Unicode
' သူဌေး သူဌေး '
ခေါ်သံကိုပင် မကြားနိုင်တော့သည်အထိ ရုပ်ပျက်ဆင်းပျက် ငိုက်မျည်းနေသည့် သူဌေးလေးJenoအား အံ့သြစွာ Doyoung ကြည့်နေဖြစ်သည် ။
' နှိုးမနေနဲ့ Yueun ၊ ဘာလုပ်ဖို့လဲ '
' ဒီစာရင်းမှာ လက်မှတ်ထိုးခိုင်းမလို့ ဂျာကြီး '
' ထားခဲ့လိုက် ၊ ပြီးမှပြန်လာယူ '
' ဟုတ်ကဲ့ ဂျာကြီး '
Yueun ကမ်းပေးသွားသည့် Fileအားစားပွဲပေါ်တင်ကာ Sofaမှာဝင်ထိုင်ပြီး သူဋ္ဌေးလေးနိုးလာမည့်အချိန်ကို စောင့်နေလိုက်သည် ။
ရွေ့နေတဲ့နာရီလက်တံတွေသာကုန်လွန်သွားသည် ။
သူဋ္ဌေးလေးကတော့ နိုးလို့မလာသေး ။
ဘယ်လောက်တောင်များ အိပ်ရေးတွေပျက်လာတယ်မသိဘူး ။
' သူဋ္ဌေးလေး သူဋ္ဌေးလေး '
' ဟင် ဘာ ဘာလဲ '
လက်ကိုကိုင်ကာ လှုပ်နှိုးမှ အလန့်တကြားနဲ့ နိူးထလို့လာသည် ။
' အရမ်းအိပ်ချင်နေရင်လည်း အခန်းထဲမှာသွားအိပ်ပါလား သူဋ္ဌေးလေး '
' ရပါတယ် ၊ မလိုပါဘူး '
' သူဋ္ဌေးလေးကြည့်ရတာ အတော်လေးအိပ်ရေးပျက်နေပုံရတယ် '
' ဟုတ်တယ် ၊ ညကတစ်ရေးမှမအိပ်ခဲ့ရဘူး '
' တကယ်ဆို သူဋ္ဌေးလေး ဒီလိုနေ့တွေမှာ အလုပ်ကိုမလာသင့်ဘူး '
သူဆိုလိုသည်အား ဘာကိုအဓိပ္ပာယ်ကောက်လွဲသွားပုံရလဲ မသိသည့် မန်နေဂျာKimက ခေါင်းတငြိမ့်ငြိမ့် ။
အိပ်ချင်စိတ်မပြေသေးတဲ့ခေါင်းကလည်း မူးနောက်နောက် ။
ဒါတွေတွေးမိတိုင်း အိမ်ကသကောင့်သားကို ဖနောင့်နဲ့သာ ပြေးပေါက်လိုက်ချင်သည် ။
ညကတစ်ညလုံး မိုးလင်းပေါက် ဘောလုံးပွဲထိုင်ကြည့်ပြီး အသံကုန်ဟစ်နေသည့် Renjunကြောင့် တစ်ညလုံး သူအိပ်စက်၍မရ ။
ဒီကြားထဲမထင်ရင်မထင်သလို ထထဆဲသေးသည် ။
#Don't need your love……
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal