောက် မင်းအကြွေးတွေကို ငါ့အလုပ်က ကြေနိုင်တယ်နော် ၊ စိတ်ကူးမမှားနဲ့ '

' ကောင်းပြီ '

မျက်ဝန်းတို့စုံမှိတ်ကာ လက်ကိုဖြေလျော့ချလိုက်ပြီး စာချုပ်ပေါ် လက်မှတ်ရေးထိုးလိုက်သည် ။

' ရော့ မင်းစာချုပ် '

ကျေနပ်စွာပြုံးနေသည့် Jenoအပြုံးတွေအား နာကျည်းစွာ Renjun
တောက်ခေါက်ပစ်လိုက်သည် ။

ချည်ပြီးတုတ်ပြီးမှ မင်းကအပိုင်ရိုက်ချလိုက်တာပဲ Lee Jeno ။

____________________to be continue

Zawgyi


' Injun '

' ဗျာ '


' ရှင် ပါးပါး '

' ပါးပါး သမီးလေး '



' ပါးပါး '



' ပါးပါး '


' ပါးပါး ကျနော် '





' ပါးပါး '









အေးပေါ့ သူမှမပူတာ ။

ပြုံးနိုင်မှာပေါ့ ။





' သတို့သား Lee Jeno '

' ဟုတ်ကဲ့ '






' …………… '


' ဗျာ '


' မေးနေတယ်လေ '



' ဟုတ်ကဲ့ '


' ဟုတ် ဟုတ်ကဲ့ '



Jenoဘာတွေတွေးနေမလဲ ။


' Renjun '

' ဟမ် '




မိန်းကလေးချောချောလှလှမြင်ရင် အကုန်သဘောကျတတ်တဲ့ သူက အခုယောက်ျားလေးတစ်ယောက်ရဲ့ အေးစက်တဲ့အနမ်းမှာ ရှက်ရွံ့နေမိတာ ခေါင်းပင်မဖော်နိုင် ။


' Renjun '

' ဟင် '






' ကွန်ကရစ်ခင်း သားကြီး '





မကြားနိုးနားနဲ့ Hyuckက အတင်းတုတ်ကာ Injunတို့နား လျှောက်သွားသည် ။














' Congratulation Jeno '


' တို့ပြန်တော့မယ် '

' ကောင်းပါပြီ '


' Jung Hae Jin '








' အမှန်ကိုပြောတာလေ '




' ဟုတ် '


' တအားလှတာပဲ '


ဘာဖြစ်သွားတာလဲ ။





' အဓိပ္ပာယ်မရှိတာတွေ '

' ဟုတ်တယ် '





' Vitamin အဲ Jaeminနဲ့ '

' အင်း '




' စိတ်ချမားမား '

' အခု ဘာနဲ့သွားမှာလဲ '


' အေး အေး သွား '





' Jaemin '





' ပါးပါး '







' လာ Injun '


' ဒယ်ဒီ '









' Jaeminသဘောပါပဲ အန်တီ '


' ဒယ်ဒီ့သားပဲကို '


' ဟုတ် မာမီ ၊ လာ Injun '



' Jaeminတော်တော့ '

' ဘာလုပ်လို့လဲ '



' Jaemin နင်နော် '

' ဘာလဲ '

' Jaemin '

' အင်း '


' မသိဘူးလေ '


' မပြောတတ်ဘူး '


' ဟင့်အင်း '







' Jaemin နင်နော် '



' ဒေါသအိုးကွဲတွေ '

' အဲ့ဒါဆို မချစ်နဲ့လေ '

' ဟင့်အင်း ချစ်တယ် '


' Injun '

' ဘာလဲ '






' မောင် '

' ဗျာ '


' ဟာ Injun '


' မသိဘူးကွာ ခေါ်ကွာ '



' မောင် '

' ဗျာ '

' ကျေနပ်ပြီလား '

' ဟင့်အင်း '

' Na Jaemin '



' ဝင်လေ '



' အင်း '







' သိရင်ပြီးတာပဲ '



' Shit '

' ခါးမတ်မတ်နေ '



' Jeno '


' ဝင် ဝင်ခဲ့ ဦးလေး '



' ဦးလေး ဘာပြောမလို့လဲ '


' ရပါတယ် '


' ဟုတ်ကဲ့ '


' ဘောကိုပူတာကွာ '










' ဘာဖြစ်နေတာလဲ '






' ရော့ ဖတ် '






' ဘောကိုဇနီး '


' ဆက်ဖတ် '


' million 500 ? '


' ၅ ဆ မများဘူးလား '




' လက်မခံနိုင်ရင်ရော '


' ငါတစ်ခုမေးလို့ရမလား '

' ပြောကြည့် '


Huang Ren Jun '





' မင်းဘာရယ်တာလဲ Renjun '



' Lee Jeno '


' ငါပြောတာမှားလို့လား '


' $ 5000နဲ့ Na Jaemin

' Lee Jeno '


' ကောင်းပြီ '


' ရော့ မင်းစာချုပ် '



____________________to be continue

Continue Reading

You'll Also Like

519K 61.1K 38
ဖိုးဖိုးအားကိုးပီးအရမ်းချစ်​ရတဲ့​မွေးစားသား၊​မေ​မေတို့အရမ်းချစ်ကြတဲ့​​မောင်​အငယ်​​​လေး၊ကျ​နော်​ချစ်​ရပါ​သော​မွေးစားဦး​လေး~~ #ChanBaek #JustFanFic #...
29K 4.5K 33
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
28.6K 4.1K 18
[Crush series 1 - Na Jaemin] "Чи надад сайн юм уу?" "Т-Тиймээ!" "Гэхдээ би чамд гоёдохгүй гэж үү?" Сахиусан тэнгэр шиг царайлаг төрх, урлаг спортын т...